Wednesday, February 25, 2015

သိန်းစိန်တို့ အာဏာရှင်တွေ ကျောင်းသားသပိတ်မှောက်စစ်ကြောင်းတွေ ရပ်တံ့ထားပေးမှုအပေါ် သစ္စာမရှိစွာနဲ့  အခွင့်အကောင်းယူ ယုတ်မာကြပြီ။

သိန်းစိန်တို့  အာဏာရှင်တွေက အကြံပြုစာတွေ ရောက်လာတာ များပြားနေလို့  ကျောင်းသူကျောင်းသားတွေနဲ့  တွေ့ ဆုံဖို့  ရက်အတိအကျ သတ်မှတ်လို့  မရသေးဖူး ပြောတာရယ်၊

ကျောင်းသူကျောင်းသားတွေက စာမေးပွဲတွေကို ငဲ့ညှာပြီး သပိတ်မှောက်စစ်ကြောင်းတွေကို ခဏရပ်နားပေးထားတာကို အခွင့်ကောင်းယူပြီး အာဏာရှင်တွေဘက်က အမျိုးမျိုးသော သွေးထိုးတိုက်ခိုက်မှုတွေလုပ်လာတာ၊ အနှောင့်အယှက်တွေ လုပ်လာတာ၊ အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေးမူကြမ်းကို တစ်ဖက်လှည့်နဲ့  အလိုရှိရာသာ ထည့်သွင်းပြီး မပေးချင်တာတွေကို ဖယ်ရှားဖို့  ပြင်ဆင်နေတာရယ်၊

သပိတ်မှောင်းစစ်ကြောင်းတွေကို ဦးဆောင်နေတဲ့ ခေါင်းဆောင်ကျောင်းသူကျောင်းသားတွေကို ပုဂ္ဂိုလ်ရေး တိုက်ရိုက်တိုက်ခိုက်မှုတွေ လုပ်လာတာ၊ ကျောင်းသူကျောင်းသားတွေနဲ့  ပြည်သူလူထုကို သွေးခွဲရန်တိုက်ပေးနေတာ၊ သံဃာတော်တွေနဲ့  ကျောင်းသူကျောင်းသားတွေကို အထင်မှား အမြင်မှားဖြစ်စေရန် ဖန်တီးတာတွေရယ်၊

၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကာလ သံဃာတော်တွေကို ဆွဲလားရမ်းလား လုပ်၊ ရိုက်ပုတ်စော်ကား၊ ပစ်ခတ်သတ်ဖြတ်တာတွေအပေါ် နှုတ်ပိတ်နေတဲ့၊ ဘုန်းကြီးကျောင်းတွေကို ညဘက်ချိန်ခါ အကြမ်းဘက် ၀င်စီး၊ လက်ပန်တောင်းတောင်ကိစ္စ သံဃာတော်တွေကို မီးလောင်ဗုံးနဲ့  ပစ်၊ သိမ် ကျောင်းတွေ ဖျက်တာတွေကို ၀စိပိတ်နေကြတဲ့ နိုင်ငံတော်သံဃာ့မဟာနာယက (မဟန) က ယခုကြတော့ အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေးမူကြမ်းကို အကြံပြုတယ်ဆိုပြီး ၀င်ပါလာတယ်။

အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေးမူကြမ်းကိုကြတော့ ပုဒ်မတွေနဲ့  တစ်ခါတည်း ပြောနေပြီး၊ နိုင်ငံတော်ဖွဲ့ စည်းပုံအခြေခံဥပဒေပါ ပြင်ဆင်သင့်တဲ့ ပုဒ်မ ၄၃၆ တို့  ၅၉ (စ) တို့ ကိစ္စကြတော့ မသိသလို ဖာသိဖာသာ ရေငုံနှုတ်ပိတ်နေကြတာပါလား။

သိန်းစိန်အာဏာရှင်အစိုးရ၊ ၉၆၉၊ မဘသ၊ မဟန အားလုံးဟာ တစ်ကြိတ်ထဲ တစ်ဥာဏ်ထဲ တစ်စုထဲ ဂွင်ကျကျ လုပ်နေကြတယ်ဆိုတာ သက်သေတွေပါ။

သပိတ်မှောက်ကျောင်းသူကျောင်းသားလေးတွေရဲ့  ဆန္ဒပြသပိတ်စစ်ကြောင်းတွေ ရိုးသားစွာ ရပ်တံ့ပေးထားတာကို သစ္စာမရှိ ယုတ်မာတဲ့ သိန်းစိန်တို့ က အချိန်အခွင့်ကောင်းယူပြီး ဖျက်ဆီးပယ်ဖျက်ဖို့  ကလိမ်ကကျစ် လုပ်နေတာ အားလုံးသတိထားကြဖို့ နဲ့  ပြည်သူလူထုတိုက်ပွဲဆီ ရောက်အောင် တွန်းပို့ နေတာ သိန်းစိန်တို့ သာ အဓိကတရားခံဖြစ်ကြောင်းပါ။


No comments: