Friday, October 31, 2008

မထေမဲ့မြင်ပြုတယ်၊ နိုင်ငံတော်အကြီးအကဲများကို အကြည်အညိုပျက်အောင်လုပ်တယ်၊ တာဝန်ဝတ္တရားနှောင့်ယှက်တယ်။
























ကျွန်တော်တို့  ကြားကြားနေရသော စကားလုံးများ (သို့ ) မြင်တွေ့ နေရသော စာလုံးများရှိပါတယ်။ အစဦးကတော့ ဒီစကားလုံးတွေ စာလုံးတွေဟာ အကြားမှာ အမြင်မှာ ကြားဖူးနေကြ မြင်ဖူးနေကြ မဟုတ်လို့  သတိထားမိပေမယ့်၊ ကြားဖန်များလာ မြင်ဖန်များလာတော့ သိပ်ပြီး မထူးဆန်းတော့သလိုနဲ့  ကြားရင် မြင်ရင်တောင် သာမန်စကားလုံး သာမန်စာလုံးလို မြင်လာရသလို ဖြစ်လာပါတယ်။

ဒါပေမယ့် ဒီစကားလုံးတွေ စာလုံးတွေကို သေသေချာချာ အလေးထားပြီး ကြည့်ကြည့်တော့၊ တကယ်တမ်းကြတော့ ဒီစကားလုံးတွေကို စာလုံးတွေကို သူခိုးက လူပြန်ဟစ်သလို၊ လုံးသ လက်ခံနိုင်စရာ အကြောင်းမရှိတဲ့ဟာတွေပါ။

ဒီစကားလုံး စာလုံးတွေကို ပြောဆိုရေးသားနေတဲ့ သူတွေကသာလျှင် ဒီစကားလုံးတွေ စာလုံးတွေအတိုင်း ကျင့်ကြံဖြစ်ပျက်နေတာပါ။

မထေမဲ့မြင်ပြုတာတဲ့။

အင်းစိန်ထောင် အထူးတရားရုံးကနေ ကိုမင်းကိုနိုင်အပါအ၀င် ကျောင်းသားခေါင်းဆောင် (၉) ဦးကို ထောင်ဒဏ် (၆) လ အပြစ်ပေးလိုက်တာ သိရပြီး၊ ရသင့်ရထိုက် ဖြစ်သင့်ဖြစ်ထိုက်တဲ့ အခွင့်အရေးကိုတောင်းဆိုတာကို တရားရုံးအနေနဲ့  မပေးလို့  တရားရုံးနဲ့  ပူးပေါင်းဆောင်ရွက်ခြင်း မပြုတာကို တရားရုံးကို မထေမဲ့မြင် ပြုလုပ်တယ်ဆိုပြီး ဒီလို အပြစ်ပေးတာဆိုတာ သိရတယ်။

ဒီနေရာမှာ သုံးတဲ့ အသုံးအနှုန်း စကားလုံးကို ကြည့်ရအောင် - မထေမဲ့မြင် - တဲ့။ မထေမဲ့မြင်လို့  သုံးရအောင် ကျောင်းသားခေါင်းဆောင်တွေက တရားရုံးအတွင်းမှာ နင်ပဲငဆ အော်ဟစ်ဆဲဆို ပြောဆိုနေလို့ လား၊ ရူံးရင်းဆန်ခတ်နဲ့  ကြမ်းတမ်းရမ်းကားစွာနဲ့  ထိုးမလားကြိတ်မလားပုံစံနဲ့  ပြောဆိုနေလို့ လား၊ ရသင့် ရှိသင့်တဲ့ ရပိုင်ခွင့်ကို တရားဝင် ကောင်းကောင်းမွန်မွန် တောင်းဆိုတာကို မလိုက်လျောလို့  တရားရုံးနဲ့  ပူးပေါင်းဆောင်ရွက်မှု မပြုဖူးဆိုတာ မိမိတို့ ရဲ့  ဆန္ဒကို ထုတ်ဖေါ်ပြသတာဘဲ။

နိုင်ငံရေးအရ အကျဉ်းကျခံနေတဲ့သူတွေ မပြောနဲ့  သာမန်ရာဇ၀တ်မှုတွေနဲ့  ပြစ်ဒဏ်ကျခံနေရတဲ့သူတွေတောင် တရားရုံးမှာဘဲဖြစ်ဖြစ်၊ အကျဉ်းကျခံနေရတဲ့နေရာမှာဘဲ ဖြစ်ဖြစ် မိမိတို့  မိသားစုနဲ့  တွေ့ ဆုံပိုင်ခွင့်ဆိုတာ ရှိရပါတယ်။ ဒါဟာ လူသားတစ်ဦးအနေနဲ့  ရသင့်ရထိုက်တဲ့ လူ့ အခွင့်အရေးဆိုတာကို ကမ္ဘာ့နိုင်ငံ အသီးသီးမှာ ပြဌာန်းထားပါတယ်။ ကိုမင်းကိုနိုင်တို့  ကျောင်းသားခေါင်းဆောင်တွေအနေနဲ့  တောင်းဆိုပိုင်ခွင့်ရှိပါတယ်။ တောင်းဆိုပိုင်ခွင့်ကို မတရားသောနည်းဖြင့် ငြင်းပယ်ခံရရင် မိမိတို့  သဘောထားဆန္ဒတွေကို ငြိမ်းချမ်းသောနည်းများနဲ့  ထုတ်ဖေါ်ပြသခွင့် ရှိပါတယ်။ ဒါဟာ မည်သူ့ ကိုမျှ မထေမဲ့မြင်လုပ်တာ လုံးဝ မဟုတ်ဖူး။ ကိုယ်ရသင့်တဲ့ အခွင့်အရေးကို ဥပဒေဘောင်အတွင်းက တောင်းဆိုတာဘဲ။

မြန်မာပြည်က တရားရုံး တရားသူကြီးတွေ (မ)တရားသူကြီးဖြစ်နေကြတာ တော်တော်ကြာပါင်္ပြီ။ တရားသူကြီးလို့  အမည်ခေါ်သတ်မှတ်ပေးထားတာ တရားမျှမျှတတနဲ့  ဘက်မလိုက်ဘဲ ဖြစ်သင့်ဖြစ်ထိုက်တာ ရသင့်ရထိုက်တာကို မှန်ကန်တဲ့ တရားဥပဒေဘောင်အတွင်းကနေ တရားခံလို့  စွပ်စွဲခံရသူ မှန်သမျှကို ကာကွယ်စောင့်ရှောက်ပေးဖို့ ပါ။ အပြစ်မရှိရင် မရှိသလို ဆုံးဖြတ်ပေးရမှာ၊ အပြစ်ရှိရင် အပြစ်ရှိသလို ထိုက်သင့်တဲ့ အပြစ်ကိုဘဲ လူသားချင်း ညှာတာထောက်ထားတဲ့ဘက်နေတောင် ထည့်သွင်းစဉ်းစားပြီးမှ ပေးရမှာပါ။

အခုအဖြစ်အပျက်က - တရားဥပဒေဘောင်အတွင်းက အကျုံးဝင်နေတဲ့ ရသင့်ရထိုက်တဲ့ တောင်းဆိုချက် တောင်းတာကို တရာသူကြီးတွေက မလေးစားမလိုက်နာဘဲ တနည်းပြောရရင် မထေမဲ့မြင်ပြုတာဘဲ၊ တရားဥပဒေကို ကိုယ်ကိုတိုင် ဗြောင်ချိုးဖောက်ပြီး တရားမျှတမှုကို မထေမဲ့မြင်ပြုတာ။ ဘယ်သူလည်း မေးရင် - ကိုမင်းကိုနိုင်တို့  ကျောင်းသားခေါင်းဆောင်တွေကို မတရားအပြစ်ဒဏ်ချမှတ်တဲ့ တရားသူကြီးတွေပါဘဲ။ ထပ်ပြောရရင် တရားရုံးထဲက တရားသူကြီးထိုင်ခုံမှာ ထိုင်ပြီး တရားဥပဒေကို ချိုးဖောက်နေတဲ့ (မ)တရားသူကြီးတွေကသာ တရားရုံးကို မထေမဲ့မြင်ပြုတာ ဖြစ်ပါတယ်။

ဒီ (မ) တရားသူကြီးတွေကိုသာလျှင် တရားရုံးနဲ့  တရားဥပဒေကို မထေမဲ့မြင်ပြုမှုနဲ့  ပြန်အပြစ်ပေးရမှာပါ။ (မ)တရားသူကြီးဖြစ်နေလို့  ထောင်ဒဏ် (၆) လတော့ မလုံလောက်ပါဖူး။ တစ်သက်လုံးအတွက် တရားဥပဒေကို မလေးမစားလုပ်လို့  မရတော့အောင် လားပင်စင် ပေးသင့်ပါတယ်။ ဒီ (မ)တရားသူကြီးတွေက ပြည်သူတွေကို မတရားဖမ်းဆီးပြီး မတရားပြစ်ဒဏ်ပေးလိုတဲ့ နအဖအာဏာရှင်ကြီးတွေ အလိုကျ၊ အပြစ်မရှိတာကို အပြစ်မရ ရအောင်ရှာ ပေးနေတဲ့ ဆွဲချ(မ)တရားသူကြီးတွေ ဖြစ်နေလို့ ပါ။

အကြည်ညိုပျက်အောင်လုပ်တာ - တဲ့။

ဒီလို တရားဥပဒေကို မထေမဲ့မြင်ပြုတဲ့ (မ)တရားသူကြီးတွေလိုဘဲ စကားလုံးလှအောင် ပြောလေ့ရှိတာကတော့ နအဖခေါင်းဆောင်ကြီးတွေပါဘဲ။ တိုင်းပြည်ယိုယွင်းပျက်စီးနေတာ စီးပွားရေးခြွတ်ခြုံကျနေတာ ပြည်သူတွေ ဆင်းရဲငတ်ပြတ် ဘေးဒုက္ခတွေ ရောက်နေကြတာတွေကြောင့် တိုင်းပြည်ကို အုပ်ချူပ်နေပါတယ်ဆိုတဲ့ မဆလ န၀တ နအဖတွေကို ထောက်ပြပြောဆိုကြတာတွေကို နိုင်ငံတော်အကြီးအကဲများကို အကြည်ညိုပျက်အောင် လုပ်တာတဲ့။ လာပြန်ပြီ - အကြည်ညိုပျက်အောင်လုပ်တာ - တဲ့။

မှန်တာလုပ်ရင် မှန်တယ် ပြောဆိုမယ်၊ မှားရင် မှားတယ်ပြောဆိုမယ်။ မှန်တယ် မှားတယ်ဆိုတာ ပြုလုပ်ဆောင်ရွက်သူတွေရဲ့  လုပ်ဆောင်ချက်ကြောင့် ဖြစ်လာတာဘဲ။ မှန်တာကို မှန်တယ် မပြောရဖူး၊ မှားတာကို မှားတယ် မပြောရဖူးဆိုရင် ပြင်ဆင်ပြုပြင့်သင့်ဖို့  အကြောင်းအချက်တွေ ဘယ်လိုသိနိုင်တော့မလည်း။ သုံးသပ်ဝေဖန်မှု မရှိရင် တိုးတက်မှုအတွက် ဘယ်လိုလုပ်ဆောင်လို့  ရတော့မလည်း။

တိုင်းပြည်တစ်ပြည်ရဲ့  ပကတိဖြစ်ပျက်နေတဲ့ အခြေအနေ၊ တိုင်းပြည်အုပ်ချူပ်နေသူတွေရဲ့  လက်ရှိဖြစ်ပျက်နေတဲ့  အခြေအနေကို မှားယွင်းမှု ရှိနေရင် အားနည်းချက် ရှိနေရင် ထုတ်ဖေါ်ပြောဆိုပြရမှာဘဲ။ ပြောဆိုထောက်ပြတဲ့ အချက်တွေက အမှန်အတိုင်းပြောတာ အမှန်အတိုင်းဖြစ်နေရင် လက်ခံပြီး ပြုပြင်ရမှာပေါ။ ထောက်ပြဝေဖန်ပြောဆိုနေတာတွေက မမှန်ကန်ဖူး လွှဲမှားနေတယ်ဆိုရင်လည်း အကျိုးအကြောင်း အထောက်အထားနဲ့  ပြန်လည်ချေပ ရှင်းလင်းပြောဆိုပေါ့။ တိုင်းပြည်အခြေအနေနဲ့  နိုင်ငံတော်အကြီးအကဲလို့ ဆိုနေသူတွေရဲ့  အကြောင်းအရာတွေကို ပြည်သူတွေ ထောက်ပြပြောဆိုနေတာတွေက မမှန်ကန်လို့ လား။

နိုင်ငံတော်အကြီးအကဲများကို အကြည်ညိုပျက်အောင် လုပ်တယ်ဆိုတော့ - နိုင်ငံတော်အကြီးအကဲဆိုသူများကရော ပြည်သူက လေးစားကြည်ညိုရလောက်အောင် ငါးပါးသီလတောင် အမှန်တကယ်လုံရဲ့ လား၊ ပညာသမာဓိနဲ့  အသိပညာအတတ်ပညာများမှာ ပြည့်ဝကြပါရဲ့ လား။ အုပ်ချုပ်သူတွေ အရည်အချင်းရှိမရှိ၊ သီလသမာဓိနဲ့  ပြည့်စုံမစုံကို တိုင်းပြည်ရဲ့  တိုးတက်သာယာဝပြောမှုနဲ့  ပြည်သူတွေရဲ့  အသက်အိုးအိမ်လုံခြုံမှု လူနေမှုအဆင့်အတန်းမြင့်မားမှု အရည်အသွေး ကာယအား ဥာဏအား တောက်ပြောင်မှုတွေနဲ့  တိုင်းတာရတယ်။

တိုင်းပြည်က ခြွတ်ခြုံကျနေရင် ပြည်သူတွေဘ၀ ဆင်းရဲငတ်ပြတ်နေရင် အသက်အိုးအိမ်စည်းစိမ်တွေ လုံခြုံမှုမရှိတော့ဘဲ ရာဇ၀တ်မှုတွေ ပေါများနေရင် အဲ့ဒီတိုင်းပြည်မှာ အုပ်ချူပ်နေတဲ့သူတွေ အရည်အချင်းမရှိ ညံဖျင်းမှု အဂတိလိုက်စားမှု ဖောက်ပြန်မှု ကိုယ်ကျိုးရှာမှုတွေကြောင့်ဘဲ ဆိုတာ ပေါ်လွင်တာဘဲ။ ဒီလို ဖြစ်ပျက်နေတာကို ဝေဖန်ထုတ်ဖေါ်ပြောဆိုရမှာဘဲ။

ဒီလိုဝေဖန်ထုတ်ဖေါ်ပြောဆိုတာ မဟုတ်တာကို အဟုတ်လုပ်ပြီး ပြောဆိုတာ မဟုတ်ဖူး။ အမှန်ကို အမှန်အတိုင်း ပြောတာဟာ အကြည်ညိုပျက်အောင် လုပ်တယ်လို့  သတ်မှတ်ရင် ကိုယ့်မှာ ကြည်ညိုစရာ မရှိတာကိုပါ ၀န်ခံရာ ရောက်ပါတယ်။ ပြည်ပသတင်းဌာနတွေကို ထုတ်ပြောတယ် နိုင်ငံတကာက ကမ္ဘာ့ပြည်သူတွေ သိအောင် ပြောဆိုတယ် ဒါဟာ နိုင်ငံတော်အကြီးအကဲများကို အကြည်ညိုပျက်အောင်လုပ်တာလို့  ပြောတော့ မြန်မာပြည်တွင်းက သတင်းဌာနတွေ၊ သတင်းစာတွေ ရေဒီယို တီဗွီတွေမှာ အမှန်ကိုအမှန်အတိုင်း ထုတ်ဖေါ်ပြောဆိုလို့  ရလို့ လား။ သတင်းစာတွေထဲမှာပါတဲ့  အယ်ဒီတာထံပေးစာလောက်နဲ့ တော့ ဆင်ခြေမပေးပါနဲ့ ။ နောက်ဖေးလမ်းထဲမှာ အမှုက်ပုံနေတာကိုလောက်သာ ဖေါ်ပြပေးနေတာထက် တကယ်အတိုင်း အမှန်ကို ပြောဆိုရေးသားခွင့်ပေးရင် နိုင်ငံတော်အကြီးအကဲရဲ့  သားသမီးဘာဖြစ်နေပါတယ်၊ နိုင်ငံတော်အကြီးအကဲကိုယ်တိုင် ဘာတွေဖောက်ပြန်နေပါတယ်ဆိုတာ ပြောဆိုရေးသားခွင့် ပေးရဲပါသလား။ အထောက်အထားခိုင်လုံစွာနဲ့  ပြောဆိုရေးသားတာ မှန်နေရင်ရော ၀န်ခံရဲမလား။

ရှင်းပါတယ်။ ပြည်သူက ကြည်ညိုနေစေချင်ရင် ကြည်ညိုရလောက်အောင် အကြည်ညိုခံရနိုင်တဲ့ အရည်အချင်း သီလသမာဓိနဲ့  တိုင်းပြည်နဲ့  လူမျိုးအပေါ်မှာ တရားမျှမျှတတနဲ့  အုပ်ချူပ်ပေါ့။ ပြည်ပနိုင်ငံတွေက ပြည်သူတွေ သတင်းဌာနတွေကို ထုတ်ဖေါ် မပြောစေချင်ဖူးဆိုရင် ပြည်တွင်းမှာ သတင်းမီဒီယာကို လွတ်လွတ်လပ်လပ် ခွင့်ပြုပေါ့။

အကြည်ညိုမရှိတဲ့ စကားတွေ မကြားချင် မမြင်ချင်ရင် ကိုယ့်ကိုကိုယ် အကြည်ညိုခံရလောက်အောင် ကျင့်ကြံနေထိုင်ပေါ့။ တိုင်းပြည်ကို အုပ်ချူပ်နေပါတယ်လို့  ဆိုနေတဲ့ နိုင်ငံတော်အကြီးအကဲတွေ အကြောင်းကတော့ ပြည်သူတိုင်းက ဝေဖန်ပြောဆိုထုတ်ဖေါ်မှာဘဲ။ မိမိသည်သာ ကြည်ညိုခံရမလား အကြည်ညိုပျက်ခံရမလားဆို ပြောနေသူတွေ အပြစ်မဟုတ်ပါ။ မိမိသာလျှင် တရားခံပါ။

နိုင်ငံတော်အကြီးအကဲများကို အကြည်ညိုပျက်အောင်လုပ်တယ်ဆိုပြီး မတရားအပြစ်ပေးနေတာတွေကတော့ ပိုတောင် အကြည်ညိုပျက်စရာကောင်းနေပြီး၊ ကိုယ့်ကို သူများတွေက အကြည်ညိုပျက်နေတာကို ကိုယ်ကိုတိုင်က လက်ခံရာ ၀န်ခံရာ ပြသနေတာ ဖြစ်ပါကြောင်း ပြောပြအပ်ပါတယ်။

ပြည်သူတွေက အကြည်ညိုပျက်အောင် နိုင်ငံတော်အကြီးအကဲများကသာ လုပ်ဆောင်နေခြင်း ဖြစ်ပါတယ်။ မြန်မာပြည်နဲ့  မြန်မာလူမျိုး ကမ္ဘာာ့အလည်မှာ မျက်နှာမပြ၀န့် ရဲလောက်အောင် အနှိမ်ခံရပြီး လူသားချင်းတူတာတောင် ကြည်ညိုလေးစားမခံရအောင် ဖြစ်ပျက်နေတာ နိုင်ငံတော်အကြီးအကဲများကြောင့်ဘဲဆိုတာ သိပါရဲ့ လား။

တာဝန်ဝတ္တရားနှောင့်ယှက်မှု တဲ့။

ဒီလိုပါဘဲ - တာဝန်ရှိတယ်ဆိုပြီး ထင်ရာစိုင်းနေကြတဲ့ ရမ်းကားသူတွေ ရှိပါတယ်။ ဒီရမ်းကားသူတွေ လွတ်လွတ်လပ်လပ် စည်းမဲ့ကမ်းမဲ့ ရမ်းကားနေတာများ တွေ့ လို့  မေးခွန်းတစ်ခွန်းလောက် ပြန်မေးမိရင် (သို့ ) အမှုအရာနဲ့  မနှစ်သက်တာ ပြမိရင် (သို့ ) ကာကွယ်ဟန့် တားမိရင် တာဝန်ဝတ္တရားနှောင့်ယှက်တယ်ဆိုပြီး ပုဒ်မတပ်ထည့်လိုက်ရော။ လာပြန်ပြီ - တာဝန်ဝတ္တရားနှောင့်ယှက်မှု - တဲ့။

စစ်သားတစ်ဦးက လက်ထဲက သေနတ်နဲ့ အနိုင်ကျင့်ပြီး ပြည်သူတစ်ဦးကို အကြောင်းမဲ့ ပစ်သတ်နေတာ တွေ့ ရင် မပြောရတော့ဖူးလား၊ ရဲတစ်ယောက်က ပြည်သူတစ်ဦးဆီကနေ ခြိမ်းခြောက်ပြီး အနိုင်ကျင့်ငွေတောင်းနေရင် မပြောရတော့ဖူးလား။ သားပျိုသမီးပျိုရှိတဲ့ အိမ်တစ်အိမ်ထဲကို ညဥ့်နက်သန်းကောင် အချိန်မဟုတ် အခါမဟုတ်မှာ အတင်းဝင်ပြီး တွေ့ ကရာ အကုန်မွှေရှာပြီး အိပ်ခန်းထဲမကျန် ခြင်ထောင်ပါလှန်ပြီးကြည့်ကြတဲ့ ရပ်ကွက်မြို့ နယ်လူကြီးတွေကို ဘာမှ ပြမပြောရတော့ဖူးလား။ စည်းမဲ့ကမ်းမဲ့ ဥပဒေမဲ့နဲ့  အလွှဲသုံးစားလုပ်နေတဲ့ တာဝန်လို့  ပြောနေတဲ့ ကိုယ်ထင်ရာစိုင်းပြီး ရမ်းကားနေတာတွေဟာ တာဝန် မဟုတ်ဖူး။

လုပ်ပိုင်ခွင့် အာဏာကို ပေးအပ်ထားတယ်ဆိုတာ ပြည်သူကပေးတာ ပြည်သူတွေရဲ့  အသက်အိုးအိမ်စည်းစိမ်တွေကို ကာကွယ်စောင့်ရှောက်ဖို့ ။ ဒါမှ ပြည်သူ့ တာဝန် (ခ) တာဝန်ဝတ္တရားလို့  သတ်မှတ်တာ။ ပြည်သူ့ အာဏာကို အတင်းအဓမ္မလုယူထားပြီး ပြည်သူကို ပြန်ပြီး ညဉ်းပမ်းနှိပ်စက်ဖို့  ခိုင်းစေခံရတာကို လုပ်တာ တာဝန်မဟုတ်ဖူး။
နိုင်ငံနဲ့  ပြည်သူကို ကာကွယ်စောင့်ရှောက်ဖို့ တာဝန်ရှိတယ်လို့  သတ်မှတ်ရင် နိုင်ငံနဲ့ ပြည်သူကို ကာကွယ်စောင့်ရှောက်တာဖြစ်တဲ့ ပြည်သူ့ တာဝန်ကိုဘဲ ကျေပျွန်အောက် လုပ်ပါ။

အာဏာရှင်အကျိုးကို ကာကွယ်စောင့်ရှောက်ဖို့  ခိုင်းစေခံရမှုကို တာဝန်ဆိုတဲ့ စကားလုံးနဲ့  မရောချပါနဲ့ ။ ပြည်သူက ပြည်သူအကျိုးစီးပွား အသက်အိုးအိမ်စည်းစိမ်ကို ထိပါးခံရလို့  ရမ်းကားနေသူတွေကို ထုတ်ဖေါ်ပြောဆို ဟန့် တားတာဟာ တကယ်တမ်းကျတော့ ပြည်သူက ပြည်သူ့ တာဝန်ကို ပီပီသသ ထမ်းဆောင်တာ။

ဒီတော့ တာဝန်ဝတ္တရားနှောင့်ယှက်မှုတယ်ဆိုပြီး ပြောနေကြတဲ့ ရမ်းကားသူတွေဟာ ဘာမှ ပြည်သူ့ တာဝန်ကို ထမ်းဆောင်နေတာ မဟုတ်ဖူး။ အာဏာရှင်အလိုကျ ခိုင်းစေခံနေရတာတွေကို ထင်ရာစိုင်းပြီးလုပ်နေကြတာ။ ဒါကြောင့် ပြည်သူတွေက မိမိတို့ အသက်အိုးစည်းစိမ်ကို ကာကွယ်စောင့်ရှောက်ဖို့ အတွက် မိမိတို့ ဖာသာ တာဝန်ပြန်ယူနေရတဲ့ ပြည်သူ့ တာဝန်ကို နှောင့်ယှက်နေသူတွေသာလျှင် တာဝန်ဝတ္တရားနှောင့်ယှက်မှုနဲ့  ပြန်အရေးယူခံရမှာပါ။

ကဲ ဒါဆိုရင် - တရားရုံးကို မထေမဲ့ မြင်ပြုတာ ဘယ်သူတွေလည်း။

ကဲ ဒါဆိုရင် - တိုင်းပြည်နဲ့ လူမျိုး ဂုဏ်သိက္ခကျနေအောင် အကြည်ညိုပျက်အောင် လုပ်နေတာ ဘယ်သူတွေလည်း။

ကဲ ဒါဆိုရင် - ပြည်သူတွေရဲ့  အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ဖို့ အတွက် ပြည်သူတွေ ကိုယ်တိုင်က ပြန်ပြီး ဆောင်ရါက်ယူနေရဲတဲ့ ပြည်သူ့ တာဝန်ကို နှောင့်ယှက်နေကြသူတွေက ဘယ်သူတွေလည်း။

ကျွန်တော်တို့  မြန်မာပြည်သူတွေရော ကမ္ဘာ့ ပြည်သူတွေရော ကောင်းကောင်းကြီး သဘောပေါက် သိရှိကြကြောင်းပါ ခင်ဗျာ။

အပြည့်ဖတ်မည်...

Thursday, October 30, 2008

ဗဟုသုတရဖို့ နဲ့  သိသင့်သော ပညာရပ်များ (အပိုင်း -၁)။

အပြည့်ဖတ်မည်...

Wednesday, October 29, 2008

နာဂစ်မုန်တိုင်းဘေးဒုက္ခသည်များအတွက် လာရောက်ကူညီခဲ့ကြသော ဘရာဇီးလ်လက်ရွေးစင်ဟောင်းများ(AME) ဘောလုံးအသင်းအား မြန်မာပြည်သူများကိုယ်စား ကျေးဇူးတင်ပါတယ်။

နာဂစ်မုန်တိုင်းဘေးဒုက္ခသည်များအတွက် လာရောက်ကူညီခဲ့ကြသော ဘရာဇီးလ်လက်ရွေးစင်ဟောင်းများ(AME) ဘောလုံးအသင်းအား မြန်မာပြည်သူများကိုယ်စား ကျေးဇူးတင်ပါတယ်။

နာဂစ်လေဘေးရန်ပုံငွေအတွက် ဘရာဇီးလ်လက်ရွေးစင်ဟောင်းများ(AME) ဘောလုံးအသင်းဟာ မြန်မာပြည်မှာ လာရောက်ပြီး ဘောလုံးပြိုင်ပွဲ ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။

၁၉၉၄ ကမ္ဘာ့ဖလားတွင် ဘရာဇီးလ်အသင်းတွင် ပါဝင်ကစားခဲ့သော ပေါ်လိုဆာဂျီယို၊ လက်ရွေးစင်ဟောင်းများဖြစ်ကြသော ဂျီယိုဗန်နီနှင့် ဆာဗီယိုတို့ ပါဝင်ခဲ့သော အဆိုပါဘရာဇီးလ်လက်ရွေးစင်ဟောင်းများအသင်းမှ ပြောကြာခဲ့တာကတော့ - '' မိသားစုတွေ အသက်ဆုံးရှုံးခဲ့ရတဲ့ ခံစားမှုတွေကို စာနာမိတဲ့အတွက် အခုလို လာရောက်ကစားဖြစ်တာဖြစ်ပါတယ်'' ဟု ပြောဆိုခဲ့ပါတယ်။

နာဂစ်လေဘေးရန်ပုံငွေအတွက် ဘောလုံးပြိုင်ပွဲယှဉ်ပြိုင်ကစားခဲ့ကြသော ဘရာဇီးလ်လက်ရွေးစင်ဟောင်းများ(AME) ဘောလုံးအသင်း၏ ကြိုးပမ်းမှုကြောင့် ကျပ်သိန်းပေါင်း (၁၂၀) ကျော် ရရှိခဲ့ကြောင်း သိရှိရပါတယ်။

ရရှိခဲ့တဲ့ နာဂစ်ရန်ပုံငွေများကို မြန်မာဘောလုံးအဖွဲ့ချုပ်က လေဘေးသင့် ဒုက္ခသည်များကို သွားရောက်လှူဒါန်းမယ်လို့  သိရပါတယ်၊ မည်ကဲ့သို့ လှူဒါန်းသွားမယ်ဆိုတာကိုတော့ အသေးစိတ် မသိရှိရသေးပါ။

(ဓါတ်ပုံများပေးပို့ လာသော TZS အား အထူးကျေးဇူးတင်ရှိပါတယ်)။















































































(ဓါတ်ပုံများပေးပို့ လာသော TZS အား အထူးကျေးဇူးတင်ရှိပါတယ်)။

အပြည့်ဖတ်မည်...

အနှစ် (၂၀) ပြည့်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မကဒတ)။

အနှစ် (၂၀) ပြည့်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မကဒတ)။

၁၉၈၈ ခုနှစ်၊ ရှစ်လေးလုံးအရေးတော်ပုံကြီးမှ မွေးဖွားပေါ်ပေါက်လာခဲ့တဲ့ ကျောင်းသားတပ်မတော် - မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မကဒတ) ၏ အနှစ် (၂၀) ပြည့်မြောက်အား အထူးဂုဏ်ပြုအပ်ပါသည်။

နိုဝင်ဘာလ (၁) ရက်နေ့ ။

http://www.absdf8888.org

အပြည့်ဖတ်မည်...

Tuesday, October 28, 2008

အချိန်လေး ပေးပေးမလား။

အချိန်လေး ပေးပေးမလား။


အလုပ်များတဲ့လူတစ်ယောက်ပေါ့ ၊ အလုပ်တွေများလွန်းလို့ စိတ်မော ၊
လူမောလည်းဖြစ်နေပြီ။ သူအိမ်ပြန် ရောက်တဲ့ အခါ သူ့ရဲ့ ငါးနှစ်သား လေးက
တံခါးဝမှာ စောင့်နေတယ်။

"ဖေဖေ . . . ဖေ့ဖေ့ကို သားတစ်ခု မေးလို့ရမလား ဟင် . . . " "မေးပေါ့ကွာ ၊
မေး . . . မေး . . . "

"ဖေဖေ အလုပ်လုပ်တဲ့အခါ တစ်နာရီကို ပိုက်ဆံ ဘယ်လောက် ရလဲဟင် . . ."
အဖေ လုပ်တဲ့ သူက သားရဲ့မေးခွန်းကြောင့် စိတ်တိုသွားတယ် ..။

"ဟကောင်ရ ၊ အဲဒါ မင်းအလုပ်မဟုတ်ဘူး ၊ ဘာကိစ္စငါ့ကို ဒါတွေလာမေးနေရတာလဲ ။
အလုပ်ပင်ပန်းလို့စိတ်တိုနေရတဲ့အထဲ။ မင်းနော် …"

"သားသိချင်လို့ပါ ဖေဖေရယ် ၊ သားကို ဆူချင်လည်းဆူ ၊ ရိုက်ချင်လည်း
ရိုက်ပါ။ ဒါပေမယ့် ဖေဖေ တစ်နာရီ အလုပ်လုပ်ရင် ပိုက်ဆံ
ဘယ်လောက်ရသလဲဆိုတာတော့ သားကို ပြောပြပေးပါနော် . . .။"

ငါးနှစ်သားလေးက မျက်နှာငယ်လေးနဲ့ ခခယယ တောင်းပန်နေပြန်တယ်။

"အေး.. မင်းသိပ်သိချင်တယ်ဆိုရင်တော့ ပြောပြရတာပေါ့ကွာ။ ငါ တစ်နာရီ
အလုပ်လုပ်ရင် ဒေါ်လာ ၂၀ ရတယ်ကွ ။ ကဲ… ကျေနပ်ပြီ လား… "

"အဲသလောက်တောင်မှလား" လို့ သားလေးက ပြောပြီး ခေါင်းငိုက်စိုက် ကျသွားတယ်…။
ဒါပေမယ့် ချက်ချင်ပဲ ပြန်မော့ပြီး သူ့အဖေကို မေးလိုက်ပြန်တယ်။

"ဖေဖေ ၊ သားကို ကိုးဒေါ်လာလောက် ချေးပါလားဟင်…."

အဖေလုပ်တဲ့သူရဲ့ ဒေါသက ငယ်ထိပ်ကို ရောက်သွားတယ်။

"ဘာကွ…. ငါ ပိုက်ဆံဘယ်လောက်ရလဲဆိုတာ မင်းသိချင်တာ ငါ့ဆီက ပိုက်ဆံချေးပြီး
ပေါက်တက်ကရ ကစားစရာတွေ ၊ အဓိပ္ပါယ်မရှိတဲ့ ပစ္စည်းတွေဝယ်ဖို့ကိုးကွ ၊ ငါက
အကောင်းမှတ်လို့။ သွားစမ်းကွာ။ အိပ်ယာထဲ သွားအိပ်ချေတော့။ ငါ့
မျက်စိအောက်က ထွက်သွားစမ်း ။ မဟုတ်ရင် မင်းကို ငါဆော်မိတော့မယ်။
ငါ့မှာတော့ တစ်နေ့တစ်နေ့ ပင်ပင်ပန်းပန်း လုပ်ကိုင်ရှာဖွေ ရုန်းကန်နေရတယ်။
မင်းက အလိုက်ကန်းဆိုးမသိ။ ငါ့ကို သက် သက်မယ့် လာဦးနှောက်စားနေတယ်။
သွားစမ်း… သွား "

အဖေလုပ်တဲ့သူက အဲဒီလိုလည်း ငေါက်လိုက်ရော သားလေးလည်း သူ့အိပ်ခန်းလေးထဲ
အသာဝင်သွားပြီး တံခါးလေး ပိတ်လိုက် ပါတော့တယ်။

အဖေကလည်း ကုလားထိုင်တစ်လုံးပေါ်မှာ ထိုင်ချလိုက်ပြီး စဉ်းစားကြည့်တဲ့အခါ
ပိုလို့တောင် ဒေါသဖြစ်လာတယ်။ တစ်နာရီသာသာ လောက် ကြာတဲ့အခါမှာတော့
ဖအေလုပ်တဲ့သူ စိတ်နည်းနည်းငြိမ်သွားတယ်။ သည်အခါမှာတော့ သားလေးအပေါ်
သိပ်တင်းမာ လွန်းရာကျသွားပြီလား ၊ လွန်များသွားလားလို့ တွေးမိလာပြန်တယ်။
သည်ကောင်လေးက အင်မတန်ပိုက်ဆံတောင်းခဲတဲ့ ကလေး။ တစ်ခါမှလည်း ဖအေဆီကနေ
ပိုက်ဆံမတောင်းဖူးပါဘူး၊ အခုမှ ကိုး ဒေါ်လာလောက် ခဏချေးပါလားလို့ပြောတာ။
သူ့မှာ တစ်ကယ်လိုချင်တာလေးတစ်ခုခု ရှိနေလို့များလားမှ မသိ။
အဲဒီအတွေးတွေနဲ့ သားငယ်ရဲ့ အိပ်ခန်းကို ဖအေက လိုက်သွားတယ်။

အခန်ထဲရောက်တဲ့အခါ
"သားသား အိပ်ပြီလားကွ" လို့လည်း မေးလိုက်တယ်။
"မအိပ်သေးပါဘူး ဖေဖေ ၊ သား နိုးနေပါတယ်" လို့ ကလေးက ပြန်ဖြေတယ်။
"အေးကွာ . . . စောစောက ဖေဖေ သားကို နည်းနည်းစိတ်တိုမိသွားတယ်။ တစ်နေ့လုံး
အလုပ်ပင်ပန်းတာတွေ ၊ မောတာတွေကို သားအပေါ်မှာ
အထုပ်ဖြည်လိုက်မိသလိုဖြစ်သွားတယ် သားရယ်။ ရော့…. ရော့ ၊ သားလိုချင်တဲ့
ကိုးဒေါ်လာ"

သားလုပ်တဲ့သူက ငေါက်ကနဲ ထထိုင်လိုက်သလို သူ့မျက်နှာလေးကလည်း ချက်ချင်းပဲ
ဝင်းပသွားပါတော့တယ်။ြ

ပြီးတော့ ခေါင်းအုံးအောက်ကို လက်နှိုက်လိုက်ပြန်တယ်။

သားရဲ့ခေါင်းအုံးအောက်က ထွက်လာတာကတော့ တွန့်ကြေနေတဲ့ ငွေ စက္ကူတွေပါ။
သားဆီမှာ ပိုက်ဆံတွေလည်း တွေ့လိုက်ရရော ဖအေ့ဒေါသတွေလည်း အလိုလို
ပြန်ထွက်လာတယ်။ ဒီကောင်ဘာလဲ ၊ သူ့မှာ ပိုက်ဆံတွေ ရှိရက်သားနဲ့ ဘာလို့
ကိုးဒေါ်လာ ထပ်တောင်းတာလဲလို့ တွေးနေတုန်းမှာ သားလေးက ပိုက်ဆံလေးတွေကို ရေ
နေတယ်။ သေချာရေပြီးတဲ့အခါ သားက ဖအေကို မော့ကြည်တယ်။

ဖအေလုပ်သူက "မင်းမှာ ပိုက်ဆံရှိရဲ့သားနဲ့ ဘာလို့ ထပ်တောင်းရတာလဲကွ . . .
" လို့ ငေါက်ပြန်တယ်။

"သားမှာရှိတာနဲ့ မလောက်လို့ ထပ်တောင်းတာပါ ဖေဖေ ။ အခုတော့ ပြည့်ပါပြီ။
ဟော့ဒီမှာ ဒေါ်လာ ၂၀ ပါ ဖေဖေ ၊ ဖေဖေ့ အချိန်ထဲ က တစ်နာရီလောက်ကို သားကို
ရောင်းပါလားဟင် . . ."

လူကြီးမင်းရဲ့ ဒေါ်လာ၂၀ တန် အချိန်လေးကိုလည်း ကိုယ်
ချစ်တဲ့သူတွေကို အချိန်ပေး ပေးပါလားဗျာ …. ။

(ရေးသားဖေါ်ပြသူ - sai woon sie) ။


(ကျွန်တော်ချစ်သော ပြည်သူတွေအတွက်)။

အပြည့်ဖတ်မည်...

Monday, October 27, 2008

မိုးလေ၀သနှင့်ဇလဗေဒ ညွှန်ကြားရေးမှုးဦးစီးဋ္ဌာနမှ ညွှန်ကြားရေးမှုးချုပ် ဦးထွန်းလွင်။













ဦးထွန်းလွင်ဟာ(၁၉၄၈) ခုနှစ်၊ ဇန္န၀ါရီ (၁၇) ရက်နေ့ က စစ်ကိုင်းတိုင်း၊ ငါန်းဇွန်းမြို့ နယ်၊ ကုလားကျေးရွာမှာ မွေးဖွားခဲ့သူ ဖြစ်ပါတယ်။ အမေရိကန် တက္ကသိုလ်တစ်ခုမှာ မိုးလေ၀သဆိုင်ရာ ပါရဂူဘွဲ့ စာတမ်းတင်ခဲ့ဖူးတယ်လို့  သိရှိရပါတယ်။ မြန်မာရုပ်မြင်သံကြား ပေါ်ထွန်းလာပြီး (၁၉၈၀ ခုနှစ်များ) နောက်ပိုင်းကာလမှာ မိုးလေ၀သ လစဉ် ခန့်မှန်းသူအဖြစ် မြန်မာပြည်သူတွေက မျက်မှန်းတန်းမိခဲ့ကြပါတယ်။ (၂၀၀၃) ခုနှစ်မှာ နအဖကနေ စက်မှုထူးချွန် ဒုတိယဆင့် ချီးမြှင့်ခဲ့တာ ခံခဲ့ရပါတယ်။ (၂၀၀၆) ခုနှစ်မှာ နိုင်ငံတကာမိုးလေ၀သနှင့် ဇလဗေဒအသင်းကြီး၏ အမြဲတမ်း အသင်းသား ဖြစ်ခဲ့ပါတယ်။ (၂၀၀၇) နှစ်မှာ အာရှ သဘာဝဘေးဒဏ်ကာကွယ်ရေးနှင့် ပြင်ဆင်ရေး ကောင်စီရဲ့  ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ယခုဆိုရင် နေပြည်တော် မိုးလေ၀သဌာနရဲ့  ညွန်ကြားရေးမှူးချုပ်အဖြစ် ဆောင်ရွက်လျက်ရှိနေပါတယ်။ ဦးထွန်းလွင်ဟာ ရန်ကုန်မြို့ သုဝဏ္ဏ ဘော်စင်နဲ့ ရေနံ့သာလမ်းကြားက သံသုမာလမ်းမှာ နေထိုင်ခဲ့ပါတယ်။

ဦးထွန်းလွင်ဟာ မန္တလေးတက္ကသိုလ်ကနေ ရူပဗေဒနဲ့  ဘွဲ့ ရခဲ့ပါတယ်။ မိုးလေ၀သပညာရပ်ကို အမေရိကန် ဖလော်ရီဒါပြည်နယ်တက္ကသိုလ်မှာ လေ့လာသင်ယူလိုက်စားခဲ့ပြီး၊ နအဖရဲ့  မြောက်စားမှုကြောင့် နေပြည်တော် မိုးလေ၀သဌာနရဲ့  ညွန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေပြီး၊ နာဂစ်မုန်တိုင်းဖြစ်ပွားပြီးနောက်ပိုင်းမှာ နအဖရဲ က ပေးအပ်ချီးမြင့်ခဲ့တဲ့ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ ကို ရရှိခဲ့ပါတယ်။

ဦးထွန်းလွင်ဟာ နာဂစ်မုန်တိုင်း မဖြစ်ပွားခင်ကာလနဲ့  ဖြစ်ပွားပြီးခါစကာလမှာ မိုးလေ၀သနဲ့ ဇလဗေဒဦးစီးဌာနရဲ့  တာဝန်အရှိဆုံးပုဂ္ဂိုလ်ဖြစ်ပြီး၊ ကမ္ဘာကျော်ထိတ်လန့် တုန်လှုပ်ခဲ့ရတဲ့ မြန်မာပြည်နာဂစ်မုန်တိုင်းဘေးဒဏ်နဲ့  ပတ်သက်ပြီး တာဝန်ရှိမှုကို ပထမဦးဆုံး ဖြေရှင်းခဲ့ရသူ ဖြစ်ပါတယ်။ ဒီလိုဖြေရှင်းတဲ့နေရာမှာ မေးခွန်းပေါင်းမြောက်မြားစွာ မေးမြန်းချက်တွေကို ဆင်ဝှေ့ ရန်ရှောင်အဖြေတွေနဲ့  ဖြေကြားခဲ့ပြီး၊ မိမိတာဝန်ကင်းရှင်းကြောင်းကို အရင်ဆုံး ဖေါ်ပြလိုတဲ့အနေနဲ့  အထက်က တာဝန်ရှိသူ ၀န်ကြီးအပါအ၀င် နအဖခေါင်းဆောင်တွေဘက်ကို အပြစ်ပုံချတဲ့ အပြောတွေနဲ့  ဖြေရှင်းခဲ့ပါတယ်။

ပြည်သူတွေအနေနဲ့ ဦးထွန်းလွင်ရဲ့  ဆင်ခြေပေးအကြောင်းပြချက်တွေကို လက်ခံမိသယောင်ယောင် ဖြစ်ခဲ့ပေမယ့်၊ နောက်ပိုင်း အချိန်ကာလတွေမှာ ဦးထွန်းလွင်ရဲ့ ပြောဆိုချက်တွေအပေါ်ကြည့်ပြီး ပြည်သူ့ အပေါ်အပြစ်ပြန်ပုံချလာတဲ့ စကားတွေကြားရတဲ့ အခါမှာ ဦးထွန်းလွင်ကို နအဖဘက် သိသိသာသာကြီးလိုက်သူအနေနဲ့  ရုပ်လုံးပေါ်လာပါတော့တယ်။

ဦးထွန်းလွင်ဟာ နောက်ပိုင်းမှာ နာဂစ်မုန်တိုင်းဘေးနဲ့  ပတ်သက်ပြီး နအဖရဲ့  ညံ့ဖျင်းမှုနဲ့  တာဝန်မဲ့မှုကိုတော့ မဝေဖန်ရဲတော့ဘဲ၊ နအဖရဲ့ တာဝန်ကင်းမဲ့မှုကိုရော မိမိရဲ့  တာဝန်ရှိခဲ့မှုကိုရော ဖုံးကွယ်ပြီး ပြည်သူလူထုဘက်ကို အပြစ်ပြော စော်ကားလာတဲ့စကားတွေက ပိုပိုလာပါတယ်။

ဦးထွန်းလွင် အရင်က ဘာတွေ ပြောခဲ့သလည်း၊ အခု ဘာတွေထပ်ပြောနေသလည်းဆိုတာ၊ နာဂစ်မုန်တိုင်းဖြစ်ပြီးခါစ အချိန်ကာလကနေ အခုအချိန်ကာလအတွင်းမှာ ဦးထွန်းလွင် ပြောစကားတွေ ဘယ်လိုပြောင်းလဲလာသလည်းဆိုတာ သိဖို့ လိုနေပါပြီ။

ဦးထွန်းလွင်ရဲ့  အပြော (၁) ။


နာဂစ်မုန်တိုင်းမတိုက်ခတ်ခင်က မိုးလေ၀သသတင်းထုတ်ပြန်ရာတွင် မုန်တိုင်းဒီရေများတက်မည်ဖြစ်ကြောင်း ကြိုတင်ကြေညာခဲ့သော်လည်း ဒေသခံ အများစု၏ အာရုံစူးစိုက်သတိပြုမှုများ မရရှိခဲ့သဖြင့် အပျက်အစီး၊ အသေအဆုံး များပြားခဲ့ခြင်းကြောင့် မုန်တိုင်းဒီရေ အစား ယခုထက်ပို၍ ကြောက်မက်ဖွယ် ကောင်းသော စကားလုံးဖော်ထုတ်ပေးရန် သြဂုတ်လ ၉ရက်နေ့က ကျင်းပသော (ပင်လယ်ပြင်မှ လူသတ်သမားနာဂစ်) ဟောပြောပွဲမှာ အဲ့ဒီလို ဦးထွန်းလွင်က ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီးတော့ ဟောပြောပွဲတက်ရောက်လာသော အတတ်ပညာရှင်များနဲ့  နာမည်ကျော်စာရေးဆရာများအနေနဲ့  အမည်ကို ကြားလိုက်သည်နှင့် လူများလန့်သွားနိုင်မယ့် ကြောက်မက်ဖွယ်ကောင်းသည့် စကားလုံးရှိလျှင် ပေးကြပါဟု အဲ့ဒီဟောပြောပွဲမှာ ဦးထွန်းလွင် ပန်ကြားသလိုလိုနဲ့  ထပ်ပြောပါတယ်။

ဦးထွန်းလွင်ဟာ ဒီနေရာမှာ ပြည်သူလူထုကို အထင်သေးတဲ့ စော်ကားတဲ့အပြောမျိုး စတင်ပြောဆိုလာခဲ့ပါတယ်။ ဦးထွန်းလွင်ပြောတာကတော့ မိုးလေ၀သပညာရပ်ဆိုင်ရာ အခေါ်အဝေါ်ကို လူထုက နားမလည်ခြင်းဟာ ပြဿနာတစ်ရပ်ဖြစ်ကြောင်း၊ မုန်တိုင်းဒီရေတွင် ဒီရေဟူသောစကားလုံး ပါရှိနေတာကြောင့် လူအများစုက နားမလည်ဘဲ ပန်းပန်လျက်ပါ ဇာတ်ကားထဲမှ ဆရာဇော်ဂျီ၏ ဗေဒါလမ်းကဗျာကို အသုံးပြုထားသည့် တေးသီချင်းပါ ဒီရေမျိုးဟု မှတ်ယူယှဉ်တွေးသည့်အခါ ကြောက်မက်ဖွယ် မကောင်းသည့်အပြင် ချစ်စဖွယ်ဖြစ်နေကြောင်း ပြောဆိုခဲ့ပါတယ်။

မုန်တိုင်းဒီရေကို ပြည်သူလူထုက မသိလို့  နာဂစ်မုန်တိုင်းမှာ အသေအပျောက် အပျက်အစီးများခဲ့တာ မဟုတ်ရပါဖူး။ တာဝန်မဲ့လွန်းလှတဲ့ ညံ့ဖျင်းလှတဲ့ နအဖခေါင်းဆောင်ကြီးတွေကြောင့်ဆိုတာကို မြန်မာပြည်သူတွေမပြောနဲ့  နိုင်ငံတကာက ပြည်သူတွေပါ သိကြပါတယ်။ ဦးထွန်းလွင် အနေနဲ့  မိမိရာထူးနေရာ ပြုတ်မှာစိုးပြီး ပေါက်ကရလျှောက်ပြောနေတာ ပညာမဲ့ရာ ကျလွန်းပါတယ်။ မုန်တိုင်းဒီရေဆိုတဲ့ စကားလုံးနဲ့  ဘာမှ မဆိုင်ပါဖူး။ ဒီထက်ကြောက်အောင် ထွင်တဲ့စကားလုံးဖြစ်နေပါစေ မုန်တိုင်းဘေးအန္တရယ်ကို သတင်းတိတိကျကျ မှန်မှန်ကန်ကန်နဲ့ ကြိုတင်အသိမပေးခဲ့လို့ ၊ ဘေးအန္တရာယ်မကျရောက်ခင် နေရာပြောင်းရွှေ့ ချထားပေးတာတွေ မလုပ်ခဲ့လို့ ၊ ဖြစ်ပွားနေချိန်မှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးတာတွေ မလုပ်ပေးခဲ့လို့  ပိုမိုသေကြေပျက်စီးခဲ့တာကို အမှန်အတိုင်း ပညာရှင်ပီသရင် ၀န်ခံရဲရပါမယ်။

နာရစ်မုန်တိုင်း ဖြစ်ပြီးခါစက မိမိအနေနဲ့  တာဝန်ကျေကြောင်းသိအောင် ပြောလိုတာနဲ့  နအဖဘက်ကို အပြစ်ပုံချပြီး ပြည်သူကို ပြောခဲ့တဲ့ ဦးထွန်းလွင်ရဲ့  စကားတွေ ပြန်မှတ်မိမှာပါ။ မိုးလေ၀သဌာနက မုန်တိုင်းဘေးအန္တရယ်ရှိတာကို သိလို့  ပြည်သူတွေကို သတိပေးဖို့  ပြောခဲ့တာ အထက်က ၀န်ကြီးတစ်ယောက်က ခွင့်မပြုခဲ့ လို့  သတိပေးချက်ကို ကြိုတင်မထုတ်ပြန်ခဲ့ရဖူးဆိုတာပါ။ ဦးထွန်းလွင်တို့  အဲ့ဒီအချိန်က ကိုယ့်အပြစ်ဖြစ်မှာစိုးလို့  ရှောင်ကာပြီး လွှဲချပြောဆိုခဲ့တဲာ့စကားက အခုကျတော့ ရာထူးနေရာ ပြုတ်မှာစိုးလို့  အပြောလေးတွေ တစ်မျိုးပြောင်းပြီး ဦးထွန်းလွင်ရဲ့  ကျေးဇူးရှင်ကြီးတွေဘက် လှည့်မပြောရဲတော့ဘဲ၊ ပြည်သူတွေဘက် လှည့်အပြစ်တင်ပြောတာကတော့ ဦးထွန်းလွင်အနေနဲ့  ပြည်သူ့ ဝန်ထမ်းတစ်ဦးမပီသဘဲ ကျေးဇူးရှင်အစစ် ပြည်သူကို စော်ကားတာပါဘဲ။

ဦးထွန်းလွင်တို့  မိုးလေ၀သနှင့်ဇလဗေဒ ညွှန်ကြားရေးမှုးဦးစီးဋ္ဌာနက တာဝန်ရှိသူတစ်ဦးကဘဲ ပွင့်ပွင့်လင်းလင်း မှန်မှန်ကန်ကန်ထုတ်ဖေါ် ၀န်ခံခဲ့တာ ဦးထွန်းလွင် သိပါတယ်။ အဲ့ဒီ တာဝန်ရှိသူ ၀န်ခံပြောဆိုခဲ့တာက - မြန်မာနိုင်ငံမှာ မုန်တိုင်းတိုင်းတာတဲ့ ရေဒါတပ်ဆင်နိုင်ခြင်း မရှိသေးကြောင်းနဲ့  သက်ဆိုင်ရာအဖွဲ့ အစည်းများကို အကူအညီများ တောင်းခံထားဆဲဖြစ်ကြောင်း ပြောခဲ့တာပါ။ ဒီအချက်ကို ကြည့်ရင် ဦးထွန်းလွင်ရဲ့  မိုးလေ၀သနဲ့  ဇလဗေဒဌာနမှာ မုန်တိုင်းတိုင်းတဲ့ ရေဒါ မရှိလို့  ပြည်သူတွေကို နာဂစ်မုန်တိုင်းဘေးအတွက် ကြိုတင်သတိပေးနိုင်စွမ်း မရှိခဲ့ဖူးဆိုတာ ပေါ်လွင်နေပါတယ်။ တိုင်းပြည်တိုးတက်ရေးအတွက် ဆောင်ရွက်နေပါတယ်ဆိုတဲ့ ဦးထွန်းလွင်ရဲ့  နအဖခေါင်းဆောင်ကြီးတွေကို ဦးထွန်းလွင် ဒီကိစ္စနဲ့  ပတ်သက်ပြီး ဘာပြောရဲပါသလည်း။ မိမိနေရာမြဲဖို့ အတွက် မပြောရဲဖူးဆိုရင် ပြည်သူက နားလည်ခွင့်လွှတ်ပေးနိုင်ပေမယ့် ပြည်သူဘက်ကို ပြန်ပြီး အပြစ်ပြောတာတော့ နားလည်ခွင့်လွှတ်ရခက်ပါတယ်။ စေတနာနဲ့  ဂရုဏာဒေါသောနဲ့ ပြောတဲ့ လေသံနဲ့  ပြောတဲ့အချက်နဲ့  ပြည်သူကို အထင်သေးအပြစ်ပြောတဲ့ ပုံစံက ကွာခြား သိသာပါတယ်။ ဦးထွန်းလွင်ပြောတဲ့ အပြစ်ပြောချက်နဲ့  စောစောက ဖေါ်ပြခဲ့တဲ့ ဦးလွန်းလွင်ရဲ့ ဌာနက တာဝန်ရှိသူတစ်ဦး ပြောတဲ့ ပုံစံခြင်း ကွာလွန်းပါတယ်။

အဲ့ဒီ တာဝန်ရှိသူ ပြောတာဆိုရင် - မိုးလေ၀သ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနအနေနဲ့  မြန်မာနိုင်ငံသို့ မုန်တိုင်း ၀င်ရောက်လာခဲ့ပါက ကြိုတင်သတိပေးချက်တစ်ခုတည်းဖြင့် လူပေါင်းများစွာ၏ အသက်ကို မကယ်တင်နိုင်ကြောင်း မှန်မှန်ကန်ကန် ပြောဆိုခဲ့တာကြည့်ရင် နအဖအလိုကျကာကွယ်ပြီးပြောနေတဲ့ ဦးထွန်းလွင်နဲ့  အတော့်ကို ကွာပါတယ်။ ဒီတော့ကာ ဦးထွန်းလွင်ပြောတဲ့ ပြည်သူတွေက ဒီရေဆိုတာကို နားမလည် မသိလို့  ဒီထက်ကြောက်အောင် စကားလုံးပြောင်းချင်ရင် မုန်တိုင်းဒီရေဆိုတာကနေ နအဖဒီရေလို့  ပြောင်းလိုက်ပါ။

ဦးထွန်းလွင်ရဲ့  အပြော (၂) ။


ဦးထွန်းလွင်ဟာ နအဖက ချီးမြှင့်လိုက်တဲ့ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ ကြီးကို ရပြီးကာစမှာဘဲ ဒေါက်တာဦးထွန်းလွင်ဖြစ်တာနဲ့ အညီ ပညာသားပါပါ ပြောလိုက်တာကတော့ မုန်တိုင်းဖြစ်ပေါ်နိုင်ခြင်း ရှိမရှိကို မိမိတို့ပတ်ဝန်းကျင်ရှိ ရောဂါသည်များအခြေအနေကို ကြည့်ခြင်းဖြင့် သိရှိနိုင်ကြောင်းဆိုပြီး ပြောလိုက်တာ ဖြစ်ပါတယ်။

လိပ်ခေါင်းရောဂါ၊ ဒူလာရောဂါနှင့် ပန်းနာရင်ကျပ်ရောဂါခံစားနေရသူတွေဟာ မုန်တိုင်းဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေတွင်ရှိရင် ပြောင်းလဲလာသော ရာသီဥတုကို ခံနိုင်စွမ်းမရှိဘဲ အပူရှိန်မြင့်တက်ခြင်း၊ ရေငွေ့များလာခြင်းနဲ့ဖိအားကျသွားခြင်းဆိုတဲ့ အချက်သုံးချက်ကို ခံစားလိုက်ရတာကြောင့် လူနာဟာ ခံနိုင်ရည်မရှိဘူး။ အဲ့ဒီရောဂါရှိတဲ့သူတွေဆိုရင် ပိုသိသာတယ်။ ဒါတွေဟာ ဘာကိရိယာမှ မပါဘဲ
ကိုယ့်အသိနဲ့ကိုယ်သိနိုင်ပါတယ်လို့  ပြောခဲ့တာပါဘဲ။

ဒေါက်တာ ဦးထွန်းလွင်တစ်ယောက် အကြားအမြင်ဆရာလိုလို၊ တိုင်းရင်းဆေးဆရာလိုလို ဖြစ်သွားပါလား။ နာဂစ်မုန်တိုင်းဖြစ်ချိန်တုန်းက မိုးလေ၀သဦးစီးမှာ အဲ့ဒီရောဂါဝေဒနာသည်တွေ မရှိနေလို့  ဦးထွန်းလွင်တို့  ပြည်သူကို နာဂစ်မုန်တိုင်းလာမယ်ဆိုတာ အချိန်မှီ ကြိုမပြောနိုင်ခဲ့တာကိုး။ ကိုဇာဂနာတို့အဖွဲ့ရဲ့ ပြက်လုံးတစ်ခုကိုဖြစ်တဲ့ မိုးလေ၀သဦးစီးဌာနမှရေကန်ထဲတွင် မွေးထားသော ဖား (၅) ကောင် အော်သောကြောင့် မိုးရွာရန် ၅၀% တဲ့ဆိုတဲ့ ပြက်လုံးလို ဖြစ်နေပါတယ်။ အဆိုပါ ရောဂါဝေဒနာသည်တွေ များများ မခံနိုင်လေ မုန်တိုင်းပိုဖြစ်နိုင်လေလို့  နအဖရဲ့ သတင်းစာတွေထဲမှာ စစ်တမ်းကောက်ယူပြီး ထည့်ပေးရင် ဦးထွန်းလွင်တောင် အလုပ်လက်မဲ့ ဖြစ်သွားနိုင်ပါတယ်။

နအဖက ချီးမြင့်လိုက်လို့  ရတဲ့ ဒေါက်တာဘွဲ့ ကြီးနဲ့  ထိုက်တန်အောင် အတွေးအခေါ်ပြောင်ပြောင်မြောက်မြောက်နဲ့  ပြောလိုက်တာမို့  ပြည်သူတွေအတွက် နောင်ကြုံတွေ့ နိုင်မယ့် ဘေးအန္တရယ်တွေအတွက် အထူးသတိထားစရာပါဘဲ။

ဦးထွန်းလွင်ရဲ့  အပြော (၃) ။


ဦးထွန်းလွင်က မကြာသေးခင်က ထပ်ပြောပါသေးတယ်။

ပြည်ပမိုးလေ၀သခန့်မှန်းချက်တွေကို မယုံပါနဲ့တဲ့။ ကိုယ့်နိုင်ငံက မိုးလေ၀သပညာရှင်တွေရဲ့စကားကို ယုံပါတဲ့၊ ကိုယ့်နိုင်ငံရဲ့မိုးလေ၀သကို ကိုယ့်လူမျိုးအသိဆုံးပါဘဲတဲ့၊ ပြည်ပသတင်းတွေကို မဖတ်နဲ့ မဟုတ်ဘူး၊ ဖတ်ပါ ဒါပေမယ့် ကိုယ့်နိုင်ငံရဲ့မိုးလေ၀သခန့်မှန်းချက်ကိုဘဲ ယုံပါတဲ့။

ပြည်တွင်းမိုးလေ၀သခန့် မှန်းချက်နဲ့  ပြည်တွင်းမိုးလေ၀သပညာရှင်တွေရဲ့  တစ်လွှဲတစ်ချော်ပြောဆိုမှုတွေကြောင့် နာဂစ်မုန်တိုင်းအတွင်းက သေကြေပျက်စီးခဲ့ကြရတဲ့သူတွေက အသက်နဲ့ ရင်းပြီး သက်သေပြသခဲ့ပြီးပါပြီ။

ပြည်တွင်းက အခြားမိုးလေ၀သပညာရှင်တွေ မပြောနဲ့  မိုးလေ၀သနဲ့  ဇလဗေဒ ဦးစီးဌာနရဲ့  တာဝန်ခံ ညွန်ကြားရေးမှူးချူပ်လုပ်နေတဲ့ ဦးထွန်းလွင်ကိုယ်တိုင်က အထက်က ဖေါ်ပြခဲ့သလို အပြောမျိုးတွေ ပြောနေတော့ ဘယ်ပြည်သူကများ အသက်ကိုပုံအပ်ပြိး ယုံကြည်ရမှာလည်း။

နောက် မိုးလေ၀သနဲ့  ဇလဗေဒပိုင်းဆိုင်ရာ ကြိုတင်သိရှိနိုင်လောက်အောင် ခောတ်မှီစက်ကိရိယာပစ္စည်းတွေ မရှိတဲ့ ဦးထွန်းလွင်တို့  ဌာနရဲ့  ထုတ်ပြန်ကြေညာချက်တွေကို ဘယ်လောက် စိတ်ချလက်ချ ခိုင်ခိုင်မာမာ ယုံကြည်အားကိုးရမှာလည်း။

နိုင်ငံတကာက နေရာဒေသတစ်ခုရဲ့ အသေးစိတ်နေရာတွေမှာ ဖြစ်ပေါ်နိုင်မယ့် မိုးလေ၀သခန့် မှန်းချက်တွေ တိုင်းထွာတွေ့ ရှိချက်တွေကို နာရီပိုင်း မိနစ်ပိုင်းနဲ့ အမျှ ပြောင်းလဲဖြစ်ပေါ်နေတဲ့ မိုးလေ၀သအခြေအနေကို စာနဲ့ ရော အသံနဲ့ ရော ရုပ်ပုံအရှင်နဲ့ ရော အဆက်မပြတ် ထုတ်လွင့်ပြောဆိုပြနိုင်တဲ့အခြေအနေနဲ့  ဦးထွန်းလွင်တို့  မိုးလေ၀သကြေညာချက်ကို ဘေးအန္တရာယ်ကျရောက်နိုင်တဲ့ နေရာဒေသက ပြည်သူတွေ သေသွားတာတောင် သိတောင်မသိလိုက်ရဖူးဆိုတဲ့ အခြေအနေကို လက်တွေ့ နှိုင်းယှဉ်ကြည့်ပါဦး။

ပြည်သူတွေလည်း သေကုန်ကြတာ မနည်းပါဖူး။ ပြည်သူတွေ နောက်တစ်ခါ ထပ်သေကုန်အောင် စကားလုံးလေးတွေနဲ့ တော့ ထပ်မပြောဖို့  ဦးထွန်းလွင်တို့ ကို သတိပေးလိုပါတယ်။

နအဖနဲ့  ဦးထွန်းလွင် အပြန်အလှန် ဘော်လီဘောပုတ်သလို ပြောဆိုနေတာက ကြားထဲက ပြည်သူက လက်တွေ့ မှာ ဒုက္ခရောက်ကြရပါတယ်။ နအဖက နာဂစ်မုန်တိုင်းမှာ သူတို့ အတွက် တရားခံအဖြစ်ကနေ လွတ်အောင်၊ ဦးထွန်းလွင်ကို ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ ပေးပြီး သူတို့ ဘက်ကို အပြစ်ပုံမချခိုင်းဘဲ ပြည်သူတွေ အသုံးမကျ ညံ့လို့ ဖြစ်ရတာလို့  ပြောခိုင်းပါတယ်။

ဦးထွန်းလွင်ကလည်း နအဖကို အချက်ကောင်းကိုင်ပြောလို့ ရတော့ ချော့ပြီးပေးလာတဲ့ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ ကို နာဂစ်မုတ်တိုင်းအတွင်း သေသွားခဲ့ကြတဲ့ ပြည်သူတွေမျက်နှာကိုမှ မထောက် ပြောင်မျက်နှာထားနဲ့  အရှက်ကင်းစွာနဲ့  လက်ခံယူပြီး၊ နအဖအလိုကျ ပြည်သူတွေကို အပြစ်ပြောနဲ့  လုပ်နေပါတယ်။

နောက်ပြီး - မုန်တိုင်းရှိမယ်၊ ရေကြီးမယ်၊ ငလျင်လှုပ်မယ် သတိထားကြဆိုတာလောက်နဲ့  သတင်းစာထဲထည့်၊ ရေဒီယိုတွေ တီဗွီတွေထဲကနေ ကြေညာနေတာလောက်နဲ့  တာဝန်ကျေပွန်ပြီလို့  မထင်နေပါနဲ့ ။ ဦးထွန်းလွင် ပြောတာလောက်ကတော့ ကမ္ဘာ့မိုးလေ၀သသတင်းနဲ့  မိုးလေ၀သပညာရပ်ကို လူတိုင်း လေ့လာပြီး ပြောလို့ ရပါတယ်ဆိုတာ သဘောပေါက်ဖို့  လိုပါတယ်။

အဓိကလိုအပ်ချက်က သဘာဝဘေးအန္တရယ်တွေကြုံလာရင် ဘေးအန္တရာယ်ကနေ ထိခိုက်ဒဏ်ရာ မရအောင် ဘယ်လိုဆောင်ရွက်မလည်း၊ ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ဖို့ ကို ဘယ်လိုပြင်ဆင်ထားကြမလည်း ဘယ်လို လေ့ကျင့်ပေးထားမလည်းဆိုတာကို အချိန်နဲ့ အမျှ ပြည်သူတစ်ဦးချင်းစီတိုင်း သိနေတတ်နေအောင် လုပ်ပေးဖို့ လိုတာပါ။

နာဂစ်မုန်တိုင်းက သဘ၀ဘေးအန္တရယ်ဆိုပေမယ့် ကြိုတင်သိရှိနိုင်၊ ကြိုတင် ကယ်ဆယ်ရေးလုပ်ငန်းတွေ တတ်နိုင်သလောက် လုပ်နိုင်တဲ့ကိစ္စတစ်ခုမို့ လို့  နာဂစ်မုန်တိုင်းကြောင့် ပြည်သူတွေ ပိုမိုဒုက္ခရောက် သေကြပျက်စီးခဲ့ကြရတဲ့ အဖြစ်ဆိုးမှာ နအဖခေါင်းဆောင်ကြီးတွေတင်မကဘူး ဦးထွန်းလွင်ပါ တာဝန်ရှိသူ တစ်ဦးဖြစ်တယ်ဆိုတာ မမေ့ ဖို့ လိုပါတယ်။ တစ်နေ့ တစ်ချိန်ကျရင် တာဝန်ယူဖြေရှင်းဖို့ သာ ပြင်ဆင်ထားပါ။ ယခုလို ပြည်သူတွေဘက်ကို လှည့်ပြီး အပြစ်ပြော စော်ကားနေတာတွေကိုလည်း မြန်မြန်ရပ်ဆိုင်းဖို့  သတိပေးလိုက်ပါတယ်။

နအဖအလိုကျပြောနေတာတွေထက် မိမိဟာ ပညာရှင်တစ်ဦး ပီပီသသနဲ့  ပြည်သူ့ ဘက်ကရပ်တည်ပြီး ပြည်သူ့ ကို မှန်မှန်ကန်ကန် အလုပ်အကျွေးပြုဖို့ ပါ။ ဦးထွန်းလွင် သင်ယူတတ်မြောက်ခဲ့တဲ့ ပညာရပ်နဲ့  ဆိုရင် နအဖလက်အောက်မှာ နအဖအလိုကျ မိမိသင်ယူခဲ့ရတဲ့ ပညာကို အထိခိုက်ခံပြီး၊ အဲ့ဒီလို အပြောတွေကြောင့် ပြည်သူတွေ အမုန်းခံရတဲ့ဘ၀မျိုး မဖြစ်သင့်ဖူးဆိုတာကို ဦးထွန်းလွင် အမြင်မှန်စွာ သိဖို့ လိုနေပါတယ်။

ဦးထွန်းလွင်ဆီ ဆက်သွယ်လိုသူများရှိရင် -

U Tun Lwin
Director General
Department of Meteorology and Hydrology, Myanmar
Email: dg.dmh@mptmail.net.mm ဖြစ်ပါတယ်။

အပြည့်ဖတ်မည်...

Sunday, October 26, 2008

ရန်ကုန်မြို့ တွင် မိုးပြင်းထန်စွာ ရွာသွန်းမှုကြောင့် လမ်းမကြီးများ ရေဖုံးလွှမ်းနေစဉ် (အောက်တိုဘာလ ၂၆၊ ၂၀၀၈ ခုနှစ်)။




























(ဓါတ်ပုံဖေါ်ပြပေးသူများအား ကျေးဇူးတင်ရှိပါသည်)။

အပြည့်ဖတ်မည်...

ဘာကြောင့် ဒီလိုဖြစ်ရတာလည်း။

အပြည့်ဖတ်မည်...

Friday, October 24, 2008

မဆလအမွေခံ နအဖနှင့် ကြံ့ ဖွတ်အဖွဲ့ အား ဆန့် ကျင်သည့်အနေဖြင့် ခွေးခြင်္သေ့လှုပ်ရှားမှု ဆောင်ရွက်ခြင်း။

လွတ်လပ်ရေးဖခင်ကြီးနှင့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိရေးအတွက် အသက်ပေးကာ ကြိုးပမ်းပေးခဲ့ကြသော နိုင်ငံ့အာဇာနည်စစ်စစ် ခေါင်းဆောင်ကြီးတို့ ၏ ဂုဏ်ကျေးဇူးကိုမှ မထောက်၊ သမိုင်းပျောက်အောင်လုပ်ခဲ့ကြတဲ့ အာဏာရှင်တို့ ရဲ့  လုပ်ရပ်ဖြစ်တဲ့ ငွေစက္ကူတွေမှာ ဗိုလ်ချူပ်အောင်ဆန်း၊ ဆရာစံ၊ သခင်ဖိုးလှကြီး အစရှိတဲ့ ပုံတွေကို ဖယ်ရှားပြီး၊ ခွေးလိုလို ခြင်္သေလိုလိုပုံတွေကို အစားထိုးပြီး ငွေစက္ကူတွေမှာ ပုံနှိပ်သုံးစွဲနေတာတွေကို ကန့် ကွက်တဲ့အနေနဲ့  ခွေးခြင်္သေ့လှုပ်ရှားမှုကို ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရှိရပါတယ်။

ဒီလို ငွေစက္ကူတွေမှာသာမက ခွေးလိုလို ခြင်္သေလိုလိုပုံတွေကို နအဖရဲ့  လက်ကိုင်တုတ်အဖွဲ့ ဖြစ်တဲ့ ကြံ့ ဖွတ်အဖွဲ့ မှာပါ အဖွဲ့ တံဆိပ်အနေနဲ့  သုံးနေတာတွေ့ ရတော့ ဒါဟာ နအဖအာဏာရှင်တွေရဲ့  နိုင်ငံတော်တံဆိပ်ပါ ခြင်္သေပုံဖြစ်နေပါတယ်။ ဒါတင်မကသေးဖူး နအဖ မတိုင်ခင် ၁၉၆၂ ခုနှစ်ကတည်းက သုံးခဲ့တဲ့ နေ၀င်းဥိးဆောင်ခဲ့တဲ့ မဆလ တစ်ပါတီရဲ့  နိုင်ငံတော်တံဆိပ်ပါ ခြင်္သေ့ပုံလည်း ဖြစ်ပါတယ်။

အဆိုပါ ခွေးလိုလို ခြင်္သေ့လိုလို ပုံပါ ငွေစက္ကူများနှင့် နအဖလက်ကိုင်တုတ် ကြံ့ ဖွတ်အဖွဲ့ အား ဆန့် ကျင်သည့် အနေဖြင့် ရန်ကုန်တိုင်းအတွင်းရှိ မရမ်းကုန်မြို့နယ်နှင့် လှိုင်မြို့နယ်များတွင် နအဖ စစ်အာဏာရှင် အုပ်စုအား အလိုမရှိသူ လူငယ်များမှ ခွေးခြင်္သေ့ပုံအား ကြက်ခြေခတ်ဆန့် ကျင်သည့် လှုပ်ရှားအား ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။

နအဖအာဏာရှင်မှ မည်သို့ မည်ပုံဖမ်းဆီးသည်ဖြစ်စေ မြန်မာပြည်သား မြန်မာလူငယ်များအနေဖြင့် အမျိုးသားရေးတာဝန်အား ပုခုံးထမ်းကာ ရဲရဲဝန့် ၀န့်  အင်အားသစ်များဖြင့် အာဏာရှင်အား ဆက်လက် တော်လှန်တိုက်ပွဲ ၀င်နေမည် ဖြစ်ကြောင်းနှင့် မြန်မာပြည်သူပြည်သားအပေါင်းမှ ပူးပေါင်းပါဝင်လက်တွဲကြကာ အမျိုးသားရန်သူဖြစ်သည့် အာဏာရှင် နအဖလက်တစ်စုစာအား ဆန့် ကျင်ကြရန် တိုက်တွန်းလိုက်ရပါတယ်။






































































































အပြည့်ဖတ်မည်...

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား မတရားဖမ်းဆီးထားမှုမှ လွှတ်ပေးရေး။

အပြည့်ဖတ်မည်...

၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ အား ဂုဏ်ပြုခြင်း။

အပြည့်ဖတ်မည်...

Thursday, October 23, 2008

သေသူတွေကို တံဆိပ်ကပ်ပေးနေတဲ့ နအဖ။

သေသူတွေကို တံဆိပ်ကပ်ပေးနေတဲ့ နအဖ။

မနေ့ က နေ့ စွဲနဲ့  ထုတ်ဝေခဲ့တဲ့ နအဖ သတင်းစာမှာ ဗုံးဆင်နေရင် သေဆုံးသွားသူတစ်ဦးဆိုပြီး အောက်ပါအတိုင်း သတင်းထုတ်ပြန်ခဲ့တာ တွေ့ ရှိရပါတယ်။







































အတိုက်အခံအင်အားစုတွေနဲ့  ရဟန်းသံဃာတော်တွေကို သိက္ခာချချင်နေတာနဲ့  ထောင်ထွက်တစ်ဦးက (နအဖက မကြာခင်က လွှတ်ပေးလိုက်သော ၉၀၀၂ ယောက်ထဲက အများစုဖြစ်တဲ့ ရာဇ၀တ်မှုနဲ့  ထောင်ကျခဲ့သူတစ်ဦး) အကြံအစီတစ်ခုနဲ့  (သို့ ) နအဖဘက်က ညွန်ကြားချက်နဲ့  ဘာတွေဆင်လို့  ဘာတွေပေါက်ကွဲပြီး သေရတာလည်းဆိုတာ မသိရဘဲ နအဖက သေတဲ့သူအပေါ် ထုံးစံအတိုင်း ခုတုံးလုပ်လိုက်ပြန်ပြီ။

နအဖက လုပ်ကြံပြီး ဘုန်းကြီးဝတ်ခဲ့တဲ့သူဆိုပြီး သတင်းညာထုတ်တယ်။ နောက်ပြီး အခြားနိုင်ငံနယ်စပ်ဘက်ကို တရားမ၀င်သွားခဲ့တယ်ဆိုပြီး နယ်စပ်ဒေသမှာ ရှိတဲ့ အဖွဲ့ အစည်းတွေနဲ့  ပတ်သက်သလိုလို ဖန်တီးလိုက်ပြန်တယ်။

တကယ်တော့ အဆိုပါ သေဆုံးသွာသူဟာ ထောင်ထွက်ဖြစ်ပါတယ်။ နယ်စပ်က ပြန်လာတာလဲ မဟုတ်ပါဘူး။ ထောင်က လွတ်လာတာတောင် မကြာသေးပါ။ ထောင်က လွတ်လာကတည်းက ဘယ်ကရလာမှန်းမသိတဲ့ ဟာတွေ အိမ်ထဲ တကုပ်ကုပ်နဲ့ တပ်ဆင်နေခြင်းဖြစ်ပါတယ်။ အဆင့် (၁၀) ဆင့်လောက်ထိကို ဆင်ရမယ့် အညွှန်းလိုလိုလည်း ပါပါတယ်။ ဒါနဲ့ ဖြစ်ချင်တော့ ဗုံးက အဆင့်၆-၇ လောက်မှာတင် ပေါက်သွားခြင်း ဖြစ်ပါတယ်လို့  အနီးကပ်သိရှိကြသူတွေက ပြောဆိုပြပါတယ်။

သူ့ဘာသာသူ အေးအေးဆေးဆေးကို ဆင်နေတာတဲ့။ ခုလိုပေါက်သွားတော့မှသာ နအဖပြောတဲ့ ဗုံးဆိုတာကို ဒီလိုပဲ ပေါ်တင်ကြီးဆင်ရသလားလို့ အံ့သြနေကြရပါတယ်လို့  အဆိုပါ ပြောပြသူတွေက ဆက်လက်ပြောပါတယ်။

အခုလို သတင်းညာတွေ ဖန်တီးပေါ်ထွက်နေတာကြည့်ရင် - နအဖခေါင်းဆောင်ကြီးတွေ တော်ကောက်ထားတဲ့ သတင်းထုတ်ညာရေး ၀ံကြီး ကျော်ဆန်းတို့ လက်ထက် သတင်းစာ (ညာ) တွေကတော့ အတော့်ကို အောက်တန်းကျကျ လုပ်ကြံဖန်တီးတာနိုင်တာမို့  ကျော်ဆန်းကတော့ အရင့်အရင် သတင်းဝံကြီးတွေထက် သာပါပေတယ်။

အပြည့်ဖတ်မည်...

တပ်ကဆိုတော့ အရပ်ဘက်အုပ်ချူပ်ရေးကို ဂရုမစိုက်တဲ့ သဘော။ ဒီ့အပြင် တပ်အတွင်းမှာလည်း အချင်းချင်း ဖြစ်ကုန်ပြီ။

သမီးဖြစ်သူကို အဓမ္မပြုကျင့်ရန်ကြိုးစားသူ နစက တပ်ကြပ်ကို ကျေးရွာ ရယက ဥက္ကဌက ဓါးဖြင့် ခုတ်သတ်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် သမီးဖြစ်သူကို နစက တပ်ကြပ် တဦးမှ အဓမ္မပြု ကျင့်ရန် ကြိုးစားရာမှ ဖခင်ဖြစ်သူ ရယကဥက္ကဌက ဓါးနှင့် ခုတ်သတ်သည့် မူခင်းတခု အောက်တိုဘာလ ၂၀ ရက်နေ့တွင် ပေါ်ပေါက်ခဲ့သည်။

အဆိုပါ မူခင်းမှာ မောင်တောမြို့နယ် အလယ်သံကျော် ကျေးရွာအုပ်စု ကံဘုကျေးရွာတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ဒေသအတွင်းက ပေးပို့သောသတင်းအရ ကံဘုကျေးရွာနေ ရယကဥက္ကဌ ဦးဟာဘီစူလ၏ သမီးဖြစ်သူအား နစက တပ်ကြပ်ဇော်ဝင်းမောင်မှ အဓမ္မပြုကျင့်ရန် ကြိုးစားနေသည်ကို ဖခင်ဖြစ်သူ ရယကဥက္ကဌ ဦးဟာဘီစူလမှ တွေ့ရာမှ အနီးမှဓါးကိုဆွဲယူပြီး နစကတပ်ကြပ်အား ဓါးဖြင့် အချက်ပေါင်းများစွာ ခုတ်သတ်ခဲ့သည်။

ဇော်ဝင်းမောင်မှာ မောင်တောမြို့နယ် နစက အမှတ် (၇)နယ်မြေမှဖြစ်ပြီး အသက်ဘေးမှ လွတ်မြောက်ခဲ့ကာ ယခုအခါ မောင်တောဆေးရုံတွင် တင်ထားရကြောင်း သိရသည်။

ဦးဟာဘီစူလာမှာ အဆိုပါ အခင်းဖြစ်ပွားပြီးနောက် တဘက်နိုင်ငံ ဘင်္ဂလာဒေခ်ျ့သို့ ထွက်ပြေး တိမ်းရှောင် လာခဲ့သည်။

ဦးဟာဘီစူလာ မိသားစုအား ယခုအခါ နစကမှ ခေါ်ယူစစ်ဆေးနေကြောင်း သတင်းရရှိသည်။

အချင်းချင်း ပစ်ခတ်၍ နအဖ တပ်ကြပ်တဦး သေဆုံး။


မောင်သစ်အောင် (နိရဉ္စရာ) အိန္ဒိယ-မြန်မာနယ်စပ် ရှေ့တန်း၌ လှုပ်ရှားနေသော ခမရ ၅၅၀ တပ်ရင်းမှ စစ်ကြောင်း တခုတွင် အချင်းချင်းပစ်ခတ်၍ တပ်ကြပ်တဦး တနင်္လာနေ့က ပွဲချင်းပြီး သေဆုံးသွားခဲ့ သည်။

ချင်းလက်ဝ ကျေးရွာသားတဦးက “သူ့အလောင်းကို ရယက တွေနဲ့ ကျေးရွာသားတချို့ကို ခေါ်ယူပြီး ရွာသချိုင်းမှာ မြှုပ်ခိုင်းပါတယ်။ သူ့တို့ သေတမ်းစာလည်း ဖတ်ပါတယ်။ သေဆုံးသွားသူဟာ တပ်ကြပ် ဇော်ဝင်း ဖြစ်ပါတယ်”ဟု ပြောသည်။

တပ်ကြပ် ဇော်ဝင်းအား ပစ်ခတ်သူမှာ တပ်သား ဦးဆန်းလှိုင်ဖြစ်ပြီး ကင်းတာဝန်ယူထားစဉ် အိပ်ငိုက်သည်ကို ထိုးကြိတ်ပြီး အပြစ်ပေးသဖြင့် မကျေနပ်ရာမှ ဦးဆန်းလှိုင်မှ တပ်ကြပ် ဇော်ဝင်းအား ပစ်သတ်ခဲ့ခြင်း ဖြစ်သည်။

တပ်သား ဦးဆန်းလှိုင်အား ယခုအခါ ပလက်ဝ မြို့နယ် ချင်းလက်ဝ ရှေ့တန်းစခန်းတွင် ဖမ်းဆီးထားပြီး များမကြာမှီ ပလက်ဝသို့ ပို့ဆောင်မည် ဖြစ်ကြောင်း သိရှိရသည်။

ခမရ ၅၅၀ တပ်ရင်းမှာ ပုဏ္ဏားကျွန်းအခြေစိုက် တပ်ရင်းဖြစ်ပြီး တပ်ရင်းမှူးမှာ ဒုဗိုလ်မှူးကြီး အေးနိုင်ဖြစ်ပြီး ချင်းလက်ဝတွင် တာဝန်ကျနေသော ရှေ့တန်း စစ်ကြောင်းမှူးမှာ ဗိုလ်ကြီး အောင်ဇော်ဦးဖြစ်ကြောင်း ကျေးရွာသားက ပြောသည်။

ယခုအခါ နအဖစစ်တပ်အတွင်း အချင်းချင်း သတ်ဖြတ်မှုများ တိုးပွားလာနေသဖြင့် အထူးသဖြင့် အောက်ခြေစစ်သားများက အထက်အရာရှိများအား သတ်ဖြတ် မှု တိုးပွားလာနေသဖြင့် ယခုအခါ ရှေ့တန်းနယ်မြေတွင်သာမက နောက်တန်းနယ်မြေများ၌ပါ အရာရှိ စစ်ဗိုလ်များမှာ ပစ္စတိုကို လက်ကမချဝံ့ဘဲ ဖြစ်နေသည်ဟု ဒေသအတွင်းက လာသော သတင်းများအရ သိရှိရသည်။

(သတင်း -Narinjara News)။

အပြည့်ဖတ်မည်...

ကုမ္ပဏီများတွင် ၀င်ရောက်လုပ်ကိုင်နေကြသော မြန်မာအမျိုးသမီးများအတွက် သတိပေးချက်။

ကုမ္ပဏီများတွင် ၀င်ရောက်လုပ်ကိုင်နေကြသော မြန်မာအမျိုးသမီးများအတွက် သတိပေးချက်။



(ရေးသားပေးပို့ လာသူအား အထူး ကျေးဇူးတင်ရှိပါသည်)။

အပြည့်ဖတ်မည်...

သြစတြေလျနိုင်ငံအစိုးရက နအဖတွေနဲ့  ပတ်သက်ပြီး ထုတ်ပြန်ကြေညာချက်။

သြစတြေလျနိုင်ငံအစိုးရက Financial Sanctions နဲ့ ပတ်သက်တဲ့ နအဖဦးရေစာရင်းကို ပိုမိုတိုးချဲ့ လိုက်ပါတယ်။

သြစတြေလျနိုင်ငံ Financial Sanctions နဲ့ ပတ်သက်တဲ့ နအဖနဲ့  မိသားစုများစာရင်း ဖြစ်ပါတယ်။

ထို့ အပြင် နအဖနဲ့ ပတ်သက်နေသော ဘက်တော်သားများ သြစတြေလျနိုင်ငံအတွင်း ရောက်ရှိနေလျှင်လည်း စုံစမ်းဖေါ်ထုတ်လျက်ရှိတယ်လို့  သိရှိရပါတယ်။

(ပေးပို့ လာသူ ကိုဗညားအား ကျေးဇူးတင်ရှိပါသည်)။



အပြည့်ဖတ်မည်...

Wednesday, October 22, 2008

GTalk သုံးစွဲသူများအတွက် သတိပေးချက်။

မိမိ၏ Gtalk တွင် အခြားသူနှင့် ပြောနေစဉ် အောက်ဖေါ်ပြပါ အင်္ဂလိပ်စာသားများ မိမိထံတွင်လည်းကောင်း အခြားသူများထံတွင်လည်းကောင်း Chat Windows အတွင်း ပေါ်နေပါက မိမိ ဂျီတောအကောင့် GTalk account တွင် ဗိုင်းရပ်စ်ထိနေပါပြီ။ ဒီ့အတွက် မိမိ ဂျီင်္မေးလ် (သို့ ) ဂျီင်္တောအကောင့်ကို ပြန်သန့် ရှင်းအောင် အမြန်လုပ်ရန် လိုပါပြီ။ မိမိ၏ ကွန်ပျူတာ တစ်ခုလုံးနှင့် အကောင့်များအားလုံးကို Anti-Virus latest version များ၊ Spyware (သို့ ) Anti-Spy ဆော့ဝဲလ်များနဲ့  ဖယ်ရှားပြစ်ဖို့  အထူုးလိုနေပါပြီ။

Hi, I am 23 Female Delhi(India) :),
Your asl please?
Sup.. I was checking out yahoo members and i saw your page..
yahoo says you are my top match! :)
ok leave it
please do me a favour

ယခုလို အန္တရာယ်ပေးနေတာတွေ ပေါ်ပေါက်နေလို့ ၊ သတိပေးတာတွေ ရှိနေလို့  GTalk သုံးသူတွေအနေနဲ့  အရမ်းကြီးစိုးရိမ်တာမျိုးလည်း မဖြစ်သင့်ပါဖူး။ အဓိကက မိမိ သုံးစွဲမှုကို အကာအကွယ်ကောင်းကောင်းနဲ့  ပုံမှန် စစ်ဆေးကြည့်နေဖို့ ၊ သုံးစွဲတဲ့နေရာမှာ မပေါ့ဆဘဲ သတိထားပြီး သုံးစွဲဖို့ ၊ သိသင့်သိထိုက်တာတွေကို လေ့လာနေဖို့ ဘဲ လိုပါတယ်။

အင်တာနက်သုံးစွဲမှု လုံခြုံရေး၊ GMail နဲ့  GTalk သုံးစွဲမှု လုံခြုံရေးတို့ အတွက် နညးပညာပိုင်းဆိုင်ရာ တတ်ကျွမ်းသူ အတတ်ပညာရှင်များ၊ အသိပညာရှင်များမှလည်း ၀ိုင်းဝန်းပြီး ကျွန်တော်တို့ နှင့် ပူးပေါင်းဆောင်ရွက်ပေးကြဖို့ ၊ ဖျက်လိုဖျက်ဆီးလုပ်နေမှုများကို ၀ိုင်းဝန်းကူညီ ကာကွယ်ဆောင်ရွက်ပေးကြပါလို့  ဖိတ်ခေါ်အပ်ပါတယ်။ မေးလ်နဲ့  အသိပေး ပို့ လိုလျှင် niknayman.niknayman@gmail.com ဖြစ်ပါတယ်။

အပြည့်ဖတ်မည်...

Hey what are you doing Please test my new webcam using private connection http://h1.ripway.com/db4/privateCam_v0.1.exe ဖိုင်ကို ရရင် လုံးဝ လက်မခံရန်

မိမိတို့  ဂျီတော GTalk ထဲတွင် ဖြစ်စေ၊ အီးမေးလ်မှ တစ်ဆင့် ဖြစ်စေ မည်သူ့ ထံမှ လာစေကာမူ လုံးဝ လက်မခံရန် သတိပေးအပ်ပါသည်။ အဆိုပါဖိုင်အား ယခုကဲ့သို့  ရေးပို့ လာပါသည် - Hey what are you doing Please test my new webcam using private connection http://h1.ripway.com/db4/privateCam_v0.1.exe အား ပို့ လာပါက၊ လုံးဝ click မလုပ်ရန်နှင့် ဒေါင်းလုပ် မလုပ်ရန် အထူးသတိပေးအပ်ပါသည်။

ဤဖိုင်ကို RUN ကြည့်ပါက ဗိုင်းရပ်စ် ၀င်လာပါမည်။ ထို့ နောက် မိမိ၏ personal accounts အားလုံကို ဖွင့်ခိုင်းပါမည်။ ဥပမာ။ ။ Gtalk, VZO chat, Yahoo Messenger, Skype, Window Live Messenger အားလုံးကို password တောင်းပါသည်။

အဲ့ဒီနောက်မှာ Gtalk ကို ဖွင့်မိသောအခါ မိမိ၏ account ပေါ်လာပြီးနောက် အားလုံးပျောက်သွားကာ ဘာမှမမြင်ရတော့ပါ။ အဲဒီလိုဖြစ်ပြီးနောက်မှာ account ရှိသော အခြားသူများအား အွန်လိုင်းပေါ်တွင် ပြန်မြင်တွေ့ ရပြီး မေးလ်များကို အလိုလို စတင်ပို့ပါတော့တာ သိရှိရပါသည်။

၎င်းအချိန်တွင် မိမိ၏ ကွန်ပြူတာမှ မောက်စ် mouse သည် ဘယ်လိုမှ ထိန်းချုပ်လို့  control လုပ်မရတော့ပါ။ မိမိ၏ Gtalk , Yahoo Messenger တို့ကို ဖွင့်မိသောကြောင့် ထို account တွင်ရှိသော အွန်လိုင်းတွင် အသုံးပြုနေသောသူများထံသို့ သူ့အလိုအလျောက် မေးလ်များ ပို့ပါသည်။ ဥပမာ Who are you? အသိမိတ်ဆွေအားလုံးမှပြန်ပြောတဲ့ အခါမှ သိရှိရကာ တော်တော်လေး လန့်သွားခဲ့ပါသည်။

ဒါကြောင့် အဲ့ဒီဖိုင် http://h1.ripway.com/db4/privateCam_v0.1.exe
လက်ခံလို့ရရှိခဲ့ရင် အသုံးမပြုပါရန် အထူး သတိပေးလိုပါတယ်။

(ရေးသားပေးပို့ လာသူ အောင်ခင်ဆင့်နှင့် ၄င်းဖိုင်ရပြီး အတွေ့ အကြုံအား ပြန်လည်ဖေါ်ပြပေးကြသော မိတ်ဆွေများအား အထူးကျေးဇူးတင်ပါသည်)။

အပြည့်ဖတ်မည်...

သတင်းအမှန် မထုတ်ရဲသော နအဖနှင့် သတင်းညာရေးသော သတင်းစာများ။

သတင်းအမှန် မထုတ်ရဲသော နအဖနှင့် သတင်းညာရေးသော သတင်းစာများ။

အများသူငှာတို့ ကြားသိပြီးဖြစ်တဲ့ အောက်တိုဘာလ (၁၃) ရက်နေ့ က ဖြစ်ပွားခဲ့တဲ့ တိုက်ကြီး-ရန်ကုန် ပြေးဆွဲနေခဲ့တဲ့ ခရီသည်တင် ဟိုင်းလတ်ကားတစ်စီး ပေါက်ကွဲမှု ဖြစ်ခဲ့ပြီး ကားပေါ်ပါသူ ကားမောင်းသမားအပါအ၀င် လူ (၇) ဦး သေဆုံးခဲ့တဲ့ကိစ္စကို နအဖက ဖြစ်ပွားရတဲ့ အကြောင်းရင်းကို အမှန်အတိုင်း မထုတ်ဖေါ်ဘဲ သတင်းလိမ်ခဲ့တာနဲ့  နအဖပိုင် သတင်းစာတွေကလည်း ဒီသတင်းကို လိမ်ညာဖန်တီးပြီး ရေးသားခဲ့တာကို ထုတ်ဖေါ်ပြလိုပါတယ်။

ပထမဦးဆုံးအနေနဲ့  ပေါက်ကွဲမှုနဲ့  ပတ်သက်ပြီး နအဖကနေ ဘယ်လို သတင်းထုတ်ပြန်ခဲ့သလည်းဆိုရင် အဆိုပါ ဟိုင်းလတ်ကားမောင်းတဲ့သူဟာ ကားကို အရှိန်ပြင်းစွာ မဆင်မခြင် မောင်းနှင်မှုကြောင့် အရှိန်မထိန်းနိုင်ဘဲ ကားမှောက်ပြီး ကားပေါ်ပါ ဂက်စ်အိုးများ အချင်းချင်းရိုက်ခတ်မိလို့  ပေါက်ကွဲမှုဖြစ်ရတာပါဆိုပြီး အဓိက အကြောင်းရင်းက ကားမှောက်တာပါ၊ ကားမှောက်လို့ သာ ဂက်စ်အိုးပေါက်ကွဲရတာပါလို့  အကြောင်းပြခဲ့ပါတယ်။





အဖြစ်မှန်ဖြစ်တဲ့ ဂက်စ်အိုးပေါက်ကွဲတဲ့ အဓိက အကြောင်းရင်းကို လိမ်ညာခဲ့ခြင်းဖြစ်ပါတယ်။ စစချင်း ဂက်စ်အိုးပေါက်ကွဲတာ မဟုတ်ဘဲ ကားမှောက်တာ အရင်ဖြစ်လို့  ကားမှောက်တဲ့အရှိန်ကြောင့်သာ ဂက်စ်အိုးကွဲရတာပါလို့  လှည့်ဖြားပြောဆိုထုတ်ပြန်ခဲ့ပါတယ်။

ဘာလို့  ဒီလို လှည့်ဖြားပြောဆိုရတာလည်းဆိုတာကတော့ နအဖအနေနဲ့  သူတို့ နဲ့  ပတ်သက်နေတဲ့ ပေါ့ဆမှုတွေ၊ လာဘ်စားမှုတွေ၊ ပြည်သူတွေအပေါ်မှာ တာဝန်ကင်းမဲ့သူတွေ၊ သူတို့ ရဲ့ ညံ့ဖြင်းမှုတွေကို အပြစ်ပြောခံရမှာစိုးလို့  ဒီလိုဖုံးကွယ်ပြောဆိုခဲ့တာဘဲ ဖြစ်ပါတယ်။

ဂက်စ်အိုးတပ်ဆင်မှုတွေကို စစ်ဆေးမှု မရှိတာတွေ၊ အလွယ်တကူဈေးနဲ့  ဈေးရောင်းကောင်းအောင်လောက်ဘဲ ကြည့်ပြီး လုပ်ခဲ့တာတွေ၊ ပြည်သူတွေရဲ့  အသက်အိုးအိမ်စည်းစိမ်ထက် နအဖဘက်တော်သား စီးပွားရေးသမားကြီးတွေ ကြီးပွားရေးအတွက်သာ ကြည့်နေတာတွေ၊ နိုင်ငံတော်ဝါဒဖြန့် ချီရေးတွေမှာ မော်တော်ယာဉ်တွေ ဂက်စ်သုံးစွဲမှုနဲ့  တိုးတက်နေပါတယ်လို့  ဟန်ပြပြောဆိုနေတာတွေကို ထိခိုက်မှာစိုးလို့  ပေါက်ကွဲမှု အဓိက အကြောင်းရင်းက ဂက်စ်အိုးပေါက်လို့  ဖြစ်ရတာပါဆိုတာကို မပြောရဲတာဘဲ ဖြစ်ပါတယ်။

နောက်တစ်ခုကတော့ - နအဖက သတင်းထုတ်ပြန်ခဲ့တာ အောက်တိုဘာလ (၁ရ) ရက်နေ့ ကြမှ သတင်းထုတ်ပြန်ခဲ့ပြီး၊ အောက်တိုဘာလ (၁၈) ရက်နေ့  သတင်းစာထဲမှာ ဖေါ်ပြခဲံပါတယ်။ အမှုဖြစ်ပွားပြီး (၃) ရက်မြောက်နေ့ ကျမှသာလျှင် သတင်းကို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ ဒီသတင်းစာထဲမှာ သတင်းကို လှည့်ဖြားပြီးရေးသားထားရုံတင်မကဖူး ပေါက်ကွဲမှုဖြစ်ပွားတာကို အခင်းဖြစ်မှုမြေပုံအကြမ်းနဲ့  ဖေါ်ပြထားပါတယ်။ ရုတ်တရက် ကြည့်လိုက်ရင်တော့ ဖြစ်ပွားမှုသတင်းကို သေသေချာချာ စနစ်တကျနဲ့ စုံစမ်းဖေါ်ထုတ်ထားသလိုလိုနဲ့ ၊ တကယ်တမ်းကျတော့ ပေါက်ကွဲမှုကြောင့် သေဆုံးရသူတွေရဲ့  ဓါတ်ပုံတွေကိုတော့ အမှန်အတိုင်း ဖေါ်ထုတ်မပြရဲခဲ့ပါဖူး။ (စကားချပ် - သေဆုံးမှု ဆိုးရွားတဲ့ပုံတွေ ဖြစ်နေတာကြောင့် အမြင်မသင့်တော်လို့  သတင်းစာထဲ မထည့်တာလို့ တော့ အကြောင်းမပြပါနဲ့ ။ တစ်နေ့ ကဘဲ ရွှေပြည်သာမှာ ဗုံးထောင်ရင်း သေဆုံးခဲံရပါတယ်ဆိုပြီး ခေါင်းပြတ်ခြေပြတ်လက်ပြတ်ပုံကျတော့ သတင်းစာထဲမှာ သတင်းညာပြီး ၀ါဒဖြန့် ချီလိုလို့  ထည့်ခဲ့တာရှိနေပါတယ်)။ ဂက်စ်အိုးပေါက်ကွဲလို့  သေဆုံးသူတွေရဲ့  ပုံတွေကို အမှန်အတိုင်းသတင်းစာထဲ မထည့်ရဲတာကတော့ ဂက်စ်အိုးပေါက်ကွဲတာ အရင်လား၊ ကားမှောက်ပြီးမှ ဂက်စ်အိုးက ပေါက်ကွဲရတာလားဆိုတာ အသိသာကြီး မြင်မှာစိုးလို့ ပါ။

စီအင်(န်)ဂျီပြောင်းလဲတပ်ဆင်ခွင့်ရတဲ့ ကုမ္ပဏီတော်တော်များများဟာ နအဖဗိုလ်ချုပ်ကြီးများနဲ့ မကင်းရာမကင်းကြောင်းဖြစ်နေခြင်း၊ စစ်ဆေးရန်တာဝန်ရှိသူများဟာ မိမိတို့ရဲ့ တာဝန်များကို ထမ်းဆောင်ရန်ထက် ပိုက်ဆံများများ ဘယ်လိုရမလဲဆိုတာကိုသာ ပိုမိုစိတ်ဝင်စားနေကြခြင်းတွေကြောင့် - ဒီဟိုင်းလပ်ကားဖြစ်ပွားမှုမှာ ဂက်စ်အိုးပေါက်ကွဲကြောင့် ဖြစ်ရတာပါလို့  အမှန်အတိုင်းမပြောရဲကြတာ ဖြစ်ပါတယ်။

နအဖပြောသလို မဆင်မခြင်မောင်းမှုကြောင့် အရှိန်မထိန်းနိုင်ဘဲ ကားမှောက်တာလို့  ပြောထားပေမယ့် ဓါတ်ပုံတွေမှာ ကြည့်ရင် ကားဟာ မှောက်သွားပြီး ဘေးစောင်းလိမ့်နေတာ၊ ဒါမှမဟုတ် ကားပက်လက်လန်နေတာ မရှိပါဖူး။

နောက်တစ်ချက်ကတော့ နအဖ ပြောတာက - ကားမှောက်တာကြောင့် ကားပေါ်ကနေ ဘဲဘက်နဲ့ ညာဘက်ကို လွင့်ကျပြီး လူသုံးဦးဟာ လမ်းပေါ်မှာ သေဆုံးသွားတာဖြစ်တယ်လို့  ဆိုထားပါတယ်။ နအဖတွေ ဘယ်သောအခါမှ ဟိုင်းလတ်ကား မစီးဘူးဖူးနဲ့ တူပါတယ်။ ဟိုင်းလတ်ကားရဲ့ ဘေးဘယ်ညာမှာ ကာထားတဲ့ သံတိုင်အကာတွေ ရှိပါတယ်။ ဒီသံတိုင်တွေကြားထဲကနေ လူတစ်ယောက်ခန္ဒာကိုယ်အရ လွင့်ထွက်ကျဖို့ ဆိုတာ လုံးဝမဖြစ်နိုင်ပါ။

နောက်တစ်ချက်ကတော့ နအဖရဲ့  လိမ်ညာပြောဆိုချက်အရ - ကားပေါ်မှာ ဂက်စ်အိုးလေးလုံးပါလာတယ်၊ အဲ့ဒီဂက်စ်အိုးလေးလုံး အချင်းချင်းရိုက်ခတ်မိလို့  ရိုက်ခတ်မှုအပြင်းဆုံးတစ်လုံးက ပေါက်ကွဲရတာလို့ ပြောတာကြည့်ရင် - ဂက်စ်အိုးလေးလုံးပါတယ်ဆိုတာ မဖြစ်နိုင်သလို၊ အချင်းချင်းရိုက်ခတ်ရလောက်အောင် နေရာအကျယ်လည်း မရှိနိုင်ပါ။

ဂက်စ်အိုးအချင်းချင်းရိုက်တဲ့အရှိန်နဲ့  ဂက်စ်အိုးတစ်လုံးပေါက်ကွဲရတာဆိုရင် ကျန်တဲ့ဂက်စ်အိုးတွေကရော ကားပြင်းထန်စွာမှောက်သွားတဲ့အရှိန်နဲ့ ရော ဘာလို့ မပေါက်ကွဲဘဲ နေရာတွေ အတော်ခြားပြီး လမ်းပေါ်မှာ ဒီအတိုင်းဘဲ ရှိနေရတာလည်း။ နအဖဖေါ်ပြထားတဲ့ပုံတာတွေအရကြည့်ရင် အင်မတန်ယုတ္တိမရှိတဲ့  လိမ်ဆင်ကြီးဆိုတာ သိသာလွန်းပါတယ်။

ဒီ ဟိုင်းလတ်ကား ဂက်စ်အိုးပေါက်ကွဲမှုကြောင့် အပြစ်မဲ့ပြည်သူတွေ သေဆုံးရတာကို အမှန်အတိုင်းမပြောရဲဘဲ လှည့်ဖြားပြောဆိုထားတဲ့ နအဖရဲ့  လိမ်ညာမှုနဲ့  သတင်းညာရေးပြီး ပြုပြင်ဖန်တီးထားတဲ့ သတင်းစာပါအချက်တွေ ဓါတ်ပုံတွေကို အမှန်တကယ်ဖြစ်ပျက်မှုကို သိရှိရအောင် ပေးပို့ လာတဲ့ တာဝန်သိပြည်သူတစ်ဦးရဲ့  ဖြစ်ပွားမှုဓါတ်ပုံအမှန်တွေကို နှုင်းယှဉ်ပြီး ကြည့်ကြည့်ရအောင်ပါ။

(ဒီနေရာမှာ ဓါတ်ပုံတွေကို မကြည့်ခင် သတိပေးလိုပါတယ်။ ယခုဖေါ်ပြမယ့် ဓါတ်ပုံတွေဟာ နအဖရဲ့  လိမ်ညာမှုကို ဖေါ်ထုတ်ပြလိုတာကြောင့်ရော အမှန်ဖြစ်ပျက်မှုကို သိရှိစေရန်အတွက်ရော လိုအပ်ချက်အရ ပြသရတာဖြစ်ပေမယ့် စိတ်တုန်လှုပ်ခြောက်ခြားဖွယ်ရာ ဓါတ်ပုံများဖြစ်တာကြောင့် စိတ်အားငယ်တတ်သူများ၊ စိတ်လှုပ်ရှားလွယ်သူများ မကြည့်ရဲပါက မကြည့်ဖို့  သတိပေးလိုပါတယ်။)

ဆိုးရွားတဲ့ မြင်ကွင်းပါ ဓါတ်ပုံတွေကို ကြည့်လိုတယ် ကြည့်ရဲနိုင်တယ်ဆိုရင်တော့ ဒီပို့ စ်ကို အကျယ်ချဲ့ ကြည့်ပါ (သို့ မဟုတ်) ဒီနေရာမှာ ဒေါင်းလုပ်လုပ်ပြီးကြည့်နိုင်ပါတယ်။

http://www.mediafire.com/imageview.php?quickkey=ye2mxnwnk03&thumb=5
http://www.mediafire.com/imageview.php?quickkey=rseoy2nlekj&thumb=5
http://www.mediafire.com/imageview.php?quickkey=exim0bzsjxs&thumb=5
http://www.mediafire.com/imageview.php?quickkey=m0btctzedqj&thumb=5
http://www.mediafire.com/imageview.php?quickkey=jsl1zjfwjlj&thumb=5



ဒီဟိုင်းလတ်ကားပေါက်ကွဲမှု ဖြစ်ပွားပြီး နောက် (၃) ရက်နေမှ သတင်းထုတ်ပြန်တဲ့ နအဖရဲ့  လုပ်ရပ်ဟာ ဖြစ်ပျက်မှုအမှန်ကို လိမ်ညာဖို့ အတွက် ပြင်ဆင်မှုတွေ ပြုလုပ်ပြီးမှ သတင်းထုတ်ပြန်ခဲ့တာပါ။

နအဖသတင်းစာမှာ ဖေါ်ပြထားတဲ့  ဟိုင်းလတ်ကား တည်ရှိရာနေရာနဲ့  အမှန်တည်ရှိတဲ့ နေရာဟာ လွှဲချော်နေပါတယ်။ ပျက်စီးနေတဲ့ကားဘော်ဒီဟာ အချို့ နေရာတွေမှာ ပြောင်းလဲနေပါတယ်။ လူတစ်ဦးကားရှေ့ မှန်ကနေ တစ်ပိုင်းတစ်စထွက်ပြီး သေဆုံးနေတဲ့ပုံနဲ့  နအဖသတင်းစာပါ ကားပုံက လွှဲချော်နေပါတယ်။ နအဖသတင်းစာပါ ဟိုင်းလတ်ကားရဲ့ အမိုးနဲ့  အမှန်တကယ်ပျက်စီးနေတဲ့  ဟိုင်းလတ်ကားရဲ့ အမိုးတွေဟာ ပုံစံခြင်းမတူတာ မြင်ရပါတယ်။ ဒီအချက်တွေအရ နအဖဟာ ဟိုင်းလတ်ကားကို သတင်းညာဖို့ အတွက် ပြန်လည်ပြင်ဆင်ဖန်တီးထားတာ (သို့ ) အခြားသော ဟိုင်းလတ်ကားကို ပုံစံတူဖန်တီးပြထားတာ ဖြစ်ပါတယ်။ နအဖသတင်းစာပါ ဟိုင်းလတ်ကားရဲ့ နံပါတ်ကို မြက်တွေနဲ့  ကွယ်ပြီးဖုန်းအုပ်ပြသထားပါတယ်။ ဘေးဘက်က နံပါတ်ပြားကိုလည်း ၀ိုးတစ်ဝါးနဲ့  မသဲမကွဲ ပြုလုပ်ထားပါတယ်။

တာဝန်ရှိပြည်သူတစ်ဦးကနေ ပေးပို့ လာတဲ့ အဖြစ်မှန်ပြ ဓါတ်ပုံတွေကို ကြည့်ရင် အဓိက အချက်တွေ သိစေလိုတာကတော့ ဒီဟိုင်းလတ်ကားဟာ ဂက်စ်အိုးကနေ ဂက်စ်တွေယိုစိမ့်ထွက်ပြီး မီးလောင်တာကြောင့် ပေါက်ကွဲမှုဖြစ်ပြီး လူတွေသေဆုံးရတာဆိုတာကိုပါ။






လမ်းပေါ်မှာ ပြုတ်ကျပြီးသေဆုံးသူတွေဟာ ကားရိုးရိုးမှောက်လို့  ပြုတ်ကျပြီး သေဆုံးကုန်တာ မဟုတ်ပါ။ ဂက်အိုးပေါက်ကွဲပြီးမှ ပေါက်ကွဲမှုကြောင့် အမိုးပွင့်ပြီး ပြတ်ထွက်ကုန်တဲ့ ကားအစိတ်အပိုင်းတွေနဲ့ အတူ လမ်းမပေါ်ကို လွင့်စင်ကျလာတာပါ။ နအဖပုံမှာ လိမ်ပြီးရေးဆွဲပြထားတာက ဂက်စ်အိုးက နောက်ဆုံးနေရာကျမှ ပေါက်ကွဲတာပါလို့ ပြောထားပါတယ်။ ဟိုင်းလတ်ကား ပျက်စီးမှုပုံ၊ လမ်းပေါ်ကသေဆုံးသူတွေရဲ့ ပုံတွေ၊ ကားနောက်ခမ်းအတွင်းနဲ့  ရှေ့ ခန်းကပုံတွေကို ကြည့်ရင် ရိုးရိုးကားမှောက်လို့ သေတာမျိုး မဟုတ်ဖူးဆိုတာ သူတို့ ရရှိခဲ့တဲ့ ဒဏ်ရာဒဏ်ချက်တွေအရ ကြည့်ရင် သိသာထင်ရှားပါတယ်။

အပြစ်မဲ့ ပြည်သူတွေ သေဆုံးကြရတာကို နအဖအနေနဲ့  သတင်းအမှန်မရေးရဲတာ လွန်းလွန်ပါတယ်။ ဒီဟိုင်းလတ်ကားဖြစ်ပွားမှုမှ မဟုတ်ပါ၊ မြန်မာပြည်မှာ ဖြစ်ပွားခဲ့တဲ့ ပြည်သူတွေသေကြေပျက်စီးရမှုမှန်သမျှ အခြားသူတွေကို မဟုတ်မမှန် စွပ်စွဲပြီး အပြစ်ဖို့လေ့ရှိတဲ့ နအဖဟာ တော်တော့ကို ယုတ်မာတဲ့ ကမ္ဘာကျော်လူလိမ်ကြီးများလို့  ခေါ်ခံတာ နည်းတောင်နည်းပါသေးတယ်။

ဖြစ်ပျက်မှုတွေရဲ့  အကြောင်းရင်းအမှန်တွေကို ဖုန်းကွယ်ထားမှုဟာ ပိုပြီးဆိုးရွားပါတယ်။ ပြည်သူတွေအနေနဲ့  သတင်းအမှန်မသိရတဲ့အတွက် နောက်နောင်အလားတူ သေကြေပျက်စီးမှုဖြစ်နိုင်တာတွေကို ကြိုတင်ကာကွယ်နိုင်မှာ မဟုတ်ပါဖူး။ နအဖက ပြည်သူတွေ ဒီလိုအလားတူ ဆိုးရွားမှုတွေ ထပ်ဖြစ်လည်း ဂရုမစိုက်တဲ့ စိတ်ယုတ်မာကို ပြတာပါ။ ပြည်သူတွေရဲ့  အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ပေးဖို့ နေနေသာ ဘေးအန္တရယ်တွေကျရောက်ခဲ့တာတွေကို အကြောင်းရင်းအမှန် မဖေါ်ပြရဲဘဲ၊ နအဖအာဏာတည်မြဲဖို့  အကျိုးမထိခိုက်ဖို့ အတွက်လောက်သာ ကြည့်တာဟာ ယခုလို သတင်းလိမ်ညာမှုတွေက သက်သေပါ။ ဒီ့အတွက် နအဖဟာ လူမဟုတ်တော့တဲ့ တိရိစ္ဆာန်အဆင့်တောင်မရှိတဲ့ ဘီလူးသရဲသဘက်သာသာ ဖြစ်နေပါပြီ။

ပြည်သူတွေအနေနဲ့  ကိုယ်ရဲ့ အသက်အိုးအိမ်စည်းစိမ်ကို မကာကွယ်ပေးတဲ့အပြင်၊ အသက်အိုးအိမ်စည်းစိမ် ပျက်စီးအောင် တိုက်ရိုက်ရော သွယ်ဝိုက်လို့ ရော လုပ်နေတဲ့ နအဖတွေကို ဖယ်ရှားပြစ်ဖို့  ရဲရဲဝန့် ဝန့်  လုပ်ရတော့မှာ ဖြစ်ပါတယ်။

(ဒီနေရာမှာ ဓါတ်ပုံတွေကို မကြည့်ခင် သတိပေးလိုပါတယ်။ ယခုဖေါ်ပြမယ့် ဓါတ်ပုံတွေဟာ နအဖရဲ့  လိမ်ညာမှုကို ဖေါ်ထုတ်ပြလိုတာကြောင့်ရော အမှန်ဖြစ်ပျက်မှုကို သိရှိစေရန်အတွက်ရော လိုအပ်ချက်အရ ပြသရတာဖြစ်ပေမယ့် စိတ်တုန်လှုပ်ခြောက်ခြားဖွယ်ရာ ဓါတ်ပုံများဖြစ်တာကြောင့် စိတ်အားငယ်တတ်သူများ၊ စိတ်လှုပ်ရှားလွယ်သူများ မကြည့်ရဲပါက မကြည့်ဖို့  သတိပေးလိုပါတယ်။)

ဆိုးရွားတဲ့ မြင်ကွင်းပါ ဓါတ်ပုံတွေကို ကြည့်လိုတယ် ကြည့်ရဲနိုင်တယ်ဆိုရင်တော့ ဒီပို့ စ်ကို အကျယ်ချဲ့ ကြည့်ပါ။









ဆိုးရွားတဲ့ မြင်ကွင်းပါ ဓါတ်ပုံတွေကို ကြည့်လိုတယ် ကြည့်ရဲနိုင်တယ်ဆိုရင်တော့ ဒီပို့ စ်ကို အကျယ်ချဲ့ ကြည့်ပါ (သို့ မဟုတ်) ဒီနေရာမှာ ဒေါင်းလုပ်လုပ်ပြီးကြည့်နိုင်ပါတယ်။

http://www.mediafire.com/imageview.php?quickkey=ye2mxnwnk03&thumb=5
http://www.mediafire.com/imageview.php?quickkey=rseoy2nlekj&thumb=5
http://www.mediafire.com/imageview.php?quickkey=exim0bzsjxs&thumb=5
http://www.mediafire.com/imageview.php?quickkey=m0btctzedqj&thumb=5
http://www.mediafire.com/imageview.php?quickkey=jsl1zjfwjlj&thumb=5

အပြည့်ဖတ်မည်...

Tuesday, October 21, 2008

မုန်တိုင်းဒဏ်ခံခဲ့ရသူတွေ အခုထိတိုင် ထောင်နဲ့ သောင်းနဲ့ ချီပြီး ဒုက္ခရောက်နေဆဲ။

မုန်တိုင်းဒဏ်ခံခဲ့ရသူတွေ အခုထိတိုင် ထောင်နဲ့ သောင်းနဲ့ ချီပြီး ဒုက္ခရောက်နေဆဲ။



နာဂစ်မုန်တိုင်းဘေးဒဏ်ခံခဲ့ရပြီး (၅) လကြာမြင့်တဲ့နောက် ယခုအချိန်တိုင်အောင် နေရေးထိုင်ရေး ဒုက္ခရောက်နေကြဆဲ မိသားစုအများအပြား ရှိနေကြပါတယ်။
အထူးသဖြင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသမှာ မုန်တိုင်းဒဏ်ခံခဲ့ရသူတွေ အခုထိတိုင် ထောင်နဲ့ သောင်းနဲ့ ချီပြီး ဒုက္ခရောက်နေဆဲဆိုတာ နအဖသတင်းစာတွေမှာ မဖေါ်ပြဘဲ၊ နအဖ၀ါဒဖြန့် ချီရေးအတွက်သာ စီစဉ်ထားတဲ့နေရာအနည်းငယ်နဲ့  လူအနည်းစုကိုသာ ပြသဖေါ်ပြနေတာ ဖြစ်ပါတယ်။
ယခုထိတိုင် ဒုက္ခရောက်နေကြတဲ့သူအများအပြားထဲကနေ ဖျာပုံမြို့ နဲ့  မလှမ်းမကမ်း ဖျာပုံမြစ်ကမ်းခြေတစ်လျှောက် လမ်းဘေးမှာ ပြောင်းရွှေ့ နေထိုင်နေတဲ့သူ ရာချီရှိတဲ့ မိသားစုတွေဟာ ၅ ပေ ၆ ပေခန့် သာရှိတဲ့ တာပေါ်လင်အစလေးကို အမိုးအကာလုပ်ပြီး နေနေရဆဲပါ။ သူတို့ တွေမှာ စားစရာနေစရာအတွက် ၀ယ်ယူနိုင်ဖို့  ငွေကြေးလည်းမရှိ၊ ထွန်ယက်စိုက်ပျိုးဖို့  လယ်မြေတွေလည်း မရှိတော့ပါ။


















ဒီလို အမိုးအကာလုပ်ပြီး နေနေရတဲ့ တာပေါ်လင်အစဟာ အချိန်ကြာမြင့်လာတာကြောင့် နောက် ၂ လ ၃ လလောက်ဆိုရင် လုံးဝ စုတ်ပြတ်ပျက်စီးသွားတော့မှာဖြစ်ကြောင်း၊ နေ့ ခင်းနေပုပြင်းမှုကြောင့် တာပေါ်လင်နဲ့ အိုးထားတဲ့ အမိုးအကာအောက်မှာ အပူရှိန်မခံနိုင်တာကြောင့် ကလေးသူငယ်တွေ မနေနိုင်ကြကြောင်း၊ ညဘက်ဆိုရင်လည်း လေဒဏ်မိုးဒဏ်ကို ဒီတာပေါ်လင်လေးနဲ့ မိုးထားတဲ့အောက်မှာ ကြံ့ ကြံ့ ခံရင်း အိပ်ကြနေကြရတာဖြစ်ကြောင်း ပြောဆိုပြပါတယ်။



















ဒီ့အပြင် မိုးသည်းကြီးမည်းကြီး ရွာတဲ့အခါမျိုးမှာဆိုရင် မိုးရေတွေဟာ တာပေါ်လင်နဲ့ မိုးထားတဲ့ တဲအောက်ကို စီးဝင်လာပြီး ရွှဲစိုကုန်တဲ့အကြောင်း၊ အိပ်ရာထိုင်ခင်းအနေနဲ့  သုံးနေရတဲ့ ပလတ်စတစ်အစလေးလည်း မိုးစိုလို့  ထိုင်လို့ အိပ်လို့ မရဘဲ ဒီအတိုင်း ဒုက္ခခံပြီး နေနေရတယ်လို့  ပြောပြပါတယ်။
တဲသာသာ မခိုင်မခံနဲ့  နေနေကြရတဲ့ နာဂစ်မုန်တိုင်း ဒုက္ခသည်မိသားစုတွေဟာ မကြာခင်မှာ ရောက်လာတော့မယ့် ဆောင်းရာသီမှာ အအေးဒဏ်ကို ဘယ်လိုရင်ဆိုင်နေထိုင်ကြရမလည်းဆိုတာ တွေးပြီး စိတ်ပူပင်သောကလည်း ရောက်နေကြပါတယ်။

နောက်ဖြစ်ပျက်နေမှုတွေကတော့ -
လယ်ယာမြေအနည်းအကျဉ်းကို ပြန်လည်လုပ်ကိုင်နေကြတဲ့ မုန်တိုင်းဒုက္ခသည်မိသားစုအနည်းစုဟာလည်း အခက်အခဲပေါင်းများစွာနဲ့  ကြုံတွေ့ နေရဆဲ ဖြစ်ပါတယ်။ လယ်မြေတွေမှာ ခရုတွေ၊ ဂဏန်းတွေနဲ့  အခြားသော သီးနှံဖျက်ပိုးကောင်တွေ အမြောက်အများကို လယ်ယာမြေတွေမှာ တွေ့ ရှိရပါတယ်။ လယ်ယာတွေမှာ မျိုးချပျိုးကျဲထားတဲ့ သီးနှံပင်တွေကို ဖျက်စီးနေတဲ့ ပိုးကောင်တွေကို ကာကွယ်ပက်ဖျန်းဖို့  ပိုးသတ်ဆေးတွေ လုံးဝမရှိလို့  မ၀ယ်ယူနိုင်လို့  ဒီအတိုင်းဘဲ လက်နဲ့ ကောက်ယူပြီး ဖယ်ရှားပစ်နေရပါတယ်လို့  ကွမ်းခြံကုန်းမြို့ နယ်က ရွာသူရွာသား လယ်သမားတွေက ပြောပြပါတယ်။






















ထို့ အတူ စိုက်ပျိုးထားတဲ့ စပါးသီးနှံတွေအတွက်လည်း မြေသြဇာလိုအပ်မှုတွေကို မဖြည့်ဆီးနိုင်လို့  စိုက်ပျိုးပင်တွေဟာ မအောင်မြင်ဘဲ ရှိနေတယ်လို့ လည်း ပြောပြကြပါတယ်။

ဒီလို နာဂစ်မုန်တိုင်း တိုက်ခတ်ခံရခဲ့မှုရဲ့  နောက်ဆက်တွဲ ဘေးဒုက္ခဒဏ်ခံနေရဆဲ မိသားစုတွေကို ဆက်လက်ကူညီနိုင်ကြဖို့  လိုနေပါတယ်။ လိုအပ်တဲ့ ကူညီမှုတွေလုပ်ဆောင်ပေးနိုင်ရန်အတွက် အကူအညီပစ္စည်းတွေ တိုက်ရိုက်ပေးပို့ နိုင်ဖို့  နဲ့  ကူညီသူတွေ မည်သူမဆို လွတ်လွတ်လပ်လပ် သွားရောက်ကူညီနိုင်ဖို့  လိုအပ်ပါတယ်။

(ယခုပြောဆိုဖေါ်ပြချက်အား IRIN မှ ရရှိပါသည်)။

အပြည့်ဖတ်မည်...

Monday, October 20, 2008

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ၏ ( ၄၆ ) နှစ်မြောက် မွေးနေ့ အခမ်းအနား ကို မလေးရှားရောက် မြန်မာလူငယ်များ စုပေါင်းကျင်းပ။

၁၈ ရက် ၊ ၁၀လ ၊ ၂၀၀၈ ခုနှစ်တွင် ကြရောက်သော ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ၏ ( ၄၆ ) နှစ်မြောက် မွေးနေ့ အခမ်းအနားကို ယမန်နေ့ ည ၉း၃၀ တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ဘူကစ် ဆာဒန်း နယ်မြေရှိ မြန်မာလူငယ်များမှ စုပေါင်း ဂုဏ်ပြု ကျင်းပကြ၍ မလေးရှားရောက် မြန်မာများအပါအဝင် မြန်မာအရေးကို စိတ်ဝင်စားသော ဒေသခံ နိုင်ငံသားများ တက်ရောက်ကြပါသည် ။

အခမ်းအနားကိုဦးဆောင် ကျင်းသည့် လူငယ်များမှ မွေးနေ့ အခမ်းအနားကျင်းပ ပြုလုပ်ရသည့်ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ၊ အဖွဲ့ အစည်းများမှ ပေးပို့လာသော မွေးနေ့ သဝဏ်လွှာများကိုဖတ်ကြားကာ ၊ အခမ်းအနားသို့ တက်ရောက်လာသည့် မလေးရှားရောက် မြန်မာလူငယ်များမှ မတရားဖမ်းဆီးအကျဉ်းကျခံနေရသော မွေးနေ့ရှင်၊ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်အတွက် ဂုဏ်ပြုကဗျာများ ကို ရွတ်ဆို ဂုဏ်ပြု ကြပါသည်။

ဆက်လက်၍ အခမ်းအနားအစီအစဉ်အရ တေးသံရှင် ထက်အောင်ရှိုင်းနှင့်အဖွဲ့မှ မွေးနေ့ရှင် ကိုမင်းကိုနိုင် အတွက် ဂုဏ်ပြုရေးဖွဲ့ထားသော တေးသီချင်းများနှင့် သီဆိုဖျော်ဖြေကာ တက်ရောက်လာကြသော လူငယ် များမှ တပျော်တပါး ပူးပေါင်းပါဝင်သီဆိုကြကာ မွေးနေ့ရှင်ကိုယ်စား မွေးနေ့ကိတ်ကိုလှီးဖြတ်၍ မတရားဖမ်းဆီး အကျဉ်းကျခံနေရသော မွေးနေ့ရှင်နှင့်တကွ နိုင်ငံရေးအကျဉ်းသားများ အားလုံး အမြန်ဆုံးလွှတ်မြောက်ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သကာ အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြပါသည်။

ထို့နောက် ယနေ့ ၁၉ရက် ၊ ၁၀လ ၊ ၂၀၀၈ ရက် တွင် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် နှင့်တကွ အကျဉ်းကျခံနေရသော နိုင်ငံရေးအကျဉ်းသားများအားလုံးအတွက် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြိုရှိ မြန်မာဘုန်းတော်ကြီးကျောင်းတွင် လှုဖွယ်ဝတ္ထုများ ဆက်ကပ် လှုဒန်းကာ မွေးနေ့ရှင်နှင့်တကွ နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ပါစေကြောင်း ဆုမွန်ကောင်းတောင်းကာ ကွာလာလမ်ပူ မြို့ ဒေသအသီးသီးရှိ မြန်မာလူငယ်များမှ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်အတွက် မွေးနေ့ ဆုတောင်းပွဲများ ပြုလုပ်ခဲ့ကြကြောင်း သိရှိရပါသည်။







































အပြည့်ဖတ်မည်...

Saturday, October 18, 2008

ကိုမင်းကိုနိုင်၏ မွေးနေ့ အမှတ်တရ ပြောဆိုမှုများ။






































ကိုမင်းကိုနိုင်၏ မွေးနေ့ အမှတ်တရ ပြောဆိုမှုများ။


အမှတ်တရ (၁)။

ကိုမင်းကိုနိုင်ကို အထက်တန်းကျောင်းသားဘ၀ (အရေးအခင်းကာလ) နယ်မှာနေစဉ်ကတည်းက ကြားဖူးခဲ့တာပါ။ အဲ့ဒီနေ့အချိန်ထိ အကျဉ်းကျနေသူ ....
အပြင်မှာ ပြန်ထွက်လာတာလည်း သိပ်ကြာကြာ မနေလိုက်ရသူ............
ပြန်ထွက်လာခိုက်မှာလည်း ထိရောက်တဲ့ လှုပ်ရှားမှုတွေ ဆောင်ရွက်ခဲ့သူ..........
ကိုယ်ကျိုးစွန့်တယ်ဆိုတာ ဒီလိုသူမျိုးလို့ ပြလို့ရတဲ့သူ.........
စသည်..စသည်..များစွာ လေးစားရတဲ့သူ။ ထို့ကြောင့် အမြန်ဆုံးလွတ်မြောက်ပြီး ယုံကြည်ရာကို လွတ်လွတ်လပ်လပ်နှင့် တိုင်းပြည်ကောင်းကျိုးအတွက် လုပ်ဆောင်နိုင်ပါစေ၊ကျန်းမာချမ်းသာပါစေ......လို့မွေးနေ့ဆုတောင်းပြုလိုက်ပါတယ်.......

အမှတ်တရ (၂)။

ကိုမင်းကိုနိုင်ဟာ ၆၂မျိုးဆက်ကျောင်းသားများ... ၇၄မျိုးဆက်ကျောင်းသားများ..ကိုယ်တိုင်
လေးစားရသော ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးပါ...

အမှတ်တရ (၃)။

ကျနော်တို့အတွက်လည်း...သူ့ရဲ့လုပ်ဆောင်ချက်.. ခံယူချက်တွေဟာ..
လေးစားအတုယူဖွယ်ရာဖြစ်ပါတယ်..

အမှတ်တရ (၄)။

ကိုမင်းကိုနိုင်ရဲ့ မွေးနေ့ပေါင်းများစွာကို လွတ်လွပ်လပ်လပ်နဲ့ စည်စည်ကားကား ကျင်းပနိုင်တဲ့နေ့ရက်များ... အမြန်ရောက်လာပါစေကြောင်းနဲ့....
ကိုမင်းကိုနိုင် ကျန်းမာပါစေကြောင်း အထူးတလည် ဆုမွန်တောင်းအပ်ပါသည်။

အမှတ်တရ (၅)။

ဒီကနေ့... အောက်တိုဘာလ ၁၈ ရက် ၂၀၀၈ ခုနှစ်ဟာ ဆိုရင် ကိုမင်းကိုနိုင် (ခ) ကိုပေါ်ဦးထွန်း ရဲ့ (၄၆) နှစ် မြောက်မွေးနေ့ရက်မြတ် ဖြစ်ပါတယ်။

ကိုမင်းကိုနိုင်ကို ၁၉၈၉ မတ်လမှာ အကျဉ်းချခဲ့တာ၊ ၁၅နှစ်ကျော် ၁၆နှစ်နီးပါး အကျဉ်းကျခံခဲ့ရပြီး ၂၀၀၄ နိုဝင်ဘာမှာ ပြန်ည်လွတ်မြောက်လာခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၀၇ သြဂုက်၁၉ရက်မှာ ပြန်လည် ဖမ်းဆီးခံခဲ့ရပါတယ်။

မိမိကိုယ်ကျိုးမငဲ့ပဲ မြန်မာပြည်သူပြည်သားများအတွက် တိုက်ပွဲဝင်နေသော ကိုမင်းကိုနိုင်နှင့်တကွ ဖမ်းဆီးခံနေရသော ကျောင်းသားခေါင်းဆောင်များအားလုံး အမြန်ဆုံး ပြန်လည်လွတ်မြောက်ပါစေရန် အစ်ကိုကြီး ကိုမင်းကိုနိုင်ရဲ့ (၄၆) နှစ်မြောက်မွေးနေ့လေးမှာ ၀ိုင်းဝန်းဆုမွန်ကောင်းများတောင်း၍၊ ဆုတောင်းမေတ္တာများ ပို့သကြပါစို့...။

အပြည့်ဖတ်မည်...