Wednesday, October 28, 2009

ပြည်သူလူထုက လေးစားချစ်ခင်တဲ့ သတင်းစာဆရာကြီး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ခေါင်းဆောင်တစ်ဦးဖြစ်သူ ဘဘဦးဝင်းတင်၏ မွေးနေ့ အဖြစ် ရည်စူး၍ ဂါဝရပြုကြစဉ်။

ပြည်သူလူထုက လေးစား ချစ်ခင်တဲ့ ဘဘဦးဝင်းတင် သက်ရာကျော်ရှည်ပြီး၊ စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့် စုံပါစေ။ လိုရာဆန္ဒများ လျှင်မြန်စွာ ပြည့်ဝပါစေ။

ဘဘဦးဝင်းတင်၏ မွေးနေ့ မှာ မတ်လ (၁၂) ရက်နေ့ ဖြစ်သော်ငြားလည်း ဘဘဦးဝင်းတင်အား လေးစားချစ်ခင်မြတ်နိုးကြသူများမှ ယခုလို အခြားရက်များတွင်လည်း လာရောက်ဂါဝရပြုကြကြောင်း သိရှိရပါသည်။





အပြည့်ဖတ်မည်...

Tuesday, October 27, 2009

သစ္စာဖောက်လောက်ကောင် အေးလွင်ရဲ့  အရှက်မရှိ တောင်းရမ်းမှု။



















(စာကိုအကျယ်ချဲ့ ဖတ်ရှူရန် စာပုံပေါ်တွင် mouse click နှိပ်၍ ဖတ်ရှူနိုင်ပါသည်)။

အပြည့်ဖတ်မည်...

Monday, October 26, 2009

ဂုဏ်ယူဖွယ်ကောင်းသော ဆုချီးမြှင့်ပွဲ - Amnesty International မှ ပေးအပ်သော Ambassador of Conscience ဆုအား ဒေါ်အောင်ဆန်းစုကြည် ရရှိခဲ့မှု။

အပြည့်ဖတ်မည်...

မြန်မာပြည်သူပြည်သားအားလုံးရဲ့  အနှိုင်းမဲ့ ခေါင်းဆောင်ကောင်းအတွက် တောင်းလိုတဲ့ ဆုမွန်။

Wish for Daw Aung San Suu Kyi

အပြည့်ဖတ်မည်...

ကြုံရဆုံရ (ရေး/ထောက်) နအဖဗိုလ်ကြီးဘ၀။

Experiences of an a-Q Captain-1

(http://www.photayokeking.org မှ ပြန်လည်ဖေါ်ပြအပ်ပါသည်)။

အပြည့်ဖတ်မည်...

Sunday, October 25, 2009

မသန်မစွမ်းဖြစ်ရသည်အထိ အနိုင်ကျင့် နှိပ်စက်ခံခဲ့ရသော အပြစ်မဲ့ ပြည်သူ ကိုမြင့်နိုင်နှင့် မနန်းအေးတို့  ဇနီးမောင်နှံအတွက် အမှန်အတိုင်း ဖြစ်စေလို။

(စာပုံများအပေါ် mouse click နှိပ်ကာ အကျယ်ချဲ့ ၍ စာများအား ဖတ်ရှူနိုင်ပါသည်)။






























































































































(သတင်းပေးပို့ လာသော မိတ်ဆွေများအား အထူးကျေးဇူးတင်ရှိပါသည်)။

အပြည့်ဖတ်မည်...

သန်းရွှေပါးစပ်အငှားသမား မျက်နှာဖုံးတပ် မြေခွေး ကျော်တင့်ဆွေ။










သန်းရွှေခိုင်းသမျှ ကုလသမဂ္ဂမှာ ညာပြီး လူ့ အခွင့်အရေးချိုးဖောက်မှုတွေကို ဖုံးကွယ်ပြောဆိုနေတဲ့ လူလိမ်လူညာ ကျော်တင့်ဆွေကို အခု အာဆီယံလူ့ အခွင့်အရေးကော်မရှင် ASEAN Intergovernmental Commission on Human Rights (AICHR) အတွက် မြန်မာပြည်ရဲ့  ကိုယ်စားလှယ်အဖြစ် ခန့် အပ်လိုက်တာဟာ မြေခွေးကို မျက်နှာဖုံး ထပ်တပ်ပေးလိုက်တာပါဘဲ။

အပြည့်ဖတ်မည်...

ရှစ်လေးလုံးပြည်သူ့ အရေးတော်ပုံကြီးရဲ့  သမိုင်းစတင်ခဲ့ရာ ရန်ကုန်စက်မှုတက္ကသိုလ် (Rangoon Institute of Technology – RIT) ၏ ယနေ့ လက်ရှိမြင်ကွင်း။

၁၉၈၈ ခုနှစ် ရှစ်လေးလုံးပြည်သူ့ အရေးတော်ပုံကြီးရဲ့  သမိုင်းစတင်ခဲ့ရာ ရန်ကုန်စက်မှုတက္ကသိုလ် (Rangoon Institute of Technology – RIT) ၏ ယနေ့ လက်ရှိမြင်ကွင်း။

အာဏာရူး နအဖတို့ ၏ မိုက်ရိုင်းစွာ ပစ်ပယ်ထားမှုကို ခံနေရသော ငါတို့  ကျောင်းသားအပေါင်းတို့  တန်ဖိုးထားရာ စက်မှုတက္ကသိုလ်ကျောင်းတော်ကြီး။

အာဏာရူးတို့ လက်ချက်ဖြင့် စက်မှုတက္ကသိုလ်ကျောင်းသားကြီးများဖြစ်ကြတဲ့ ကိုဘုန်းမော်နှင့်တစ်ကွ နောင်တော်ကျောင်းသားကြီးများ သွေးမြေကျခဲ့ရသည့် နေရာ။

တိုင်းပြည်နှင့် လူမျိုး အာဏာရှင်လက်အောက်မှ လွတ်မြောက်ရေးအတွက် တော်လှန်တိုက်ပွဲဝင်ရန် ပညာရေးထက် အမျိုးသားရေးကို ဦးစားပေးကာ စွန့် ခွာခဲ့ကြရသော နောင်တော် စက်မှုတက္ကသိုလ်ကျောင်းသားကြီးများ၏ လွမ်းဆွတ်တမ်းတရာ ကျောင်းတော်ကြီး။

ယခုတော့ အာဏာရူးတို့ လက်အောက်မှာ အရောင်အ၀ါ မှေးမှိန်နေရရှာတဲ့ ဒီကျောင်းတော်ကြီးအတွက် ငါတို့  ကျောင်းသားတွေ အားလုံးမှာ တာဝန်ရှိတယ်။

တစ်ချိန်က ခွပ်ဒေါင်းအလံတွေ လွှင့်ထူခဲ့တဲ့ ဒီကျောင်းတော်ကြီးနေရာတွေမှာ ခွပ်ဒေါင်းအလံ ပြန်လွှင့်ထူနိုင်အောင် ကြိုးပမ်းကြစို့ ။

အပြည့်ဖတ်မည်...

ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ပြုသီဆိုထားသော နာမည်ကျော် အမေရိကန် အဆိုတော် TIMO & The White Buffalo ၏ "Aung San Suu Kyi" (On the road to Mandalay) သီချင်း။



(ဤသီချင်းအား ပေးပို့ လာသော Burma Democratic Concern (BDC) မှ ကိုမျိုးသိန်းအား ကျေးဇူးတင်ရှိပါသည်)။

အပြည့်ဖတ်မည်...

သူရဲကောင်းတို့ ကမ္ဘာ။

အပြည့်ဖတ်မည်...

၁၉၈၉ ခုနှစ်ကာလအချိန်က သုံးရောင်ချယ်သားသမီးများမှ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ပြုဖွဲ့ နွဲ့ ထားသော ကဗျာ။








































(ပေးပို့ လာသော ဒီမိုဝေယံအား အထူးကျေးဇူးတင်ရှိပါတယ်)။

အပြည့်ဖတ်မည်...

Thursday, October 22, 2009

“ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရရဲ့  ဆွေးနွေးပွဲကို ထောက်ခံပွဲ” ဆိုပြီး တပတ်ရိုက် လှည့်ဖြားနေကြတာတွေ သတိထားကြပါ။

သံလျှင်မှာ လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ပြည်ထောင်စုမြန်မာနိုင်ငံ) က လူထုအစည်းအဝေးပွဲ ပုံစံကျင်းပပြီး လုပ်နေပါတယ်။

အောက်တိုဘာလ ၁၈ရက် နေ့နံနက်ပိုင်းမှာ ရန်ကုန်တိုင်း သံလျှင်မြို့နယ် ဗိုလ်ချုပ်နေ၀င်းလမ်း ထန်းပင်ကုန်း ရပ်ကွက် အိမ်အမှတ် (၁၅၀) ဖို့မြေ မှတ်တိုင်အနီးက အဲ့ဒီအိမ်ရှေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရရဲ့  ဆွေးနွေးပွဲကိုထောက်ခံပွဲ ဆိုပြီး ဆိုင်းဘုတ် အနီနဲ့ အကြီးကြီးတင်ထားတယ်။

ကျင်းပတဲ့ လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ပြည်ထောင်စုမြန်မာနိုင်ငံ) က သူတွေရဲ့စည်းရုံးရေး လုပ်ကြတာပါ။ လူထုအစည်းအဝေးပွဲပုံစံလုပ်တာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရရဲ့ တွေ့ဆုံဆွေးနွေးပွဲကို ကြိုဆိုထောက်ခံတဲ့ ပွဲလို့ ကျင်းပတဲ့သူ လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ပြည်ထောင်စုမြန်မာနိုင်ငံ) က ပြောပါတယ်။ လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ပြည်ထောင်စုမြန်မာနိုင်ငံ) ဆိုတာကို နအဖက အခုထိ ပါတီတရားဝင်ဖွဲ့ စည်းခွင့် ပေးတာ မဟုတ်ပဲနဲ့  ရဲတွေ မီးသတ်တွေ SB တွေ အစောင့် အရှောက်နဲ့ ဒီပွဲကို လုပ်ခဲ့တာလို့ သိရပါတယ်။

သူတို့ လူ့ ဘောင်သစ်မှာ အရင်က လူ့ ဘောင်သစ်က ဘက်ပြောင်းလာတဲ့ (ဖောက်ပြန်ရေးသမား) ဇင်အောင်ဆိုတဲ့ သူကဦးဆောင်ပြီး လုပ်တာပါ။ ဇင်အောင်နဲ့ 88 ကအေးလွင်နဲ့ ပါတနာ ဖြစ်ပြီး ဖေါက်ပြန်ရေးသမားဖြစ်ကြောင်း ဇင်အောင်က အခု သန်လျင်ကတောင် မပြန်တော့ဘူး သန်လျင်က ပါကြီး ဆိုသူ အမှုပွဲစားနဲ့ ချိတ်ပြီး လှုပ်ရှားနေတာ ပါကြီးနာမည်အရင်းကိုတော့ တိတိကျကျ မသိရသေးပါဘူး။ ပါကြိးဆိုသူရဲ့ အိမ်လိပ်စာကတော့ အိမ်နံပါတ်စုံစမ်းဆဲ၊ နေတာက ဗိုလ်ချုပ်ကျေးရွာ သဲတန်းပိုင်း၊သန်လျင်မြို့ နယ် ဖြစ်ပါတယ်။

ကျင်းပတဲ့ အဲဒီပွဲကိုလာကြတဲ့ လူတွေကိုသူတို့ ပါတီရဲ့ ကဒ်တွေ လုပ်ပေးတယ် ၊ပါတီဝင်ရင် တယောက်ကို ငါးထောင် ပေးပါတယ်။ အများအားဖြင့် အခမ်းအနားကို တက်ရောက်လာသူတွေက သန်လျင်က ဆိုင်ကယ်ကယ်ရီသမားတွေ ဆိုက်ကားသမားတွေနဲ့ ရပ်ကွက်ထဲက အလုပ်လက်မဲ့ အချို့ လာရောက်ခဲ့တာလို့ အဲ့ဒီပွဲကနေပြန်လာတဲ့ ဆိုက်ကားဆရာက ပြောပြတယ်။ “ ဒီနေ့မနက် ဂိတ်မှာ လူစုပြီး သွားကြတယ်၊ ဒေါ်အောင်ဆန်းစုကြည် ထောက်ခံပွဲ
ပေါ့၊ လူထု သဘောထားထောက်ခံပေးရမယ် လို့ပြောလို့ရယ် (၅၀၀၀) ဆီ ရမယ်ဆိုတာလဲ ပါတယ်ဗျာ၊ အဲ့ဒါကြောင့် သွားလိုက်တာပါ၊ ” ဒီအခမ်းအနားမှာ သတင်းပေး အမှုပွဲစား ပါကြီး ဆိုသူကလဲ လူများကို ရှာဖွေစည်းရုံး ပေးထားကြောင်း သိရပါတယ်။

အဲ့ဒီအခမ်းအနားကို နယ်မြေရဲတွေကိုယ်တိုင် ဦးဆောင်ပြီး စောင့် ရှောက်ပေးခဲ့တယ်။ ထို့အပြင် သန်လျင် (SB) ရဲထောက်လှမ်းရေး ( ၂ ) ဦးက အဓိက စီစဉ်ပေးတယ်၊ လုံခြုံရေးကအစ သူတို့ကြီးကြပ်ပေးနေတာ တွေ့ရတယ်။ အဲ့ဒီနှစ်ဦးထဲက ( SB ) တစ်ဦးရဲ့  အမည် နဲ့ လိပ်စာကတော့ အမှတ် (၃၁) ဟံသာဝတိလမ်း၊ မြို့သစ်အရှေ့နေ အောင်လင်းဦး (သန်လျင် SB) ပဲ ဖြစ်ပါတယ်။ အဲဒီ ထောက်လှမ်းရေးရဲ့  အိမ်လိပ်စာ အတိအကျပါ။

ဒီအခမ်းအနားပွဲ မကျင်းပခင် ရက်တပတ်ခန့်က သန်လျင်က မြိုမတောင်ရပ်ကွက်ထဲမှာ သတင်းပေး ပါကြီးရယ် ကိုဇင်အောင်ရယ် ဦးဆောင်တဲ့ အဖွဲ့ က (လူရှစ်ယောက်လောက် ရှိတယ်) တအိမ်တက် တအိမ်ဆင်း စည်းရုံးရေး လုပ်ကြပါတယ်။ ပြီးတော့ မှ ဒီပွဲကိုလုပ်တာ ကိုဇင်အောင့် သားက ကျောင်းသား (နိုင်ငံရေး) အမှုတစ်ခုနဲ့ အခုထောင်ထဲမှာ အနှစ်နှစ်ဆယ်ကျနေပါတယ်။ ဘယ်အဖွဲ့ ကလဲ မသိရသေးပဲ လှုပ်ရှားမှုတခုမှာ ကျသွားတာလို့ ကြားသိရပါတယ်၊ နာမည် နဲ့ သူရှိနေတဲ့ ထောင်ကိုတော့ စုံစမ်းဆဲပါ ။

ကိုဇင်အောင်တို့  လူ့ ဘောင်သစ် (ပြည်ထောင်စုမြန်မာနိုင်ငံ) က သူတွေက တသီးပုဂ္ဂလကိုယ်စားလှယ်လောင်း နက်ဝေါ့ နဲ မဟာမိတ် လုပ်ထားပြီး (၀ါဒ) ဖြန့်နေကြောင်း၊ အဲဒီ တသီးပုဂ္ဂလကိုယ်စားလှယ်လောင်း နက်ဝေါ့ ကို ဦးဆောင်ဖွဲ့ တဲ့ လူက မှော်ဘီ မြို့ နယ်က နေမျိုးဝေ ဆိုတဲ့ လူက သူဦးဆောင်ပြီး ၂၀၁၀ ရွေးကောက်ပွဲမှာ တသီးပုဂ္ဂလ၀င်အရွေးခံမယ့် လူတွေကို အစုအဖွဲ့ လုပ်ပေးထားတာ နေမျိုးဝေမှာ ဘလော့ တခု (http://www.naymyowai.co.cc/) ရှိပါတယ်။

သမိုင်းကြောင်းနဲ့ ခေတ်အဆက်ဆက်ကို မမှီလိုက်သူတွေအတွက် အထူးသဖြင့် လူငယ်မျိုးဆက်သစ်တွေအတွက် ဦးတည်ရေးသားပြီး လက်ညိုးထိုးနိုင်ငံရေးသမားလုပ်နေကြောင်းကို တွေ့ရပါတယ်။ အဲ့ဒီဝက်ဆိုက်ကနေ အပြန်အလှန်အနေနဲ နေမျိုးဝေရဲ့ ဘလော့ မှာ ကိုဇင်အောင် နဲ့ ပါကြီး တို့ လူ့ ဘောင်သစ်ပါတီရဲ့ မူဝါဒတွေကို တင်ပေးတယ်။ သူတို့ မဟာမိတ်လုပ်ထားတဲ့ အတွက် လူ့ ဘောင်သစ်ရဲ့ စည်းရုံးရေးပွဲတွေမှာ နေမျိုးဝေတို့ တသီးပုဂ္ဂလကို ၀င်ရောက်စည်းရုံးခွင့် အပြန်အလှန်ပေးနေကြတယ်လို့ သိရပါတယ်။

အထက်ပါ အကြောင်းအရာများနှင့်ပါတ်သက်ပြီး အထူးသဖြင့် ပြည်တွင်းရှိ ပြည်သူများ အထင်မှားခြင်း နှင့် ထင်ရောင်ထင်မှားဖြစ်ခြင်း၊ ကာလအခြေအနေအရ သူတို့ ကျင်းပရာအခမ်းအနားများတွင် ဒေါ်စု ၏ အမည်ကိုတတ်ပြီး ထင်ရောင်ထင်မှား လုပ်ခြင်း ၊ သူတို့၏ လူဘောင်သစ် (မြန်မာနိုင်ငံ) သည် တရားဝင်မဖွဲ့စည်းရသေးပဲ စည်းရုံးရာတွင် သူက လူဘောင်သစ်ကပါ ၈၈ မျိုးစက် ကျောင်းသား ဇင်အောင်ပါ ဟု အသုံးပြုနေခြင်းတို့ကို အထူးသတိပြုရန်နှင့် လည်းကောင်းတို့သည် စစ်အာဏာရှင်၏ လက်ပါးစေ (သို့တည်းမဟုတ်) မျှော်လင့်ချက်တစ်ခုခုဖြင့် နအဖ ရဲ့ ပြည်သူကို အာဏာရှင်အောက် ပြန်လည်သွတ်သွင်းရေးစီမံချက်ဖြင့် ရေးစွဲထားသော တရားမျှတခြင်း လုံးဝမရှိသည့်အပြင် ပြည်သူကိုယ်စားလှယ်မပါ လက်ညိုးထောင်ခေါင်းညွတ်တွေနဲ့ စစ်အာဏာရှင်အလိုကျရေးဆွဲပြီး ချမှတ်ထားတဲ့ ၂၀၀၈ အခြေခံဥပဒေနဲ့ ၂၀၁၀ ရွေးကောက်ပွဲ ကို ပြည်သူကိုလိမ်ညာပြီး မဲမဆွယ်ကြရေး၊ ဒီနေ့အချိန်မှာ ရွှေဂုံတိုင်ကြေငြာချက်ပါအချက်တွေကို ပြုပြင်ပြောင်းလဲပြီးမှ ဒီရွေးကောက်ပွဲကိစ္စကို စဉ်းစားရမှာ ဖြစ်တဲ့အတွက် ပြည်သူကို မိမိ မိသားတစ်စု မိမိမသေခင် အမတ်တစ်ဦးဖြစ်ဘူးယုံလောက်နဲ့ ပြည်သူတွေကို စစ်အာဏာရှင်ရဲ့ စနစ်အောက်ကို ပြန်မပို့ကြပါနဲ့လို့တိုက်တွန်းလိုကြောင်း ၊ လူဘောင်သစ် (ပြည်ပ) အနေနဲ့လည်း ဒီကိစ္စမှာ လူဘောင်သစ် အမည်တပ်ခြင်းခံရခြင်းက တစ်ကြောင်း ၊ နောက်တစ်ချက်အနေနဲ့က လူဘောင်သစ်ရဲ့ရွှေဂုံတိုင်ကြေငြာစာတမ်းပါ အချက်အလက်တွေ မပြုပြင်သမျှ ၂၀၁၀ ကို ကန့်ကွက်ကြလို့ပြောတဲ့အပေါ် အားပြိုင်မှုတစ်ခု လဲ ဖြစ်မယ်လို့ထင်တယ် (ဒါက လွတ်လပ်စွာ အမြင်ပါ တစ်ဦးထဲရဲ့အမြင်ပါ )။

ပြည်တွင်းပြည်ပမီဒီယာတွေနဲ့ ပြည်တွင်း လက်ရှိအနေအထားအရ ၈၈ ကို မမှီလိုက်သူတွေဟာ ယနေ့ အသက် ( ၂၀ ) ကျော်နေပါပြီ ၊ ဒီမျိုးဆက်သစ်တွေကို ပြည်တွင်းက ဖောက်ပြန်ရေးသမားတွေက သူတို့ကို သူတို့ ၈၈ ပါ လူဘောင်သစ်ပါ ဆိုပြီး သူတို့လိုရာ ၀ါဒမှိုင်းတိုက်နေတာတွေလည်း တွေရပါတယ် ။ ဥပမာ (နေမျိုးဝေ) လိုဟာမျိုးတွေ ပြန်ရှင်းနေဖို့ မလိုပေမယ့် သတိထားရမယ် ၊ ပြင်ဆင်သင့်တာတွေကို မကြာခင်မှာ ၂၀၁၀ အတွက် အရာရာ ပြင်ဆင်နိုင်ဖို့ ပြည်သူတစ်ရပ်လုံးကလည်း (မိမိဘ၀ မိမိ ရှာဖွေထားတဲ့ပစ္စည်း နောက်ဆုံး မိမိနဲ့ မိမိပါတ်ဝန်းကျင် အတွက် ဘယ်လိုမှ အာမခံချက် မရှိနိုင်တဲ့ ၂၀၀၈ ဥပဒေ ကို ကန့်ကွက်ကြဖို့ အလေးအနက် စဉ်းစားကြပါ၊ စိတ်ကူး ယဉ်ခြင်းသည် စိတ်ကူးသာဖြစ်ပြီး လက်တွေ့မှာအာဏာရှင် ဟာ ထင်ထားသလိုမဟုတ် သူအာဏာဘက်က ရပ်မည်မှအပ အခြားမရှိသောကြောင့် ) ဒီ ၂၀၁၀ ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွှေဂုံတိုင်ကြေငြာစာတမ်းနှင့်အတူ တကွ ရပ်တည်လိုက်ကြပါစို့လို့ တင်ပြလိုက်ပါတယ်။

၂၀၁၀ နိမိတ်။

မျှားတွေကို
အယုံသွင်း
လှ့ည်ဖျားပြီးသတ်ဖို့
ပစ်မှတ်ကိုသူတို့ခေါ်သွားကြပြီ
အယုံလွယ်တဲ့မျှားတွေအဖြစ်က
ပစ်မှတ်မှာဦးခေါင်းနှစ်ပြီး
သေရစ်ကြပေတော့. . . . .။ ( မီးဒုတ် )

ရေးသားတင်ပြသူ - (ငထ) ဘလုပ်မြေ။

အပြည့်ဖတ်မည်...

Wednesday, October 21, 2009

မြန်မာပြည်သူတစ်ရပ်လုံးရဲ့  လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ကြိုးပမ်းကြ။

Daw Aung San Suu kyi

အပြည့်ဖတ်မည်...

ဖင်ခုထိုင်လိုက် ပါးစပ်ထဲ ထုတ်လိုက်သွင်းလိုက် လုပ်နေသော နအဖတို့ ရဲ့  “ဥပဒေ” စကားလုံး။


















နအဖ လေတပ်ဦးစီးချုပ် မြတ်ဟိန်းက သူ့သား စိုင်းစိုင်း ကားတိုက်မှုဖြစ်ခဲ့တာကို အိမ်က ကားသမား ဒရိုင်ဘာက တိုက်တဲ့ပုံမျိုးနဲ့ အစားထိုးဖန်တီးပြီး သူ့ ရဲ့ သား အပြစ်မကျဖို့ အတွက် လူစားထိုးပြကာ ကားသမား ဒရိုင်ဘာကို အရေးယူတဲ့ပုံစံနဲ့  တပ်ရွှေ့ ပြောင်းပြစ်ခဲ့ပါတယ်။ နှုတ်ပိတ်ခ အဖြစ် ငွေ (၁၅) သိန်းပါ ပေးခဲ့ပါတယ်။ ဥပဒေကို လှည်ဖြားတဲ့ နအဖဗိုလ်ချူပ်တွေရဲ့  လုပ်ရပ်တစ်ခုပါ။

နောက်တစ်ခုကတော့ မြစ်ကြီးနားလေတပ်က ဗိုလ်ကြီးကတော်တစ်ဦးက နေရာကောင်း ဂွင်ကောင်းရအောင် တပ်ပြောင်းချင်လို့ဆိုပြီး လေတပ်ဦးစီးချုပ် မြတ်ဟိန်းရဲ့ ကတော် ဒေါ်ထွေးထွေးကို စိန်နားကပ် သိန်း (၅၀) တန် ကန်တော့ပါတယ်။ သိပ်မကြာဘူး မြစ်ကြီးနားကနေ သန်းရွှေရဲ့ သားမက် သိန်းနိုင် တပ်ကို ရောက်သွားပါတယ်။ အကြံအဖန် လာဘ်ပေးလ်ာယူတွေနဲ့  ဥပဒေကို ဂရုမစိုက်ဘဲ လုပ်ချင်သလို လုပ်နေတဲ့ နအဖဗိုလ်ချူပ်တွေရဲ့  လုပ်ရပ်တစ်ခုပါ။

ဒီလိုမျိုး နအဖ လေတပ်ဦးစီးချုပ် မြတ်ဟိန်းလို သူရဲ့ သား ကားတိုက် လူသေတာတောင် ဥပဒေအရ လုံးဝအရေးယူမှု မရှိ၊ လာဘ်ပေးလာဘ်ယူနေကြတဲ့ ဥပဒေကို မလေးမစား ထင်ရာစိုင်းတေကြတဲ့ နအဖဗိုလ်ချူပ်ကြီးတွေရဲ့  လုပ်ရပ်ဟာ ဥပေးရဲ့  အထက်က အခွင့်ထူးခံတွေ ဖြစ်နေပြီး ဥပဒေကို ဖင်ခုထိုင်ထားကြပါတယ်။

ဒါပေမယ့် နေအိမ်ထဲကို ခွင့်ပြုချက်မရှိ မပေးဘဲ ခိုးရောက်ဝင်လာတဲ့ နိုင်ငံခြားသားကြတော့ ဟန်ပြ အရေးယူပြပြီး ပြည်တော်ပြန်ပို့ ပေးလိုက်ပေမယ့်၊ အပြစ်မရှိတဲ့ အိမ်ရှင်ကိုကြတော့ အလျဉ်းလွှတ်ပေးရမယ့်အစား နေအိမ်အကျယ်ချူပ်ဆိုပြီး တမင်သက်သက် မတရား ညစ်ပတ်ထားကြတဲ့ နအဖသန်းရွှေနဲ့  ဗိုလ်ချူပ်ကြီးတွေရဲ့  လုပ်ရပ်က ကလိမ်ကကျစ်ကြလွန်းတဲ့ လုပ်ရပ်ပါ။

နအဖသန်းရွှေနဲ့  ဗိုလ်ချူပ်ကြီးတွေ ပါးစပ်က ထွက်နေတဲ့ “ဥပဒေ” ဆိုတဲ့ စကားလုံးဟာ သူတို့ ဖာသာ ဖင်ခုထိုင်ထားလို့  ညစ်ပတ် ပေရေနေပါပြီ။ အဲ့ဒီလို ညစ်ပတ် ပေရေ နံစော်နေတဲ့ နအဖ “ဥပဒေ” စကားလုံးကို အမျိုးမျိုးအပြောင်းအလဲလုပ်ပြီး ထုတ်လိုက်သွင်းလိုက်နဲ့  ပါးစပ်ထဲမှာ ပြောပြောနေတဲ့ နအဖအပြောတွေဟာ လက်တွေ့ မှာ သူတို့ ကိုယ်တိုင် ဖောက်ဖျက်ကျူးလွန်နေပါကြောင်း။

အပြည့်ဖတ်မည်...

အဆိပ်ပင်ရေလောင်းနေတဲ့ Jetstar လေကြောင်းလိုင်းအား မြန်မာအမျိုးသားရေးစိတ်ဓါတ်ဖြင့် သပိတ်မှောက်ရှုတ်ချကြပါစို့ ။












Myanmar Airways International (MAI) နဲ့  စာချူပ်ချူပ်ပြီး စင်ကာပူကနေ ရန်ကုန်ကို ပျံသန်းနေတဲ့ JetStar လေကြောင်းလိုင်းဟာ မြန်မာပြည်သူတွေအပေါ်မှာ ညာဉ်းပမ်းနှိပ်စက်သတ်ဖြတ်နေတဲ့ နအဖ အာဏာရှင် သက်ဆိုးရှည်ဖို့ အတွက် အထောက်အပံ့ပြုနေပါတယ်။

















ဒီ JetStar လေကြောင်းလိုင်းကြောင့် အမေရိကန်ဒေါ်လာငွေ ၂.၈ ဘီလီယန်းကို နအဖက ရရှိနေပါတယ်။ JetStar ကြောင့် ရရှိတဲ့ငွေတွေကို နအဖဟာ စစ်အသုံးစရိတ်တွေမှာ သုံးစွဲပြီး မြန်မာပြည်သူလူထုအပေါ် လူ့ အခွင့်အရေးတွေ ဆက်လက်ချိုးဖောက်ဖို့ ပံ့ပိုးပေးနေတာကြောင့် JetStar လေကြောင်းလိုင်းဟာ ကိုယ်ကျိုးစီးပွားအတွက်သာကြည့်ပြီး နအဖအာဏာရူးတွေကို အဆိပ်ပင် ရေလောင်းပေးနေပါတယ်။





















ဒီအတွက် မြန်မာပြည်သူလူထုကို ထိခိုက်နစ်နာစေတဲ့ ဒီ JetStar လို နိုင်ငံတကာ စီးပွားရေးကိုယ်ကျိုးရှာလုပ်ငန်းတွေကို မြန်မာပြည်သူတွေအနေနဲ့  အမျိုးသားရေးစိတ်ဓါတ်ရှိရှိနဲ့  သပိတ်မှောက် ကန့် ကွက်ရှုတ်ချကြဖို့  တိုက်တွန်းလိုက်ရပါတယ်။

နိုင်ငံတကာရောက် အထူးသဖြင့် အာရှနိုင်ငံများမှာ ရောက်ရှိနေထိုင်ကြတဲ့ မျိုးချစ်မြန်မာများအနေနဲ့ လည်း မိမိတို့  တိုင်းပြည်နဲ့ လူမျိုး ပိုမိုဒုက္ခရောက်ရှိစေမယ့်အရေး လစ်လျူမရှူဘဲ၊ နအဖအာဏာရှင် သက်ဆိုးရှည်ရေးကို ပံ့ပိုးပေးနေသော JetStar လေကြောင်းလိုင်းအပါအ၀င် ကိုယ်ကျိုးရှာစီးပွားရေးလုပ်ငန်းများကို အမျိုးသားရေးစိတ်ဓါတ်ဖြင့် သပိတ်မှောက်ဆန့် ကျင်ရှုတ်ချကြဖို့  တိုက်တွန်းလိုက်ရပါတယ်။

အပြည့်ဖတ်မည်...

Tuesday, October 20, 2009

ပုဂ္ဂလိကဆေးခန်းတွေ လိုင်စင်ကြေးများ တိုးမြှင့်တော့ ကုသခ မတတ်နိုင်လို့  အသက်ဆုံးရှုံးကြရတဲ့ လူနာတွေအပေါ် မငဲ့ညှာကြပါလား။


အပြည့်ဖတ်မည်...

Monday, October 19, 2009

“မင်းကိုနိုင် (သို့မဟုတ်) ပေါ်ဦးထွန်း ပုံရိပ်”











မင်းကိုနိုင်လို့ နာမည်တွင်ပေမယ့် ကျွန်တော်တို့ အချင်းချင်းတော့ ပေါ်ဦးထွန်းအဖြစ် သိကြတဲ့သူ.....။ ဒီလူနဲ့ ကျွန်တော် စပြီး ဆုံတွေ့ကြတဲ့နေ့ကတော့ ကျွန်တော်တို့လိုပဲ အထဲက ပြန်ထွက်လာတဲ့ ညီအစ်ကိုတယောက်ရဲ့ ရဟန်းခံပွဲမှာ စပြီးတွေ့ခဲ့ကြတာပါ။

အဲဒီနေ့က ကိုယ့်အချင်းချင်းပြန်ပြီး ဆုံဖြစ်ကြလို့ အားလုံးပျော်ပျော်ပါးပါးနဲ့ စကားတွေ ကိုယ်စီပြောကြ၊ နှုတ်ဆက်ကြနဲ့ စည်စည်ကားကားပါပဲ။ ဒီလိုနဲ့ ကျွန်တော်နဲ့ ရင်းနှီးနေတဲ့ ကိုပြုံးချိုကို တွေ့လို့ သူ့ကို ကျွန်တော်နှုတ်ဆက်တော့၊ သူက “ခဏလာပါအုံး၊ ခင်ဗျားကို ကျွန်တော် ကိုပေါ်ဦးနဲ့ မိတ်ဆက်ပေးမလို့” ဆိုပြီး ခေါ်တာနဲ့ ကျွန်တော် သူ့နောက်လိုက်သွားတယ်။

အသားဖြူဖြူ၊ နှာခေါင်းချွန်ချွန်နဲ့ လူလတ်ပိုင်းအရွယ်တယောက် ထိုင်နေတဲ့နေရာရောက်တော့ ကိုပြုံးချိုက ကျွန်တော်တို့ နှစ်ယောက်ကို မိတ်ဆက်ပေးတယ်။ သူကလဲ ထိုင်နေတော့ ကျွန်တော်က မတ်တပ်ရပ်ရင်းကနေ ခါးကိုင်းလိုက်ပြီး “အေးဗျာ၊ ခုလို ကျန်းကျမ်းမာမာ ပြန်တွေ့ရတာ အရမ်းဝမ်းသာတယ်” ဆိုပြီး လက်ဆွဲနှုတ်ဆက်လိုက်တယ်။ ဒီမှာတင်၊ သူက “ဟာဗျာ၊ အဲဒီလို သူစိမ်းမဆန်ပါနဲ့။ လာပါ၊ အားရပါးရ နှုတ်ဆက်ရအောင်” ဆိုပြီး မတ်တပ်ထရပ်၊ ရင်ချင်းအပ်ပြီး ရင်းရင်းနှီးနှီး ဖက်ပြီး နှုတ်ဆက်တယ်။ ကျွန်တော်လည်း အဲဒီတော့မှ အားနာသွားတယ်။ ပြီးတော့ သူက ဆက်ပြောပါသေးတယ်။ “ခင်ဗျားအကြောင်းကို ကျွန်တော်နဲ့ စစ်တွေမှာ အတူနေခဲ့တဲ့ ကျောင်းသားတယောက်က ပြောပြလို့ သိပြီးပါပြီ။ ခုမှပဲ လူချင်းတွေ့တော့တယ်” လို့ ပြောတယ်။

ကျွန်တော်လည်း ခုမှ စပြီးသိပေမယ့် သူ့ရဲ့ ရိုးသားပွင့်လင်းမှုကြောင့် ညီအစ်ကိုလို ရင်းနှီးမှု ရှိသွားသလိုပါပဲ။ အဲဒီနေ့ကတော့ မှတ်မှတ်ရရ ၂၀၀၅ ခုနှစ် မတ်လ (၂၇) ရက်ဖြစ်တဲ့ တော်လှန်ရေးနေ့ပါ။ အဲဒီကအပြန် ကျွန်တော်တို့ ကျောင်းသားတွေကို NLD က တော်လှန်ရေးနေ့အခမ်းအနားကို တက်ဖို့ ဖိတ်ထားလို့ အားလုံး စုံစုံညီညီနဲ့ သွားတက်ဖြစ်ကြတယ်။ အဲဒီနေ့ဟာ ၈၈ မျိုးဆက် ကျောင်းသားများရဲ့ စတင်စုစည်းပေါင်းဆုံမှု အဖွင့်နိဒါန်းလို့ ပြောရင်ရမယ်ထင်ပါတယ်။

တော်လှန်ရေးနေ့ အခမ်းအနားမသွားခင် ကျွန်တော်နဲ့ ကိုပေါ်ဦးတို့ နှစ်ယောက်ဟာ တနေရာမှာ ထိုင်ပြီး ခဏလောက် စကားပြောဖြစ်ကြတယ်။ သူက သူ့ခံစားချက်ကို ရင်ဖွင့်ပြပါတယ်။ သူ့အနေနဲ့ နိုင်ငံရေးကို တသက်လုံး လုပ်ဖို့ မရှိဘူး။ ကျွန်တော်တို့ တိုင်းပြည် မှန်ကန်တဲ့ လမ်းကြောင်းမှာ ရောက်နေပြီဆိုရင် အနားယူပြီး အနုပညာအလုပ်တွေနဲ့ ဘ၀ကို အချိန်ကုန်ချင်တယ်ဆိုတဲ့ အကြောင်းကို ပြောပါတယ်။ ကျွန်တော်လည်း သူပြောတာကို သဘောတူလက်ခံပါတယ်ဆိုတဲ့ အကြောင်းပြောပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း လုပ်သင့်လုပ်ထိုက်လို့ ကာလတခုကို ၀င်ပြီး နိုင်သလောက် ထမ်းကြည့်တာ။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အေးအေးဆေးဆေး ဖြစ်ရင်တော့ ဘ၀မှာ ဒိပြင် ကိုယ်ဝါသနာပါရာ၊ ပျော်မွေ့ရာနဲ့ ဖြတ်သန်းနေထိုင်မှာပါပဲလို့ ကျွန်တော်ကဆိုတော့၊ သူက “ဟုတ်ပြီးဗျာ၊ ခင်ဗျားက ကျွန်တော့်ရဲ့ သက်သေနော်။ ကျွန်တော်တချိန်ရောက်လို့ နားချင်ပြီလို့ ကျွန်တော်ပြောတဲ့အခါ၊ ကန့်ကွက်သူတွေ ရှိရင်၊ ခင်ဗျားက သက်သေလိုက်ပေးနော်” လို့ သူက ၀မ်းသာအားရ ပြောခဲ့တယ်။

သူရေးဖြစ်ခဲ့တဲ့ ၀တ္ထုတိုတွေကို သူလွတ်လာတော့ ကျွန်တော့်ကို ဖတ်ဖို့ပေးပြီး ဝေဖန်ပါအုံးလို့ ပြောသေးတယ်။ ဖတ်တော့ ဖတ်ဖြစ်ပါတယ်။ ဝေဖန်တဲ့အထိတော့ မရောက်လိုက်ဘူး။ အလုပ်တွေကလဲ များကြတာကိုး။

နောက်ပိုင်းမှာ သူနဲ့ သွားရင်းလာရင်း လေ့လာအကဲခတ်မိရသလောက်၊ သူဟာ အနုပညာသမားတွေ၊ အထူးသဖြင့် ကျွန်တော်တွေ့မိသလောက်က စားရေးဆရာ၊ ကာတွန်းဆရာ၊ ကဗျာဆရာတွေနဲ့တွေ့ရင် လက်ဘက်ရည်ဆိုင်မှာ တော်တော်နဲ့ မထဖြစ်တော့ဘူး။ အလုပ်ရှိလို့သာ စကားဖြတ်ပြီး ကျွန်တော်တို့နဲ့အတူသွားရပေမယ့် ဆက်ပြီး ထိုင်ချင်သေးတယ်။ ပန်းချီတို့၊ ဂီတတို့မှာလည်း အလားတူပါပဲ။ သူဟာ အဲဒီအကြောင်းတွေ ဆွေးနွေးပြောဆိုနေရရင် သူ့စိတ်ဟာ ပိုပြီး ရွှင်လန်းတွက်ကြွနေတဲ့ပုံရှိတယ်။ သူ့နေရာကနေပြိးတော့ ကျွန်တော် စာနာနားလည်မိပါတယ်။ ဟိုလူ၊ ဒီလူနဲ့ တွေ့ရ၊ အသိမိတ်ဆွေတွေက ခင်မင်မှုနဲ့ ဖတ်လို့သွားရနဲ့ ကိုယ်ပိုင်အချိန်က နည်းပါတယ်။ နားရတယ်ဆိုတာ သိပ်မရှိလှပါဘူး။

သူ့မှာ အာရုံကြော အားနည်းတဲ့ ရောဂါလည်း ရှိတယ်။ သူ့ကျန်းမာရေးအတွက် ဦးနှောက်နဲ့ အာရုံကြောဆရာဝန်ကြီးတယောက်ဆီကို ကျွန်တော်တို့ ခေါ်သွားပြီး ပြတော့ ဆရာဝန်က သေသေချာချာ စစ်ဆေးပြိးတော့ ဆေးတွေ အများကြီးပေးလိုက်တယ်။ ဆရာဝန်လည်း ၀မ်းသာအားရနဲ့ ကျွန်တော်တို့နဲ့ အတူတွဲထိုင်ပြီး အမှတ်တရ ဓါတ်ပုံ ရိုက်ယူထားလိုက်တယ်။ စမ်းသပ်ခတော့ မယူလိုက်ပါဘူး။ ဒါပေမယ့် ဆေးဖိုးက တော်တော်ကျသွားတယ်။ ဟာသဖြစ်သွားတာက ကျွန်တော်တို့မှာ ဆေးဖိုး အလုံအလောက်မပါခဲ့ဘူး။ ဆရာဝန်ကတော့ မပါရင် မပေးပါနဲ့လို့ ပြောပါတယ်။ ဒါပေမယ့် ကိုပေါ်ဦးက အားနာတတ်တော့ “မဟုတ်တာ ဆရာရယ်။ နောက်တခေါက်လာပေးပါမယ်” လို့ ပြောပြီး နောက်အခေါက်မှ ကျွန်တော်တို့ ပေါင်းပေးလိုက်ကြတယ်။

ဆရာဝန်က သူ့ကို အနားယူခိုင်းတယ်၊ ဆေးကို ပုံမှန်၊ အချိန်မှန်သောက်ခိုင်းပေမယ့်၊ နေ့တိုင်း သွားလာနေရတော့ ဘယ်မှာ နားချိန်ရှိမလဲ။ ဆေးသောက်ချိန်လဲ မမှန်ဖြစ်တာပေါ့၊ ပြီးတော့ ဆေးတွေက သောက်ပြီးရင် မနေားမဖြစ် နားနေရမယ့် အာရုံကြောဆေးတွေ။ ဆေးကလည်း ဆေးပြင်းတွေဆိုတော့ သောက်ပြီးကြာလာတာနဲ့ အိပ်ချင်သလိုလို ထိုင်းမှိုင်းလာတယ်လို့ ပြောပါတယ်။ ဒါပေမယ့် ကျွန်တော်တို့နဲ့ အတူတူ သွားလာနေရတော့ ဆန့်ကျင်ဖက်တွေ လုပ်သလို ဖြစ်တာပေါ့။ ပြိးတော့ သွားလာပြောဆိုနေရပေမယ့် ထိုင်းထိုင်းမှိုင်းမှိုင်းဖြစ်နေတာပေါ့ဗျာ။ အချင်းချင်းစကားပြောရင်ပဲဖြစ်ဖြစ်၊ မီဒီယာတွေနဲ့ အင်တာဗျူးရင်ပဲဖြစ်ဖြစ် စကားပြောလို့ မကောင်းဘူးပေါ့။ အမှန်တော့ အနားယူရမှာပါ။ ဒါပေမယ့် အနားယူချိန်က နည်းပါတယ်။ ဒီတော့ နောက်တခေါက်မှာ ကျွန်တော်တို့က ဆရာဝန်ကု ဆေးပြင်းတွေ မတိုက်ဖို့ တောင်းပန်ရတော့တာပေါ့။ လူက နားချင်ပေမယ့် အခြေအနေက သူ့ကိုနားခွင့်မပေးပါဘူး။ ရှေ့လာမယ့် မြန်မာပြည်ခရီးကြမ်းကြီးမှာလည်း သူပြောသလိုမျိုး နားနေချိန်ရပါ့မလားဆိုတာ မရေရာတဲ့ အနေအထားပါပဲ။

သူဟာ ဟာသဉာဏ်လည်းရှိတယ်။ ပျော်ပျော်နေတတ်ပုံလည်းရတယ်။ အဲဒီလိုနေတတ်တာဟာလည်း သူ့ကျန်းမားရေးအတွက် ပိုသင့်တော်မယ်လို့ ကျွန်တော်ထင်တယ်။ လောကကြီးရဲ့ ကမောက်ကမဖြစ်မှု၊ လော်မာဖောက်ပြားမှု၊ နိမ့်ကျပျက်စီးမှုတွေကို ယောနိသောမနသိကာရ စိတ်နဲ့ မှန်မှန် နှလုံးသွင်းပြီး နေနိုင်ရင်နေ၊ ဒါမှမဟုတ် ဟာသအမြင်နဲ့ ကြည့်ပြီးနေနိုင်ရင် ကြုံလာရတဲ့ လောကဓံတွေကို လွယ်လွယ်ကူကူ ပေါ့ပေါ့ပါးပါး ဖြတ်သန်းနိုင်မယ်လို့ ကျွန်တော် ယုံကြည်တယ်။ ကျွန်တော်တို့ စုပြီး ဆွေးနွေးပြောဆို စကားကောင်းနေကြတဲ့အချိန် သူက ဟာသလုပ်ပြီး ၀င်ဖေါက်ရင် ပွဲကျသွားတာတွေရှိတယ်။ အကြိတ်အနယ်၊ အချေအတင် ဆွေးနွေးရလို့ ခေါင်းတွေ ပူနေတဲ့အချိန် ဟာသလေးတွေနဲ့ အပူဖုလေးတွေကို ကြိတ်ချေရတာလေးတွေဟာ ကျွန်တော်တို့အတွက် ပေါ့ပါးစေပါတယ်။

သူအထဲမှာ ဧကစာကျင့်နေတုန်းက ဖြစ်ခဲ့တဲ့ ဟာသလေးတခု ကျွန်တော့်ကို ပြန်ပြောပြလို့ ဖောက်သည်ချချင်သေးတယ်။ အဲဒီတုန်းက သူ့က ဆံပင်ညှပ်မလို့ ၀န်ထမ်းတယောက်ကို ပြောတယ်။ ဒါပေမယ့် ၀န်ထမ်းက သူ့ကို “ကိုမင်းကိုနိုင် ဆံပင်က သိပ်မရှည်သေးဘူး။ မညှပ်ပါနဲ့အုံး” ဆိုပြီး ပြောတယ်တဲ့။ တမင်သက်သက် ညစ်တာပေါ့ဗျာ။ အဲဒါနဲ့ သူက “ခင်ဗျားစကားကို မှတ်ထားနော်။ ကျွန်တော် ဆံပင်မညှပ်ဘဲ နေမယ်” ဆိုပြီး အရှည်ကြီးဖြစ်တဲ့အထိ နေလိုက်တယ်။ ၀န်ထမ်းတွေက သူ့ရဲ့ နေရေးထိုင်ရေး၊ ကျန်းမာရေးအခြေအနေကို အမြဲစောင့်ကြည့်စစ်ဆေးနေရတာဆိုတော့၊ တနေ့မှာ သူက တံမြက်စည်းတချောင်းကို ဂစ်တာလုပ်ပြီး ပါးစပ်ဆိုင်းနဲ့တီးရင်း သီးချင်းတွေ အကျယ်ကြီးအော်ဆိုရော။ ဒီတော့ ၀န်ထမ်းတယောက်က အပြေးအလွှား လာကြည့်တယ်။ သူ့ကို ဆံပင်ရှည်ရှည်၊ နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေးတွေနဲ့ တံမြက်စည်းကို ဂစ်တာလုပ်ပြီးတီးနေတာလဲတွေ့ရော၊ မျက်လုံးပြူး မျက်ဆံပြူးဖြစ်သွားပြီးတော့ “ဟာ၊ ကိုမင်းကိုနိုင်၊ သတိထားပါ၊ သတိထားပါ” လို့ ပြောပြီး ဆရာဝန်ကို ပြေးအကြောင်းကြားတော့တာပဲ။ ၀န်ထမ်းက သူ့ကို စိတ်ဖောက်သွားပြီ ထင်တာ။ အမှန်ကတော့ တကယ်အရူးဖြစ်သွားတာက သူမှန်း ၀န်ထမ်းခမြာ သဘောမပေါက်လိုက်ရှာဘူး။

သူပြောပြတဲ့ ၁၆ နှစ်တာ ဧကစာကျင့်ရင်း ဖြစ်ခဲ့တဲ့ ဟာသလေးတွေထဲက တစ်ခုပေါ့ဗျာ။

သူ့ကို အရပ်သားသတ္တိရှင်ဆု ချီးမြှင့်တုန်းက အင်တာဗျူးတခုမှာ “ဒီဆုကို ကိုယ်တိုင်တက်ရောက်ပြီး သွားယူမှာလား” လို့ မေးတော့ သူက “သူ့အနေနဲ့ ပတ်စပို့ ရဖို့ အခက်အခဲ ရှိတယ်။ တကယ်လို့ သွားယူခွင့်ရရင်တောင် ပြန်လာလို့ ရမှာ မဟုတ်ဘူး။ သူ့အနေနဲ့ မြန်မာပြည်နဲ့ရော၊ မြန်မာလူမျိုးတွေနဲ့ရော ခွဲခွာမနေချင်ဘူး။ တိုင်းရင်းသားပြည်သူလူထုနဲ့ ဒုက္ခတွေအတူ မျှဝေခံစားပြီး၊ အေးအတူ ပူအမျှ မခွဲမခွာ နေချင်တဲ့အတွက်ကြောင့် သွားခွင့်ရရင်တောင် သွားယူဖြစ်မှာ မဟုတ်ဘူး”လို့ ပြန်ပြောခဲ့တယ်။

ခုဆိုရင် ကိုမင်းကိုနိုင်အပါအ၀င် ၈၈ မျိုးဆက်ကျောင်းသားများဟာ ပြည်သူတွေ ရင်ဆိုင်နေရတဲံ အထွေထွေ အကျပ်အတည်းတွေအတွက် ပြည်သူ့ကိုယ်စား ပြည်သူ့ဘက်မှ မားမားမတ်မတ် ရပ်တည်ဆောင်ရွက်ရင်း နအဖ စစ်အစိုးရရဲ့ အငြိုးအာဃာတကြီးမားတဲံ တုန့်ပြန်မှုတွေကြောင့် သမိုင်းတွင်တဲ့ နှစ်ရှည်ထောင်ဒဏ်တွေ ကျခံရပြီး ဝေးလံခေါင်သီတဲ့ မြန်မာပြည်အစွန်အဖျားဒေသက ထောင်အသီးသီးကို ပို့ခံလိုက်ရပါပြီ။
























နအဖ အစိုးရဟာ မင်းကိုနိုင်အပါအ၀င် ၈၈ မျိုးဆက် ကျောင်းသားတွေ၊ တိုင်းပြည်နဲ့ လူမျိုးကို ချစ်မြတ်နိုးကြတဲ့၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို တန်ဘိုးထားကြတဲ့ ရဟန်းသံဃာတော်တွေ၊ တိုင်းရင်းသားညီအစ်ကိုတွေနဲ့ တက်ကြွလှုပ်ရှားသူ လူငယ်ကျောင်းသားတွေ၊ ပြည်သူတွေကို ရက်ရက်စက်စက် ပြင်းပြင်းထန်ထန် ချေမှုန်းနှိပ်ကွပ်နေပြီး ဝေးလံလှတဲ့ အစွန်အဖျားဒေသတွေဆီကို ပို့ရုံမက မြန်မာပြည်ကပါ ထွက်ခွာသွားစေချင်မှာပါ။ ဒါပေမယ့် မြန်မာပြည်ကြီး ငြိမ်းချမ်းသာယာဝပြောပြီး ဖွံ့ဖြိုးတိုးတက်လာစေဖို့၊ မြန်မာပြည်မျာ မွေးဖွားတဲ့ သူတိုင်းဟာ သူတို့ရသင့်ရထိုက်တဲ့ လူ့အခွင့်အရေးတွေကို တရားမျှတစွာ ရရှိခံစားနိုင်ကြစေဘို့အတွက် ကျွန်တော်တို့ဟာ အထိန်းသိမ်းခံ၊ အနှိပ်စက်ခံဘ၀နဲ့ ဘေးဒုက္ခမျိုးစုံကို ရင်ဆိုင်ကျော်လွှားရင်း တပ်မတော်ခေါင်းဆောင်များက နားလည်လက်ခံယုံကြည်ပြီး အားလုံးနဲ့ လက်တွဲပူးပေါင်းကာ မြန်မာပြည်ရဲ့ အထွေထွေ အကျပ်အတည်းတွေကို ညှိနှိုင်းဖြေရှင်းကြရမယ့် နေ့တနေ့ကို ရောက်ရှိဘို့ ခိုင်ခိုင်မာမာ ယုံကြည်မျှော်လင့်ရင်း ကြိုးပမ်းဆောင်ရွက်လျက် ရှိနေဆဲပါ။ ။

*ရေးသူ- ကိုစိုးထွန်း*

အပြည့်ဖတ်မည်...

Sunday, October 18, 2009

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) မှ ကိုမင်းကိုနိုင် (၄၇) နှစ်မြောက်မွေးနေ့ ကျင်းပ။



အပြည့်ဖတ်မည်...

၁၉၈၈ ခုနှစ် ရှစ်လေးလုံး ပြည်သူ့ အရေးတော်ပုံကြီးကာလအတွင်း တော်လှန်သမိုင်းဝင်ခဲ့သော အခြေခံပညာကျောင်းသားများသမဂ္ဂအား ပြည်လည်ဖွဲ့ စည်းခြင်း။

၁၉၈၈ ခုနှစ် ရှစ်လေးလုံးပြည်သူ့ အရေးတော်ပုံကြီးကာလအတွင်းက တွေ့ မြင်ခဲ့ရသော အခြေခံပညာကျောင်းသားကျောင်းသူငယ်လေးများ၏ ဂုဏ်ယူလေးစားဖွယ်၊ အာဏာရှင်စနစ်ဆန့် ကျင်ရေး တော်လှန်လှုပ်ရှားမှုအား သမိုင်းမှတ်တမ်းတင်အပ်ပါသည်။
















၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ (၉) ရက်နေ့ မှ စတင်မွေးဖွားခဲ့သော အခြေခံပညာကျောင်းသားများသမဂ္ဂအား ပြည်လည်ဖွဲ့ စည်းခြင်း။

Statement by BESU 2009

အပြည့်ဖတ်မည်...

ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၏ (၄၇) နှစ်မြောက် မွေးနေ့ အမှတ်တရ။

“ကျတော်တို့က ဒီမိုကရေစီဖြစ်ပေါ်ပြောင်းလဲမှုကိုဘဲ တောင့်တတယ်။ ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်နိုင်တဲ့ ငြိမ်းချမ်းသောနည်းကိုပဲ ကျတော်တို့ ရွေးချယ်မှာ ဖြစ်တယ်။”

မင်းကိုနိုင်။





















အသက် (၄၇) နှစ်ပြည့် မွေးနေ့ (၁၈ ရက်၊ အောက်တိုဘာလ) အမှတ်တရအဖြစ် ကိုမင်းကိုနိုင် ပြောဆိုခဲ့သော ပြောကြားချက်များအား စုစည်းဖေါ်ပြအပ်ပါသည်။

သမိုင်းပါမောက္ခဒေါက်တာသန်းထွန်း ကွယ်လွန်ခြင်းနဲ့ပတ်သတ်၍ -

“တိုက်ဆိုင်တာလေးတစ်ခုကို ပြောပြမယ် မနေ့က လူထုဒေါ်အမာ မွေးနေ့မှာ ဆရာကြီးကို ကျွန်တော်တို ကန်တော့ဖြစ်လိုက်တယ်။ ကျွန်တော်တို့ကို စကားတစ်ခွန်းလောက် ချီးမြင့်ပါဆိုတော့ ဆရာကြီးက ပြုံးပြုံးကြီးကြည့် နေသေးတယ်။ ပြီးတော့မှ သူ့စကားကို လိုရင်းပဲပြောတယ်။ လုပ်လက်စအလုပ် ဆက်သာလုပ်ပါတဲ့ အဲ့ဒါပဲ။ ဆရာကြီး ကျွန်တော်တို့ကို အမှတ်တရပြောသွားတာ နောက်ဆုံးဘဲ။ ဆရာကြီးလို အင်မတန်စကားနည်းပြီး အလုပ်များများလုပ်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ဆီက ရလိုက်တဲ့စကား ကျွန်တော်တို့ဘယ်တော့မှ မမေ့ပါဘူး။ ကျွန်တော်တို့ ဆရာကြီးအလောင်းကို ကန်တော့ပြီးတဲ့အခါမှာ အားလုံးတညီတညွှတ်တည်း ဆရာကြီးကို ဂတိပေးလိုက်ကြတယ်။ စိတ်ချပါဆရာကြီး၊ ဆရာကြီးစကားအတိုင်း တပည့်တွေ လိုက်နာပါ့မယ်။ ကျွန်တော်တို့ ကတိပေးပါတယ်။” (ဒီဗွီဘီ ၃၀၊ ၁၁၊ ၂၀၀၅)။

(၁၈) နှစ်ပြည့် ကျောင်းသားသမဂ္ဂဖွဲ့စည်းရေးနှင့် ပတ်သတ်၍ -

“လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းမှာရော လွတ်လပ်ရေးရပြီး ဒီမိုကရေစီခေတ်မှာရော ကျောင်းသားထုဘက်က မားမားမတ်မတ် ရပ်တည်ဦးဆောင်နိုင်ခဲ့ပေမဲ့ ၁၉၆၂ ခုနှစ်၊ အာဏာသိမ်းပြီးတဲ့နောက်မှာတော့ ကျောင်းသားထုရဲ့ ရပ်တည်မှုကို စစ်အစိုးရက ဖျက်ဆီးပစ်ခဲ့တယ်။ ကျွန်တော်တို့တွေ နားလည်တက်တဲ့အရွယ်ရောက်လာတဲ့အခါကြတော့ ကျောင်းသားသမဂ္ဂတွေက မြေပေါ်ကနေ ပျေက်ဆုံးရတဲ့ အခြေအနေမျိုး ရောက်နေပြီ။

ဒီမိုကရေစီနိုင်ငံတွေမှာ ကျောင်းသားသမဂ္ဂဆိုတာ ကျောင်းသားလွှတ်တော်ပဲဗျ။ လွှတ်တော်ထဲမှာလို စနစ်တကျ စကားပြောတက်အောင် မိမိဘာသာလေ့လာပြီးတော့ အခြေအတင်ဆွေးနွေးတက်တဲ့ အကျင့်ကောင်းတွေ မွေးမြူဖို့ . . . တချိန်မှာ တိုင်းပြည်ကို ဦးဆောင်လာရင် တိုင်းပြည်ကို ဦးဆောင်ဦးရွက်ပြုမယ့် ပုဂ္ဂိုလ်တွေဟာ လွှတ်တော်အတွင်းမှာ စကားပြောကြတယ်ဆိုတာ တကယ်တော့ မတူတဲ့ အယူအဆတွေ ကွဲပြားခြားနားတဲ့ အတွေးအမြင်တွေ စိတ်ကူးစိတ်သန်းတွေကို ကိုယ်စီတင်ပြကြတယ်။ မိမိနဲ့ မတူတဲ့ဘက်ကိုလည်း မိမိက နားထောင်ကြရတယ် ပီးတော့မှ ကိုယ့်အတွေးအခေါ်ကို တင်ပြကြရတာကိုး။

ကျောင်းသားသမဂ္ဂအစည်းအဝေးတွေဟာ လွတ်လပ်တဲ့ စိတ်ကူးစိတ်သန်းတွေကို ဖော်ထုတ်ခွင့်ရှိတယ်။ စစ်သင်တန်းလို ပြန်တွေးနဲ့၊ ပြန်မပြောနဲ့ဆိုတဲ့ တဖက်သက် ဖိနှိပ်မှုမျိုး မဟုတ်ဘူး။

ကျွန်တော်တို့ခေတ်မှာ ခန်းမတွေ၊ သမဂ္ဂအဆောက်အဦးတွေ ရှိတော့တာမှ မဟုတ်ဘဲ။ အဲ့ဒီတော့ အခါကြတော့ ရင်ထဲမှာရှိတဲ့ သမဂ္ဂစိတ်ဓတ်နဲ့ သမဂ္ဂအလံကို ထူပြီးတော့ဘဲ သမဂ္ဂကို ထောင်ကျရတာလေ။ အာဏာပိုင်တွေက ခွင့်ပြုမှလို့ စောင့်နေခဲ့လိုရှိရင် ၈၈ မှာ ကျောင်းသားသမဂ္ဂပေါ်မှာ မဟုတ်ဘူး။ ကျောင်းသာသမဂ္ဂစိတ်ဓတ် တွေပြန်နိုးကြားမှာ မဟုတ်ဘူး။ ခွပ်ဒေါင်းအလံတွေ လွှင့်ထူခွင့်ရမှာ မဟုတ်ဘူး။

ခေတ်အဆက်ဆက်က ကျောင်းသားလှုပ်ရှားမှုတွေနဲ့အတူ ပေးဆပ်ခဲ့ကြရတဲ့ ကျောင်းသားတွေရဲ့ မွန်မြတ်တဲ့ ပေးဆပ်မှုတွေကို သိတတ် နားလည်တက်တဲ့အချိန်မှာ ကျောင်းသားသမဂ္ဂရဲ့တန်ဖိုးကို သိလိမ့်မယ်။ ဘယ်အရာမ ဆိုပါဗျာ၊ တန်ဖိုးကိုသိမှ တန်ဖိုးထားလာကြလာမှာပါဗျာ။” (အာအက်ဖ်အေ၊ ၂၈၊ ၈၊ ၂၀၀၆)။

မြန်မာနိုင်ငံအရေးကိစ္စ လုံခြုံရေးကောင်စီ ရောက်ရှိမှုနှင့်ပတ်သက်၍ -

“ဒါဟာ လူ့အခွင့်အရေးကိစ္စ အမျိုးသားပြန်လည်သင့်မြတ်ရေးကိစ္စဖြစ်နိုင်ရေးဆိုတာ တိုင်းပြည်ထဲမှာ လိုအပ်တဲ့ အရာပါ။ ဒါကြောင့်မို့လို့ ဘယ်နိုင်ငံဘဲဖြစ်ဖြစ်ပေါ့ဗျာ။ ကိုယ့်လက်ပေါ်ကျမှ မီးမှန်းသိတယ်၊ ပူတယ်ဆိုတာမျိုး မဖြစ်အောင်၊ သူတပါးလက်မှာ လောင်နေရင်လည်း မီးပါလား၊ ပူတတ်ပါလား၊ အဲ့ဒီလို စိတ်နှလုံးမျိုးရှိအောင် ကျွန် တော်တို့ ဆက်ပြီးကြိုးပမ်းသွားကြရမှာပေါ့။ ကျွန်တော်တို့ဟာ ရာနှုန်းပြည့်တော့ အောင်မြင်မှုရနိုင်တယ် မဆိုသေးပေးမဲ့ ကျွန်တော်တို့ လက်ရှိအနေအထားမှာတော့ ကျွန်တော်တို့ ကျေနပ်ပါတယ်။ လုံခြုံရေးကောင်စီမှာ စတင်ဆွေးနွေးဖို့ စတင်ကြိုးပမ်းမှုတွေ လှုပ်ရှားရာမှာကတည်းကိုက ကျွန်တော်တို့တွေက ပွင့်ပွင့်လင်းလင်းကို ကျွန်တော်တို့တွေ ထောက်ခံကြိုဆိုခဲ့တာ။ အခုတော့ လုံခြုံရေးကောင်စီမှာ ထည့်သွင်းဆွေးနွေးဖို့အတွက် ဆုံးဖြတ်နိုင်ခဲ့ပြီဆိုတဲ့အခါမှာ ကျွန်တော်တို့တတွေက ၀မ်းမြောက်ဝမ်းသာနဲ့ ကြိုဆိုရမှာ ဖြစ်ပါတယ်။ ဒါ အင်မတန်အရေးပါပါတယ်။” (ဗွီအိုအေ၊ ၁၆၊ ၃၊ ၂၀၀၆)။

မတ်လ (၁၆) ရက် တံတားနီအရေးအခင်း (၁၈) နှစ်ပြည့်နှင့်ပတ်သက်၍ -

“တကယ်တော့ အဲဒီနေရာမှာ ကျောင်းသားတွေရဲ့ သွေးနဲ့ ချင်းချင်း နီခဲ့ရတယ်ဆိုတဲ့အခါကျတော့ တံတားနီဆိုပြီးတော့ အဲဒီအချိန်ကို ယာဉ်နောက်လိုက်စပါယ်ယာတွေကအစ ဂုဏ်ပြုပြီးတော့ တံတားနီလို့ ခေါ်ပေးခဲ့တာပါ ။

အခု ဒီနေ့အချိန်တော့ ပြုပြင်မှုတွေ ပြောင်းလဲမှုတွေနဲ့ ဖုံးကွယ်လိုက်ပြီ ဆိုပါတော့၊ သွေးတွေကို ထုံးနဲ့ဖုံးခဲ့တယ့် ကာလ ဘယ်လို ဖုံးဖုံးပေါ့ဗျာ။ သွေးဆိုတာကတော့ နီနေဆဲပါ ။ ဒါကကျောင်းသားတွေရဲ့ ဘယ်ခေတ် ဘယ်အ
ခါမဆို အမြဲတစေရှိနေတယ့် သတ္တိသွေးကိုး။

အခု ဒီနေ့ ကျွန်တော်တို့ ပြည်တွင်းမှာ ကျောင်းသားတွေ ရှိနေတယ်။ အဝေးကို ရောက်နေရတဲ့ ကျွန်တော်တို့ ရဲ့ သွေးချင်းကျောင်းသားတွေ ရှိတယ်။

အဲဒီလိုပဲ ထောင်ထဲမှာလဲ ကျွန်တော်တို့ရဲ့ ရဲဘော်ကျောင်းသားတွေ ရှိနေတုန်းပဲ။ အဲဒီလို တနေရာစီ ကွဲနေပေမယ့် ကျွန်တော်တို့တတွေမှာ အနေဝေးလေလေ သွေးနီးလေလေပဲဆိုတာကို ကျွန်တော်တို့ တကယ်တွေ့ မြင်ရတယ်။ အဲဒီအခါကျတော့ ထောင်ထဲက ကျန်နေတယ့် ရဲဘော်တွေကိုလဲ စာနာစိတ်နဲ့ ဒီအချိန်မှာ သူတို့တော့ တိုက်ပွဲတွေစခဲ့ကြတဲ့နေ့ ရောက်လာပြီဆိုရင် သူတို့ပြန်ခံစားပြီးတော့ ကျွန်တော်တို့ကို သတိရနေကြမယ်။ ကျွန်တော်တိုရဲ့ လက်ချင်းဆုပ်ကိုင်ထားရသည့်တိုင်အောင် ကျွန်တော်တို့ရဲ့ စိတ်ချင်းအားဖြင့် ဆက်သွယ်ပြီးတော့ သူတို့တွေ ကြံ့ကြံ့ခိုင်ရင်ဆိုင် နေကြဦးမယ်ဆိုတာ ယုံကြည်နေတယ်။

အဲ့ဒီတော့ ဒီနေ့ခေတ် အခုကျောင်းတက်နေကြတဲ့ ကျောင်းသားတွေမှာလည်း သူတို့ရဲ့ နောင်တော်တွေဖြစ်တဲ့ ရှေ့ ကကျောင်းသားတွေဟာ ဘာကြောင့် ဘ၀တွေ အသက်တွေပေးပြီးတော့ စတေးခဲ့ကြလည်းဆိုတာကို သူတို့နားလည်တဲ့တနေ့မှာ သူတို့ဘာလုပ်ရမယ်ဆိုတာကို သူတို့သိကြလိမ့်မယ်။ ကျွန်တော်တို့က အထွေထွေထူးထူး ပြောနေစရာမလိုဘူးလေ အမှန်တရားဆိုတာက တကယ်တော့ ဘယ်လို ဖုံးကွယ်ထား ဖုံးကွယ်ထား အချိန်တန်လို့ရှိရင်တော့ ပေါ်ကြရစမြဲကိုး။ (ဒီဗွီဘီ ၁၆၊ ၃၊ ၂၀၀၆)။

NLD ၏ ပြည်ထောင်စုနေ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးတည်သည့် ကမ်းလှမ်းချက်အပေါ်၌ -

“အခုကြေငြာချက်ဟာ တစ်ဦးချင်း တစ်စုံတစ်ဖွဲ့တည်းရဲ့ အကျိုးအတွက် မဟုတ်ပါဘူး။ တိုင်းပြည်ရဲ့မျက်နှာ၊ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကိုပဲ ကြည့်ပြီးတော့ ကမ်းလှမ်းလိုက်တယ်လို့ ကျွန်တော်တို့ နားလည်ပါတယ်။

အရေးအကြီးဆုံး အချက်ကတော့ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးက တပါတည်း ဖြစ်ရပါလိမ့်မည်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံရေးအကျဉ်းသားတွေဆိုတာဟာ မိမိယုံကြည် ချက်ကြောင့် ထောင်သွင်းအကျဉ်းကျခံနေရတာပါ။

ဘာလို့လဲဆိုတော့ သူတို့ဟာ ပြည်သူလူထုရွေးချယ်တင်မြှောက်ထားတဲ့ အဖွဲ့အစည်း၊ ရွေးကောက်ပွဲအနိုင်ရပါတီရဲ့ ခေါင်းဆောင်တွေ ဖြစ်နေလို့ပါဘဲ။ အဲဒီအချက်ကြောင့် အရေးတကြီး နှလုံးသွင်းကြပါလို့ ကျွန်တော် လေး လေးနက်နက် တိုက်တွန်းချင်ပါတယ်။” (၁၄၊ ၂၊ ၂၀၀၆ ခေတ်ပြိုင်)။

၁၈၊ ၈၊ ၂၀၀၆ ပြောကြားချက် -

“၁၈နှစ်ကာလအတွင်းမှာ ၁၆နှစ်လောက်က ကျွန်တော်တို့က ထောင်ထဲမှာ တိတ်တဆိတ်နဲ့ တစ်ဦးတည်း ဖြတ်သန်းလာတဲ့အခါကျတော့ ဘာနဲ့သွားတူသလဲဆိုတော့ ဘောလုံးပွဲတပွဲကို ရှုံးလို့ ထွက်လိုက်ရတဲ့ အသင်းတစ် သင်းကနေ စိမ်ပြေနပြေ သုံးသပ်သလို သုံးသပ်ခွင့်မျိုး ကျွန်တော်ရလိုက်တယ်။

တကယ်လို့သာ ဆက်တိုက်သာ ကစားနေမယ်ဆိုရင် အဲဒီလောက်အထိ ပြန်လည်သုံးသပ်ခွင့်မျိုး ရကြမှာ မဟုတ်ဘူး၊ ကျွန်တော်တို့မှာ သံဝေဂတရားတော့ တကယ်တမ်းတွေတာတော့ ******

ဘာကြောင့်လဲဆိုတော့ လွန်ခဲ့တဲ့ ၁၈နှစ်ကို ပြန်ကြည့်လိုက်ရင် အဲဒီတုန်းက ဝရုန်းမီးတောက်ခဲ့တဲ့ ခေါင်းဆောင်ကြီးဆိုတဲ့ ပုဂ္ဂိုလ်တွေ တကယ်တမ်းပေါ့ဗျာ၊ တိုင်းပြည်မှာ အာဏာကို ကိုင်စွဲထားနိုင်ခဲ့တဲ့ ပုဂ္ဂိုလ်တွေဟာ ဒီကနေ့မှာ တကယ်ကို အသုံးမဝင်တော့တဲ့ ရွက်ခြောက်များလို အသီးသီး ကြွေသွားခဲ့ကြတယ်။ လူပုဂ္ဂိုလ်နာမည်တွေလဲ ပြောစရာမလိုဘူး၊ ပြန်ပြီးတော့ စဉ်းစားကြည့်မယ်ဆိုရင် သိနိုင်တယ်။ အဲဒီလို ဇာတ်သိမ်းတွေ နေဝင်ချိန်တွေ အမျိုးစုံကို ကျွန်တော်တို့ တွေမြင်ခဲ့ရပြီးဆိုတဲ့အခါမှာ သူတို့ရဲ့ သမိုင်းဟာ အဆုံးသတ်သွားပြီ၊ သူတို့ရဲ့အကြောင်းကို ပြောလိုရပြီ၊ အဲဒီတော့ သူတို့မှာ ပြန်လည်ပြင်ဆင်ခွင့် မရှိတော့ဘူး။ သူတို့အတ္တတွေ ကြီးမားရင် ကြီးမားတာနဲ့အမျှ သူတို့ ဟာ သမိုင်းမှာ အကျည်းတန်စွာ အရေးယူခံရတော့မယ်။ အဲဒါ ဒီကနေ့ ကျွန်တော်တိုမြင်ရတယ့် ကိစ္စပါ။

အခုဆိုလိုရှိရင် လွန်ခဲ့တဲ့ ( ၁၈ ) နှစ်က အာဏာသိမ်းခဲ့တဲ့ အဖွဲ့အစည်းထဲကဆိုလျှင် ဘာမှ မကျန်တော့ဘူး။ နှစ်ယောက်လောက်ပဲ ကျန်တော့တာပေါ့။ ကျန်ခဲ့တယ့်လူတွေဟာ ကျွန်တော်တို့ ခံစားခဲ့ရတဲ့ အကျဉ်းသားဘဝမှာ ခံစားရသလို ခံစားရတဲ့ ပုဂ္ဂိုလ်တွေကလဲ ခံစားနေရပြီ။ ဒီလိုပဲ လုပ်ကြံခံရပြီးတော့ တိမ်းပါးသွားတဲ့ သူလည်း တိမ်းပါးသွားခဲံ့ပြီ။ နောက်ဆုံးတော့ ကျွန်တော်တို့ အနန္တသူရိယ အမတ်ကြီးရဲ့ကဗျာထဲကလိုပေါ့ဗျာ၊ သမုဒ္ဒရာထက် ခဏတက်သည့် ရေပွက်ပမာ တသက်လျာတည့် ဆိုတာလိုပေါ့၊ အဲဒါကိုလည်း ကျွန်တောတို့ သွားသတိရတယ်။

အဲဒီလိုရတုန်းရခိုက် အဲဒီရေပွက်ပမာကာလလေးမှာ ဘာတွေလုပ်သွားကြမှာလဲဆိုတော့ တကယ်အချိန်မှီသေးတဲ့ လူတွေဟာ လုပ်ပိုင်ခွင့်တွေ လုပ်ဖို့အခွင့်အလမ်းတွေ ရှိနေတဲံ့အချိန်မှာ အများအတွက် တကယ်အကျိုးရှိမဲ့ ဆုံးဖြတ်ချက်မျိုး သမိုင်းကြောင်း တကယ်ကောင်းမယ့် ကိစ္စမျိုး၊ ပြသနာတွေကို ဖြေရှင်းပေးသွားနိုင်တယ့် အစွမ်း အစနဲ့ နိဂုံးချုပ်စေချင်တယ်။ အဲဒါကြောင့် အချိန်မနှောင်းခင်မှာ လုပ်ကြပါလို့ ကျွန်တော်တို့ တိုက်တွန်းချင်တယ်။ ”
“တယောက်မှာရှိတဲ့ အားနည်းချက်ကို တယောက်က နားလည်ပေး၊ ကြင်ကြင်နာနာနဲ့ထောက်ပြ၊ လက်ချင်းချိတ်ပြီးတော့ ဆက်တိုက်ရအုံးမှာပဲ အောင်ပွဲ မရောက်ခင်တော့ အချင်းချင်း အပြစ်တင်မှုတွေ တွေ့ ရမယ်။ အပြစ်ရှာမှုတွေကို တော့ ကျွန်တော်ကတော့ ရှောင်ရှားစေချင်တယ်။ ဒီမိုကရေစီရအောင် ဘယ်လိုလုပ်ရမလဲ ဆိုတာတောင်မှ အယူအဆတွေ ကွဲပြားကောင်း ကွဲပြားကြလိမ့်မယ်။ တကယ်တမ်း အလုပ်လုပ်မယ်ဆိုလျှင် တူညီတယ့်အချက်တွေကို ရှာဖွေပြီးတော့ တပြီုက်နက် လုပ်လို့ရပါတယ်လို့ ဒီမိုကရေစီရေးအတွက် တကယ်လုပ်တဲ့ ပုဂ္ဂိုလ်တွေဟာ ဒီမိုကရေစီကို တကယ်မြတ်နိုးတဲ့ ပုဂ္ဂိုလ်တွေဖြစ်ဖို့ လိုတယ်ဆိုတာကို ကျွန်တော် တကယ်ပြောချင်တယ်။”

သတင်းစာဆောင်းပါးနဲ့ ပတ်သက်၍ -

“သူတို့ဘက်ကနေပြီးတော့ အလေးအနက်ထားမှု ဒီဂရီမြင့်တက်လာတယ်လို့ ပြောရမှာဗျာ။ ဘာဖြစ်လို့လဲဆိုတော့ အရင်ကထက် ပေါ့ပေါ့ဆဆနဲ့ မရေးတန်ကောင်းဟုဆိုပြီးတော့ သူတို့ရေးသားခဲ့တဲ့ပုံစံပေါ့၊ အခုတော့ သူတို့ ပိုပြီးတော့ လေးနက်မှုပိုပြီး မြင့်လာတယ်လို့ အဲ့ဒီလိုပဲ မြင်ရမှာပေါ့။

ထွေထွေထူးထူးတော့ ပြောစရာမရှိပါဘူး။ သေချာတာကတော့ သူတို့မှာ ရည်ရွယ်ချက် တစ်ခုခုရှိလို့ အဲ့ဒီ ရည်ရွယ်ချက်အတိုင်းလုပ်ဖို့ အရင်ဆုံး ခင်းလိုက်တဲ့ အခင်းအကျင်းလို့တော့ သေချာပါတယ်။ နောက်ကွယ်မှာ သူတို့ ဒုတိယအဆင့်တွေ၊ တတိယအဆင့်တွေ လာဦးမှာပေါ့ဗျာ။ အဲ့ဒါတွေကတော့ စစ်အစိုးရရဲ့ လက္ခဏာတွေလို့တော့ ကျွန်တော် ဒီကနေ့အထိ မတွေ့သေးဘူး။

အဲ့ဒီ ၈၈ ကို ဆူပူမှု၊ အကြမ်းဖက်မှု စကားလုံးတွေ သုံးနှုန်းခြင်းတွေကိုယ်၌ကိုက ကျွန်တော်တို့နဲ့ အမြင်ချင်းသာ ကွာနေတာ။ ဆိုလိုတာကတော့ ကျွန်တော်တို့ ပြည်သူလူထုတစ်ရပ်လုံး တကယ့်ကို ရဟန်းရှင်လူ ပြည်သူ၊ နောက်ဆုံး သီလရှင်တွေပါ ပါတယ်။ တခဲနက်တောင်းဆိုတာ ရိုးရိုးသားသား တောင်းဆိုတာဗျ၊

မွန်းကြပ်နေတဲ့ မှောာင်မိုက်နေတဲ့ဘ၀ကနေ ပိုပြီးတော့ လင်းပွင့်တဲ့ လူ့ဘောင်တစ်ခု ပိုမိုကောင်းမွန်တဲ့ လူ့ဘောင်တစ်ခုကို တောင်းဆိုခဲ့တာ။ အဲ့ဒါဟာ တောင်းဆိုခဲ့ရတဲ့ အာဏာပိုင်တွေဘက်က ကြည့်ရင်တော့ အင်မတန် နားကလော်တယ်လို့ ဖြစ်လိမ့်မယ်။ ဆူပူတယ်လို့ ဖြစ်လိမ့်မယ်။ တကယ်တော့ ကိုယ်လိုချင်တဲ့ဘ၀ ယဉ်ကျေးတဲ့စနစ်တစ်ခုကို တောင်းဆိုတာဟာ အဲဒီအချိန်မှာ အာဏာပိုင်တွေဟာ ဆူပူတယ်ဆိုပြီး ခံစားသွားရတာပဲ။ အဲဒီတော့ ၈၈ ဟာ တကယ်တော့ ကျွန်တော်တို့ဘက်ကတော့ ပြင်းပြင်းထန်ထန် ရပ်တည်ပေးရမှာပဲ။ ၈၈ ဟာ ဆူပူမှုမဟုတ်ပါဘူး၊ ပြည်သူလူထုတစ်ရပ်လုံးရဲ့ တောင်းဆိုမှု၊ မြင့်မြတ်တဲ့ အရေးတော်ပုံတစ်ရပ်သာ ဖြစ်ပါတယ်။

အဲဒီလို အသုံးနှုန်းတွေနဲ့ တဘက်ကနေပြီးတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို သွားကြမယ်ဆိုရင်တော့ ကွာဟာမှုတွေအပေါ်မှာ ကျွန်တော်တို့ဘက်က မဟုတ်မမှန်ဘူး ဆိုတာတော့ ငြင်းဆိုရမယ်။ သူတို့ဘက်ကလည်း ၈၈ ဟာ လူထုဒီမိုကရေစီတောင်းဆိုခဲ့တယ်ဆိုတာကို လက်ခံရမှပဲ။ ဘာကြောင့်လဲဆိုတော့ သူတို့ကိုယ်၌ကိုက အာဏာသိမ်းတဲ့အခါကျတော့ လူထုတောင်းဆိုတဲ့ ဒီမိုကရေစီကို ရွေးကောက်ပွဲလုပ်ပေးပါမယ် ဆိုပြီးတော့ ဂတိခံပြီးတော့ သူတို့ အာဏာသိမ်းရတာလေ။

အဲ့ဒီတော့ ၈၈ ဟာ ဆူပူမှုလား။ ဒါဟာ ဂရုမစိုက်လောက်ဘူးဆိုရင် အဲဒီတုန်းကတည်းက အဲဒီဂတိကို မပေးနဲ့ပေါ့၊ အာဏာ မသိမ်းနဲ့ပေါ။ ကျွန်တော်တို့ဒီလိုပဲ တုံ့ပြန်ရတော့မပေါ့။” (အာအက်ဖ်အေ။ ၂၆၊ ၈၊ ၂၀၀၆)။

“ကျွန်တော်တို့ကို တိုက်ရိုက်စွပ်စွဲတယ်လို့တော့ မခံစားရ ပါဘူး။ သို့သော်လည်းပဲ ကျွန်တော်တို့ ရှင်းရှင်းလင်းလင်း ပြောထားချင်တာက ကျွန်တော်တို့ကိုယ်တိုင်က အကြမ်းဖက်မှုကို ဆန့်ကျင်နေတဲ့သူတွေ၊ ကျွန်တော်တို့ က ဒီမိုကရေစီ ဖြစ်ပေါ်ပြောင်းလဲမှုကို တောင့်တတယ်။ တကယ်လည်း အဲဒီလမ်းကို လုပ်ဆောင်နေတာဖြစ်တယ်။ နောက်တခုက ကျွန်တော်တို့မှာ လူသတ်လက်နက်တော့ မရှိဘူး။ အဲဒီတော့ ကျွန်တော်တို့ ပြည်သူလူထုကိုပဲ အားကိုးတယ်။ ပြည်သူလူထု တရပ်လုံး ပူပေါင်းပါဝင်နိုင်တဲ့ ငြိမ်းချမ်းသောနည်းကိုပဲ ကျွန်တော်တို့ ရွေးချယ်မှာဖြစ်တယ်။” (ဘီဘီစီ၊ ၂၁၊ ၉၊ ၂၀၀၆)။

စစ်အစိုးရသတင်းစာနဲ့ ပတ်သက်၍ -

“တကယ့်ပြည်သူအစစ်မှန်တွေက ဘယ်လို ဆက်ဆံတယ်ဆိုတာကို သွားကြည့်မယ်ဆိုရင် သိနိုင်တယ်။ တကယ့်တကယ် ပြည်သူတွေနဲ့ လွတ်လွတ်လပ်လပ် တွေ့ဆုံခွင့် ပေးမလား။ အဲဒီပြည်သူတွေက ကျွန်တော်တို့ကို ဆူပူ တဲ့ အကြမ်းဖက်သမားတွေလို့ စွပ်စွဲမလား၊ သို့တည်းမဟုတ်ရင် တိုင်းပြည်ရဲ့ ကောင်းရာကောင်းကျိုးကို လုပ်မယ့်သူတွေလို့ မြင်မလား။ အဲဒါ လွတ်လပ်ခွင့် ဘယ်လောက်ပေးနိုင်မလဲ။ ကျွန်တော်တို့ လက်တွေ့ကျကျ ဖြေရင်းပြချင်ပါတယ်။

သတင်းစာထဲမှာ အစိုးရတသင်းစာအနေနဲ့၊ အစိုးရအာဘော်အနေနဲ့ ထည့်ပြီဆိုတဲ့အခါကျတော့ ၈၈ လို ကိစ္စမျိုးပဲ ကြည့်ပါ။ ၈၈ မှာ ကျွန်တော်တို့က ပြည်သူတရပ်လုံး ဒီမိုကရေစီကို တောင်းတာ၊ အစိုးရက အဲ့ဒီအချိန်မှာ တပါတီအာဏာရှင်တို့ မည်သည် ဒီမိုကရေစီကို အသံမကြားချင်ဘူး။ ဒီမိုကရေစီတောင်းတာနဲ့ သူတို့နားထဲမှာ ဆူတယ် ပူတယ်ဆိုပြီး ဖြစ်တာပဲ။ ဒါကြောင့် ဆူပူမှုလို့ ပြောတာပေါ့ဗျာ။

တကယ်တော့ ပြည်သူတွေက ကျွန်လို မနေချင်ဘူး။ သခင်လိုနေချင်တော့ ဒီမိုကရေစီ တောင်းတာပေါ့ဗျ။ အစိုးရကို ကိုယ်တိုင်ရွေးမယ်၊ ကိုယ်တိုင်ခန့်မယ်၊ အစိုးရ မဟုတ်တာလုပ်ရင် ကိုယ်တိုင်ပြန်ဖြုတ်ချမယ်။ အဲဒါ ပြည်သူတွေရဲ့ အခွင့်အရေး၊ မူလအခွင့်အရေး၊ အဲဒီ အခွင့်အရေးကို ပြောတာ။ အဲဒါ သခင်အခွင့်အရေးပဲ ဒီမိုကရေစီ တောင်းဆိုတဲ့ ကိစ္စကို အာဏာကိုင်စွဲထားတဲ့လူတွေက အာဏာရှင်စိတ်ဓါတ်မျိုး ရှိနေမယ်ဆိုရင် သူတို့က ဆူပူတယ်လို့ နားလည်မှာပဲ။ အဲဒါက တကယ့်ပြည်သူသဘောဆန္ဒကို ဖော်ထုတ်တာပဲခင်ဗျ။

အဲဒါတပြည်လုံးမှာရှိတဲ့ ရဟန်းရှင်လူတွေက တခဲနက်တောင်းဆိုခဲ့တဲ့အတွက် ဒီမိုကရေစီရွေးကောက်ပွဲတွေ လုပ်ပေးပါ့မယ်ဆိုတဲ့ ကတိကို ပေးပြီးတော့ တပ်ကအာဏာသိမ်းရတာ။

အဲဒါပြည်သူတရပ်လုံးက တောင်းတာမဟုတ်ဘူး။ ဒါဟာ ဆူပူမှုသာလျှင် ဖြစ်တယ်ဆိုရင် အဲဒီတုန်းက အဲဒီ ကတိမျိုးမပေးဘဲနဲ့ သိမ်းကြည့်ပါလား။ ကျွန် တော် မေးကြည့်ချင်တယ်။ အဲဒီအခြေအနေမျိုးကို ပြန်မေးပြီးတော့။” (ဗွီအိုအေ၊ ၂၆၊ ၈၊ ၂၀၀၆)။

3D- FUND နှင့်ပတ်သက်၍ -

“ကျွန်တော်တို့ နားလည်ထားတာကတော့ သံတမန်များအနေနဲ့ ဖြစ်စေ၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းများနဲ့ ဖြစ်စေ၊ သူတို့နေက သူတို့လုပ်ငန်းအတွက် သူတို့တွေ့ချင်တဲ့ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တွေကို လွတ်လွတ်လပ်လပ် ရွေးချယ်ကြရမှာ။ သူတို့ တွေ့ချင်တယ်လို့ ယူဆရင် ကာယကံရှင်တွေရဲ့ ရွေးချယ်မှုသာဖြစ်တယ်။ အဲဒါ အဓိကကျပါ တယ်။ အဲတော့ ကာယကံရှင်တွေ ရွေးချယ်မှုအပေါ် ကန့်ကွက်တာမျိုး၊ ဝေဖန်တာမျိုးက ဘယ်လိုနည်းနဲ့မှ သဘောမကျဘူး။

ကျွန်တော်တို့ သဘောထားကို ပွင့်ပွင့်လင်းလင်း ပြောပြီးသားပါ။ အစီအစဉ်တွေအနေနဲ့က မိမိတို့စီစဉ်တဲ့ အစီအစဉ် လက်ဝယ်ရောက်ရှိရေးအတွက် အဲဒီအတွက် သူတိုလုပ်ငန်းတွေ ပြန်ပြီးတော့သုံးသပ်ဖို့လိုတယ်။ အဓိက ကျွန်တော်ပြောချင်တာက သူတို့မှာ သုံးသပ်တဲ့အခွင့်အရေး ရှိရမယ်။ ဒါ မတရားသဖြင့်ဖြစ်နေမယ်၊ အတားအဆီးတွေ ဖြစ်နေမယ်၊ မရေရာမှုတွေ၊ မလုံခြုံမှုတွေ ဖြစ်နေရင် သူတို့က သက်ဆုင်ရာကို ပြန်ပြီးတော့ တောင်းဆိုခွင့်ရှိရမယ်။ အဲဒီလိုတောင်းဆိုခွင့်ပေါ်မှာ မူတည်ပြီး တော့ အမြဲတစေ သုံးသပ်နေရမယ်။ ဘယ်လောက်ထိရောက်မှုရှိသလဲလို့ အဲဒီလို သုံးသပ်ပြီးတဲ့အခါမှာ တောင်းဆို သင့်တာတွေကို တောင်းဆိုရမယ်။ ဒါကို ကျွန်တော်တို့ ကြိုဆိုတယ်။ (ဒီဗွီဘီ၊ ၂၆၊ ၈ ၊ ၂၀၀၆)။

မဂ္ဂင်ကျောင်း HIV ရောဂါဝေဒနာရှင်များနှင့်ပတ်သင်၍ -

“ကျွန်တော်နားလည်ထားတာက တကယ်တမ်း မွန်မြတ်တဲ့ အလုပ် အများအတွက် ကိုယ်ကျိုးတွေကို အထိုက်အလျောက် စွန့်ပြီးတော့ လုပ်ကြတဲ့ အလုပ်မျိုးဆိုတာ မြှောက်ပေးလို့ လုပ်ရတာမျိုး မဟုတ်ဘူးခင်ဗျ။ ဒါမျိုးဟာ မိုက်ရူးရဲ အလုပ် မဟုတ်ဘူး။

ကျွန်တော်တို့ ထောင်တွေထဲမှာ ရှိနေကတည်းက သူတို့တွေအလုပ်တွေကို လုပ်နေတာပဲလေ။ သူတို့အသိ စိတ်ဓတ်နဲ့ သူတို့ လုပ်နေတာ။ ကျွန်တော်တို့နဲ့ ဘယ်လိုပတ်သက်မှုမျိုးတွေ ရှိနေသလဲဆိုရင် ကျွန်တော်တို့ အလုပ် လုပ်ကြတဲ့နေရာမှာ အတွေ့အကြုံကို မျှဝေဖလှယ်ကြတာမျိုးတွေ ရှိဖူးတယ်။ အပြန်အလှန် ကူညီကြတာမျိုးပဲ ရှိတယ်။

တကယ့်တကယ် သူတို့အလုပ်ရဲ့သဘောကိုက လိုအပ်လို့ရှိရင် အိတ်ကပ်ထဲက ပိုက်ဆံကို သူတို့စိုက်ကြ တယ်။ ကိုယ့်ဘ၀တက်လမ်းအတွက် သူတို့မလုပ်ကြဘူး။ ကိုယ့်စီးပွားအတွက်လည်း မလုပ်နိုင်ကြဘူး။ အဲတော့ မွန်မြတ်သန့်စင်တဲ့ အများအကျိုးဆောင်လုပ်ငန်းတွေ ဘယ်သူကမှလည်း မြှောက်ပေးလို့မရဘူး။ အဲဒီလို သံသယမျိုးနဲ့ ချဉ်းကပ်မယ် ဆိုလို့ရှိရင် အမှန်တရားနဲ့ ပိုဝေးသွားမယ်။ ကျွန်တော်တို့ တိုင်းပြည်မှာ အာဏာပိုင်တွေအနေနဲ့က သံသယအခြေအနေ မမြင်ဖို့ အဲဒါကို တော်တော်ကြီးကို ဆင်ခြင်ရမယ့် ကိစ္စဖြစ်နေတာ။ ကျွန်တော်ဒီကနေ့ ကြုံကြိုက်တဲ့အခါမျိုးမှာ ထောက်ပြချင်တယ်။” (အာအက်ဖ်အေ၊ ၁၆၊ ၈၊ ၂၀၀၆)။

HIV ရောဂါဝေဒနာရှင် ကိုသန်းလွင် ( နိုင်ငံရေးအကျဉ်းသား ) ရက်လည်ဆွမ်းကျွေးနေ့နှင့် ပတ်သက်၍ -

“ဒီနေ့ မနက်မှာတင် အဲဒီဝေဒနာသည်တွေရဲ့ ဆွမ်းကပ်ပွဲကို ရောက်ခဲ့တယ်။ သူတို့ တွေနဲ့ စကားပြောခွင့်ရခဲ့တယ်။ အဲဒီမှာဆိုလို့ရှိရင် လွန်ခဲ့တဲ့ ရက်ပိုင်းတွေတုန်းက စုပေါင်းပြီးနေထိုင်တဲ့ ဆေးကုသဖို့ ရောက်လာတဲ့ တောင်တွင်းကြီးနယ်ဘက်က ရောဂါသည်တွေကို ထမ်းပွေ့ပြီး ခေါ်လာရတာ။ အရိုးပေါ်အရေတင်ပဲ ရှိတော့တာ။ အခုကြတော့ သူတို့က သာမန်လူတစ်ယောက်နီးပါးလောက်တောင် ပြန်ပြီးတော့ လှုပ်ရှားပြီးတော့ အများနည်းတူလောက်ကို တွေ့ ရတယ်။ သူတို့ကို လူ့အဖွဲ့အစည်းကနေပြီးတော့ နွေးနွေးထွေးထွေး ဆက်ဆံတယ်။ ပြီးတော့ လက်တွဲခေါ်တယ်ဆိုတဲ့အသိနဲ့ သူတို့ပြန်ပြီး ထူမတ်လာတာလေ၊ အခုဆိုရင် သူတို့ကိုယ်တိုင်ကိုက လက်ရှိ ဝေဒနာခံစားရတဲ့ လူအချင်းချင်းတောင်မှ သူတို့ကပြန်ပြီး အခြေအနေဆိုးဝါးနေတဲ့ လူငယ်တွေကို ပြန်ပြီးတော့ ပြုစုကုသပေးနေတာ ကျွန်တော်အမှန်တွေ့ခဲ့ရတယ်။ အင်မတန် အားရစရာကောင်းတဲ့ အခြေအနေမျိုး ဖြစ်နေတယ်။

ဒီရောဂါသည်တွေကို တချို့ က ဘယ်နှစ်လပဲ ခံတော့မယ်။ ခင်ဗျာ ကုသိုလ်ကောင်းမှုသာ ပြုပေတော့၊ တခြား နည်းမရှိတော့ဘူးဆိုပြီး ပြောရင် ဘုန်းဘုန်းလဲတော့တာဘဲ။ ဘာနဲ့တူသလဲ ဆိုရင်တော့ဗျာ၊ ကျွန်တော်တို့ ဟိုစက် ဘီးနင်းသင်ပေးသလိုပေါ့၊ နောက်ကနေ လက်ကိုင်ပေးထားတယ်ဆိုတဲ့ အသိနဲ့ သူတို့က နင်းနေရင် ဖြောင့်နေတာပဲဗျ။ တကယ်တော့ မကိုင်ဘဲနဲ့ လွှတ်လိုက်ရင်တောင် ရနေတယ်။ အဲဒီလို လူ့အဖွဲ့အစည်းက ကြင်နာတဲ့ နှလုံးသားရှိ တဲ့ လူတွေနဲ့ သူတို့ဘ၀တွေ လမ်းခင်းစေဖို့အတွက် ကျွန်တော်တို့ အရင်ဆုံး လုပ်ရလိမ့်မယ် ထင်တယ်။

ဒါကဘာလဲဆိုတော့ ဒေသဆိုင်ရာအာဏာပိုင်အဖွဲ့အဆင့်ဆင့်မှာ ရှိနေတဲ့ ကျန်းမာရေးဆိုင်ရာ အသိအမြင်ကို ကျွန်တော်ပြောချင်တာပါ။ အဲဒီမှာ ရပ်ကွက်အဆင့်ကပြောတာက ဒီလူနာတွေကို ထားလို့ရှိရင် သူတို့ရဲ့ ဆီး၊ ၀မ်း တွေကနေပြီးတော့ ကူးစက်ကုန်မယ်လို့ ပြောတာမျိုး၊ သူတို့ရဲ့အသိက ပိုးက ဆီး၊ ၀မ်းကူးတယ်လို့ပဲ သူတို့နားလည်နေတာ။ အဲဒါ ပုလိပ်ရောဂါလို၊ ၀မ်းရောဂါလို လုံးထွေးပြီးတော့နေတဲ့ကိစ္စပေါ့။

အဲဒီလောက်တောင် မသိဘူးဆိုရင် ဒေသဆိုင်ရာအာဏာပိုင်တွေရဲ့ သိမြင်တဲ့ အဆင့်အတန်းဟာ အမျိုးသားကျန်းမာရေးကို ပြန်ပြီးတော့ ခြိမ်းခြောက်နေတယ်။ နောက်တခု ဒီထက်ပိုပြီးမြင်တဲ့ အာဏာပိုင်တွေမှာလည်း ဒီ ရောဂါသည်တွေရဲ့ပွဲတွေ ငါ့နယ်ထဲမှာ လုပ်ခွင့်မရှိဘူး မလုပ်ရဘူးဆိုပြီးတော့ ဒါမျိုးတွေကျတော့ ကျွန်တော်တို့ တိုင်းပြည်မှာ ဟောဒီလို ဝေဒနာသည်တွေ အပေါ်မှာ ဘယ်လိုစိတ်ထားသလဲ၊ ဘယ်လို စိတ်နှလုံးအခံမျိုးနဲ့ ကြည့်ရှုသလဲဆိုတာ ဒါအဖြေပေါ်နေတာ။

အဲဒီတော့ အာဏာပိုင်အဖွဲ့အစည်းအဆင့်ဆင့်ဟာ အဲဒီရောဂါကူးစက်ပုံအကြောင်းကိုမှ နားမလည်ပဲနဲ့ နောက်တချက် အဲဒီဝေဒနာသည်တွေအပေါ် ဂရုဏာစိတ်နှလုံး မရှိပဲနဲ့ မတူမတန်သလို လူ့အဖွဲ့အစည်းက လက်ခံလို့မရတဲ့ မကောင်းဆိုးဝါးများလို ထင်နေမယ် ဆက်ဆံနေမယ်ဆိုရင် နိုင်ငံတကာက အကူအညီပေးတဲ့ လူသားချင်းစာနာတဲ့ အထောက်အကူတွေဟာ ဘယ်လိုမှ ထိရောက်နိုင်မယ်လို့ ကျွန်တော်တို့ လမ်းမမြင်ဘူး။ အာဏာပိုင်တွေကိုပြန်ပြီးတော့ သင်တန်းတွေ ဖွင့်ပေးရမလို ဖြစ်နေပြီ။ အဲဒါ လက်တွေ့ကျတဲ့ အလုပ်ဖြစ်နေတယ်။

ကျွန်တော်တို့ တင်ပြဖူးခဲ့တဲ့ အခြေအနေရှိတယ်။ လက်ရှိအာဏာရနေတဲ့ အဖွဲ့အစည်းနဲ့ ပြည်တွင်းမှာရှိနေတဲ့ အင်အားစုတွေနဲ့ ညှိနှိုင်းဆွေးနွေးပါ။ ပြီးတဲ့အခါမှာ နိုင်ငံတကာလက်ခံနိုင်တဲ့ စံချိန်စံညွှန်းတွေအတိုင်း ဖြစ်အောင်လို့ ခင်းကျဉ်းလိုက်ပါ။ အဲဒီအခင်းအကျင်းမှာ အဖြေရှာမယ်ဆိုလိုရှိရင် အဲဒါလက်တွေ့ကျကျ လုပ်နိုင်တဲ့အလုပ်ပါ။ အဲဒီအဆင့်ကို မရောက်ဘဲ အစိုးရနဲ့ပဲ ဆက်ပြီးတော့ ညှိနှိုင်းပြီးလုပ်သွားမယ်ဆိုလို့ရှိရင် လက်တွေ့မှာဘဲ အခက်အခဲ တွေ အများကြီး တွေ့နေရပြီ။ နိုင်ငံတကာက ဖေးမပြီး တွဲခေါ်နေကြတဲ့ ဝေဒနာရှင်တွေအပေါ်မှာ ရမ်းရမ်းကားကား ဆက်ဆံခံရတာတွေ ရှိနေတဲ့အခါကျတော့ လက်တွေ့မှာ တကယ့်တကယ် အကူအညီပေးတဲ့ အဖွဲ့အစည်းတွေအနေနဲ့ ပြန်ပြီးတော့ သုံးသပ်ဖို့လိုနေပြီဆိုတာ ကျွန်တော်တို့တွေ မကဘူး၊ ကာယကံရှင်တွေ လက်တွေ့ကျကျလုပ်နေတဲ့လူတွေ အားလုံးက ဒီကနေ့ တောင်းဆိုနေကြပြီ။ (ဒီဗွီဘီ၊ ၁၈၊ ၈၊ ၂၀၀၆)။

စစ်ကြောရေး၌ သေဆုံးခဲ့သော ကိုအောင်လှိုင်ဝင်း ၁ နှစ်ပြည့်၌-

နိုင်ငံသားတွေရဲ့ဘ၀ဟာ ဘယ်လောက်တောင် လုံခြုံမှုကင်းမဲ့သလဲဆိုရင် သူ့အသက်နဲ့ စွန့်ပြီးတော့ ပြသွားခဲ့တာပဲ။ လူတစ်ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ရုံးတင်တဲ့အဆင့်တောင် မရောက်ပဲနဲ့ အသက်မပါပဲနဲ့ အလောင်းကိုပဲ သင်္ဂြိုလ်လိုက်ရတယ်ဆိုတဲ့အဖြစ်မျိုးဟာ ဒီမိုကရေစီကို သွားနေပါတယ်ဆိုတဲ့ ကြွေးကြော်သံအောက်မှာ အင်မတန် မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။

ကျွန်တော်တို့တတွေဟာ ပုဂ္ဂိုလ်ရေးအရ ချစ်ခင်မှုသော်လည်းကောင်း၊ မုန်းတီးမှုကြောင့်သော်လည်းကောင်း၊ အခုလို နိုင်ငံရေးလှုပ်ရှားမှုတွေမှာ ၀င်ပြီးတော့ ဆောင်ရွက်နေကြတာ မဟုတ်ဘူး။ ပတ်သက်နေကြတယ်ရယ်လို့ မဟုတ်ဘူး။ ကျွန်တော်တို့ လိုချင်တာက စနစ် ဖြစ်တယ်။ နိုင်ငံသားတိုင်းဟာ မိမိရဲ့အသက်နဲ့ ဘ၀လုံခြုံရေးသည် နံပါတ် (၁) ဖြစ်ရမယ်။ အဲဒီတော့ အုပ်စိုးသူတွေအနေနဲ့ နိုင်ငံသားတွေရဲ့ လုံခြုံမှုကို အာမခံချက် ပေးနိုင်ရလိမ့်မယ်။

အခုလို အောင်လှိုင်ဝင်းလိုကိစ္စမျိုးမှာဆိုရင် အာမခံချက် မရှိတဲ့အပြင် အာဏာပိုင်တွေဟာ နိုင်ငံသားတွေအတွက် ခြိမ်းခြောက်မှုဖြစ်နေတယ်ဆိုတာ ထင်ထင်ရှားရှား ပြနေတယ်။ ဒါ ကိုအောင်လှိုင်ဝင်းတစ်ယောက်တည်း မဟုတ်ပါဘူး။ နောက်ထပ်များစွာသော ကျွန်တော်တို့ နိုင်ငံသားတွေဟာ အာဏာပိုင်တွေရဲ့ ခြိမ်းခြောက်မှုကို ခံစားနေရသလိုဖြစ်နေတယ်ဆိုတာကို ကိုအောင်လှိုင်ဝင်းကို သက်သေထားပြီးတော့ ကျွန်တော်ပြောချင်တယ်။ (ဗွီအိုအေ၊ ၈၊ ၅၊ ၂၀၀၆)။

ကိုသက်နိုင်ဦးအမှုနှင့်ပတ်သက်၍ -

“အခု ကိုသက်နိုင်ဦးကိစ္စမှာ ဘာကိုပြနေသလဲဆိုတော့ လူတယောက်ပေါ့ သူ့ရဲ့ ရုန်းရင်းဆံခတ်ဖြစ်လာတဲ့အခါမှာ သူ့ အပေါ်မှာ အာဏာပိုင်အဖွဲ့အစည်း၊ လက်နက်ကိုင်အဖွဲ့အစည်းတွေက သူ့ကို ဖမ်းပြီးတော့ အရေးယူလို့ ရပါတယ်။ ဒဏ်ငွေတပ်စရာရှိရင် ဒဏ်ငွေတက်လို့ ရတယ်။

ဒါပေမဲ့ သူ့ကို သေအောင် ၀ိုင်းရိုက်သတ်ခွင့်တော့ မရဘူး။ အဲဒီလို ရိုက်သတ်ခွင့်လိုင်စင်ဆိုတာ ဘယ်သူ့မှာမှ မရှိဘူး။ တရားဥပဒေအတိုင်းပဲ ဖြေရှင်းဖို့သင့်ပါတယ်။

နောက်တစ်ခုက ကျွန်တော်တို့ဆီမှာ ဖြစ်နေတာက ယူနီဖောင်းဝတ်ဆိုလို့ရှိရင် သွေးတွေ ကြွလာတဲ့ ဓလေ့ဆိုးကြီးက အင်မတန်ဝမ်းနည်းစရာလည်းကောင်းတယ်။ နိုင်ငံခြားသားတွေအမြင်မှာလည်း မကောင်းဘူး။ နိုင်ငံကြီးသားပီသမှုလည်း မဟုတ်ဘူး။

အဲဒီတော့ အကြောင်းကြောင်းကြောင့် ယူနီဖောင်းတစ်ခုကို ၀တ်ရတယ်ဆိုတာ တာဝန်ကို ထမ်းဆောင်ဖို့ပဲ ဖြစ်တယ်။ အဲဒီတော့ သာမန်အားဖြင့် ပြည်သူလူထုနဲ့ တွေ့ဆုံရတယ်။ ဖြေရှင်းရတဲ့နေရာမှာ မိမိမှာ တာဝန်ရှိတဲ့အလျောက်ပဲ မိမိတာဝန်ထဲကပဲ ဖြေရှင်းသင့်ပါတယ်။ ဥပမာဆိုပါတော့ နိုင်ငံတကာမှာ မီးသတ်အဖွဲ့အစည်းများဆိုတာဟာ သဘာဝဘေးဒုက္ခတွေကြားထဲက လူသားတွေကို ကယ်တင်ဖို့ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းပါ။ အဲဒီတော့ ပြည်သူလူထုတွေ နိုင်ငံသားတွေကို အကာအကွယ်ပေးဖို့သက်သက် ဖွဲ့စည်းထားတဲ့ မီးသတ် အဖွဲ့အစည်းတွေ ဖြစ်တယ်။ အဲဒီလိုမျိုး အဖွဲ့အစည်းတွေဟာ ဘယ်လိုအကြောင်းနဲ့မှ လက်နက်ကိုင်ပြီးတော့ အရပ်သူအရပ်သားတွေကို အန္တရာယ်ပြုတာမျိုး ခြိမ်းခြောက်တာမျိုးက ဘယ်လိုနည်းနဲ့မှ မဖြစ်သင့်ဘူးဆိုတာကို ကျွန်တော်တို့ ပြည်သူပြည်သားများအားလုံးကိုယ်စား ကျွန်တော် ဒီကနေ့ တောင်းဆိုချင်တယ်။ ရဲရဲတင်းတင်း ဒီကိစ္စကိုတော့ ပြောချင်တယ်။” (ဒီဗွီဘီ၊ ၁၉၊ ၃၊ ၂၀၀၆)။

၈၈ မျိုးဆက်ကျောင်းသားများကျင်းပတဲ့ ရှစ်လေးလုံးအခမ်းအနားနှင့်ပတ်သက်၍ -

“သေချာတာကတော့ဗျာ ဒီရှစ်လေးလုံးအရေးတော်ပုံနှင့် ပတ်သက်လို့ရှိရင် ဘယ်လိုဘဲ အမှောင်ချထားပါစေ၊ ပုံဖျက်ထားပါစေ၊ တကယ်တော့ ဖြတ်သန်းလိုက်ရတဲ့ပုဂ္ဂိုလ်တွေက တန်ဖိုးကို သိတယ်ဗျ။ အဲဒီရဲ့ အနှစ်သာရ သဘောကို နားလည်တယ်။ အဲဒါကြောင့် ကျွန်တော်တို့ဆီလာပြီး ပူးပေါင်းဆောင်ရွက်ကြတာပဲ။

တချို့ မျိုးဆက်သစ်တွေရှိတယ်။ အဲဒီတုန်းက မမှတ်မိတဲ့အရွယ် သိပ်ငယ်သေးတဲ့အရွယ်တွေက ယခုကြတော့ လူလားမြောက်နေပြီ။ သူတို့လည်း တခဲနက်လာပြီး ပူးပေါင်းကြတာပဲဗျ။ နယ်တွေကတောင် တက်လာကြတယ် ရရာ ရထား၊ ကားတွေ၊ သင်္ဘောတွေနဲ့ ရောက်လာကြတာပဲ။ ပင်ပန်းကြီးတွေနဲ့ ရောက်လာခဲ့ကြတာပါဆိုတော့။ ဘာကိုပြသလဲဆိုတော့ ကျွန်တော်တို့ ပြည်သူတွေဟာ တကယ်တမ်းခြိမ်းခြောက်မှုတွေ ဘယ်လိုပဲရှိလင့်ကစား၊ ကျွန် တော်တို့ ပြည်သူတွေဟာ အမှန်တရားအတွက်ဆိုရင် ရဲရဲကြီး တိုးရဲတယ်ဆိုတဲ့ အချက်ကို ပြနေတာ။ အဲဒါကို ကျွန်တော် အင်မတန်အားရမိတယ်။

အခုလို အခမ်းအနားမျိုးထက်ပိုပြီး အရေးကြီးတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးလို ကိစ္စမျိုးမှာ ပြည်သူရွေးချယ်ထားတဲ့ ကိုယ်စားလှယ်တွေနဲ့ အဲဒီလိုမျိုး နားလည်မှုအခြေခံပြီးတော့ စေ့စပ်ဆွေးနွေးလိုက်မယ်ဆိုရင် ကျွန် တော်တို့ တခဲနက်သြဘာပေးဖို့ တခဲနက်ထောက်ခံပေးဖို့ အဆင်သင့်ပဲ။ အဲဒါမျိုးဆိုရင် ၀မ်းမြောက်ဝမ်းသာ ကျွန်တော်တို့က ကြိုဆိုပါတယ်။” (အာအက်ဖ်အေ၊ ၈၊ ၈၊ ၂၀၀၆)။

မစုစုနွေး ဆုရရှိမှုအပေါ်၌ -

ကျွန်တော်တို့ တိုင်းပြည်မှာ တပါတီအာဏာရှင်စနစ်လက်အောက်ကနေ စပြီးတော့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအရေးအတွက် လှုပ်ရှားကြတဲ့ ပုဂ္ဂိုလ်အားလုံးဟာ ယခင့်ယခင်ဆုလာဒ်တွေ ရတယ်ဆိုတာ မရှိခဲ့ဘူး။ ပြစ်ဒဏ်တွေပဲ ရှိတယ်။

လူဆိုတာ လူ့အခွင့်အရေးတွေ ရှိရမယ်၊ ဒီမိုကရေစီဆိုတာဟာ လူသားတွေရဲ့ ယဉ်ကျေးမှုစနစ်ဖြစ်တယ်ဆိုတဲ့အချက်ကို မြတ်နိုးတဲ့အတွက် ကျွန်တော်တို့ အလုပ်လုပ်ကြတာ ဖြစ်တယ်။ အဲဒီအထဲမှာ အခုလို ကျေးတောသူလေးတစ်ယောက် သာမန်ပြည်သူထဲက ပြည်သူတစ်ယောက်က သူ့အစွမ်းအစရှိသမျှ သူသတ္တိမွေးပြီးတော့ ရဲရဲရင့်ရင့်ဆောင်ရွက်တဲ့အချက်တွေပေါ်မှာ နိုင်ငံတကာမိသားစုက တုံ့ပြန်လိုက်တဲ့ အသိအမှတ်ပြုမှုပဲလို့ အဲ့ဒီဆုကို ကျွန် တော် မြင်တယ်။

စုစုနွေးလို ပုဂ္ဂိုလ်မျိုးနဲ့ ထိုက်သင့်တယ်လို့ ယူဆလို့ တကယ့် ဂျူရီလူကြီးများအပါအ၀င်ပေါ့ နိုင်ငံတကာက ထင်ရှားတဲ့ပုဂ္ဂိုလ်တွေ ရွေးချယ်လိုက်တဲ့အပေါ်မှာ ကျွန်တော်တို့ မြန်မာပြည်သားတစ်ယောက်အနေနဲ့ ဂုဏ်ယူပါတယ်။

တဆက်တည်းမှာပဲ ဆုရသည်ဖြစ်စေ၊ ဆုမရသည် ဖြစ်စေပေါ့ဗျ၊ာ အဲဒီလို စုစုနွေးလို ပုဂ္ဂိုလ်မျိုးတွေ တဦးချင်း ကြိုကြားကြိုကြား တိုင်းပြည်အနှံ့မှာ ပေါ်လာမယ်ဆိုရင် ဒီမိုကရေစီရရှိရေး ကြိုးပမ်းမှုဟာ အောင်မြင်မှာပါ။ အဲ့ဒီအချိန်မှာ အောင်မြင်မှာပါ။ အများက ငါတို့နဲ့ ဆိုင်တယ်။ ငါတို့ တတ်နိုင်သမျှ ၀င်ပြီး ထမ်းကြမယ်၊ ဖိနှိပ်မှုကို တွန်းလှန်မယ်။ မတရားသဖြင့်လုပ်ရင် မခံဘူး၊ အနိုင်ကျင့်တာမြင်ရင် ဒို့သာရပ်ခံမယ်ဆိုတဲ့ စိတ်ဓါတ်တွေ ပေါ်လာမယ်ဆိုရင် ကျွန်တော်တို့တိုင်းပြည်မှာ အားလုံးလိုချင်တဲ့ ဒီမိုကရေစီရမှာပဲ။”

ထိုင်းနိုင်ငံ ၀န်ကြီးချူပ် သက်ဆင် မြန်မာနိုင်ငံရုတ်တရက်ရောက်လာမှုနှင့် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ဖို့ပြောတဲ့ကိစ္စအပေါ်၌-

ကျွန်တော်တို့အနေနဲ့ သတိကြီးကြီးနဲ့ ကြည့်ရမှာက ဘယ်လိုပုဂ္ဂိုလ်မျိုးဖြစ်ပါစေ၊ ဘယ်လိုအဖွဲ့အစည်းမျိုးကို ကိုယ်စားပြုတာပဲ ဖြစ်ပါစေပေါ့၊ အတိတ်က ဘယ်လို ပြောဆိုခဲ့တယ်၊ ဘယ်လို ပြုမူခဲ့တယ်၊ ကျင့်ကြံခဲ့တယ်ဆိုတာကိုတော့ ကျွန်တော်တို့ မမေ့ဖို့ အင်မတန် အရေးပါတယ်။ ဘယ်အဖွဲ့အစည်း ဘယ်ပုဂ္ဂိုလ် မဆိုပါ ကိုယ့်အကျိုးစီးပွားတွေ ကိုယ်စီကိုတော့ ယှဉ်ထိုးပြီးတော့ ကြည့်ကြမှာပဲ။ ပြောကြမှာပဲလေ။ ဒီတော့ ကျွန်တော်တို့က တစုံတခု စကားတခွန်း ကြားရရုံနဲ့တော့ ကျွန်တော်တို့တတွေ ၀မ်းမြောက်ဝမ်းသာဖြစ်ပြီးတော့ ကျွန်တော်တို့တတွေ အမျှော်မစိုက်ကြဖို့ပဲ အရေးကြီးတာပါ။

အဲဒီလိုတစုံတခုဆီက စကားသံကြားလို့လဲ ကျွန်တော်တို့ စိတ်ဓါတ်တွေ ပျက်ပြားမသွားဖို့ အရေးကြီးပါ တယ်။ ကျွန်တော်တို့က ကာယကံရှင်တွေလေ။ ကျွန်တော်တို့က ဒီမှာ မိမိရဲ့ အလုပ်ကိုလည်း မိမိအာရုံစိုက်နေတယ် အဲဒီလိုဘဲ နိုင်ငံတကာအဖွဲ့အစည်းတွေ ပြင်ပက ၀န်းရံကြမဲ့ ပုဂ္ဂိုလ်တွေကိုလည်း ကျွန်တော်တို့ကတော့ ဂရုကတော့ အတန်အသင့် ဂရုစိုက်နေရ မှာပဲ။ မိမိလမ်းကြောင်းကို မိမိ ရည်ရွယ်ချက် မပျက်ဖို့ အရှိန်အဟုန် မပျက်ဖို့ တော့ အင်မတန်အရေးကြီးပါတယ်။ ကျွန်တော်တို့ကတော့ အမျှော်စိုက်သများတွေ မဟုတ်တဲ့အခါကျတော့ ဘယ်လိုပုဂ္ဂိုလ်၊ ဘယ်လိုအဖွဲ့အစည်းဖြစ်ဖြစ် မှန်ကန်တဲ့ အားပေးထောက်ခံမှု၊ မှန်ကန်တဲ့ တွန်းအားပေးရင်တော့ ကျွန်တော်တို့ ကြိုဆိုနေမှာပဲ။ အတိက်က ကျွန်တော်တို့ လုပ်ရမယ်ဆိုတဲ့ကိစ္စကိုလည်း ဘယ်တော့မှ မေ့သွားမှာ မဟုတ် ပါဘူး။

ပြည်ပက ဘယ်ပုဂ္ဂိုလ်၊ ဘယ်အဖွဲ့အစည်းမဆိုပါ ပြည်တွင်းကလည်း ထို့အတူပါ။ တစုံတခုကို ပြောဆိုပြီ တောင်းဆိုပြီဆိုတဲ့အခါမှာ အဲဒီနောက်မှာ အင်အားဘယ်လောက်ပါသလဲဆိုတာက ဒီကနေ့မှာ လက်တွေ့ကျတဲ့ ကိစ္စဖြစ်နေတယ်။ ကျွန်တော်တို့က ဘယ်မျှပဲဖြစ်သင့်ဖြစ်ထိုက်တဲ့ကိစ္စဖြစ်ပါစေ နောက်ကွယ်မှာ အင်အားမပါဘူးဆိုရင်တော့ ကျွန်တော်တို့ဆီမှာ အပြောင်းအလဲဖြစ်ဖို့က ခဲယဉ်းပါလိမ့်မယ်။ အဲဒီလိုပဲ အင်အားဆိုတဲ့နေရာမှာ ခြိမ်း ခြောက်မှုတွေရော သို့တည်းမဟုတ် မက်လုံးတွေရော နှစ်မျိုးလုံးကို ဆိုလိုတာပါ။

ထွက်လာပြီးတဲ့နောက်ပိုင်းမှာ ကျွန်တော်တို့ အတွေ့အကြုံရသမျှနဲ့ ဆက်စပ်ပြီးတော့ ကျွန်တော်တို့ လုပ်နိုင်သမျှတွေ ပြီးတော့ ကျွန်တော်တို့ရဲ့ မဟာမိတ်အင်အားစုတွေ လုပ်နိုင်သမျှကတော့ အရင်ကထက်စာရင်တော့ ရှေ့  ကိုတက်လာတယ်လို့ပဲ ကျွန်တော်တို့ မြင်တယ်။ သို့သော် အတိုင်းအတာအားဖြင့်တော့ အင်မတန် ခက်နေသေးတယ် သေချာတာတခုကတော့ နိုင်ငံတကာမိသားစုအလည်မှာ အရင်ကထက်စာရင် ကျွန်တော်တို့ တိုင်းပြည်ရဲ့အရေးကိစ္စ၊ ဒီမိုကရေစီရေးကိစ္စ၊ ပိုမိုပြီးတော့ ထင်သာမြင်သာဖြစ်လာပြီး ပိုမိုပြီးတော့ အာရုံစိုက်ခြင်း ခံလာရပြီဆိုတာကတော့ သေချာတဲ့အချက်ပါ။ (ဗွီအိုအေ၊ ၄၊ ၈၊ ၂၀၀၆)။


























မေတ္တာရှင်၏လက်။


မေတ္တာရှင်၏လက်
ထာဝရ မှောက်လျှက်
ပေးသောလက်။

မေတ္တာငတ်သူ
လက်ဖြန့်ယူပါ။

မေတ္တာပေး၍
မေတ္တာပြန်ရခြင်း
မေတ္တာပြန်မရခြင်း
စဉ်းစားစရာအလုပ်
မေတ္တာရှင်အတွက်မဟုတ်။

မဆုတ်ယုတ်သော သဒ္ဒါ
မေတ္တာရှင်၏လက်
ထာဝရမှောက်လျှက်
ပေးသောလက် ။ ။

မင်းကိုနိုင်

(၁၁ ရက်၊ အောက်တိုဘာလ၊ ၂၀၀၆)။

အပြည့်ဖတ်မည်...

Wednesday, October 14, 2009

မြန်မာတို့ ရဲ့  မိခင်ကြီး လူထုဒေါ်အမာ အထိမ်းအမှတ် အမှတ်တရ ပန်းပုကျောက်စာတိုင်။














၂၀၀၈ ခုနှစ်၊ ဧပြီလ (၇) ရက်နေ့ မှာ ကွယ်လွန်ခဲ့တဲ့ မြန်မာတို့ ရဲ့  မိခင်ကြီး လူထုဒေါ်အမာ အထိမ်းအမှတ်အဖြစ် အမှတ်တရ ပန်းပုကျောက်စာတိုင်ကို ပြင်ဦးလွင်မြို့  “စိမ်းလန်းအေး” မှာ ယခုလ အောက်တိုဘာလ (၄) ရက်နေ့  အလုံးစုံ အောင်မြင်စွာ ဖန်တီးထုလုပ် တည်ဆောက်ခဲ့ကြပါတယ်။
























မြန်မာတို့ ရဲ့  မိခင်ကြီး လူထုဒေါ်အမာ အထိမ်းအမှတ် အမှတ်တရ ပန်းပုကျောက်စာတိုင် စိုက်ထူတည်ဆောက်ရတဲ့ အကြောင်းရင်းကတော့ အမေ လူထုဒေါ်အမာဟာ အဖိုးဆရာကြီး သခင်ကိုယ်တော်မှိုင်း ဈာပနနဲ့  အုတ်ဂူအတွက် လူထုဦးလေးလှတို့ နဲ့ အတူ ရှေ့ တန်းက ပါဝင်ဆောင်ရွက်ခဲ့သူ၊ သိပ္ပံမောင်ဝ၊ လယ်တီဦးကောဝိဒ (ပုပ္ပားဦးကျော်ရင်) တို့  ကမ္ဗည်း ကျောက်စာအုတ်ဂူအတွက်လည်း ဦးစီးဆောင်ရွက်ခဲ့သူ၊ အမရပူရ တောင်လေးလုံးကျောင်းတိုက်မှာ ထာဝရ တည်ရှိနေတဲ့ စာပေအနုပညာရှင် အမှတ်တရ ကျောက်စာတိုင်တွေ အားလုံးအတွက်လည်း ဦးဆောင်ပါဝင်ခဲ့သူ၊ အမိမြန်မာနိုင်ငံတော်ကြီးရဲ့  လွတ်လပ်ရေး၊ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးနဲ့  ရိုးရာဓလေ့ စာပေယဉ်ကျေးမှုတွေကို တစ်သက်တာ မဆုတ်မနစ် ထမ်းရွက်ခဲ့သူ လူထုက ချစ်မြတ်နိုးတဲ့ အမေ လူထုဒေါ်အမာကို အထူးဂုဏ်ပြုတဲ့အနေနဲ့  “အမှတ်တရ ပန်းပုကျောက်စာတိုင်” ကို တည်ဆောက် ဂုဏ်ပြုမှတ်တမ်းတင်တာ ဖြစ်ပါတယ်။

မိခင်ကြီး လူထုဒေါ်အမာ အထိမ်းအမှတ် အမှတ်တရ ပန်းပုကျောက်စာတိုင်ကို ဟံသာဝတီ ဦးဝင်းတင်ရဲ့  အမေ လူထုဒေါ်အမာ ကဗျာသရုပ်ဖေါ်ပုံဒီဇိုင်းကို ဆရာကြီး ဦးအေးမြင့် (မြန်မာရိုးရာဒီဇိုင်း) က မေတ္တာဖြင့် ကူညီရေးဆွဲပေးသော မြန်မာမှုဒီဇိုင်းကို အခြေခံပြီး ဆရာ စူးမြင့်သိန်း (အလင်းတံခါး၊ ပန်းချီပန်းပုသင်တန်းကျောင်း၊ မန္တလေး) က မော်ဒန်အနုပညာ ရသအမြင်ဖြင့် ဖန်တီးထုလုပ်ခဲ့တာ ဖြစ်ပါတယ်။ အမှတ်တရ ပန်းပုကျောက်စာတိုင်ဟာ အမြင့်ပေ ၉ ပေ ၉ လက္မနှင့် အောက်ခြေ ၁ ပေ ၃ လက္မ၊ စုစုပေါင်း ၁၁ ပေ ၁ လက္မ အမြင့် ရှိပါတယ်။

မိခင်ကြီး လူထုဒေါ်အမာ အထိမ်းအမှတ် အမှတ်တရ ပန်းပုကျောက်စာတိုင် သဘောအညွှန်းကတော့

- လူထုဒေါ်အမာ ရေးသားထုတ်ဝေခဲ့တဲ့ သတင်းစာ၊ ဂျာနယ်၊ စာအုပ်များကို အထပ်လိုက် အထပ်လိုက် ဆင့်၍ ဆင့်၍ “ခြေတစ်လှမ်း ကျမ်းတစ်စောင်” စာသားကို တိုင်လုံးနှင့် ပုံဖေါ်ထားပါတယ်။

- စာအုပ်တိုင်အပေါ်မှာ မြင့်မိုရ်တောင်ထက်ဝန်းကျင်တွင် မြစ်များ ကျောက်တောင်များ ဖွဲ့ စည်းထားပါတယ်။

- ဒေါင်းအမှတ်အသားတို့ ဖြင့် အထက်သို့  တိုးဝှေ့ ဟန်ညွှန်းထားပါတယ်။

- နေမင်းအသွင် ဒိုးယိုပေါက် အ၀ိုင်းပုံသဏ္ဍန် ပါရှိပါတယ်။

- ကနုတ်ပန်း ကျောက်တောင်များကြားက ငြိမ်းချမ်းရေး ချိုးငှက် တိုးထွက် ပျံသန်းဟန် ပါရှိပါတယ်။

- နေမင်းရဲ့  အောက်ဘက်မှာ ဟံသာဝတီ ဦးဝင်းတင်၏ ကဗျာစာသား လက်ရေးမှုကို ထည့်သွင်းရေးသားထားပါတယ်။ ဟံသာဝတီ ဦးဝင်းတင်ရဲ့  ကဗျာကတော့ “လူထုဒေါ်အမာ (၁၉၁၅ - ၂၀၀၈) - ခြေတစ်လှမ်း ကျမ်းတစ်စောင်၊ နှစ်တစ်ထောင် ခရီးပြင်း၊ ရွှေဒေါင်းတောင် စိန်ကလောင်နဲ့  တောင်ကိုဖြိုမည့် မြစ်တစ်စင်း” ဖြစ်ပါတယ်။

- ၄င်း ကဗျာစာသားကို ဆရာ လူထုဦးစိန်ဝင်း အင်္ဂလိပ်ဘာသာပြန် ရေးသွင်းထည့်ရှိထားပါတယ်။
























- ၄င်း ကဗျာများကို ကျောက်စာ (ရှေးမြန်မာသင်ပုန်း) ပေါ်မှာ ရေးထိုးထားတာ ပါရှိပါတယ်။

- ကျောက်စာသင်ပုန်းအထက် တစ်နေရာမှာ ကလောင်တံပါအောင် ဖွဲ့ စည်းရေးထိုးထားပါတယ်။

- အမှတ်တရာ ရုပ်ထုကျောက်စာတိုင်ဟာ နေထွက်ရာ အရှေ့ အရပ်ကို ဦးတည်ထားရှိထားပါတယ်။
















































မိခင်ကြီး လူထုဒေါ်အမာ အထိမ်းအမှတ် အမှတ်တရ ပန်းပုကျောက်စာတိုင် အကောင်အထည်ဖေါ်ဖို့  စတင်ဆွေးနွေးဖြစ်ကြတာကတော့ အမေလူထု ဒေါ်အမာရဲ့  ဈာပန ကျင်းပတဲ့နေ့ ဖြစ်တဲ့ ၂၀၀၈ ခုနှစ်၊ ဧပြီလ (၉) ရက်နေ့ မှာ ဦးမျိုးထွဋ် (ပြည်သူ့ ရဲဘော်)၊ ကိုလေး (အင်းဝဂုဏ်ရည်)၊ ဒေါ်ခင်ခင်ဝင်း (ကလျာ)၊ ဦးနီတွတ် (သမိုင်းပါမောက္ခ)၊ ကိုမော်လင်း၊ ဒေါက်တာကျော်ကျော်မင်းနဲ့  ကိုကျော်သီဟတို့  အမေလူထု ဒေါ်အမာရဲ့  အရိုးပြာကို ဧရာဝတီမြစ်ထဲ မျှောစဉ် စတင်ဆွေးနွေးစကားပြောကြရာကနေ၊ အမေ လူထုဒေါ်အမာရဲ့  မိသားစုဝင်များနဲ့  စကားပြောဆိုရာကနေ စတင်ခဲ့တာ ဖြစ်ပါတယ်။

ယခုလို မိခင်ကြီး လူထုဒေါ်အမာ အထိမ်းအမှတ် အမှတ်တရ ပန်းပုကျောက်စာတိုင် ပေါ်ပေါက် တည်ဆောက်ခဲ့တာကို ၀မ်းမြောက်ဝမ်းသာ ဖြစ်ရသလို၊ ကွယ်လွန်ရှာပြီးဖြစ်သော အမေ လူထုဒေါ်အမာအတွက်လည်း ပိုမိုဂုဏ်ယူရသလို အမေ လူထုဒေါ်အမာကို ချစ်မြတ်နိုးကြသော မြန်မာပြည်သူလူထုအတွက်လည်း လွမ်းဆွတ်အောင်းမေ့မှု ဖြစ်ရပါတယ်။ မိခင်ကြီး လူထုဒေါ်အမာ အထိမ်းအမှတ် အမှတ်တရ ပန်းပုကျောက်စာတိုင် ဖြစ်မြောက်အောင်မြင်ရေးအတွက် အစမှအဆုံး အစွမ်းကုန် ကြိုးစား ဆောင်ရွက်ပေးခဲ့ကြသောသူများအားလုံးကိုလည်း ချီးကျူးလေးစား ကျေးဇူးအထူးတင်ရမှာ ဖြစ်ပါတယ်။ မိခင်ကြီး လူထုဒေါ်အမာ အထိမ်းအမှတ် အမှတ်တရ ပန်းပုကျောက်စာတိုင်ရဲ့  သမိုင်းမှတ်တိုင်မော်ကွန်း ထာဝရ တည်ပါစေသောဝ်။
























(ကိုမင်းကျော်သက်နဲ့  ကိုမင်းရာတို့ ၏ ရေးသားဖေါ်ပြချက်အား ပြန်လည်ရေးသား ဖေါ်ပြခြင်း ဖြစ်ပါတယ်။ ပေးပို့ လာသော မိတ်ဆွေအားလည်း အထူးကျေးဇူးတင်ရှိပါတယ်။ လေးစားလျက် - နစ်နေမန်း) ။

အပြည့်ဖတ်မည်...

Tuesday, October 13, 2009

ပျက်လိုက်တဲ့ လျှပ်စစ်မီး။
























ရန်ကုန်တိုင်း လှိုင်မြို့နယ်တွင် လျှပ်စစ်မီး နေ့တိုင်း ပျက်နေသည့်နေရာ တစ်နေရာ ရှိနေပါသည်။ လှိုင်မြို့နယ် (၃) ရပ်ကွက် မီးအားပေးသည့် အုပ်စု (C) တွင် ပါဝင်သော (၉) လမ်း၊ (၁၀) လမ်း၊ (၁၁) လမ်း၊ (၁၂) လမ်းနှင့် လှိုင် (၃) ရပ်ကွက်၊ ရယကရုံးတည်ရှိရာ ဘုရင့်နောင်လမ်းပိုင်းနေရာများသည် လှိုင်မြို့နယ် (လျှပ်စစ်ဓါတ်အားပေးရေးအဖွဲ့) ၏ ဓါတ်အား ဖြတ်တောက်ခြင်းကို ဆိုးဆိုးရွားရွား ခံစားရလျှက်ရှိပါသည်။

၎င်းနေရာများသည် နေ့စဉ် မီးမပျက်သည့်ရက် မရှိသလောက် ဖြစ်နေပြီး မီးပျက်ချိန်များမှာလည်း အချိန်ကောင်း ညစဉ် (၆) နာရီ ၀န်းကျင်မှ (၉) နာရီဝန်းကျင်အတွင်း ဖြစ်သဖြင့် ၎င်းနေရာများတွင် နေထိုင်သော လူများမှာ လွန်စွာမှ စိတ်မချမ်းသာဖြစ်လျှက်ရှိပြီး၊ သက်ဆိုင်ရာမှ စိစစ်ပေးစေချင်နေပြီး၊ သူများလာသောအချိန်လာ သူများပြတ်သောအချိန်များတွင် ပြတ်ပြီး ညီတူညီမျှ ဓါတ်အားရလိုလျှက်ရှိကြောင်း သိရှိရပါသည်။


စွမ်းအားလိုအပ်ချက်အရ အိမ်တစ်အိမ်လျှင် မီတာဘောက် တစ်လုံး (လွန်ရောကျွံရော နှစ်လုံး) သာရရှိသော်လည်း လှိုင်မြို့နယ် EPC ရုံးဘေးတွင်ရှိသော ခြံကျယ်ကြီးတွင်မူ မည်သည့်အကြောင်းကြောင့်မှန်း မသိရဘဲ မီတာဘောက်လေးလုံးအထိ ချထားပေးကြောင်းလည်း သိရှိရပါသည်။

(လှိုင်မြို့ နယ်တွင်း နေထိုင်သူ)။

အပြည့်ဖတ်မည်...

Monday, October 12, 2009

နအဖ အာဏာရူးကြီး သန်းရွှေပုံ ကာတွန်းထဲမှ ပုံရိပ်လွှာများ။


















(ယခုဖေါ်ပြထားသော ကာတွန်းပုံအား အကျယ်ချဲ့ ကြည့်ရှူပါက မြန်မာပြည်မှ ရဟန်းရှင်လူ ပြည်သူအပေါင်းရဲ့  ပုံရိပ်လွှာတွေကို မြင်တွေ့ ရမှာ ဖြစ်ပါတယ်)။

ဒီကာတွန်းပုံကို သေသေချာချာ ကြည့်ရင် နအဖ အာဏာရူးကြီးသန်းရွှေနဲ့  ဗိုလ်ချူပ်ကြီးတွေကြောင့် ရဟန်းရှင်လူ ပြည်သူအပေါင်းရဲ့  ဘ၀တွေ သေကျေပျက်စီး ဆင်းရဲဒုက္ခရောက်နေကြတာကို ဖေါ်ကျူးထားတာ တွေ့ ရပါလိမ့်မယ်။

ရင်ဘတ်က တံဆိပ်ပါ အရောင်မျိုးစုံနဲ့  လူပုံတွေကတော့ တိုင်းရင်သားတွေကို ရည်စူးထားသလို၊ လည်ပင်းအောက် နေရာက ပုံကတော့ သပိတ်ကို ကိုင်ထားတဲ့ သံဃာတော်ပုံကို ဖေါ်ကျူးထားတယ်လို့  ယူဆရပါတယ်။

ညာဘက်လက်အောက် အရိုးခေါင်းပုံအပွင့်အောက်က ပုံကတော့ ဘ၀တွေ ငတ်ပြတ်ဆင်းရဲလွန်းလို့  တောင်းရမ်းစားသောက်နေရတဲ့ ကလေးသူငယ်တစ်ယောက်ပုံသဏ္ဍန်အဖြစ် တွေ့ ရပြီး၊ ဦးထုပ်ရဲ့  ထိပ်ဆုံးမှာ ဖေါ်ပြထားတဲ့ အမျိုးသမီးပုံကတော့ နေအိမ်အကျယ်ချူပ် ကျခံနေရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့  ပုံရိပ်လွှာသဏ္ဍန် ဖြစ်ပြီး ပြည်သူပြည်သားတွေရဲ့  ဘ၀တွေကို စာနာထောက်ထားနေတဲ့ အမူအယာလို့ ယူဆရပါတယ်။

မျက်နှာမှာဖေါ်ပြထားတဲ့ ပုံတွေကတော့ ဘ၀ဒုက္ခ အဖုံဖုံကို ခံစားနေကြရတဲ့ ပြည်သူတွေကို ရည်စူးထားတယ်လို့  ထင်မြင်ရပြီး၊ လက်မြောက်ထားတဲ့ ညာဘက်လက်ရဲ့  အင်္ကျီပေါ်မှာ မတ်တပ်ရပ်တန်းစီနေတဲ့ ပုံတွေကတော့ အာဏာရူးတွေရဲ့  ခုတုံးလုပ် အသုံးချခံနေရတဲ့ တပ်မတော်သားတွေပုံသဏ္ဍန်ဖြစ်ပြီး၊ လက်ချောင်းထိပ်လေးတွေမှာ ပါးစပ်ဟ စကားပြောနေတဲ့ပုံတွေကတော့ အာဏာရူးနအဖ ဗိုလ်ချူပ်ရူးကြီးတွေကနေ လက်သပ်မွေးထားတဲ့ နအဖဘက်တော်သား ပြည်သူ့ သစ္စာဖောက်လောက်ကောင်တွေလို့  ယူဆရပါတယ်။

ဘယ်ဘက်ပုခုံးးပေါ်က အရိုးခေါင်းအောက်မှာရှိတဲ့ ပန်းပွားကျနေတဲ့ပုံနဲ့  ညာဘက်ရင်ဘတ်ပေါ်က တံဆိပ်တွေကတော့ လူသေအခေါင်းပုံတွေ ဖြစ်ပါတယ်။ ရဟန်းရှင်လူ ပြည်သူလူထုကို သတ်ဖြတ်ပြီး အာဏာသက်ဆိုးရှည်ဖို့ အတွက် မိစ္တာဒိဌိဖြစ်နေကြတဲ့ နအဖ သန်းရွေနဲ့  ဗိုလ်ချူပ်ကြီးများရဲ့  ယုတ်မာပက်စက်မှုကို ဖေါ်ကျူးထားတာ ဖြစ်တယ်လို့  ယုံကြည်ရပါတယ်။

ဒီ နအဖခေါင်းဆောင်ကြီး သန်းရွှေရဲ့  ကာတွန်းပုံကို ယခုလို ပုံရိပ်လေးများ ထည့်သွင်းပြီး အဓိပ္ပါယ်အပြည့်နဲ့  ရေးဆွဲဖေါ်ပြတဲ့သူကတော့ သြစတြေလျ နိုင်ငံသား Mr. Alan Moir ဖြစ်ပြီး၊ ကုလသမဂ္ဂက ချီးမြှင့်တဲ့ “Winner 2nd Prize United Nations 'Political Cartoon of the Year 2004” ကို ရရှိခဲ့သူ ဖြစ်ပါတယ်။
























ယခုလို နအဖခေါင်းဆောင်ကြီး သန်းရွှေနဲ့  ဗိုလ်ချူပ်ကြီးများရဲ့ ပုံစံ ကာတွန်းအား အောက်တိုဘာလ (၆) ရက်နေ့ ထုတ် The Age သတင်းစာထဲမှာ ပီပီပြင်ပြင် ရေးဆွဲတင်ပြတဲ့ Mr. Alan Moir အား အထူးကျေးဇူးတင်ရှိပါတယ်။ ဒီကာတွန်းပုံ ပေးပို့ လာတဲ့ သြစတြေလျနိုင်ငံမှ မိတ်ဆွေတစ်ဦးအားလည်း ကျေးဇူးတင်ရှိပါတယ်။

ဒီ နအဖခေါင်းဆောင်ကြီး သန်းရွှေနဲ့  ဗိုလ်ချူပ်ကြီးများရဲ့ ပုံ ကာတွန်းအား ရောင်စုံဓါတ်ပုံနဲ့  ထုတ်ပြီး မြန်မာပြည်အတွင်းမှာ ဖြန့် ချီမယ်ဆိုရင် လူကြိုက်များတဲ့ ကာတွန်းပုံ တစ်ပုံ ဖြစ်မှာ ဖြစ်သလို၊ နအဖခေါင်းဆောင်ကြီး သန်းရွှေနဲ့  ဗိုလ်ချူပ်ကြီးများထံကိုလည်း လက်ဆောင်အဖြစ် ပေးပို့ သင့်တယ်လို့  ယုံကြည်မိပါတယ်။

အပြည့်ဖတ်မည်...

Sunday, October 11, 2009

နအဖကိုယ်တိုင် မယုံကြည်တဲ့ နအဖရဲ့ပညာရေးစနစ်အကြောင်း။
























မြန်မာပြည်ရဲ့ အလီဘာဘာလို့ ကျော်ကြားပြီး အနာဂါတ်နိုင်ငံတော်သစ်ကြီးမှာ ဝန်ကြီးချုပ်လုပ်မယ် လို့ ကြွေးကျော်နေတဲ့ ဦးအောင်သောင်းတယောက် တိုင်းသူပြည်သားတွေဆီက မတရားကောက် ခံထားတဲ့အခွန်ငွေတွေ နိုင်ငံတော်ဘဏ္ဍာထဲက ခိုးထားတဲ့ သုံးမကုန်အောင် များပြားလှတဲ့ ငွေတွေနဲ့ လာမဲ့ရွေးကောက်ပွဲဝင်ဖို့ မန္တလေးတိုင်းအတွင်းမှာ စည်းရုံးရေးဆင်းနေပါတယ်။

ကျောင်းဆောင်သစ်ဖွင့်ပွဲတွေမှာလည်း နိုင်ငံတော်က ပညာရေးစနစ်ကို ဘယ်လိုကောင်းအောင်လုပ်ထား လို့၊ ကမ္ဘာပေါ်မှာ အကောင်းဆုံးပညာရေးအသီးအပွင့်တွေကို နယ်စွန်နယ်ဖျားအထိ ဆွတ်ယူသုံးစွဲလို့ရနေ ကြောင်း၊ စသဖြင့် လိမ်ညာဝါဒဖြန့် ပြောဆိုလေ့ရှိပါတယ်။

ဒါပေမဲ့ တိုင်းပြည်ရဲ့ ဒုတိယ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မောင်အေးရဲ့ သမီးနဲ့ ဝန်ကြီးအောင်သောင်းရဲ့ သားတို့ က မွေးဖွားလာတဲ့ မူကြိုအရွယ် ခလေးအတွက် ဖီလစ်ပိုင်နိုင်ငံမှ ဆရာတဦးကို နေထိုင်စားသောက်စား ရိတ်တလကို US$2000.00 နဲ့ ဌားရမ်းသင်ကြားပြသစေပါတယ်။

အဲဒီ ဦးအောင်သောင်းရဲ့ သားတယောက်ဖြစ်တဲ့၊ “နေအောင်” ဟာ ရန်ကုန်မြို့ Sedona Hotel အနောက်မှာ US$ 10သန်းကျော် အကုန်ခံပြီး နိုင်ငံတကာအဆင့်မှီ International School တခု ဖွင့်တော့မှာပါ။ ပညာရေးဝန်ကြီးဒေါက်တာချမ်းငြိမ်းရဲ့ ပညာရေးစနစ်ကို အယုံအကြည် မရှိလို့တဲ့။
















အလားတူ “ဒုတိယဗိုလ်ချုပ်ကြီးကိုကို” ဟာလလည်း ကျောင်းဆောင်သစ်ဖွင့်ပွဲတို့ ပညာရေးစုံညီပွဲတို့မှာ မြန်မာ့ ပညာရေးနစ်ကြီးကောင်းကြောင်း၊ မစားရ ဝခမန်း ပြောပါတယ်။ ဒါပေမဲ့ သူ့ရဲ့သားအရင်းကိုတော့ တနှစ်ကို ကျောင်းလခ US$20000.00 ကျော်ပေးရတဲ့ International School Yangon (ISY) မှာ ထားပါတယ်။ ဒါတင်မကပါဘူး၊ ILBC, YIEC, PIEC, MNL, RV အစရှိတဲ့ နိုင်ငံခြားသင်ရိုးညွှန်းတန်းအတိုင်း နိုင်ငံခြားသားဆရာ ဆရာမများ သင်ကြားပြီး၊ နိုင်ငံခြားငွေနဲ့ တွက်ချက်ပေးရတဲ့ကျောင်းတွေမှာ တက်နေကြသူတွေ အများစုဟာ စစ်ဗိုလ်ချုပ်တွေရဲ့ သားသမီးမြေးတွေပါ။

လက်ရှိပညာရေးစနစ် မကောင်းလေ စစ်ဗိုလ်ချုပ်ကြီးတွေက သဘောကြလေပါ။ ဒါမှ အနာဂါတ်မှာ နိမ့်ကျတဲ့ ပညာရေးစနစ်ကြောင့် ဘာမှမတတ်တဲ့ မြန်မာ့ခလေးတွေအပေါ် နိုင်ငံတကာပညာရေးစနစ်က ပေါက်ဖွားလာတဲ့ စစ်ဗိုလ်ချုပ်ကြီးတွေရဲ့ သားသမီးတွေက အုပ်ချုပ်ကြမှာပါ။ သေသေချာချာ စီမံကိန်းချပြီး တိုင်းပြည် ကို အညွှန့်တုံးအောင် လုပ်ဆောင်နေကြတာပါ။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ မြေး၊ ထွန်းနိုင်ရွှေရဲ့ သားဖြစ်သူ အသက်(၁၅)နှစ်ခန့်ရှိ “ကျော်ကျော်” ဆိုသူဟာလည်း၊ ISY ကျောင်းသားတဦးပါ။ ( ပညာရေးဝန်ကြီး၊ Dr.ချမ်းငြိမ်းကို မေးပါရစေ၊ ခင်ဗျားရဲ့ ခေတ်မှီမြန်မာ့ပညာရေးစနစ်ကြီးထဲမှာ ခင်ဗျားရဲ့ စစ်ဗိုလ်ချုပ်ကြီးတွေရဲ့ သားသမီးမြေးတွေ ဘာလို့ ပါဝင်ခွင့် မရတာလဲ။ သူတို့ သားသမီးတွေ ကျောင်းလခတွေအတွက် ခိုးထားတဲ့ ဒေါ်လာတွေ သောင်းချီကုန်နေကြတာ သနားစရာ ဖြစ်နေလို့ပါ။ )

Singaporeနိုင်ငံနဲ့ တခြားနိုင်ငံတွေမှာ သွားရောက်ပညာသင်ကြားနေတဲ့ စစ်ဗိုလ်ချုပ်တွေရဲ့ သားသမီးတွေ ဒုနဲ့ဒေးပါ။ အဲဒီလို သွားရောက်သင်ကြားရာမှာ ငွေကြေးအခက်အခဲ မရှိရအောင် စီစဉ်တဲ့အနေနဲ့၊ နိုင်ငံကူးလက်မှတ် လျှောက်ထားစဉ်ကတည်းက မှတ်ပုံတင်အတု၊ သန်းခေါင်စာရင်းအတု၊ မိဘအမည်အတုတွေ သုံးထားပြီး အဲဒီ Passport နဲ့ဘဲ Bank Account တွေဖွင့်ခါ ခိုးထားတဲ့ နိုင်ငံပိုင်ငွေတွေ ထည့်ထား အသုံးပြုနေကြပါတယ်။












ပြည်တွင်းမှာတော့ အဆင့်မမှီတဲ့ ပညာရေးစနစ်ကို သင်ကြားနေရတဲ့ တပ်တွင်းက ဆင်းရဲတွင်းကျနေကြတဲ့ သာမန် စစ်သားမိသားစုတွေရဲ့ ခလေးများဘဝဟာလည်း သာမန်ပြည်သူပြည်သား မိသားစုတွေရဲ့ ခလေးများ ဘဝလိုဘဲ ဘာမှ မတတ်တဲ့ မြန်မာ့ပညာရေးဘဝထဲ တဝဲလည်လည် ဖြစ်နေပါကြောင်း ရေးသားတင်ပြလိုက်ပါတယ်။

(ရေးသားသူ - အတွင်းသိ)။

"Junta’s ostentation of Burma Education system is failed to convince the own members"

Famous Ali-Barber of Burma and future Prime Minister hopeful U Aung Thaung is touring around in Mandalay Division, canvassing for coming election and using the money stolen from tax payers and State coffer. Part of his tour included of opening government schools built by tax payer’s money but he is boasting in front of people as it was built by him. He is giving a speech as how the Burma education was among the best in the world and all people even stay in the remote corner of the country can enjoy the advantage of world best education system provided by Junta.

It is a laughing stock for people who know exactly of how he is really providing the education system to his own family member. His grandchild born by his son and General Maung Aye’s daughter just reach the age of nursery education level and he hires the nursery school teacher from Philippine, paying US$ 2000 per month with lodging and food provided. It is shame for thousand and thousand of Burmese teachers. Are they not qualified? Education Minister Dr. Chan Nyein sir, do you dare to give any comment?

Nay Aung, son of U Aung Thaung, is investing more than US$ 10 millions for establishing an international school in Rangoon not very far in the area of Sedona Hotel. That school will be running by foreigners, curriculum is totally drawn by foreigner and fees will be paid in foreign currency. That school is exclusively for those, who are not having the competence in Junta’s education. U Aung Thaung is giving a speech mentioning that Burmese Education is world class and best but his family is doing contrary.

U Aung Thaung is not alone in the group of “do as I say but not as I do.” Lt. Gen. Ko Ko is giving speech at opening ceremony of new school that how good of Burmese education system Junta is providing to people but his son is attending the International School Yangon (ISY). That school is providing the American system education and run by American group. Only the very rich people can afford to spend almost US$20000/- annual fees per student in ISY. Most of the foreign curriculum schools such as ILBC, YIEC, PIEC, MNL, RV, etc., etc., run mostly by foreign teachers, pay in foreign currency and teach everything as in foreign country are only can afford to attend by one kind of class. Children and grandchildren of Generals and associates are can afford and attending such kind of schools. They are happy for inferior category of Burmese education system as in future, they will be above of Burmese school graduates. Generals send their children to superior level foreign school but at the same time, downgrading education system for majority of Burmese people is systematically destroying the generation by generation of young Burmese people future.

Also country’s number one U Than Shwe send his grandson to study at ISY too. His name is Kyaw Kyaw and he is 15 years old son of Tun Naing Shwe, U Than Shwe second son.

Minister for Education Dr. Chan Nyein is exactly a shameless thick skin in this subject. Of course, if he knows of how is the dignity and feeling of embarrassment, he could already end up in the middle of the Rangoon River with tying to the heavy stone and jump over into water. Why your respectful generals children are not allowed to participate in your international standard Burmese education system? Pity them that they all have to spend too much foreign currency (US$) for their education.

(Reported by Insider).

အပြည့်ဖတ်မည်...