Thursday, September 30, 2010

မဲပေးလိုက်မိရင် သင့်ရဲ့ မဲတစ်မဲဟာ ပြည်သူတစ်ယောက်အသက်ကို ဇီဝန်ချွေမယ့် အာဏာရှင်တို့ အတွက် ကျည်ဆံတစ်တောင့် ဖြစ်စေလိမ့်မယ်။

နအဖ ကက (ကြည်း) ကနေ နအဖတပ်ရင်းတပ်ဖွဲ့ (ရဲတွေအပါအ၀င်) တွေကို ညွှန်ကြားထားတဲ့ ညွန်ကြားချက်ကို ကြည့်ရင် -

နအဖတွေ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ ပျက်သွားမှာ အထမမြောက်လိုက်မှာကို စိုးရိမ်နေတယ်။

နအဖတွေ ပြည်သူလူထု ပြည်သူ့ တစ်ရပ်လုံး အင်တိုက်အားတိုက် ဆန္ဒပြကြမှာကို စိုးရိမ်နေတယ်။

နအဖတွေ သူတို့ ရဲ့ လက်ပါးစေ ကြံ့ ဖွတ်တွေ သတင်းပေးတွေကို ငွေကြေးတွေ ပေးပြီး သတင်းထောက်လှမ်းခိုင်းစေနေတယ်။

အောက်တိုဘာ (၁) ရက်နေ့ ကနေ (၅) ရက်နေ့  နေပြည်တော်မှာ တိုင်းစစ်ဌာနချူပ်မှူတွေကို ခေါ်ဆောင်ထားပြီး သူတို့ ရဲ့  ၂၀၁၀ ရွေးကောက်ပွဲ မဖြစ်ဖြစ်အောင် သူတို့  လိုချင်တဲ့ပုံစံရအောင် စစ်တပ်ကို ခုတုံးချပြီး လုံခြုံရေး ယူခိုင်းဖို့  လုပ်နေတယ်။

ဒီအတွက် မြန်မာပြည်သူပြည်သားတွေ အမျိုးသားရေးလှုပ်ရှားမှုအနေနဲ့  လုပ်ဖို့ က “နအဖတို့ ရဲ့  ၂၀၁၀ ရွေးကောက်ပွဲကို လုံးဝ (လုံးဝ) မဲမထည့်ကြဘဲ သပိတ်မှောက်ကြဖို့ သာ ဖြစ်တယ်”။

အာဏာရှင်သက်ဆိုးရှည်စေမယ့် အသက်သွင်းပွဲကို မဲပေးလိုက်မိရင် သင့်ရဲ့  မဲတစ်မဲဟာ ပြည်သူတစ်ယောက်အသက်ကို ဇီဝန်ချွေမယ့် အာဏာရှင်တို့ အတွက် ကျည်ဆံတစ်တောင့် ဖြစ်စေလိမ့်မယ်။

Info September 23

အာဏာရှင်သက်ဆိုးရှည်စေမယ့် အသက်သွင်းပွဲကို မဲပေးလိုက်မိရင် သင့်ရဲ့  မဲတစ်မဲဟာ ပြည်သူတစ်ယောက်အသက်ကို ဇီဝန်ချွေမယ့် အာဏာရှင်တို့ အတွက် ကျည်ဆံတစ်တောင့် ဖြစ်စေလိမ့်မယ်။

အပြည့်ဖတ်မည်...

Generation Wave မှ ပြည်သူလူထုသို့  ပန်ကြားလွှာ။

ပြည်သူလူထုသို့ပန်ကြားလွှာ

အပြည့်ဖတ်မည်...

Wednesday, September 29, 2010

မဲထည့်စရာ အကြောင်းမရှိ - No Reason To Vote သီချင်း။

သီချင်းအား download ဒေါင်းလုပ် လုပ်ယူရန်အတွက် - http://www.multiupload.com/5X525RJPFB

| |


TV မှာ ရေဒီယိုမှာ လိမ်ညာ စကားလုံးတွေနဲ့ အတင့်ရဲ ဗြောင်ပေါရဲတယ်

နိုင်ငံတော် ကယ်တင်ရှင်တွေ သူတော်စင်တွေ စောင့်ရှောက်မှဘဲ တစ်ခါထဲ အကုန်မွဲသွားတယ်

အားလုံးက ရတဲ့ပိုက်ဆံ ဗျောင်ခိုးနေကြတယ်

အိမ်ကြီးတွေ ခြံကြီးတွေ ကားသစ်ကြီးတွေနဲ့

မဆလ ခေတ်ကထက်တောင် ပိုဆိုးနေသေးတယ်

ဗမာတစ်ခေတ်မှာ ဖာဖြစ်တာ နအဖ ကျေးဇူးဘဲ

CHO: မဲထည့်စရာ အကြောင်းလဲမရှိ

အာဏာရှင်လူရွှင်တော်တွေ လုပ်ကြံဇာတ်လမ်းကြီး

မဲထည့်စရာ ဘာအကြောင်းမှမရှိ

ဒီလိုသာ ငြိမ်ခံနေရင် တို့အကုန် ကျွန်ဖြစ်လိမ့်မယ် / တို့အကုန်ကျွန်ဖြစ်မယ်

ဒီမိုကရေစီလိုချင်တယ် အော်မယ်ကြံရင် လိုက်ခဲ့ ဘယ်လဲ… ထောင်ထဲ… နှစ်လေးငါးဆယ်

ပြည်သူကိုကူညီပြန်ရင် ရန်သူတွေလို သတ်မှတ်နေခဲ့ တမင်လဲ ငြှိုးထားတယ်

အားလုံးကချစ်တဲ့ခေါင်းဆောင်ကို အကျဉ်းချထားတယ်

ပြန်မလွှတ်ပါ ရန်စွတ်ရှာ ကောက်ကျစ်တဲ့စိတ်တွေနဲ့

အားလုံးချစ်တဲ့မင်းသားကို ပိတ်ပင်ကာချုပ်ချယ်

ဟိုလဲမပါ ဒီလဲမလာ တားမြစ်လို့ဖိနှိပ်ထားတယ်

CHO:

SOLO

TV မှာ ရေဒီယိုမှာ လိမ်ညာ စကားလုံးတွေနဲ့

ဒီမိုကရေစီဆို ဘယ်လိုဖြစ်ရတာလဲ

CHO

CHO:

TV မှာ ရေဒီယိုမှာ လိမ်ညာ စကားလုံးတွေနဲ့

ဒီမိုကရေစီဆို ဘယ်လိုဖြစ်ရတာလဲ

မဲထည့်စရာ…. အကြောင်းလဲမရှိဘူး မင်းသိသင့်တယ်

မဲထည့်စရာ…. ဘာအကြောင်းမှမရှိဘူး ဒါမင်းသိသင့်တယ်

မဲထည့်စရာ… ဘာအကြောင်းမှမရှိ…..

(မျိုးချစ်မြန်မာ)။

http://myochitmyanmar.org/2008-07-25-07-32-27/2008-07-25-07-48-13/6431-2010-09-28-03-45-22

အပြည့်ဖတ်မည်...

နအဖအာဏာရူးတို့  အသက်သွင်းနေသည့် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲအား သပိတ်မှောက်ကြ။

2010 Ele Pamphlets

အပြည့်ဖတ်မည်...

Tuesday, September 28, 2010

အမေရိကန်နိုင်ငံ Buffalo မြို့ တော်ခန်းမရှေ့ တွင် စက်တင်ဘာလ (၂၅) ရက်နေ့ က လွှင့်တင်ခဲ့သော ခွပ်ဒေါင်းအလံ လွှင့်တင်ပွဲ မှတ်တမ်း။

အပြည့်ဖတ်မည်...

နအဖရဲ့  ကြံ့ ဖွတ်တွေ မဲရဖို့  လိမ်ညာနေကြ။














လွန်ခဲ့တဲ့ စက်တင်ဘာလ (၂၀) ရက်နေ့က မှော်ဘီမြို့နယ် ဖေါင်ကြီးအလွန်က မင်းကုန်ကျွေးရွာ မှာ ရန်ကုန်မြို့တော် မီးပေးဝေရေးဥက္ကဌ ဗိုလ်မှူးကြီး ခင်မောင်စိုး ဟာ ကြံ့ဖွတ်ပါတီ မဲဆွယ်ရေး ကိစ္စ ဆောင်ရွက်ခဲ့ပါတယ်။

ကြံဖွတ်ပါတီဟာ နအဖကျောထောက်နောက်ခံပါတီ ဖြစ်မှန်း သိသာစေလွန်းတယ်။ ငွေဘယ်လောက် ပေါနေလဲတော့ မသိဘူးဗျာ။ တစ်အိမ်ထောင်ကို ကျပ် နှစ်သောင်းကနေ ခြောက်သောင်းအထိ အတိုးမဲ့ ငွေချေးတယ် ဆိုပြီး ငွေတွေ ထုတ်ချေးခဲ့ပါတယ်။ အကျိုးလိုလို့  ညောင်ရေလောင်းမှန်း သိသာပါတယ်။

ငွေချေးရင်းနဲ့ ငွေချေး စာချူပ် ချူပ်သလိုလိုနဲ့ မသိနားမလည်တဲ့ တောနယ်က လူတွေကို လက်မှတ်ထိုးရမယ့် ပုံစံတွေမှာ ကြံ့ဖွတ်ပါတီ အသင်းဝင်ခွင့် ပုံစံတွေကို ဖြည့်စွက် လက်မှတ်ထိုးစေခဲ့ပြီး အသင်းဝင်ပေါင်း ၃၀၀၀ ကျော် စုဆောင်းသွားပါတယ်။ အဲ့ဒီလို မသိလိုက်ဘဲ ကြံဖွတ် ပါတီဝင်ဖြစ်သွားတဲ့ အတွက် အဲ့ဒီလူတွေဟာ အလိုလိုနေရင်း ကြံ့ဖွတ်ကို မဲပေးပြီးသား ဖြစ်သွားစေတယ်လို့လဲ သိရပါတယ်။

ဒီလို မဲ ကို လှည့်ဖြားပြီး လိမ်ညာကောက်ယူနေတာတွေကို အများပြည်သူတွေကို သိအောင် တင်ပြလိုက်ရပါတယ်။ ကြိုတင် မဲတွေ ကောက်၊ လိမ်ညာပြီး မဲတွေ ကောက်နေတယ်ဆိုကတည်းက နအဖတို့ ရဲ့  ရွေးကောက်ပွဲဆိုတာကတော့ ....

အပြည့်ဖတ်မည်...

UK Labour Party Conference ၌ မဝေနှင်းပွင့်သုန် ပြောသော မြန်မာပြည်ရေးရာ အကြောင်း။

အပြည့်ဖတ်မည်...

Monday, September 27, 2010

ယနေ့  စက်တင်ဘာလ (၂၇) ရက်နေ့ တွင် ကျရောက်သော (၂၂) နှစ်မြောက် အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်။





ယနေ့  စက်တင်ဘာလ (၂၇) ရက်နေ့ တွင် ကျင်းပသော အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ် တည်ထောင်ဖွဲ့ စည်းခြင်း (၂၂) နှစ်မြောက် အခမ်းအနား မှတ်တမ်းဓါတ်ပုံများ။



ထိုင်း - မြန်မာနယ်စပ်တွင် ကျင်းပသော အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ် တည်ထောင်ဖွဲ့ စည်းခြင်း (၂၂) နှစ်မြောက် အခမ်းအနား မှတ်တမ်းဓါတ်ပုံများ။



(သတင်းမှတ်တမ်းများ ပေးပို့ လာသော မိတ်ဆွေများ အားလုံးအား အထူး ကျေးဇူးတင်ရှိပါသည်)။

အပြည့်ဖတ်မည်...

ရွှေဝါရောင်တော်လှန်ရေးနဲ့  သန်းရွှေ ကြိုင်ကြိုင်။

အပြည့်ဖတ်မည်...

စစ်တွေ လေဆိပ်တွင် ရဟန်းတော်များ စုဝေး၍ အာဏာပိုင်များ အင်အားပြ။

ရခိုင်ပြည်နယ် စစ်တွေလေဆိပ်တွင် ရန်ကုန်မှ ကြွရောက်လာသည့် ဆရာတော်ကြီး သုံးပါးအား ကြိုဆိုရန် ရဟန်းတော်များ စုဝေးပြီးနောက် အဆိုပါနေ့ ညနေပိုင်းတွင် ရဲသားများနှင့် လုံထိန်းများက ဒိုင်းကာများ၊ တုတ်များကို ကိုင်ကာ စစ်တွေမြို့ကို ကားဖြင့် ပတ်ပြီး အင်အားပြသခဲ့သည်။

မျက်မြင် တစ်ဦးက “ ရန်ကုန်ကလာတဲ့ ဆရာတော် သုံးပါးကို ရဟန်းတော်တွေက ရိုးရိုးတန်းတန်း သွားကြိုကြတယ်လေ။ အဲဒါကို အာဏာပိုင်တွေက ဘယ်လို အောက်မေ့တယ် မသိဘူး။ ဆန္ဒပြမလို့ ထင်သွားလားမသိဘူး။ ချက်ချင်း လုံခြုံရေး တပ်ဖွဲ့တွေကို ခေါ်ယူပြီး လေဆိပ်မှာ ချထား လိုက်တယ် လေ။ အဲဒီနေ့ ညနေပိုင်းကျတော့ ရဲတွေနဲ့ လုံထိန်းတွေက ဒိုင်းကာတွေနဲ့ တုတ်တွေကိုင်ပြီး ကားတွေနဲ့ မြို့ကို ပတ်ပြီး အင်အား ပြတော့တာပါဘဲ” ဟု ပြောသည်။



















စက်တင်္ဘာလ ၂၅ ရက်နေ့က စစ်တွေ လေဆိပ်တွင် စုဝေးသော ရဟန်းတော်များ ပုသိမ် ကျောင်းတိုက်မှ ဖြစ်ပြီး အဆိုပါ ကျောင်းတိုက်မှ ဆရာတော်နှင့် တခြားဆရာတော် နှစ်ပါး ရန်ကုန်မှ ကြွလာသည်ကို စစ်တွေ လေဆိပ် သွားရောက်ကြိုဆိုခဲ့ကြသည်။

အမည် မဖေါ်လိုသူ ရဟန်းတော် တပါးကလည်း “ ရဟန်းတော်တွေက အပါး ၆၀ ခန့် ရှိပါတယ်။ ပုသိမ်ကျောင်းတိုက် ဆရာတော်ရယ်။ ရန်ကုန် မင်္ဂလာသုခ ကျောင်းတိုက် ဗုဒ္ဓ၀ံသ ကျောင်းက ဆရာတော် နန္ဒ၀ံသရယ်၊ လိုင်သာယာ ဆရာတော် ဦးပဏ္ဍိတတို့ ကြွလာတဲ့ အတွက် လေဆိပ်မှာ သာသနာ့ အလံတွေကို ထောင်ပီး သွားကြိုကြတယ်လေ။ ချက်ချင်း လုံခြုံရေး တပ်ဖွဲ့တွေကို လေဆိပ်မှာ ချထားလိုက်ပြီး လုံခြုံရေး တင်းကျပ်ထားလိုက်တယ်။ ဆန္ဒပြမယ်လို့ ထင်သွား ပုံရပါတယ်” ဟု မိန့်ကြားသည်။























အဆိုပါ ဆရာတော် သုံးပါးမှာ စက်တင်္ဘာလ ၂၆ ရက်နေ့တွင် ကျရောက်သော ပျံလွန်တော် မူသွားပြီ ဖြစ်သော ပုသိမ်ကျောင်း တိုက်ကို စတင်တည်ထောင်ခဲ့သည့် ပဓါန နာယက ဆရာတော် ဂရုဝံသ၏ ၂၉ နှစ်မြောက် အောက်မေ့ဖွယ် ပူဇာပွဲသဘင်သို့ တက်ရောက်ရန် ကြွရောက် လာကြခဲ့ကြသည့် ဆရာတော်များ ဖြစ်ကြသည်။

တခြားမြို့ခံ မျက်မြင် တစ်ဦးကလည်း “ ညနေ ၇ နာရီ လောက် ရှိမယ် ထင်ပါတယ်။ ရဲသားတွေနဲ့ လုံထိန်းတွေက ဒိုင်းကာတွေ၊ တုတ်တွေနဲ့ လမ်းဆုံတဲ့ နေရာတွေမှာ ကားပေါ်က ပြေးဆင်းတယ်။ တန်းစီပြီး ရှေ့တိုးတယ်။ နောက်ဆုတ်တယ်။ ခရာတွေ မူတ်တယ်။ ကားပေါ်ကို ပြန်ပြေး တက်သွား တယ်။ လူထုကို ခြိမ်းခြောက်ပြတဲ့ သဘော ပေါ့နော်။ ရဟန်းတော်တွေ လေဆိပ်စုရုံးတာနဲ့ ရွှေဝါရောင်တော်လှန်ရေး နှစ်ပတ်လည်နေ့ကလည်း နီးကပ်လာတယ်ဆိုတော့ ဆန္ဒပြပွဲတွေ ပေါ်လာရင် နှိမ်နှင်းဖို့ အဆင်သင့်ဘဲ ဆိုတဲ့ သဘော လုပ်ပြတာပေါ့” ဟု ပြောသည်။

ပုသိမ်ကျောင်း တိုက်တွင် စက်တင်္ဘာလ ၂၆ ရက်နေ့က ပြုလုပ်သော ဆရာတော် ဂရုဝံသ၏ ၂၉ နှစ်မြောက် ပူဇာ ပွဲသဘင်ကို စစ်အရာရှိကြီးများနှင့် ပြည်နယ် ရဲမင်းကြီးတို့ တက်ရောက်ခဲ့ကြသည်။

စစ်တွေ လက်ရှိ အခြေအနေမှာ ငြိမ်သက်နေကြောင်းနှင့် ရဟန်းတော် တချို့ ရွှေဝါရောင် တော်လှန်ရေး နှစ်ပတ်လည်နေ့ကို လျို့ဝှက်စွာ ကျင်းပ ပြုလုပ်ခဲ့ကြသည်မှ အပ ထူးခြားမူ မရှိကြောင်း သတင်း ရရှိသည်။

((နိရဉ္စရာ သတင်းမှ ပြန်လည် ဖေါ်ပြခြင်း ဖြစ်ပါသည်)။

အပြည့်ဖတ်မည်...

Sunday, September 26, 2010

နအဖ ဥာဏ်ဝင်းတို့  စီးနင်းလိုက်ပါလာခဲ့သော ကားပေါ်တွင် “ဒေါ်အောင်ဆန်းစုကြည်ကို ၀ိုင်းဝန်းကာကွယ်စောင့်ရှောက်ကြ၊” စာတန်းပါ sticker အကပ်ခံရ။

ယခုလ စက်တင်ဘာလ (၂၄) ရက်နေ့ က အမေရိကန်နိုင်ငံ နယူးယောက်မြို့  ကုလသမဂ္ဂအဆောက်အဦး၌ ကုလသမဂ္ဂအထွေထွေညီလာခံတက်ရောက်ရန် ရောက်ရှိနေခဲ့သော နအဖ နိုင်ငံခြားရေးဝန်ကြီး ဥာဏ်ဝင်းတို့  စီးနင်းလိုက်ပါလာခဲ့သော ကားပေါ်တွင် ဒေါ်အောင်ဆန်းစုကြည်ပုံပါသော “ဒေါ်အောင်ဆန်းစုကြည်ကို ၀ိုင်းဝန်းကာကွယ်စောင့်ရှောက်ကြ၊ ကိုယ်ကျိုးရှာ စစ်ခေါင်းဆောင်များအား တိုက်ခိုက်ခြေမှုန်းကြ” စာတန်းပါ sticker အား ကပ်ထားပေးလိုက်သည့် ဖြစ်ရပ်အား မှတ်တမ်းတင်ထားသော ဓါတ်ပုံ ဖြစ်ပါသည်။

























အပြည့်ဖတ်မည်...

ရွှေဝါရောင်တော်လှန်ရေး (စက်တင်ဘာ ၂၀၀၇ ခုနှစ်)။





ရွှေဝါရောင်တော်လှန်ရေး (စက်တင်ဘာ ၂၀၀၇ ခုနှစ်) ဗွီဒီယိုဖိုင်အား download ဒေါင်းလုပ် လုပ်ယူရန်အတွက် - http://www.multiupload.com/ZW14YJR6BQ

အပြည့်ဖတ်မည်...

Friday, September 24, 2010

မြန်မာ့နိုင်ငံရေးအကျဉ်းသားသမဂ္ဂက ထုတ်ဝေသော နအဖရွေးကောက်ပွဲ သပိတ်မှောက်ရေး လက်ကမ်းစာစောင်။

(အသေးစိတ် ဖတ်ရှူနိုင်ရန်အတွက် ပုံများပေါ်တွင် mouse click နှိပ်၍ ဖတ်ရှူနိုင်ပါသည်။ မြန်မာပြည်သူပြည်သားများ ဖတ်ရှူနိုင်ရန်အတွက်လည်း မိမိတို့  တတ်စွမ်းသ၍ လက်ဆင့်ကမ်း ဖြန့် ချီပေးကြပါရန် အထူးမေတ္တာရပ်ခံအပ်ပါသည်)။


























































ပေးပို့ လာသော peace အား ကျေးဇူးတင်ရှိပါသည်။

အပြည့်ဖတ်မည်...

မမာမာဦး၏ ဖခင်ကြီး ဦးအုန်းမောင် ကွယ်လွန်သွားသည့်အတွက် မိသားစုနှင့်အတူ ထပ်တူထပ်မျှ ကြေကွဲဝမ်းနည်းရပါကြောင်း။


















ဗန်းမော်ထောင်မှာ နှစ်၇၀ ထောင်ကျခံနေရတဲ့ ၈၈ မျိုးဆက်အဖွဲ့မှ မမာမာဦး ဖခင် ယနေ့တွင် ကွယ်လွန်ကြောင်းသိရပါတယ်။ မူလထောင်ဒဏ် ၆၅နှစ် မတရားချခံနေရတဲ့ မမာမာဦးဟာ ၂ဝဝ၅မှာ လွှတ်ပေးစဉ်က ကျန်ခဲ့တဲ့ ပြစ်ဒဏ်ကြွေး၅ နှစ်ကိုပါ တိုးပြီး စုစုပေါင်း ထောင်ဒဏ် နှစ် ၇ဝနဲ့ ဗန်းမော်ထောင်မှာ အကျဉ်းကျခံ နေရပါတယ်။

၂၀၁၀ မတ်လ ၃၀ရက်နေ့က နောက်ဆုံး ထောင်ဝင်စာ သွားတွေ့ခဲ့တဲ့ မမာမာဦး ဖခင်ဦးအုန်းမောင်အား သျှမ်းသံတော်ဆင့်ရဲ့ ဆက်သွယ်မေးမြန်းချက်မှာတော့ -

ယခုထောင်ဝင်စာတွေ့စဉ် အဖေတစ်ခု သမီးတစ်ခုဖြစ်သည့် သူမအနေဖြင့် ပြင်ပလောကသို့ ထွေထွေထူးထူး မှာကြား ခြင်းမရှိပဲ “အဖေ ကျန်းမာအောင် နေပါ အဖေ မသေနဲ့အုံး အဖေသေရင် ကျမထောင်ဝင်စာ မရတော့ဘူး” ဟု သာ ဖခင်အား မှာကြားခဲ့ကြောင်း သိရသည်။

အသက် ၇၃နှစ် ကျော်အရွယ်ရှိ ဦးအုန်းမောင်သည် ရန်ကုန်မှ ဗန်းမော်အထိ အဆင့်ဆင့်ခရီးဆက်ခဲ့ရသဖြင့်ဒယီးဒယိုင် ဖြစ်လျှက်ရှိကာ မောပန်းနွမ်းနယ်နေကြောင်း သိရသည်။



















မမာမာဦးဖခင် ဦးအုန်းမောင်ဟာ နှလုံးရောဂါ အခံရှိပါတယ်။ မမာမာဦးကို ကျွန်တော် မမြင်ဘူးပါဘူး။ သူကအခု ကျွန်တော့်အဖေ ထောင်ကျရာ ဗန်းမော်မှာပါ။ ကိုယ်ချင်းစာပါတယ်။ မိဘမေတ္တာလေ ဗန်းမော်ထိ ဦးအုန်းမောင်က သွားမယ်ဆိုတော့ ကျွန်တော်လန့်သွားတယ်။ ဖြစ်ပါ့မလားပေါ့ ။ ရတယ်တဲ့။ ရအောင်သွားတယ်။ သွားဖို့ လမ်းစာရိတ်ကို အိုင်စီအာစီကပေးတယ်။ ဒါပေမယ့် အလုပ်အကိုင်မရှိတဲ့ အဘကြီး ။
ထမင်းတောင်နပ်မှန်မှု မရှိတဲ့ အဘက ဘယ်လိုသူ့သမီးအတွက် ပစ္စည်းတွေ ယူသွားမှာလဲ။ သမီးကိုတွေ့ပြီး ပြန်လာမှာလား။ မိဘမေတ္တာကတော့ အပြည့်ပြုံးနေတာပဲ။ ရယ်နေတာပါပဲ။ ဒါပေမယ့် စားစရာတောင် အနိုင် နိုင် ကျွန်တော်သိတယ်။ သူ့မိတ်ဆွေတွေက ပြောတယ် သိထားပြီးပြီး ထမင်းလေး 100ဖိုး၊ ဟင်းလေး150ဖိုးနဲ့စားရတယ်။ ဒါတောင်နပ်မှန်အောင် မစားနိုင်ဘူး။ သူ့သမီးအတွက် သွားရင်ပါသွားဖို့ မုန်လေးတွေ၊ ပစ္စည်းလေးတွေ ၀ယ်စုထားတယ်တဲ့။ ဒါသူများပြောတာ။ ကျွန်တော်ကိုယ်တိုင် ကျွန်တော့်ဆိုင်လေးမှာ ထမင်းကျွေးတယ် ဟင်းလေးနဲနဲပဲစားတယ် ..။ ထမင်စားလဲနည်းတယ် တော်ပြီတဲ့ ၊ စားပါအဘရဲ့ ကိုယ့်မိသားစုတွေလိုပေါ့။ ဒီလိုပဲ ကျွန်တော်လဲရှိတုန်း ကျွေးနိုင်တာ။ စားပါ အဘနေကောင်းမှ ဖြစ်မှာပေါ့လို့ ။ ဒါနဲ့ ပြန်တော့ ငွေ၃ထောင်ပေးလိုက်တယ် လမ်းစားရိတ်။ မမာမာဦးဆီသွားမယ့် နေ့လာခဲ့ပေါ့လို့ ပြောလိုက်တယ်။ ငိုက်စိုက်ငိုက်စိုက်နဲ့ ကျွန်တော် လိုက်ပို့လိုက်တယ် ကားမှတ်တိုင်ကို အလုံကနေ ကားစီးလေရဲ့။

နောက် မမာမာဦးဆီသွားကာနီး ရောက်လာပါတယ် ၁သောင်းပေးလိုက်တယ်။ ဘာတွေ ၀ယ်မှာလဲမေးတော့။ ဟိုနေ့က ပေးတဲ့သုံးထောင်နဲ့ ၀ယ်ထားတာလေးတွေ ရှိတယ်တဲ့။ အဘစားဖို့ ကျွန်တော် သက်သက်ပေးတာပါ။ အခုပေးတာ မမာမာဦး အတွက်လို့ ။ ဘာတွေဝယ်ထားလည်း မေးတော့ ခေါက်ဆွဲခြောက်ထုတ်တွေ။ ကွေကာအုပ်တွေတဲ့။ ကြိုစုထားတာ အဘသွားတိုင် ဘာမှမပါသွားတော့ သုံးရင်းစွဲရင်း ပါသွားလို့ သမီးအတွက် အဖတ်တင်အောင် ကြိုဝယ်ထားလိုက်တာတဲ့။ ဒါဆိုလဲ အဘကြည့်ကောင်းသလိုလုပ်ပါလို့ပြောလိုက်တယ်။ အဘ ပြန်လာရင် ကျွန်တော့်ကို အင်္ဂလိပ်စာသင်ပေး ကျွန်တော် တလ 3သောင်းပေးမယ်ပေါ့။ ကလေးတွေကိုရော အဘကလဲ ပျင်းနေတာ ၊ဘယ်တော့သင်မလဲဘာလဲနဲ့။ တချက်ခုတ်နှစ်ချက်ပြတ် ကျွန်တော်စီစဉ်တာ။ ချို့တဲ့သူမို့ပါ။ ဒါပေမယ့် မအောင်မြင်ပါဘူး။ ကျွန်တော်ဆီ သူရေရှည် မလာနိုင်ဘူး။ ကျန်မာရေးလည်း မကောင်းဘူး။ ဘယ်လို လုပ်ပေးရမှန်း မသိဖြစ်ရတယ်။ လုပ်နိုင်တာလုပ်ပေးတယ်။ မာမာဦးဆီသွားမယ်ဆို တစ်သောင်းပေးတယ်။ NLD ရုံးရောက်တိုင်း ဒေါ်ရှု့ကိုမေးရတယ်... သူဘယ်လို ရပ်တည်နေလဲပေါ့။ သူ့အကြောင်း ခေါင်ထဲထည့်ထားတယ်။ ခေါင်းထဲ ထည့်ထားရတာတွေကလဲ များတယ်လေ။

တခါတလေ ရုံးမှာတွေ့တယ် မှိုင်နေတာပဲ။ စကား ကျွန်တော်သွားပြောတယ်။ အဘ လို့ဆိုတော့ အေးတဲ့။ စကားတွေဘာတွေ ပြောလိုက်သေးတယ်။ နောက်တော့ မသင်္ကာတာနဲ့ အဘကျွန်တော် လူမော်လေလို့ ပြောတော့ ဟုတ်လားတဲ့ အေးအေး ဘယ်သူမှန်းမသိလို့တဲ့ နေကောင်းလားတဲ့. အဘမျက်လုံး ကောင်းကောင်း မမြင်ဘူး အရင်ကနဲ့မတူဘူးတဲ့။ အဘ မမာမာဦးဆီသွားမလို့တဲ့။ ဟုတ်ကဲ့ နီးရင်ပြောဆိုပြီး ပြောခဲ့တယ်။ အဲဒါနဲ့ပြန်လာတယ်။ နောက်တော့ ကျွန်တော်လဲ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ လုပ်ဖို့ တာဝန်ယူထားတော့ တာစူနေတာ သတိမထားဖြစ်ဘူး။ အန်တီရူ.ဆီက ဖုန်းဝင်လာတယ် ဦးအုန်းမောင်နှလုံး ရောဂါနဲ့ဆေးရုံမှာတဲ့။ သူ့အတွက်အကူပေးဖို့ မိတ်ဆွေတစ်ယောက်ဆီ အကူအညီတောင်း ထားတယ်။ မကြာပါဘူး ပြန်ဆင်းလာပြီတဲ့။ ကျွန်တော်လဲ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးရေးနေ့ ကျင်းပတဲ့နေ့ ...အဘဦးအုန်းမောင် ရောက်လာတယ်။ အဘ မောနေလား ဘာလို့လာတာလဲ။ လာရမှာပေါ့ကွာတဲ့ ...မင်းပွဲကိုးတဲ့။ နေကောင်းလို့လားလို့ မေးလိုက်တော့။ လမ်းမှာ ၇ခါတောင် နားပြီးမှာလာတာမို့လို့ ခုချိန်မှရောက်တာတဲ့။ အော်လူငယ်တစ်ယောက်ပေါ်မှာ နိုင်တာလေးနဲ့ တုံပြန်တဲ့ လူကြီးတစ်ယောက်ပါပဲ ။ ပြန်တော့ စိတ်မကောင်းဘူး ကျွန်တော်လည်း လူတွေဧည့်ခံနေရင်းက အဘ မသွားနဲ့ဦးနော် ဆိုပြီး စိုက်ကြည့်ပြီး ပြောလိုက်တယ်။ အေးတဲ့။ တော်ကြာတော့ ပျောက်သွားတယ်။ အဘဘယ်ထွက်သွားတာ လဲမေးတော့။ မသိကြဘူး။ ကျွန်တော် ကဗျာကယာနဲ့ အောက်ထပ် ပြေးဆင်းသွားတော့ သူတိုက်အောက်မှာ ထိုင်နေတယ်။ အံဒါနဲ့ ငွေ တစ်သာင်း တက်ယူပြီး အဘကိုကန်တော့လိုက်တယ်။ အဘနေကောင်းအောင် နေနော်လို့ မှာလိုက်မိတယ်။

ဒီနေ့ည ဒီဗွီဘီမှာ ကြားလိုက်တယ်။ အဘဆုံးပြီတဲ့။ ကျွန်တော် အခုစာရိုက်ရင်း အဘကို ဆုတောင်းပေးပါတယ် မိဘ မေတ္တာအပြည့်ရှိခဲ့လို့ တူသောအကျိုးပေးပြီး နောက်နောင် ဘ၀တွေ မိဘ မေတ္တာအပြည့် ရသော သားသမီးဖြစ်ရပါစေလို၏။ လူတွေရဲ့ မေတ္တာကို ရပါစေလို၏၊။ မင်းတွေရဲ့ မေတ္တာရရပါစေလို၏ပေါ့ (အခုသူနာရေး ရက်လည်လေး လုပ်ဖို့ ငွေမရှိဘူးလို့ အန်တီရူ့က အကြောင်းကြားတယ် ကျွန်တော့်မှာ တာဝန်ရှိပါတယ် မိဘမေတ္တာကြီးမားတဲ့ သူအတွက် ကျွန်တော်မမာမာဦး ကိုယ်စား သားသမီးသဖွယ် တာဝန်ယူ ပေးပါမယ်)။

(ရေးသားဖေါ်ပြသူ - လူမော်လတ် - အလုံ NLD လူငယ်နဲ့ (၂၀၀၇ စက်တင်ဘာ) အကြမ်းမဖက်အမျိုးသားလှုပ်ရှားခဲ့သူ)။






































သမီးဖြစ်သူ မမာမာဦးကတော့ တိုင်းပြည်အတွက် ကိုယ်ကျိုးစွန့် ဗန်းမော်ထောင်မှာ မတရားဖမ်းဆီး အကျဉ်းကျခံနေရပြီး ဖခင်ဖြစ်သူကတော့ ကြည့်ရှု မယ့်သူမရှိ.. ဘာမရှိနဲ့ ဘဝရဲ့နေဝင်ချိန်ကို တစ်ဦးတည်း ဖြတ်သန်းရင်း သမီးဖြစ်သူကို တွေ့ခွင့်မရ သမီးပြန်လွတ်လာချိန်ကို စောင့်ရင်း ကွယ်လွန်သွားခဲ့ပါပြီ။ ကျွန်တော်တို့ တိုင်းပြည်အတွက် ကိုယ်ကျိုးစွန့် အနစ်နာခံသူတွေရဲ့ မိသားစုတွေရဲ့ ဘဝအခြေတွေကို ကိုယ်ချင်းစာကြည့် ကြပါဗျာ.. ပြည်ပမှာ ရောက်နေတဲ့သူတွေ အနေနဲ့ ကိုယ်တတ်နိုင်တဲ့ ဘက်က တတ်အားသရွေ့ ပြည်တွင်းက အသက်စွန့်ခံ၊ ထောင်ကျခံ လုပ်ဆောင်ပေးနေသူတွေကို ကူညီထောက်ပံ့ ပေးသင့်ပါတယ်။ ဘာမလုပ်ဘူးလား ညာမလုပ်ဘူးလား ဆိုတာထက် ကိုယ်ဘာလုပ်ပေးနိုင်တယ် ဆိုတာကို အရင် စဉ်းစားပေးကြပါလို့ တိုက်တွန်းနှိုးဆော်လိုက် ရပါတယ်။

ဒီမိုဝေယံ။

အပြည့်ဖတ်မည်...

Thursday, September 23, 2010

ရဟန်းရှင်လူ ပြည်သူတွေကို သတ်မည့် 7 - 11 ( နိုဝင်ဘာ ၇) အား ဆန့် ကျင်ကြ။

အပြည့်ဖတ်မည်...

Tuesday, September 21, 2010

၂၀၁၀ ခုနှစ် စက်တင်ဘာလ ၂၁ ရက် အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပ။

၂၀၁၀ ခုနှစ် စက်တင်ဘာလ ၂၁ ရက် အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို အလုံမြို့နယ် NLD လူငယ်ခေါင်းဆောင် ကိုလူမော်လတ်၏ နေအိမ်တွင် ကျင်းပရာ NLD ပါတီ ဒုဥက္ကဌကြီး ဘဘဦးတင်ဦး ကြွရောက်ချီးမြှင့်အားပေးခဲ့ပါသည်။

ယနေ့ စက်တင်ဘာလ ၂၁ ရက် - အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနားကို အမှတ် (၁၄) နွယ်နီလမ်း၊
စောရန်ပိုင်အနောက်ရပ်ကွက်ရှိ အလုံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်ခေါင်းဆောင် ကိုလူမော်လတ်၏ နေအိမ်တွင် ဒီမိုကရေစီအင်အားစုများစွာဖြင့် ကျင်းပခဲ့ပါသည်။



နံနက် (၁၀) နာရီအချိန်တွင် ပင့်ဖိတ်ထားသော ဆရာတော်သံဃာတော်အရှင်သူမြတ် (၅) ပါးမှ (၅) ပါးသီလပေးပြီး၊ မေတ္တာသုတ်နှင့် ဗောဇ္ဈင်သုတ်ပရိတ်တရားတော်များကို ရွတ်ဖတ်သရဇ္ဈာယ် ချီးမြှင့်တော်မူခဲ့ကြပါသည်။၊ ထို့နောက် ဆရာတော်အရှင်သူမြတ်များကို ကိုလူမော်လတ်၊ မ၀င်းမော်ဦး (၈၈ကျဆုံး) ၏ အဖွားဒေါ်နီနှင့် NLD ပါတီဝင်များက လှုဖွယ်ဝတ္ထုနှင့် သင်္ကန်းများကို ဆက်ကပ်လှုဒါန်းခဲ့ပါသည်။

ဒီမိုကရေစီတိုက်ပွဲအတွင်း ကျဆုံးသွားကြကုန်သော ရဟန်းရှင်လူ၊ကျောင်းသား/သူအပေါင်းကို အမျှပေးဝေပြီး၊ မြန်မာနိုင်ငံတ၀ှမ်းရှိ အကျဉ်းထောင်များ၌ မတရားဖမ်းဆီး အကျဉ်းချထားခြင်းခံနေရသော ရဟန်းသံဃာတော်များ၊ နိုင်ငံရေးသမားများနှင့်
ကျောင်းသားလူငယ်မျိုးဆက်သစ်များကို အမြန်လွတ်ငြိမ်းချမ်းသာရပါစေခြင်းငှာ ဆုတောင်းမေတ္တာပို့သခဲ့ကြပါသည်။ ထို့ နောက် သံဃာတော်အရှင်သူမြတ်များကို နေ့ဆွမ်း ဆက်ကပ်လှုဒါန်းခဲ့ကြပါသည်။ ကြွရောက်လာကြသော ဒီမိုကရေစီအင်အားစု ဧည့်ပရိတ်သတ်များအား ကြက်သား၊ ၀က်သား၊ ငါးဟင်း၊ အသီးအရွက်အစိမ်းကြော်များ၊ ငါးပိကြော်၊ တို့စရာမျိုးစုံတို့ဖြင့် တည်ခင်းဧည့်ခံကျွေးမွေးခဲ့ပါသည်။

အဆိုပါကမ္ဘာ့ငြိမ်းချမ်းရေးနေ့အထိမ်းအမှတ် ဆွမ်းကျွေးကပ်လှုပွဲအခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဌကြီး ဘဘဦးတင်ဦး၊ ဒေါက်တာမျိုးအောင်(NLD ရန်ကုန်တိုင်းစည်းရုံးရေးမှုး)၊ ရဲရဲတောက် ဦးသိန်းအောင် (ရွှေပြည်သာ)၊ ဦးအေး၊ ကဗျာဆရာ ဦးသူရဇ္ဈာန်၊ ကဗျာဆရာ ဦးဘုန်းကျော်နှင့် NLD ပါတီ (အင်္ဂါဝတ်ပြုဆုတောင်းအဖွဲ့ဝင်)များ၊ မ၀င်းမော်ဦး (၈၈ ကျဆုံး) ၏ အဖွား ဒေါ်နီနှင့် သူမ၏ မိသားစုဝင်များ၊ လှိုင်သာယာမြို့နယ် NLD ပါတီဝင်များ၊ ရှေ့နေကြီး ဘဘ ဦးအုန်းမောင်၊ မမာမာဦး NLDပါတီဝင် (ဗန်းမော်အကျဉ်းထောင်၌ ထောင်ကျနေသူ) ၏ ဖခင်ဦးသိန်းမောင်၊ ဒေါ်ရှု NLD၊ ကျောက်တန်းမြို့နယ် NLD ပါတီဥက္ကဌနှင့် ပါတီဝင်များ၊ စမ်းချောင်းမြို့နယ် NLD ပါတီဥက္ကဌ ဦးသက်ဝေနှင့် ပါတီဝင်များ၊ ရှေ့နေလေး ကိုဖိုးဖြူ (အလုပ်သမားအကျိုးဆောင်)၊ ကြည့်မြင်တိုင်မြို့နယ် NLD ပါတီဝင်များ၊ ကုန်ဈေးနှုန်းကျဆင်းရေးလှုပ်ရှားမှုအဖွဲ့ဝင်များ၊ ရန်ကုန်တိုင်း NLD အမျိုးသမီးအဖွဲ့များနှင့် အခြားသော ဒီမိုကရေစီအင်အားစုများက တက်ရောက်ချီးမြှင့်အားပေးခဲ့ကြပါသည်။

ထို့နောက် အလုံမြို့နယ် NLD လူငယ်ခေါင်းဆောင် ကိုလူမော်လတ်မှ တစ်ကမ္ဘာလုံး၊ မြန်မာတစ်နိုင်ငံလုံး ငြိမ်းချမ်းပါစေခြင်းအတွက် ဂျိုးငှက်လေးများကို အဆုံးအဆမဲ့ ကောင်းကင်ထက်သို့ လွှတ်ပေးခဲ့ပါသည်။

ယင်းအပြည်အပြည်ဆိုင်ရာ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့အထိမ်းအမှတ်ပွဲတွင် ရဲရဲတောက် ဦးသိန်းအောင် (ရွှေပြည်သာ) က (ငြိမ်းချမ်းတေးနဲ့ ရွှေဂျိုးဖြူကူပါမှလေး) အမည်ရှိ ကဗျာကိုလည်းကောင်း၊ ကဗျာဆရာ ဦးသူရဇ္ဈာန်က (ငြိမ်းချမ်းရေးတမန်တော်) အမည်ရကဗျာကိုလည်းကောင်း၊ ကဗျာဆရာ ဘုန်းကျော်မှ (ပြည်သူတွေကို ညှာတာပါ) အမည်ရ ကဗျာ (၃) ပုဒ် ရွတ်ဖတ်ပြီး ဂုဏ်ပြုခဲ့ပါသည်။

အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့အထိမ်းအမှတ် ကျင်းပရခြင်းအကြောင်းနှင့် ပတ်သက်ပြီး ၄င်းပွဲကို ဦးစီးကျင်းပပြုလုပ်သူ ကိုလူမော်လတ်ကို အနည်းငယ် မေးမြန်းခဲ့ပါတယ်။

BP ။ ။ ကိုလူမော်လတ်ခင်ဗျား၊ စက်တင်ဘာလ ၂၁ ရက် အပြည်ပြည်ဆိုင်ရာကမ္ဘာ့ငြိမ်းချမ်းနေ့အထိမ်းအမှတ်ပွဲကို ဘယ်လိုရည်ရွယ်ချက်နဲ့ ကျင်းပပြုလုပ်ခဲ့တယ်ဆိုတာလေး သိပါရစေ။

ကိုလူမော် ။ ။ ဟုတ်ကဲ့ ကျွန်တော် ဒီ ငြိမ်းချမ်းရေးပွဲလေးကို အကြောင်းမဲ့၊ ရည်ရွယ်ချက်မရှိပဲ လုပ်တာ မဟုတ်ပါဘူး။ တစ်ကမ္ဘာလုံးမှာရှိတဲ့ လူတွေ၊ မြန်မာပြည်အတွင်းမှာ ရှိနေကြတဲ့ ပြည်သူပြည်သားတွေ၊ နောက်ပြီးတော့ ဒီမိုကရေစီတိုက်ပွဲအတွင်းမှာ ကျဆုံးသွားခဲ့ကြတဲ့ ညီအစ်ကို မောင်နှမတွေ၊ နောက် ကျွန်တော်တို့အားလုံးရဲ့ အမေလို့ သတ်မှတ်ပြီး၊ ဒီမိုကရေစီလမ်းပြကြယ်လို့ နှလုံးသားထဲမှာ စွဲမြဲနေတဲ့ အန်တီ ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ၊ မြန်မာနိုင်ငံတစ်နိုင်ငံလုံးမှာရှိတဲ့ အကျဉ်းထောင်တွေမှာ ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ရင်း အကျဉ်းချ ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အမြန်ဆုံး လွတ်မြောက်ငြိမ်းချမ်းစေချင်တဲ့ဆန္ဒနဲ့ သံဃာတော်တွေကို ပင့်ဖိတ်ဆွမ်းကပ်လှုပြီး မေတ္တာပို့သ အမျှပေးဝေချင်လို့ပါ။ ကျွန်တော့်အဖေလည်း ခု ဗန်းမော်ထောင်မှာ အနှစ်(၂၀) အကျဉ်းချခံထားရပါတယ်။ ကျွန်တော့်အဖေက အလုံမြို့နယ် အမျိုးသားဒီမိုကရေစီဥက္ကဌ ဦးဘမြင့်ပါ။ ခုဒီပွဲကို ကျွန်တော် မဖြစ်ဖြစ်အောင်လုပ်မယ်လို့ ဆုံးဖြတ်ခဲ့တယ်။ အဲ့အတွက် ကျွန်တော့်အဖေဆီတောင် ထောင်ဝင်စာ သွားမတွေ့ရသေးပါဘူး။ ကျွန်တော်ပြောချင်တာက ခုလက်ရှိအုပ်ချုပ်နေတဲ့ နိုင်ငံတော်လူကြီးများကို အန်တီဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားများကို အမြန်ဆုံးလွှတ်ပေးပါလို့ တောင်းဆိုပါတယ်။ သူတို့တွေက အကြမ်းဖက်သမားတွေလည်း မဟုတ်၊နိုင်ငံတော်ကို လုပ်ကြံကြတဲ့သူတွေလည်း မဟုတ်ဘူး၊ သူပုန်သူကန်တွေလည်း မဟုတ်ပါဘူး။ ကျွန်တော့်ဆန္ဒက ထောင်ချထားခံရတဲ့သူတွေ အမြန်ဆုံးပြန်လွတ်ပြီး မိသားစုတွေနဲ့ နွေးထွေးစွာ ပြန်လည်တွေ့ဆုံစေဆန္ဒပါ။ ကျွန်တော်တို့ မိသားစုလည်း တကွဲတပြားဖြစ်နေတော့ ကျွန်တော်ကိုယ်တိုင်ခံစားနေရတာကို စာနာပြီး သူတို့တွေအတွက်၊ အားလုံးအတွက် ရည်ရွယ်ပြီး ကျင်းပခဲ့တာပါဗျာ။

(ကိုလူမော်လတ်ဟာ သူရေစက်ချနေစဉ် ဘဘဦးတင်ဦးရောက်လာချိန်မှာ မျက်ရည်တွေ တွေတွေကျခဲ့သလို၊ ကျွန်တော်အင်တာဗျူးနေစဉ်မှာလည်း မျက်ရည်များ ကျခဲ့ပါတယ်။ မြန်မာနိုင်ငံသူနိုင်ငံသားအားလုံး အမြန်ငြိမ်းချမ်းမှုရပါစေလို့ ကျွန်တော် ဒီနေရာကပဲ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။)

လေးစားဦးညွှတ်လျှက် -

ဘားမားပါပါရာဇီ။

(သတင်းမှတ်တမ်းဓါတ်ပုံများ ပေးပို့ လာကြသော မိတ်ဆွေများ အားလုံးအား အထူးကျေးဇူးတင်ရှိပါသည် - နစ်နေမန်း)။

အပြည့်ဖတ်မည်...

နအဖလက်အောက်က ကရင်ပြည်နယ်ရဲတပ်ဖွဲ့ အခြေအနေ။ ရဲမှူးကြီးကို ဒုရဲအုပ်က ချုပ်ကိုင်လျက်ရှိနေ။

ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှုးရုံးတွင် တာဝန်ထမ်းဆောင်လျှက်ရှိသူ ဒုရဲအုပ်ဝင်းနိုင်သည် ပြည်နယ်ရဲတပ်ဖွဲ့နှင့် ဆက်စပ်ပြီး ဝင်ငွေရှာပေးနိုင်သောသူတစ်ဦး ဖြစ်ပါသည်။ ယခု အသစ်ပြောင်းရွှေ့ရောက်ရှိလာသော ရဲမှုးကြီးကျော်ခိုင်ဦးအား ရောက်ရှိလာချိန်မှ စပြီး၊ စားစရာ နေစရာကိစ္စရပ်များကို လိုင်စင်မဲ့ကားများ လုပ်ကိုင်ဆောင်ရွက်နေသော အဖွဲ့အစည်းများထံမှ တောင်းခံဖြည့်စွက် ဆောင်ရွက်ပေးခဲ့ပါသည်။

တရားမဝင်ကုန်ပစ္စည်းများ သယ်ဆောင်သည့် ကုန်သည်များထံမှ ငွေကြေးကောက်ခံရယူရာ၊ လစဉ်ကြေးငွေ ကျပ်သိန်း (၂၀) ဆောင်ရွက်ပေးသည့်အတွက်ကြောင့် ရဲမှုးကြီးမှာ ဒုရဲအုပ်ဝင်းနိုင်ပြောကြားသည့်အတိုင်း လုပ်ကိုင်နေရပါသည်။

ဒုရဲအုပ်ဝင်းနိုင်မှသူနှင့် အဆင်မပြေသူများကို တောထဲကို ပို့လိုက်မည်ဟု ပြောလျှင်၊ နောက်နေ့တွင် ရဲမှုးကြီးမှ အမိန့်ထုတ်ပြန်ပေးရသည်အထိ ပိုင်နိုင်ပါသည်။ ကရင်ပြည်နယ်အတွင်းရှိ ရဲတပ်ဖွဲ့ဝင်အရာရှိအားလုံး ဒုရဲအုပ်ဝင်းနိုင်ကို ရွံမုန်း ကြောက်ရွံနေကြရပါသည်။

ဒုရဲအုပ်ဝင်းနိုင်နှင့် အဆင်မပြေလျှင် နောက်နေ့ ရဲမှုးကြီးရုံးတက်ကာ အရေးယူခြင်းခံရသည်၊ ရဲတပ်ဖွဲ့ဝင်များသည် ဝေးလံသည့်နေရာများသို့ ပြောင်းရွှေ့ခြင်းခံရပြီး မိသားစုနှင့် တကွဲတစ်ပြားနေရမည်ကို ကြောက်ရွံသဖြင့် ဒုရဲအုပ်ဝင်းနိုင်နှင့် တွေ့လျှင် အမြဲပြုံးပြနေကြရပါသည်။

အဆိုပါ ဒုရဲအုပ်ဝင်းနိုင်ကြောင့် ယခင် ရဲမှုးကြီးကျော်မြင့်လည်း ပြောင်းရွှေ့သွားခဲ့ရပါသည်။ ရဲတပ်ကြပ်သိန်းဇော်ထွေး၊ ဒုတပ်ကြပ်မျိုးမင်းလတ်တို့လည်း ရဲပြေးဖြစ်ခဲ့ရပါသည်။

ယခု ကရင်ပြည်နယ်ရဲမှုးကြီးမှာလည်း ဒုရဲအုပ်ဝင်းနိုင်အနားမှာ မရှိလျှင် ဒေါ်လာပြတ်သွားမည်ထင်ပြီး သွားလေရာ အမြဲခေါ်နေရပါသည်။ ဒုရဲအုပ်ဝင်းနိုင်ကို ရဲမှုးကြီးမှ မကျော်လွှားနိုင်သဖြင့် ဒုရဲအုပ်ဝင်းနိုင် လုပ်ချင်သလို လိုက်လုပ်ပေးနေရပါသည်။

ယနေ့ ကရင်ပြည်နယ်ရဲတပ်ဖွဲ့ကို ဒုရဲအုပ်ဝင်းနိုင်မှ ချုပ်ကိုင်ထားကြောင်းကို ပြည်နယ်ရဲတပ်ဖွဲ့ဝင်များအကြားတွင် သတင်းကြီးလျှက် ရှိနေပါသည်။

အပြည့်ဖတ်မည်...

Monday, September 20, 2010

နအဖတို့ ရဲ့  မျက်လှည့်ပုံး (သို့ ) တရုတ်ပြည်ထုတ် ပလပ်စတစ်အကြည်ရောင်ပုံးနဲ့  နအဖတို့ ရဲ့  မျက်လှည့် လက်လှည့်ပွဲ။

နအဖတွေဟာ မြန်မာပြည်သူပြည်သားတွေအပေါ် ရိုးရိုးသားသားနဲ့  စေတနာဖြူစင်စွာနဲ့  ဆောင်ရွက်ပေးနေတာများ ရှိပါသလားလို့  မေးရမလို ဖြစ်နေပါပြီ။ အာဏာရူးနအဖတွေဟာ ပြည်သူ့ အာဏာကို သေနတ်လက်နက်နဲ့  ခြိမ်းမြောက်သိမ်းပိုက်ခဲ့တဲ့နေ့ ရက်က စပြီး ယခုထိတိုင် ၄င်းတို့  အာဏာတည်မြဲရေးနဲ့ ကြီးပွားချမ်းသာရေးအတွက်သာ အဓိကလုပ်ပြီး ပြည်သူတွေကို လိမ်ညာအယုံသွင်းဖို့ အတွက် တိုင်းပြည်ကြီး ကောင်းအောင် ဟန်ဆောင်ပြီး လုပ်ပြနေ မဖြစ်စလောက်လေး သုံးစွဲပြနေတာကို အဟုတ်အောင်းမေ့ပြီး ထင်ရင်တော့ အမှားကြီး မှားတာပါဘဲ။

နအဖအာဏာရူးတွေရဲ့  လိမ်ညာမှုတွေနဲ့  ယုတ်မာမှုတွေကို ပြောရမယ်ဆိုရင် ပြောမဆုံးပေါင် တောသုံးတောင် မကဖူး မြန်မာပြည်မှ အာဏာရူးတို့ ကောက်ကျစ်လှည့်ဖြားသောလုပ်ရပ်များဆိုပြီး သြချလောက်အောင် ခေတ်အဆက်ဆက်ပြောရလောက်အောင် အံ့သြနေမှာ အမှန်ပါဘဲ။

နအဖအာဏာရူးတို့ အတွက် အထူးသဖြင့် နအဖခေါင်းဆောင်ကြီး သန်းရွှေတို့ အတွက် နောက်ဆုံးထွက်သက်ဖြစ်တဲ့ “တရားဝင်အစိုးးရဖြစ်ရေး” ဆိုတဲ့ တရားဝင်မှုကို မဖြစ်ဖြစ်အောင် ဖန်တီးနေတဲ့ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲကို နအဖအာဏာရူးတွေဟာ ၄င်းတို့  အနိုင်ရဖို့  ယုတ်မားကောက်ကျစ်လှည့်ဖြားမှုပေါင်းစုံနဲ့ မြန်မာပြည်သူတွေ စည်းရုံးလှည့်ဖြားနေပါတယ်။

ဒီလို နအဖအာဏာရူးတွေရဲ့ လှည့်ဖြားကောက်ကျစ်တဲ့နေရာတွေနဲ့  မြန်မာပြည်သူပြည်သားတွေအပေါ်မှာ စေတနာရိုးသားစွာ ထားရှိမှု မရှိဖူးဆိုတာကို သူတို့ ရဲ့  ပြောဆိုမှုတွေ လုပ်ရပ်တွေကို သေသေချာချာ လေ့လာကြည့်ရင် မြင်တတ်ရင် ပိုသိသာပါတယ်။

နအဖအာဏာရူးတွေဟာ သူတို့ အတွက် သေရေးရှင်ရေးလို အင်မတန်ဖြစ်ချင်နေတဲ့ ၂၀၁၀ ရွေးကောက်ပွဲအတွက်ကို နောက်ဆုံးထွက်သက်အဖြစ် ရှိသမျှ ယုတ်မာကောက်ကျစ်မှုပေါင်းစုံ အသားကုန် ထုတ်သုံးနေတာ ဖြစ်ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲဥပဒေတွေကို ကန့် သတ်မှုပေါင်း မြောက်မြားစွာနဲ့  ထုတ်ပြန်ပါတယ်၊ မလိုလားသော အမျိုးသားနိုင်ငံရေးအင်အားစုတွေကို ဖယ်ထုတ်ပါတယ်၊ တိုင်းရင်းသားအင်အားစုတွေအပေါ် တားမြစ်ချက်တွေနဲ့  တားဆီးပိတ်ပင်ပါတယ်၊ စစ်တပ်အတွက် ၂၅% နဲ့  မလုံလောက်လို့  ကျန်တဲ့ ၇၅% မှာလည်း သူတို့ လူတွေဘဲ ရှိနေအောင် ယူနီဖောင်းချွတ် အရပ်ဝတ်လဲခိုင်းပြီး သူ့ တို့ သာ ပါဝင်နိုင်အောင် စီစဉ်ထားပါတယ်။

နအဖအာဏာရူးတွေရဲ့  ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲအတွက် ပြင်ဆင်လုပ်ဆောင်မှုတွေကို အဆက်မပြတ်လေ့လာသုံးသပ်တတ်ရင် နအဖတို့ ရဲ့  ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲမှာ နေရာအနည်းငယ်ရရင်တောင် ပြောပိုင်ခွင့်လေး အနည်းအကျဉ်းလောက်ရတာ မဆိုးဖူးလို့  တွက်ဆနေသူတွေ ကိုယ့်အတွေး ဟုတ်လှ မှန်လှပြီဆိုပြီး ခံယူနေသူတွေ မျက်တောင်မွှေးအဆုံးလောက်သာ ကြည့်နေတာလို့  ပြောရမလို နအဖအာဏာရူးတို့ ရဲ့  သားကောင်ဘ၀ရောက်သွားပြီဆိုတာ အချိန်တွေက သက်သေပြပါလိမ့်မယ်။

နအဖအာဏာရူးတွေဟာ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ ဖြစ်မြောက်ဖို့ သာ အဓိကထားတာမို့  ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲအတွက် စစ်မှန်သော ရွေးကောက်ပွဲကို ကျင်းပပေးတာမျိုးမဟုတ်သလို ရွေးကောက်ပွဲကိုလည်း သူတို့ အတွက် မဲရဖို့ အတွက်သာ လှည့်ဖြားပြင်ဆင်နေပေမယ့် ကမ္ဘာ့အဆင့်အတန်းမီ ယုံကြည်စိတ်ချရသော ရွေးကောက်ပွဲအသွင် မဆောင်ရွက်ပါဖူး။ဒီလို နအဖတွေရဲ့  ၂၀၁၀ ရွေးကောက်ပွဲဟာ သူတို့  မဲရဖို့ အတွက်ကလွဲလို့  အခြားပြင်ဆင်မှုများ၊ စစ်မှန်သော ရွေးကောက်ပွဲဖြစ်ရန် စံချိန်ဝင်မှုများ၊ မဲစိတ်ချလုံခြုံမှု အစရှိတဲ့ ဆောင်ရွက်မှုတွေမှာ လစ်လျူရှူ ပစ်ပယ်ထားပါတယ်။

နအဖတွေ ရွေးကောက်ပွဲကို ဖြစ်မြောက်ရင်ပြီးရော ကျန်တာတွေ သူတို့ ဖာသာ အကွက်ဆင်ထားပြီး ဖြစ်တာမို့  ရွေးကောက်ပွဲ ဘယ်လိုပုံစံနဲ့  ဖြစ်ဖြစ် ဖြစ်ဖို့ သာ သူတို့ အတွက် အဓိကပါ။ သူတို့ အတွက် သူတို့ လိုချင်တဲ့ မဲရဖို့ အတွက်လည်း လိမ်ညာမှုပေါင်းများစွာနဲ့  လက်လှည့်မျက်လှည့်ပြမှာ ဧကန်မလွဲပါဖူး။

အာဏာရူး နအဖတွေ ၂၀၁၀ ရွေးကောက်ပွဲမှာ သုံးမယ့် မဲပုံးတွေကို ကြည့်ရင် အတော့်ကို ကလေးကစားသလို ဖြစ်သလို တစ်ဘက်ကလည်း သူတို့  မဲတွေကို အလွယ်တကူ ပြောင်းလဲပစ်လို့  ရအောင် ကြံစီထားတာ ပေါ်လွင်နေပါတယ်။

မဲပုံးတွေကို ပလပ်စတစ်အကြည် အထဲကိုမြင်တွေ့ နေနိုင်တဲ့ ပလပ်စတစ်ပုံးတွေကို မဲပုံးအဖြစ် အသုံးပြုမလို့ ပါတဲ့။ အဲ့ဒီပလပ်စတစ်အကြည်ရောင်ပုံးတွေအပေါ်မှာ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်တွေအတွက် အစိမ်းရောင်စာသားပါ စာရွက် ကပ်ထားမယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တွေအတွက် အပြာရောင်စာသားပါ စာရွက် ကပ်ထားမယ်၊ တိုင်းဒေသကြီး/ပြည်တယ်လွှတ်တော်ကိုယ်စားလှယ်တွေအတွက် ခရမ်းရောင်စာသားပါ စာရွက် ကပ်ထားမယ်လို့  ဆိုပါတယ်။














ရုတ်တရက်ကြည့်လိုက်ရင်တော့ အများပြည်သူမျက်မှောက်မှာ မဲတွေကို မလိမ်ဖူး ပေးတဲ့မဲတွေကို ထင်ထင်ရှားရှား မြင်မြင်သာသာဖြစ်အောင် ပြထားမှာ ဖြစ်တယ်ဆိုတဲ့ ပုံစံနဲ့  ပလပ်စတစ်အကြည်ရောင် ပုံးထဲက မဲတွေ မြင်ရမယ်ဆိုတဲ့ ပုံစံနဲ့  ဖန်တီးပြတာပါ။ တကယ်တော့ ဒါဟာ နအဖအာဏာရူးတွေရဲ့  လှည့်ကွက်တစ်ခု ဖြစ်ပါတယ်။

ဒီ အကြည်ရောင် ပလပ်စတစ်မဲပုံးတွေကို မဲပေးတဲ့အချိန်မှာ အများပြည်သူ မြင်တွေ့ ရအောင် မဲရုံအပြင်မှာ ဒီအတိုင်းထားပြီး ပြသာထားမှာ မဟုတ်ပါဖူး။ အလုံကာထားတဲ့ မဲရုံအတွင်းမှာသာ ထားပြီး ပလပ်စတစ်အကြည်ရောင် အထဲကို မြင်နေရတဲ့ ပလပ်စတစ်မဲပုံးလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ မဲရေတွက်တဲ့နေရာမှာ မဲပုံးထဲက မဲတွေကို မြင်နေရလို့  အများသူငှာရှေ့  မလိမ်မညာ မဲရေတွက်ပါတယ်ဆိုတဲ့ အပြသဘောမျိုး လုပ်ဖို့ သာ ဖြစ်ပါတယ်။

ပြင်ထားဆင်ထား ပြောင်းလဲထားပြီးမှ ပြပါပြီဆိုပြီး ကန့် လန့် ကာလေးဖွင့်ကာ ကြည့်ကြပါဆိုပြီး ပြသတဲ့ မျက်လှည့်ပွဲလို နအဖအာဏာရူးတွေက အများမမြင်အောင် ကာထားတဲ့ မဲရုံထဲက မဲပုံးထဲမှာ အလိုကျမဲတွေ ပြင်ထားဆင်ထား ပြောင်းလဲထားပြီးမှ အများပြည်သူရှေ့  မဲရေတွက်ပြပါတော့မယ်ဆိုပြီး လိမ်လည်ပြသမှာ ဖြစ်ပါတယ်။ ဒီထဲမှာ မပါတဲ့ ကြိုတင်မဲတွေ အဝေးရောက်မဲတွေကတော့ နအဖအာဏာရူးတွေအတွက် စိတ်ကြိုက်မဲတွေဘဲ ဖြစ်နေမှာပါ။

ဒါဆိုရင် မဲရုံအတွင်းက မဲပုံး ဘာကြောင့် ပလပ်စတစ်အကြည်ရောင် သုံးရသလည်းဆိုတာ နအဖအာဏာရုးတွေ ကလိမ်ကကျစ်ကျဖို့  စီစဉ်ထားတာမှန်း ပေါ်လွင်နေပါတယ်။

နအဖအာဏာရူးတွေ အသုံးပြုမယ့် အဆိုပါ ပလပ်စတစ်အကြည်ရောင်မဲပုံးတွေကို သေသေချာချာ လေ့လာကြည့်တဲ့အခါမှာ - ရွေးကောက်ပွဲအဆင့်အတန်းမီ မဲလုံခြုံစိတ်ချရသော မဲပုံးအနေအထား လုံးဝမဟုတ်တာ တွေ့ မြင်ရပါလိမ့်မယ်။ ဒီပလပ်စတစ်အကြည်ရောင်ပုံးရဲ့  အဖုံးကို အလွယ်တကူ ဖွင့်လိုက်လို့ ရတဲ့ အနေအထားပါ။ ပလပ်စတစ်ပုံးရဲ့  လက်ကိုင်ဟာ ဖိပြီး ပိတ်ထားရုံသာ ဖြစ်ပြီး ဖွင့်ချင်ရင် ဖိထားတဲ့ လက်ကိုင်ကို အသာလေး မပြီး ဖယ်လိုက်ရုံနဲ့  အဖုံးက အလွယ်တကူ ပွင့်သွားပါတယ်။ ဘာမှ သော့ခတ်လို့  မရ၊ ချိတ်ပိတ်လို့  မရ၊ အဖုံး လုံခြုံစွာ ပိတ်ထားကြောင်း ခိုင်မာတဲ့ ပုံး မဟုတ်တာ သိသိသာသာတွေ့ မြင်ရပါလိမ့်မယ်။ ဒီလိုဖြစ်အောင်လည်း ဒီလို ပလပ်စတစ်ပုံးတွေကို အာဏာရူးနအဖတွေက တမင်သက်သက်သုံးတာ ဖြစ်ပါတယ်။ ဒါမှသာ သူတို့ လိုချင်တဲ့ ပုံစံ ဖန်တီးရမှာမို့ ပါ။

၂၀၁၀ ခုနှစ် ရွေးကောက်ပွဲမှာ ရည်ရွယ်ချက်ရှိရှိနဲ့  သုံးမယ့် နအဖအာဏာရူးတို့ ရဲ့  ပလပ်စတစ်အကြည်ရောင်မဲပုံးက တကယ်တော့ တရုတ်ပြည်ထုတ် ပစ္စည်းအသုံးအဆောင်တွေ ထည့်သိမ်းတဲ့ ရိုးရိုးအပေါစား ပလပ်စတစ်ပုံးတွေသာ ဖြစ်နေပါတယ်။ ဒီတရုတ်ပြည်ထုတ် ပလပ်စတစ်အပေါစားပုံးတွေကို နအဖတို့ ရဲ့ ရွေးကောက်ပွဲမှာ တစ်ပြည်လုံးအနှံ့ သုံးမယ့် ပုံးအရေအတွက်ကို ကြည့်ရခြင်းအားဖြင့် နအဖတို့ ရဲ့  ရွေးကောက်ပွဲ လိုအပ်ချက်တွေကို တရုတ်နိုင်ငံက နောက်ကွယ်ကနေ အထောက်အကူုပြု ပံ့ပိုးနေသလားဆိုတာ သံသယရှိစရာပါဘဲ။

အောက်ဖေါ်ပြပါ ပုံတွေကို ကြည့်ရင် နအဖတို့  ၂၀၁၀ ရွေးကောက်ပွဲမှာ အသုံးချမယ့် ဒီပလပ်စတစ်အကြည်ရောင် ပုံးတွေဟာ တရုတ်ပြည်ထုတ် အပေါစားပလပ်စတစ်ပုံးတွေဖြစ်ကြောင်း မူလတံဆိပ်တွေနဲ့  တရုတ်ပြည်မှာ ပြုလုပ်တဲ့ ပလပ်စတစ်ပုံးတွေဖြစ်ကြောင်း တွေ့ မြင်ရမှာပါ။















































































နအဖအာဏာရူးတွေဟာ သူတို့  အင်မတန်ဖြစ်ချင်နေတဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ လက်လှည့်မျက်လှည့်ပွဲမှာ တရုတ်ပြည်ထုတ် တရုတ်ပလပ်စတစ်အကြည်ရောင်ပုံးများကို အသုံးချကာ အထက်ဖေါ်ပြပါ လှည့်ဖြားကလိမ်ကကျစ်ကျမည့် အစီအစဉ်များနဲ့  သူတို့ ၈ွင် သူတို့ ဆင်ကာ မြန်မာပြည်သူပြည်သားများနှင့်တစ်ကွ နိုင်ငံတကာကိုပါ အကြီးမားဆုံးသော နောက်ဆုံး အစွမ်းကုန်ပညာပြမည့် မျက်လှည့်ပွဲကြီးအား ကျင်းပဖို့  လုပ်နေတာမို့  နအဖတို့ ရဲ့  မဲပုံးဟာ ပလပ်စတစ်အကြည်ရောင် မျက်လှည့်ပုံးသာ ဖြစ်ပါကြောင်း အသိပေးတင်ပြလိုက်ရပါတယ်။ လိမ်ညာမယ်မှန်း သိသိကြီးနဲ့  အလိမ်ခံပြီး ကြည့်လိုက်ဦးမယ်ဆိုသူဟာ လိမ်မှန်း မသိဘဲ အလိမ်ခံလိုက်ရသူထက် အောင့်သက်သက်နဲ့  ခံလိုက်ရလေခြင်းဆိုတဲ့အဖြစ် ခံရမယ့် ကိန်းဆိုက်မှာ အမှန်ပါဘဲ။

လိမ်ညာကောက်ကျစ်စွာနဲ့  မြန်မာပြည်သူပြည်သားတွေရဲ့  သွေးချွေးတွေနဲ့ လက်ဆေးနေတဲ့ နအဖအာဏာရူးများရဲ့  ၂၀၁၀ ခုနှစ် မျက်လှည့်လက်လှည့်ပွဲကြီးအား ကန့် ကွက်ဆန့် ကျင်သပိတ်မှောက်သည့်အနေဖြင့် မဲ လုံးဝ မထည့်ကြဖို့  အထူးတိုက်တွန်းလိုက်ရပါတယ်။

အပြည့်ဖတ်မည်...

အာဏာရူး နအဖတွေကြောင့် ပျက်စီးနေသော ပညာရေးအခြေအနေ။

Med

အပြည့်ဖတ်မည်...

၂၀၁၀ ရွေးကောက်ပွဲ ဆန့် ကျင်ရေး ကျောင်းသားလူငယ်များ၏ လှုပ်ရှားမှု။

ရန်ကုန်တိုင်း အတွင်းရှိ ဒီမိုကရေစီရေးတက်ကြွ လှုပ်ရှားနေသော ကျောင်းသားလူငယ်အင်အားစုများ၏ ၂၀၁၀ ခုနှစ် နအဖရွေးကောက်ပွဲ ဆန့် ကျင်ရေးလှုပ်ရှားမှုများ၏ တတိယမြောက်လှုပ်ရှားမှုအဖြစ် LETTER CAMPAIGN လှုပ်ရှားမှုကို လွန်ခဲ့သည့် တပတ်ခန့် မှစတင်ပြီး ပြုလုပ်ခဲ့ကြသည်။

စစ်တပ်အသွင်ပြောင်းပါတီဖြစ်သော ကြံ့ဖွတ်ပါတီနှင့် နအဖ ပြုလုပ်မည်ဆိုသော ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲကို သရော်လှောင်ပြောင်ထားသော ပို့ စကတ်များ ထည့်ထားသည့် စာအိတ်ပေါင်း တထောင်ကျော်ကို လွန်ခဲ့သည့် ဆယ်ရက်ခန့် ကတည်းက အဆိုပါ လူငယ်အင်အားစုများက ရန်ကုန်တိုင်းအတွင်းရှိ စာတိုက်ပုံးအသီးသီးမှနေ၍ မြန်မာနိုင်ငံအနှံ့အပြားရှိ မြို့ နယ်များသို့ ပို့ ဆောင်ခဲ့ကြကြောင်း လှုပ်ရှားမှုတွင် ကိုယ်တိုင်ပါဝင်ခဲ့သူ ရန်ကုန်တိုင်းအတွင်းရှိ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားနေသော ကျောင်းသားလူငယ်အင်အားစုများ အဖွဲ့ ဝင် လူငယ်တစ်ဦးထံမှ သိရှိရသည်။

ဖြန့် ဝေခဲ့သည့် ပို့ စကတ်များတွင် "ကြံ့ဖွတ်ကို မဲပေးရင် သံဃာတွေကို သတ်ဦးမှာပဲ" "ကြံ့ဖွတ်ကို မဲပေးရင် ပြည်သူတွေ ငတ်ဦးမှာပဲ" "၂၀၁၀ ရွေးကောက်ပွဲကို မဲပေးရင် ကျောင်းသားတွေ ထောင်ကျဦးမှာပဲ" စသည့် စာသားများ ပါဝင်သည့်အပြင် ဘောင်းဘီချွတ် လူဝတ်ပြောင်း၍ ကြံ့ဖွတ်ပါတီကို ဦးဆောင်ပြီး ရွေးကောက်ပွဲဝင်ရောက်အရွေးခံရန် ပြင်ဆင်နေသော "ဦး" တပ်ခေါ်နေရသည့် စစ်ဗိုလ်ချုပ်ကြီးများကို သရော်လှောင်ပြောင်ထားသော ကာတွန်းပုံများလည်း ပါဝင်ကြောင်း သိရှိရသည်။




































"ကျွန်တော်တို့ ကဒီ LETTER CAMPAIGN လှုပ်ရှားမှုကို ရွှေဝါရောင်တော်လှန်ရေး သုံးနှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် လှုပ်ရှားပြုလုပ်ရခြင်း ဖြစ်ပါတယ်။ သံဃာတော်တွေ သွေးမြေကျခဲ့ရတဲ့ လက်သည်တရားခံကို မမေ့ကြဖို့ နဲ့ အဲဒီ သာသနာဖျက်တွေကိုယ်တိုင်က ပုံစံပြောင်းပြီး ကျွန်တော်တို့ နိုင်ငံကို ထပ်မံအုပ်ချုပ်ဖို့  ၂၀၁၀ ရွေးကောက်ပွဲဆိုတဲ့ လုပ်ကြံဇာတ်ကြီးကို ခင်းဖို့ ကြံနေပြီဆိုတာ ကျွန်တော်တို့ မြန်မာပြည်သူတွေ သတိပြုမိကြဖို့ အတွက် ရည်ရွယ်ပြုလုပ်ရခြင်း ဖြစ်ပါတယ်။ နောက်တခုက ပြည်တွင်းမှာပဲ ကျွန်တော်တို့ လို ၂၀၁၀ ရွေးကောက်ပွဲဆန့် ကျင်ရေးနဲ့ ဒီမိုကရေစီရရှိရေး လှုပ်ရှားနေကြတဲ့ တခြားညီအစ်ကိုတော်အင်အားစုတွေကို အခု ဒီ LETTER CAMPIGN လှုပ်ရှားမှုပုံစံမျိုးလိုပဲ ကိုယ့်ရဲဘော်တွေရဲ့ လုံခြုံရေးကို မထိခိုက်စေပဲ အစိုးရရဲ့ လုပ်ငန်းယန္တယားဖြစ်တဲ့ ဆက်သွယ်ရေးလုပ်ငန်းကို အသုံးချပြီး ကိုယ့်လှုပ်ရှားမှုဖြစ်မြောက်အောင် ဆောင်ရွက်နိုင်တယ်ဆိုတဲ့ IDEA ကိုလဲ ပေးချင်ပါတယ်။ ဒီ LETTER CAMPIGN ကို လွန်ခဲ့တဲ့ ဆယ်ရက်က စတင်လှုပ်ရှားခဲ့ကြတာဖြစ်ပြီး စာအိတ်တွေပေါ်က ပို့ ရမယ့် လိပ်စာတွေကိုတော့ ရန်ကုန်လမ်းညွှန်လို စာအုပ်မျိုးနဲ့ တခြားဂျာနယ်တချို့ က ရပါတယ်။ ကျွန်တော်တို့ အဓိကထား ပို့ တာကတော့ မြန်မာနိုင်ငံအရပ်ရပ်က လုပ်ငန်းရှင်တွေ၊ အစိုးရရုံးတွေကိုပါ။ ဒီလှုပ်ရှားမှုရဲ့ ပစ်မှတ်ကတော့ အလုပ်သမားလူတန်းစားနဲ့  အောက်ခြေအစိုးရ၀န်ထမ်းတွေပဲ ဖြစ်ပါတယ်" ဟု အထက်ပါလူငယ်က ပြောကြားသွားပါတယ်။



































ရွှေဝါရောင်တော်လှန်ရေး သုံးနှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် ပြုလုပ်တဲ့ LETTER CAMPIGN လှုပ်ရှားမှုကို ပြုလုပ်ခဲ့သော ရန်ကုန်တိုင်းအတွင်းရှိ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားနေသော ကျောင်းသားလူငယ်အင်အားစုများ သည် လွန်ခဲ့သည့်လကလည်း ရွေးကောက်ပွဲဆန့် ကျင်ရေး ပထမလှုပ်ရှားမှုအဖြစ် ရန်ကုန်တိုင်းအတွင်းရှိ ဘုန်းတော်ကြီးကျောင်းတိုက်အသီးသီးသို့ ရွေးကောက်ပွဲဆန့် ကျင်ရေး ပို့ စကတ်များ ဖြန့် ဝေခဲ့ကြပြီး၊ ဒုတိယလှုပ်ရှားမှုအဖြစ် ရန်ကုန်တိုင်းအတွင်းရှိ မြို့ နယ်ဆယ့်တစ်မြို့ နယ်၏ လမ်းမများပေါ်တွင် ရွေးကောက်ပွဲ မဲမပေးရေး စတစ်ကာများ ကြဲဖြန့် ခဲ့သည့် ရွေးကောက်ပွဲဆန့် ကျင်ရေး တနင်္ဂနွေလှုပ်ရှားမှု ကို ပြုလုပ်ခဲ့ကြပြီး ယခု တတိယလှုပ်ရှားမှုအဖြစ် LETTER CAMPIGN ကို ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

ရန်ကုန်တိုင်းအတွင်းရှိ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားနေသော ကျောင်းသားလူငယ်အင်အားစုများ။

အပြည့်ဖတ်မည်...

Sunday, September 19, 2010

ယနေ့  ကျင်းပသော မ၀င်းမော်ဦး ကွယ်လွန်ခြင်း (၂၂) နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနား။

၁၉၈၈ ခုနှစ် စက်တင်ဘာလ (၁၉) ရက်နေ့  - လက်နက်ကိုင်အကြမ်းဘက်အာဏာရူးတို့ မှ ပြည်သူ့ အာဏာကို မတရားသိမ်းပိုက်ခဲ့သည့်နေ့  နောက်တစ်နေ့ တွင် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖေါ်ပြသနေကြသော ရဟန်းရှင်လူကျောင်းသားပြည်သူများအား ရက်ရက်စက်စက် ပစ်သတ် သတ်ဖြတ်ခဲ့ရာတွင် ကျောင်းသူငယ်လေး မ၀င်းမော်ဦးအပါအ၀င် ပြည်သူပေါင်း ထောင်ပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ကြရပါသည်။

ထိုသို့ သော အပြစ်မဲ့သည့် ပြည်သူပြည်သားများ အသက်ဆုံးရှုံးခဲ့ကြရသည့် ယနေ့  စက်တင်ဘာလ (၁၉) ရက်နေ့  နှစ်ပတ်လည်နေ့ တွင် ရှစ်လေးလုံးပြည်သူ့ အရေးတော်ပုံကြီးကာလအတွင်း ကျဆုံးခဲ့ကြသော ရဟန်းရှင်ပြည်သူများနှင့်တစ်ကွ အာဇာနည်သူရဲကောင်း ကျောင်းသားကျောင်းသူများအား ဦးညွှတ်ဂုဏ်ပြုရင်း ကျောင်းသူငယ်လေး မ၀င်းမော်ဦး၏ မိဘများနေအိမ်တွင် မ၀င်းမော်ဦး၏ ကွယ်လွန်ခြင်း (၂၂) နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနားအား ကျင်းပခဲ့ပါသည်။

ယနေ့ ကျင်းပခဲ့သော မ၀င်းမော်ဦး၏ ကွယ်လွန်ခြင်း (၂၂) နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနားတွင် မ၀င်းမော်ဦး အဘွားဖြစ်သူ ဒေါ်နီ (အသက် ၈၈ နှစ်) မှာ ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးကာလတွင် ရဟန်းသံဃာတော်များနှင့်အတူ (၃) ရက်တိုင်တိုင် ဆန္ဒပြလမ်းလျှောက်ခဲ့သူ ဖြစ်ပါသည်။ ထိုသို့  လမ်းလျှောက်ဆန္ဒပြစဉ် ၂၀၀၇ ခုနှစ် စက်တင်ဘာလ (၂၆) ရက်နေ့ တွင် သံဃာတော်များအား နအဖအာဏာရူး လက်ပါးစေများမှ အကြမ်းဘက်နှိမ်နင်းသတ်ဖြတ်ပြုလုပ်နေစဉ် အဘွား ဒေါ်နီအား ရွှေတိဂုံဘုရား အရှေ့ ဘက်မုခ်၌ သံဃာတော်တစ်ပါးမှ နီးစပ်ရာတိုက်တစ်ခုပေါ်သို့  ပွေ့ ချီတက်ပြေးရှောင်ပုံးခဲ့ရ၍ အသက်ဘေးအန္တရာယ်မှ ကင်းလွတ်ခဲ့ရပါသည်။






























၁၉၈၈ ခုနှစ် စက်တင်ဘာလ (၁၉) ရက်နေ့  ရှစ်လေးလုံးပြည်သူ့ အရေးတော်ပုံကြီးအတွင်း ကျဆုံးခဲ့ရသော မ၀င်းမော်ဦး၏ အဘွားဖြစ်သူ ဒေါ်နီနှင့်အတူ မ၀င်းမော်ဦး၏ ဖခင် ဦးဝင်းကြူနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ် အလုံမြို့ နယ် လူငယ်၊ အကြမ်းမဘက် အမျိုးသားလှုပ်ရှားမှုအဖွဲ့  ဦးဆောင်သူ ကိုလူမော်လတ်တို့ အား ယနေ့  အောက်မေ့ ဖွယ်အခမ်းအနားတွင် အတူတကွ တွေ့ မြင်ရစဉ် ဖြစ်ပါတယ်။

(ပေးပို့ လာသော ရွှေကျောင်းသားအား ကျေးဇူးတင်ရှိပါသည်)။

အပြည့်ဖတ်မည်...

သွေးသစ္စာရှင် (သို့) ရဲရဲတောက် မ၀င်းမော်ဦး၏ ကွယ်လွန်ခြင်း (၂၂) နှစ်ပြည့် ဆွမ်းကျွေးတရားတော်နာ အခမ်းအနားကို စည်ကားသိုက်မြိုက်စွာကျင်းပ။

(၁၉.၉.၁၉၈၈) ရက်နေ့တွင် န၀တစစ်အစိုးရ၏ ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ကျဆုံးခဲ့ရသော အသက် (၁၆) နှစ်အရွယ်ရှိ အဌမတန်းကျောင်းသူလေး မ၀င်းမော်ဦး ကွယ်လွန်ကျဆုံးခြင်း (၂၂)နှစ်ပြည့် အထိမ်းအမှတ်အနေဖြင့် အမှတ် (၁၀၇၆)၊ အပိုင်း (၃) ရပ်ကွက်၊ လှိုင်သာယာမြို့နယ်ရှိ သူမ၏ မိဘများနေအိမ်၌ ဆွမ်းကပ်တရားတော်နာခဲ့ပါသည်။



ဝါးကျောင်းဆရာတော်အမှုးရှိသော ပင့်သံဃာ (၅) ပါးကို ဆွမ်း၊ သင်္ကန်း၊ လှုဖွယ်ဝတ္ထုများဖြင့် ဆက်ကပ်လှုဒါန်းကြောင်း သိရှိရပါသည်။ နအဖ၏ SB ထောက်လှမ်းရေးများက ကြွရောက်လာသော သံဃာတော်အရှင်သူမြတ်များ၏ ဘွဲ့တော်များကို မေးမြန်းသည်မှအပ မည်သည့်အနှောင့်အယှက် တစ်စုံတစ်ရာမှ ပြုလုပ်ခြင်းမရှိကြောင်းလည်း သိရပါသည်။

ဆွမ်းကပ်တရားတော်နာယူပွဲသို့ မ၀င်းမော်ဦး၏ အဖွားအရင်းဖြစ်သူ အသက် (၈၈) နှစ် အရွယ်ရှိ ကြည့်မြင်တိုင်မြို့နယ် NLD ပါတီဝင် ဒေါ်နီနှင့် ရှေ့ နေကြီး ဘဘဦးအုန်းမောင်၊ ရွှေပြည်သာမှ NLD ပါတီဝင် ရဲရဲတောက် ဦးသိန်းအောင်၊ ကဗျာဆရာ သူရဇ္ဈာန်၊ အလုံမြို့နယ် NLD လူငယ်ခေါင်းဆောင် ကိုလူမော်လတ်၊ NLD ပါတီမှ အမျိုးသမီးခေါင်းဆောင်များ၊ လှိုင်သာယာမြို့နယ်မှ NLD ပါတီဝင်များနှင့် မြောက်ဥက္ကလာမြို့နယ် NLD ပါတီဝင်များ လာရောက်ချီးမြှင့် အားပေးခဲ့ကြပါသည်။ ရွှေပြည်သာမြို့နယ်မှ NLD ပါတီဝင် ရဲရဲတောက်ဦးသိန်းအောင်မှ မ၀င်းမော်ဦးအား ဂုဏ်ပြုသောအားဖြင့် (သွေးသစ္စာ) အမည်ရှိ ကဗျာကိုလည်းကောင်း၊ ကဗျာဆရာ သူရဇ္ဈာန်မှ (အောင်ပွဲရမှ အမျှဝေပါ) အမည်ရသော ကဗျာတို့ကို ရွတ်ဖတ်ပြီး အလေးပြုခဲ့ကြပါသည်။

တစ်နှစ်ပြီး တစ်နှစ် နှစ်ကာလတွေ ကြာမြင့်ခဲ့ပါသော်လည်း အမှန်တရားအတွက်၊ ဒီမိုကရေစီရရှိဖို့အတွက် အသက်ပေးဆပ်သွားကြသော မ၀င်းမော်ဦးကဲ့သို့ ကျောင်းသားလူငယ်များ၊ ရဟန်းရှင်လူအပေါင်းတို့အား တစ်စက္ကန့်မှ မမေ့သည့်အပြင် တစ်ရက်ထက်တစ်ရက် ပို၍ပို၍ လေးစားနေမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ အသက်ခန္ဓာကို မငဲ့ကွက်ပဲ ပေးဆပ်သွားသကဲ့သို့ ကျွန်တော်တို့သည်လည်း လွတ်လပ်တရားမျှတမှု မရသရွေ့ ၊ ဒီမိုကရေစီစနစ် မပေါ်ပေါက်လာသေးသရွေ့အသက်ကို စတေးပြီး ဆက်လက်တိုက်ပွဲဝင်သွားမည် ဖြစ်ပါကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။

လေးစားဦးညွှတ်လျှက် -

ဘားမားပါပါရာဇီ။

အပြည့်ဖတ်မည်...

အမျိုးသားသစ္စာဖောက် နအဖအာဏာရူးများနဲ့  သွေးစုပ်ဖုတ်ကောင်ကြီး ခေတ်သစ်ကိုလိုနီကြီးများ။

ကွန်မြူနစ် မကောင်းဖူးဆိုပြီး နေ၀င်း အာဏာသိမ်းခဲ့တဲ့ ၁၉၆၂ ခုနှစ် အချိန်ကနေစပြီး န၀တခေတ် ယခု နအဖခေတ်အထိ တောက်လျှောက် အပုတ်ချတိုက်ခိုက်လာတာ၊ သတင်းစာတွေ တယ်လီဗေးရှင်းတွေ ရုပ်ရှင်တွေကနေ တောက်လျှောက် ၀ါဒဖြန့်  မကောင်းပြောလာခဲ့တဲ့ဟာ လက်ရှိအာဏာရူးနအဖတွေ အခုတော့ ကွန်မြူနစ်နိုင်ငံကြီးတွေနဲ့  ပေါ်ပေါ်တင်တင် ဆက်ဆံမှု လုပ်နေတာ တွေ့ ရမှာပါ။ မြောက်ကိုရီးယား၊ ဗီယက်နမ်နဲ့  တရုတ်ကွန်မြူနစ်ပါတီကြီးတွေနဲ့  ဖက်လဲတကင်း ပေါင်းသင်းဆက်ဆံနေတာ ယခုဆိုရင် နအဖတွေရဲ့  သတင်းစာ ထိပ်ကြီးပိုင်းသတင်းအနေနဲ့  ပေါ်ပေါ်တင်တင် ဖေါ်ပြနေပါပြီ။

































တကယ်တော့ တိုင်းပြည်အကျိုး နိုင်ငံအကျိုးကို မြန်မာပြည်က ကွန်မြူနစ်ကမှ တတ်နိုင်စွမ်းရှိသ၍ တိုင်းပြည်ကောင်းစေလိုတဲ့ ဆန္ဒမှန်နဲ့  ဆောင်ရွက်နေဆဲ ဖြစ်ပေမယ့် နအဖအာဏာရူးတွေကတော့ တိုင်းပြည်ပိုင်ဆိုင်သမျှတွေကို မောင်ပိုင်စီးပြီး ဘုန်းဘောလအော ရောင်းတုတ်နေတဲ့၊ ပြည်သူပြည်သားတွေကို နည်းမျိုးစုံနဲ့ သတ်ဖြတ်နေတဲ့ အာဏာရူးနအဖတွေနဲ့  မြန်မာပြည်သယံဇာတတွေကို ဂုတ်သွေးစုတ်နေတဲ့ တရုတ်ကွန်မြူနစ် မြောက်ကိုရီးယားကွန်မြူနစ် ဗီယက်နမ်ကွန်မြူနစ်တို့ သာလျှင် ဆိုးရွားလွန်းလှသော သွေးစုပ်ဖုတ်ကောင်ကြီးတွေ ဖြစ်ကြပါတယ်။

နအဖအာဏာရူးတွေ ၀ါဒဖြန့်  ပြောပြောနေတဲ့ ကိုလိုနီ နယ်ချဲ့ လက်အောက် အရောက် မခံရေး ကိုလိုနီနယ်ချဲ့  စနစ် တိုက်ထုတ်ရေးဆိုပြီး ပြောပြောနေတာဟာ တမင်သက်သက် ပြည်သူလူထုကို ထင်ရောင်ထင်မှားဖြစ်အောင် ၀ါဒဖြန့် မှိုင်းတိုက်နေတာပါဘဲ။ တကယ်တမ်း ယခုခေတ်ကာလကြီးမှာ တိုင်းပြည်တစ်ပြည်ကို စစ်အင်အားသုံးပြီး အကြောင်းမဲ့သက်သက် နယ်ချဲ့ လိုတဲ့ဆန္ဒနဲ့  စစ်ဆင်ပြီး အလွယ်တကူ နယ်မြေတွေ သိမ်းပိုက်လို့  မရပါဖူး။

လက်တွေ့ မှာ ကိုယ့်ရဲ့  အမျိုးသားယဉ်ကျေးမှုကို ပပျောက်စေတဲ့ အမျိုးသားယဉ်ကျေးမှုကို လွမ်းမိုးဖုံးလွမ်းစေတဲ့ အသွင်မတူယဉ်ကျေးမှုသိမ်းသွင်းခံရခြင်း၊ လူမျိုးကို သွေးနှောပျောက်ပျက်စေပြီး သွေးရောပြောင်းလဲစေတဲ့ လူမျိုးခြားပြောင်းလဲခံရခြင်း၊ ဘာသာတရားကို ပျက်စီးဖျက်ဆီးစေတဲ့ အယူဝါဒမတူတဲ့ ဘာသာခြားဖုံးလွမ်းခံရခြင်း၊ အမျိုးသားစီးပွားရေးလုပ်ငန်းကြီးတွေနဲ့  စီးပွားလုပ်ငန်းငယ်လေးတွေကအစ ငွေအင်အား အာဏာအင်အား လွမ်းမိုးမှုအင်အားတွေနဲ့  ဖိနှိပ်ပြီး လက်ဝါးကြီးအုပ်ပိုင်ဆိုင်စေတဲ့ စီးပွားရေးချယ်လှယ်ခံရခြင်းဆိုတဲ့ အစရှိတဲ့ လူမျိုး ဘာသာ ယဉ်ကျေးမှု စီးပွားရေး အမြိုခံရ သိမ်းပိုက်ခံရ လွှမ်းမိုးခံရ ချယ်လှယ်ခံရ ပျောက်ပျက်ခံရတဲ့ လုပ်ရပ်တွေကသာလျှင် ခေတ်သစ်ကိုလိုနီတွေ ဖြစ်ပါတယ်။

ကျွန်တော်တို့  မြန်မာနိုင်ငံနဲ့  မြန်မာပြည်သူပြည်သားတွေ ဒီ ခေတ်သစ်ကိုလိုနီကြီးတွေ အထူးသဖြင့် တရုတ်နိုင်ငံ မြောက်ကိုရီးယားနိုင်ငံ ဗီယက်နမ်နိုင်ငံတို့ ရဲ့  ကိုလိုနီအဖြစ်သိမ်းသွင်းမှုအောက်မှာ လူမျိုးဘ၀တွေ ဖျက်ဆီးခံနေရ ယဉ်ကျေးမှုတွေ ပျက်စီးခံနေရတာ ရင်နာစဖွယ် ဖြစ်နေပါပြီ။ ကျွန်တော်တို့  ရဲ့ အမျိုးသားကောင်းလေးတွေ အမျိုးသမီးကောင်းလေးတွေ ယခု နအဖအာဏာရူးတွေလက်အောက်မှာ ကိုယ့်ကျွန်ဘ၀အောက်အဖြစ်တင်မက သူများကျွန်ဘ၀အောက်ပါ ရောက်နေကြရတယ်ဆိုတာ အမျိုးကို ချစ်မြတ်နိုးတတ်ရင် တိုင်းပြည်ကို မြတ်နိုးတတ်ရင် ယဉ်ကျေးမှုကို မြတ်နိုးတတ်ရင် သိမြင်ကြမှာပါ။

နအဖအာဏာရူးတွေဟာ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးကို သွေးစုပ်ဖုတ်ကောင် တရုတ်နိုင်ငံ မြောက်ကိုရီးယားနိုင်ငံ ဗီယက်နမ်နိုင်ငံတို့ လက်ထဲကို ၀ကွက်အပ်နေတာပါ။ မြန်မာပြည်သူတွေဘ၀တွေကတော့ အဲ့ဒီသွေးစုပ်ဖုတ်ကောင်တစ်သိုက်ရဲ့  လည်မြိုသွေးစုပ်ခြင်းကို ခံနေရပါတယ်။ ဒီ အမျိုးသားသစ္စာဖောက် နအဖအာဏာရူးတွေ အသက်ရှင်ဆက်လက်အုပ်ချူပ်စေမယ့် ၂၀၁၀ ရွေးကောက်ပွဲကို အဖြစ်ခံမယ်ဆိုရင်၊ မျက်နှာဖုံးပြောင်း နအဖတွေကို ၂၀၁၀ ခုနှစ် နောက်ပိုင်းမှာ တရားဝင်အစိုးရအဖြစ် ပေါ်ပေါက်စေအောင် အားပေးထောက်ပံ့နေမယ်ဆိုရင်တော့ ကျွန်တော်တို့  မြန်မာပြည်သူပြည်သားတွေ လည်မြိုက သွေးစ တင်မက တကိုယ်လုံး အသွေးအသားတောင် တစ်စဆီ ရှာရတော့မှာ မဟုတ်ပါဖူး။

အာဏာမြဲရေးအတွက်သာ ကြည့်တဲ့ တစ်ဘို့ ထဲသမား နအဖကတော့ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးကို ဒီ ခေတ်သစ်ကိုလိုနီနိုင်ငံကြီး ကွန်မြူနစ်နိုင်ငံကြီးတွေဖြစ်တဲ့ တရုတ် မြောက်ကိုးရီးယား ဗီယက်နမ် သွေးစုပ်ဖုတ်ကောင်တွေလက်ထဲ လူသတ်သမားပါးကွက်သားက ၀ ကွက်အပ်သလို အပ်နေပါတော့တယ်ဗျာ။

နစ်နေမန်း။

အပြည့်ဖတ်မည်...

အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့  (စက်တင်ဘာလ ၂၁ ရက်နေ့ ) အား ကြိုဆိုသည့်အနေဖြင့် ကိုကျော်သူ ရေးဆွဲထားသော ပန်းချီကားများ။

အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့  (စက်တင်ဘာလ ၂၁ ရက်နေ့ ) အား ကြိုဆိုသည့်အနေဖြင့် ကိုကျော်သူ ရေးဆွဲထားသော ပန်းချီကားများအား အသေးစိတ်ကြည့်ရှူခြင်းအားဖြင့် ငြိမ်းချမ်းမှုကို မြတ်နိုးလိုလားသော ကိုကျော်သူ၏ ခံစားမှုပြည့်ဝသော ရသမြောက်သော အနုပညာစွမ်းရည်အား တွေ့ မြင်နိုင်ပါသည်။

(ပေးပို့ လာသော ကိုကျော်သူအား အထူးကျေးဇူးတင်ရှိပါသည်)။








































































































































































(ပေးပို့ လာသော ကိုကျော်သူအား အထူးကျေးဇူးတင်ရှိပါသည်)။

အပြည့်ဖတ်မည်...

Wednesday, September 15, 2010

သန်းရွှေ ပူဇေမိ၊ ကြိုင်ကြိုင် ပူဇေမိ၊ ရွှေမန်း ပူဇေမိဆိုပြီး ထိုင်ကန်တော့နေကြသော နအဖသံအမတ်နဲ့  သံရုံးမိသားစုများကို ကြည့်ကြပါဦး။

တရုတ်ပြည်ကို သန်းရွှေ သွားတုန်းက တရုတ်နိုင်ငံ ဘီဂျင်းမြို့ က နအဖလက်ပါးစေ သံအမတ်နေအိမ်မှာ သံအမတ်နဲ့  မိသားစုတွေ သံရုံးဝန်ထမ်းမိသားစုတွေက သန်းရွှေနဲ့  ကြိုင်ကြိုင်တို့  ရွှေမန်းတို့ ကို ကျုံ့ ကျုံ့ လေး ထိုင်ကန်တော့နေကြတဲ့ ပုံဖြစ်ပါတယ်။




























ဘာသာသာသနာကို စော်ကား သံဃာကို သတ်ဖြတ် ပြည်သူတွေကို သတ်ဖြတ်နေတဲ့ လူသတ်ကောင်တွေကို ကန်တော့နေကြတဲ့ နအဖသံရုံး သံအမတ်တွေနဲ့  မိသားစုတွေဟာ အတော့်ကို အော့နှလုံးနာစရာပါဘဲ။ သူတို့ ဦးနှောက်ထဲမှာ ပုစွန်ခေါင်း ချီးရောက်နေသလိုပါဘဲ။

အပြည့်ဖတ်မည်...

နအဖ လက်သပ်မွေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့  ကြေညာချက်။ ဒီကြေညာချက်ဟာ မြန်မာပြည်သူပြည်သားတွေကို စိန်ခေါ်လိုက်တာပါဘဲ။

အပြည့်ဖတ်မည်...

Tuesday, September 14, 2010

နအဖ မြန်မာအသံကနေ ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် အပါအ၀င် နိုင်ငံရေးပါတီများအား ဖျက်သိမ်းကြောင်း ကြေညာပါတယ်။

နအဖ မြန်မာအသံကနေ ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အပါအ၀င် နိုင်ငံရေးပါတီများအား ဖျက်သိမ်းကြောင်း ကြေညာပါတယ်။

အပြည့်ဖတ်မည်...

Sunday, September 12, 2010

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့  အထိမ်းအမှတ် ဖိတ်ကြားလွှာ။

အပြည့်ဖတ်မည်...

ရွေးကောက်ပွဲအတွက် အေးဓါးမြတိုက်နေခြင်း။






























အကြောင်းအရာ။ ။ ရပ်ကွက် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ ရုံးမှ ရွေးကောက်ပွဲ နှင့်ပတ်သက်ပြီး အလှူငွေများ ကို စီးပွားရေးလုပ်ငန်းရှင်များထံမှ ကောက်ခံနေခြင်း။

အထက်ပါ အကြောင်းအရာနှင့်ပတ်သက် ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ် အမှတ် (၂)။

ရက်ကွက် အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ရုံးမှ စီပွားရေးလုပ်ငန်းရှင်များကို ညှိုနှိုင်းဆွေးနွေးရန် ဟု ဆိုကာ ၂၈.၈.၂၀၁၀ ရက်နေ့ ရက်စွဲဖြင့် ခေါ်ယူပြီး အလှူငွေ များကို ကောက်ခံခဲ့ကြောင်းကို ထို ရပ်ကွက်နေ လုပ်ငန်းကြီးတစ်ခု၏ မန်နေဂျာ ဖြစ်သူမှ ထပ်ဆင့် ပြောပြလာပါသည်။

အကြောင်းအရာ အပြည့်အစုံမှာ မန်နေဂျာ ဖြစ်သူမှ ကျွန်တော်တို့ ကို ၂၈.၈.၂၀၁၀ ရက်စွဲ နေ့လည် ၁ နာရီ အချိန်ခန့်တွင် ရဝတ ရုံးသို့ လာကြရန်ဖိတ်ခေါ်ပါသည်။ ထို့ကြောင့် ကျွန်တော်တို့ မန်နေဂျာများမှ လည်း နေ့လည် ၁ နာရီခန့် ရဝတ ရုံးသို့ အရောက်သွားခဲ့ကြပါသည်။ နေရာကတော့ အမှတ် ၂ ရက်ကွက် မရမ်းကုန်းမြို့နယ် ပေါ်တော်မူ ဘုရားဝင်းထဲမှာပါ။ ကျွန်တော်တို့ မန်နေဂျာ များ ရောက်ရှိလာသောအခါ ဘာအစည်းအဝေးလဲလို့ မေးသောအခါ ဘာမှ မဟုတ်ပါဘူးလို့ ရဝတ အတွင်းရေးမှုး ဦးစိုးနိုင် ဆိုသူမှ ပြောပါသည်။ ငါတို့ အခုလာမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ မင်းတို့ လုပ်ငန်းရှင်တွေ ဆီမှာ အလှူခံမလို့ဟု ပြောပါသည်။ ရွေးကောက်ပွဲတွင် မဲပေးမည့် အမည်စာရင်းတွေ မိတ္တူကူးတာရယ် စာအုပ်ချုပ်တာရယ် အတွက် ပိုက်ဆံလို လို့ ကောက်တာဟုပြောပါသည်။ အဲတော့ ကျွန်တော်တို့မှ ဘယ်လောက်သတ်မှတ်ထားပါသလဲ ဟု မေးသောအခါ မင်းတို့ စေတနာရှိသလောက် ရပါတယ်ဟု ပြန်လည်ဖြေကြားပါသည်။

မည်သည့်အကြောင်းအရာ နှင့် အစည်းအဝေးခေါ်သည်ကို မသိခဲ့ရသောကြောင့် ကျွန်တော်တို့တွင် ပိုက်ဆံအများကြီးမပါလာပါ ထို့ကြောင့် မိမိတို့တွင် ပါလာသော တစ်ယောက်ကို ပိုက်ဆံ ၅၀၀၀၀ ကို ထည့်ပါ့မည်ဟု ဆိုကာ ပိုက်ဆံထည့်ခဲ့ရပါသည်။ ထိုအခါ ရပ်ကွက် အတွင်းရေးမှုးမှ ပိုက်ဆံ ၅၀၀၀၀ နည်းတယ် ဟုဆိုကာ အလှူငွေထည့်လိုက်သော ပိုက်ဆံနှင့်ပတ်သက်ပြီး အလှူငွေ ဖြတ်ပိုင်းလေးတောင်ပြန်လည် မပေးခဲ့ပါ။ ပြီးတော့ မင်းတို့ အလုပ်ရှင်တွေကို လွတ်လိုက် ဟုဆိုပါသည်။ ကျွန်တော်တို့လည်း အလုပ်ရှင်ထံသို့ ပြန်သွားပြီး ပိုက်ဆံပြန်ယူကာ ထို့ထက်မကသော အလှူငွေ ပိုက်ဆံကို ထည့်ဝင်လာရပါသည်။ ရွေးကောက်ပွဲနှင့်ပတ်သက်၍ နိုင်ငံတော်မှ ကျခံသုံးစွဲရမည့် အစား ယခုအခါ လုပ်ငန်းရှင်များထံမှ အလှူငွေများကောက်ခံ နေပြီး ပြည်သူများမှာ မိမိသဘောကိုဆန္ဒ အမှန်ကိုလည်း ထုတ်ဖော်ပြသ ၍ လည်း မရသလို မိမိတို့၏ ပိုက်ဆံများကိုပါ ရွေးကောက်ပွဲကို အကြောင်းပြုကာ အလှူငွေများ အတင်း မက ကောက်ခံနေကြောင်းကို အများပြည်သူ သိရှိစေရန် တင်ပြအပ်ပါသည်။

(ပြည်သူတစ်ဦး)။

အပြည့်ဖတ်မည်...

Friday, September 10, 2010

နအဖလက်နက်ကိုင်အဖွဲ့ အစည်းတွေက မတရားလည်း လုပ်သေး၊ မတရားလုပ်ခံရသူရော အကူအညီပေးတဲ့သူတွေကိုရော အငြိုးအတေးက ထားသေး။

နအဖ လက်နက်ကိုင် အဖွဲ့ အစည်းတွေကနေ ပြည်သူတွေကို လက်နက်အားကိုး အာဏာအားကိုးနဲ့  အနိုင်ကျင့်နေကြတဲ့ လုပ်ရပ်တွေဟာ မကြာခဏဆိုသလို ဖြစ်ပျက်နေတာ မကြာခင်ကမှ ဖြစ်ပျက်ခဲ့တဲ့ ပဲခူးမြို့  ကျောင်းသားနှစ်ဦး သေနတ်နဲ့  အချက်ပေါင်းများစွာ ပတ်ခတ်အသတ်ခံရတဲ့ အထိ ပိုမို ဆိုးရွားစွာ ဖြစ်ပျက်နေပါတယ်။

ကျန်ခဲ့တဲ့ သြဂုတ်လအတွင်းက ဖြစ်ပျက်ခဲ့တဲ့ နအဖလက်နက်ကိုင်အဖွဲ့ အစည်းဖြစ်တဲ့ လက်ကိုင်ဒုတ် ရဲတပ်ဖွဲ့ ကနေ မတရားရိုက်နှက်ခဲ့တဲ့ အဖြစ်အပျက်နဲ့  နောက်ဆက်တွဲ သတင်းကို တင်ပြလိုပါတယ်။




































သီရိမင်္ဂလာဈေးက ဖိနပ်ဟောင်းရောင်းနေတဲ့. မောင်အောင်မင်းနိုင် (၂၃)နှစ်ကို သြဂုတ်လ (၂၁) ရက်နေ့  ည က အလုံရဲစခန်းက ရဲသားတွေ မူးရူးပြီး အောင်မင်းနိုင်ကို စစ်ပြေးဆိုပြီး စွပ်စွဲကာ ဖမ်းဆီးပြီး အလုံနယ်ထိန်းခမ်းမှာ တညလုံး နံပါတ်တုတ်တွေနဲ့  ရိုက်နှက်ခဲ့ပါတယ်။ ဖိနပ်နဲ့ လည်း ပါးကို ရိုက်ခဲ့ကြပါတယ်။































မဟုတ်မမှန် စွပ်စွဲခံရပြီး ရိုက်နှက်ခံခဲ့ရတဲ့ အောင်မင်းနိုင်ဟာ နောက်နေ့  ရဲစခန်းကနေ ပြန်လွတ်လာပြီးတဲ့နောက်မှာ ဒီမတရားမှုအတွက် အလုံမြို့ နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်ထံ သွားရောက်အကူအညီတောင်းခံခဲ့ပါတယ်။ အောင်မင်းနိုင်ရဲ့  အကူအညီတောင်းခံမှုကို အလုံမြို့ နယ် အမျိုသားဒီမိုကရေစီအဖွဲ့ ချူပ် လူငယ်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုလူမော်လတ်ကနေ အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ် ဗဟိုအလုပ်အမှုဆောင်တွေထံ ဆက်လက်တင်ပြပေးခဲ့ပါတယ်။

ဒီအဖြစ်အပျက်နဲ့  ပတ်သက်ပြီး အောင်မင်းနိုင်ရဲ့  ကိစ္စကို ကူညီပေးရမလားဆိုပြီး နအဖလက်ပါးစေ ရဲတွေဘက်က အငြိုးအတေးထားနေတယ်လို့  ယူဆရတဲ့ နောက်ဆက်တွဲ အကြောင်းအရာကို ဖေါ်ပြလိုပါတယ်။

အဆိုပါ အောင်မင်းနိုင်ကို မဟုတ်မမှန်စွပ်စွဲပြီး ရိုက်နှက်ခဲ့တဲ့ကိစ္စဟာ မပြီးသေးကြောင်း သိရှိရပါတယ်။

မနေ့ က မရမ်းကုန်းမြို့ နယ်ရဲစခန်းကနေ အဆိုပါ ဖြစ်ရပ်မှာ ပါဝင်ခဲ့တဲ့ စခန်းမှူးနဲ့  အောင်မင်းနိုင်ကို ပြန်ခေါ်ပြီး မေးမြန်းစစ်ဆေးကြောင်း သိရှိရပါတယ်။ မရမ်းကုန်းမြို့ နယ်မှူးကနေ အောင်မင်းနိုင်ကို မေးမြန်းရာမှာ ဖိနပ်နဲ့  ပါးရိုက်တာ ဒီ စခန်းမှူးလားလို့  မေးပါတယ်။ အောင်မင်းနိုင်က ဟုတ်တယ် သူရိုက်တာပါလို့  ဖြေပါတယ်။ အောင်မင်းနိုင် ဖြေဆိုပြီးတဲ့နောက်မှာ မြို့ နယ်မှူးက ဘာမှ ဆက်မမေးတော့ဘဲ စခန်းမှူးဘက် လှည့်ပြီး စခန်းမှူးအနေနဲ့  အောင်မင်းနိုင်ကို ဘာများ မေးချင်တာ ရှိပါသလည်းလို့  ပြောပါတယ်။

ဒီအခါမှာ စခန်းမှူးကနေ မင်းကို ကူညီတဲ့ (အလုံမြို့ နယ် အမျိုသားဒီမိုကရေစီအဖွဲ့ ချူပ် လူငယ်ခေါင်းဆောင်တစ်ဦးဖြစ်သူ) လူမော်လတ်ရဲ့  ဖခင်ဟာ နိုင်ငံရေးမှုနဲ့  အနှစ် (၂၀) ထောင်ကျနေတယ်ဆိုတာ မင်း သိလားလို့  အောင်မင်းနိုင်ကို မေးပါတယ်။ အောင်မင်းနိုင်က ဒါ ကျွန်တော့ ကိစ္စ မဟုတ်ဖူး၊ ကျွန်တော် မသိဖူးလို့  ပြန်ဖြေကြောင်း သိရှိရပါတယ်။

စခန်းမှူးကဘဲ ဆက်ပြီး မေးတာက အခုထွက်ဆိုပြောဆိုဖြေကြားတာတွေဟာ အောင်မင်းနိုင်အနေနဲ့  ကိုယ်တိုင်ထွက်ဆိုတာလား လူမော်လတ်ကနေ သင်ထားပေးလို့  ထွက်ဆိုတာလားလို့  မေးပါတယ်။ အောင်မင်းနိုင်က သူမတရားစွပ်စွဲအရိုက်ခံရ ပါးရိုက်ခံရတာတွေဟာ သူကိုယ်တိုင်ဖြစ်လို့  သူအသိဆုံးမို့  သူပြောတာ ကိုယ်တိုင်ပြောဆိုတာလို့  ပြန်ဖြေပါတယ်။

စခန်းမှူးက နောက်ထပ် ထပ်မေးတာကတော့ အဖြစ်အပျက်ဖြစ်တုန်းက လူမော်လတ်က အလုံရဲစခန်းကို လိုက်လာပြီး သူ့ အကြောင်း သိစေရမယ်လို့  ခြိမ်းခြောက်ပြောဆိုသွားတာ သိလားလို့  အောင်မင်းနိုင်ကို မေးပါတယ်။ အောင်မင်းနိုင်က မသိပါဖူးလို့  ဖြေပါတယ်။

အထက်ဖေါ်ပြပါ စစ်ဆေးမေးမြန်းချက်တွေကို သုံးသပ်ကြည့်ရင် နအဖ မရမ်းကုန်းမြို့ တယ်ရဲစခန်း မြို့ နယ်မှူးဟာ အောင်မင်းနိုင်ကို မတရားစွပ်စွဲရိုက်နှက် ပါးရိုက်ခဲ့တဲ့ စခန်းမှူးကို အရေးယူချင်လို့  မဟုတ်ဘဲ စခန်းမှူးနဲ့  အောင်မင်းနိုင်တို့  ကိစ္စကို ပြန်လည်ပြီး အသုံးပြုကာ အောင်မင်းနိုင်ကို ကူညီပေးခဲ့တဲ့ အလုံမြို့ နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ် အထူးသဖြင့် အလုံမြို့ နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ် လူငယ်ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုလူမော်လတ်ကို ပြသနာရှာချင်လို့  ရည်ရွယ်တာဖြစ်ကြောင်း သိသာပါတယ်။

(အောက်ဖေါ်ပြပုံတွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နောက်ဘက်၌ မတ်တပ်ရပ်နေသူမှာ အလုံမြို့ နယ် အမျိုသားဒီမိုကရေစီအဖွဲ့ ချူပ် လူငယ်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုလူမော်လတ် ဖြစ်ပါတယ်)။





























အောင်မင်းနိုင်ကို ကူညီပေးခဲ့တဲ့ အလုံမြို့ နယ် အမျိုသားဒီမိုကရေစီအဖွဲ့ ချူပ် လူငယ်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုလူမော်လတ်ကို နအဖလက်ပါးစေတွေအနေနဲ့  ကလိမ်ကကျစ်ကျစွာ အမှုဆင်ဖန်တီးပြီး ဖမ်းဆီးတာ အငြိုးအတေးနဲ့  ညဉ်းပမ်းနှိပ်စက်တာတွေ လုပ်ခဲ့မယ်ဆိုရင် ဒါဟာ ပေါ်ပေါ်တင်တင် မတရားမှုဖြစ်လိမ့်မယ်ဆိုတာပါ။

နအဖ လက်နက်ကိုင်အဖွဲ့ အစည်းတွေဟာ မတရားလည်း အနိုင်ကျင့်သေး၊ လူမဆန်စွာ ညဉ်းပမ်းရိုက်နှက်မှုလည်း လုပ်သေး၊ နောက်ဆုံး သေနတ်နဲ့  ပစ်ခတ်သတ်ဖြတ်တာတွေလည်း လုပ်သေး တရားဥပဒေဆိုတာ သူတို့ ကိုယ်တိုင် ဂရုမစိုက်ဘဲ ရမ်းကားချင်သလို ရမ်းကား စော်ကားချင်သလိုစော်ကားနေတာ မတရားခံရတဲ့ ပြည်သူတွေကသာလျှင် အပြစ်ရှိသလို သူခိုးက လူပြန်ဟစ်တယ်လို့  ပြောရတာထက် ပိုပြောသင့်နေပါတယ်။

အပြည့်ဖတ်မည်...