Saturday, June 30, 2012

ညီညွှတ်ရေးနဲ့  ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးတို့ အတွက် ကောင်းမွန်စွာ ရည်ရွယ်တဲ့ ဘာသာပေါင်းစုံ ဆုတောင်းပွဲအခမ်းအနား ပိတ်ပင်တာ မသင့်တော်ပါဖူး။

တောင်ကြီးမြို့ ဘာသာပေါင်းစုံငြိမ်းချမ်းရေးဆုတောင်းပွဲ အား ပြည်နယ်အစိုးရအဖွဲ့ က ပိတ်ပင်။

















ယနေ့  ဇွန်လ (၃၀) ရက်နေ့ တွင် ပြုလုပ်ရန် စီစဉ်ထားသည့် တောင်ကြီးမြို့  ရေအေးကွင်းရပ်ကွက် ကမ္ဘောဇလမ်းရှိ ဟုတ်ကြန့်  ဘုံကျောင်းတွင် ပြုလုပ်မည့် ဘာသာပေါင်းစုံငြိမ်းချမ်းရေးဆုတောင်းပွဲ အား ရှမ်းပြည်နယ်အစိုးရအဖွဲ့ က ကျင်းပခွင့် မပြုဘဲ ပိတ်ပင်ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ၏ ခွင့်မပြုကြောင်းကို တောင်ကြီးမြို့ နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခေါင်မှတစ်ဆင့် ရေအေးကွင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးအား အကြောင်းကြားခဲ့ခြင်းဖြစ်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးကတစ်ဆင့် ဘာသာပေါင်းစုံအဖွဲ့  ခေါင်းဆောင်များကို အကြောင်းကြားရန် အဆင့်ဆင်ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ခွင့်မပြုကြောင်း ရုံးတွင်း စာမထွက်ခင်ကတည်းက တောင်ကြီးမြို့ နယ် ရဲတပ်ဖွဲ့ က ခွင့်မပြုကြောင်းခေါ်ယူပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


















ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးဆုတောင်းပွဲ ကျင်းပနိုင်ရန် ရှမ်းပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် (လူငယ်) နှင့် ၈၈ မျိုးဆက်ကျောင်းသား (ရှမ်းပြည်နယ်) အဖွဲ့ က ဦးဆောင်ပြုလုပ်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။ ယခုလ ၁၇ ရက်တွင် တောင်ကြီးခရိုင်ရဲတပ်ဖွဲ့ မှူးရုံး အစည်းအဝေးခန်းမတွင် အခမ်းအနားကျင်းပရန် ဆွေးနွေးညှိနှိုင်းမှု ပြုလုပ်ခဲ့ပြီး ၂၀ ရက်တွင် အခမ်းအနား ပြုလုပ်ရန် သတ်မှတ်ခဲ့သော်လည်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ ရုံးက ပြည်နယ်ဝန်ကြီးချုပ် နေပြည်တော် သွားရောက်နေသဖြင့် တာဝန်ယူ ကျင်းပခွင့် မပေးခဲ့သောကြောင့် ၃၀ ရက်နေ့ ကို ရက်ရွှေ့ ဆိုင်း ခဲ့ရသည်ဟု သိရသည်။ ကျင်းပရန် တစ်ရက်အလိုတွင် ယခုကဲ့သို့  ရှမ်းပြည်နယ်အစိုးရအဖွဲ့ က ခွင့်ပြုခြင်း မရှိဘဲ ပိတ်ပင်ခဲ့ခြင်း ဖြစ်သည်။
























ရှမ်းပြည်နယ် တောင်ကြီးမြို့ တွင် ဘာသာပေါင်းစုံ ခေါင်းဆောင်များမှ နိုင်ငံတွင်း အေးချမ်းသာယာရေး ဘာသာပေါင်းစုံ ညီညွှတ်ရေး၊ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးတို့ အတွက် ဆုတောင်းပွဲအခမ်းအနား ကျင်းပရန်သာ ရည်ရွယ် ခဲ့ခြင်းဖြစ်ကြောင်း စုံစမ်းသိရသည်။ ယင်းအခမ်းအနားတွင် အလှူငွေပေးအပ်ပွဲပါ ပူးတွဲကျင်းပရန် စီစဉ်ထားသည်ဟု သိရသည်။

အပြည့်ဖတ်မည်...

နိုင်ငံတကာ ခရီးစဉ်မှာ သားတို့  သမီးတို့  ဘ၀ရှေ့ ရေးအတွက် ဦးစားပေး ပြောကြားခဲ့တဲ့ ဖွားဖွားစုကို ကျေးဇူးတင်လွန်းလို့  ယနေ့  စောင့်ဆိုင်းကြိုဆိုပါတယ်။

































နိုင်ငံတကာ ခရီးစဉ်မှာ သားတို့  သမီးတို့  ဘ၀ရှေ့ ရေးအတွက် ဦးစားပေး ပြောကြားခဲ့တဲ့ ဖွားဖွားစုကို ရင်ထဲက လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်လွန်းလို့  ယနေ့  စောင့်ဆိုင်းကြိုဆိုခဲ့ပါတယ်။

အပြည့်ဖတ်မည်...

Friday, June 29, 2012

အာဏာရှင် စစ်အုပ်စုက ၂၀၁၅ ခုနှစ်အတွက် ယခုကတည်းက စတင် ပြင်ဆင်လှုပ်ရှားနေပါပြီ။





















အာဏာရှင် စစ်အုပ်စုက ၂၀၁၅ ခုနှစ်အတွက် ယခုကတည်းက စတင် ပြင်ဆင်လှုပ်ရှားနေပါပြီ။

၂၀၁၅ ခုနှစ်မှာ ကျင်းပရမယ့် ရွေးကောက်ပွဲမှာ ပြည်သူ့ ဘက်တော်သားတွေ အနိုင်မရစေဖို့ အတွက် ယခုကတည်းက အာဏာရှင်စစ်အုပ်စုက အပျော့နည်း (ချော့တဲ့နည်း) နဲ့ ရော၊ အကြမ်းနည်း (ခြောက်တဲ့နည်း) နဲ့  ရော၊ ကောက်ကျစ်တဲ့နည်းနဲ့ ရော နည်းပေါင်းစုံသုံးပြီး လက်တွေ့  စတင် ကျင့်သုံးနေပါပြီ။

- ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ရောက်ရှိလာကြတဲ့သူတွေနဲ့  ဌာနေတိုင်းရင်းသားတွေဖြစ်တဲ့ ရခိုင်တိုင်းရင်းသားလူမျိုးတွေကို ပဋိပက္ခဖြစ်အောင် ပြန်လည်ဖန်တီးပေးပြီး၊ ပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့  ဒီမိုကရေစီအင်အားစုတွေအပေါ် တိုင်းရင်းသားလူမျိုးစုတွေက အမြင်လွဲ နားလည်မှု လွဲပြီး ထောက်ခံပံ့ပိုးမှု လျော့နည်းကျအောင် ဆောင်ရွက်ပါပြီ။ (အခြားသော အရေးကိစ္စများ ဖြစ်သည့် ဧရာဝတီမြစ်ဆုံအရေးနှင့် တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံအပေါ် သွေးစုပ်အမြတ်ထုတ်မှုများ အာရုံပျောက်သွားရန်၊ မြန်မာပြည်ရဲ့  တိုင်းရင်းသားလူမျိုးများဖြစ်ကြတဲ့ ကချင်ပြည်နယ်ဒေသမှာ မတရားတိုက်ခိုက်နေမှုကိစ္စတွေကို မှေးမှိန်သွားစေရန်) တို့ အတွက် တစ်ချက်ခုတ် အချက်ပေါင်းများစွာ ပြတ်စေသော ယုတ်မာလှည့်ဖြားသည့်နည်းကို အာဏာရှင်စစ်အုပ်စုမှ လုပ်ဆောင်နေပါပြီ။

- မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား တိုက်ရိုက်တိုက်ခိုက်မှုကို စစ်အာဏာရှင်အုပ်စုက တစ်ဘက်လှည့်နဲ့  အောင်ဆန်းဦးလို သွေးရင်းသားရင်းဖြစ်ပေမယ့် လူ့ အသိစိတ် ညံ့ဖြင်းလှတဲ့သူတွေနဲ့  အချိန်ကိုက် ပြန်လည်တိုက်ခိုက်မှုကို ပြုလုပ်ပါပြီ။

- အာဏာရှင်စစ်အုပ်စုရဲ့  ၂၀၀၈ ခုနှစ် တစ်ဘက်သတ် နိုင်ငံတော်ဖွဲ့ စည်းပုံအခြေခံဥပဒေကို အသုံးချပြီး၊ နိုင်ငံတော်အမည်ကို “Burma” လို့  မခေါ်ရဖူး၊ မြန်မာပြည်သူလူထုရဲ့  ဆန္ဒသဘောထားကို အပြည့်အ၀ မကောက်ခံရဲတဲ့ အမည်သစ် ဖြစ်တဲ့ “Myanmar” လို့  ခေါ်ရမယ်ဆိုပြီး စတင်စိန်ခေါ် ခြိမ်းခြောက်ပါပြီ။

- မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ် အဖွဲ့ ဝင်များနှင့် ကျောင်းသားခေါင်းဆောင်များဖြစ်ကြတဲ့ ၈၈မျိုးဆက်ကျောင်းသားများအပါအ၀င် ကျောင်းသားလူငယ်အင်အားစုများအားလုံးအကြား ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေ လုပ်ကြံဖန်တီး အပုပ်ချမှုတွေနဲ့  ဇာတ်လမ်းဆင်ကာ ဖေ့စ်ဘွတ် အင်တာနက်စာမျက်နှာများ comment များမှတစ်ဆင့် ထိုးနှက်တိုက်ခိုက် ဖြန့် ဝေရေးသားမှုများ ဆောင်ရွက်ပါပြီ။

- တိုင်းပြည်နဲ့  လူမျိုးအပေါ် ပြည်သူတွေသာမက သံဃာတော်တွေအပေါ်ပါ နှစ်ပေါင်းမြောက်မြားစွာ ရိုင်းရိုင်းစိုင်းစိုင်း ရိုက်ပုတ်သတ်ဖြတ်ခဲ့တဲ့ စစ်တပ်ရဲ့  သမိုင်းဆိုးကို မရိုးသားသော မမှန်ကန်သောနည်းဖြင့် အဖတ်ပြန်ဆယ်ရန်၊ စစ်တပ်၏ အခန်းကဏ္ဍ အရေးပါရန်၊ စစ်တပ်အား တိုင်းရင်းသားပြည်သူလူထုမှ အားကိုးသမှုပြုစေရန်၊ လွှတ်တော်အတွင်း စစ်တပ် လေးပုံတစ်ပုံ နေရာယူထားမှု မပျောက်ပျက်စေရန်အတွက် အဓိကဖန်တီးဆောင်ရွက်မှုများအနေနဲ့  တိုင်းပြည်အတွင်း မတည်ငြိမ်မှု ဖြစ်စေရုံသာမက၊ ပြည်ပရန် အန္တရာယ်ရှိနေရန် ပြဿနာမီးမွေးကာ ရခိုင်ပြည်နယ် အရေးကိစ္စကို ဖန်တီးပါတယ်။ ယခုဆိုရင် အီဂျစ်နိုင်ငံက စပြီး အခြားသော အစ္စလမ်ဘာသာဝင်နိုင်ငံများနဲ့  မြန်မာပြည် ပဋိပက္ခဖြစ်အောင် ဖန်တီးပါပြီ။

ကြားဖြတ်ရွေးကောက်ပွဲမှာ မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်မှ အဖွဲ့ ဝင်များ ရွေးကောက်ခံရကာ နေရာရရှိရေးအား ဖြစ်မြောက်အောင် ဖန်တီးပေးမှုသည် အာဏာရှင်စစ်အုပ်စုတို့ ၏ ရှေ့ တိုးမည့် ခြေလှမ်းများအတွက် နောက်တစ်လှမ်း ဆုတ်ပြသည်ဟု သုံးသပ်ပါသည်။

ကြားဖြတ်ရွေးကောက်ပွဲမှာ မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်မှ အဖွဲ့ ဝင်များအား လွှတ်တော်ထဲ နေရာပေးဝင်ခြင်းသည် အာဏာရှင်စစ်အုပ်စုတို့  အင်မတန်လိုလားနေသော “တရားဝင်” မှုအား ရယူလိုခြင်း၊ ပြည်သူ့ အစိုးရအဖြစ် အရေခြုံအသွင်ပြောင်းကာ စစ်အာဏာရှင်မှ အရပ်သားအာဏာရှင်အဖြစ် ဖန်တီးလိုခြင်း၊ အရှေ့ တောင်အာရှနိုင်ငံများအတွင်းသာမက နိုင်ငံတကာ၏ အသိအမှတ်ပြု လက်ခံမှုနှင့် အကူအညီများ ရယူလိုမှုတို့ အတွက် စေတနာအရင်းမမှန်သော “နည်းနည်းပေး များများယူ” လိုသည့် “ပြည်ပကို ညာ၊ ပြည်တွင်းကို ဖိနှိပ်သည့် အလိမ္မာနည်း” ကို ပါးနပ်စွာ အာဏာရှင် စစ်အုပ်စုမှ လက်တွေ့ ကျကျ အကောင်အထည်ဖေါ် ကျင့်ကြံနေသည်ဟု မြင်တွေ့ ရပါသည်။

အာဏာရှင် စစ်အုပ်စုတို့ ၏ သိမ်မွေ့ ကောက်ကျစ်သော လှည့်ကွက်များ အကွက်ဆင်မှုများကို မျက်တောင်တစ်ဆုံးမျှသာ မကြည်ဘဲ၊ အာဏာရှင်စစ်အုပ်စုတို့ ၏ ခေတ်အဆက်ဆက် အချိန်ကာလတောက်လျှောက် လုပ်ဆောင်မှုအဆင့်ဆင့် ဖြစ်ပျက်မှုအရှေ့ အနောက် ဆက်စပ်ကြည့်မှသာ အနေအထားတစ်ခုလုံး အစအဆုံး ပြည့်ပြည့်၀၀ မြင်တွေ့  နိုင်မည် ဖြစ်ပါသည်။

အာဏာရှင်စစ်အုပ်စုတို့ ၏ “ဘယ်သူသေသေ ငတေမာရင် ပြီးရော” ကျင့်သုံးမှုနှင့် “စိတ်ဓါတ်စစ်ဆင်ရေး” နည်းဗျူဟာများအား ၁၉၆၂ ခုနှစ် အာဏာရှင်ကြီး နေ၀င်းလက်ထက်မှ စ၍ ယခု ၂၀၁၂ ခုနှစ်တိုင်အောင် နှစ်ပေါင်း (၅၀) တိုင်အောင် အမည်အမျိုးမျိုးပြောင်း အသွင်အမျိုးမျိုးပြောင်း ကောက်ကျစ်မှုနည်းပုံစံ အမျိုးမျိုးပြောင်းကာ ချော့တစ်လှည့် ခြောက်တစ်လှည့်နည်းထက် ပိုပြီး ပါးနပ်လာသောနည်းဖြစ်သည့် “အယုံသွင်း” နည်းဖြင့် ကျင့်သုံးလာမှုအား တိုင်းရင်းသားပြည်သူလူထုမှ သုံးသပ်လေ့လာ ဆက်စပ်စဉ်းစား အမှန်ရှူမြင်ကြမှသာလျှင် အာဏာရှင် စစ်အုပ်စု၏ ခေတ်သစ် အာဏာရှင်တည်ဆောက်မှုကို အချိန်မနှောင်းမီ သိရှိနိုင်မည်ဖြစ်ကြောင်း ရဟန်းရှင်လူ ပြည်သူလူထုအကျိုးအတွက် သတိပေး ပြောကြားအပ်ပါတယ်။

ယခုနှစ် ၂၀၁၂ ခုနှစ်မှ စတင်ပြီး ၂၀၁၅ ခုနှစ် မရောက်ခင် အချိန်ကာလကတည်းမှ ရဟန်းရှင်လူပြည်သူလူထုအနေဖြင့် ပြည်သူ့ ဘက်တော်သားများအတွက် အချိန်နာရီ မဖြုန်းတီး မပေါ့ဆဘဲ၊ ၂၀၁၅ ခုနှစ်တွင် ပြည်သူ့ ဘက်တော်သားများ ပြည်သူအတွက် လုပ်ဆောင်နိုင်ခွင့် အပြည့်အ၀ရရှိရေးအတွက် တတ်နိုင်သည့် ဆောင်ရွက်မှုများဖြင့် တစ်ဦးချင်းစီ မိမိတို့  စွမ်းဆောင်နိုင်ရည် လုပ်ဆောင်မှုများဖြင့် “မတရားမှုများကို တွန်းလှန်၊ အမှန်တရားကို ဖေါ်ထုတ်၊ လက်တွေ့ ကျကျ ပူးပေါင်းလက်တွဲ” ပြီး၊ ပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့  ဦးဆောင်မှုအပေါ် မေ၀၀ါး မတွေဝေ အမြင်မလွဲကြဘဲ တိုင်းပြည်အကျိုး အဓိကရှေ့ ရှူပြီး မြန်မာပြည်ရဲ့  တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး အာဏာရှင် စစ်အုပ်စုလက်အောက်မှ အလျဉ်းကင်းဝေးစေရေးအတွက် လက်တွဲဆောင်ရွက်ကြပါစို့ လို့  အလေးအနက် တိုက်တွန်းအပ်ပါတယ်။

အာဏာရှင် စစ်အုပ်စုက ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ ပြည်သူ့ ဘက်တော်သားတွေ အပြည့်အ၀ အနိုင်မရရှိရေးအတွက် နည်းလမ်းပေါင်းစုံသုံးပြီး လုပ်ကြံဖန်တီးမှုတွေ၊ တိုက်ခိုက်မှုတွေ၊ လှည့်ဖြားမှုတွေ၊ သွေးခွဲရန်တိုက်မှုတွေ၊ ပြည်တွင်းပြည်ပ ပဋိပက္ခဖန်တီးမှုတွေနဲ့  စတင်လုပ်ဆောင်နေပါပြီ။

ကျွန်တော်တို့ ရဲ့  ရဟန်းရှင်လူပြည်သူလူထုအပေါင်းမှလည်း သတိတရား အသိတရား လုံ့ လ၀ီရိယဖြင့် အချိန်မနှောင်းခင် အာဏာရှင် စစ်အုပ်စုရဲ့  ၂၀၁၅ ခုနှစ်အတွက် ကြိုတင်ပြင်ဆင် လုပ်ဆောင်နေမှုများအပေါ် ၀ိုင်းဝန်းလက်တွဲ၍ ပြန်လည်တိုက်ဖျက်ကြပါစို့ ဟု တိုက်တွန်းအပ်ပါတယ်။

၂၀၁၅ ခုနှစ် အချိန်ကို စောင့်ဆိုင်းနေဖို့ ထက် လုပ်သင့်လုပ်ထိုက်တာများကို ယခုကတည်းက ၀ိုင်းဝန်းလုပ်ဆောင်ပေးကြဖို့ က ရဟန်းရှင်လူ ပြည်သူလူထုရဲ့  အမျိုးသားရေးတာဝန်ပါ။

အပြည့်ဖတ်မည်...

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုရေးအတွက် ပြည်သူလူထုအား ဖိတ်ခေါ်ခြင်း။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုရေးအတွက် ပြည်သူလူထုအား ဖိတ်ခေါ်ခြင်း။

မြန်မာ့သမိုင်းတွင် မော်ကွန်းထိုးရမည့်ဖြစ်စဉ်ကြီးများ ယနေ့ မြန်မာ့ပြည်တွင် ဖြစ်ပေါ်လျှက် ရှိပါသည်။

မိမိတို့ နိုင်ငံမှ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ချီးမြင့်သော ကမ္ဘာ့ငြိမ်းချမ်းရေး နိုဗယ်လ်ဆုအား နိုင်ငံ့ဂုဏ်၊ မြန်မာတမျိုးသားလုံးကိုယ်စား ဆောင်ယူမြင့်တင်ကာ လက်ခံရယူအပြီး အလွန်ကြီးမြတ်လှသော တိုင်း ကမ္ဘာသိ မွန်မြတ်လှသော ငြိမ်းချမ်းမှု ဆုတံဆိပ်များ၊ ကမ္ဘာ့ခေါင်းဆောင်များဧ။် မြန်မာ့နိုင်ငံရေးအပေါ် ကောင်းကျိုးသက်ရောက်စေမည့် ထောက်ခံအားပေးမှုများကို ဆောင်ယူပြီး နိုင်ငံ အနာဂတ်ရောင်ခြည်အလင်းများ တပွေ့တပိုက်ဖြင့် အမိမြေဆီသို့ ယခုရက်ပိုင်းအတွင်း ဆိုက်ရောက်တော့မည် ဖြစ်ပါသည်။ မနက်ဖြန် ဇွန်လ (၃၀) ရက်နေ့ တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ နံနက် (၈) နာရီ အချိန်ခန့် တွင် ရောက်ရှိလာမည့် လူထုခေါင်းဆောင်ကြီး ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုကြရန် ဖြစ်ပါသည်။

သမိုင်းတခေတ်တွင် တကြိမ်တခါမျှသာ ကြုံဆုံခွင့် ရနိုင်သော ယခုကဲ့သို့ ထူးခြား အံ့ဘနန်း အဟုန်အရှိန်ပြင်းစွာ ဂုဏ်ယူလေးစားဖွယ် အောင်ပွဲခံအပြန်ခရီးကို မြန်မာပြည်ကို ချစ်သော မြန်မာ့ အနာဂတ်အရေးကို စိတ်ဝင်စားသော ပြည်သူပြည်သား မြန်မာနိုင်ငံသားများအနေဖြင့် လှည်းနေလှေအောင်း မြင်းဇောင်းမကျန် လမ်းခရီးတလျောက် စောင့်ဆိုင်းကြိုဆို ဂုဏ်ပြုခြင်းဖြင့် မြန်မာဟူသည် ဒီလိုဟု ဇာတိဂုဏ်ပြသကြပါရန် လှုံ့ဆော်တိုက်တွန်းပါသည်။

မြန်မာ့ဂုဏ်ဆောင် မြန်မာ့လူထုခေါင်းဆောင်၏ အောင်ပွဲခံအပြန်ခရီးအား လေဆိပ်မှ နေအိမ်ထိ အပြန်ခရီးတလျောက် ရန်ကုန်မြို့နှင့် အမေစုကို မြတ်နိုးသူများ စုဝေးရောက်ရှိ စနစ်တကျ စီတန်း ကြိုဆိုကြမည်ဆိုပါလျှင် လေဆိပ်မှ တက္ကသိုလ်ရိပ်သာလမ်းတလျောက် စနစ်တကျ စီတန်း စောင့်ဆိုင်း ကြိုဆို နှုတ်ဆက်ကြမည် ဆိုပါလျှင် လူဦးရေ သန်းနှင့် ချီပြီး ကြိုဆိုနိုင်မည်ဖြစ်သည် ။

ညီညွတ်စည်းကမ်းရှိစွာ ပူးပေါင်းလုပ်ဆောင်ကြခြင်းဖြင့် ကမ္ဘာတွင် ထင်ရှားသော လူထုကြိုဆိုပွဲကြီး တခုဖြစ်လာမည်သာမက မြန်မာ့အနာဂတ်နိုင်ငံရေးတွင် လက်ရှိ သမတကြီး ဦးသိန်းစိန်နှင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ အတူတကွ ဦးဆောင်ပြီး နိုင်ငံသားတိုင်း မျှော်လင့်တောင့်တနေသည့် အသွင်ပြောင်း ဖြစ်စဉ်များကို အပြုသဘောဖြင့် ၀ိုင်းဝန်းကူညီထောက်ခံပေးရာလည်း ရောက်မည် ဖြစ်သည်။

ကျနော်တို့ ပြည်တွင်းက လူငယ်များအတွက် မဟာလှုပ်ရှားမှုတခုလည်း ဖြစ်မည့် ယခု ကမ်ပိန်းအား အဖွဲ့အသီးသီး၊ နယ်ပယ် အသီးသီးမှ မြန်မာ့ အနာဂတ်ကို ၀ိုင်းဝန်းတည်ဆောက်ကြမည့် မျိုးချစ်သူတိုင်း ငြိမ်းချမ်းစွာ ပါဝင်ဆင်နွဲနိုင်ပါသည်။
(ဒေါ်အောင်ဆန်းစုကြည်ကို လူတစ်သန်းကြိုဆိုရေး campaign ) အမည်ဖြင့် လူထုခေါင်းဆောင် ပြည်ပခရီးမှအပြန် လေဆိပ်ဆိုက်ရောက်ချိန်မှ နေအိမ်သို့ အပြန်လမ်းခရီးတလျောက်တွင် ရန်ကုန်တိုင်းဒေသတခွင်မှ ပြည်သူလူထု သန်းနဲ့ချီပြီး စောင့်ဆိုင်းကြိုဆိုစေလိုသော ကမ်ပိန်း ဖြစ်မြောက်ရေး တပိုင်တနိုင် မိမိတို့နိုင်ရာမှ အားလုံး ပါဝင်လုပ်ဆောင်နိုင်ပါရန် တိုက်တွန်းနိုးဆော်ပါသည်။
ကိုနေမျိုးဇင် - ဖုန်းနံပတ် 0949328559 ၊ လူငယ်ကျောင်းသားခေါင်းဆောင် ကိုဝေလု - ဖုန်းနံပတ် 09450037685 တို့ကိုခေါ်ဆိုပြီး သိရှိလိုသည်များကို မေးမြန်းနိုင်ပါသည်။

အပြည့်ဖတ်မည်...

ပြည်သူ့ဂုဏ်ရည် ဇကာတင်ရွေးချယ်ခံရသူများအား ဂုဏ်ပြုပွဲ။



















ပြည်သူ့ဂုဏ်ရည် ဇကာတင်ရွေးချယ်ခံရသူများအား ဂုဏ်ပြုပွဲ။

"မြန်မာပြည်သားချင်း ရိုင်းပင်းကူညီ ပြည်သူ့ဂုဏ်ရည်"ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းထားတဲ့ ပြည်သူ့ဂုဏ်ရည် အဖွဲ့၏ ၂၀၁၂ နှစ်အတွက် ပြည်သူ့ဂုဏ်ရည် ဆန်ခါတင်ပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများအား ဂုဏ်ပြုပွဲအခမ်း အနားကို ရန်ကုန်မြို့၊ဗဟန်းမြို့နယ်၊ တော်ဝင်နှင်းဆီခန်းမ၌ ၂၈-၆-၂၀၁၂ နေ့လည့် ၁း၀၀ မှ ၃း၀၀ ထိအစီအစဉ် (၆) ရပ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါတယ်။

အဆိုပါ ယင်းအခမ်းအနားကို အစီအစဉ် အခမ်းအနားမှူးဖြင့် ရုပ်ရှင်သရုပ်ဆောင် ဒေါ်ဆွေဇင်ထိုက် မှ ပြုလုပ်ပြီး၊ နိုင်ငံရေးနယ်ပယ်၊ ရုပ်ရှင်နယ်ပယ်၊ လူမှုရေးနယ်ပယ်မှဖြစ်ကြသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကအဖွဲ့ဝင် ဘဘဦးဝင်းတင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန်၊ ဒေါ်ဖြူဖြူသင်း၊ စာရေးဆရာ၊ ဒါရိုက်တာ ဦးမိုးသူ၊ ရွှေအမြုတေမဂ္ဂဇင်း၊ဂျာနယ် အယ်ဒီတာချုပ် ဦးဝင်းငြိမ်း၊ ၈၈-ကျောင်းသားခေါင်းဆောင် ပွင့်လင်းအဖွဲ့က ကိုမင်းကိုနိုင်၊ ကိုဂျင်မီ၊ အဆိုတော် သျှီ စသော လူမှုနယ်ပယ်မှ ပရဟိတပုဂ္ဂိုလ်များ၊တိုင်းရင်း သူတိုင်းရင်းသားများ၊ ရှေ့နေအဖွဲ့ဝင်လူငယ်များ၊မီဒီယာများ စုစုပေါင်း အယောက် ၆၀ ခန့်တက်ရောက်ပြီး၊ ပြည်သူ့ ဂုဏ်ရည် ဇကာတင်ရွေးချယ်ခံရသူ လူမှုအထောက်ကူပြုအဖွဲ့ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)၊ သုခရိပ်မြုံ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ၊ အောင် Foundation ဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်၊လယ်သမားတွေ အရေးကို ဦးဖိုးဖြူ (ခ) ဦးရန်နိုင်အောင်တို့အာuး$ 1000 နှင့် ဆုတံဆိပ်ဆု တစ်ခုဆီဖြင့် ဂုဏ်ပြုချီးမြင့်ခဲ့ကြောင်း ကိုလည်း အခမ်းအနားမှူး ဒေါ်ဆွေဇင်ထိုက်မှ ပြောကြားကြောင်းသိရှိရပါသည်။

အင်မတန်လေးစားစရာကောင်းတဲ့ပုဂ္ဂိုလ်တို့ကို ပြည်ပရောက်တိုင်းရင်းသားမြန်မာမိသားစုတွေ၊ အားလုံး စုပေါင်းပြီး တစ်နှစ်တစ်ကြိမ် ဂုဏ်ပြုဆုချီးမြှင့်ခြင်းဟာ ပြည်သူ့ဂုဏ်ရည်အသင်း၏ ပထမ ရည်ရွယ်ချက်ပင်ဖြစ်ပါ သည်။အဲဒီရည်ရွယ်ချက်အတိုင်း ပြည်သူ့ဂုဏ်ရည်ဆုကို ၂၀၁၀ ခုနှစ်အတွက် မြန်မာ့သမိုင်းမှာ အောင်မြင်မှုအရှိ ဆုံး လူမှုရေးအသင်းကြီးဖြစ်တဲ့ နာရေးကူညီမှုအသင်း (ရန်ကုန်)ကို ဦးဆောင်နေတဲ့ ဦးကျော်သူ၊၂၀၁၁ခု နှစ် အတွက် အကျဉ်းကျသံဃာတွေကို ကြည်ညိုသဒ္ဒါစိတ်များနဲ့ လက်လှမ်းမီသလောက် ဆွမ်း၊ဆေးဝါး လှူဒါန်းခဲ့ သော ဒေါ်ရှုတို့ကို ကမ္ဘာ့နိုင်ငံအသီးသီးရှိ တိုင်းရင်းသားမြန်မာမိသားစုများရဲ့ အင်တာနက်ဆန္ဒမဲများဖြင့် ရွေး ချယ်ဂုဏ်ပြုနိုင်ခဲ့ပါတယ်။

ယခု ၂၀၁၂ ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆုကို နိုင်ငံပေါင်း ၄၉ နိုင်ငံကျော်မှ ဆန္ဒမဲ စုစုပေါင်း ငါးသိန်းကျော်၏ ၅၀% ရရှိခဲ့သည် ခရစ်ယာန်ဓမ္မဆရာတစ်ဦးဖြစ်သည့် Kachinland News သတင်း ဌာနမှ လဖိုင်နော်မိန်းကို ရွေးချယ်ဂုဏ်ပြုနိုင်ခဲ့ပါတယ်။ လဖိုင်နော်မိန်းသည် အဖက်ဖက်မှ ဖိနှိပ်သည့်ကြားက ဒေသဖွံ့ဖြိုးရေး၊ လူငယ်များပြုစုပျိုးထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။

(သတင်း ဓါတ်ပုံ - လင်းဆက်)။



အပြည့်ဖတ်မည်...

Thursday, June 28, 2012

“ကျွန်တော်နှင့် ဆဲဗင်းဇူလိုင်”































သမိုင်းမှတ်တမ်းအတွက် အင်မတန် အထောက်အကူုပြုတဲ့ ဒီရေးသားချက်ကို “ဦးသက်ဆွေ” က ရေးသားထားတာဖြစ်ပြီး၊ ပေးပို့ လာတဲ့ “အပြင်စီး” အား အထူးကျေးဇူးတင်ရှိပါတယ်။

I and 7th Jyly

အပြည့်ဖတ်မည်...

Wednesday, June 27, 2012

အာဏာရှင်တို့ ရဲ့  ကြိုးပေးသတ်ဖြတ်မှုကို မတရားခံခဲ့ရတဲ့ ကျောင်းသားခေါင်းဆောင် ဆလိုင်း ကိုတင်မောင်ဦးနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်။

အပြည့်ဖတ်မည်...

နောင်တော် ကျောင်းသားခေါင်းဆောင်ကြီး ဆလိုင်း ကိုတင်မောင်ဦးအား ဦးညွှတ်အလေးပြုအပ်ပါတယ်။

အပြည့်ဖတ်မည်...

ကျောင်းသားခေါင်းဆောင် ဆလိုင်း ကိုတင်မောင်ဦးအတွက် အမှတ်တရ မနှစ်က ထုတ်ခဲ့တဲ့ တေးသီချင်းလေး ဖြစ်ပါတယ်။

အပြည့်ဖတ်မည်...

အာဇာနည်ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး၏ (၃၆) နှစ်မြောက် နှစ်ပတ်လည် အခမ်းအနား။









































အာဇာနည်ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး၏ (၃၆) နှစ်မြောက် နှစ်ပတ်လည် အခမ်းအနား။

စစ်အာဏာရှင်၏ ကြိုးပေးသတ်ဖြတ်ခြင်းကို ခံခဲ့ရသော အာဇာနည်ကျောင်းသားခေါင်းဆောင် "ဆလိုင်း တင်မောင်ဦး" ကျဆုံးခြင်း (၃၆) နှစ်မြောက် အောက်မေ့ဖွယ်အခမ်းအနားကို နိုင်ငံရေးအင်းအားစုများ ဖြစ်သော ၇၄၊ ၇၅၊ ၇၆ ကျောင်းသားလှုပ်ရှားမှုခေါင်းဆောင်များက ဦးဆောင်ကာ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ တော်ဝင်နှင်းဆီ (သီရိခန်းမ) ၌ အစီအစဉ် (၁၄) ရပ်ဖြင့် ၂၆-၆-၂၀၁၂ နေ့ နံနက် (၁၀း ၀၀) နာရီမှ (၁၂း၀၀) နာရီထိ ကျင်းပခဲ့ကြောင်း သိရှိရပါသည်။

ယင်းအဆိုပါ အခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကကြီး ဘဘ၀င်းတင်နှင့် NLD လူငယ်များ၊ မင်္ဂလာတောင်ညွှန့်မြို့နယ် လွှတ်တော်အမတ် မဖြူဖြူသင်း၊ ၈၈-ကျောင်းသားခေါင်း ဆောင် ကိုမင်းကိုနိုင်၊ ဗကကကော်မတီဥက္ကဋ္ဌကျောင်းသားခေါင်း ကိုကျော်ဘိုဘို၊ ဗကသကော်မတီဖြစ်မြောက်ရေး ကျောင်းသားခေါင်းဆောင် ကိုဒီငြိမ်းလင်း စသောကျောင်းသားလူငယ်များနှင့် ၆၂၊ ၇၄၊ ၇၅၊ ၇၆ ကျောင်းသားလှုပ်ရှားမှုခေါင်းဆောင်များ၊ မီဒီယာများ အယောက် (၂၀၀) ကျော် တက်ရောက်ကြောင်း သိရှိရပါသည်။

ထိုအခမ်းအနားတွင် စစ်အာဏာရှင်၏ ကြိုးပေးသတ်ဖြတ်ခြင်းကို ခံခဲ့ရသော အာဇာနည်ကျောင်းသားခေါင်းဆောင် "ဆလိုင်း တင်မောင်ဦး" ကျဆုံးခြင်း (၃၆) နှစ်မြောက်အထိမ်းအမှတ် ကြေညာချက်ကိုလည်း အောက်ပါအတိုင်း ဆလိုင်းတင်မောင်ဦး၏ ညီဖြစ်သူ ဆလိုင်းဦးမြဒင်က ဖတ်ကြားထုတ်ပြန်ခဲ့ပါသည်။

ယနေ့ ၂၀၁၂ ခု ဇွန်လ ၂၆ ရက်နေ့သည် ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး မတရားကွပ်မျက်ခံရသည့် ၃၆ နှစ်မြောက် နှစ်ပတ်လည် ဖြစ်ပါသည်။ ၃၆ နှစ်တိုင်ခဲ့ပြီဖြစ်သော်လည်း ကျွန်ုပ်တို့မိသားစု၏ နှလုံးသားများမှာ ကြေကွဲနေဆဲဖြစ်ပြီး ချစ်လှစွာသော အကို၊ ချစ်လှစွာသော သားကို သတိရစိတ်ဖြင့် ၀မ်းနည်းပူးဆွေးနေပါသည်။ အထူးသဖြင့် ကွပ်မျက်သတ်ဖြတ်ခံရသည့် နှစ်ပတ်လည်ဖြစ်သော ယနေ့တွင် သူ၏အကျဉ်းခန်းလေးထဲ၌ နောက်ဆုံးအချိန်များကို မည်ကဲ့သို့ ဖြတ်သန်းခဲ့မည်၊ မည်ကဲ့သို့ခံစားနေခဲ့မည်၊ မည်သည့်အကြောင်းအရာတို့ကို စဉ်းစားနေခဲ့မည်ကို ကျွန်ုပ်တို့ တွေးကြည့်မိပါသည်။ ဆလိုင်းတင်မောင်ဦးသည် သူ၏ မိဘမောင်ဘွားများကိုသာ ချစ်မြတ်နိုးတတ်သည့် ပုဂ္ဂိုလ်မျိုး မဟုတ်ဘဲ မြန်မာနိုင်ငံမှ စစ်အာဏာရှင်များ၏ အုပ်စိုးမှုအောက် ဖိနှိပ်ခံနေရသူ ပြည်သူပြည်သားအားလုံးကိုလည်း အလွန်တရာ ချစ်မြတ်နိုးသူ ဖြစ်ပေသည်။

စစ်အစိုးရသည် သူ့လုပ်ရပ်အတွက် သူ၏ အပြစ်မဲ့ မိဘများကို ဖမ်းဆီးထားခြင်းကြောင့် သူနှလုံးသားမှာ ကြေကွဲနေပါလိမ့်မည်။ သေဒဏ်မပေးမီနေ့ဖြစ်သည့် ၁၉၇၆ ခု ဇွန်လ ၂၅ ရက်၊ သောကြာနေ့တွင် စစ်အစိုးရက သူ့ကို မိဘနှစ်ဦးနှင့် ခဏတာမျှ တလှည့်စီ ပေးတွေ့ခဲ့သည်။ ဆလိုင်းတင်မောင်ဦး၏ လုပ်ရပ်များအတွက် တာဝန်ရှိသည်ဟု အစိုးရက ယူဆသဖြင့် မိဘနှစ်ပါးစလုံးကိုလည်း ထောင်ထဲ ထည့်ထားချိန် ဖြစ်ပါသည်။ သူ့ကို နောက်တနေ့တွင် ကြိုးပေးကွပ်မျက်မည်ကို မိဘများက မသိခဲ့ကြ၊ သို့ရာတွင် ဆလိုင်းတင်မောင်ဦးကမူ မိမိကို သတ်တော့မည်ကို သိနေခဲ့သည်။ သူ၏ ချစ်လှစွာသော အမေနှင့် အဖေကို နောက်ဆုံးတွေ့ရခြင်းဖြစ်ကြောင်း သိနေခဲ့သည်။ သို့ဖြစ်စေကာမူ သူ ကွပ်မျက်ခံရတော့မည်ဖြစ်ကြောင်း ချစ်လှစွာသော မိဘများကို ပြောမထွက်ခဲ့ပေ။ သူ့ကြောင့် အပြစ်မရှိသည့် မိဘများကို စစ်အစိုးရက ထောင်ဒဏ်ငါးနှစ်ချခဲ့သည်ကို သူတွေ့ခဲ့သည်။ ထိုနေ့က မိဘများ၏ မျက်နှာကို မြင်ရချိန်၌ မည်မျှအထိ နာကြင်ကြေကွဲစွာခံစားရမည်ကို ကျွန်ုပ်တို့ မှန်းဆကြည့်နိုင်စွမ်း မရှိပါ။ ဤကား စစ်အာဏာရှင်တို့၏ ရက်စက်ကြမ်းကြုတ်မှုကို ပြနေခြင်း ဖြစ်ပေသည်။ ၄င်းတို့သည် ဆလိုင်းတင်မောင်ဦးကို သတ်ရုံသာ သတ်သည်မဟုတ်ဘဲ မသေခင် နာကြင်ကြေကွဲအောင်လည်း ခံစားသွားစေချင်ကြပါသည်။

ဆလိုင်းတင်မောင်ဦးသည် အလွန်မှ ကျန်းမာသန်စွမ်း၍ အားကစားလိုက်စားသူ ဖြစ်ပါသည်။ ပါးကွက်သားများက ကြိုးစင်မှ ဒေါက်ကို ဖြုတ်လိုက်သည့်အခါ ဆလိုင်းတင်မောင်ဦးးမှာ သန်မာလှသဖြင့် အလွယ်တကူ မသေခဲ့ပေ၊ ကြိုးတန်းလန်းဖြင့် ရှိနေချိန်တွင် အသက်ကို အတင်းလုရှူနေခဲ့သည်၊ အလွယ်တကူ မသေနိုင်သည်ကို အာဏာပိုင်တို့ တွေ့သည်အခါ သွေးအေးသည့် လူသတ်ကောင်တစ်ဦးက ဆလိုင်းတင်မောင်ဦး ပခုံးပေါ်တက်၍ ထပ်တလဲလဲ ဆောင့်ချကာ ပိုမိုဒဏ်ရာပြင်းစေပြီး သေချာပေါက် အသက်ထွက်အောင် လုပ်ခဲ့သည်၊ ဤသည်မှာ ဆလိုင်းတင်မောင်ဦး၏ ဘ၀ အဆုံးသတ်သွားရသည့် လူမဆန်လှသောနည်းပင် ဖြစ်ပါသည်။ ဤသည်မှာ တက္ကသိုလ်ကျောင်းသားတဦးကို သတ်ရန် အာဏာရှင်ကြီး လိုလားသည့် လူမဆန်လှသောနည်းပင် ဖြစ်သည်။

ဆလိုင်းတင်မောင်ဦးမှာ တက္ကသိုလ်ကျောင်းသားတစ်ဦးမျှသာ ဖြစ်ပါသည်၊ သူသည် အသက်ရှင်နေစဉ်က မိမိပြည်သူများဖြစ်သည့် မြန်မာပြည်သူတို့အတွက် ပိုမိုကောင်းမွန်သော အနာဂတ် မြင်ချင်သည့် သူ့ ဆန္ဒကို ဖော်ထုတ်ပြခဲ့ပါသည်။ ဤသည်မှာ ရာဇ၀တ်မှု မဟုတ်၊ သူ့ကို ကွပ်မျက်သတ်ဖြတ်ခြင်းသည်သာ ရာဇ၀တ်မှု ဖြစ်ပါသည်။ အသက် ၂၄ နှစ်သာ ရှိသေးသည့် တက္ကသိုလ်ကျောင်းသားငယ်တစ်ဦးအဖြစ် သူသည် နှလုံးသားဝယ် ယုံကြည်ချက် ခိုင်မြဲစွာဖြင့် သေခြင်းကို သတ္တိရှိရှိရင်ဆိုင်ခဲ့ပါသည်။ ကြိုးစဉ်ပေါ်မှ သူ၏ နောက်ဆုံးစကားများမှာ "မင်းတို့ ငါ့ခန္ဓာကိုယ်ကို သတ်လို့ ရချင်ရမယ်၊ ဒါပေမယ့် မင်းတို့ င့ါယုံကြည်ချက်တွေ ငါရပ်တည်ချက်တွေကို ဘယ်တော့မှ သတ်လို့ရမှာ မဟုတ်ဘူး၊ ငါ ဘယ်တော့မှ စစ်ဖိနပ်အောက်ကို ဒူးမထောက်ဘူးကွ' ဟူ၍ ဖြစ်ပါသည်။ အာဏာရှင်အုပ်စိုးရှိနေသရွေ့ ပြည်သူတို့သည် မတရားမှုများကို ခံနေရမည်ဟု သူ ယုံကြည်နေခဲ့ပါသည်။ ယင်းအမှန်တရား၊ ယင်းယုံကြည်ချက်ကို သူ့နှလုံးသားအတွင်းဝယ် ထာဝစဉ် စွဲမြဲထားပါသည်။

ဝမ်းနည်းစရာကောင်းသည်မှာ ဆလိုင်းတင်မောင်ဦး ကျဆုံးပြီးနောက် ၃၆ နှစ်ကြာခဲ့သော်လည်း စစ်အစိုးရ၏ အာဏာရှင်အုပ်စိုးမှု မြန်မာနိုင်ငံတွင် ဆက်လက်တည်ရှိနေခြင်းပင် ဖြစ်ပါသည်။ ဆလိုင်းတင်မောင်ဦးအကြောင်း စဉ်းစားမိ၍ ကျွန်ုပ်တို့နှလုံးသားများ ၀မ်းနည်းကြေကွဲနေရချိန်တွင် စစ်အစိုးရလက်အောက်၌ နည်းမျိုးစုံဖြင့် ဒုက္ခရောက်ခဲ့ကြသူများ မိသားစုများအတွက်လည်း ကျွန်ုပ်တို့ နှလုံးသားများ ခံစားရပါသည်။

၁၉၆၂ ခု ဂျူလိုင် ၇ ရက်နေ့တွင် ကျောင်းသားသမဂ္ဂအဆောက်ဦးကို ဒိုင်း နမိုက်ဖြင့် ဖြိုခွဲခဲ့သည်၊ ၁၉၇၄ ခုနှစ်တွင် အထွေထွေအလုပ်သမားသပိတ်ကြီးပေါ်ပေါက်ခဲ့ပြီး အလုပ်သမားများက မိမိတို့ မိသားစုများအတွက် ဆီဆန်တောင်းသည်ကို ကျည်ဆံများပေးကာ ရက်ရက်စက်စက် သတ်ဖြတ်ပစ်ခဲ့သည်။ ၁၉၇၄ ခုတွင် ဦးသန့်အရေးတော်ပုံဖြစ်ခဲ့ရာ ကျောင်းသားများ ၊ အရပ်သားများ၊ သံဃာများကို အကြမ်းဖက် သတ်ဖြတ်ခဲ့သည်၊ ၁၉၇၅ ခုတွင် အထွေထွေအလုပ်သမားသပိတ်ကြီး၏ နှစ်ပတ်လည်သပိတ် ပေါ်ခဲ့သည်၊ ၁၉၇၆ ခု မတ်လတွင် သခင်ကိုယ်တော်မှိုင်းရာပြည့် ချီတတ်ပွဲဖြစ်ခဲ့သည်၊ ၁၉၈၈ တွင်မူ ၈၈၈၈-လေးလုံးအရေးတော်ပုံကြီး ဖြစ်ပေါ်ပြီး ပြည်သူလူထု ထောင်နှင့်ချီ်၍ သတ်ဖြတ်ခံရသည်။ ၂၀၀၃ မေလတွင် ဒီပဲရင်းလူသတ်ပွဲ ဖြစ်ခဲ့သည်၊ ၂၀၀၇ ခုတွင် ရွှေဝါရောင် သံဃာ့အရေးတော်ပုံ ဖြစ်ခဲ့သည်၊ ဤအရေးတော်ပုံများအားလုံးတွင် မရေမတွက်နိုင်သည့် ဒုက္ခရောက်သူများရှိခဲ့သလို တိုင်းရင်းသားနယ်မြေများတွင် တောက်လျှောက် တောက်လောင်နေသော ပြည်တွင်းစစ်ကြောင့် ယခုအချိန်၌ပင် ဒုက္ခရောက်လာသူများလည်း ရှိသည်၊ အထူးသဖြင့် ကချင်ပြည်နယ်တွင်းမှ စစ်ပွဲကြောင့် ဒုက္ခရောက်သူ များလာသည်။ အမျိုးသမီးများ မုဒိန်းကျင့်ခံရသည်၊ အိုးအိမ်များ၊ သို့မဟုတ် ရွာလုံးကျွတ် လုယက်ခံရ မီးရှို့ခံရသည်၊ မိသားစုဝင်များ အဓမ္မလုပ်အားပေးခိုင်းခံရပြီး မိမိချစ်ရသူများနှင့် ထာဝရ ခွဲခွါသွားရသည်။ ဤရာဇ၀တ်မှုများကို ကျူးလွန်သူတို့ အပြစ်မခံရဘဲ ကင်းလွတ်ခွင့်ရနေသည်မှာ လုံးဝလက်မခံနိုင်စရာ ဖြစ်ပါသည်။ ယင်းကင်းလွတ်ခွင့်ကို ၂၀၀၈ အခြေခံဥပဒေပုဒ်မ ၄၄၅ တွင် တွေ့ရသည်။ နောင်တ တရားမရသည့် အဆိုပါ ရာဇ၀တ်ကောင်များမှာ လွတ်လွတ်လပ်လပ် သွားလာနေကြပြီး ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို ခံစားနေကြပါသည်။ ပြစ်ဒဏ်ကင်းလွတ်ခွင့်ဥပဒေကို ဖျက်သိမ်းပြီး ခံရသူအားလုံး တရားမျှတမှုကို လွတ်လပ်စွာ ရယူနိုင်သင့်ပါသည်။ မြန်မာစစ်အစိုးရ ကျူးလွန်ခဲ့သည့် အော့ နှလုံးနာဖွယ် ရာဇ၀တ်မှုအားလုံးကို စေ့စေ့စပ်စပ် စစ်ဆေးသင့်ပါသည်။ သို့မဟုတ်ပါက မြန်မာနိုင်ငံတွင် တရားဥပဒေအာဏာ ပိုင်စိုးသည်ဟု မည်သို့ပြောနိုင်မည်နည်း၊ မြန်မာနိုင်ငံမှ လက်ရှိအစိုးရသည် မကြာသေးမီက ကမ္ဘာတလွှားမှ အာဏာရှင်များ မည်သို့ဖြစ်သွားသည်ကို လေ့လာသင့်သည်၊ ထို့အပြင် လစ်ဗျားနိုင်ငံမှ မိုဟာမာ ဂါဒါဖီ၊ ကမ္ဘောဒီးယားနိုင်ငံမှ ကိုင်ဂုက်အိဗ်၊ လိုင်ဘေးရီးယားနိုင်ငံမှ ချားလ်စ်တေလာ၊ ယူဂိုဆလားဗီးယားမှ မီလိုဆီဗစ်၊ အီဂျစ်နိုင်ငံမှ ဟော့စ်နီမူဘာရက်တို့ကဲ့သို့ လူသားမျိုးနွယ်ကို ဆန့် ကျင်သည့် ရာဇ၀တ်မှုများ ကျူးလွန်ခဲ့သည့် အာဏာရှင်များကိုလည်း လေ့လာသင့်သည်။

အရပ်သားအစိုးရဆိုသည့်အထဲတွင်၎င်း၊ နိုင်ငံရေးသမားများ သို့မဟုတ် နိုင်ငံရေးပါတီများထဲတွင်၎င်း၊ တစုံတယောက်ကမှ အဆိုပါ ဒုက္ခခံရသူများအပေါ် သို့မဟုတ် ဒုက္ခခံရသူများ၏ အခွင့်အရေးများအပေါ် လုံလုံလောက်လောက် အလေးထားမနေခြင်းကို တွေ့ရသည်မှာ ၀မ်းနည်းစရာကောင်းသည်။ ရင်ကြားစေ့ရေးဖြစ်စဉ်ဆိုသည့်အရာကလည်း ကျူးလွန်ခံရသူတို့၏ အခွင့်အရေးများကို အသိအမှတ်ပြုရေးဟူသော အဓိက ပြဿနာရပ်အပေါ်တွင် အသံတိတ်နေကြပါသည်။ ကျူးလွန်ခံရသူများနှင့် ၄င်းတို့၏ အခွင့်အရေးများကို နိုင်ငံတော်က အရင်ဦးစွာ တရားဝင်အသိမှတ်မပြုဘဲနှင့် စစ်မှန်သည့် အမျိုးသားပြန်လည်သင့်မြတ်ရေး မရနိုင်ဟု ကျွန်ုပ်တို့ ယူဆပါသည်။ ထို့နောက်တွင် ရွံရှာဖွယ်ရာဇ၀တ်မှုများကို ကျူးလွန်ခဲ့သူများအနေဖြင့် ထိုပြစ်မှုများအတွက် တာဝန်ခံစေရမည် ဖြစ်ပါသည်။ သို့မှသာ အလားတူ ရာဇ၀တ်မှုများကို နောက်ထပ်ဘယ်တော့မှ မကျူးလွန်ဘဲနေကြမည် ဖြစ်ပါသည်။ ယင်းနောက် တရားစီရင်ရေး၊ တပ်မတော်၊ ရဲနှင့် အခြားလုံခြုံရေးတပ်ဖွဲ့များကဲ့သို့ နိုင်ငံတော်အဖွဲ့အစည်းများကို ထိရောက်စွာ အသွင်ပြောင်းလဲပစ်ရမည် ဖြစ်သည်။ ဤသို့ဖြင့် ၄င်းဌာနများသည် စစ်အာဏာရှင်အဆက်ဆက်အတွက် ဖိနှိပ်ရေးကရိယာများဖြစ်နေမည့်အစား လူ့အခွင့်အရေး၊ တရားမျှတမှု၊ လွတ်လပ်မှုနှင့် ငြိမ်းချမ်းမှုတို့ကို ဆောင်းကျဉ်းပေးသည့် ယန္တရားများ ဖြစ်လာပေမည်။ အဆိုပါ ခြေလှမ်းများကို မဆောင်ရွက်လျှင် ဒုက္ခခံခဲ့ရသူများအတွက် ကုစားမှုဖြစ်စဉ်မှာ ဘယ်တော့မှ ပြည့်စုံပြီးမြောက်မည် မဟုတ်ပေ။

အရပ်ဝတ်အရေခြုံထားသော စစ်အစိုးရသည် စစ်မှန်သည့် အမျိုးသားပြန်လည်သင့်မြတ်ရေး ထူထောင်လိုသည့် နိုင်ငံရေးဆန္ဒကို သက်သေပြလိုပါက ကျူးလွန်ခံရသူများအတွက် အထက်ဖော်ပြပါ အဆင့်သုံးဆင့် ကုစားရေးဖြစ်စဉ် အဆင်ပြေချောမွေ့စေရန်အတွက် အနိမ့်ဆုံးအားဖြင့် အောက်ဖော်ပြပါ လုပ်ငန်းများကို လုပ်ငန်းပေါင်းများစွာအနက်မှ စတင် အကောင်ထည်ဖော်ရန် ကျွန်ုပ်တို့က တောင်းဆိုလိုက်ပါသည်။

၁။ ၁၉၆၂ ခု ဂျူလိုင် ရ -၇က်နေ့၌ အစုလိုက် အပြုံလိုက် အသတ်ခံရသော ကျောင်းသားများ အပါအ၀င် ဆိုးယုတ်လှသော ရာဇ၀တ်မှုများ ကျူးလွန်ခံရသူအားလုံးအတွက် မှတ်တမ်းတင်သည့်ဖြစ်စဉ်ကို အစိုးရက အမြန်ဆုံး စတင်မည်ဖြစ်ကြောင်း ယခု တရားဝင်ကြေငြာရန်။

၂။ အသက်စွန့်လှူခဲ့ကြသော ကျောင်းသားခေါင်းဆောင်များအတွက် အမှတ်တရ မှတ်တမ်းများကို အတ္ထုပ္ပတ္တိအကျဉ်းချုပ်များနှင့်အတူ မကြာမီ စတင်တည်ဆောက်ရမည့် ကျောင်းသားသမဂ္ဂ အဆောက်ဦးအသစ်ထဲတွင် ထားရှိရန်။

၃။ ကျောင်းသားသမဂ္ဂများကို တပြည်လုံး အနှံ့ လွတ်လပ်စွာ ထူထောင်လှုပ်ရှားခွင့်ပြုရန်နှင့် ဤအတွက် ပြင်ဆင်ဖို့လိုအပ်သည့် ဥပဒေအားလုံးကို ပြင်ဆင်ရန်။

- ဆလိုင်းတင်မောင်ဦး၏မိသားစု (ကနေဒါနိုင်ငံ)
- ဆက်သွယ်ရန်
- အမည်- မလှမြိုင် (မိုင်ပိုပို)
- ဖုံး - ၁+ (၇၇၈)၂၁၇-၉၈၄၆

(သတင်း ဓါတ်ပုံ - လင်းဆက်)။

အပြည့်ဖတ်မည်...

“ပန်းတိုင် မပျောက်ပါစေနှင့်”

“အိုးဝေ” စာကြည့်တိုက်နှင့် ပညာဒါနသင်တန်းများ ဖွင့်လှစ်ခြင်း အခမ်းအနား ဖိတ်ကြားလွှာ။


































“ပန်းတိုင် မပျောက်ပါစေနှင့်”

ကျွန်တော်စာမရေးဖြစ်တာကြာပါပြီ။ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ထောင်ထဲက ကျွန်တော်တို့ ရဲ့ (ဗ.က.သ) ရဲဘော်တွေ ပြန်လည်လွတ်မြောက်လာချိန်ကစလို့  ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများ အဖွဲ့  ချုပ်(ဗ.က.သ) ပြန်လည်ဖွဲ့ စည်းရေး အလုပ်တွေ၊ နိုင်ငံအနှံ့ ခရိုင်တွေမှာကျောင်းသားသမဂ္ဂပေါ်ပေါက်ရေး ကြိုးပမ်းရတဲ့တာဝန်တွေနဲ့  မအားလပ်နိုင်ခဲ့ပါဘူး။ ဒါပေမဲ့ အခုမအားလပ်တဲ့ကြားကပဲ မရေးမဖြစ်တဲ့အဖြစ်တွေ ပေါ်ပေါက်လာသည့်အတွက် အများပြည်သူသိအောင် ချမရေးပြချင်တဲ့အကြောင်းအရာတွေကို ရေးပြရတော့မှာပါ။

ဒီစာအတွက် အလုံးစုံ ကျွန်တော်တာဝန်ယူသလို ဒီစာပါအကြောင်းအရာများဟာလဲ ကျွန်တော်ဘာကိုမှ မျှော်ကိုးလို့  ရေးပြတာ မဟုတ်ပါဘူးဆိုတာ ကြိုတင်ပြောထားပါရစေ။ ကျွန်တော်ရဲ့ အဓိကရည်ရွက်ချက်ကတော့ ပြည်တွင်းကရော ပြည်ပမှာပါရှိနေတဲ့ ကျောင်းသား မျိုးဆက်များစွာက ကျွန်တော်တို့ ရဲ့ ကျောင်းသားရဲဘော်တွေဟာ ဗကသဆိုတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ ချုပ်ရဲ့ သမိုင်းတန်ဖိုးနဲ့ လက်ဆင့်ကမ်းပေးခဲ့တဲ့ မျိုးဆက်တာဝန်ကို ဘယ်လိုအခက်အခဲတွေကြားထဲက တာဝန်ကြေပွန်အောင် ဘယ်လိုထမ်းဆောင်နေရတယ်ဆိုတာ သိရှိနားလည်ပြီး ဗကသများအဖွဲ့ ချုပ်အပေါ်ကို ပိုမိုတန်ဖိုးထားတတ်လာအောင်ရယ်၊ ပြည်တွင်းက ကျောင်းသားရဲဘော်တွေအပေါ် စာနာနားလည်လာနိုင်ဖို့ ရယ်ပါပဲ။ ထပ်ပြောပါရစေ။ ကျွန်တော် ဘယ်လူပုဂ္ဂိုလ်တစ်ဦးတယောက်၊ အဖွဲ့ အစည်းတစ်ခုကိုမှ စောင်းမြောင်းထိခိုက်စေလိုတဲ့ အကြောင်းအရာ သို့ မဟုတ် ရည်ရွယ်ချက် လုံးဝမပါဘူးဆိုတာ သစ္စာပြုရဲပါတယ်။

လွန်ခဲ့တဲ့ ဆယ်ရက်ကျော်ကျော်လောက်ကပဲ အွန်လိုင်းပေါ်က ၀က်ဆိုက်ဒ်တစ်ခုမှာ ကျောင်းသားခေါင်းဆောင်ဟောင်းတစ်ဦးရေးထားတဲ့ “တစ်ခုတည်းသော ကျောင်းသားသမဂ္ဂ၊ တစ်ခုတည်းသော ဗဟို” ဆိုတဲ့ ဆောင်းပါးကို ဖတ်မိပြီး ကြိုက်လွန်းတဲ့အတွက် ကျွန်တော့်ရဲ့ ကိုယ်ပိုင်ဝက်ဆိုက်ဒ်ဖြစ်တဲ့ “ရန်ကုန်ကျောင်းသား(ရကသ)” www.yakatha.blogspot.com မှာတင်ထားခဲ့ပါတယ်။ အဲဒီရက်ပိုင်းအတွင်းမှာပဲ အင်တာနက်ဝက်ဆိုက်ဒ်တွေထဲမှာ ကျောင်းသားသမဂ္ဂနဲ့ ပတ်သက်တဲ့ ဝေဖန်ချက်တွေ၊ ပြောဆိုချက်တွေ ပျံ့ နှံ့ နေတာတွေ့ ရပါတယ်။ ပြီးခဲ့တဲ့ လေးရက်ကတော့ ၇ ဇူလိုင်နှစ်ငါးဆယ်ပြည့်နဲ့  ပတ်သက်ပြီး အရင်က ဗကသမှာ တာဝန်ယူပြီး ယခုအထိလည်း နိုင်ငံရေးလောကမှာ အခန်းကဏ္ဍကိုယ်စီနဲ့  ဆက်လက်တာဝန်ထမ်းဆောင်နေကြတဲ့ ကျောင်းသားသမဂ္ဂခေါင်း
ဆောင်ဟောင်းကြီးများဖြစ်တဲ့ ဦးလှရွှေ၊ ဆရာအောင်ဝံသ၊ ဆရာဝင်းထွဋ်ဇော်၊ ဦးတင်အေးတို့ နဲ့ စကားဝိုင်းဖွဲ့ ပြီး ဟိုးအရင် (၇.၇.၆၂) တုန်းက သူတို့ ကိုယ်တွေ့ ကြုံခဲ့ရတဲ့ ၇ ဇူလိုင်အရေးအခင်းအတွေ့ အကြုံတွေကို ဗ.က.သ မျိုးဆက်သစ်များကို လက်ဆင့်ကမ်းပြောပြတဲ့ စကားဝိုင်းလေးလုပ်ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ သမိုင်းဆိုင်ရာ အမှန်တရားတွေကို သိရှိခဲ့ပါတယ်။ ဒီအတွက် စကားဝိုင်းဖြစ်မြောက်အောင် ၀ိုင်းဝန်းကူညီ လုပ်ဆောင်ပေးခဲ့တဲ့သူတွေရော၊ သမိုင်းစကား လက်ဆင့်ကမ်းပေးခဲ့တဲ့ ဗ.က.သရဲဘော်ဟောင်းကြီးတွေကိုရော အလွန်ပဲ ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။

အဲဒီစကားဝိုင်းမှာ ဆရာမောင်ဝံသက စကားတစ်ခွန်းပြောပါတယ်။ သူတို့ လက်ထက်၊ သူတို့ ခောတ်တုန်းကလဲ ကျောင်းသားတွေကြားမှာ ကိုယ့်အယူအဆ၊ ကိုယ့်ဝါဒနဲ့ ကိုယ် အမျိုးမျိုးကွဲနေတာပါပဲတဲ့။ ဒါပေမယ့် ဘယ်လိုပဲ ကွဲပြားနေသည်ဖြစ်စေ ကျောင်းသားသမဂ္ဂအမှုဆောင်ရွေးပွဲမှာ အနိုင်ရရှိသူကို ရှုံးနိမ့်သူက လက်ဆွဲနှုတ်ဆက်ပြီး ထွက်ပေါ်လာတဲ့ ရလဒ်ကို ဒီမိုကရေစီနည်းလမ်းကျကျ ကျေနပ်စွာ လက်ခံပေးခဲ့တာချည်းပါပဲတဲ့။ ဘယ်လောက်ပဲ ပြိုင်ဆိုင်မှု ပြင်းထန်နေပါစေ၊ အယူဝါဒခြင်း ဆန့် ကျင်ဘက်ဖြစ်
နေပါစေ ကိုယ်ခေါင်းဆောင် မလုပ်ရလို့ ကျောင်းသားသမဂ္ဂကို နောက်တခု ထပ်ထူထောင်သူ မရှိခဲ့ပါဘူးတဲ့။ ဘာကြောင့်လဲဆိုတော့ “လူ” ကို မလေးစားရင်တောင် “မူ” ကို လေးစားတယ်၊ ဗ.က.သရဲ့ သမိုင်းဂုဏ်ရောင်ကို တန်ဖိုးထားတဲ့အတွက် သမိုင်းတလျှောက်မှာ ကျောင်းသားသမဂ္ဂနှစ်ခု စင်ပြိုင်ထောင်တဲ့ဖြစ်စဉ်မျိုး ဘယ်တုန်းကမှ မရှိခဲ့ကြောင်း တကယ်ကို လေးလေးနက်နက် ပြောသွားခဲ့ပါတယ်။ ဒီစကားဟာ အလွန်ပဲ တန်ဖိုးရှိတဲ့စကားဖြစ်ပြီး၊ ကျွန်တော်တို့ မျိုးဆက်ကျောင်းသားသမဂ္ဂရဲဘော်တွေ စဉ်းစားဆင်ခြင်သင့်ကြတဲ့ စကားပါ။

ဒီ ဗ.က.သ ဆိုတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ ချုပ် ရဲ့ သမိုင်းတန်ဖိုးကို လေးစား တန်ဖိုးထားလို့ ပြည်တွင်းက ကျွန်တော်တို့ ရဲ့ ကျောင်းသားရဲဘော်တွေ ဘယ်လိုအခက်အခဲကြားက ဆက်လက် သယ်ဆောင်ချီတက်နေကြရတယ်ဆိုတာကို ကျွန်တော်နဲ့ နီးစပ်တဲ့ ရန်ကုန်တောင်ပိုင်းခရိုင်ကျောင်းသားများသမဂ္ဂ (ရ.တ.က.သ) က ကျောင်းသားရဲဘော်တွေရဲ့  အဖြစ်အပျက်အချို့ ကို ကျွန်တော် ထုတ်နှုတ်တင်ပြပါ့မယ်။

ဗ.က.သ နဲ့ ပတ်သက်ပြီး ၀ိဝါဒကွဲပြားနေသူများ၊ အယူအဆမတူသူများ ဒီစာကိုဖတ်ပြီး တွေးတောဆင်ခြင်နိုင်ကြဖို့ ပါ။

ကျွန်တော်က ရန်ကုန်မြို့ ရဲ့ တဖက်ကမ်းက ရန်ကုန်အရှေ့ ပိုင်းတက္ကသိုလ်တည်ရှိတဲ့ သန်လျင်မြို့ လေးမှာ နေထိုင်ပါတယ်။ တက္ကသိုလ်ဝင်တန်းကို (၂၀၀၀) ခုနှစ်မှာ အောင်မြင်ပြီး (၂၀၀၂) ခုနှစ်မှာ ရန်ကုန်အရှေ့ ပိုင်းတက္ကသိုလ် ရုက္ခဗေဒအထူးပြုနဲ့  ပထမနှစ် စတက်ဖြစ်ပါတယ်။ အဲဒီအချိန်ကတည်းက (၂၀၀၃) ဗ.က.သ မျိုးဆက်တွေဖြစ်တဲ့ ကိုလွင်ကိုလတ်တို့  ကိုနန္ဒာစစ်အောင်တို့ နဲ့  စတင်ရင်းနှီးပြီး လက်တွဲဖြစ်ခဲ့ပါတယ်။ စစ်အစိုးရရဲ့ လမ်းပြမြေပုံ (၇) ချက်ကို ဆန့် ကျင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့  ကိုလွင်ကိုလတ်တို့  ကိုနန္ဒာစစ်အောင်တို့ ကို ဖမ်းဆီးပြီး နှစ်ရှည်ထောင်ဒဏ်များချမှတ်ခဲ့တဲ့အတွက် အရှေ့ ပိုင်းတက္ကသိုလ်က ကျွန်တော်တို့ အဖွဲ့ လေးလဲ ၀ါးအစည်းပြေသလို တကွဲတပြား ဖြစ်ခဲ့ကြပါတယ်။ ဒီတုန်းက ကျွန်တော့်အသက် (၁၈) နှစ် မပြည့်သေးပါဘူး။ ရပ်ကွက်ရုံးက မိဘတွေကိုခေါ်ပြီး လက်မှတ်ထိုးခိုင်းတာ၊ ဌာနကပါမောက္ခဆီမှာ ၀န်ခံလက်မှတ်ထိုးခဲ့ရတာ၊ စစ်ထောက်လှမ်းရေးတွေရဲ့  ခြိမ်းခြောက်သလိုလို၊ စေတနာနဲ့ သတိပေးသလိုလို ပြောဆိုခံခဲ့ရတာတွေကို အရွယ်နဲ့မမျှအောင် ခံခဲ့ရတာပါ။

ဒါပေမယ့် ကျွန်တော်နဲ့  တမြို့ ထဲသားခြင်းလဲဖြစ်၊ ကျွန်တော့်လက်ဦးဆရာလိုလဲဖြစ်တဲ့ ကိုလွင်ကိုလတ်တို့  ကိုယ်ပိုင်ဘ၀နဲ့ ရင်းပြသွားခဲ့တဲ့ ယုံကြည်မှုတန်ဖိုးဟာ ကျွန်တော့်ရင်ထဲမှာ စွဲသွားပြီဖြစ်တဲ့အတွက် ကျွန်တော့်လမ်းကြောင်းဟာ မသွေဖယ်ခဲ့ပါဘူး။

(၂၀၀၇) ရွှေဝါရောင်တော်လှန်ရေးမှာလဲ ခေါင်းဆောင်ဟောင်းတချို့ ရဲ့ အမျှော်အမြင်ကြီးမှုကြောင့် ဗ.က.သ ရဲ့  (Second Line) အဖြစ် ကန့် လန့် ကာနောက်ကွယ်ကသာ လှုပ်ရှားခဲ့တဲ့အတွက် တခြားရဲဘော်များထက်စာရင် ကျွန်တော် ကံကောင်းခဲ့ပါတယ်။ (၂၀၀၈) ခုနှစ် နာဂစ်အပြီးမှာလဲ ကျွန်တော့်ရဲ့  ကံတရားကြောင့် ကျွန်တော်ထပ်မံ ကံကောင်းခဲ့ပါသေးတယ်။ ဒီလိုကံကောင်းမှုတွေကြောင့် အပြင်လောကမှာ နေထိုင်ခွင့်ရခဲ့ပေမယ့် ကျွန်တော် အလကား မနေခဲ့ပါဘူး။ ကျွန်တော့်ရဲ့  ရဲဘော်ရဲဘက်တွေ အကျဉ်းထောင်အသီးသီးက ပြန်လည်လွတ်မြောက်လာချိန်မှာ ဗ.က.သ ကို အဆင်သင့် ဦးဆောင်လှုပ်ရှားလို့ ရအောင် အင်အားစုတခုကို စုစည်းနေခဲ့ပါတယ်။

ယခု တိုင်းနိုင်ငံအနှံ့ မှာ ခရိုင်ကျောင်းသားသမဂ္ဂ အသီးသီးပေါ်ပေါက်လာခဲ့ချိန်မှာတော့ ကျွန်တော် အချိန်ယူ တည်ဆောက်ခဲ့ရတဲ့ အင်အားစုလေးဟာ ရန်ကုန်တောင်ပိုင်းခရိုင်ကျောင်းသားများသမဂ္ဂ (ရ.တ.က.သ) အဖြစ် ရပ်တည်နေပြီ ဖြစ်ပါတယ်။ ဒါတွေကတော့ (ရ.တ.က.သ) နဲ့ ကျွန်တော်ရဲ့ ကြားက နောက်ခံသမိုင်းကြောင်းပဲ ဖြစ်ပါတယ်။

ကျွန်တော်ဟာ ဗ.က.သ ရဲ့ လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရင်း တပြိုင်နက်ထဲမှာပဲ တောင်ပိုင်းခရိုင် ဗ.က.သ ရဲဘော်များနဲ့  အတူ (ရ.တ.က.သ) ကျောင်းသားရဲဘော်များ အရည်အသွေး မြင့်မားတိုးတက်လာအောင်ရယ်၊ ကျွန်တော့်မွေးရပ်မြို့ လေးက ပြည်သူလူထုကို တတ်နိုင်တဲ့ဘက်က အလုပ်အကျွေးပြုချင်တာရယ်ကြောင့် သန်လျင်မြို့ မှာ (ရ.တ.က.သ) ရဲ့  ရုံးခန်းတဖြစ်လဲ “အိုးဝေ” စာဖတ်ခန်းလေးတခုနဲ့ တက္ကသိုလ်ဝင်တန်းပညာဒါနစာသင်ဝိုင်းတခုကို တည်ထောင်ဖြစ်ခဲ့ပါတယ်။ သန်လျင်မြို့  မဈေးနားမှာ တစ်လ ငွေခြောက်သောင်းနဲ့  ဆိုင်ခန်းတစ်ခန်း ငှားခဲ့ပါတယ်။ (ရ.တ.က.သ) ရဲဘော်များနဲ့  အခြားအလှူရှင်များထံက စာအုပ်စာတမ်းများ လိုက်လံအလှူခံပြီး အဲဒီဆိုင်ခန်းမှာပဲ “အိုးဝေ” စာကြည့်တိုက် နဲ့  တက္ကသိုလ်ဝင်တန်းပညာဒါနတန်းခွဲတခုကို စတင်ခဲ့ပါတယ်။ ဆိုင်ခန်းခ ခြောက်သောင်းနဲ့ ပညာဒါနကျောင်းရဲ့ ကုန်ကျစရိတ်များကိုတော့ တောင်ပိုင်းခရိုင်ကျောင်းသားသမဂ္ဂမှ ကျောင်းသားများက တစ်ဦးလျှင် တစ်လနှစ်ထောင် (၂၀၀၀) နှုန်းဖြင့် လစဉ်ကြေးထည့်ဝင်ကြပါတယ်။

အဲဒီတောင်ပိုင်းခရိုင်ရဲ့  “အိုးဝေ” စာကြည့်တိုက်မှာ ကျွန်တော်ရယ်၊ ကျွန်တော်တို့ ပညာဒါနကျောင်းက ကျောင်းသားလေးတယောက်ရယ်၊ ၀ါးခယ်မမြို့ နယ်က သန်လျင်သမ၀ါယမကောလိပ်မှာ ကျောင်းလာတက်နေတဲ့ ကိုကိုမောင် ဆိုတဲ့ ကျောင်းသားရယ်၊ နောက်ဆုံးတခေါက် လွတ်ငြိမ်းချမ်းသာခွင့်နဲ့  လွတ်လာတဲ့ မုံရွာက ဗိုလ်ပီ (အောင်လှိုင်မင်း) ဆိုတဲ့ ကျောင်းသားရယ် နေကြပါတယ်။ နေ့ စဉ် ပညာဒါနကျောင်းနဲ့ စာကြည့်တိုက်လုပ်ငန်းများ လုပ်ရန်အတွက် အဲဒီမှာပဲ နေပြီး၊ အဲဒီမှာပဲ ချက်ပြုတ်စားကြပါတယ်။ ဆန်ကို တပြည်ခြင်းစီ ကျွတ်ကျွတ်အိတ်နဲ့ ဝယ်စားပြီး ကျွန်တော်တို့ ရဲ့  နေ့ စဉ်ဟင်းလျာကတော့ ကြက်သွန်နီနဲ့ ငရုတ်သီးသုတ်ထားတဲ့ ဟင်းပါ။ တစ်ရက် ကျွန်တော်နဲ့ ဗိုလ်ပီ အပြင်က ပြန်လာရင်း ကျွန်တော်တို့ အခန်းရဲ့ မျက်စောင်းထိုး အိမ်ရှေ့ က မြက်ခင်းထဲမှာ မြင်းခွာရွက်တွေ အလေ့ကျ ပေါက်နေတာကို သွားတွေ့ ပါတယ်။ အဲဒီအခါမှာ ဗိုလ်ပီက “ကိုမင်းသွေးရေ … ဒီနေ့ ညနေစာမှာ ဟင်းချိုတမျိုးတော့ တိုးပြီဗျ” လို့ ပြောပါတယ်။ အဲဒီနေ့ က စလို့  ဗိုလ်ပီဟာ ညနေဘက်တွေမှာ အဲဒီမြက်ခင်းက မြင်းခွာရွက်တွေကို သွားခူးလေ့ရှိပါတယ်။

တစ်ညနေမှာတော့ ဗိုလ်ပီ မြင်းခွာရွက်နှုတ်နေတုန်း အဲဒီအိမ်က အဘွားကြီးတစ်ယောက် ထွက်လာပြီး “သားရယ် အဲဒီမြက်ခင်းပေါ်ကဟာတွေတော့ မစားပါနဲ့ ၊ အဘွားအိမ်ထဲမှာ စိုက်ထားတာရှိတယ်၊ လိုချင်တဲ့အချိန် လာယူပါ” လို့  လာပြောပါတော့တယ်။ အဲဒီလိုပြောပြီး နောက်တနေ့ မှာ သူ့ အိမ်ရှေ့ က မြက်ခင်းကို ရှင်းထားတာ တွေ့ ရပါတယ်။

ကျွန်တော် နားလည်ပါတယ်။ ကျွန်တော်တို့ ကို လမ်းဘေးမြက်ခင်းပေါ်က မြင်းခွာရွက်တွေ မစားစေချင်တဲ့ စေတနာပါ။ ဗိုလ်ပီကတော့ ခပ်ပြုံးပြုံးနဲ့  “ကျွန်တော်တို့ အခင်းလေးပျက်သွားပြီဗျ” လို့ ပြောပါတယ်။ ကျွန်တော်တို့ အခန်းရဲ့ နောက်မှာ ပိန်းပင်တွေနဲ့ မြက်ပင်တွေ ရောနှောပေါက်နေတဲ့ ပိန်းတောကြီးရှိပါတယ်။ အဲဒီအထဲမှာ ကန်စွန်းရွက်တွေ ဟိုနားတစ်စု ဒီနားတစ်စု ပေါက်နေပါတယ်။ အိမ်ရှေ့ အခင်းလေး အဖျက်ခံလိုက်ရတဲ့ ဗိုလ်ပီနဲ့  ကျွန်တော်နဲ့  အတူနေတဲ့ ပညာဒါနက ကျောင်းသားလေးက အဲဒီကန်စွန်းရွက်တွေကို မျက်စိကျလာပါတော့တယ်။ နေ့ တိုင်း ဆင်းဆင်းခူးနေတာတွေ့ နေရတဲ့ ဘေးအခန်းက လူတွေက တစ်ရက် ဗိုလ်ပီတို့  ဆင်းခူးနေတုန်း နင်တို့ အဲဒါဘာလုပ်ဖို့ ခူး၊ခူးနေတာလဲလို့ လှမ်းမေးပါတယ်။ ဗိုလ်ပီ ပြန်ဖြေတာ ရှင်းပါတယ်။ “အဆိပ်ဖြေတယ်ဆိုလို့ စားဖို့ ပါ´တဲ့။ တစ်ညနေ ကျွန်တော်တို့ အဖွဲ့  နိုင်ငံရေးပွဲတစ်ခုရှိလို့  ရန်ကုန်မြို့ ထဲကို သွားပါတယ်။ အဲဒီပွဲကအပြန်မှာ နောက်ကျလို့  ညဆယ်နာရီကျမှ ထမင်းစချက်ကြရတယ်။ ဆီကုန်နေတာတွေ့ လို့  ဟင်းအတွက် အရှေ့ က ဈေးဆိုင်မှာ ကြက်ဥသွားဝယ်တဲ့ ကိုကိုမောင့်ကို ကျွန်တော်က သူ့ မှာ ပိုက်ဆံရှိသေးရင် ဆီပါဝယ်ခဲ့ဖို့ အခန်းရှေ့ ကနေ လှမ်းအော်လိုက်ပါတယ်။ သူက ငွေမရှိတော့ကြောင်း ပြောပါတယ်။ ကျွန်တော်တို့ အပြန်အလှန်ပြောနေသံကို ကြားတဲ့ဆိုင်ရှင်က ကြက်ဥတစ်ခါကြော်စာဆီကို သူ့ ဆိုင်ကနေပဲ ပေးလိုက်ပါတယ်။ နောက်အဖြစ်အပျက်တစ်ခုကတော့ ကျွန်တော်တို့ တပြည်ချင်း ၀ယ်စားနေကျ ဆန်ကုန်သွားလို့ ဗိုလ်ပီနဲ့  ရာပြည့်ဆိုတဲ့ ကျောင်းသားတယောက် ဆန်သွားဝယ်ပါတယ်။ ဆန်ဆိုင်ရောက်တဲ့အခါမှာ တပြည် ခြောက်ရာတန် ဆန်ရှိလားလို့  မေးတော့ ဆိုင်ရှင်က ရှစ်ရာတန်ဆန်ရှိတယ် ယူမလားလို့  ပြန်မေးပါတယ်။ အဲဒါနဲ့ ကျွန်တော်တို့ ရဲ့ ရဲဘော်နှစ်ယောက်က ခြောက်ရာတန်ပဲယူမယ့်အကြောင်း ပြောလိုက်ပါတယ်။ အဲဒီမှာ ဆိုင်ရှင် ပြန်ပြောလိုက်တဲ့စကားကြောင့် ကျွန်တော်တို့  ရဲဘော်နှစ်ယောက် အောင့်သက်သက်နဲ့  ပြန်လာခဲ့ရပါတယ်။ ဆိုင်ရှင်ပြန်ပြောတာက`သြော် … ငှက်ကျွေးဖို့ လားတဲ့´။ အဲဒီအကြောင်း (ရ.တ.က.သ) က တခြားကျောင်းသားတွေကို ဟာသအဖြစ် ပြန်ပြောပြတော့ သူတို့  ရယ်ကြပါတယ်။ ဒါပေမယ့် နောက်နေ့တွေမှာ`အိုးဝေ´စာကြည့်တိုက်ကို လာတဲ့အခါ သူတို့ လက်ထဲမှာ ကိုယ်စီကိုယ်စီပါလာတဲ့ ဆန်ထုပ်လေးတွေ ယူလာပေးကြပါတယ်။

ဒီအဖြစ်အပျက်တွေဟာ ကျွန်တော် ပြည်သူ့ မေတ္တာခံယူရရှိအောင် တမင်တကာ ဇာတ်နာအောင် ရေးပြနေတာ မဟုတ်ပါဘူး။ ဘုရားပေးပေး၊ ကျမ်းပေးပေး ကျွန်တော် သစ္စာဆိုရဲပါတယ်။ ကျွန်တော်နဲ့ အတူနေနေတဲ့ ကျောင်းသားရဲဘော်တွေ သက်သေရှိပါတယ်။ ရန်ကုန်တောင်ပိုင်းခရိုင်က (ဗ.က.သ) တွေ သက်သေရှိပါတယ်။ ကျွန်တော်တို့ တယောက်ခြင်းစီဟာ ကိုယ့်အိမ်မှာ ကိုယ့်မိဘတွေနဲ့  အတူတူနေမယ်ဆိုရင် ကောင်းကောင်းနေ၊ ကောင်းကောင်းစားပြီး ကောင်းကောင်းဝတ်နိုင်ပါတယ်။ မုန့် ဖိုးဆိုလည်း ကိုယ်တစ်ယောက်စာအတွက်ကတော့ ဘယ်မှ မသွား၊ ဘာအလုပ်မှ မလုပ်ရင် လောက်ငှရုံမက ပိုလျှံပါတယ်။ ဒါပေမယ့် ဘာကြောင့် အခုလို ဒုက္ခခံပြီး ဒီအလုပ်တွေကို လုပ်နေရပါသလဲ။ အဖြေကတော့ ရှင်းရှင်းလေးပါ။ ကျွန်တော်တို့  နိုင်ငံအတွက် ကျွန်တော်တို့  ပြည်သူတွေအတွက် တာဝန်ကျေချင်လို့ ပါ။ (ဗ.က.သ) ဆိုတဲ့ သမိုင်းကြီးခဲ့တဲ့ ကျောင်းသားအဖွဲ့ အစည်းကြီး အခုထက် ပိုပြီး စည်ပင်ကြီးထွားစေချင်လို့ ပါ။ (ဗ.က.သ ) ကို ချစ်လို့ ပါ။ ယုံကြည်လို့ ပါ။ ဆရာဗန်းမော်တင်အောင်ရဲ့  ပြောစကားအရ ပြောရရင် ခောတ်က ကျွန်တော်တို့  ပုခုံးပေါ်တင်ပေးလိုက်တဲ့ သမိုင်းပေးတာဝန်ကို ကြေပွန်ချင်လို့ ပါ။ ကျွန်တော်တို့ လိုပဲ တခြားခရိုင်တွေက (ဗ.က.သ) ရဲ့ ကျောင်းသားရဲဘော်တွေလည်း ခောတ်နောက်ပြန်ချင်နေတဲ့ အာဏာပိုင်တစ်ချို့ ရဲ့ ဖိအားပေး ခြိမ်းခြောက်ခေါ်ယူ မေးမြန်းမှုတွေကို ရင်ဆိုင်ပြီး အခုလို ဒုက္ခတွေတဖက်နဲ့  (ဗ.က.သ) အဖွဲ့ ချုပ်ကြီး ရေရည်တည်တံ့အောင်၊ နိုင်ငံအနှံ့ ပေါ်ထွန်းလာအောင် ကြိုးစားနေကြတာပါ။ ဆက်လက်ပြီးလည်း ကြိုးစားရပ်တည်နေကြဦးမှာပါ။ ကျွန်တော်တို့ ရဲ့ သမိုင်းကို အရိုင်းမခံပါဘူး။ ကျွန်တော်တို့ ရဲ့  မိဘပြည်သူတွေကိုလည်း ဘယ်သူမှ နှိပ်စက်တာ မခံစေရပါဘူး။ ဒါ ကျွန်တော်တို့ ရဲ့ စိတ်ဓာတ်နဲ့ စေတနာပါ။ ကျွန်တော်တို့ (ဗ.က.သ) တွေရဲ့ သစ္စာပါ။

ဒီလောက် ရေးပြရရင် ကျွန်တော် ဘာကိုဆိုလိုတယ်ဆိုတာကို စာဖတ်သူတိုင်း သဘောပေါက်မှာပါ။ ကျွန်တော်ရဲ့ စာဟာ ကျွန်တော်တို့ ကျောင်းသားထုပြန်လည်ညီညွတ်ရေးအတွက်ရော (ဗ.က.သ) များအဖွဲ့ ချုပ် ရေရှည်တည်တံ့ရေးအတွက်ပါ အုတ်တချပ် သဲတပွင့်ဖြစ်ခဲ့ရင် ကျွန်တော် ဒီစာကို ရေးရကျိုးနပ်ပါပြီ။ ကျွန်တော်တို့ အကွဲကို ချောင်းနေတဲ့ ကျားတွေရှိတယ်ဆိုတာကို ဘယ်တော့မှမမေ့ပါနဲ့ ။ ကျွန်တော့်ရဲ့ စာကို ဗုဒ္ဓ္ဓဟောကြားခဲ့တဲ့ အဆုံးအမလေးတစ်ခုနဲ့  အဆုံးသတ်ပါ့မယ်။ “သူတပါး၏ များစွာသော အကျိုးစီးပွား အတွက်ကြောင့် မိမိ၏ အကျိုးစီးပွားကို အနည်းငယ်မျှ မဆုတ်ယုတ်စေရာ၊ မိမိအကျိုးစီးပွားကို သိ၍ ၊ မိမိအကျိုးစီးပွားကို တိုးပွားအောင် လေ့ကျက် အားထုတ်ရာ၏” (အတ္တဒတ္ထတ္ထေရ၀တ္ထု )။
ကျောင်းသားရဲဘော်များ အားလုံး (ဗ.က.သ) ရဲ့  အကျိုးစီးပွားကို တိုးပွားအောင် အားထုတ်နိုင်ကြပါစေ…

မင်းသွေးသစ်
တွဲဖက်အတွင်းရေးမှူး
ဗဟိုလုပ်ငန်းကော်မတီ
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂများအဖွဲ့ ချုပ် (ဗကသ)။

အပြည့်ဖတ်မည်...

စက်မှုတက္ကသိုလ်ကျောင်းသားများကွန်ယက်နှင့် မြန်မာနိုင်ငံဝိဇ္ဇာသိပ္ပံတက္ကသိုလ်ကျောင်းသားများကွန်ယက်၏ ပူးတွဲကြေညာချက်။

အပြည့်ဖတ်မည်...

တောင်သူလယ်သမားများ၏ စာနယ်ဇင်းရှင်းလင်းပွဲ ဖိတ်ကြားလွှာ။

အပြည့်ဖတ်မည်...

မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ပြင်သစ်နိုင်ငံခရီး ပုံရိပ်လွှာများ။

အပြည့်ဖတ်မည်...

Tuesday, June 26, 2012

မြန်မာပြည်သူလူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ပြင်သစ်ခရီးစဉ်။






















ယနေ့  ပြင်သစ်နိုင်ငံကို ရောက်ရှိလာတဲ့ မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြင်သစ်နိုင်ငံ Elysee Palace နန်းတော်မှာ ညစာစားပွဲနဲ့  ဂုဏ်ပြုတည်ခင်းဧည့်ခံမှာ ဖြစ်ပါတယ်။























ဗုဒ္ဓဟူးနေ့  ညနေမှာ ပြင်သစ်နိုင်ငံရဲ့  နာမည်ကျော် Gardens of the Quai d'Orsay မှာ "tree of liberty" အထိမ်းအမှတ်သစ်ပင်စိုက်မှုကို ပြုလုပ်မှာ ဖြစ်ပါတယ်။


























ပြင်သစ်ပါလီမန်မှာ ပြင်သစ်လွှတ်တော်အမတ်များနှင့် တွေ့ ဆုံမှာ ဖြစ်ပါတယ်။ Sorbonne တက္ကသိုလ်မှ ကျောင်းသူကျောင်းသားများနှင့် တွေ့ ဆုံဆွေးနွေးမှာ ဖြစ်ပြီး၊ ပြင်သစ်နိုင်ငံ NGOs အဖွဲ့ အစည်းများနှင့် တွေ့ ဆုံမှာ ဖြစ်ပါတယ်။

သောကြာနေ့  မနက်ပိုင်းမှာ ပြင်သစ်နိုင်ငံကနေ အမိမြန်မာပြည်ကို ပြန်လည်ထွက်ခွာမှာ ဖြစ်ပါတယ်။

အပြည့်ဖတ်မည်...

Monday, June 25, 2012

တက္ကသိုလ်ဝင်တန်းကျောင်းသားပေါင်း ၁၈၀ ကျော်ကို နေ့စဉ် အခမဲ့သင်ကြားပေးနေသော ဆရာဝန်များ ဦးဆောင်တဲ့ ရောင်ခြည်သစ်ပညာဒါနကျောင်း။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပညာရေးကွန်ရက် ရောင်ခြည်သစ် အခမဲ့ပညာဒါနကျောင်းကို ရန်ကုန် တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဉ်မြို့တော်၊ (၁) လမ်း-က၊ တိုက်(၁၁)၊ အခန်း(၀၀၄)တွင် ဒီချုပ် နာယကကြီးဘဘဦးတင်ဦးကိုယ်တိုင် ၂၀--၁၂-၂၀၁၁နေ့က တက္ကသိုလ်ဝင်တန်းများ ကျွမ်းကျင် ပို့ချနိုင်သော ဆရာ၊ ဆရာမများထံမှ အဆင်ပြေချောမွေ့စွာ အခမဲ့သင်ယူလေ့လာနိုင်ရန်အတွက် ရည်ရွယ်၍ စတင်ဖွင့်လှစ်ပေးခဲ့သော အခမဲ့ပညာဒါနကျောင်းဖြစ်ပါသည်။ အဆိုပါထိုကျောင်းသည် အမေ့ မေတ္တာဖြင့် လွှမ်းခြုံထားသော အသိပညာ၊ အတတ်ပညာသင်ကြားပေးရေး အမေ့အိမ်ပညာဒါန ကျောင်းများစွာထဲတွင် ၂၂-ကျောင်းမြောက် ဖွင့်လှစ်ခဲ့သော အခမဲ့ပညာဒါနကျောင်းဖြစ်ကြောင်းလည်း သိရှိခဲ့ရပါသည်။
























ယခုဆိုလျှင် ထိုကျောင်းတွင် တက္ကသိုလ်ဝင်တန်းကျောင်းသားပေါင်း ၁၈၀ ကျော် ဦးရေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ကျန်းမာရေးကွန်ရက်၊ ပညာရေးကွန်ရက်မှတာဝန်ခံ၊ ရောင်ခြည်သစ်အခမဲ့ ပညာဒါနကျောင်းတွင် ခေါင်းဆောင်နာယက ဒေါက်တာကိုကျော်စွာဦးကိုယ်တိုင် ဦးဆောင်၍ ဆရာ၊ ဆရာမများအယောက်သုံးဆယ်က နေ့စဉ်နှင့်အမျှ သင်ကြားပေးလျက်ရှိကြောင်း ကြည်နူးစွာတွေ့မြင်ခွင့် ရခဲ့ပါသည်။ စိတ်မကောင်းစွာ တွေ့မြင်ခွင့်ရခဲ့တာကို ပြန်လည်ဖော်ပြရမယ်ဆိုလျင် ကျောင်းသားဦးရေ နှင့် နေရာ မမျှတတဲ့ အခက်အခဲကြောင့် လာအပ်သမျှ တက္ကသိုလ်ဝင်တန်းကျောင်းသား၊ ကျောင်းသူမှန်သမျှကို လက်မခံနိုင်ဘဲ ငြင်းပြီး ပြန်လွှတ်လိုက်ရတဲ့ အဖြစ်အပျက်အခြေအနေတွေပါပဲ။









































































ရောင်ခြည်သစ်အခမဲ့ပညာဒါနကျောင်းကို ဦးဆောင်တာဝန်ယူ နာယကအဖြစ် အုပ်ချုပ်နေတဲ့ ဆရာ၊ ဒေါက်တာ ကိုကျော်စွာဦးကို လက်ရှိ ဒီချုပ်အောက်မှာ ဘာတွေကို တာဝန်ယူလုပ်ဆောင်နေပါ သလဲဆိုတာနဲ့ ပတ်သက်လို့ မေးကြည့််တဲ့အခါမှာတော့ ဆရာဟာ ဒေါက်တာဘွဲ့ကို ရယူထားပေမယ့် မိသားစုအသိုင်းအ၀ိုင်းက ပညာရေးသမားတွေမို့ ပညာရေးဘက်မှာပဲ အားသန်ကာ ပညာရေးတွေကို ပဲ တာဝန်ယူနေကြောင်း၊ အမှန်ကတော့ ဆေးကုသခွင့်လိုင်စင်ကို အာဏာပိုင်များက သိမ်းထားခဲ့လို့ ပညာရေးကွန်ရက်အောက်မှာ ပညာရေးတွေကို တာဝန်ယူနေကြောင်း၊ ဒီချုပ်အောက်က ကျန်းမာရေး ကွန်ရက်အောက်မှာ ဒေါက်တာ ၆ ယောက်နဲ့ စုပေါင်းပြီး ကျန်းမာရေးလူငယ်များကွန်ရက်ကို ဦးဆောင် ကာ အခမဲ့ပညာဒါနကျောင်းဆိုပြီး ဖွင့်လှစ်ထားတဲ့ အမေ့အိမ်ကကလေးငယ် ကျောင်းသားအရွယ်တွေ အားလုံးကိုလည်း အပါတ်စဉ်လိုက် အခမဲ့ဆေးဝါးများကို ကုသပေးနေကြောင်း သိရှိရပါသည်။

(သတင်း - ဓါတ်ပုံ - လင်းဆက်)။

အပြည့်ဖတ်မည်...

Sunday, June 24, 2012

အောင်ဆန်းဦးဟာ အမေရိကန်နိုင်ငံသားခံယူထားပြီးသားဖြစ်သူမို့  အမွေဆက်ခံရပိုင်ခွင့် မရှိပါ။

အောင်ဆန်းဦးဟာ အမေရိကန်နိုင်ငံသားခံယူထားပြီးသားဖြစ်သူမို့  အမွေဆက်ခံရပိုင်ခွင့် မရှိပါ။ မတရားတဲ့ ဥပဒေနဲ့  မတရားအမိန့် ချတဲ့ ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးကို အပြင်းအထန် ကန့် ကွက်ပါတယ်။


























၂၀၀၁ ခုနှစ်တုန်းက အောင်ဆန်းဦးကနေ ဒေါ်အောင်ဆန်းစုကြည် လက်ရှိနေထိုင်နေတဲ့ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်း၊ အမှတ်(၅၄- ၅၆)ရှိ နေအိမ်နဲ့  ခြံဝင်းကို အမွေခွဲ ရယူပိုင်ဆိုင်လိုမှုနဲ့  အမွေပစ္စည်း စီမံခန့်ခွဲပေးစေဖို့ ဆိုပြီး တရားရုံးကို အမှုဖွင့်ခဲ့ပေမယ့်၊ နိုင်ငံခြားသား တဦးအနေဖြင့် နေအိမ်ခြံဝင်း ပိုင်ဆိုင်ခွင့် မရှိကြောင်း ရန်ကုန်တိုင်း အနောက်ပိုင်း ခရိုင်တရားရုံးကနေ အမိန့် ချမှတ်ခဲ့ပြီး ဖြစ်ပါတယ်။

အောင်ဆန်းဦးဟာ အမေရိကန်နိုင်ငံကို ၁၉၇၃ ခုနှစ်က ရောက်ရှိခဲ့ပြီး အမေရိကန်နိုင်ငံသား ခံယူခဲ့သူ ဖြစ်ပါတယ်။ ထို့ အတူ အောင်ဆန်းဦးရဲ့  မိန်းမ လဲ့လဲ့နွယ်သိန်း (စာရေးဆရာမ မေတ္တာဦး အမည်ခံ) ဟာလည်း အောင်ဆန်းဦးမတိုင်ခင် အမေရိကန်နိုင်ငံသားတစ်ဦးနဲ့  ယူခဲ့ပြီး အမေရိကန်နိုင်ငံသား ခံယူထားခဲ့သူပါ။



































ဒါပေမယ့် အခုတစ်ဖန်ပြန်ပြီး ရန်ကုန်တိုင်း အနောက်ပိုင်း ခရိုင် တရားရုံးကဘဲ ယမန်နေ့  ဖွန်လ (၂၂) ရက်နေ့ က - သားနဲ့ သမီးဖြစ်ကြ၍ တစ်ဝက်စီ ခွဲယူကြစေ” ဆိုပြီး အမိန့်  ပြန်ပြောင်းချတာဟာ တရားဥပဒေနဲ့  ကိုယ်ကိုတိုင် ချမှတ်ထားပြီးသား အမိန့် ကို မလေးစားမလိုက်နာဘဲ ပြောင်ပြောင်တင်းတင်း ချိုးဖောက်ပြလိုက်တာဘဲ ဖြစ်ပါတယ်။

ချမှတ်ထားပြီးသားအမိန့် ကို ပြန်ပြောင်းတာ ထွေးပြီးသား တတွေးလို ပြန်မြိုတာမို့  အင်မတန်မှ အောက်တန်းကျလွန်းပါတယ်။ “မင်းမှာ သစ္စာ လူမှာကတိ” ဆိုတဲ့စကားကို မလိုက်နာတဲ့ သိန်းစိန်တို့ ရဲ့  တရားစီရင်ရေးပိုင်းဆိုင်ရာဟာ ကိုယ်ချမှတ်ထားတဲ့ ကိုယ်ရဲ့ ဥပဒေပေါ်မှာတောင် ထင်ရာစိုင်း လုပ်ချင်သလို ပြောင်းလဲလုပ်ပြနေတာဟာ တိုင်းပြည်မှာ တရားဥပဒေစိုးမိုးမှု မရှိဖူးဆိုတာ သက်သေပြသလို၊ သန့် ရှင်းတဲ့အစိုးရဖြစ်အောင် ကြိုးစားနေပါတယ်ဆိုတဲ့စကားနဲ့  ပြောင်းပြန်ကြီး ဆန့် ကျင်ဘက်ဖြစ်နေပါတယ်။




































ယခုလို ဒေါ်အောင်ဆန်းစုကြည်အနေနဲ့  နိုင်ငံတကာသို့  ခရီးထွက်နေစဉ် အတောအတွင်းမှာ ချမှတ်ထားပြီးသား အမိန့် ကို ပြန်ပြောင်းပြီး အမိန့် ထပ်မံချမှတ်လိုက်တာဟာလည်း တရားဝင်မှု မရှိသလို၊ ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ ထားရှိတဲ့ စိတ်ရင်းအမှန်ကို သိန်းစိန်တို့ ဘက်က ပြသလိုက်တာလို့ သတ်မှတ်ရမှာ ဖြစ်ပါတယ်။

ယမန်နေ့  ဖွန်လ (၂၂) ရက်နေ့ က ရန်ကုန်တိုင်း အနောက်ပိုင်း ခရိုင် တရားရုံးကနေ ပြန်ပြောင်းချမှတ်ခဲ့တဲ့ “သားနဲ့ သမီးဖြစ်ကြ၍ တစ်ဝက်စီ ခွဲယူကြစေ” ဆိုပြီး အမိန့် ကို ပြင်းထန်စွာ ကန့် ကွက်ပြီး ပြန်ပယ်ဖျက်ပေးရန် တောင်းဆိုပါတယ်။

အပြည့်ဖတ်မည်...

Thursday, June 21, 2012

အင်္ဂလန်နိုင်ငံ လွှတ်တော်နှစ်ရပ်လုံးသို့  မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ပြောကြားသော မိန့် ခွန်းစကား (ဗွီဒီယို)။

အင်္ဂလန်နိုင်ငံ Westminster Hall ၌ အင်္ဂလန်နိုင်ငံ အထက်လွှတ်တော်နှင့် အောက်လွှတ်တော်နှစ်ရပ်လုံးသို့  မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ပြောကြားသော မိန့် ခွန်းစကား။





အပြည့်ဖတ်မည်...

အင်္ဂလန်နိုင်ငံ အထက်လွှတ်တော်နှင့် အောက်လွှတ်တော်နှစ်ရပ်လုံးသို့  ဒေါ်အောင်ဆန်းစုကြည်မှ ပြောကြားသော မိန့် ခွန်းစကား ပြောကြားမှု (ဓါတ်ပုံ)။

အင်္ဂလန်နိုင်ငံ Westminster Hall ၌ အင်္ဂလန်နိုင်ငံ အထက်လွှတ်တော်နှင့် အောက်လွှတ်တော်နှစ်ရပ်လုံးသို့  မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ပြောကြားသော မိန့် ခွန်းစကား ပြောကြားမှု။







အပြည့်ဖတ်မည်...

မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ အင်္ဂလန်နိုင်ငံ အထက်လွှတ်တော်နှင့် အောက်လွှတ်တော်နှစ်ရပ်လုံးတွင် မိန့် ခွန်းစကားပြောကြားမည်။










































မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ အင်္ဂလန်နိုင်ငံ အထက်လွှတ်တော်နှင့် အောက်လွှတ်တော်နှစ်ရပ်လုံးတွင် မိန့် ခွန်းစကားပြောကြားမည်။
http://www.blogger.com/img/blank.gif
ယနေ့  မြန်မာစံတော်ချိန် ည (၈း၃၀) နာရီခန့် အချိန်တွင် အင်္ဂလန်နိုင်ငံ Westminster Hall ၌ http://www.blogger.com/img/blank.gifအင်္ဂလန်နိုင်ငံ အထက်လွှတ်တော်နှင့် အောက်လွှတ်တော်နှစ်ရပ်လုံးသို့  မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ မိန့် ခွန်းစကားပြောကြားမည် ဖြစ်ပါသည်။

မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ မိန့် ခွန်းစကားပြောကြားမှု ရုပ်သံအား တိုက်ရိုက်ထုတ်လွှင့်မည် ဖြစ်သော်လည်း http://www.bbc.co.uk/iplayer/tv ကို အင်္ဂလန်နိုင်ငံအတွင်းမှသာ ကြည့်ရှုနိုင်မည်ဖြစ်ပါသည်။

အင်္ဂလန်နိုင်ငံပြင်ပမှ ကြည့်ရှူလိုသူများ - http://www.abc.net.au/tv/guide/abcnews24/201206/programs/NU1248H009D2012-06-21T235500.htm တွင် ကြည့်ရှူနိုင်ပါသည်။

အပြည့်ဖတ်မည်...

ဇွန်လ (၂၁) ရက်နေ့  - မြေနီကုန်းအရေးအခင်း - ပြည်သူပြည်သားများနဲ့  ကျောင်းသူကျောင်းသားများ လက်ချင်းချိတ်ဆက်သော နေ့ တစ်ရက်။






























ဇွန်လ (၂၁) ရက်နေ့  - မြေနီကုန်းအရေးအခင်း - ပြည်သူပြည်သားများနဲ့  ကျောင်းသူကျောင်းသားများ လက်ချင်းချိတ်ဆက်သော နေ့ တစ်ရက်။

(၁)။

အာဏာရှင်နေ၀င်း ကြီးစိုးနေတဲ့ မဆလခေတ်က ၁၉၈၈ ခုနှစ်ရဲ့  အစကနဦး အချိန်တွေဖြစ်တဲ့ မတ်လ (၁၃) ရက်နေ့  စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော် ကျဆုံးခဲ့ရတဲ့အချိန်၊ မတ်လ (၁၆) ရက်နေ့  အင်းလျားကန် တံတားဖြူကနေ ကျောင်းသူကျောင်းသားတွေ သွေးမြေကျခဲ့ရတဲ့အတွက် တံတားနီအရေးအခင်းတွေမှာ ၁၉၈၈ ခုနှစ် နှစ်စ မတ်လကနေ နှစ်လည် ဇွန်လရောက်တဲ့အထိ တောက်လျှောက် မိုက်ရိုင်းခဲ့ကြတဲ့ အာဏာရှင်လက်ပါးစေ လုံထိန်းတွေဟာ အခွင့်အရေးရတာနဲ့  ရိုက်ပုတ်သတ်ဖြတ် စော်ကားမိုက်ရိုင်းခဲ့ကြတယ်။

ဒါပေမယ့် ၁၉၈၈ ခုနှစ်၊ ဇွန်လ (၂၁) ၇က်နေ့  ရောက်တဲ့အခါမှာတော့ မြေနီကုန်းအရေးအခင်းလို့  အမည်တွင်ခဲ့တဲ့ ဖြစ်ပျက်မှုဟာ ကျောင်းသားလူငယ်တွေနဲ့  ပြည်သူတွေ ပူးပေါင်းမိကြပြီး အာဏာရှင်လက်ပါးစေတွေကို ပြန်လည်တုန့် ပြန်မှု စတင်ခဲ့တာဘဲ ဖြစ်ပါတယ်။ ယခင်စောစောပိုင်း မတ်လအရေးအခင်းတွေက ဘာမှပြန်လည်တုန့် ပြန်တာမျိုးမရှိခဲ့ကြဘဲ ကျောင်းသားကျောင်းသူတွေ ဆန္ဒပြချီတက်မှုမှန်သမျှမှာ တစ်ဘက်သတ် ခံခဲ့ကြရတာပါ။

၁၉၈၈ ခုနှစ် ဇွန်လ (၂၁) ရက်နေ့ - ရန်ကုန်တက္ကသိုလ် (ပင်မ) ကနေ ပြည်လမ်းတလျှောက် တက္ကသိုလ်ကျောင်းသူကျောင်းသားကြီးတွေ ဆန္ဒပြချီတက်လာချိန်မှာ စမ်းချောင်းမြို့ နယ်တစ်လျှောက်မှ အခြေခံပညာ အထက်တန်းကျောင်းများမှ ကျောင်းသူကျောင်းသားတွေကလည်း ကျောင်းဆင်းချိန်မို့ ပူးပေါင်းပြီး ဟံသာဝတီအဝိုင်းကနေ အတူတစ်ကွ ချီတက်လာကြပါတယ်။ ဒါဟာ ရန်ကုန် တက္ကသိုလ် (ပင်မ) က ကျောင်းသားတွေနဲ့ အခြေခံပညာ ကျောင်းသားလေးတွေနဲ့ ပေါင်းဆုံမိသွားတဲ့ လှုပ်ရှားမှုလည်း ဖြစ်ပါတယ်။

အာဏာရှင်တွေရဲ့  ကျောင်းသားလှုပ်ရှားမှုတွေအပေါ် မတရားဆောင်ရွက်တာကို ဆန့် ကျင်ဆန္ဒပြချီတက်လာရာ မြေနီကုန်းမီးပွိုင့်လမ်းဆုံအနီးရောက်ရှိချိန်မှာတော့ ရိုင်းစိုင်းတဲ့ လုံထိန်းတွေက ၄င်းတို့ ရဲ့ ကားတွေကို ချီတက်လာတဲ့ ကျောင်းသူကျောင်းသားတွေကြားထဲကို မောင်းသွင်းဝင်ပြီး ရိုက်နှက်ပါတယ်။

အဖြူအစိမ်းဝတ်စုံလေးတွေနဲ့  ချီတက်ဆန္ဒပြကြတဲ့ အထက်တန်းကျောင်း ကျောင်းသူကျောင်းသားငယ်လေးတွေကို အာဏာရှင်လက်ပါးစေ အကြမ်းဖက်သမား လုံထိန်းတွေက နံပါတ်တုတ်တွေနဲ့ ဝင်ရောက်ရိုက်နှက်၊ မျက်ရည်ယိုဗုံးနဲ့ ပစ်၊ ကားနဲ့  တိုက်ကြိတ်တာတွေ လုပ်တဲ့မြင်ကွင်းကို မြင်တွေ့ ရတဲ့ ပြည်သူလူထုဟာ မခံရပ်နိုင်ဖြစ်ပြီး တိုင်ပင်နေစရာမလိုဘဲ အားလုံးက အဆိုပါ အာဏာရှင်လက်ပါးစေတွေကို လက်တွေ့ တုန့် ပြန်ပါတော့တယ်။

အနီးအနားမှ တွေ့ ရှိရတဲ့ ပစ္စည်းများကို ကိုင်တွယ်ပြီး မိုက်ရိုင်းစော်ကားနေတဲ့ လုံထိန်းတွေကို ၀င်နှက်ကြလို့ ၊ ပြည်သူလူထုရဲ့  တကယ်လုပ်ရဲလာတဲ့ သတ္တိနဲ့  လူထုအင်အားကို ရင်ဆိုင်ရတဲ့အခါမှာတော့ အဆိုပါ အာဏာရှင်လက်ပါးစေ လုံထိန်းတွေ ထွက်ပြေးခဲ့ကြပါတယ်။ ပြည်သူလူထုဟာ ဆောက်လက်စ တိုက်တာအဆောက်အဦးရှေ့ မှာ ပုံထားတဲ့ အုတ်နီခဲတွေ သစ်သားချောင်းတိုတွေကို တစ်ယောက်တစ်လက် ဆွဲယူပြီး လုံထိန်းတွေကို ၀င်ရောက်ပစ်ခတ်ရိုက်နှက်ရုံတင်မကဖူး ပြည်သူလူထုအပေါ်မှာ ခေတ်တစ်လျှောက်လုံး နှိပ်စက်အနိုင်ကျင့်ခဲ့တဲ့ မြေနီကုန်း မီးပွိုင့်လမ်းဆုံမှာ ရှိတဲ့ စမ်းချောင်းမြို့ နယ်ရဲစခန်းကိုပါ သင်ခန်းစာပေးခဲ့ကြပါတယ်။

မြေနီကုန်းလမ်းမကြီးရဲ့  ကတ္တရာအမဲရောင်ဟာ ထိခိုက်ဒဏ်ရာရ သေဆုံးခဲ့ရတဲ့ သွေးတွေအပြင် ပြည်သူလူထုကနေ အာဏာရှင်လက်ပါးစေ လုံထိန်းတွေကို လက်တွေ့ ပြန်လည်တုန့် ပြန်ခဲ့တဲ့ အုတ်နီခဲအကျိုးအပဲ့အပိုင်းအစတွေကြောင့် လမ်းမကြီးတစ်ခုလုံးဟာ အဝေးကနေကြည့်တဲ့အခါမှာ အနီရောင် ဖုံးလွမ်းနေခဲ့ပါတယ်။

၁၉၈၈ ခုနှစ်၊ ဇွန်လ (၂၁) ရက်နေ့ ကနေ စလိုက်တဲ့ ပြည်သူလူထုရဲ့  တုန့် ပြန်မှုဟာ အရှိန်အဟုန်ကောင်းသွားပြီး မြို့ နယ်တွေ ရပ်ကွက်တွေထဲကို အာဏာရှင်လက်ပါးစေတွေ သူလျှိုတွေ မ၀င်ရလေအောင် မ၀င်ရဲလောက်အောင် ကျောင်းသားတွေ ရဟန်းသံဃာတွေ ပြည်သူတွေဟာ မိမိတို့  မြို့ နယ် မိမိတို့ ရပ်ကွက် မိမိတို့  လမ်းတွေကို မိမိတို့ ဘာသာ လုံခြုံရေးယူကြပြီး အပြင်လူ လူစိမ်း မ၀င်ရအောင် နေ့ ရောညပါ ကာကွယ်စောင့်ရှောက်ခဲ့ကြတယ်။

မိမိတို့ ဘာသာ လုံခြုံရေးကင်းတွေထားပြီး သူစိမ်းဝင်ရင် အာဏာရှင်လက်ပါးစေတွေ ချဉ်းကပ်လာရင် အကြမ်းဘက်မဲ့ စစ်တပ်လာရင် လမ်းမတွေကို ပိတ်ဆို့ တားဆီး၊ အချက်ပြသတင်းပို့ တာတွေ လုပ်၊ လိုအပ်သလို ပြန်လည်တုန့် ပြန်တာတွေ လုပ်ခဲ့ကြလို့  ပြည်သူလူထုအားကြောင့် အာဏာရှင်တွေ တုန်လှုပ်ခြောက်ခြားစေခဲ့ရပြီး မဆလတစ်ပါတီအာဏာရှင် ပြုတ်ကျစေခဲ့တဲ့ ၁၉၈၈ ခုနှစ်၊ သြဂုတ်လ (၈) ၇က်နေ့  ၈၈၈၈ ရှစ်လေးလုံးအရေးတော်ပုံကြီး ဖြစ်အောင် အားကောင်းခဲ့ကြပါတယ်။

(၂)။

၁၉၈၈ ခုနှစ် မတ်လ (၁၃) ရက်နေ့  ကိုဘုန်းမော်နေ့  မတ်လ (၁၆) ရက်နေ့  တံတားနီနေ့  အစရှိတဲ့ ကျောင်းသားလှုပ်ရှားမှုတွေ ပြီးခါစ အာဏာရှင်တွေရဲ့  မတရားဖိနှိပ် အကြမ်းဘက် ပစ်ခတ်ဖြိုခွင်းမှုကို မခံမရပ်နိုင်ဖြစ်ပြီး ကျောင်းသားတွေရဲ့  အာဏာရှင်ဆန့် ကျင်ရေး လှုပ်ရှားမှုတွေဟာ ဆက်လက်ဖြစ်ပေါ်နေခဲ့ပါတယ်။

ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသူကျောင်းသားတွေ ရန်ကုန်တက္ကသိုလ် (ပင်မ) ကျောင်းသူကျောင်းသားတွေ လက်ချင်းတွဲချိတ်ရုံသာမက အထက်တန်းကျောင်း ကျောင်းသားကျောင်းသူငယ်လေးတွေပါ ပါဝင်လာကြသည်အထိ ကျောင်းသားထုရဲ့  လှုပ်ရှားမှုဟာ တဖြည်းဖြည်းနဲ့  ကျယ်ပြန့် လာတာကို သိရှိတဲ့ နေ၀င်း အာဏာရှင်အစိုးရဟာ လိုအပ်လျှင် လိုအပ်သလို နှိမ်နင်းဖြိုခွဲဖို့  ရန်ကုန်မြို့ ကြီးကို စစ်မက်ဖြစ်ပွားရာဒေသတွေကဲ့သို့  သတ်မှတ်ထားကာ လုံထိန်းများအပြင် စစ်တပ်တွေကိုပါ နေရာယူချထားခဲ့ပါတယ်။ စစ်တပ်တွေကို အသင့်ပြင်နေရာယူချထားမှုကို အမျာူပြည်သူလူမြင်ကွင်းမှာ သိသိသာသာ မမြင်ရအောင် အစိုးရပိုင် အဆောက်အဦး ရုံးဝန်းများထဲမှာ စခန်းချထားခဲ့တာ ဖြစ်ပါတယ်။

ဇွန်လ (၂၁) ရက်နေ့  မြေနီကုန်းအရေးအခင်း မဖြစ်ပွားခင် အချိန်ကတည်းက သံလျှင်မြို့ နယ် အခြေစိုက် စစ်တပ်မှ တပ်ခွဲတစ်ခွဲကို ပြည်လမ်းပေါ်ရှိ ယခင် မဆလလွှတ်တော်အနီး မနော်ဟရီလမ်းရှိ ဆောက်လုပ်ရေးရုံးဝင်းထဲမှာ အခြေချ တပ်စွဲထားခိုင်းခဲ့ပါတယ်။ နေ့ ရော ညပါ ဆက်သွယ်ရေးစက်ဖွင့်ထားပြီး ရန်ကုန်မြို့ နေရာအနှံ့ အခြေအနေကို သတင်းပို့ မှု ရယူမှုနဲ့  အသင့်ပြင်ထားကြပါတယ်။ ဆောက်လုပ်ရေးရုံးဝင်းရဲ့  လုံခြုံရေးဂိတ်ဝက တာဝန်ကျဝန်ထမ်းတွေနေရာမှာ တပ်သားနှစ်ဦးက အလှည့်ကျ ၀င်ရောက်နေရာယူခဲ့ပါတယ်။ ရုံးတက်ရုံးဆင်း ၀န်ထမ်းများကို ဂိတ်ဝမှာ စစ်ဆေးပြီးမှ အ၀င်အထွက် ပေးလုပ်ပါတယ်။

ဒီလို ရှေ့ တန်းစစ်မြေပြင် တိုက်ပွဲနေရာပမာ ရန်ကုန်မြို့ ကြီးရဲ့ အချက်အချာကြတဲ့ နေရာတွေမှာ စစ်တပ်တွေ လျှို့ ဝှက် အခြေစိုက်ထားခိုင်းပြီး ကျောင်းသားတွေရဲ့  ငြိမ်းချမ်းစွာ ဆန္ဒပြမှုလှုပ်ရှားမှုတွေကို အကြမ်းဘက်ဖြိုခွင်းဖို့  ကြိုတင်စီစဉ်ထားခဲ့ပါတယ်။

၁၉၈၈ ခုနှစ်၊ ဇွန်လ (၂၁) ရက်နေ့ မှာ မြေနီကုန်းမီးပွိုင့်လမ်းဆုံအနီး ရမ်းကားရိုင်းစိုင်းလွန်းတဲ့ လုံထိန်းတွေရဲ့  အကြမ်းဘက်မှုကို မခံမရပ်နိုင်ဖြစ်ကြတဲ့ ပြည်သူလူထုဟာ ကျောင်းသားကျောင်းသူလေးတွေဘက်ကနေ ၀ိုင်းရံလက်တွဲပြီး အဆိုပါ လုံထိန်းတွေကို လက်တွေ့ ကျကျ ပြန်လည်တုန့် ပြန်တဲ့ သတင်းကြားကြားချင်း မနော်ဟရီလမ်းထဲရှိ ဆောက်လုပ်ရေးရုံးဝင်းအတွင်း အခြေစိုက်ထားတဲ့ တပ်ခွဲဟာ ချက်ချင်းဘဲ တန်းစီပြီး သေနတ်တွေ မောင်းတင်မောင်းဖြုတ်လုပ်ကာ တီအီးစစ်ထရပ်ကားနှစ်စီးနဲ့  ၅ မိနစ်ခန့် သာ မောင်းရတဲ့ မြေနီကုန်းဘက်ကို အလျှင်အမြန်ထွက်ခွာသွားခဲ့ပါတယ်။

နှစ်ပေါင်း (၂၆) နှစ်ကျော် တိုင်းပြည်ကို ဖိနှိပ်ချုပ်ချယ် စိုးမိုးဗိုလ်ကျနေတဲ့ အာဏာရှင်လက်ပါးစေများရဲ့  လက်ကိုင်တုတ် တွေဖြစ်တဲ့ ရိုင်းစိုင်းရမ်းကားလွန်းလှတဲ့ လုံထိန်းတွေကို ပထမဦးဆုံး ပြည်သူလူထုက ညီညီညာညာနဲ့  တုန့် ပြန်လိုက်တာကြောင့် အဆိုပါ ဇွန်လ (၂၁) ရက်နေ့ မှ စပြီး လုံထိန်းတွေရဲ့  ရှေ့ တန်းမှာနေရာယူ သောင်းကျန်းမှုဟာ လျော့ကျနောက်ဆုတ်သွားခဲ့ပေမယ့် အာဏာရှင်ရဲ့  စစ်တပ်က ပေါ်ပေါ်တင်တင် နေရာယူ ၀င်ရောက်ကာ ရဟန်းရှင်လူကျောင်းသားပြည်သူများရဲ့  အေးချမ်းစွာ ဆန္ဒပြလှုပ်ရှားမှုတွေအပေါ် ဘီလူဆိုင်းနဲ့  သောင်းကျန်းပါတော့တယ်။

အဆိုပါနေ့  ဇွန်လ (၂၁) ရက်နေ့  မွန်းလွဲနောက်ပိုင်း မြေနီကုန်းမီးပွိုင့်လမ်းဆုံ ကားလမ်းမကြီး လေးဘက်လေးတန်ဟာ ကတ္တရာလမ်းမ အနက်ရောင်ကနေ အနီရောင်လွှမ်းခြုံထားတဲ့ လမ်းမကြီးအသွင် ဖြစ်ပေါ်သွားခဲ့ပါတယ်။ ပြည်သူလူထုရဲ့  မခံမရပ်နိုင် ပေါက်ကွဲမှုဟာ လုံထိန်းတွေရဲ့  ရိုင်းစိုင်းမှုအပေါ် တုန့် ပြန်ခဲ့တဲ့ အုတ်ခဲနီအပိုင်းအစ အကျိုးအပဲ့များနဲ့  ဖုံးလွှမ်းသွားပါတယ်။ ဒီမတိုင်ခင် လုံထိန်းများရဲ့  ရိုင်းစိုင်းမှုကြောင့် အပြေးအလွှား ရှောင်တိမ်းမှုများအကြား ကျကျန်ခဲ့တဲ့ ကျောင်းသားကျောင်းသူလေးများရဲ့  ဖိနပ်တစ်ဘက်ပြတ်များလည်း ရှိနေပါတယ်။ ပြည်သူလူထုရဲ့  တုန့် ပြန်မှုကို လက်တွေ့ ကျကျ သိလိုက်ရလို့  နောက်ဆုတ်သွားတဲ့ လုံထိန်းနောက်မှာ ရောက်ရှိလာတဲ့ စစ်တပ်ဟာ သေနတ်များ ချိန်၍ပြီး ကတ္တရာလမ်းမပေါ်မှာ ရင်ဘောင်တန်းကာ အတန်းလိုက် ချီတက်လာပါတယ်။ စစ်ယူနီဖောင်းအင်္ကျီလည်ပင်းမှာ အနီ အစိမ်း အပြာ လိမ္မော်အရောင် အစရှိတဲ့ လည်ပတ်တွေကို အုပ်စုလိုက် ၀တ်ထားပြီး မာကြောခက်ထန်သောမျက်နှာများနဲ့  မကျေမနပ်ရပ်ကြည့်နေကြတဲ့ ပြည်သူပြည်သားတွေအပေါ် ရန်သူသဖွယ် ဆက်ဆံပါတယ်။

ရန်ကုန်မြို့ လည်ကနေ အင်းစိန်ဘက်ထိ ကားလမ်းများ ပိတ်ကုန်တာကြောင့် ရုံးဝန်ထမ်းတွေ အလုပ်သမားတွေ ကျောင်းသူကျောင်းသားတွေ အစရှိတဲ့ ပြည်သူလူထုဟာ လမ်းလျှောက်ပြီး အိမ်ပြန်ခဲ့ကြရပါတယ်။ ကျောင်းသူကျောင်းသားလေးတွေရဲ့  အေးချမ်းစွာ ဆန္ဒပြမှုအပေါ် ရက်ရက်စက်စက် ရမ်းကားခဲ့တဲ့ လုံထိန်းတွေ မာကျောသာမျက်နှာထားတဲ့ ရန်သူသဖွယ်ဆက်ဆံတဲ့ စစ်တပ်ဖွဲ့ တွေကို မျက်ဝါးထင်ထင် မြင်တွေ ခဲ့လိုက်ရတဲ့ ပြည်သူလူထုဟာ အိမ်အပြန် လမ်းမတစ်လျှောက် ရင်ထဲမှာ ဆူလှိုက်စွာ ခံစားမှုအပြည့်နဲ့  ဖြစ်နေပါတယ်။ ၁၉၈၈ ခုနှစ် ဇွန်လ (၂၁) ရက်နေ့  ပြည်သူတွေရဲ့  ရင်တွင်းက ခံစားမှုတွေဟာ ရှစ်လေးလုံးပြည်သူ့ အရေးတော်ပုံကြီးဖြစ်တဲ့ ကျောင်းသူကျောင်းသား အလုပ်သမား ပြည်သူ့ ဝန်ထမ်းများ ရပ်ကွက် မြို့ နယ် ပြည်နယ်နဲ့ တိုင်း နေရာအနှံ့ မှ ပြည်သူအပေါင်း လူထုလူတန်းစားပေါင်းစုံ စုပေါင်းပါဝင်ခဲ့ကြတဲ့ အထွေထွေ ပြည်သူသပိတ်ကြီး ပေါ်ပေါက်လာစေခဲ့တဲ့ သန္ဓေတည်ခဲ့မှု တစ်ခုဘဲ ဖြစ်ပါတော့တယ်။

အပြည့်ဖတ်မည်...

Wednesday, June 20, 2012

ဒေါက်တာ ဒေါ်အောင်ဆန်းစုကြည်ရဲ့  မိန့် ခွန်းစကား (ဗွီဒီယို)။

ဒေါက်တာ ဒေါ်အောင်ဆန်းစုကြည်ရဲ့  မိန့် ခွန်းစကား။

ဒေါက်တာ ဒေါ်အောင်ဆန်းစုကြည်ရဲ့  အနီရောင် ဒေါက်တာဘွဲ့ ဝတ်ရုံအောက်က ၀တ်ဆင်ထားတဲ့ အင်္ကျီအပေါ်မှာ ရွှေဝါရောင် ဒေါင်းရုပ် ရင်ထိုးကလေးကို မြင်တွေ့ ရမှာ ဖြစ်သလို၊ မြန်မာပြည်သူလူထုအကျိုးအတွက်နဲ့  လူငယ်လူရွယ်များ ရှေ့ ရေးအတွက် အလေးထား ဦးစားပေးပြောဆိုမှုတွေကို ကြားရမှာ ဖြစ်ပါတယ်။





အပြည့်ဖတ်မည်...

မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့  Honorary Doctor of Civil Law လက်ခံ ရရှိပါပြီ (ဗွီဒီယို)။

မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့  Honorary Doctor of Civil Law လက်ခံ ရရှိပါပြီ - ဇွန်လ ၂၀ ရက်နေ့  ၂၀၁၂ ခုနှစ် (ဗွီဒီယို)။

"ဒေါက်တာ ဒေါ်အောင်ဆန်းစုကြည်အား မြန်မာပြည်သူပြည်သားများမှ တိုင်းပြည်နဲ့  လူမျိုးအတွက် ဂုဏ်ယူလေးစားပါကြောင်း ပြောကြားအပ်ပါတယ်ခင်ဗျာ"။

အပြည့်ဖတ်မည်...

မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့  Honorary Doctor of Civil Law ရယူရန် ရောက်ရှိစဉ်။

အပြည့်ဖတ်မည်...

Oxford University မှ ဒေါ်အောင်ဆန်းစုကြည်အား Honorary Doctors of Civil Law ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ ပေးအပ်ချီးမြှင့်ပွဲ အခမ်းအနား မကြာခင် စတင်ပါမည်။









































Oxford University မှ ဒေါ်အောင်ဆန်းစုကြည်အား Honorary Doctors of Civil Law ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ ပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားနှင့် ဒေါ်အောင်ဆန်းစုကြည်မှ ပြောကြားမည့် မိန့်ခွန်းကို အင်္ဂလန်နိုင်ငံ လန်ဒန်မြို့  အချိန် မနက် (၁၁း၃၀) နာရီ - မြန်မာစံတော်ချိန် ယနေ့  ညနေ (၅) နာရီခန့်တွင် တိုက်ရိုက်လွှင့်ထုတ်မည် ဖြစ်ပါသည်။ အောက်ပါ link များတွင် တိုက်ရိုက်ကြည့်ရှုနိုင်မည် ဖြစ်သည်။

http://www.ox.ac.uk/about_the_university/university_year/encaenia/encaenia_live.html
http://www.bbc.co.uk/news/10318089

http://news.sky.com/home

အပြည့်ဖတ်မည်...

GENDER & SOCIETY ကျား - မ ဖြစ်ခြင်း အခန်းကဏ္ဍနှင့် လူမှုအဖွဲ့အစည်းဖိုရမ်။

ရန်ကုန်မြို့ တော်ဝင်နှင်းဆီစားသောက်ဆိုင်တွင် လူထုခေါင်းဆောင် ဒီချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်၏ မွေးနေ့ဖြစ်သော ၁၉-၀၆-၂၀၁၂ နေ့၌ နိုင်ငံရေးအကျဉ်းသားဟောင်း မဇင်မာအောင်နှင့် မခင်လေးတို့ ဦးဆောင်၍ ဟောပြောပွဲများ၊ မှတ်တမ်းရုပ်ရှင်များ၊ စာတမ်းဖတ်ပွဲများကို ဖတ်ရှု နားထောင် ကြည့်ရှုခြင်းဖြင့် လူထုခေါင်းဆောင် ဒီချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ၆၇-နှစ်မြောက်မွေးနေ့ အထိမ်းအမှတ်ပြုလုပ်ခဲ့သည်ဟု သိရှိရသည်။



အမျိုးသမီးစာရေးဆရာမ မအိ၊ မိချမ်းဝေ၊ နှင်းဝေငြိမ်း၊ စုမိအောင်၊ ကြည်မွေ့အိမ်၊ လဲ့ဝင်းကြည်၊ ဖြူဖြူဝင်း၊ မေဇွန်အောင်၊ နန်းဧကရီရှင်၊ ပန်ဒိုရာ၊ ခင်သန္တာ (၁၁) ဦး၏ အမျိုးသမီးများ၏ အခွင့်အရေးနှင့် တန်ဖိုးစာတမ်းတွင်ပါသော အမျိုးသမီးများ ထွက်ပေါက်နှင့် ကန့်သတ်ခံရခြင်း၊ အမျိုးသမီးများနှင့် အခွင့် အရေး၊ အမျိုးသမီးများနှင့် ကာကွယ်စောက်ရှောက်မှု၊ အမျိုးသမီးများ၏ ယဉ်ကျေးမှု၊ ကျင့်ဝတ်သိက္ခာ၊ ဘာသာတရားနှင့် ဘ၀တန်ဖိုး၊ အမျိုးသမီးများနှင့် အရည်အသွေး၊ အမျိုးသမီးများနှင့် စွန့်လွတ် အနစ်နာ ခံမှုစသော စာတမ်းများကို ဖတ်ခြင်း၊ ဒါရိုက်တာ ကြည်ဖြူသျှင်၏ The Merry Widows of Nam Mun မှတ်တမ်းရုပ်ရှပ်ဇာတ်ကားကို ပြသခြင်း၊ RAINFALL-GENDER STUDY GROUP လှလှရီ (ရခိုင်တိုင်းရင်းသူ) ၏ အမျိုးသမီးများနှင့် ဥပဒေ စာတမ်းကိုလည်း ဖတ်ပြခြင်း၊ ချင်းအမျိုးသမီးများ၏ ၀ါးညှပ်အက ကပြခြင်း၊ ရန်ကုန်တိုင်း မင်္ဂလာတောင်ညွှန့် လွှတ်တော်အမတ် မဖြူဖြူသင်း၊ 7 day ဂျာ နယ်မှ အယ်ဒီတာ ဒေါ်ငြိမ်းငြိမ်းနိုင်နှင့် NGO မှ ဒေါ်ထားထားတို့၏ ဆွေးနွေးချက်များလည်း ပါဝင်သည် ဟု သိရှိရပါသည်။

ထိုပွဲတွင် တိုင်းရင်းသူပေါင်းစုံ၊ ၈၈-မျိုးဆက်မှ မနီလာသိန်း၊ မမီးမီးတို့နှင့် ရုပ်ရှင်သရှပ်ဆောင်၊ အဆိုတော်၊ ဒါရိုက်တာများဖြစ်သော - သျှီ၊ သံသာဝင်း၊ ကြည်ဖြူသျှင် စသည်တို့နှင့် နိုင်ငံရေးနယ်ပယ်မှ အမျိုးသမီးပေါင်းစုံ၊ အကျဉ်းသူဟောင်းများ၊ ကျောင်းသူပေါင်းစုံဖြင့် ဧည့်ပရိသတ်ပေါင်း သုံးရာခန့်လောက် တက်ရောက်ကြောင်းလည်း သိရှိရပါသည်။

(သတင်းနှင့် ဓါတ်ပုံ ပေးပို့ လာသော လင်းဆက်အား ကျေးဇူးတင်ရှိပါသည်)။

အပြည့်ဖတ်မည်...

Tuesday, June 19, 2012

Amnesty International Award - Electric Burma Concert - Happy Birthday to Daw Aung San Suu Kyi! (အမေစု ကျန်းမာရွှင်လန်းချမ်းမြေ့ပါစေ)။

အပြည့်ဖတ်မည်...

မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အတွက် အထူးဂုဏ်ပြုဖြော်ဖြေခဲ့တဲ့ Electric Burma Concert ။

မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို Amnesty International မှ ချီးမြှင့်ဂုဏ်ပြုတဲ့ “Ambassador of Conscience” Award နဲ့  အတူ U2 တေးဂီတအဖွဲ့ က တင်ဆက်ဖြော်ဖြေခဲ့တဲ့ Electric Burma Concert (အပိုင်း ၁)။



မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို Amnesty International မှ ချီးမြှင့်ဂုဏ်ပြုတဲ့ “Ambassador of Conscience” Award နဲ့  အတူ U2 တေးဂီတအဖွဲ့ က တင်ဆက်ဖြော်ဖြေခဲ့တဲ့ Electric Burma Concert (အပိုင်း ၂)။

အပြည့်ဖတ်မည်...

ဒေါ်အောင်ဆန်းစုကြည်၏ (၆၇) နှစ်မြောက် မွေးနေ့ တွင် အမေစု ထာဝစဉ် ကျန်းမာရွှင်လန်းချမ်းမြေ့ပါစေလို့  ဆုမွန်ကောင်း တောင်းအပ်ပါတယ်။

အပြည့်ဖတ်မည်...

Monday, June 18, 2012

ရန်ကုန်မှာ ကျင်းပတဲ့ မြန်မာနိုင်ငံအမျိုးသမီးများနေ့ ။



















































































































မြန်မာနိုင်ငံအမျိုးသမီးများနေ့ သဘောထားထုတ်ပြန်ကြေညာချက်။

၂၀၁၂ခုနှစ် ဇွန်လ ၁၉ ရက်သည် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၏ (၆ရ) နှစ်ပြည့် မွေးနေ့  ဖြစ်သကဲ့သို့  မြန်မာနိုင်ငံ အမျိုးသမီးများနေ့ လည်း ဖြစ်ပေသည်။

ဒေါ်အောင်ဆန်းစုကြည်အား ကမ္ဘာ့ခေါင်းဆောင်များ မှ ကမ္ဘာ့ဒီမိုကရေစီခေါင်းဆောင် အဖြစ်လေးစားယုံကြည်
ကြသလိုတိုင်းရင်းသားခေါင်းဆောင်ကြီးများမှလည်းအထူးလေးစားအားထားကြည်ညိုရသူတစ်ဦးဖြစ်သည်ထို့ ပြင်
မြန်မာအလုပ်သမားထုအတွက်လည်း ဆွစ်ဇလန်နိုင်ငံဂျနီဗာသို့ ကိုယ်တိုင်တက်ရောက်၍ အလုပ်သမားထုအခွင့်
အရေးကိုစောင့်ရှောက်နိုင်ရန် အခွင့်အလမ်းရသ၍ကြိုးစားနေသည်မှာ ပြည်သူအပေါ်ဒေါ်အောင်ဆန်းစုကြည်၏
စေတနာနှင့်ရပ်တည်မှုကို မြန်မာအလုပ်သမားထု မှအသေအချာကြားသိရပေမည်။

ဒေါ်အောင်ဆန်းစုကြည်အပေါ်မြန်မာပြည်သူများနှင့် ကမ္ဘာ့တ၀ှန်းမှ မည်မျှကြည်ညိုလေးစားကြသည်မှာ လက်ရှိ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲအခြေအနေကိုကြည့်၍လည်းကောင်း ဒေါ်အောင်ဆန်းစုကြည်အပေါ်
အမှုးပြုပြီး နိုင်ငံတကာ မှ မြန်မာနိုင်ငံအပေါ် ထိစပ်ပတ်သတ်လာမှုကိုကြည့်ခြင်းဖြင့်လည်းကောင်းလက်ရှိ ဥရောပ ခရီးစဉ်ကို လေ့လာခြင်းဖြင့်သိသာထင်ရှာလှပေသည်။

ဂုဏ်ပြုထိုက်သည် လေးစားထိုက်သည် အသိအမှတ် ပြုထိုက်သည်ဟုဆိုရာတွင် ဂုဏ်ပြုခံရသူ၏ ပေးဆပ်စွန့် လွှတ်အနစ်နာခံမှု အပြင် စိတ်ဓါတ်စွမ်းရည်နှင့်ဦးဆောင်မှုစွမ်းရည်တို့ ပါ မြင့်မားရန် လိုအပ်ပေသည်။ ဤအရည်အချင်းများထက်သာလွန်မြင့်မြတ်သော ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ အား မြန်မာအမျိုးသမီးထုတရပ်လုံး ကိုကိုယ်စားပြုသည့်မြန်မာနိုင်ငံအမျိုးသမီးများနေ့ ဟုသတ်မှတ်ဂုဏ်ပြုခြင်းသည်
ကား ခေတ်အဆက်ဆက်တိုင်းပြည်နှင့် လူမျိုးအတွက် စွန့် လွှတ် စွန့် စား အနစ်နာခံခဲ့သည့်မြန်မာအမျိုးသမီးထု
တရပ်လုံးအားဂုဏ်ပြုခြင်းပင်ဖြစ်သည်။

နေ့ ထူးနေ့ မြတ် များသတ်မှတ်ရာတွင်မိမိတိုင်းပြည်အတွက်မည်မျှအကျိုးရှိစေသည့်လူပုဂိုလ်နှင့်ဆိုင်သောနေ့ ရက်သည် သာလျှင် နိုင်ငံသားတို့ စိတ်နှလုံးဝယ် မမေ့မပျောက် ရှိစေနိုင်မှာ ဧကန်ဖြစ်သည်။
သို့အတွက်ကြောင့်အတုယူသင့်ယူထိုက်သောလူထုခေါင်းဆောင်၏မွေးနေ့ ရက်မြတ်သည်မြန်မာအမျိုးသမီးထု
တရပ်လုံး၏စိတ်နှလုံးဝယ် ကဗ္ဗည်းတင်နေမည်ဖြစ်သလို ခေါင်းဆောင်၏ပေးဆပ်မှုစွန့် လွှတ်စွန့် စားအနစ်နာခံမှု တည်ကြည်ခိုင်မာသောဇွဲနပဲ ကြီးမှု သင့်တင့်လျောက်ပတ်သော ဆင်ခြင်ဥာဏ်တရားကြီးမားမှုတို့ ကို မြန်မာအမျိုးသမီးထုတရပ်လုံးစံပြ နမူနာ အတုယူနိုင်စေရန် ဤနေ့ ဤရက်တွင်ကျရောက်သော မြန်မာအမျိုးသမီးများနေ့ တွင် လူထုခေါင်းဆောင်နှင့်အတူ တိုင်းပြည်အားပြုပြင်တည်ဆောက်ရေးတွင် မြန်မာ
အမျိုးသမီးတရပ်လုံးဝိုင်းဝန်းပါဝင်ဆောင်ရွက်နိုင်ရန်မိမိတို့အစွမ်းနိုင်ဆုံးကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း
သံဒိဌါန် ပြုပါသည်။

ဆက်သွယ်ရန်။

ဦးခင်မောင်ဌေး - ၀၉၄၃၀၃၉၇၆၉
ဦးထွန်းထွန်းနိုင်(အင်းစိန်) - ၀၉၇၃၀၇၆၂၆၃
ဒေါ်အိရွှေစင်ညွန့်  - ၀၉၄၃၂၀၉၆၀၈

ဇွန် (၁၉) ရက်နေ့  အကြို ဂုဏ်ပြုအခမ်းအနား။
၁၇-၆-၂၀၁၂ တနင်္ဂနွေနေ့ ။

အပြည့်ဖတ်မည်...

ဒေါ်အောင်ဆန်းစုကြည်၏ (၆၇) နှစ်မြောက် မွေးနေ့ နှင့် မြန်မာနိုင်ငံအမျိုးသမီးများနေ့  အထိမ်းအမှတ် အခမ်းအနား (သြစတြေလျနိုင်ငံ၊ မဲလ်ဘန်းမြို့ )။

ယမန်နေ့  ဇွန်လ (၁၆) ရက်နေ့ တွင် သြစတြေလျနိုင်ငံ မဲဘန်းမြို့ ၌ မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ (၆၇) နှစ်မြောက် မွေးနေ့ နှင့် မြန်မာနိုင်ငံအမျိုးသမီးများနေ့  အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါတယ်။



မဲဘန်းမြို့ ရှိ မြန်မာပြည်သူပြည်သားများသာမက သြစတြလျနိုင်ငံ လွှတ်တော်အမတ်ဖြစ်သူ Hong Lim၊ သြစတြေလျနိုင်ငံ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ဟောင်းများမှ ဒေါ်အောင်ဆန်းစုကြည်အား ချီးကျူးဂုဏ်ပြုသည့် စကားများ ပြောကြားခဲ့သည်အပြင်၊ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရွှင်လန်းချမ်းမြေ့စေရန်အတွက် ဘာသာပေါင်းစုံမှ ဆုတောင်းပွဲ ပြုလုပ်ရာတွင် ဗုဒ္ဓဘာသာ အစ္စလမ်ဘာသာ ခရစ်ယာန်ဘာသာများဖြင့် ဆုတောင်းမှု ပြုလုပ်ခဲ့ကြောင်း သိရှိရပါတယ်။

၎င်းအပြင် မြန်မာနိုင်ငံ အမျိုးသမီးများ၏ လူနေမှုဘ၀အခြေအနေနှင့် နိုင်ငံ့အရေး ကြိုးပမ်းဆောင်ရွက်မှုများအား ပြောဆိုမှုပြုလုပ်ခြင်းနှင့် ဒေါ်အောင်ဆန်းစုကြည်၏ ဘ၀တစ်လျှောက်ဖြတ်သန်းမှုတစ်လျှောက် ပုံရိပ်လွှာများအား ပြသခြင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာအမျိုးသမီးများအား ဂုဏ်ပြုသည့် တေးသီချင်းများ ဖြော်ဖြေခြင်းတို့  ပြုလုပ်ခဲ့ကြောင်း သိရှိရပါတယ်။ ထို့ အတူ တိုင်းရင်းသားဝတ်စုံ အစုံအညီ ယဉ်ကျေးသိမ်မွေ့ စွာ ၀တ်စားဆင်ယင်ထားသော သမီးပျိုလေးများမှ အကများဖြင့် တင်ဆက်ကပြခဲ့ကြကြောင်းလည်း သိရှိရပါတယ်။



မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ (၆၇) နှစ်မြောက် မွေးနေ့  ဆုတောင်းဖြစ်သည့် “Happy Birthday Daw Aung San Suu Kyi” နှင့် ငြိမ်းချမ်းရေးငှက်ပုံရိပ်လွှာပါ နောက်ခံပန်းချီအား ဓါတ်ပုံပညာဖြင့် ဖေါ်ကျူး၍ ဓါတ်ပုံငယ်ပေါင်း (၄၀၀) ကျော် ကူးယူထုတ်ပြီး အခမ်းအနားတက်ရောက်ကြသည့်သူများအား ပုံဖေါ်စေသည့် ထူးခြားဆောင်ရွက်မှုပြလုပ်ခဲ့သည်သာမက၊ ဒေါ်အောင်ဆန်းစုကြည်၏ (၆၇) နှစ်မြောက် မွေးနေ့ ကိတ်ခ်အား တိုင်းရင်းသားဝတ်စုံများ ၀တ်ဆင်ထားကြသည့် သမီးပျိုငယ်များမှ စုပေါင်းခွဲကာ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေဟု တိုင်ပြိုင်ဆုတောင်းခဲ့ကြကြောင်း သိရှိရပါတယ်။



မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ထိုင်းနိုင်ငံတွင် ကျင်းပခဲ့သော World Economic Forum နှင့် ဆွစ်ဇာလန်နိုင်ငံတွင် ကျင်းပခဲ့သော ကမ္ဘာ့အလုပ်သမားအဖွဲ့ ချူပ် (ILO) တွင် ပြောကြားခဲ့သော စကားများအား ပြသခြင်း၊ အခန်းအနားတက်ရောက်လာကြသူ မြန်မာနိုင်ငံသားများ သြစတြေလျနိုင်ငံသားများအား ဒန်ပေါက်ထမင်း မြန်မာဟင်းမျိုးစုံဖြင့် တည်ခင်းဧည့်ခံခြင်း၊ မြန်မာနိုင်ငံ အကျဉ်းထောင်များအတွင်း တိုင်းပြည်နှင့် လူမျိုးအကျိုးအတွက် ကြိုးပမ်းဆောင်ရွက်ရင်း ခံယူချက်ကြောင့် အကျဉ်းကျခံနေရသော နိုင်ငံရေးအကျဉ်းသားများအတွက် ထောက်ပံ့ကူညီခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါတယ်။

(သတင်းပေးပို့ လာသော ကိုမျိုး အား ကျေးဇူးတင်ရှိပါသည်)။

အပြည့်ဖတ်မည်...

လူထုအကျိုးအတွက်နဲ့  ဧရာဝတီကို ကာကွယ်ခဲ့တဲ့ ဆရာကြီး လူထု ဦးစိန်ဝင်း။

















ဆရာကြီး လူထုဦးစိန်ဝင်း (၁၉၄၀ - ၂၀၁၂) ဟာ အာဏာရှင်နေ၀င်းအစိုးရကို ဝေဖန်သုံးသပ်ထောက်ပြ စာရေးသားမှုတွေကြောင့် ၁၉၆၇ ခုနှစ်မှာ အင်းစိန်ထောင်နဲ့  ကိုးကိုးကျွန်းမှာ ထောင် (၁၃) နှစ် အကျဉ်းချခြင်းခံခဲ့ရတဲ့ နိုင်ငံရေးသမားဟောင်းကြီး၊ ၀ါရင့်သတင်းစာ ဆရာကြီးဖြစ်ပါတယ်။

မကွယ်လွန်မီအချိန် ကျန်းမာရေးချို့ တဲ့နေသည့်အချိန်၌ပင်လျှင် ဧရာဝတီမြစ်ဆုံ ရေကာတာကိစ္စနှင့် ပတ်သက်၍ မြစ်ဆုံရေကာတာစီမံကိန်းအား ဆန့် ကျင်ခဲ့သူ ဖြစ်ပါတယ်။

“ဧရာဝတီမြစ်ဟာ မြန်မာတို့ရဲ့ အသက် သွေးကြောပဲ ဖြစ်တယ်။ ဧရာဝတီ တိမ်ကောသွားလို့၊ ဧရာဝတီ ပပျောက်ခဲ့ရပြီဆိုရင် မြန်မာလူမျိုးသာမကပဲ မြန်မာနိုင်ငံပါ ပျောက်သွားနိုင်တဲ့ အန္တရာယ် အထိ ရှိနေတယ်။ ဒီလိုအခြေအနေမျိုးမှာ ဧရာဝတီကို ဖျက်ဆီးလာမယ့် ဘယ်ကိစ္စကို လက်မခံဘူး။ သတင်းသမား တယောက်အတွက်ကတော့ ဧရာဝတီကို ပျက်စီးမယ့်၊ တိမ်ကောမယ့်၊ ပပျောက်သွားမယ့် ဘယ်ကိစ္စကိုမဆို တားဆီးရမှာပဲ ဖြစ်ပါတယ်” ဟု ဆရာကြီး လူထု ဦးစိန်ဝင်းက ပြောခဲ့ပါတယ်။

ပြည်သူလူထုအကျိုးစီးပွားကိုသာ အဓိကထား ကြိုးပမ်းခဲ့တဲ့ ကွယ်လွန်သွားပြီဖြစ်တဲ့ ၀ါရင့်သတင်းစာဆရာကြီး လူထုစိန်ဝင်း၏ အသုဘရှုအခမ်းအနားကို ဇွန် (၁၉) ရက်နေ့ မွန်းလွဲ (၁) နာရီတွင် ရေဝေးသုဿန် ခန်းမ ၁ (ခ) ၌ ပြုလုပ်မည်ဖြစ်ပြီး၊ မွန်းလွဲ (၂) နာရီတွင် မီးသဂြိုဟ်မည်ဖြစ်ကြောင်း သိရှိရပါတယ်။

ဝါရင့်သတင်းစာဆရာကြီး လူထုစိန်ဝင်း ကွယ်လွန်သွားခြင်းဟာ မြန်မာပြည်သူလူထုအတွက် ကြီးမားသော ဆုံးရှုံးမှုတစ်ရပ် ဖြစ်ပါကြောင်းနှင့် ကျန်ရစ်သူမိသားစုနှင့်အတူ ထပ်တူထပ်မျှ ကြေကွဲဝမ်းနည်းရပါကြောင်း ပြောကြားအပ်ပါတယ်။

နစ်နေမန်း။

------------

စာရေးဆရာ သတင်းစာ ဆရာကြီး လူထုစိန်ဝင်း၏ အထ္တုပ္ပတ္တိ။

ဆရာ လူထု စိန်ဝင်းကို ၁၉၄ဝ ပြည့်နှစ်၊ ဩဂုတ်လ ၁၃ ရက်နေ့တွင် အဖ ဦးသာဒင်၊ အမိ ဒေါ်ကြည်ခင် တို့က မန္ဈလေးမြို့မှာ မွေးဖွားခဲ့တယ်။ မန္ဈလေး လဖုန်း အထိမ်းအမှတ် အထက်တန်းကျောင်း (Lafon Memorial High School) တွင် ပညာ ဆည်းပူးခဲ့တယ်။ ၁၉၅၆ ခုနှစ် ကနေ ၁၉၅၉ ခုနှစ် အထိ မန္ဈလေး တက္ကသိုလ်မှာ ပညာ ဆက်လက် ဆည်းပူးခဲ့ပြီး ၁၉၆ဝ ပြည့်နှစ် ကနေ ၁၉၆၂ ခုနှစ် အထိ ရန်ကုန် တက္ကသိုလ်ကို ပြောင်းရွှေ့ ပညာ သင်ယူခဲ့တယ်။

ကျောင်းသား ဘဝ ကတည်းက လူထု သတင်းစာ တိုက်မှာ ဝင်ထွက် သွားလာ နေခဲ့ပြီး၊ လုပ်အားပေး သဘောမျိုး၊ ဝင်ရောက် ကူညီ လုပ်ကိုင် ပေးနေခဲ့တယ်။ ၁၉၆၂ ခုနှစ်မှာ အတည်တကျ အချိန်ပြည့် ဝင်ရောက် လုပ်ကိုင် ခဲ့တယ်။ လူထု သတင်းစာတိုက် မန္ဈလေးနှင့် ရန်ကုန် တိုက်ခွဲတွေမှာ အယ်ဒီတာ အဖွဲ့ဝင် တဦး အဖြစ် တာဝန် ယူခဲ့တယ်။ ၁၉၆၇ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့ လူထု သတင်းစာတိုက် အပိတ်ခံရချိန်ထိ လူထု သတင်းစာတိုက်မှာ လုပ်ကိုင်ခဲ့တယ်။

၁၉၆၇ ခုနှစ် လူထုသတင်းစာ ပိတ်သိမ်းခြင်းခံရပြီးနောက် လူထုစိန်ဝင်းအပါအ၀င် အယ်ဒီတာ (၅) ဦး ဖမ်းဆီးခံရသည်။

- ထောင်ဒဏ် (၁၃) နှစ် ချမှတ်ခံခဲ့ရပြီး နိုင်ငံရေး အကျဉ်းသားများသာ ထားရှိသော ကိုးကိုးကျွန်းသို့ ပို့ဆောင်ခံခဲ့ရပြီးနောက် ၁၉၇၁ ခုနှစ်တွင်မှ အင်းစိန် အကျဉ်းထောင်သို့ ပြန်လည်ပြောင်းရွှေ့ခဲ့သည်။

- ၁၉၇၃ ခုနှစ်တွင် အကျဉ်းထောင်မှ လွတ်မြောက်လာပြီး ၁၉၇၆ ခုနှစ်တွင် နောက်ထပ် အဖမ်းဆီးခံရကာ ထောင်ဒဏ် (၄) နှစ် ချမှတ်ခံခဲ့ရသည်။

- အင်းစိန်ထောင်တွင် (၃) နှစ်ကြာသီးခြား ထားရှိခြင်းခံရပြီးနောက် လေဖြတ်ရောဂါ ခံစားခဲ့ရသည်။ ၁၉၈၀ ခုနှစ်တွင် အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာခဲ့သည်။ လွတ်မြောက်လာချိန်၌ ညာဘက်ကိုယ်တခြမ်း သေသွားရာမှ လက်ဝဲဘက်လက်ဖြင့် စာရေးကျင့်ပြီး စာပေများ ဆက်လက်ရေးသားခဲ့သည်။

၁၉၈ဝ ပြည့်နှစ်မှာ လေဖြတ် ဝေဒနာကြောင့် ညာဘက် တခြမ်း သေသွားခဲ့ရာ၊ ဘဝကို အရှုံး မပေး လက်မလျော့ဘဲ ဘယ်လက်နဲ့ စာရေး လေ့ကျင့်ကာ စာပေများ ရေးသား နေဆဲ ဖြစ်တယ်။ လူငယ် လူရွယ်တွေ အတွက်လည်း အင်္ဂလိပ် စကားပြော သင်တန်း ဖွင့်လှစ်ကာ ပညာ အမွေ လက်ဆင့်ကမ်း ပေးနေဆဲ ဖြစ်တယ်။

ဆရာ လူထု စိန်ဝင်းဟာ ဝင်းဇော်၊ ဇာမဏီ စတဲ့ ကလောင် ခွဲပေါင်း ၁၅ ခုနဲ့ လူငယ် လူရွယ်တွေနဲ့ အမျိုးသမီးတွေ အတွက် မြန်မာ့ ယဉ်ကျေးမှု ဓလေ့ ထုံးစံနဲ့ ပတ်သက်တဲ့ အကြောင်းရာတွေ၊ ဘဝ အားမာန် ဖြစ်စေတဲ့ အကြောင်းရာ တွေ၊ နိုင်ငံတကာ ရေးရာ တွေကို ရေးသားလျက် ရှိတယ်။ ဘာသာပြန်နဲ့ ပင်ကိုယ်ရေး အပါအဝင် စာအုပ်ပေါင်း ၂ဝ ကျော် ထုတ်ဝေပြီး ဖြစ်တယ်။ ပင်ကိုယ်ရေး စောမိုးခမ်း ဝတ္ထုမှာ ဆရာရဲ့ ထင်ရှားတဲ့ လက်ရာ တခု ဖြစ်တယ်။

ဆရာ လူထု စိန်ဝင်းဟာ လက်ရှိ အချိန်မှာ ထွက်နေတဲ့ ဂျာနယ်၊ မဂ္ဂဇင်း အများအပြားမှာ သတင်းစာ ပညာနဲ့ ပတ်သက်တဲ့ အကြောင်းအရာ မျိုးစုံကို အများဆုံး ရေးနေသူ တဦး ဖြစ်တယ်။ အခုလို သတင်းစာ ပညာနဲ့ ပတ်သက်တဲ့ အကြောင်းရာတွေ အများအပြား ရေးနေရ တာရဲ့ ရည်ရွယ်ချက်ကို ဆရာ ဂျာနယ်နဲ့ တွေ့ဆုံ မေးမြန်းခန်း တခုမှာ အခုလို ပြောပြခဲ့ပါတယ်။

“သတင်းစာ ပညာနဲ့ ပတ်သက်တဲ့ ဆောင်းပါး တွေကို စိုက်လိုက် မတ်တတ် ရေးခဲ့ရတဲ့ အကြောင်းရင်းက သတင်းထောက်၊ သတင်းစာ အယ်ဒီတာ ဆိုတဲ့ မျိုးဆက် ပြတ်သွားမှာ စိုးလို့ပဲ။ ၁၉၈ဝ နောက်ပိုင်း ဆရာ ထောင်က လွတ်လာတော့ ကျောင်းဖွင့်တဲ့ အခါ ဆရာ့ဆီ ကျောင်းသားတွေ လာကြတယ်။ လာကြတဲ့ ကျောင်းသား တွေက ဘွဲ့ရပြီးသား လူငယ်တွေ များပါတယ်။ ဆရာဝန်၊ အင်ဂျင်နီယာ ဆိုတဲ့ လူငယ်တွေက လူထု သတင်းစာ ဆိုတာ မကြားဖူးဘူး။ အဲဒီလို သတင်းစာ တွေကို မမြင်ဖူးဘူး။ အဲဒီအခါ ခံစား ခဲ့ရတယ်။ ဒါကြောင့် လူငယ်တွေကို သတင်းစာ အကြောင်း သိရအောင် သတင်းစာပညာ သောင်းပြောင်းထွေလာ ဆိုတာ အရင်ဆုံး စရေး ခဲ့တာပဲ။ ဒါဟာ အင်မတန် အရေးကြီးတယ်လို့ ခံယူ ထားတာပါ။ သတင်း စာတစောင်ဟာ တိုင်းပြည်မှာ စတုတ္ထ မဏ္ဍိုင်လို့ ခေါ်ကြတဲ့ အတိုင်းပေါ့။ တိုင်းပြည် တပြည်မှာ အလွန် အရေးကြီးတဲ့ အခန်း ကဏ္ဍက ပါဝင်ပါတယ်။ ဒါကြောင့် ဒီသတင်းစာ အလုပ်ကို ဆရာတကယ် မြတ်နိုးပါတယ်။ တသက်လုံး ဒီအလုပ်က လွဲလို့ ဘယ်အလုပ်မှ မလုပ်ခဲ့ ဖူးပါဘူး။ အခု ထက်ထိလည်း ဒီစာရေးတဲ့ အလုပ်ပဲ လုပ်နေဆဲပါ။ ပျမ်းမျှ တနေ့ကို နှစ်ပုဒ်လောက် ရေးနေတာပါ။ ရေးသမျှရဲ့ More than 50 Percent ဟာ Journalism နဲ့ ပတ်သက်တာတွေ ချည်းပါပဲ။”

ဆရာ လူထု စိန်ဝင်း၏ ရေးသား ထုတ်ဝေခဲ့တဲ့ စာအုပ်များ။

- စကား မာရသွန် – ၁၊ ပင်ဝါးရုံ စာပေ၊ ပ – အကြိမ်၊ ၂ဝဝ၇ ခုနှစ်၊ သြဂုတ်လ
- စကား မာရသွန် – ၂၊ ပင်ဝါးရုံ စာပေ၊ ပ – အကြိမ်၊ ၂ဝဝ၇ ခုနှစ်၊ စက်တင်ဘာလ
- စာနယ်ဇင်း အရေးအသား ပုံစံသစ်
- စီးပွားရေး လုပ်ငန်းများနှင့် ကြော်ငြာ အတတ်ပညာ
- စောမိုးခမ်း
- ဆာယိုနာရာ
- တောင်ဗီယက်နမ်မှ ငရဲခန်းများ
- နန်းစကား၊ မန်းစကား၊ မြန်မာတို့ရဲ့ မြန်မာစကား
- ပထမ အမျိုးသမီး လမ်းထွင်သူများ
- ဖတ်စရာ၊ ပင်ဝါးရုံ စာပေ၊ မေလ၊ ၂ဝဝ၇
- မသန်ပေမဲ့ စွမ်းသူများ၊ ပင်ဝါးရုံ စာပေ
- မူပိုင်ခွင့်၊ ပင်ဝါးရုံ စာပေ၊ ၂ဝဝ၅
- မော်ဒန် လက်ဖက်ရည် ပန်းကန်ထဲက မုန်တိုင်းငယ်
- လူငယ်နဲ့ တာဝန် ယူစိတ် (လူငယ် လမ်းညွှန် စာစုများ)၊ Future Publishing House၊ ၂ဝဝ၎
- လူငယ်နှင့် အချစ်၊ ၁၉၉၈
- လူငယ်များသို့ ကဗျာလက်ဆောင်
- ရှက်စိတ်၊ ယနေ့ မန္ဈလေး စာအုပ်တိုက်
- သတင်းစာပညာ သောင်းပြောင်းထွေလာ
- အဖြူနဲ့ အမည်း
- အဖြူနဲ့ အဝါ
- အလံမလှဲစတမ်း၊ လင်းဦးတာရာ စာပေ၊ ပ – အကြိမ်၊ စက်တင်ဘာ၊ ၂ဝဝ၆
- အရှက်နှင့်တန်ဖိုး

(အညွှန်း – myanmarisp)။

အပြည့်ဖတ်မည်...