Thursday, May 30, 2013

လုပ်လိုက်ရတဲ့ ငြိမ်းချမ်းရေးတွေ၊ တိုက်လိုက်ရတဲ့ စစ်ပွဲတွေ။

အာဏာရူးစစ်ဗိုလ်ချူပ်ကြီးတွေ လုပ်လိုက်ရတဲ့ ငြိမ်းချမ်းရေး ပြောဆိုဆွေးနွေးပွဲတွေ၊ တူလိုက်ရတဲ့ သဘောတူညီချက်တွေ၊ ထိုးလိုက်ရတဲ့ လက်မှတ်တွေ ပြီးတော့ ပြီးတော့ တိုက်လိုက်ကြတဲ့ စစ်ပွဲတွေ ၁၉၆၂ ခုနှစ်ကနေ အခုထိဆိုရင် နှစ်ပေါင်း (၅၀) အတွင်း ရေလို့  တောင် မရတော့ဖူး။ တကယ်စစ်မှန်တဲ့ ငြိမ်းချမ်းရေးဆောင်ရွက်ချင်ရင် တစ်ကြိမ်ထဲနဲ့  အကုန်လုံး တစ်ပြိုင်နက်ထဲ ဆောင်ရွက်လို့  ရတယ်။ ရိုးသားမှု မရှိသေးသမျှ အကြိမ်ကြိမ် အခါခါ လာဦးမယ့် ငြိမ်းချမ်းရေးဆောင်ရွက်မှုတွေ၊ ထပ်ဖြစ်ဦးမယ့် စစ်ပွဲတွေ။


အပြည့်ဖတ်မည်...

အပေါ်မှာနေပြီး မလုပ်တတ်ရင် ဆင်းကြပါ။

တိုင်းပြည်အနှံ့  ပြည်သူလူထု ကျီးလန့် စားစားနဲ့  အသက်အိုးအိမ် လုံခြုံရေးအတွက် စိုးရိမ်နေရတဲ့ အခြေအနေတွေကို စစ်မှန်တဲ့ တရားဥပဒေစိုးမိုးမှု ရှိအောင် မလုပ်နိုင်ဖူး၊ ဥပဒေအထက်မှာ ထင်ရာစိုင်း ရမ်းကားနေသူတွေရဲ့  လုပ်ရပ်တွေကို မကာကွယ်ပေးနိုင်ဖူး၊ ၂၀၀၈ ခုနှစ်ဖွဲ့  စည်းပုံအခြေခံဥပဒေပါ တိုင်းပြည်နဲ့  လူမျိုးအတွက် အကျိုးယုတ်စေနိုင်တဲ့ အချက်တွေကို မပယ်ဖျက်ပေးနိုင်ဖူးဆိုရင် ….


အပြည့်ဖတ်မည်...

ဒီပဲယင်း ၂၀၀၃ - ၂၀၁၃။

သဘောတူညီချက်တွေကို ကတိမတည် ချိုးဖောက်ခဲ့တဲ့ အာဏာရူးကြီး သန်းရွှေရဲ့  လက်ထက်မှာ ၀န်ကြီးချုပ်ဖြစ်ခဲ့သူ ယခု လက်ရှိ သမ္မတ သိန်းစိန်မှ အကောင်အထည်ဖေါ် ဆောင်ရွက်ပေးဖို့  တောင်းဆိုပါတယ်။

၁။ ဒီပဲယင်း အဖြစ်အပျက် ကို စုံစမ်းစစ်ဆေးရန်၊

၂။ အဲဒီဖြစ်စဉ်မှာ ထိခိုက်နစ်နာခဲ့သူတွေကို ထိုက်သင့်တဲ့ နစ်နာကြေးပေးရန်၊

၃။ နောင်အခါမှာ ဒီလိုအဖြစ်အပျက်မျိုး ထပ်မံမဖြစ်ဖို့ နှစ်ဦးနှစ်ဖက် ပူးပေါင်းဆောင်ရွက်ရန်။


အပြည့်ဖတ်မည်...

ဒီပဲယင်းအကြမ်းဘက်မှုတွင် အသက်ဆုံးခဲ့ရသူများအတွက် သန်းရွှေ သိန်းစိန်တို့ တွင် တာဝန်ရှိသည်။

ဒီပဲယင်းအကြမ်းဘက်မှုတွင် အသက်ဆုံးခဲ့ရသူများအတွက် သန်းရွှေ သိန်းစိန်တို့ တွင် တာဝန်ရှိသည်။


အပြည့်ဖတ်မည်...

Tuesday, May 28, 2013

ကြည့်လည်း ပြောပါ ခန့် စည်သူရယ်။

ကြည့်လည်း ပြောပါ ခန့် စည်သူရယ်။


၈၈ အရေးအခင်း ပုံရိပ်တွေ ထည့်သွင်းရိုက်ကူးထားတဲ့ “ကောင်းကျိုးကိုယ်၌ တည်စေမင်း” ရုပ်ရှင်ဇာတ်ကားကြီးကို ၂၀၁၅ မှာ ရုံတင်ပြသနိုင်ဖို့ ကြိုးစားနေတဲ့ ထုတ်လုပ်သူ ခန့်စည်သူက “လက်ရှိ မြန်မာနိုင်ငံ အနေအထားနဲ့ ပြောမယ်ဆိုရင် ဦးသိန်းစိန်လိုမျိုး အခွင့်အရေးတွေ ရတိုင်း မယူတတ်တဲ့၊ အာဏာ အလွဲသုံးစား မလုပ်တတ်တဲ့ စစ်ဗိုလ်ချုပ်တွေ မြန်မာနိုင်ငံမှာ အရင်ကသာ ရှိခဲ့မယ်ဆိုရင် ကျနော်တို့ နိုင်ငံက စစ်အာဏာရှင် စနစ်အောက်ကို ရောက်ခဲ့စရာ အကြောင်းမရှိဘူး” လို့  ပြောတယ်ဆိုတော့ -

ခန့် စည်သူဟာ ကြံ့ ဖွတ်ရဲ့  နှစ်ပါတ်လည်ဂုဏ်ပြုဇာတ်လမ်းဖြစ်တဲ့ “အရုဏ်ဦးတွင် ဖူးသည့်ကြာ ဇာတ်ကား” ထဲမှာ အဓိကဇတ်ဆောင်နေရာကို သရုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။ မြန်မာသမိုင်းဖြစ်ရပ်မှန်တွေကို လိမ်ညာထားပြီး၊ အာဏာရှင်အုပ်စု ၀ါဒဖြန့် ချီရေး စိတ်ဓါတ်စစ်ဆင်ရေးလုပ်တဲ့ ဒီ “အရုဏ်ဦးတွင် ဖူးသည့်ကြာ ဇာတ်ကား” ထဲမှာ ကမ္ဘာ့ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချူပ်ဟောင်း ဦးသန့် ကို စော်ကားပြောဆိုတဲ့ စကားတွေ၊ ၁၉၉၀ ခုနှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ် (NLD) ကို တစ်ခဲနက် မဲပေးခဲ့ကြတဲ့ ပြည်သူလူထုကို စော်ကားပြောဆိုမှုတွေ၊ ၂၀၁၀ ခုနှစ် သိန်းစိန်တို့ ရဲ့  အကွက်ဆင် ရွေးကောက်ပွဲကို မဲပေးကြဖို့  မဲဆွယ်စကားတွေ အစရှိတဲ့ ပြည်သူလူထုအပေါ်ကြတော့ စော်ကားပြောဆို အာဏာရှင်အုပ်စုကြတော့ ဖားယားပြောဆိုတာတွေကို ပြောဆိုခဲ့သူဟာ ခန့် စည်သူပါ။ ဒါရိုက်တာက ခိုင်းလို့  ပြောရတာပါ ခိုင်းစေမှုတွေကြောင့် လွန်ဆန်လို့  မရလို့  ပြောရတာပါဆိုတဲ့ ဆင်ခြေပေးစကားတွေ ပြောလို့ ရပေမယ့် အာဏာရှင်အုပ်စုအသိုင်းအ၀ိုင်းနဲ့  နီးစပ်စွာ ပေါင်းဖားနေတာတွေကတော့ အပြောနဲ့  အလုပ်တစ်ခြားဖြစ်နေပါတယ်။

ဒါကြောင့်လည်း နိုင်ငံတော်က သိန်းစိန်တို့ က ချီးမြှင့်တဲ့ သုဓမ္မမဏိဇောတဓရဘွဲ့တံဆိပ်ကို ၂ဝဝ၈ ခုနှစ်တုန်းကက ရရှိခဲ့ပြီး နောက်တစ်ခါ ကျန်ခဲ့တဲ့ ၂ဝ၁၂ခုနှစ်မှာ သီဟသုဓမ္မမဏိဇောတဓရဘွဲ့ကို ထပ်မံရရှိခဲ့တယ်။ ဘာသာ၊ သာသနာကို တစ်ဖက်တစ်လမ်းက ထောက်ပံ့လို့ရတဲ့ဘွဲ့လို့  ဆိုပါတယ်။ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးအချိန်ကာလ သံဃာတော်တွေကို ရိုက်ပုတ်သတ်ဖြတ်နေချိန်မှာ အသံတောင် မထွက်ရဲတဲ့၊ သံဃာတော်ရှင်သူမြတ်တွေကို ဆွမ်းလောင်းဖို့  စီစဉ်ကြတဲ့ အနုပညာရှင်များ စီစဉ်ကြတဲ့အထဲ လာတောင်မရဲတဲ့ ခန့် စည်သူတစ်ယောက် ဒီ သိန်းစိန်တို့ ရဲ့  ဆုတွေ အကယ်ဒမီတွေနဲ့  ပျော်မွေ့ နေပြီး ယခုတစ်ခါ ရှစ်လေးလုံးပြည်သူ့ အရေးတော်ပုံကြီးရဲ့  ပုံရိပ်လွှာတွေကို ထည့်သွင်းပြီး မြန်မာ့သမိုင်းဖြစ်ရပ်မှန်ကိုဘဲ ဖေါ်ထုတ်ပေးသလိုလိုနဲ့  ရုပ်ရှင်ကားတောင် မပြရသေးဖူး ပြောတဲ့စကားက သိန်းစိန်ကို ဖားတဲ့စကားက အရင်ဖြစ်နေပါတယ်။ ရှစ်လေးလုံးပြည်သူ့ အရေးတော်ပုံကြီးအကြောင်း မြန်မာပြည်သူတွေရော ကမ္ဘာ့ပြည်သူတွေရော မှတ်တမ်းတွေ ဓါတ်ပုံတွေ ဗွီဒီယိုတွေကနေ သိနေကြတာ ကြာပါပြီ။ ဒီ မှတ်တမ်းတွေကို ပြန်အသုံးချပြီး ဖေါ်ပြမယ့် ခန့် စည်သူရဲ့  ရုပ်ရှင်မှာကြည့်ရမှ ပြည်သူတွေ မြန်မာသမိုင်းဖြစ်ရပ်မှန်ကို သိရမှာ မဟုတ်ပါဖူး။

ခန့် စည်သူ ဖားယားပြောတဲ့ “လက်ရှိ မြန်မာနိုင်ငံ အနေအထားနဲ့ ပြောမယ်ဆိုရင် ဦးသိန်းစိန်လိုမျိုး အခွင့်အရေးတွေ ရတိုင်း မယူတတ်တဲ့၊ အာဏာ အလွဲသုံးစား မလုပ်တတ်တဲ့ စစ်ဗိုလ်ချုပ်တွေ မြန်မာနိုင်ငံမှာ အရင်ကသာ ရှိခဲ့မယ်ဆိုရင် ကျနော်တို့ နိုင်ငံက စစ်အာဏာရှင် စနစ်အောက်ကို ရောက်ခဲ့စရာ အကြောင်းမရှိဘူး” စကားဟာ ခန့် စည်သူရဲ့  အတွင်းစိတ်ကို ပေါ်လွင်စေပါတယ်။

သိန်းစိန်လို အခွင့်အရေးတွေ ရတိုင်း မယူတတ်တဲ့၊ အာဏာ အလွဲသုံးစား မလုပ်တတ်တဲ့ စစ်ဗိုလ်ချုပ်၊ သိန်းစိန်လိုသာ မြန်မာနိုင်ငံမှာ အရင်ကသာ ရှိခဲ့မယ်ဆိုရင် ကျနော်တို့ နိုင်ငံက စစ်အာဏာရှင် စနစ်အောက်ကို ရောက်ခဲ့စရာ အကြောင်းမရှိဘူး - ဟုတ်ရဲ့ လား ခန့် စည်သူရယ် …

အပြည့်ဖတ်မည်...

ဒီပဲယင်းလုပ်ကြံသတ်ဖြတ်မှုကြီး (၁၀) နှစ်ပြည့် ၀မ်းနည်းခြင်း (ဂျပန်နိုင်ငံ)။

ဒီပဲယင်းလုပ်ကြံသတ်ဖြတ်မှုကြီး (၁၀) နှစ်ပြည့် ၀မ်းနည်းခြင်း (ဂျပန်နိုင်ငံ)။


အပြည့်ဖတ်မည်...

Sunday, May 26, 2013

စာရင်းမရှိ သမိုင်းမတွင်တဲ့ ကြံ့ ဖွတ်ပါတီနဲ့  အရူး ဖွတ်ဌေးဦး။

စာရင်းမရှိ သမိုင်းမတွင်တဲ့ ကြံ့ ဖွတ်ပါတီနဲ့  အရူး ဖွတ်ဌေးဦး။

ကြံ့ ဖွတ် ဌေးဦးက ပြောတယ် - “ကြံ့ ဖွတ်ပါတီဟာ လက်ရှိပါတီစုံဒီမိုကရေစီစနစ်ရောက်အောင် နှစ်ပေါင်းများစွာ ကြိုးစားလာခဲ့တဲ့ အနိုင်ရပါတီဖြစ်တယ်” လို့  ပြောဆိုခဲ့ပါတယ်။


ကြည့်ရတာ ဌေးဦး သမိုင်းမကြေသေးဖူးထင်ပါတယ်။ ပါတီစုံဒီမိုကရေစီစနစ်ဆိုတာ - အာဏာရှင်ကြီးနေ၀င်းရဲ့  တစ်ပါတီအာဏာရှင်စနစ်နဲ့  တိုင်းပြည်ကို ဖိနှိပ်အုပ်ချူပ်နေတာ နှစ်ပေါင်း (၂၆) နှစ်ကျော်ရောက်ရှိလာချိန် တိုင်းပြည်တစ်ပြည်လုံးလည်း ချွတ်ခြုံကျ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံစာရင်း ၀င်ခဲ့ချိန် ပြည်သူလူထုက ရှစ်လေးလုံးအရေးတော်ပုံကြီးကို ဆင်နွဲပြီး တစ်ပါတီအာဏာရှင်စနစ် အလိုမရှိ - တစ်ပါတီအာဏာရှင်စနစ် အလိုမရှိ - တစ်ပါတီအာဏာရှင်စနစ် အလိုမရှိ ဆိုပြီး အုံးအုံးကျက်ကျက် တခဲနက်တောင်းဆိုခဲ့ကြလို့  နောက်ဆုံး နေ၀င်းရဲ့  အုပ်ချူပ်မှုယန္တယားကြီး ပြိုလဲကျခါနီး အခြေအနေမဟန်တော့တာကို သိတဲ့ နေ၀င်းက “တစ်ပါတီစနစ်နဲ့  ဆက်သွားမလား၊ ပါတီစုံဒီမိုကရေစီစနစ်ကို ပြောင်းရင် ကောင်းမလား” ဆိုပြီး မီးစာကုန်ခါနီး ဂယောက်ခြောက်ခြားနဲ့  အသက်ဆက်လို့  ရနိုး မျှော်ကိုးပြီး ပြည်သူလူထုရဲ့  တောင်းဆိုချက်တွေအပေါ် လိုက်လျောပြတဲ့ နောက်ဆုံးနည်းလမ်းအနေနဲ့  ပြောဆိုခဲ့တာက စပြီး ဒီ ပါတီစုံဒီမိုကရေစီစနစ်ဆိုပြီး ဖြစ်ပေါ်လာခဲ့တာပါ။ ပြည်သူလူထုက တစ်ပါတီအာဏာရှင်စနစ်အုပ်ချူပ်မှုကို ခါးသီးလွန်းလို့  ဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းဖို့ အတွက် ပါတီစုံဒီမိုကရေစီစနစ်ကို ရွေးချယ်ခဲ့ကြတာပါ။

ဒီ ၁၉၈၈ ခုနှစ်အချိန်ကာလမှာ ကြံ့ ဖွတ်ပါတီဆိုတာ အာဏာရှင်ပေါက်စတွေရဲ့  ဖင်ပေါက်ဝမှာတောင် မရှိသေးပါဖူး။ ကြံ့ ဖွတ်ပါတီမပြောနဲ့  တစညပါတီတောင် မပေါ်ပေါက်သေးပါဖူး။

၁၉၉၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကျင်းပတဲ့အခါကျမှ အာဏာရှင် စောမောင်တို့  သန်းရွှေတို့ ရဲ့  အာဏာရှင်ပါတီဖြစ်တဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစညပါတီ) ဆိုပြီး တိုင်းရင်းသားစည်းလုံးညီညွှတ်ရေး အသံကောင်းဟတ်ကြွေးပြီး လက်တွေ့ မှာ အာဏာရှင်ပါတီဆိုတာ ပြည်သူတွေ သဘောပေါက်သိရှိကြတဲ့ တစညပါတီ ပေါ်ပေါက်ခဲ့တာပါ။ ဒီတစည အာဏာရှင်ပါတီကို ပြည်သူလူထုက မဲမပေးခဲ့ဘဲ ပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ် (National League for Democracy – NLD) ကို မဲအပြတ်အသတ်ပေးခဲ့ကြလို့  အနိုင်ရပါတီဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ် (National League for Democracy – NLD) ဆိုတာ ဌေးဦးတစ်ယောက် ဂေါက်ကြောင်ပြီး မေ့နေတယ် ထင်ပါရဲ့ ။

စာရင်းမရှိ သမိုင်းမတွင်တဲ့ ကြံ့ ဖွတ်ပါတီကနေ လက်ရှိပါတီစုံဒီမိုကရေစီစနစ်ရောက်အောင် နှစ်ပေါင်းများစွာ ကြိုးစားလာခဲ့တဲ့ အနိုင်ရပါတီဖြစ်တယ်လို့  ပြောတာ ရှက်ဖို့  အလွန်ကောင်းလှပါတယ်။ ၀ဲပေါက်နေတဲ့ ပါးစပ်ကနေ ပြောထွက်ပါပေတယ်။

ယနေ့  လက်ရှိဟာ ဖွဲ့ စည်းပုံအခြေခံဥပဒေအတု ပါတီစုံဒီမိုကရေစီစနစ်အတု နိုင်ငံရေးပါတီအတု အရပ်သားအစိုးရအတု အတုတွေများလွန်းလို့  တုတဲ့နေရာမှာ စံတင်တယ်ဆိုတဲ့ တရုတ်တောင် သိန်းစိန်တို့  ဌေးဦးတို့ အတုတွေကို မမှီလို့  သြချနေလေရဲ့ ။

အပြည့်ဖတ်မည်...

အစက လက်နက်ဘဲ ကြိုက်ကြတယ် …

အစက လက်နက်ဘဲ ကြိုက်ကြတယ် …

အပြည့်ဖတ်မည်...

Saturday, May 25, 2013

ဂျပန်နိုင်ငံ ၀န်ကြီးချူပ် မေ့နေပြီလား။

ဂျပန်နိုင်ငံ ၀န်ကြီးချူပ်ဖြစ်သူ Shinzo Abe အနေနဲ့  မြန်မာနိုင်ငံကို ၃ ရက်တာ ခရီးစဉ်အဖြစ်ရောက်ရှိနေချိန်မှာ ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးကာလတုန်းက ပစ်သတ်ခံခဲ့ရတဲ့ ဂျပန်သတင်းထောက် Kenji Nagai ကိစ္စအတွက် ဦးစားပေးဆောင်ရွက်သင့်တယ်။


အပြည့်ဖတ်မည်...

Friday, May 24, 2013

ထိုင်ခုံမက်သူ ထိုင်နေသူ၏ ထိုင်ခုံကား မည်သည့်ထိုင်ခုံပါလဲ။

ထိုင်ခုံမက်သူ ထိုင်နေသူ၏ ထိုင်ခုံကား မည်သည့်ထိုင်ခုံပါလဲ။

ထိုင်ခုံရှေ့ မှာ သံတိုင်တွေနဲ့  ဆိုတော့ ပြစ်ဒါဏ်တွေ စီရင်ချက်ချဖို့  တရားရုံးထဲက တရားခံထိုင်ခုံလိုလိုပါလား။


အပြည့်ဖတ်မည်...

ကမ္ဘာကုလသမဂ္ဂ ဗုဒ္ဓနေ့  (ကဆုန်လပြည့်နေ့ )။

ကမ္ဘာကုလသမဂ္ဂ ဗုဒ္ဓနေ့  (ကဆုန်လပြည့်နေ့ ) မှာ စိုင်းမောက်ခမ်း ပြောတဲ့ ဗုဒ္ဓဘာသာတရားအကြောင်းနဲ့  ဗုဒ္ဓမြတ်စွာဘုရားရဲ့  အဆုံးအမတွေကို သိန်းစိန်တို့  ဗိုလ်ချူပ်ဟောင်းတွေ လက်ရှိဗိုလ်ချူပ်တွေ နားထောင်ကြဖို့  လိုပါတယ်။

၂၀၀၇ ရွှေဝါရောင်တုန်းက သံဃာတော်တွေကို သတ်ဖြတ်ခဲ့ကြတဲ့သူတွေ ဒီ ကမ္ဘာကုလသမဂ္ဂ ဗုဒ္ဓနေ့ ကို တက်ရောက်ရမှာ သွေးခြောက်ခြားနေကြတယ်။

ဗုဒ္ဓမြတ်စွာဘုရားရဲ့  အဆုံးအမကို လိုက်နာကျင့်သုံးဖို့ ထက် မဟာသံဃာ့နာယကဆရာတော်ကြီးတွေကို ဘာပစ္စည်းလှူဒါန်းကြပါတယ်ဆိုတဲ့ လက်ဆောင်ပဏ္ဍာတွေနဲ့  ဆက်ကပ်ပြီး ပင့်ဖား နှုတ်ပိတ်စေဖို့ ဘဲ လုပ်ကြတဲ့ ဗိုလ်ချူပ်ကြီးတွေ ၀န်ကြီးတွေပါ။





အပြည့်ဖတ်မည်...

ရှစ်လေးလုံးပြည်သူ့ အရေးတော်ပုံကြီး (၂၅) နှစ်မြောက် ငွေရတုအတွက်။

ရှစ်လေးလုံးပြည်သူ့ အရေးတော်ပုံကြီး (၂၅) နှစ်မြောက် ငွေရတုအတွက်။


အပြည့်ဖတ်မည်...

၁၉၆၂ ခုနှစ်ကစပြီး အခုထိ အိမ်ဦးခန်းမှာ နေရာယူထားတာ၊ ဘောင်းဘီချွတ်တွေရော ဘောင်းဘီဝတ်တွေရော။

၁၉၆၂ ခုနှစ်ကစပြီး အခုထိ အိမ်ဦးခန်းမှာ နေရာယူထားတာ၊ ဘောင်းဘီချွတ်တွေရော ဘောင်းဘီဝတ်တွေရော။


အပြည့်ဖတ်မည်...

Thursday, May 23, 2013

လိပ်ကြီးများနေ့  အထူးချီးမြှင့်ခြင်း။

လိပ်ကြီးများနေ့  အထူးချီးမြှင့်ခြင်း။

ဒီနေ့ ဟာ လိပ်ကြီးများနေ့  (World Turtle Day – May 23) ဖြစ်ပါတယ်။


၁။ အရင်က အစိုးရများ မကောင်းဖူးဟုဆိုကာ အရင်အစိုးရလက်ထက်များတွင် ၀န်ကြီးချူပ်လုပ်ခဲ့သည်ကို မေ့ချင်ယောင်ဆောင်ကာ ကျွန်တော်တို့ သာလျှင် ပြုပြင်ပြောင်းလဲရေးများ လုပ်နေပါသည်ဆိုသော သမ္မတ သိန်းစိန်အားလည်းကောင်း၊

၂။ အာဏာရှင်ကြီး ဗိုလ်ချူပ်မှူးကြီးဟောင်း သန်းရွှေအား အထပ်ထပ်အခါခါ ကျေးဇူးတင်နေသည့် ပြန်ကြားရေး ဒုဝန်ကြီး ရဲထွဋ်နှင့် ပုဂ္ဂိုလ်များအားလည်းကောင်း၊

၃။ မြန်မာနိုင်ငံ အင်တာနက်မြန်နှုန်းအတွက် မြန်မာ့ဆက်သွယ်ရေးဝန်ကြီးဌာန ၀န်ကြီး မြတ်ဟိန်းအားလည်းကောင်း၊

၎။ တိုင်းပြည်ကြီးအား ငါတို့ သာလျှင် ကယ်တင်ရသည်၊ ငါတို့ သာလျှင် အမိအဖဟု သတ်မှတ်နေကြသောသူများအားလည်းကောင်း -

ယနေ့  ကျရောက်သော လိပ်ကြီးများနေ့ တွင် အထူးဆုအဖြစ် ကိုယ့်ဘက်ကိုယ်ယက်အားကောင်းသည့် မြန်မာလိပ်ကြီးများအဖြစ် ချီးမြှင့်သတ်မှတ်လိုက်ပါသည်။

အပြည့်ဖတ်မည်...

Wednesday, May 22, 2013

ပိုက်ဆံတွေ အခွင့်အရေးတွေ ပေးပြီး ဆန္ဒပြခိုင်းတာ ဘယ်သူတွေလည်း။

ကြံ့ ဖွတ်ဦးထုပ်တွေ ကြံ့ ဖွတ်အလံတွေနဲ့  ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ စည်းရုံးရေးအတွက် သိန်းစိန်တို့  က ငွေတွေပေးကာ ထောက်ခံဆန္ဒပြခိုင်းစေခဲ့တာပါ။

“ကဲ.. ဆန္ဒပြကြမယ်။ ၃၀၀၀ ပေးမယ်ဆိုတော့ အကုန်ပါသွားတာဘဲ။ ကလေးကတော့ ၃၀၀၀၊ လူကြီးကတော့ ခုနကလို ၅၀၀၀၊ ဆန္ဒပြတာလည်း အလုပ်အကိုင်ဖြစ်နေ"

(၀ါရှင်တန်မြို့  မြန်မာသံရုံးတွင် သမ္မတ သိန်းစိန်၏ ပြောစကား)။








အပြည့်ဖတ်မည်...

Monday, May 20, 2013

မင်းတို့  ရှေ့ က အစိုးရအဆက်ဆက် အသုံးမကျလို့  ညံ့လို့  …. ငါတို့  အစိုးရက ကြားဝင်ဖြေရှင်းပေးနေရတယ် ….

မင်းတို့  ရှေ့ က အစိုးရအဆက်ဆက် အသုံးမကျလို့  ညံ့လို့  …. ငါတို့  အစိုးရက ကြားဝင်ဖြေရှင်းပေးနေရတယ် ….


အပြည့်ဖတ်မည်...

နိုင်ငံရေးလုပ်ငန်းစဉ်မှာ စစ်တပ်ပါနေရမယ်ပြောတဲ့ သမ္မတ သိန်းစိန်။

နိုင်ငံရေးလုပ်ငန်းစဉ်မှာ စစ်တပ်ပါနေရမယ်ပြောတဲ့ သမ္မတ သိန်းစိန်။


သိန်းစိန် - “မြန်မာ့နိုင်ငံရေးမှာ တပ်မတော်ကို ပစ်ပယ်ထားဖို့ မသင့်ဘူးလို့ ကျနော် ဒီလို ထင်ပါတယ်။ တပ်မတော်ကို ပစ်ပယ်ထားလို့ မရပါဘူး။ ပြည်သူနဲ့ပေါင်းပြီးတော့ ဘာပဲဖြစ်ဖြစ် တပ်မတော် အခန်းကဏ္ဍတစ်ရပ်အနေနဲ့ ဆောင်ရွက်နေရမှာပါ။ အဲဒီတော့ လွှတ်တော်ထဲမှာ ပါနေတယ်ဆိုတဲ့ဟာက အမှန်ဖြစ်ပါတယ်။ အဲဒီတော့ နိုင်ငံရေးလုပ်ငန်းစဉ်မှာ တပ်မတော်က ပါဝင်ခွင့် မရှိဘူးလို့ ဒီလိုပြောလို့ ဒါတော့ မမှန်ဘူးလို့ ကျနော် ထင်ပါတယ်။ တဖြည်းဖြည်းနဲ့ ဒီမိုကရေစီ ရင့်ကျက်လာတဲ့အမျှ လွှတ်တော်ထဲက တပ်မတော်ရဲ့ကိုယ်စားလှယ်တွေဟာ လျော့ပါးသွားမှာ ဖြစ်ပါတယ်။ အင်ဒိုနီးရှားတို့ ဘာတို့ ပြောင်းသွားတာလည်း ဒီအတိုင်းပါပဲ။ တပ်မတော်က နိုင်ငံရေးနဲ့ ကင်းကွာလို့တော့ မရပါဘူး။ အစဉ်အလာ ရှိခဲ့ပါတယ်။ သမိုင်းကြောင်း ရှိခဲ့ပါတယ်။ တိုင်းပြည်မှာ အခက်အခဲတွေ အကြပ်အတည်းတွေ တွေ့တိုင်း၊ တွေ့တိုင်း တပ်မတော်ကနေ ဝင်ရောက်ပြီး ဆောင်ရွက်ခဲ့တာတွေ ရှိပါတယ်။ ၂၅ % ဆိုတာက လွှတ်တော်ထဲမှာ လောလောဆယ်မှာတော့ ရှိသင့်ရှိထိုက်တယ်၊ သို့သော်လည်းပဲ တဖြည်းဖြည်း ဒါတွေဟာ ကျနော်တို့ လျော့ပါးလာမယ်၊ နည်းပါးလာမယ်- ဒီလိုပဲ မြင်မိပါတယ်” (သိန်းစိန်)။

သိန်းစိန်အပြောကို ပြန်တုန့် ပြန်ပြောရရင်တော့ -

မြန်မာသမိုင်းမှာ တပ်မတော်ရဲ့  အခန်းကဏ္ဍကို ပြည်သူတွေက မပစ်ပယ်ခဲ့ပါဖူး။ တကယ်တမ်း ပစ်ပယ်ခဲ့တာ သိန်းစိန်တို့  အာဏာရှင်အုပ်စုပါ။ တပ်မတော်ရဲ့ ဖခင်ကြီး ဗိုလ်ချူပ်အောင်ဆန်းရဲ့  ဓါတ်ပုံတွေကို အစိုးရရုံးဌာနတွေရဲ့  နံရံတွေပေါ်ကနေ ဖြုတ်ချ၊ မြန်မာ့ငွေစက္ကူတွေပေါ်က ပျောက်ပျက်အောင် ဖယ်ရှား၊ လွတ်လပ်ရေးကြိုးပမ်းမှုကာလက စခဲ့တဲ့ တပ်မတော်ရဲ့  ဂုဏ်သိက္ခာမြင့်မြတ်ကြီးမားမှုကို လျော့ကျအောင် နောက်ဆုံး ပြည်သူကို ပြန်သတ်တဲ့ သံဃာတော်ရဟန်းရှင်မြတ်တွေကို ပစ်သတ်တဲ့ သတ်မတော်ဖြစ်အောင် ဘယ်သူတွေ လုပ်ခဲ့ကြတာလည်း။

တိုင်းပြည်မှာ အခက်အခဲတွေ အကြပ်အတည်းတွေ တွေ့တိုင်း၊ တွေ့တိုင်း တပ်မတော်ကနေ ဝင်ရောက်ပြီး ဆောင်ရွက်ခဲ့တယ်ဆိုလို့  - တိုင်းပြည်ကို ကံဆိုးမိုးမှောင်ကျအောင် စစ်တပ်အာဏာသိမ်းခဲ့တာပါ။ တိုင်းပြည်ရဲ့  အဖိုးတန်မြေပေါ်မြေအောက်သယံဇာတတွေကို စစ်အာဏာရှင်ကြီးများနဲ့  စစ်ဗိုလ်ချူပ်ကြီးတွေဘဲ မောင်ပိုင်စီးခဲ့တာပါ။ တိုင်းသူပြည်သားတွေ ဘ၀တွေ ချွတ်ခြံကျ ကုန်းကောက်စရာမရှိအောင် ငတ်ပြတ်ဆင်းရဲပြီး တိုင်းပြည်လည်း ကမ္ဘာ့အမွဲဆုံးနိုင်ငံဖြစ်ရ မြန်မာလူမျိုးလည်း နိုင်ငံတကာမိသားစုကြားမှာ မျက်နာပန်းမလှ နိမ့်ကျရတဲ့ အခက်အခဲတွေ အကြပ်အတည်းတွေကို သိန်းစိန် ပြောသလိုဘဲ တပ်မတော်က ၀င်ရောက်ပြီး ဆောင်ရွက်ခဲ့တယ်ဆိုတာ မှန်ပါပေတယ်။

မြန်မာ့နိုင်ငံရေးရဲ့  နိုင်ငံရေးလုပ်ငန်းစဉ် ဆောင်ရွက်တဲ့နေရာမှာ တပ်မတော်ပါဝင်ရမယ့် အခန်းကဏ္ဍဟာ တိုင်းပြည်ရဲ့  လုံခြုံရေးအတွက် ပြည်ပရန်ကို ကာကွယ်ပေးရမယ့် ကာကွယ်ရေးနဲ့  ပတ်သက်တဲ့ နိုင်ငံအကျိုးပြုလုပ်ငန်းစဉ်တွေထဲမှာ ပြည်သူလွှတ်တော်ပြင်ပကနေ ပါဝင်ဆောင်ရွက်ရမှာပါ။ ပြည်သူလွှတ်တော်နဲ့  အစိုးရကနေ အုပ်ချူပ်ကွပ်ကဲတဲ့ ကာကွယ်ရေးဝန်ကြီးဌာနရဲ့  လက်အောက်မှာမှ တပ်မတော်ကနေ နိုင်ငံအကျိုးပြုလုပ်ငန်းစဉ်တွေကို ဆောင်ရွက်ရမှာပါ။ ပြည်သူ့ လွှတ်တော်ထဲမှာ ၀င်ရောက်နေရာယူပြီး ပါဝင်ရမယ့် တာဝန်ဝတ္တရားမရှိပါဖူး။ အရှင်းဆုံးပြောရရင် တပ်မတော်ဟာ စစ်တန်းလျားမှာဘဲ နေရပါမယ်၊ လွှတ်တော်ထဲ ၀င်ရောက်စရာ မလိုပါဖူး။

သိန်းစိန်ဟာ ၄င်းတို့  အာဏာရှင်အုပ်စု ရုပ်ပြောင်းရုပ်လွဲနဲ့  ဒီမိုကရေစီအရေခြုံ အရပ်ဝတ်အာဏာရှင်အစိုးရ သက်တမ်းရှည်ဖို့ အတွက် ၄င်းတို့  စစ်အာဏာရှင်ခေတ်အဆက်ဆက် လက်ကိုင်တုတ်အဖြစ် အသုံးချနေတဲ့ စစ်တပ်ကို လွှတ်တော်ထဲအထိပါ သွတ်သွင်းပြီး ချုပ်ကိုင်ထားတယ်ဆိုတာ သိန်းစိန်ရဲ့  စကားထဲက ဇာတိပြနေပါတယ်။ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲမကလို့ နောက်ထပ် ရွေးကောက်ပွဲတွေ ထပ်လုပ်နေဦး ပြည်သူ့ လွှတ်တော်ထဲမှာ စစ်ယူနီဖောင်းဝတ်တစ်ဦး ပြည်သူ့  လွှတ်တော်ကိုယ်စားလှယ်ထိုင်ခုံတစ်ခုံမှာ ထိုင်နေသမျှ တိုင်းပြည်နဲ့  လူမျိုးကို နောက်ကျော ဒါးနဲ့  ထိုးတဲ့အဆင့်မဟုတ်ဘဲ နားထင်ကို သေနတ်နဲ့ တေ့ချိန်ထားတဲ့ အခြေအနေ ဖြစ်နေမှာပါဘဲ။

အလိမ်ဆုံး သိန်းစိန် - သိန်းစိန် သိန်းစိန် လူလိမ် လူလိမ် …..

အပြည့်ဖတ်မည်...

Sunday, May 19, 2013

ခွေးမြီးကောက် ကျည်တောက် မစွပ်စေချင်။

အစိုးရက အကူအညီတောင်းလာရင် နိုင်ငံရေး အကြံပေးမယ်လို့ ဗိုလ်ချုပ်ကြီးခင်ညွန့် ( ငြိမ်း ) က ပြောကြား (ပြည်မြန်မာသတင်းဂျာနယ်) တယ်ဆိုလို့  -

န၀တခေတ် နအဖခေတ်မှာ တိုင်းပြည်နဲ့  ပြည်သူလူထုကို ဒုက္ခအမျိုးမျိုးပေးခဲ့ပြီးပြီမို့  တော်လောက်ပါပြီ။

"ခွေျးြမီးကောက် ကျည်တောက်စွပ်" ဆိုတဲ့ စကားလုံးကို မသုံးစေချင်ရင် ကိုယ်ကိုတိုင် အကျဉ်းကျခဲ့တာကို သင်ခန်းစာယူ ကိုယ်ချင်းစာပြီး နောင်တရသင့်ပါပြီ။

ထောင်ထဲမှာ နေရင်နေ၊ မနေရင် သာသနာ့ဘောင်ကို အပြီးဝင်၊ နို့ မဟုတ်ရင် အရှင်ထွက်ဘဲဖြစ်ဖြစ် အသေထွက်ဘဲဖြစ်ဖြစ် တောထွက်ပါတော့ ...

နောင်တမရဘဲ ပြည်သူလူထုကို ထပ်မံ ဒုက္ခမပေးပါနဲ့ တော့လို့  ...







အပြည့်ဖတ်မည်...

တက္ကသိုလ်ပရိဝုဏ်ထဲမှာ ကျောင်းသားတွေစုနေရင် အန္တရာယ်ရှိတယ်လို့ စစ်အစိုးရက သက်မှတ်ခဲ့တယ်။

တက္ကသိုလ်ပရိဝုဏ်ထဲမှာ ကျောင်းသားတွေစုနေရင် အန္တရာယ်ရှိတယ်လို့ စစ်အစိုးရက သက်မှတ်ခဲ့တယ်။





အပြည့်ဖတ်မည်...

Saturday, May 18, 2013

ဖွ။

ဖွ။


အဆောက်အဦးတစ်ခု တည်ဆောက်မည်ဆိုပါက အခြေခံအောက်ခြေအုတ်မြစ် ခိုင်မာမှုရှိရန် အရေးကြီး လှသည်။ ကျန်းမာသန်စွမ်းမှုဖြစ်ရန် သန့်ရှင်းမှုသည် အဓိကကြသည်။ တိုင်းပြည်၏ ဖွံ့ဖြိုးတိုးတက်မှုသည် ထိုတိုင်း ပြည်၏ အစိုးရနှင့် ပြည်သူလူထုတို့၏ ပူးပေါင်းစွမ်းဆောင်မှုသည် အရေးပါလှသည်။ ဒီမိုကရေစီ နိုင်ငံထူထောင်မှု သည် ကျွန်တော်တို့ ပြည်သူလူထုတို့၏ စောင့်ထိန်းရမည့် စည်းကမ်းများသည် အဓိကဖြစ်တော့သည်။

ထို့ကြောင့် ကျွန်တော်တို့ မြန်မာနိုင်ငံတော်ကြီးသည် ကမ္ဘာ့အလယ်တွင် နာမည်ကောင်းဖြင့်ထင်ရှား၊ ကျော် ကြား၊ စံနမှုနာဖြစ်စေမည့် ခေတ်မှီတိုးတက် ဖွံ့ဖြိုးသန့်ရှင်းသော ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့ အင်တိုက်အားတိုက် အားမာန်ပြည့်ဝစွာဖြင့် စတင်ချီတက်မှုကို ပြုလုပ်နေချိန်တွင် ပြည်သူလူထုတို့၏အားထားရာ၊ ပြည်သူလူထုတို့တင် မြှောက်ထားသော သန့်ရှင်းသော အစိုးရအဖွဲ့အစည်း (Clean Governance) နှင့် ပြောင်းလဲမှု (Change)ကို ပြုလုပ် လိုသော နိုင်ငံတော်သမ္မတကြီးမှလည်း ယင်းကဲ့သို့ တိုင်းပြည်တိုးတက်ရာ တိုးတက်ကြောင်းတို့အား ပုံဖော်မှုပြုရာ တွင် အရပ်ဘက်လူ့အဖွဲ့အစည်းများ (လူမှုရေးအသင်းအဖွဲ့များ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ) နှင့်အတူ လက်တွဲပုံဖော်ရန် အရေးကြီးကြောင်း တရားဝင်အများပြည်သူလူထုတို့အား ရေဒီယိုမှ၎င်း၊ နိုင်ငံတော်ထုတ် သတင်းစာများမှ၎င်း၊ ဂျာနယ်၊ စာစောင်များတွင်၎င်း မိန့်ခွန်းပြောကြားခဲ့မှုများ ပါဝင်ခဲ့သည်။

ထို့အပြင် ယခုအချိန် ကာလတွင် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်သည် ကမ္ဘာ့ဒီမိုကရေစီနိုင်ငံတော်ကြီးဖြစ်သော အမေရိကန်နိုင်ငံသို့ သွားရောက်၍ အမေရိကန်နိုင်ငံသမ္မတ ဘာရက် အိုဘားမားနှင့်လည်း တွေ့ဆုံကာ အရပ်ဘက်လူ့အဖွဲ့အစည်းများ သည် ဒီမိုကရေစီနိုင်ငံထူထောင်ရာတွင် အဓိကကျသည့်အကြောင်း အချက်အလက်များအား ဆွေးနွေးကြမည်ဟု လည်းသိရှိရသည်။

ထို့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည်သည်လည်း ယခုနှစ်မဟာသင်္ကြန်မကျရောက်မှီ တစ်ရက်အလိုတွင် ပြည်သူလူထုတို့အတွက် ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဖွဲ့စည်းတည်ထောင်ထားသော “ပေးဆပ်သူများ” မဟာသင်္ကြန်သံချပ်အဖွဲ့မှ ဒေါ်အောင်ဆန်းစုကြည်နေအိမ်သို့ သွားရောက်ဖျော်ဖြေမှုပြုလုပ်ခဲ့ရာတွင် ဖျော်ဖြေပွဲအပြီးတွင် ဂုဏ်ပြုဆုငွေပေးအပ် ခဲ့စဉ် “တိုင်းပြည်ထူထောင်ရာတွင် သားတို့ရဲ့ လူမှုရေးအသင်းအဖွဲ့တွေရဲ့ အင်အားတွေ အများကြီးလိုအပ်တယ်၊ အခုလိုတက်တက်ကြွကြွ အများပြည်သူလူထုအတွက် လုပ်ဆောင်ပေးမှုများအပေါ် အမေ အရမ်းကျေနပ်ဝမ်းသာ တယ်၊ အခုလိုပေးဆပ်မှုများအပေါ် ကျေးဇူးလည်းအထူးတင်တယ်” ဟူ၍ ပြောကြားခဲ့သည်။

ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)အနေဖြင့် ရန်ကုန်တိုင်းအတွင်း (အခမဲ့) နာရေးကူညီပံ့ပိုး ပေးမှုများကို ပြုလုပ်ပေးခဲ့သည်hအပြင် မြန်မာပြည်တွင်းရှိ တိုင်း/ မြို့နယ်/ ရပ်ကွက်များရှိ ကိုယ်ထူကိုယ်ထ နာရေးကူညီမှုအဖွဲ့များအတွက် လိုအပ်သော နိဗ္ဗာန်မော်တော်ယာဉ်၊ နိဗ္ဗာန်ရေယာဉ်၊ နိဗ္ဗာန်ယာဉ် ထော်လာဂျီ၊ နိဗ္ဗာန်လက်ဆွဲလှည်းယာဉ်၊ စတီးဗန်း၊ အလူမီနီယံအခေါင်းအဖုံး၊ မီးသင်္ဂြိုလ်စက် စသည့်နာရေးလုပ်ငန်းနှင့် ပတ်သက်သော နိဗ္ဗာန်အသုံးအဆောင်ပစ္စည်းများအားလည်း လှူဒါန်းမှုတို့ကို ပြုလုပ်ပေးကာ နှစ်လတစ်ကြိမ်ခန့် မြန်မာတစ်ပြည်လုံးရှိ မြို့နယ်/တိုင်းဒေသများတွင် ဖွဲ့စည်းထူထောင်ထားသော လူမှုရေးအသင်းအဖွဲ့များအား လူမှုရေးစွမ်းရည်မြှင့်သင်တန်းများအားလည်း မြောက်ဒဂုံမြို့နယ်ရှိ နာရေးကူညီမှုအသင်း(ရန်ကုန်) ရုံးချုပ်တွင် (Camp) စခန်းသွင်း၍ သင်ကြားပေးလျှက်ရှိသည်။

ကျန်းမာရေးကူညီစောင့်ရှောက်ကုသပေးမှုအဖြစ်လည်း ရန်ကန်မြို့ မြောက်ဒဂုံမြို့နယ်တွင် သုခကုသိုလ်ဖြစ်ဆေးခန်း ဟူ၍ မျက်စိခွဲစိတ်ကုသပေးမှု၊ အရိုးအကြော၊ အရိုး အဆစ်၊ ကိုယ်အင်္ဂါပြန်လည်သန်စွမ်းရေး (Physiothraphy)၊ ကလေး၊ အရေပြား၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ ခွဲစိတ်(အသေးစား)၊ OG(ကိုယ်ဝန်ဆောင်မိခင်)၊ သွား၊ အထွေထွေ ရောဂါဝေဒနာရှင်များအား (အခမဲ့) နေ့စဉ်လ ကုန် နောက်ဆုံးရက်မှအပ ကုသပေးလျှက်ရှိပြီး နယ်ဒေသများသို့လည်း နယ်လှည့်ဆေးကုသပေးမှုလုပ်ငန်းအား ပရဟိတဆရာဝန်ကြီးများ၊ ပရဟိတလူငယ်လူရွယ်များနှင့် လက်တွဲကာ သွားရောက်ကုသပေးလျှက်ရှိသည်။ ၄င်း အပြင် ပြည်မြို့၊ ကြို့ပင်ကောက်မြို့၊ ပဲခူးမြို့များတွင်လည်း သုခကုသိုလ်ဖြစ်ဆေးခန်း အခွဲများဖွင့်လှစ်ပေးခဲ့ပြီး ဒေသခံပရဟိတလူငယ်များ ပရဟိတဆရာဝန်များနှင့် ပူးပေါင်း၍ ကုသိုလ်ဖြစ် အများပြည်သူအကျိုးအတွက် တစ်ဖက်တစ်လမ်း ကူညီမှုများကို ပေးဆပ်ကာ အစိုးရဆေးရုံကြီးများတွင် လိုအပ်လျှက်ရှိသော ခွဲစိတ်ခန်းသုံး ကုတင်၊ ဆေးကုသမှု အသုံးအဆောင်ပစ္စည်းများနှင့် ကိုယ်ထူကိုယ်ထ နယ်ဆေးခန်းများအတွက်လည်း လစဉ် ဆေးဝါးထောက်ပံ့မှုများအားလည်း ပြုလုပ်ပေးလျှက်ရှိသည်။

ပညာရေးကိစ္စရပ်များနှင့် ပတ်သက်၍ သုခအလင်း ပညာဒါန ဟူ၍ အမည်တပ်ကာ ဘုန်းတော်ကြီးပညာသင်ကျောင်းများမှအစ အမေ့အိမ်ပညာရေးကျောင်းများ၊ ကိုယ်ထူကိုယ်ထ စာသင်ကျောင်းများ၊ တက္ကသိုလ်ဝင်တန်းပညာရေး၊ ဆေးကျောင်းတက်ရောက်နေသော ဆရာဝန် လောင်းလျာများအတွက် ဆရာဝန်ဖြစ်သည်အထိ ဂုဏ်ပြုချီးမြှင့်ငွေများပေးဆပ်မှု၊ ဘွဲ့ရကျောင်းသား၊ ကျောင်းသူများ အား အလုပ်အကိုင်ရှာဖွေရေးဖြစ်သော LCCI စာရင်းအင်းပညာသင်တန်းများ၊ ဟိုတယ်ဝန်ဆောင်မှု အတတ်ပညာ (Hospitality) သင်တန်း၊ ကွန်ပြူတာသင်တန်း၊ အင်္ဂလိပ်စာ 4Skills သင်တန်း၊ ပန်းချီသင်တန်းများနှင့် ကလေး သူငယ်များအတွက် အနာဂတ်တွင်အလိုအပ်ဆုံးသော ယဉ်ကျေးလိမ္မာသင်တန်းများအား (အခမဲ့) သင်ကြားပို့ချ ပေးကာ အနယ်နယ်အရပ်ရပ်ရှိ ဆရာ/ဆရာမများအတွက်လည်း (TOT) သင်တန်းများအားလည်း (Camp)စခန်း သွင်း၍ သင်ကြားပေးလျက်ရှိသည်။ နယ်ဒေသများရှိ ကိုယ်ထူကိုယ်ထစာကြည့်တိုက်များအတွက်လည်း စာအုပ် စာပေများအား စဉ်ဆက်မပြတ်လှူဒါန်းမှုများကို ပြုလုပ်ပေးလျှက်ရှိကာ နယ်လှည့်ပညာ သင်ကြားမှုများအားလည်း ပရဟိတဆရာ/မများနှင့် လက်တွဲ၍ နယ်ဒေသများသို့ သွားရောက်ပညာဒါနပြုလုပ်ပေးကာ အချို့သော ဒေသများ တွင် ပျက်စီးယိုယွင်းနေသော အစိုးရစာသင်ကျောင်းများအားလည်း ပြန်လည်ဆောက်လုပ်လှူဒါန်းပေးလျှက်ရှိသည်။

ထို့အပြင် သဘာဝဘေးဒါဏ်မျာဖြစ်သော ရေဘေး၊ မီးဘေး၊ လေဘေးသင့်ဒေသများသို့လည်း အချိန်နှင့် တပြေးညီ ပရဟိတလူငယ်များနှင့် ပူးပေါင်း၍ သွားရောက်လှူဒါန်းကူညီ ဖေးမမှုများကိုလည်း စဉ်ဆက်မပြတ်ပြုလုပ်ပေးခဲ့သည့် အပြင် စစ်ဘေးသင့်ဒေသများရှိ စစ်ဘေးဒါဏ်ခံ တိုင်းရင်းသားမိဘပြည်သူအပေါင်းတို့အား၎င်း၊ လူမျိုးရေး ပဋိပက္ခ ကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်သွားကြရရှာသော ပြည်သူပြည်သား အပေါင်းတို့ထံသို့၎င်း၊ လှူဒါန်းကူညီဖေးမအားပေး စကားများကို ပြောကြားကူညီခဲ့ကြသည်။

၎င်းအပြင် မြန်မာပြည်တွင်း နွေရာသီကာလများတွင် သောက်/သုံးရေ ရှားပါး၊ နည်းပါး၊ လုံးဝမရှိသော အရပ်ဒေသများသို့လည်း ကွင်းဆင်းလေ့လာမှုများပြုလုပ်ခဲ့ကာ ရေတွင်းရေကန်များ၊ အဝီစိတွင်းများ တူးဖော်ပေးခြင်းများ၊ ရေပိုက်လိုင်းများ သွယ်တန်းပေးခြင်းများ၊ ရေသိုလှောင်ရန် အုတ်ကန်များ တည်ဆောက်ပေးမှုများ၊ ရေစုပ်စက်များ တပ်ဆင်ပေးမှုများအားလည်းပြုလုပ်ပေးကာ သောက်/သုံးရေရှားပါးသော လက်လှမ်းမှီရာ အရပ်ဒေသများဖြစ်ကြသော ဒေါပုံ၊ ဒလ၊ ပဲခူး၊ မှော်ဘီ၊ ခရမ်း၊ သင်္ဃန်းကျွန်းမြို့နယ်နှင့် မြောက်ဒဂုံ အရပ်ဒေသများသို့ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဝယ်ယူထားသော ရေဂါလံ (၃၆ဝဝ) ဆံ့ မော်တော်ယာဉ်ဖြင့် သွားရောက်ကာ ရေကုသိုလ်လုပ်ငန်းအား ပေးဆပ်လျှက်ရှိသည်။

ယခုဆိုလျှင် ကမ္ဘာ့ရာသီဥတုဖောက်ပြန်မှု၊ အိုဇုန်းလွှာပျက်စီးမှုအား ကာကွယ်မှုပြုရန်အတွက် သဘာဝ ပတ်ဝန်းကျုင် စိမ်းလန်းစိုပြေရေးအတွက်လိုက်လံ၍ လမ်းဘေးတွင် စည်ပင်သာယာအဖွဲ့မှ စိုက်ပျိုးထားပေးသော အရိပ်ရသစ်ပင်များအားလည်း ရှင်သန်ကြီးထွားလာရန်အတွက် ရေလောင်းပေးခြင်းလုပ်ငန်းရပ်အား “အစိမ်းရောင် စစ်ဆင်ရေး” ဟူ၍ ပထမခြေလှမ်းအဖြစ် မြောက်ဒဂုံမြို့နယ်ရှိ ဗိုလ်မှူးဗထူးလမ်းတစ်လျှောက် လုပ်ဆောင်ပေးနေပြီ ဖြစ်သည်။

ထပ်မံ၍ နာရေးကူညီမှုအသင်း(ရန်ကုန်) ရုံးချုပ်တည်ဆောက်ရန်အတွက် နိုင်ငံတော်အစိုးရမှ ချမှတ် ပေးလိုက်သော အမှတ် ၁၃/က၊ ဗိုလ်မှူးဗထူးလမ်း၊ မြောက်ဒဂုံမြို့နယ်တွင် အဆောက်အဦးများတည်ဆောက်မှုတွင် ကြုံတွေ့ခဲ့ရသောအမှိုက်များ၊ စွန့်ပစ်ပစ္စည်းများ၊ ကြွပ်ကြွပ်အိတ် ပလပ်စတစ်များ၊ ကော်ဗူးများ၊ သံတိုသံစများနှင့် ပြည့်နှက်ဖုံးလွှမ်းနေသော (၂) ဧကကျော်မြေကွက်အား ပြုပြင်ပြောင်းလဲခဲ့ရသော အတွေ့အကြုံဆိုးများ၏ ဒဏ်ရာ ဒဏ်ချက်များကြောင့်၎င်း၊ ခေတ်မှီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်ကြီး တည်ဆောက်ရာတွင် အဓိက အခြေခံအုတ်မြစ်ဖြစ်သော လူ့စည်းကမ်း၊ ပြည်သူလူထုတို့ စောင့်ထိန်းရမည့်ကျင့်ဝတ်များထဲတွင် ပါဝင်သော စည်းမဲ့ ကမ်းမဲ့ အမိုက်ပစ်မှုများအား ပညာပေးလှုံ့ဆော်မှုအဖြစ်၎င်း၊ မြေသြဇာဖြစ်စေမည့်အမှိုက်နှင့် ပြန်လည်၍ အသုံးပြု နိုင်သည့်အမှိုက် (စက္ကူ၊ သစ်ရွက်၊ အဝတ်စုတ်နှင့် ရေသန့်ဗူးခွံ၊ သံဗူး၊ ပုလင်း၊ မီးချောင်း … ) စသည့် စွန့်ပစ် အမှိုက် များအား စနစ်တကျခွဲခြား၍ စွန့်ပစ်ကြရန် သင်္ခန်းစာပေးလိုသည့်ဆန္ဒအရလည်းကောင်း၊ အမှိုက်ကအစ ပြဿဒ် မီးလောင်မှုမဖြစ်စေရန် ကာကွယ်ထိန်းသိမ်းမှုကို ပြုလုပ်ကြရန်အတွက်၎င်း၊ လူဦးရေ (၅.၆) သန်းကျော်ရှိသော ရန်ကုန်မြို့နှင့် ရန်ကုန်မြို့စည်ပင်သာယာသန့်ရှင်းရေး လုပ်သားဦးရေ (၅ဝဝဝ) ကျော်ဟူသော အချိုးအစားအရ၄င်း၊ ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်) လူမှုရေးအသင်းအဖွဲ့အနေဖြင့် လူသားချင်းစာနာထောက်ထားမှု၊ မြတ်စွာဘုရား၏ ဗြဟ္မစိုရ်တရားလေးပါးအား လက်ကိုင်ပြုပြီး နိုင်ငံထူထောင်မှုအချိန်ကာလတွင် တစ်ဖက်တစ်လမ်း ပံ့ပိုးကူညီပေးမှုအဖြစ် ၁၁.၅.၂ဝ၁၃ စနေနေ့တွင် ပန်းဆိုးတန်းဆိပ်ကမ်းဧရိယာအတွင်းရှိ ခရီးသည်နားနေဆောင်နှင့် ဆိပ်ခံဗောတံတားနှင့် အနီးပတ်ဝန်းကျင်များ၊ မြောက်ဥက္ကလာပမြို့နယ် လူစည်ကားသည့် မြောက်ဥက္ကလာပအဝိုင်း ကားမှတ်တိုင်အနီး ပတ်ဝန်းကျင်များတွင် စည်းမဲ့ကမ်းမဲ့ စွန့်ပစ်ထားသော အမှိုက်များတို့အား ကောက်ယူသိမ်းဆည်း ခြင်းများကိုလိုက်လံ၍ လူမှုရေးသမားများနှင့် အတူတကွလက်တွဲ လုပ်ဆောင်ပေးခဲ့ကြသည်။

မြို့နယ်ဒေသခံ မိဘပြည်သူများမှာလည်း ဝမ်းသာကြည်နူးစွာဖြင့်အတူလက်တွဲ ကူညီပေးခဲ့ကြသည်။ ကျွန်တော်တို့ ကောက်ယူခဲ့ သောအမှိုက်များအားလည်း မြောက်ဒဂုံမြို့နယ်ရှိ ထားဝယ်ချောင်သုဿန်အနီးရှိ အမှိုက်ပုံသို့ စနစ်တကျစည်းကမ်း ရှိစွာသွားရောက် စွန့်ပစ်ခဲ့ကြသည်။ ယခုထပ်မံ၍ ၁၈.၅.၂ဝ၁၃ စနေနေ့ ညနေ (၃းဝဝ) နာရီအချိန်တွင်လည်း ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်ရှိ လူသွားလူလာ ရုံးတက်/ရုံးဆင်း ထူထပ်များပြားလှသော မဟာဗန္ဓုလပန်းခြံ တစ်လျှောက် လူမှုရေးသမားများ၊ ဂီတပညာရှင်များ၊ စာပေနှင့် စာနယ်ဇင်းပညာရှင်များနှင့် လက်တွဲကာ အင်တိုက် အားတိုက်သန့်ရှင်းမှုအား ပြုလုပ်ကြမည်ဖြစ်တော့သည်။

ယခုတစ်ကြိမ်တွင် ဂီတပညာရှင်များ၊ စာပေပညာရှင်များ ပါဝင်လာရခြင်းမှာ ပြည်သူပြည်သားများအား အသိပညာပေးမှုတွင်ထိရောက်သည့် လက်နက်ဖြစ်သော အနုပညာ စွမ်းအားများကို တာဝန်သိသိ၊ တာဝန်ရှိရှိနှင့် တာဝန်ယူကြကာ အများပြည်သူအတွက် ပေးဆပ်ကြမှုတစ်ခုပင် ဖြစ်သည်။ ကျွန်တော်တို့၏ အနာဂတ်ကာလအတွက် စိတ်ကူးအိမ်မက်များသည် မြို့နယ်တစ်ခုချင်း၊ ရပ်ကွက်တစ်ခု ချင်း၊ မြို့တစ်မြို့နှင့်တစ်မြို့ချင်း၊ ပြည်နယ်နှင့်တိုင်းတစ်ခုချင်း၊ သန့်ရှင်းစိုပြေလှပမှုများကို အပြိုင်အဆိုင်အနိုင် လုပ် ဆောင်ကြမည်ဆိုပါက နိုင်ငံတော်တာဝန်ရှိသူတစ်ဦး ပြောကြားခဲ့သလို “(၄) လအတွင်း စင်္ကာပူနိုင်ငံကဲ့သို့ ဖြစ်စေ ရမယ်” ဟူသောစကားမှာ မှန်ကောင်းမှန်ပေလိမ့်မည်။

သို့သော် ယနေ့ ၁၈.၅.၂ဝ၁၃ စနေနေ့ နံနက် (၉းဝဝ) နာရီခန့်အချိန်တွင် ကျွန်တော့်ထံသို့ တယ်လီဖုန်း ဝင်လာသည်။ “ဦးကျော်သူတို့ အမှိုက်ကောက်မည့်အစီအစဉ်အား ရပ်ဆိုင်းပေးပါရန်” ဟူ၍ ရန်ကုန်မြို့ စည်ပင် သာယာရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန အရာရှိကြီးတစ်ဦးမှ ဆက်သွယ်ပြောကြားလာခဲ့သည်။ ထို့ကြောင့် ကျွန်တော်တို့ ပတ်ဝန်းကျင်သန့်ရှင်းရေးအတွက် လုပ်ဆောင်ပေးဆပ်ကြရန် စုရပ်ဖြစ်သော ဗိုလ်အောင်ကျော်လမ်း ထိပ်ရှိ “ရွှေလင်ဗန်း” လ္ဘက်ရည်ဆိုင်သို့သွားရောက်ကာ အစီအစဉ်ဖျက်သိမ်းကြောင်း ဂီတ၊ စာပေလူမှုရေးသမား များ၊ ရပ်မိရပ်ဖပြည်သူလူထုများနှင့် လူမှုရေးလုပ်ငန်းအားစိတ်ဝင်စား၍ လာရောက်ကြသော မူလတန်းအရွယ် ကလေးငယ်များကို ဦးဆောင်၍ခေါ်ယူလာသော BG အဖွဲ့သားများအား ဝမ်းနည်းစွာဖြင့် အကြောင်းကြားခဲ့ရတော့ သည်။

အပြန်လမ်းတစ်လျှောက် ကျွန်တော်တွေးတောမိတော့သည်။ ကျွန်တော်တို့ လူမှုရေးသမားများသည် နိုင်ငံတော်အား နှောက်ယှက်ဖျက်ဆီးကြမည့်သူများမဟုတ်၊ နိုင်ငံတော်အား ဆူပူမှုဖြစ်အောင်လုပ်မည့်သူများ မဟုတ်၊ တည်ငြိမ်အေးချမ်းသော ရေပြင်အား ဂယက်ထဆူပွက်စေမည့် သူများမဟုတ်၊ ငြိမ်းချမ်းမှုကိုသာ လိုလား ကြသည့်၊ စည်းကမ်းရှိမှုကိုသာ လိုလားကြသည့် ခေတ်မှီဖွံ့ဖြိုးတိုးတက်သော ရုပ်/စိတ်တို့ကိုသာ လိုလားကြသည်။ စိမ်းလန်းသာယာမှုကို လိုလားကြသည်။ ကျန်းမာသန်စွမ်းပြီး ပညာရေးတိုးတက်မှုတို့ကိုသာ လိုလားကြသည်။ အဘယ့်ကြောင့် ယခုကဲ့သို့ ပတ်ဝန်းကျင်သန့်ရှင်းမှုလုပ်ငန်းအား ဝိုင်းဝန်းပံ့ပိုးပေးမှုကို တားမြစ်ရသနည်း … ? ပိတ်ဆို့ရသနည်း … ? ဟန့်တားရသနည်း … ? ဤကဲ့သို့သော အသေးငယ်ဆုံး ပါမွှားလုပ်ငန်းလေးတစ်ခုကိုပင် တား မြစ်ခံရခြင်းအတွက် ကျွန်တော့်အတွက် အဖြေရှာမရ။

ထို့ကြောင့် အများပြည်သူအပေါင်းတို့အား တရားဝင်ကြေငြာ ထားသော အမှိုက်ကောက်မည့်အစီအစဉ်အား ဖျက်သိမ်းရခြင်းအကြောင်းကို အများပြည်သူတို့ထံသို့ တရားဝင် ပြန်လည်ပြောကြားရမည့် တာဝန်တစ်ရပ်ဖြစ်ပေါ်လာရသည်။ တစ်နည်းအားဖြင့် အများပြည်သူလူထုအား သတင်း ပါးခြင်း၊ သတင်းပွားခြင်း၊ သတင်းဖွခြင်းပင် ဖြစ်တော့သည်။ (အမှိုက်မကောက်ရ၍ အမှိုက်ဖွရန်မဟုတ် ! ။ အမှိုက်မကောက်ရ၍ သတင်းပါးခြင်း၊ သတင်းပွားခြင်း၊ သတင်းဖွခြင်း သက်သက်မျှသာဖြစ်သည် . . . )

ကျော်သူ။

အပြည့်ဖတ်မည်...

Friday, May 17, 2013

မဟာစင်ရော မဟာစင်ရဲ့ အမျိုးတွေရော နောက်ထပ် မဆုံပါရစေနဲ့ တော့ ….

မဟာစင်ရော မဟာစင်ရဲ့ အမျိုးတွေရော နောက်ထပ် မဆုံပါရစေနဲ့ တော့ ….

မဟာစင်မုန်တိုင်းကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်း ၀င်ရောက်တိုက်ခိုက်ခဲ့ပြီး လူအယောက် ၂၀ နီးပါးကို အသက်ဆုံးရှုံးစေခဲ့ပါတယ်။ မြန်မာနိုင်ငံတွင်းသို့  နီးကပ်စွာရောက်ရှိခဲ့ပြီး တိုက်ရိုက်မတိုက်ခတ်ခဲ့တာမို့  မြန်မာပြည်သူပြည်သားတွေအတွက် ကံကောင်းထောက်မစွာ ဘေးအန္တရာယ်တစ်ခုမှ ကင်းဝေးသွားလို့  စိတ်ပူပန်မှုတွေ ငြိမ်းချမ်းမှု ရခဲ့ပါတယ်။

မဟာစင်မုန်တိုင်းရဲ့  ခြိမ်းခြောက်မှုဘေးရန်ကို ၀ိုင်းဝန်းပြီးတော့ ဆောင်ရွက်ကြတဲ့အတွက် မုန်တိုင်းရန်ရှိကြောင်း ကြိုတင်ကြေညာမှုများ၊ သတိပေးမှုများ၊ ကြိုတင်ကာကွယ်မှုများ၊ ပြင်ဆင်ဆောင်ရွက်ခြင်းများ၊ ပူးပေါင်းဆောင်ရွက်မှုများ၊ အစရှိသော မေတ္တာ စေတနာဖြင့် လုပ်ကိုင်ခဲ့ကြသောသူများ အားလုံးအား ဂုဏ်ယူပါကြောင်း ပြောကြားလိုပါတယ်။

အများပြည်သူလူထုအတွက် ဘေးရန်ခပ်သိမ်း ကင်းဝေးစေဖို့  အတူတစကွ ဆက်လက်ဆောင်ရွက်နိုင်ကြပါစေလို့  …


အပြည့်ဖတ်မည်...

Thursday, May 16, 2013

မြန်မာပြည်မှာ ပြည်သူပြည်သားတွေ မုန်တိုင်းဒဏ် ခံရတာ နာဂစ်မှ မဟာစင်မှ မဟုတ်ဖူး။ နေ့  စဉ်နေ့ တိုင်း နှစ်ပေါင်းကြာစွာ လေမုန်တိုင်းဒဏ် လက်တွေ့ ခံနေရတာကြာလှပြီပေါ့။

မြန်မာပြည်မှာ ပြည်သူပြည်သားတွေ မုန်တိုင်းဒဏ် ခံရတာ နာဂစ်မှ မဟာစင်မှ မဟုတ်ဖူး။ နေ့  စဉ်နေ့ တိုင်း နှစ်ပေါင်းကြာစွာ လေမုန်တိုင်းဒဏ် လက်တွေ့ ခံနေရတာ ကြာလှပြီပေါ့။





အပြည့်ဖတ်မည်...

ကိုယ့်နိုင်ငံ ကိုယ့်တိုင်းပြည်အုပ်ချူပ်သူ ကိုယ့်ပြည်သူနဲ့  မဟာစင်မုန်တိုင်း ကြိုတင်ပြင်ဆင်မှုတို့  ကြည့်ရအောင်။

ကိုယ့်နိုင်ငံ ကိုယ့်တိုင်းပြည်အုပ်ချူပ်သူ ကိုယ့်ပြည်သူနဲ့  မဟာစင်မုန်တိုင်း ကြိုတင်ပြင်ဆင်မှုတို့  ကြည့်ရအောင်။

ဘင်္ဂလားဒေ့ရှ်လို နိုင်ငံမျိုးကတောင် မဟာစင်မုန်တိုင်းအန္တရာယ်ကျရောက်နိုင်တဲ့ ကမ်းရိုးတန်းဒေသ (၁၅) ဒေသတွေမှာ နေထိုင်ကြတဲ့ ပြည်သူ ၄.၁ သန်းကျော်ရှိတဲ့အထဲက မဟာစင်မုန်တိုင်းရန်က လွှတ်အောင် လူပေါင်း တစ်သန်းကျော်ကို ကြိုတင်ပြီး လုံခြုံစိတ်ချရာနေရာတွေဆီ ပြောင်းရွှေ့  ကယ်ဆယ်ပေးနိုင်ခဲ့တယ်လို့  ဆိုပါတယ်။

မြန်မာပြည်မှာ မဟာစင်မုန်တိုင်းရန်မကျရောက်မီ အန္တရာယ်ကင်းဝေးရာနေရာဒေသများကို ပြောင်းရွှေ့ ပေးနိုင်တဲ့ ဦးရေဟာ (၄) သောင်းတောင် မရှိပါလား။ ဒီအရေအတွက်ဟာလည်း ဒုက္ခသည်အဖြစ် အတူတစ်ကွ နေရာနေရာဒေသမှာ ရှိနေကြသူတွေ ဖြစ်ပါတယ်။ မဟာစင်မုန်တိုင်းအန္တရာယ်အစွန်းအဖျားနဲ့  နီးနီးကပ်ကပ် ရင်ဆိုင်ကြရနိုင်တဲ့ ရခိုင်ကမ်းရိုးတန်းတောက်လျှောက်က ပြည်သူပြည်သားတွေကို ကြိုးစားပမ်းစား လိုက်လံကူညီ ကယ်တင်ပြောင်းရွှေ့ ပေးတာ မဟုတ်ပါဖူး။


ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ မဟာစင်မုန်တိုင်းတိုက်ခတ်ချိန်မှာ လူ (၇) ယောက်ကျော်သာ အသက်ဆုံးရှုံးခဲ့ပါတယ်။ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းဒဏ်ကြောင့် မြန်မာပြည်သူပြည်သား တစ်သိန်း လေးသောင်းကျော် အသက်ဆုံးရှုံးခဲ့ပါတယ်။

ဒီ နှိုင်းယဉ်ပြ အရေအတွက်တွေကို ကြည့်ရင် သိန်းစိန်တို့ လုပ်ရပ်ဟာ နာဂစ်မုန်တိုင်းတုန်းကထက် မဖြစ်စလောက်လေးသာ လုပ်တဲ့ ဟန်ပြလုပ်ရပ်တွေမှန်း သိသာပါတယ်။ သာမန်ကာလျှံကာကြည့်ရင်တော့ တကယ့်ကို ကြိုးစားပမ်းစား ဆောင်ရွက်နေသလိုပါဘဲ။

ပြောရဦးမယ်၊ နာဂစ်မုန်တိုင်းပြီးခါစ နိုင်ငံတကာက ပေးတဲ့ ရွက်ဖျင်တဲအပြာတွေထဲမှာ နေထိုင်ခိုင်းပြီး ပြည်တွင်းပြည်ပကူညီပေးတဲ့ အကူအညီပစ္စည်းတွေကို ဝေငှပေးဖို့  တန်းစီ ဓါတ်ပုံအရိုက်ခံခိုင်းစေတဲ့ သူတွေက နာဂစ်မုန်တိုင်းဘေးဒဏ် တကယ်ခံရသူတွေ မဟုတ်ဘဲ သိန်းစိန်တို့  စီစဉ်ထားတဲ့သူတွေ ဖြစ်နေခဲ့တယ်ဆိုတာပါဘဲ။

အပြည့်ဖတ်မည်...

မဟာစင်ဆိုတာ ဘယ်သူလည်း မြင်ဖူးအောင်။

မဟာစင်ဆိုတာ ဘယ်သူလည်း မြင်ဖူးအောင်။



အပြည့်ဖတ်မည်...

မဟာစင်မုန်တိုင်း အားပျော့တယ်ဆိုပြီး သတိလက်မလွတ်ကြပါနဲ့ ဦး။

မဟာစင်မုန်တိုင်း အားပျော့တယ်ဆိုပြီး သတိလက်မလွတ်ကြပါနဲ့ ဦး။

ယနေ့ ညနဲ့  မနက်ဖြန် နံနက်ပိုင်းအချိန်အတွင်း မဟာစင်မုန်တိုင်းနဲ့  ပတ်သက်ပြီး သတိထားမှု ဆက်လက်ရှိစေချင်ပါတယ်။

မဟာစင်မုန်တိုင်းအနေနဲ့  လေတိုက်ခတ်မှုအင်အားအရှိန် လျော့ကျနိုင်ပေမယ့် မိုးသည်းထန်စွာရွာခြင်း ဒီရေမြင့်တက်ခြင်းတို့ ကြောင့် ရေကြီးမှုများလည်း ရှိနိုင်ပါတယ်။




အပြည့်ဖတ်မည်...

မဟာစင်မုန်တိုင်း အခြေအနေ (မေလ ၁၆ ရက်၊ ၂၀၁၃ ခုနှစ်)။

မဟာစင်မုန်တိုင်း ဘင်္ဂလားဒေ့ရှ် ကမ်းရိုးတန်းကို ဖြတ်သန်းရာ လတ်တလော လူ နှစ်ဦး သေဆုံးမှု ရှိသွားပါပြီ။


အပြည့်ဖတ်မည်...

Wednesday, May 15, 2013

အမျိုးသားသဘာဝဘေး ကာကွယ်စောင့်ရှောက်ရေးဗဟိုကော်မတီက အခုမှ ဖွဲ့ တာလား။

အမျိုးသားသဘာဝဘေး ကာကွယ်စောင့်ရှောက်ရေးဗဟိုကော်မတီက အခုမှ ဖွဲ့ တာလား။

မနေ့  နေ့ စွဲ မေလ (၁၄) ရက်နေ့ နဲ့  ထုတ်ပြန်ကြေညာချက်ဖြစ်တဲ့ “အမျိုးသားသဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီ ဖွဲ့စည်းခြင်း” ဆိုတာကို ကြည့်ရင် ပြည်သူလူထုတွေ သဘာဝဘေးအန္တရာယ်မကျရောက်ခင် ကြိုတင်ပြီးတော့ ဒီလို ကာကွယ်စောင့်ရှောက်ရေးကော်မီတီကြီး ဖွဲ့  စည်းပြီး လုပ်ဆောင်နေပါတယ်လို့  နိုင်ငံတကာနဲ့  ပြည်သူလူထု သိအောင် လုပ်ပြလိုက်တာပါ။ တစ်ဖက်ကလည်း အရင် အမျိုးသားသဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီ မရှိခဲ့သလိုလိုနဲ့  ထုံးစံအတိုင်း သမိုင်းကြောင်းတွေကို ဖုံးကွယ် ထုံးသုတ်ပစ်ချင်တာပါဘဲ။

တကယ်တော့ အမျိုးသားသဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီဆိုတာ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း မတိုက်ခတ်မီကတည်းက ရှိနေခဲ့တာပါ။ အမျိုးသားသဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌဟောင်းက လက်ရှိ သမ္မတလုပ်နေတဲ့ သိန်းစိန်ပါ။ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းမတိုင်ခင်ကရော နာဂစ်မုန်တိုင်းဖြစ်နေချိန်မှာရော ပြည်သူလူထုအသက်အိုးအိမ်စည်းစိမ်ကို ထိထိရောက်ရောက် ကာကွယ်စောင့်ရှောက်တာ မဟုတ်ဘဲ သတင်းစာတွေထဲမှာ သတင်းပါ ဓါတ်ပုံပါအောင် ၀ါဒဖြန့် ချီရေးသက်သက်သာ လုပ်နေခဲ့တာပါ။ နာဂစ်မုန်တိုင်းတိုက်ခတ်အပြီး လူတွေသေကြေပျက်ဆီးပြီးနောက်ပိုင်းမှ၊ အင်တာနက်ပေါ်မှာ နာဂစ်မုန်တိုင်းတိုက်ခတ်နေစဉ် အသက်အန္တရာယ်နဲ့  ရင်းပြီး အချိန်နဲ့ တပြေးညီ ဖေါ်ပြပေးခဲ့ကြတဲ့ ပြည်သူတွေရဲ့  တာဝန်ရှိရှိ ဖေါ်ပြခဲ့တဲ့ ဓါတ်ပုံတွေ ဗွီဒီယိုကလစ်တွေကို ယူပြီး အမျိုးသားသဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီကဘဲ ဆောင်ရွက်သလိုလိုနဲ့  ညာခဲ့ကြတာပါ။ နာဂစ်မုန်တိုင်းတိုက်ခတ်ပြီးမှ သိန်းစိန်ကိုယ်တိုင်ကအစ လေပြေလေညင်းလေးအောက်မှာ မုန်တိုင်းသင့်ပြည်သူတွေကို ကူညီတယ်ဆိုပြီး နာမည်ကောင်းသွားယူပြခဲ့တာပါ။ နိုင်ငံတကာက ပေးတဲ့အကူအညီနဲ့  အလှူရှင်လက်ဖက်နဲ့  မျက်နှာကောင်းလုပ်သလို လုပ်ပြတာပါ။

ဒီလိုနဲ့  ပုန်းရှိုးနေတဲ့ အမျိုးသားသဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီကြီးဟာ နှစ်ပေါင်း (၅) နှစ်ကျော်ကြာ အိပ်မောကျနေပါတယ်။ အမျိုးသားသဘာဝဘေး ကာကွယ်စောင့်ရှောက်ရေးထက် ၂၀၀၈ ခုနှစ် ဖွဲ့ စည်းပုံအခြေခံဥပဒေအတည်ပြုရေး၊ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲဖြစ်မြောက်ရေး၊ လွှတ်တော်ဥက္ကဋ္ဌကြီး သမ္မတကြီးဖြစ်ရေးတို့ အတွက်က ပိုအရေးကြီးစွာနဲ့  သိန်းစိန်တို့  အလုပ်များနေပါတော့တယ်။

နာဂစ်မုန်တိုင်းအပြီး (၅) နှစ်ကျော်ကြာ ယခု မဟာစင်မုန်တိုင်းဝင်ခါနီး (၂) ရက်လောက်သာလိုတော့မှသာ အိပ်ပျော်နေတဲ့ အမျိုးသားသဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီကြီးကို အသစ်လိုလို အရေးတကြီးလိုလို ရုတ်တစ်ရက်ကြီး သေနေရာက အသက်သွင်းသလို ထပေါ်လာပါတော့တယ်။ မဟာစင်မုန်တိုင်းသာ မသေချာသေးဖူး မပေါ်ပေါက်သေးဖူးဆိုရင် နိုင်ငံတကာကသာ သတိပေးချက်တွေ မလုပ်ဖူးဆိုရင် အဆိုပါ အမျိုးသားသဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီကြီးက သိန်းစိန် ဥက္ကဋ္ဌအဖြစ် လွှတ်တော်ကြီးထဲမှာ ငိုက်မြည်းအိပ်ပျော်နေဦးမှာ ဖြစ်ပါတယ်။

ပြည်သူလူထုဘေးဒုက္ခရောက်တာကို အမှန်တကယ်ကူညီဖို့ လား၊ နိုင်ငံတကာနဲ့  မြန်မာပြည်သူလူထုက အပြစ်ပြောခံရမှာကို ကြောက်လို့  ကြိုကန်တာလား၊ နာဂစ်တုန်းကလိုဘဲ မဟာစင်မုန်တိုင်းကြောင့် ရလာနိုင်မယ့် ပြည်တွင်းပြည်ပ ငွေကြေး ပစ္စည်းအကူအညီတွေကို မြင်နေလို့  ရပေါက်တစ်ခုအနေနဲ့  ဂွင်ဖန်ဖို့  မျှော်ကိုးလုပ်တာလား၊ သူတို့ သာလျှင် လုပ်ကြောင်းနဲ့  ကျေးဇူးရှင်ကြီးတွေအဖြစ် ခံယူချင်လို့ လားဆိုတာကတော့ ကြည့်ရဦးမှာပါ။

ပြောချင်းတာကတော့ နဂိုက ရှိပြီးသား အမျိုးသားသဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီကြီးကို (၅) နှစ်ကျော်တောင် စောင့်ပြီးမှ နောက်ထပ်မုန်တိုင်းဝင်ခါနီး (၂) ရက်အလိုကျမှ ကော်မီတီအသစ်လိုလိုနဲ့  ဖွဲ့ စည်းပေါ်ထွက်လာတော့ အံ့သြမိပါတော့တယ်။



အပြည့်ဖတ်မည်...

မုန်တိုင်းအမည် မဟာစင်။

မုန်တိုင်းအမည် မဟာစင်။

ယခု မုန်တိုင်းကို မဟာစင်လို့  အမည်သတ်မှတ်တဲ့ သမိုင်းကို ကြည့်ရင် - မဟာစင် (Mahasen) ရဲ့  အမည်အပြည့်အစုံကတော့ (Mahasena) မဟာစင်န ဆိုတဲ့ သီရိလင်္ကာနိုင်ငံကို သက္ကရာဇ် ၂၇၇ ခုနှစ်ကနေ ၃၀၄ ခုနှစ်အထိ အုပ်ချူပ်ခဲ့တဲ့ ဘုရင်မင်းတစ်ပါးရဲ့  အမည်ကို ယူထားတာ ဖြစ်ပါတယ်။

ဒီ မင်းဆိုး မဟာစင်နဟာ ထေရ၀ါဒ ဗုဒ္ဓဘာသာကို ဆန့် ကျင်သူဖြစ်ပြီး များပြားစွာသော ဘုရားစေတီပုထိုးကျောင်းများကို ဖျက်ဆီးပစ်ခဲ့သူ ဖြစ်ပါတယ်။

ဆိုင်ကလုန်းမုန်တိုင်းကို အမည်ပေးဖို့  သတ်မှတ်ထားတဲ့အမည်စာရင်းထဲမှာ စုစုပေါင်း (၁၀၄) အမည်ရှိပါတယ်။ မြန်မာအမည်တော့ မပါသေးပါဖူး။

နောက်ပိုင်း မုန်တိုင်း မြေငလျင်တွေဖြစ်ပေါ်လာရင် “Ne Win” (သို့ ) Than Shwe” လို့  အမည်ပေးနိုင်ပါရဲ့ ။

သဘာဝဘေးအန္တရာယ်တွေကို ယုတ်မာသူတစ်ဦးရဲ့  အမည်ပေးတာကို တစ်ဘက်ကကြည့်ရင် နောင်လာနောက်သားတွေ လူယုတ်မာတွေရဲ့  လုပ်ဆောင်မှုတွေကို သမိုင်းဖြစ်ရပ်တွေကို သိရှိရအောင် လုပ်တာဖြစ်ပေမယ့်၊ တစ်ဖက်က ကြည့်ရင် အဆိုပါ လူယုတ်မာတွေ မသေခင်တုန်း ကာလတောက်လျှောက်မှာ လူသားအပေါင်းကို ဒုက္ခပေးခဲ့တာ အင်မတန်ဆိုးရွားလွန်းလို့  သဘာဝဘေးအန္တရာယ်ဖြစ်တဲ့ မုန်တိုင်းဘဲဖြစ်ဖြစ် မြေငလျင်ဘဲဖြစ်ဖြစ် ထပ်မံ ဒုက္ခမပေးပါနဲ့  တော့လို့  ပြောချင်ပါတယ်။ လူသားမပီသကြတဲ့ လူယုတ်မာတွေနဲ့  ပတ်သက်ပြီး ထပ်မံ ဘေးဒုက္ခ မြူမှုံမျှတောင် မကျရောက်စေချင်တော့လို့ ပါ။


အပြည့်ဖတ်မည်...

Tuesday, May 14, 2013

မဟာစင်မုန်တိုင်း၏ (၅) ရက်တာ အခြေအနေ။

မဟာစင်မုန်တိုင်း၏ (၅) ရက်တာ အခြေအနေ။

မဟာစင် မုန်တိုင်း၏ အခြေအနေ - မေလ (၁၄) ရက်နေ့ မှ (၁၈) ရက်နေ့ အထိ ဖြစ်ပါတယ်။


ယနေ့  မှာ မဟာစင်မုန်တိုင်းရဲ့  အင်အားဟာ တစ်နာရီကို မိုင် (၆၀) နှုန်းခန့် သာ ရှိနေပေမယ့်၊ မနက်ဖြန် မေလ (၁၅) ရက်နေ့ မှာ တစ်နာရီကို မိုင် (၇၀) နှုန်းထိ တိုးမြင့်လာလိမ့်မယ်လို့  ခန့် မှန်းထားပြီး၊ မြန်မာပြည်ကုန်းပိုင်းသို့  မရောက်ရှိမီ မေလ (၁၆) ရက်နေ့ မှာတော့ တစ်နာရီကို မိုင် (၈၀) နှုန်းထိ ရောက်ရှိလာမှာ ဖြစ်ပါတယ်။





မြန်မာပြည် ကုန်းပိုင်းကို မေလ (၁၇) ရက်နေ့  ညနေပိုင်းစတင်ဝင်ရောက်မယ့် မဟာစင်မုန်တိုင်းဟာ တစ်နာရီကို အနည်းဆုံး မိုင် (၇၀) နှုန်းနဲ့  တိုက်ခတ်ဝင်ရောက်မှာ ဖြစ်ပါတယ်။

မြန်မာပြည်ကုန်းပိုင်းကို ၀င်ရောက်ဖြတ်သန်းချိန်မှာ ဆိုင်ကလုန်း (Cyclone) မုန်တိုင်းအဖြစ်ကနေ ဟာရီကိန်း (Hurricane) အဖြစ်သို့  ပြောင်းလဲသွားပြီး လေတိုက်ခတ်မှုနဲ့ အတူ မိုးပြင်းထန်စွာ ရွာသွန်းခြင်းဖြစ်မယ်လို့  မိုးလေ၀သဌာနများမှ တွက်ချက်ထားကြပါတယ်။


မေလ (၁၈) ရက်နေ့ မှာတော့ တစ်ဖြေးဖြေးနဲ့  အရှိန်လျော့ကျပြီး တစ်နာရီကို (၂၅) မိုင်နှုန်းထိ ကျဆင်းသွားပြီး ပြေပျောက်သွားမယ်လို့  ခန့် မှန်းတွက်ချက်ထားကြပါတယ်။

အပြည့်ဖတ်မည်...

Monday, May 13, 2013

ပြည်သူ ဒုက္ခရောက်နေတာကို ကူညီဖို့ ထက်၊ ပြည်သူဒုက္ခရောက်နေတာကို ခုတုံးလုပ်ခဲ့ကြသူတွေ …

ပြည်သူ ဒုက္ခရောက်နေတာကို ကူညီဖို့ ထက်၊ ပြည်သူဒုက္ခရောက်နေတာကို ခုတုံးလုပ်ခဲ့ကြသူတွေ …



အပြည့်ဖတ်မည်...

နာဂစ်တုန်းက ရှောင်နေသူကြီး အခု မဟာစင် လာနေပြီ၊ ထ ကြည့်ဦးလေ …..

နာဂစ်တုန်းက ရှောင်နေသူကြီး အခု မဟာစင် လာနေပြီ၊ ထ ကြည့်ဦးလေ …..


အပြည့်ဖတ်မည်...

မြေသိမ်း၍ မြေကြီးထဲသို့  သွားလတံ့။ ဤအ၀တ်အစား ဤထိုင်ခုံဖြင့် ဤလို ယာဉ်မျိုးစီးမည်။

မြေသိမ်း၍ မြေကြီးထဲသို့  သွားလတံ့။

ဤအ၀တ်အစား ဤထိုင်ခုံဖြင့် ဤလို ယာဉ်မျိုးစီးမည်။







အပြည့်ဖတ်မည်...

သတိပေးတာလေးအပြင် ကြိုတင်ကာကွယ် ရှောင်ရှားနိုင်ရန် လက်တွေ့  စီစဉ်ကူညီပေးမှုများလည်း လိုအပ်ပါတယ်။

သတိပေးတာလေးအပြင် ကြိုတင်ကာကွယ် ရှောင်ရှားနိုင်ရန် လက်တွေ့  စီစဉ်ကူညီပေးမှုများလည်း လိုအပ်ပါတယ်။



အပြည့်ဖတ်မည်...

ယနေ့  မဟာစင်ဆိုင်ကလုန်းရဲ့  အခြေအနေဖြစ်ပါတယ် (မေလ ၁၃ ရက်နေ့ ၊ ၂၀၁၃ ခုနှစ်)။

ယနေ့  မဟာစင်ဆိုင်ကလုန်းရဲ့  အခြေအနေဖြစ်ပါတယ် (မေလ ၁၃ ရက်နေ့ ၊ ၂၀၁၃ ခုနှစ်)။



အပြည့်ဖတ်မည်...

Sunday, May 12, 2013

မုန်တိုင်းကို ယတြာခြေရသလား။

မုန်တိုင်းကို ယတြာခြေရသလား။

ပြည်သူလူထု အသက်အိုးအိမ်စည်းစိမ်တွေ ပျက်ပြားအောင် ယတြာခြေခိုင်းပြီး မုန်တိုင်းရန်တော့ မရှောင်ခိုင်းပါနဲ့ ။ လူသားအသက်တွေကို လေးစားကြပါ။


ဥစ္စာစီးပွား လာဘ်လာဘတိုးဖို့  ယတြာခြေကြတယ်၊ ရာထူးနေရာ တိုးဖို့ ယတြာခြေကြတယ်၊ မျက်နှာပွင့်လန်း ချစ်ခင်ကြဖို့  ယတြာခြေကြတယ် စသဖြင့် မြောက်မြားစွာသော အကြောင်းအရပ်တွေ အမျှော်အကိုးတွေအတွက် ယတြာခြေကြတယ်။

စာမေးပွဲအောင်ဖို့  လက်တွေ့ မှာ စာကြိုးစာသင်ယူ လေ့လာဖတ်ရှူမှ စာမေးပွဲဆိုတာ အောင်မှာပါ။

ကျန်းမာရေးကောင်းဖို့  ရောဂါဘေးသက်သာစေဖို့  ယတြာခြေကြတယ်၊ လက်တွေ့ မှာ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့အရာတွေကို ရှောင်ရှားမှ ဆေးဝါးသောက်သုံး ကုသမှ ကျန်းမာမှာ ရောဂါသက်သာ ပျောက်ကင်းမှာပါ။

ဘ၀တိုးတက်ကြီးပွားအောင်မြင်စေဖို့  ယတြာခြေကြတယ်၊ လက်တွေ့ မှာ ကြိုးစားအားထုတ်မှု မရှိ ပညာဗဟုသုတ တတ်ကျွမ်းမှု လုပ်ကိုင်ဆောင်ရွက်မှု ရှိမှ တိုးတက်ကြီးပွား အောင်မြင်မှာပါ။

ဒီအထဲမှာ ဘေးအန္တရာယ်ကင်းရှင်းဖို့ အတွက် ကြောက်ရွံ့ စိုးရိမ်စွာနဲ့  ယတြာခြေကြတယ်၊ ကျရောက်လာနိုင်မယ့် သဘာဝဘေးအန္တရာယ်ကို ယတြာခြေရုံနဲ့  လုပ်နေရင်တော့ မဆုံးရှုံးသင့်တဲ့ အသက်တွေ ဆုံးရှုံးကုန်မှာ အမှန်ပါ။

သဘာဝဘေးအန္တရာယ်အကြောင်း လေ့လာသုံးသပ်ပြီး ကြိုတင်ကာကွယ်မှုတွေ၊ ရှောင်ရှားနိုင်ဖို့  စီစဉ်ထားမှုတွေ၊ ရင်ဆိုင်နိုင်ဖို့ အတွက် ကြိုတင်ပြင်ဆင်မှုတွေ မလုပ်ဘဲနဲ့  ယတြာကြီးဘဲ ထိုင်ခြေနေပြီး စောင့်ဆိုင်းနေလို့ ကတော့ တစ်သက်မက နောက်ထက် အသက်တွေရှိနေရင်တောင် လောက်မှာ မဟုတ်ပါဖူး။

ယခု တွေ့ မြင် ကြားသိနေရတာက မုန်တိုင်းလာမှာမို့  လွတ်ကင်းအောင် ယတြာတွေ ခြေဖို့  ယတြာတွေ ခြေကြစို့  လုပ်နေကြပါတယ်။

မုန်တိုင်းကို ယတြာခြေလို့  မုန်တိုင်းဘဲ ကြေမလား၊ ယတြာခြေကြတဲ့သူတွေဘဲ ကြေကုန်မလား။ မုန်တိုင်းကို ယတြာခြေလို့  ရကြေးလား။

ဒီလို ယတြာခြေဖို့ ကိုလည်း မြောက်ပေး တိုက်တွန်းနေကြသူတွေ ရှိနေပါတယ်။ ပြည်သူလူထု အသက်အိုးအိမ်စည်းစိမ်တွေ ပျက်ပြားအောင် ယတြာခြေခိုင်းပြီး မုန်တိုင်းရန်တော့ မရှောင်ခိုင်းပါနဲ့ ။ လူသားအသက်တွေကို လေးစားကြပါ။

အပြည့်ဖတ်မည်...

မိခင်များနေ့  (Mother”s Day) ဆုတောင်း။



မိခင်များနေ့  (Mother”s Day) ဆုတောင်း။

ကျွေးမွေးသုတ်သင် သက်ဆုံးပင်
ချစ်ခင်ရှာပေ တို့မေမေ။

ငယ်စဉ်ကာလ စည်းကမ်းပြ
ဆုံးမခဲ့ပေ တို့မေမေ။

အရွယ်ရောက်လာ ကျောင်းအပ်ကာ
ပညာပေးပေ တို့မေမေ။

ကျ
န်းမာဖို့ရေး သင်ရာကျွေး
လေးစားအပ်ပေ တို့မေမေ။

ဝတ်စားဆင်ယင် မြတ်နိုးကြင်
ချစ်ခင်အပ်ပေ တို့မေမေ”


ယနေ့  ကျရောက်တဲ့ မိခင်များနေ့  (Mother’s Day) ရောက်ခါနီးမှာ မိခင်ကွယ်လွန်သွားရှာကြတဲ့ တူလေး တူမလေးအပါအ၀င် မိခင်မဲ့သွားကြရရှာသော ကျန်ရစ်သော သားသမီးများအတွက် အထူးကြေကွဲဝမ်းနည်းရပါတယ်။

ထို့ အတူ နာဂစ်မုန်တိုင်းအတွင်းမှာ မိခင်မဲ့သွားခဲ့ရရှာသော သားသမီးအပေါင်းတိုအား ပြန်လည်စာနာမှုနဲ့ အတူ၊ ယခု နောက်နောင် ကျရောက်မည့် သဘာဝဘေးအန္တရာယ်များနှင့် ကင်းဝေးပြီး မိသားစုအပေါင်း ဥမကွဲ သိုက်မပျက်ဘဲ အတူတစ်ကွ နေထိုင်နိုင်ကြပါစေလို့  ဆုတောင်းအပ်ပါတယ်။

မိခင်များနေ့  ဆုတောင်။

ကြောက်မက်ဖွယ် နာဂစ်မုန်တိုင်းနဲ့  သဘ၀ဘေးအန္တရာယ်များကြောင့် ဝေးကွာသွားခဲ့ကြရတဲ့ မိခင်များနဲ့ သားသမီးများအတွက် မိခင်များနေ့ မှာ -

ယုတ်မာသူ ရမ်းကားသူ အာဏာရူးအုပ်စုရဲ့  မတရားဖိနှပ်ညဉ်းပမ်းအုပ်စိုးမှုအောက်မှာ ရှင်ကွဲကွဲ သေကွဲကွဲကြရတဲ့ မိခင်များနဲ့  သားသမီးများအတွက် မိခင်များနေ့ မှာ -

အကြပ်အတည်းမျိုးစုံနဲ့  ရင်ဆိုင်နေကြရတဲ့ ခေတ်စနစ်ဆိုးအောက်မှာ ခက်ခဲကြမ်းတမ်းစွာနဲ့  ရုန်းကန်ဖြတ်သန်းလှုပ်ရှားနေကြလို့  ဝေးကွာနေကြရတဲ့ မိခင်များနဲ့  သားသမီးများအတွက် မိခင်များနေ့ မှာ -

တိုင်းပြည်နဲ့  လူမျိုးအကျိုးအတွက် ကိုယ်ကျိုးစွန့် လွှတ်ပြီး ခိုင်မာသော ယုံကြည်ချက်ဖြင့် အခက်အခဲမှန်သမျှ အချုပ်အနှောင်မှန်သမျှ ညဉ်းပမ်းသတ်ဖြတ်မှုမှန်သမျှ ရင်ဆိုင်ကြုံတွေ့ နေကြပြီး ဝေးကွာနေကြရတဲ့ မိခင်များ သားသမီးများအတွက် မိခင်များနေ့ မှာ -

အမိမြန်မာပြည်နှင့် အခြေအနေ အကြောင်းအမျိုးမျိုးကြောင့် ရေခြားမြေခြားဒေသများသို့ ရောက်ရှိကာ ဝေးကွာနေကြရသော မိခင်များ သားသမီးများအတွက် မိခင်များနေ့ မှာ - ကိုယ်ချင်းစာတရား ထားတတ်ကြမယ်ဆိုရင် - နေ့ စဉ်နေ့ တိုင်း မိခင်များနေ့ အဖြစ် အောက်မေ့အသိအမှတ်ပြုကြပြီး -

မြန်မာပြည်က မိခင်တွေ ဘ၀အခြေအနေကို ဘယ်လို စောင့်ရှောက်ကူညီသင့်ကြသလည်း။

"မိခင်တွေကို ကျေးဇူးဆပ်ကြပါ။"

"မိခင်တွေကို ပြုစုစောင့်ရှောက်ကြပါ။"

"မိခင်တွေကို အကာအကွယ်ပေးကြပါ။"

"မိခင်တွေ ဘ၀ကို တန်ဖိုးထား မြတ်နိုးကြပါ။"

"မိခင်တွေကို လေးစားသမှု ပြုကြပါ။"

"မိခင်တွေ ပညာရေးအဆင့်အတန်း လူနေမှုအဆင့်အတန်း ကျန်းမာရေးအဆင့်အတန်း မြင့်မားတိုးတက်အောင် ဆောင်ရွက်ပေးကြပါ။"

(မေလ ၁၂ ရက်၊ ၂၀၁၃ ခုနှစ် - မိခင်များနေ့  Mother’s Day)။

အပြည့်ဖတ်မည်...

“မဟာစင်” အမည်ရ (Mahasen) မုန်တိုင်း လက်ရှိအခြေအနေပြ မြေပုံ (မေလ ၁၂ ရက်နေ့ ၊ ၂၀၁၃ ခုနှစ်။

“မဟာစင်” အမည်ရ (Mahasen) မုန်တိုင်း လက်ရှိအခြေအနေပြ မြေပုံ (မေလ ၁၂ ရက်နေ့ ၊ ၂၀၁၃ ခုနှစ်။

မုန်တိုင်းရှိတယ် မုန်တိုင်းရှိတယ် အော်သာအော်နေတယ်၊ ပြည်သူတွေကို ဘေးအန္တရာယ်ကင်းဝေးရာနေရာတွေကို ကြိုတင်ရှောင်ရှားနိုင်ဖို့  ဘာမှ လက်တွေ့  မစီစဉ်ပေးကြသေးဖူး၊ နာဂစ်လိုသာ ထပ်မံ ခံရရင်တော့ လက်ရှိ အုပ်ချူပ်သူတွေ နေရာရာထူးတွေက ချက်ချင်း ထွက်ပေးတော့။


အပြည့်ဖတ်မည်...

Saturday, May 11, 2013

လက်ရှိ TC One မုန်တိုင်း အခြေအနေ။

လက်ရှိ TC One မုန်တိုင်း အခြေအနေပြချက်အရ မြန်မာပြည်တွင်းဘက်သို့  ဦးတည်ရွေ့ လျားလျက်ရှိနေပြီး တနင်္လာနေ့ ညနေဖက် (၅) နာင်္ရီပတ်ဝန်းကျင်လို့  ခန့် မှန်းထားပါတယ်။



 ပြောင်းလဲမှုအခြေအနေများအား ဆက်လက်ဖေါ်ပြပေးပါမယ်။

အပြည့်ဖတ်မည်...

မုန်တိုင်းကြိုတင်သတိပေးခြင်းနှင့် ကာကွယ်ခြင်း။

မုန်တိုင်းကြိုတင်သတိပေးခြင်းနှင့် ကာကွယ်ခြင်း။

ကူညီ၍ ဆက်လက်ဖြန့်စေလိုပါသည်။




အပြည့်ဖတ်မည်...

Friday, May 10, 2013

သတိထား၍ အခြေအနေစောင့်ကြည့်ရမည့် မုန်တိုင်းငယ်တစ်ခု မြန်မာပြည်ဘက်သို့  ဦးတည်နေ။

သတိထား၍ အခြေအနေစောင့်ကြည့်ရမည့် မုန်တိုင်းငယ်တစ်ခု မြန်မာပြည်ဘက်သို့  ဦးတည်နေ။

ဘင်္ဂလားပင်လယ်အော်မှာ တည်ရှိဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ် (TC 1 – TC One 13) ယနေ့  အချိန်မှာ မုန်တိုင်းငယ် အဆင့် (၁) အဖြစ် ရောက်ရှိနေပါတယ်။

မုန်တိုင်းအဆင့် သတ်မှတ်မှုအရ လေတိုက်နှုန်း တစ်နာရီကို ၇၄ မိုင်နဲ့  ၉၅ မိုင်အကြား လေတိုက်နှုန်းနဲ့  ရွေ့ လျားနေတယ်လို့  သတ်မှတ်ထားပါတယ်။


အဆိုပါ မုန်တိုင်းငယ်ဟာ လာမည့် တနင်္ဂနွေနေ့  (မေလ ၁၃) ရက်နေ့  ညဘက်ပိုင်းအချိန်မှာ မြန်မာပြည်ကုန်းတွင်းဘက်ကို ရောက်ရှိနိုင်သည့် အလားအလာရှိတယ်လို့  ခန့် မှန်းထားပါတယ်။

ယခုအချိန်မှ စ၍ အဆိုပါ မုန်တိုင်းငယ်ရဲ့  အင်အားဟာ ပိုမိုကြီးထွားလာမလား (သို့ ) အားပျော့သွားမလားဆိုတာရယ်၊ မုန်တိုင်းရွေ့ လျားရာ လမ်းကြောင်း ပြောင်းသွားမလား၊ ကုန်းတွင်းပိုင်းကို ၀င်ရောက်ချိန်မှာ အင်အားအခြေအနေ ဘယ်လို ရှိနိုင်မလည်းဆိုတာ မျက်ခြေမပြတ် စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။


မုန်တိုင်းငယ် ကုန်းတွင်းပိုင်းကို ရောက်ရှိနိုင်မည့်ရက်ဟာ ရက်ပိုင်းအနည်းငယ်အတွင်း ဖြစ်နေတဲ့အတွက် အင်အားသေးသည်ဖြစ်စေ ကြီးသည်ဖြစ်စေ၊ မြန်မာနိုင်ငံ ကုန်းတွင်းပိုင်းအတွင်း ၀င်ရောက်သည်ဖြစ်စေ မ၀င်ရောက်သည်ဖြစ်စေ၊ လက်ရှိအချိန်တွေမှာ မြန်မာရေပြင်ပိုင်နက်မှာ ရှိနေကြတဲ့သူတွေနဲ့  မြန်မာနိုင်ငံ ကမ်းရိုးတန်းဒေသမှာ နေထိုင်နေကြတဲ့သူတွေကို ကြိုတင်သတိပေးထားဖို့  လိုပါတယ်။ ထပ်မံဖြစ်ပေါ်လာမည့် အခြေအနေတွေကို စောင့်ကြည့်လေ့လာဖို့  လိုသလို၊ သဘာဝဘေးအန္တရာယ် ကြိုတင်ရှောင်ရှားနိုင်ဖို့  ပြင်ဆင်မှုတွေ အဆင်သင့်ရှိနေဖို့ လိုအပ်ပါတယ်။

ဒီလို ကြိုတင်သတိပေးမှု အကြောင်းကြားမှု ထုတ်ပြန်ကြေညာမှုနဲ့  ကြိုတင်ရှောင်ရှားနိုင်ဖို့  အတွက် ပြင်ဆင်မှုတွေကို ဆောင်ရွက်ဖို့  အဓိကတာဝန်ရှိတွေသူကတော့ လက်ရှိအုပ်ချူပ်နေသူတွေ ဖြစ်ပါတယ်။

ကျရောက်နိုင်သည့် ဘေးအန္တရာယ်မှန်သမျှ ထိတ်လန့် စိုးရိမ်စွာဖြင့် ရင်ဆိုင်ခြင်းထက် တည်ငြိမ်စွာဖြင့် စနစ်တကျ ပြင်ဆင်ဆောင်ရွက်ကာ စုပေါင်းအားဖြင့် တစ်ဦးနှင့် တစ်ဦး ကူညီရိုင်းပင်း ကာကွယ်ရင်ဆိုင်ကြဖို့ ပါ၊ မြန်မာပြည်သူပြည်သားတွေ ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေ။

အပြည့်ဖတ်မည်...

စစ်သားသုံးဦးက လူငယ်တစ်ယောက်ကို ဝိုင်းဝန်းရိုက်နှက်ခဲ့လို့  လူငယ်သေဆုံးခဲ့ရတာကြတော့ ထောင်ဒဏ် (၃) နှစ်တဲ့။

သိန်းစိန် (၄၀၁)။

ဟင်္သာတမြို့နယ် ကျုံတွမ်ကျေးရွာမှာ စစ်သားသုံးဦးက လူငယ်တစ်ယောက်ကို ဝိုင်းဝန်းရိုက်နှက်ခဲ့လို့  လူငယ်သေဆုံးခဲ့ရတာကြတော့ ထောင်ဒဏ် (၃) နှစ်တဲ့၊ နိုင်ငံရေး ယုံကြည်ချက်တို့ ၊ လူ့ အခွင့်အရေးအတွက် တောင်းဆိုတာတို့ ၊ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်တာတို့  ကြတော့ ချလိုက်တဲ့ နှစ်ရှည်ထောင်ဒဏ်တွေ။

ဒါတောင် အားမရသေးဖူး ထောင်ကြွေးဆိုပြီး ပြန်တောင်းရသေးတယ်လို့  ။



အပြည့်ဖတ်မည်...

အင်းတိုင်းရင်းသားတောင်သူများ ကလောမြို့နယ်တရားရုံးသို့ လမ်းလျှောက်။

ဟော်တယ်ဇုံစီမံကိန်းဒေသမှ အင်းတိုင်းရင်းသားတောင်သူများ ကလောမြို့နယ်တရားရုံးသို့ လမ်းလျှောက်။


ယနေ့နံနက် ၈နာရီ ခန့် တွင် အင်းလေးဟော်တယ်ဇုံဒေသမှ ပုဒ်မ ၁၈၈ ပုဒ်မ ၃၅၃ တို့ဖြင့် တရားစွဲဆိုခံရသော တောင်သူ ၇ဦး နှင့် ကန်ဘဲ့ကျေးရွာ အင်ကြင်းကုန်းကျေးရွာမှ တောင်သူ ၅၀ ဦးခန့်သည် ကလောမြို့နယ်တရားရုံးသို့ ခြေလျင်လမ်းလျှောက်လာကြကြောင်းသိရှိရပါသည်။

ကလောမြို့နယ်တရားရုံးသို့ သွားရောက်ရန် ကားတစ်စီး စီစဉ်ပေးသော်လည်း ကျောက်တင်သည့်ကားဖြစ်နေသည့်အပြင် လိုက်ပါမည့် လူဦးရေနှင့် မလောက်ငသည့်အတွက် လမ်းလျှေက်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။


မိုင်းသောက်ကျေးရွာအနီးတွင် ညောင်ရွှေခရီးသည်တင် လိုင်းကား နှစ်စီးစီစဉ်ပေးသဖြင့် ကားဖြင့် လိုက်ပါပြီး၊ ညောင်ရွှေ မြို့နယ်ရဲတပ်ဖွဲ့မူး ဦးကြီးမြင့် နှင့် တွေ့ဆုံပြီး အချက် သုံးချက် တင်ပြခဲ့ ကြောင်း (၁) ရှမ်းပြည်နယ်အစိုးရနှင့် တွေ့ဆုံဆွေးနွေးခွင့်ပြုရန် (၂) တရားစွဲဆိုထားသောအမူ့ များအား ရုပ်သိမ်းပေးရန် (၃) ကလောမြို့နယ်တရားရုံးမှ ညောင်ရွှေမြို့နယ်တရားရုံးသို့ ပြောင်းရွှေ့ပေးရန် တို့ တင်ပြဆွှေးနွေးခဲ့ကြောင်း ကိုသားကြီးမှ ပြောဆိုခဲ့ပါသည်။

ဒီအဖြစ်အပျက်မှာ ညောင်ရွှေမြို့နယ် အုပ်ချုပ်ရေးမူးဦးစိုးဝင်းနိင်မှ ညောင်ရွှေမြို့နယ်တရားရုံးတွင် ပုဒ်မ ၁၈၈ ပုဒ်မ ၃၅၃တို့ဖြင့် အင်းတိုင်းရင်းသားတွေကို မတရား တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး၊ တောင်ကြီးခရိုင်တရားရုံးသို့ ပြောင်းရွှေ့စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း၊ လုံခြုံရေးအားအကြောင်းပြုပြီး ကလောမြို့နယ်တရားရုံးသို့ ထပ်မံပြောင်း ရွှေ့ခဲ့ကြောင်း သိရှိရပါသည်။


အင်းတိုင်းရင်းသားတွေအပေါ် မတရားအနိုင်ကျင့်မှုရဲ့  နောက်ခံသမိုင်းကြောင်းကို ဖေါ်ပြရမည်ဆိုလျှင် - ညောင်ရွှေမြို့နယ်အတွင်းတည်ရှိ သတ်မှတ်ထားသည့် အင်းဟိုတယ်ဇုန်စီမံကိန်းနေရာတွင် ကျရောက်နေသော ကံပဲ့ နှင့် အင်ကြင်းကုန်းရွာသားများက စုပေါင်းပြီး ဘူဒိုဇာဖြင့်ထိုးနေသည့် ဖြူစင်ကုမ္ပဏီအား အင်းတိုင်းရင်းသားတောင်သူတွေက မိမိတို့ စိုက်ပျိုးမြေများအား ဘူဒိုဇာဖြင့် ဖျက်ဆီးခြင်း မပြုရန် စတင်ကန့်ကွက်ခဲ့တာ ဖြစ်ပါတယ်။


မိမိတို့ ဘိုးစဉ်ဘောင်ဆက် လုပ်ကိုင်စားသောက်လာသောမြေများ ဖြစ်ကြောင်း၊ ဟိုတယ်ဇုန်စီမံကိန်းကြောင့် ရရှိလာမည့် လမ်း ကောင်းမည်ဆိုနေခြင်း၊ အလုပ်အကိုင် ပေါ်လာမည်ဆိုနေခြင်းအား လက်မခံနိုင်ကြောင်း၊ သစ်တောမြေဟုဆိုနေသော်လည်း သစ်တောပိုင်မြေအဖြစ် စတင် သတ်မှတ်ခဲ့သည်မှာ ၂၀၀၁ ခုနှစ်ကမှ ဖြစ်ကြောင်း၊ ယင်းအရင် ရှေးနှစ်ပေါင်း ၅၀ကျော်၊ ၁၀၀ကျော်ခန့်ကတည်းက မိမိတို့ လုပ်ကိုင်စားသောက်နေသောမြေများ ဖြစ်ကြောင်း အင်ကြင်းကုန်းရွာသားများနှင့် ကံပဲ့ရွာသားများက ဆိုပါတယ်။ မိမိတို့လယ်ယာမြေများအတွက် သီးနှံလျော်ကြေး သုံးနှစ်စာပေးသည်ကိုလည်း မလိုချင်ကြောင်း ၊ လက်မခံနိုင်ကြောင်း ယင်းရွာသားများက ဆိုပါတယ်။


သို့သော်လည်း ဟိုတယ်ဇုန်တွင် ပါဝင်သော သီးနှံလျော်ကြေး မထုတ်ယူရသေးသည့် ရွာသား တောင်သူ (၁၀) ဦးအား သလဲဦးကျေးရွာအုပ်ချုပ်ရေးမှူးက ဖေဖော်ဝါရီ (၅) ရက်နေ့ရက်စွဲဖြင့် သီးနှံလျော်ကြေးများ လာရောက်ထုတ်ယူရန် အမိန့်စာ ထုတ်ပြန်ခဲ့ကြောင်း၊ သီးနှံလျော်ကြေးအား ဖေဖော်ဝါရီ ၂၀ ရက်နေ့ နောက်ဆုံးထား ထုတ်ယူရန် အမိန့်ပေးထားကြောင်း၊ မိမိတို့ အနေဖြင့် လက်မခံနိုင်ကြောင်း ထုတ်ယူရန်လည်း စိတ်မကူးကြောင်း၊ မိမိတို့ ထုတ်ယူလိုက်လျင် လုပ်ကိုင်စားသောက်စရာ မြေမရှိတော့ကြောင်း အင်ကြင်းကုန်းရွာသားက ပြောဆိုရှင်းပြခဲ့ပါတယ်။

အင်းတိုင်းရင်းသားတောင်သူတွေက ဆက်လက်ကန့် ကွက်တာတွေလုပ်နေမှုကြောင့် အင်းတိုင်းရင်းသားတွေထဲက ရွာသား (၇) ဦးအား သလဲဦးကျေးရွာအုပ်ချုပ်ရေးမှုး ဦးညိုတင် ထံအမည်များမေးမြန်းကာ ထိုရွာသားများအား ပုဒ်မ ၁၈၈ ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါတယ်။

(သတင်း/ဓာတ်ပုံ - ကိုမိုး - မျိုးဆက်သစ်)။

အပြည့်ဖတ်မည်...

Thursday, May 9, 2013

ဘယ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်က ရုံးလည်း …..

ဘယ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်က ရုံးလည်း …..



အပြည့်ဖတ်မည်...