Monday, April 29, 2013

Roger Mitton ရေးသားချက်နဲ့  Myanmar Times ဖေါ်ပြချက်။

Roger Mitton ရေးသားချက်နဲ့  Myanmar Times ဖေါ်ပြချက်။

တစ်ချိန်တုန်းက အကြားအမြင်ရလို့  ဒေါ်အောင်ဆန်းစုကြည်ကို ကယ်တင်ဖို့ ဆိုပြီး ရေကူးဝင်ရောက်ခဲ့တဲ့ နိုင်ငံခြားသားအရူး ဂျွန်ယက်တောကြောင့် နေရင်းထိုင်းရင်း ဒုက္ခရောက်ရသလို ဒီအကြောင်းကို ပုံကြီးချဲ့ တဲ့ အာဏာရူးတွေကြောင့်လည်း မြန်မာပြည်အရေး ဂဃနဏ နားမလည်ကြတဲ့ မြန်မာပြည်အရေးကျွမ်းကျင်သူ Burma Expert နိုင်ငံခြားသားသောက်တစ်လွဲများကြောင့် ဂျွန်ယက်တော ကိစ္စက အရေးမပါ ဟိုးလေးကျော်ခဲ့ရသေးတယ်။

အခုလာပြန်ပြီ နောက်တစ်ယောက် - Roger Mitton။

သူရေးထားတာဖြစ်တဲ့ http://www.mmtimes.com/index.php/opinion/6569-oh-daw-suu-where-art-thou.html
ကို မဖတ်ခင် - အဲ့ဒီ Roger Mitton ပြောတဲ့ ယခုလက်ရှိ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒေါ်အောင်ဆန်းစုကြည် အစစ်မဟုတ်ပါဖူး၊ ဒေါ်အောင်ဆန်းစုကြည် အစစ်က ပျောက်ကွယ်နေပြီး လက်ရှိက ဒေါ်အောင်ဆန်းစုကြည် အတုဆိုလို့  Roger Mitton ကို မေးပါရစေ။

ဒေါ်အောင်ဆန်းစုကြည် ပုံရော သေသေချာချာ ကြည့်ဖူးရဲ့ လား၊ ဒေါ်အောင်ဆန်းစုကြည် အသံရော အာရုံစိုက်နားထောင်ဖူးရဲ့ လား၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရော တစ်ကြိမ်တစ်ခါမျှ တွေ့ ဆုံဖူးရဲ့ လား။

Roger Mitton ပြောတာကို ရေးသားတာကို ပြောတဲ့ရေးတဲ့သူထက် အတော့်ကို အံ့သြမိတာက Myanmar Times ဘဲ။ ဒီပြောဆိုချက်ဟာ မမှန်ကန်ဖူးဆိုတာ သိသိကြီးနဲ့ Myanmar Times က ဖေါ်ပြတယ်ဆိုတာ အံ့သြမိတာ အမှန်ဘဲ။ Myanmar Times က ဘာသဘောနဲ့ ဖေါ်ပြတာလည်းဆိုတာ ဆန်းစစ်ကြည့်ရရင် - ဒီရေးသားချက်ကို ဖတ်မိတဲ့ မြန်မာပြည်သူပြည်သားတွေနဲ့  အတွေးအခေါ်ရှိတဲ့ နိုင်ငံတကာပြည်သူတွေကို လက်ရှိ ဒေါ်အောင်ဆန်းစုကြည်ဟာ အတုပါလို့  ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်ခင် ပြောချင်တာလား၊ ဒါမှ မဟုတ် လက်ရှိ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်အစိုးရ အလိုကျ ပြောဆိုနေတယ်ထင်လို့  ထောက်ပြချင်လို့  ပြောတာလား တစ်ခုခုပါဘဲ။ မြန်မာပြည်သူလူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့  မြန်မာပြည်သူလူထုအပေါ်ထားရှိတဲ့ အနေအထားတွေကို ၁၉၈၈ ခုနှစ်က စပြီး ဖြစ်စဉ်တောက်လျှောက်ကိုတော့ ကြည့်ရဦးမှာ ဖြစ်ပါတယ်။

ဒါပမေယ့် ပြောဆိုရေးသားတဲ့ Roger Mitton ရော Myannmar Times က ဖေါ်ပြတာရော ထူးခြားနေပါတယ်။

ချီးကျူးပါတယ် Roger Mitton နဲ့  Myanmar Times။






အပြည့်ဖတ်မည်...

ပြည်သူ့ ဘက်တော်သား သတင်းမီဒီယာများနှင့် ရဟန်းရှင်လူပြည်သူလူထုအပေါင်းတို့ ခင်ဗျာ။

ပြည်သူ့ ဘက်တော်သား သတင်းမီဒီယာများနှင့် ရဟန်းရှင်လူပြည်သူလူထုအပေါင်းတို့ ခင်ဗျာ။

ယခင် အာဏာရှင်များလက်ထက်တွင် အာဏာရှင်များအလိုကျ ဒေါက်တိုင်များအဖြစ် ဖားယားအားဖြည့်ပေးနေကြသော သတင်းပေးများ သတင်းစုံစမ်းသူများသည် ပြည်သူလူထုမြင်ကွင်းအလယ်တွင် ခိုးကြောင်ခိုးဝှက်ဖြင့် ဓါတ်ပုံများရိုက်ယူကာ သက်ဆိုင်ရာ ရဲများ ထောက်လှမ်းရေးများထံ တိုးတိုးတိတ်တိတ် သတင်းပေးကာ ၄င်းတို့ ၏ သက်ဆိုးရှည် ကိုယ်ကျိုးစီးပွားအတွက် မည်သူသေသေ ငတေမာရင် စိတ်ယုတ်မာဖြင့် လုပ်ဆောင်ခဲ့ကြသည်မှာ ပြည်သူလူထုအသိပင် ဖြစ်သည်။

ပြည်တွင်းတွင်သာမက ပြည်ပတွင်လည်း အထူးသဖြင့် မတရားမှုများကို ထုတ်ဖေါ်ဆန္ဒပြကြသော အာဏာရှင်အခွန်ကောက်ရုံးဖြစ်သည့် မြန်မာသံရုံးများရှေ့  ဆန္ဒပြပွဲများတွင် သံရုံးဝန်းအတွင်းမှဖြစ်စေ မလှမ်းမကမ်းမှ ဖြစ်စေ ဆန္ဒပြလူအုပ်အကြား ရောယောင်၍ ပုံမှားရိုက်ကာဖြစ်စေ မသိမသာ သတင်းယူ ဓါတ်ပုံရိုက် လုပ်တတ်ခဲ့ကြပါသည်။

သို့ သော် ယခုအခါတွင်မူ တိုးတက်လာသော နည်းပညာပိုင်းဆိုင်ရာနှင့် ခေတ်မှီပစ္စည်းကိရိယာများအား အသုံးပြု၍ ဤသည်ကို သတိမမူမိသော ရိုးသားစွာ နေထိုင်ဆက်ဆံကြသည့်အပေါ် အခွင့်ထူးယူကာ ပြည်သူလူထု၏ လှုပ်ရှားမှုမှန်သမျှကို အပျော်ဓါတ်ပုံရိုက်သည့်ပမာ အလွယ်တကူ ရိုက်ကူးနေသည့်အနေအထားမက အာဏာရှင်များနှင့် အာဏာရူးလက်ပါးစေတို့ ၏ ဘက်မှ ရပ်တည်ပြကာ ပေါ်ပေါ်တင်တင်ပင်လျှင် ဓါတ်ပုံရိုက် အသံဖမ်းနေသည်ကို ယခု ဓါတ်ပုံပါ မြင်ကွင်းကို သတိထားကြည့်ပါက သိသာစွာ မြင်တွေ့ နိုင်မည် ဖြစ်ပါသည်။

ရိုးသားစွာဖြင့် အလေးမထားမိသော အခြေအနေကို အခွင့်ကောင်းယူကာ မိမိတို့ ၏ ရုပ်ပုံလွှာများ ပြောကြားချက်များအား မှတ်တမ်းယူကြသူများအား သေချာစွာ လေ့လာအကဲခတ်ရန် လိုအပ်ပါပြီ။ မိမိအား ပြည်သူလူထုအား ကောင်းကျိုးဆောင်ရွက်မည့်သူလား အာဏာရှင် အာဏာရူးလက်ပါးစေများအတွက် မှတ်တမ်းတင် သတင်းယူနေသူလားဆိုတာ အသံဖမ်းသူ ဓါတ်ပုံရိုက်သူမှန်သမျှ မည်သူမည်ဝါဆိုသည်ကို သတိထားကြည့်ရှူရန် အရေးကြီးလှပါသည်။

ဤမျှပင် မပြီးသေးပေ၊ ထိုကဲ့သို့ သော အာဏာရှင် အာဏာရူးလက်ပါးစေများအတွက် မှတ်တမ်းတင် သတင်းယူနေသူများ မြင်တွေ့ ရပါက အမျိုးသားအရေးအဖြစ် အာဏာရှင် အာဏာရူးလက်ပါးစေများအတွက် မှတ်တမ်းတင် သတင်းယူနေသူများအား မှတ်သားကာ အများသူငှာ သတိထားရှောင်ရှားနိုင်ရန် (သို့ ) အဆိုပါ အာဏာရှင် အာဏာရူးလက်ပါးစေများအတွက် မှတ်တမ်းတင် သတင်းယူနေသူများအား ရဟန်းရှင်လူပြည်သူလူထုမှ ပညာပေးဆုံးမနိုင်ရန် ဖေါ်ထုတ်ပေးသင့်ပေသည်။


အပြည့်ဖတ်မည်...

ဟေ့ အာဏာရူးတွေ အာဏာမက်မောသူတွေ ....

ဟေ့ အာဏာရူးတွေ အာဏာမက်မောသူတွေ အာဏာရှင်က ခိုင်းတာ မှန်သမျှ အထွန့် မတက်ရဲ ကြောက်ရွံ့ နေသူတွေ - ယနေ့ ခေတ် တောင်သူလယ်သမား အလုပ်သမား ပြည်သူလူထုဟာ ဘာမှ မသိတဲ့ မမြင်တဲ့ မျက်မမြင် ဆွံ့ အနေသေူတွေ မဟုတ်ဖူး၊ တရားတာနဲ့ မတရားတာ မှန်ကန်တာနဲ့  မမှန်ကန်တာ ခွဲခြားသုံသပ်နိုင်တဲ့ သူတွေချည်းဘဲ၊ အရင်ခေတ်တွေလို လာပြီး မဖိန့် နဲ့  မလှည့်စားနဲ့  မခြိမ်းခြောက်နဲ့  မစော်ကားနဲ့ ။



အပြည့်ဖတ်မည်...

မြန်မာအလံနှစ်ခုနဲ့ ။

မွန်ဂိုးလီးယားနိုင်ငံတွင် ကျင်းပလျက်ရှိသော ”(၇) ကြိမ်မြောက် ဒီမိုကရေစီနှင့် လူမှုအဖွဲ့အစည်း ညီလာခံ - 7th Ministerial Meeting of the Community of Democracies” ၏ ခန်းမတစ်ခုအတွင်းတွင် ယခင် မြန်မာနိုင်ငံတော်အလံဖြစ်သည့် ကြယ် ၁၄ ပွင့် စပါးနှံနှင့် ပင်နီယံပါ အလံအား အခြားသော နိုင်ငံအလံများနှင့်အတူ ဖေါ်ပြထားသည်ကို တွေ့ ရှိရသည်။ အခြားနေရာတွင်မူ လက်ရှိ သိန်းစိန်အစိုးရ အလံအား ဖေါ်ပြထားသည်ကိုလည်း တွေ့ ရှိရသည်။





အပြည့်ဖတ်မည်...

မွန်ဂိုးလီးယားနိုင်ငံတွင် ကျင်းပလျက်ရှိသော ”(၇) ကြိမ်မြောက် ဒီမိုကရေစီနှင့် လူမှုအဖွဲ့အစည်း ညီလာခံ တိုက်ရိုက်ရုပ်သံလွှင့်မှုအား ကြည့်ရှူနိုင်ပါသည်။


မွန်ဂိုးလီးယားနိုင်ငံတွင် ကျင်းပလျက်ရှိသော ”(၇) ကြိမ်မြောက် ဒီမိုကရေစီနှင့် လူမှုအဖွဲ့အစည်း ညီလာခံ - 7th Ministerial Meeting of the Community of Democracies” တိုက်ရိုက်ရုပ်သံလွှင့်မှုအား ကြည့်ရှူနိုင်ပါသည်။

မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ မနက်ဖြန် ဧပြီလ (၃၀) ရက်နေ့ တွင် မွန်ဂိုးလီးယားနိုင်ငံ အစိုရးအိမ်ဂေဟာ၌ မွန်ဂိုးလီးယားနိုင်ငံ သမ္မတဖြစ်သူ Ts.Elbegdorj နှင့်အတူ အမှာစကားပြောကြားမှာ ဖြစ်ပါတယ်။

ဒီ ”(၇) ကြိမ်မြောက် ဒီမိုကရေစီနှင့် လူမှုအဖွဲ့အစည်း ညီလာခံ - 7th Ministerial Meeting of the Community of Democracies” ကို နိုင်ငံပေါင်း (၁၀၄) နိုင်ငံမှ နိုင်ငံကိုယ်စားပြု ကိုယ်စားလှယ်အယောက် (၁၂၁၅) ယောက် တက်ရောက်ချက် ရှိပါတယ်။




 

အပြည့်ဖတ်မည်...

Sunday, April 28, 2013

ရဲများကနေ အကြောင်းပြချက်မရှိဘဲ တိုက်ခိုက်ခံရပါက ပြည်သူများသည် ပြန်လည်ခုခံပိုင်ခွင့်ရှိတယ်တဲ့။

ရဲများကနေ အကြောင်းပြချက်မရှိဘဲ တိုက်ခိုက်ခံရပါက ပြည်သူများသည် ပြန်လည်ခုခံပိုင်ခွင့်ရှိတယ်တဲ့။

ကျွန်တော်တို့  မြန်မာပြည်မှာများလားလို့  ကမန်းကတန်း ဖတ်လိုက်တော့ - ရုရှရဲများ၏ အကြောင်းပြချက်မရှိဘဲ တိုက်ခိုက်ခံရပါက ပြည်သူများသည် ပြန်လည်ခုခံပိုင်ခွင့်ရှိတယ်လို့  ရုရှ ပြည်ထဲရေးဝန်ကြီးဖြစ်သူ Rashid Gumarovich Nurgaliyev ကနေ ရုရှမီးဒီယာမှာ လွန်ခဲ့တဲ့နှစ်တစ်ခုက ပြောကြားခဲ့ပါတယ် (ကိုးကား - ရိုက်တာသတင်းဌာန)။ ပြည်သူတစ်ဦးက ရာဇ၀တ်သားတစ်ဦး မဟုတ်ဖူး၊ ဥပဒေချိုးဖောက်မှု မရှိဖူး အဲ့ဒါကို ရဲတွေက အကြောင်းပြချက် မရှိဘဲ လက်လွတ်စပယ် အနိုင်ကျင့် တိုက်ခိုက်မယ်ဆိုရင် ထိုရဲများကို ပြန်လည်ခုခံခွင့်ရှိတယ်လို့  ပြောကြားပါတယ်။ နိုင်ငံသားအားလုံးဟာ အခွင့်အရေး ညီတူညီမျှ ရှိရမယ်လို့  ပြောကြား သတင်းထုတ်ပြန်ခဲ့ပါတယ်။


ကျွန်တော်တို့  မြန်မာနိုင်ငံမှာတော့ ပြည်သူ့ ရဲလို့  အမည်သာခံထားပြီး၊ “ကူညီပါရစေ” ဆိုပြီး ဒုက္ခပေးနေတာ မြန်မာပြည်က ရဲများသာ ဖြစ်ပါတော့တယ်။ အာဏာရှင်အလိုကျ လက်ပါးစေ အာဏာပါးကွက်သားလို ဖြစ်နေပြီး၊ စာရိတ္တပိုင်းမှာလည်း သူတို့ လောက် ဖောက်ပြန်သူ မရှိသလောက်ပါဘဲ။ လာဘ်စားမယ်၊ အေးဓါးမြတိုက် တောင်းရမ်းမယ်၊ နိုင်ထက်စီးနင်းကျင့်မယ်၊ ဒုစရိုက်ပေါင်းစုံ လုပ်မယ်၊ အဲ့ဒီထက် ဆိုးတာကတော့ ပြည်သူတွေကို အကြောင်းပြချက် ဘာမှ မရှိဘဲ တွေ့ တာနဲ့  ရိုက်ပုတ်သတ်ဖြတ်တာက အဆိုးဆုံးပါဘဲ။

လက်တွေ့ မှာတော့ သူခိုး ဓါးမြထက်ဆိုးတဲ့ ရန်သူဟာ ပြည်သူ့ ချဉ်ဖတ် ရဲများသာ ဖြစ်ပါတယ်လို့  ပြောရလောက်အောင် ဖြစ်နေပါတယ်။ ပြည်သူကို စစ်မှန်တဲ့ တရားဥပဒေအရ ဘက်မလိုက်ဘဲ တရားမျှတစွာနဲ့  ပြည်သူတစ်ဦးချင်းစီတိုင်းကို ကာကွယ်စောင့်ရှောက်ရမယ့်  ရဲတွေဟာ ရဲလို့ တောင် မခေါ်ဆိုထိုက်သင့်တော့အောင် ဖြစ်နေပြီး၊ ပြည်သူမြောက်မြားကို ဒုက္ခပေးတဲ့ ပုလိပ်ရောဂါနဲ့  ခိုင်းနှိုင်းပြီး “ပုလိပ်” တွေလို့  ခေါ်ဆိုခံရတာ ဖြစ်ပါတယ်။

တစ်ပါတီအာဏာရှင်စနစ်ကျင့်သုံးခဲ့တဲ့ မဆလတစ်ပါတီ အာဏာရှင် နေ၀င်း လက်ထက်က စပြီး နအဖအာဏာရှင် သန်းရွှေ လက်ထက် ယခု သိန်းစိန်လကိထက်ထိတိုင် ရဲတွေဟာ အာဏာရှင်လက်ပါးစေသက်သက်သာ ဖြစ်နေပြီး အာဏာရှင်အလိုကျ ပြည်သူအပေါ်မှာ နှိပ်စက်ကလူ လုပ်နေတာ ဖြစ်ပါတယ်။

မြန်မာပြည်မှာ ရှိတဲ့ ပုလိပ်တွေကို ကြည့်ရအောင်။

ပုလိပ်မှာ အဓိက တွေ့ ရတဲ့ ပုလိပ် အမျိုးအစားတွေကတော့ ရာဇ၀တ်မှုတွေကို ကိုင်တွယ်တဲ့ ရိုးရိုး ပုလိပ်ရယ်၊ မော်တော်ယာဉ် စီးနင်းယာဉ်တွေကို ကိုင်တွယ်တဲ့ ယာဉ်ထိန်းပုလိပ်ရယ်၊ အဓိကရုဏ်းနှိမ်နင်းတဲ့ ပုလိပ်ရယ်ဆိုပြီး တွေ့ ရပါတယ်။ မြန်မာပြည်က အာဏာရှင်လက်အောက်မှာ ရှိနေတဲ့ ပုလိပ်တွေကတော့ ဘယ်ပုလိပ်အမျိုးအစားဘဲဖြစ်ဖြစ် ဆိုးရွားလွန်းတယ်ဆိုတာ ပြည်သူတွေ ကြုံတွေ့ နေရတဲ့ အဖြစ်အပျက်တွေက သက်သေပြနေတာ အများကြီးပါဘဲ။

ရာဇ၀တ်မှုတွေကို ကိုင်တွယ်တဲ့ ရိုးရိုး ပုလိပ်တွေ၊ မော်တော်ယာဉ် စီးနင်းယာဉ်တွေကို ကိုင်တွယ်တဲ့ ယာဉ်ထိန်းပုလိပ်တွေကတော့ ပြည်သူတစ်ဦးချင်းစီအလိုက်ကို ဒုက္ခပေးတယ်။ အဓိကရုဏ်းနှိမ်နင်းတဲ့ ပုလိပ်တွေကတော့ အာဏာရှင်အလိုကျ ပိုပြီး မိုက်ရိုင်းပြကာ ပြည်သူတွေကို အစုလိုက် အပြုံလိုက် ဒုက္ခပေးတာပါဘဲ။

အာဏာရှင်တွေကတော့ သာမန်ရိုးရိုး ပုလိပ်တွေကိုတော့ အရိုးအရင်း ကြိုက်သလို စားပေတော့လို့  အနိမ့် ဆုံးအဆင့်အနေနဲ့  သတ်မှတ် ဆက်ဆံထားရှိထားပေမယ့်၊ အဓိကရုဏ်းနှိမ်နင်းတဲ့ ပုလိပ်တွေကိုတော့ အခွင့်အရေးတွေ ပိုပေးပြီး မြှောက်စား ကျွေးမွေးပြီးထားပါတယ်။ အာဏာရှင်လက်အောက်က ပုလိပ်ချင်းအတူတူတောင် ခွဲခြားခံနေရတာကို ကြည့်ကြပါဦး။

အဓိကရုဏ်းနှိမ်နင်းတဲ့ ပုလိပ်တွေကို အာဏာရှင်တွေကို အမည်ခေါ်ကောင်းအောင် လုပ်နေကြအတိုင်း လုံခြုံမှုထိန်းသိမ်းရေးအဖွဲ့ ဆိုပြီး အတိုကောက်ခေါ်ရင် “လုံထိန်း” ဆိုပြီး ခေါ်တာပါဘဲ။ ဘယ်လိုဘဲခေါ်ခေါ် ဒီ အဓိကရုဏ်နှိမ်နင်းတဲ့ ပုလိပ် (သို့ ) လုံထိန်းဆိုတာ အာဏာရှင်ရဲ့  လက်ပါးစေသက်သက်တွေသာ ဖြစ်ပါတယ်။ လုံထိန်းဆိုတာကို လက်ရှိဖြစ်နေတဲ့ အခြေအနေတွေအရ အနက်အဓိပ္ပါယ်ဖွင့်ရရင် “လုံထိန်း - အာဏာရှင်တွေရဲ့  အသက်အိုးအိမ်စည်းစိမ်လုံခြုံရေးအတွက် အာဏာရှင်ခိုင်းစေသမျှ ထိန်းသိမ်းဆောင်ရွက်ပေးနေသောသူ” လို့  ပြောရမှာပါဘဲ။ ပြည်သူတွေကတော့ အဆိုပါ လုံထိန်းပုလိပ်တွေကို ချဉ်လွန်း ရွံ့ ရှာမုန်းတီးလွန်းလို့  လုံအောင်ထိန်းတဲ့ (ေ-ွး) တွေလို့  ပြောကြပါတယ်။

ရပ်ကွက်ထဲက လူဆိုးသူခိုး စာရိတ္တကင်းမဲ့သူတွေကို ရဲတပ်ဖွဲ့ ထဲ ၀င်ရောက်စေပြီး အောက်ခြေရဲတပ်သားအနေက အစပြုပြီး မိုက်ရိုင်းခွင့်တွေ ပေးတာပါဘဲ။ အပြစ်မဲ့ပြည်သူတွေအပေါ်မှာ နိုင်ထက်စီးနင်းကျင့်မယ်၊ ရိုက်ပုတ်သတ်ဖြတ်မယ်၊ အာဏာအခွင့်အရေး မဆိုသလောက် လက်တောက်လောက်လေးရထားတာကို ဘယ်သူ့ ကိုမှ လူမထင်တဲ့ ရမ်းကားတဲ့ အပြုအမူတွေနဲ့  မိုက်ရုင်းပြလာတာတွေဟာ သိသိသာသာ ဖြစ်နေပါတယ်။ မြန်မာနိုင်ငံရဲ့  ရဲတပ်ဖွဲ့ အမည်ခံ ပုလိပ်အဖွဲ့ ဟာ နာမည်ပျက်နေတာ အဖတ်ဆည်မရအောင် ဖြစ်နေပါပြီ။

ဒီလိုပြောရလို့  လက်ရှိ ရဲလို့ ဆိုပြီး ပြည်သူအတွက်လို့  အသံကောင်းဟစ်ကြွေးနေသူတွေ နာလို့ များရှိရင် ပြောတဲ့သူတွေ ဘာကြောင့် ပြောရတာလည်း ဘာတွေဖြစ်လို့ လည်းဆိုတာ ကိုယ့်ရဲ့  အဖွဲ့ ထဲမှာဘဲ ပြန်ဆန်းစစ်ကြည့်ပါ။ ပကတိလက်တွေ့ မိမိကိုယ်တိုင်ရော အဲ့ဒီလို ဖြစ်နေရင် အမှန်ကို မြင်ပြီး ပြုပြင်ပြောင်းလဲမှ ရမှာပါ။ အကယ်လို့  ပုလိပ်ဘ၀ကနေ ပြည်သူ့ ရဲ ဆိုတဲ့ ရဲ (POLICE) ဆိုတဲ့ ဘ၀ကို ပြန်ရောက်ချင်ရင် “POLICE” ဆိုတဲ့ စကားလုံးအတိုင်း - Polite ပြည်သူတွေနဲ့ ဆက်ဆံရာမှာ ယဉ်ကျေးသိမ်မွေ့ ရပါတယ်၊ Obey တရားမျှတစွာနဲ့  ဥပဒေကို လိုက်နာရသလို ကျင့်ဝတ်တရားကိုလည်း မှန်ကန်စွာ လိုက်နာစောင့်ထိန်းရပါတယ်၊ Loyal ပြည်သူအပေါ်မှာ သစ္စာစောင့်ထိန်းရပါတယ်၊ Intelligence အသိဥာဏ်ပညာ ပြည့်ဝ ရပါတယ်၊ Courageous ဖြောင့်မတ်တည်ကြည် ရဲရင်ပြတ်သားရပါတယ်၊ Empathy ပြည်သူလူထုအပေါ်မှာ ညှာတာထောက်ထားမှု ရှိရပါတယ်။ အစရှိတဲ့ POLICE ပြည်သူ့ ရဲ (ပြည်သူအတွက် ရဲရင့်စွာဆောင်ရွက်သူ) ဆိုတဲ့ ကျင့်ဝတ်တွေကို ပြည်သူအတွက် ရဲရဲရင့်ရင့် ကာကွယ်စောင့်ရှောက်ပေးတဲ့ “ရဲ” ဘ၀ကို ရောက်အောင် ကျင့်သုံးရမှာ ဖြစ်ပါတယ်။ ဒီလိုမှ မဟုတ်ရင်တော့ “ပုလိပ်” သာ ဖြစ်ဖနမှာပါ။ အထက်က ရေးသားဖေါ်ပြခဲ့ အဖြစ်အပျက်တွေအတိုင်း မြန်မာပြည်မှာ ရဲဆိုတာ ပုလိပ်အမည်ပျက် အပြောခံနေရတာကြောင့် ပြည်သူအပေါင်းက မဆက်ဆံရဲဘဲ ရွံ့ မုန်းခံနေရပါတယ်။

ဒီရေးသားချက် အပေါ်ဘက်မှာ ဦးစွာဖေါ်ပြခဲ့တဲ့ ရုရှ ပြည်ထဲရေးဝန်ကြီးက ရုရှရဲတွေနဲ့  ပတ်သက်ပြီး ထုတ်ဖေါ်ပြောဆိုခဲ့တာဟာ ရုရှရဲတွေ ဘယ်လောက်ဆိုးရွားနေလို့ လည်း ဆိုတာ တွက်ဆလို့  ရပါတယ်။ ရုရှရဲတွေထက် ပိုမိုဆိုးရွားနေတာ မြန်မာပြည်က ရဲလို့  ခေါ်တဲ့ ပုလိပ်တွေပါဘဲ။

ဒီအတွက် ရဲတွေက အကြောင်းပြချက် မရှိဘဲ လက်လွတ်စပယ် အနိုင်ကျင့် တိုက်ခိုက်မယ်ဆိုရင် ထိုရဲများကို ပြန်လည်ခုခံခွင့်ရှိတယ်လို့  မြန်မာပြည်မှာ လွှတ်တော်ကြီးအနေနဲ့  တရားဝင် သတ်မှတ်ပေးရဲပါသလား။

ဖွံ့ ဖြိုးတိုးတက်နေတဲ့နိုင်ငံကြီးတွေမှာ အာဏာကို အလွဲသုံးစားလုပ်ရင်၊ ခုတုံးလုပ်ရင်၊ အဓမ္နအနိုင်ကျင့်ရင်၊ တရားဥပဒေနဲ့  မညီညွှတ်ရင် ပြည်သူတစ်ဦးအနေနဲ့  ရဲ မပြောနဲ့  သမတကိုတောင် ၀န်ကြီးချူပ်ကိုတောင် တရားပြန်လည် စွဲဆိုပိုင်ခွင့်ရှိသလို မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်လည်း ရှိပါတယ်။ တစ်ဘက်မှာကြည့်ရင်လည်း မိမိ၏ အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်ပျက်စီးစေနိုင်သော ထိပါးမှုကို ပြန်လည်ခုခံပိုင်ခွင့်ရှိတယ်ဆိုတာ လူ့ သားတစ်ဦး ရှိသင့်ရှိထိုက်တဲ့ မွေးရာပါအခွင့်အရေးဖြစ်တယ်ဆိုတာ နိုင်ငံတကာ လူ့ အခွင့်အရေးကြေညာစာတမ်းမှာ အတိအလင်းပြဌာန်းထားသလို၊ နိုင်ငံတွေရဲ့  ဥပဒေမှာလည်း တရားဝင် ပြဌာန်းထားတာ ရှိပါတယ်။

ဒါကြောင့် ရဲတွေက အကြောင်းပြချက် မရှိဘဲ လက်လွတ်စပယ် အနိုင်ကျင့် တိုက်ခိုက်မယ်၊ လိုအပ်တာထက် ပိုပြီး လွန်လွန်ကျူးကျူး အင်အားသုံး လက်နက်ကိုသုံးမယ်၊ အလွယ်အကူ ပစ်ခတ်သတ်ဖြတ်တာတွေ လုပ်မယ်ဆိုရင် ထိုရဲများကို ပြန်လည်ခုခံခွင့်ရှိတယ်လို့  မသတ်မှတ်ရဲခဲ့ရင်၊ ပြည်သူတွေဘက်ကလည်း တစ်ဦးချင်းစီတိုင်း လက်ခံကျင့်သုံးရမှာက “ရဲတွေက အကြောင်းပြချက် မရှိဘဲ လက်လွတ်စပယ် အနိုင်ကျင့် တိုက်ခိုက်မယ်ဆိုရင် ထိုရဲများကို ပြန်လည်ခုခံခွင့်ရှိပါတယ်ဆိုတာပါဘဲ”။

နစ်နေမန်း။



အပြည့်ဖတ်မည်...

ဒီလို ခြိမ်းခြောက်တာဟာ အတော့်ကို လွန်ကျူးတဲ့လုပ်ရပ်ပါ။ ဒီလိုမျိုး လုပ်ဆောင်ပြနေတာကို ပြည်သူ့ အတွက် လွှတ်တော်ကြီးက ဘာလုပ်နေကြပါသလည်း။

လက်နက်မရှိ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်ကြတဲ့ ပြည်သူတွေကို လက်နက်ကိုင်အင်အားစုတွေက ဒီလို ခြိမ်းခြောက်တာဟာ အတော့်ကို လွန်ကျူးတဲ့လုပ်ရပ်ပါ။ ဒီလိုမျိုး လုပ်ဆောင်ပြနေတာကို ပြည်သူ့ အတွက် လွှတ်တော်ကြီးက ဘာလုပ်နေကြပါသလည်း။



အပြည့်ဖတ်မည်...

စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့ မှူး၏ မတရားကြေညာချက်၊ မတရားစွပ်စွဲချက်၊ မတရားအမှုဖွင့် အရေးယူထားမှုများအား လုံးဝ ကန့် ကွက်ပါသည်။

စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့ မှူး၏ မတရားကြေညာချက်၊ မတရားစွပ်စွဲချက်၊ မတရားအမှုဖွင့် အရေးယူထားမှုများအား လုံးဝ ကန့် ကွက်ပါသည်။

ဤကဲ့သို့  ကျောင်းသားလူငယ်များအပေါ် မတရားလုပ်ဆောင်နေခြင်းသည် ယခင် အာဏာရှင်များလက်ထက်ခေတ်အဆက်ဆက်မှ လုပ်ရပ်ဆိုးများနှင့် ထပ်တူထပ်မှု ပုံစံတူ အာဏာပြ မတရားကျင့်မှုများ ဖြစ်သည်။

ထို့ အတွက် ပြည်သူလူထုမှ စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့ မှူး၏ လုပ်ရပ်အား ၀ိုင်းဝန်းကန့် ကွက်ကြရန်နှင့် အဆိုပါ ကျောင်းသားလူငယ်များအား ၀ိုင်းဝန်းကာကွယ်စောင့်ရှောက် အကူအညီပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

စစ်ခရိုနီ ဦးပိုင်ကုမ္ပဏီအား ကျောထောက်နောက်ခံပြုနေသော စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့  မှူး၏ ကျောင်းသားလူငယ်များအပေါ် မတရားကြေညာချက်၊ မတရားစွပ်စွဲချက်၊ မတရားအမှုဖွင့် အရေးယူထားမှုများအား အမြန်ဆုံး ပယ်ဖျက်ပေးရန် တောင်းဆိုအပ်သည်။


အပြည့်ဖတ်မည်...

လက်ပံတောင်းတောင်ဒေသဆိုင်ရာ သဘောထားကြေညာချက် (ဗကသ)။

လက်ပံတောင်းတောင်ဒေသဆိုင်ရာ သဘောထားကြေညာချက် (ဗကသ)။



အပြည့်ဖတ်မည်...

မြန်မာရိုးရာ မြန်မာသံစဉ် မြန်မာမူဟန်စစ်စစ်နဲ့  အနုပညာရှင် သမီးငယ်လေးအား ချီးကျူးဂုဏ်ယူပါတယ်။


မြန်မာရိုးရာ မြန်မာသံစဉ် မြန်မာမူဟန်စစ်စစ်နဲ့  အနုပညာရှင် သမီးငယ်လေးအား ချီးကျူးဂုဏ်ယူပါတယ်။



 

အပြည့်ဖတ်မည်...

Saturday, April 27, 2013

ငွေကြေးပြန်လျော်ပေးရုံနဲ့  ကြေအေးလို့ ရတယ် အမှုပိတ်လို့ ရတယ် တောင်းပန်ရုံနဲ့ ရတယ် အလွယ်တကူပြီးသွားလို့ ရတယ် ဥပဒေကို ဒီလိုပုံစံနဲ့  ရှောင်လွဲလို့ ရတယ်ဆိုရင် ပြောပါ။

သာမန်ပြည်သူပြည်သားတစ်ယောက်ကို ငွေရှိသူ အာဏာရှိသူက ကိုယ်ထိလက်ရောက်စော်ကားတဲ့ အနိမ့်ဆုံးအဆင့် ပါးရိုက်တာကို ငွေကြေးပြန်လျော်ပေးရုံနဲ့  ကြေအေးလို့ ရတယ် အမှုပိတ်လို့ ရတယ် တောင်းပန်ရုံနဲ့ ရတယ် အလွယ်တကူပြီးသွားလို့ ရတယ် ဥပဒေကို ဒီလိုပုံစံနဲ့  ရှောင်လွဲလို့ ရတယ်ဆိုရင် ပြောပါ၊ ဘယ်လောက် ငွေကြေးလျော်ပေးရသလည်းဆိုတာ၊

ကျွန်တော်တို့  ပြည်သူပြည်သားတွေဘက်က လျော်ပေးဖို့  တောင်းပန်ပေးဖို့  အဆင်သင့်ပါ၊ အဲ့ဒီ ငွေကြေးရှိသူတွေ အာဏာရှိသူတွေ အဆင့်သင့် တန်းစီထားပေးပါ။

 နောက် ဆက်စပ်ပြီး သတိကြိုပေးထားတာပါ၊ ဒီလို အာဏာရှင်တွေရဲ့  သားသမီးတွေနဲ့ လက်ပွန်းတနီး ဖားယားပြီး ပေါင်းနေကြတဲ့၊ ပြည်သူလူထုအကျိုးစီးပွားဘက် လှည့်မကြည့်ကြတဲ့ အနုပညာခုတုံးလုပ် ခေတ်အဆက်ဆက် တောက်လျှောက် ဖားယားနေကြတဲ့သူတွေလည်း သတိကြပ်ကြပ်ထားပါ၊ ပြည်သူလူထုက ဒဏ်ခတ်မှာ နီးနေပါပြီ။

အပြည့်ဖတ်မည်...

ဘယ်သူက ဘယ်သူလည်း၊ အတူတူဘဲလား မတူဖူးလား ရှင်းရှင်းသိဖို့ လိုနေပြီ။

၂၀၁၅ ခုနှစ် သမ္မတနေရာအတွက် ပြောနေကြချိန်မှာ ကြံ့ ဖွတ်ပါတီခေါင်းဆောင် ဌေးဦးက ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေပါ အချက်အလက်တွေကို ပြင်ဆင်ပေးဖို့  အစီအစဉ်မရှိဖူးလို့  ပြောလိုက်ပါတယ်။ ဒါဆိုရင် ဌေးဦးနဲ့  ရွှေမန်းတို့  သိန်းစိန်တို့  တွေ့ ရမယ့်ပွဲဘဲ။ အတူတူလား မတူဖူးလားဆိုတာ ၂၀၁၅ မရောက်ခင်ကတည်းက အဖြေရှင်းရှင်း သိမှ ရမယ်။


အပြည့်ဖတ်မည်...

ပြန်ပါတော့လား စစ်တန်းလျား၊ နှစ်ထောင့်တစ်ဆယ့်ငါး။

ပြန်ပါတော့လား စစ်တန်းလျား၊ နှစ်ထောင့်တစ်ဆယ့်ငါး။


၁၉၈၈ ခု၊ စက်တင်ဘာလက အာဏာသိမ်းလိုက်သည်နှင့် အာဏာသိမ်း
စစ်ကောင်စီမှ တာဝန်အရှိဆုံး ဗိုလ်ချုပ်မှူးကြီးစောမောင်က မိမိတို့ အာဏာသိမ်း
အစိုးရအဖွဲ့ သည် ရွေးကောက်ပွဲများကို အမြန်ဆုံးပြုလုပ်ပေးပါမည်ဟု
ကတိပေးသလို ရွေးကောက်ပွဲအနိုင်ရသူအား အာဏာလွှဲပေးပြီး မိမိတို့ စစ်တပ်မှာ
စစ်တန်းလျားဆီ ပြန်သွားပါမည်ဟု ကမ္ဘာသိ ကတိပေးခဲ့လေသည်။
ကတိပေးသည့်အတိုင်း ရွေးကောက်ပွဲကို တရာမျှတလွတ်လပ်စွာ ကျင်းပပေးခဲ့သည်။
ပါတီများထူထောင်ခွင့်ပေးကာ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်စေခဲ့၏။
မြန်မာနိုင်ငံတွင် လွတ်လပ်ရေးရပြီးနောက် ကျင်းပခဲ့သောရွေးကောက်ပွဲများအနက်
၁၉၉၀ ရွေးကောက်ပွဲမှာ တရားမျှတမှုရှိသော ရွေးကောက်ပွဲတစ်ခုဖြစ်လေသည်။

သို့ သော် ဒုတိယကတိတစ်ခုဖြစ်သည့် စစ်တန်းလျားသို့  ပြန်ပါမည်ဆိုသော
ကတိကိုကား စစ်တပ်သည် မတည်ခဲ့ပေ။ ရွေးကောက်ပွဲကျင်းပနေသည့်
ကာလ၌ပင် စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်ကြီးက I keep my promise ဟု နိုင်ငံခြား
သတင်းဌာနများသို့  ပြောကြားချက်ကို ရုပ်မြင်သံကြား၌ အထင်အရှား တွေ့ ရှိခဲ့ရ
သည်။ ဗိုလ်ချုပ်ကြီးခင်ညွန့် ကလည်း “ကျွန်တော်တို့  စစ်တန်းလျားကို ပြန်မှာပါ”
ဟု ပြောခဲ့ပါသည်။ အာဏာသိမ်းစဉ် အစိုးရအဖွဲ့ ဝန်ကြီးများဖွဲ့ ရာ၌လည်း
ဗိုလ်ချုပ်မှူးကြီးစောမောင်က “အစိုးရဌာနတွေကို အနည်းဆုံး တတ်နိုင်သမျှ
ဖွဲ့ စည်းထားပါတယ်။ ရွေးကောက်ပွဲနိုင်သူက အစိုးရဖွဲ့ မှာ ဖြစ်တဲ့အတွက်
ကျွန်တော်တို့ အနေနဲ့  အစိုးရအဖွဲ့  ကျယ်ကျယ်ပြန့် ပြန့်  မဖွဲ့ တာဖြစ်ပါတယ်”
ဟု ပြောကြားသွားခဲ့သည်။

“မင်းမှာသစ္စာ လူမှာကတိ” ဆိုသောစကားသည် မြန်မာလူမျိုးတို့ အတွက်
အလွန်အရေးကြီးလေသည်။ မင်းကျင့်တရားဆယ်ပါး၌လည်း မင်းသည်
သစ္စာရှိရသည်။ ကတိတည်ရလေသည်။ တိုင်းပြည်အုပ်ချုပ်ရသောဘုရင်များ
အနေဖြင့် စကားတစ်ခု နှုတ်မှထွက်မိလျှင် စောင့်ထိန်းရလေသည်။
“ထွက်ပြီးသားဆင်စွယ် ၀င်သည်မရှိ” ဟူ၍ပင် အလေးအနက်ထားခဲ့ကြသည်
မဟုတ်ပါလော။ သို့ သော် စစ်အာဏာရှင်တို့ သည် မင်းမှာလည်း သစ္စာမရှိ၊
လူမှာလည်း ကတိမတည်ကြပေ။ ထွက်ပြီးသားဆင်စွယ်သည်လည်း ၀င်၍
သွားလေသည်။ ရွေးကောက်ပွဲပြီး၍ NLD က လူထု၏ဆန္ဒ အများတကာ့ အများစု
ရခဲ့သော်လည်း စစ်တပ်သည် စစ်တန်းလျားသို့  မပြန်ရုံမက အာဏာသိမ်းကာ
အာဏာတွင် ယစ်မူးသွားကြတော့၏။ ၁၉၈၈ မှ ၂၀၁၀ ခုနှစ်အထိ ၂၂ နှစ်တာ
ကာလအတွင်း စစ်အာဏာရှင်တို့ သက်ဆိုးရှည်ဖို့ ကိုသာ ဆောင်ရွက်ခဲ့ကြ
လေသည်။ နိုင်ငံမှာ မွဲသထက်မွဲ၊ ဖွံ့ ဖြိုးမှု နောက်ကျသထက်နောက်ကျကာ
မူးယစ်ဆေးဝါး အများဆုံးထွက်သော၊ ပိတ်ဆို့ မှု အခံရဆုံးသော၊ နာမည်ဆိုးနှင့်
ကျော်ကြားသောနိုင်ငံများထဲတွင် မြန်မာနိုင်မှာလည်း ရှက်စရာကောင်းလောက်
အောင် ပါဝင်ခဲ့ပါတော့သည်။

၂၀၁၀ ပါတီစုံပါဝင်သော လွှတ်တော်ရွေးကောက်ပွဲများ ကျင်းပပြီး၍ အရပ်သား
အစိုးရ တက်လာသည်ဆိုသော်လည်း စစ်တပ်သည် စစ်တန်းလျားသို့ 
ပြန်သွားခဲ့ပြီလော။ ယခု ၂၀၁၃၊ ဧပြီလအထိ စစ်တပ်သည် စစ်တန်းလျားသို့ 
ပြန်မသွားသေးပါ။ အဘယ့်ကြောင့်ဆိုသော်..

၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေကို ရေးဆွဲအတည်ပြုခဲ့သည့်အခါ၌ ဖွဲ့ စည်းပုံ
အခြေခံဥပဒေသည် စစ်တပ်ကို အဓိကနေရာ၌ထားသော ဖွဲ့ စည်းပုံဖြစ်ခြင်း၊
ထိုဖွဲ့ စည်းပုံထဲတွင် ပြည်သူလူထု၏ဆန္ဒမပါဘဲ၊ ပြည်သူလူထုက ရွေးကောက်
တင်မြှောက်ခြင်းမရှိဘဲ တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို
လွှတ်တော်၌ထားရှိခြင်း၊ တပ်မတော်သည် တိုင်းပြည်အတွက် လိုအပ်သည်ဟု
ယူဆလျှင် အချိန်မရွေး အာဏာသိမ်းပိုင်ခွင့်ရှိခြင်း၊ တပ်မတော်ကာကွယ်ရေး
ဦးစီးချုပ်အပါအ၀င် တပ်မှူးကြီးများပါဝင်သည့် ကာကွယ်ရေးနှင့် လုံခြုံရေး
ကော်မတီက တိုင်းပြည်အတွက် အရေးပါဆုံးသော အဆုံးအဖြတ်များတွင်
ဆုံးဖြတ်နိုင်ခွင့်ရှိခြင်း စသော ဖွဲ့ စည်းပုံပါဥပဒေများသည် စစ်တန်းလျားသို့ 
ပြန်မသွားရေး ဥပဒေကန့် သတ်ချက်များ ဖြစ်နေလေသည်။

ယခု အာဏာရနေသော ပြည်ခိုင်ဖြိုးပါတီမှာ စစ်အစိုးရလက်ထက်က ကြံ့ခိုင်ရေး
နှင့် ဖွံ့ ဖြိုးတိုးတက်ရေးအဖွဲ့ ဖြစ်ပါသည်။ စစ်တပ်၏ လက်ကိုင်တုတ်ဖြစ်သည်။
၂၀၀၈ ဖွဲ့ စည်းပုံဥပဒေဆွဲပြီး ရွေးကောက်ပွဲလုပ်တော့မည့်အချိန်တွင်
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏အမိန့် အရ ကြံ့ခိုင်ရေးအဖွဲ့ မှာ ပြည်ခိုင်ဖြိုးပါတီအဖြစ်
ပြောင်းလဲသွားခဲ့၏။ ပြည်သူ့ ဆီမှရသော ငွေများမှာ ထိုပါတီ၏ ရံပုံငွေများ
ဖြစ်သွားခဲ့သည်။ ထိုပါတီ၏ရံပုံငွေများမှာ အမှန်တကယ် သန့် စင်ပါသလော။
ထို့ အပြင် ပြည်ခိုင်ဖြိုးပါတီ၏ မူလအစမှာ ၁၉၅၈ ခုနှစ် ဗိုလ်ချုပ်ကြီးနေ၀င်း
အိမ်စောင့်အစိုးရအဖြစ် အာဏာသိမ်းစဉ်က ဖွဲ့ စည်းခဲ့သော ပြည်ခိုင်ဖြိုးအဖွဲ့ ပင်
မဟုတ်ပါလော။ ပြည်ခိုင်ဖြိုးပါတီအစိုးရ သမ္မတနှင့် ၀န်ကြီးအဖွဲ့ ဝင်အားလုံးမှာ
ီယခင်အာဏာသိမ်းစစ်အစိုးရမှ ဗိုလ်ချုပ်ကြီးများဖြစ်လေသည်။ စစ်အစိုးရ
ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်မှာ ယခု သမ္မတဦးသိန်းစိန် ဖြစ်နေသည်ပင်။
ယူနီဖောင်းဝတ်၍ တောင်ရှည်ပုဆိုးလဲကာ စစ်အုပ်ချုပ်ရေးမှ အရပ်သား
အုပ်ချုပ်ရေးဟု ကြွေးကြော်လိုက်ခြင်း မဟုတ်ပါလော။

ထို့ ကြောင့် စစ်တပ်သည် စစ်တန်းလျားသို့ ပြန်သွားပြီလားဟု မေးလျှင်
ပြန်မသွားသေးဟု ဖြေရပေလိမ့်မည်။ စစ်တပ်သည် စစ်တန်းလျားသို့ ပြန်သွားပြီး
တိုင်းပြည်ကာကွယ်ရေးအတွက်သာ တာဝန်ယူမည်ဆိုလျှင်..

(၁) ဖွဲ့ စည်းပုံအခြေခံဥပဒေမှ တပ်မတော်သားကိုယ်စားလှယ် ၂၅ %
ကာကွယ်ရေးဦးစီးချုပ်၏ အမိန့် ဖြင့် ထည့်သွင်းထားခြင်းအား ပယ်ဖျက်ရမည်။

(၂) တပ်မတော်မှ တိုင်းပြည်အတွက် လိုအပ်လာလျှင် အချိန်မရွေး အာဏာ
သိမ်းပိုင်ခွင့်ရှိသည်ဆိုသော ကမ္ဘာတွင် မည်သည့်နိုင်ငံ၏ ဖွဲ့ စည်းပုံဥပဒေတွင်မှ
မရှိသော အာဏာရှင်စနစ်ကျင့်သုံးသောနိုင်ငံများတွင်သာရှိသော ဥပဒေကို
ဖျက်သိမ်းပေးရမည်။

(၃) နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို ချွင်းချက်မရှိ ဖျက်သိမ်း
ပေးရမည်။

ထက်မြက်။

(ပြည်သူ့ ဆန္ဒဂျာနယ် အတွဲ ၁၊ အမှတ် ၆ တွင် ဖော်ပြပါရှိသော ထက်မြက်၏
“စစ်တန်းလျားကို ပြန်ကြပါ” ဆောင်းပါးမှ ထုတ်နုတ်ပါသည်)။

အပြည့်ဖတ်မည်...

ဦးမောင်မောင်ကြီး ရေးသားခဲ့တဲ့ “မီးရထားဖြင့် ခရီးသွားသူများ (မင်းရာမ ဒေါင်းဖတ်စာ)” အား ပြန်လည်ဖေါ်ပြအပ်ပါတယ်။

ဦးမောင်မောင်ကြီး ရေးသားခဲ့တဲ့ “မီးရထားဖြင့် ခရီးသွားသူများ (မင်းရာမ ဒေါင်းဖတ်စာ)” အား ပြန်လည်ဖေါ်ပြအပ်ပါတယ်။

မီးရထားဖြင့် ခရီးသွားသူများ (မင်းရာမ ဒေါင်းဖတ်စာ)

အခန်း (၁)၊

မီးရထား ရုံပိုင်ကြီး ဦးသိန်းစိန်သည် ဘူတာရုံတွင်လူ ၆ ယောက်တိုးခန့်ထားလေသည်။ ကိုအောင်မင်းနှင့် ကိုစိုးသိန်းတို့ ကို လက်မှတ်ရောင်းစရာမလို ဘူတာရုံသန့်ရှင်းရေးလုပ်စရာမလိုတော့ပဲ တစ်ဘူတာဝင် တစ်ဘူတာထွက် ဘူတာများများ ရောက်ရန် ကြိုးစားခိုင်းလေသည်။

ဦးသိန်းစိန်သည် ကိုအောင်မင်းနှင့် ကိုစိုးသိန်းတို့ကို ရထားပေါ်တွင် တွေ့သမျှ အားလုံး တင်ရန် ကြိုးစားခိုင်းလေတော့သည်။ ထိုအခါ ရထားစီးသူများလာလေ၏။ တစ်ချို့က ရရာဘူတာမှစီး၏ တစ်ချို့က အပ်ပါးကလပ်မှ စီးချင်ကြ၏။ တချို့မှာမူ တစ်ယောက်ထည်းစီးချင်၏၊ တစ်ချို့ကား အဖွဲ့လိုက် လက်မှတ်ဝယ်၏။ တစ်ချို့သည် အမေရိကားမှ လာစီးကြ၏။ အော်စတြေးလျှမှ တစ်ချို့ကား ဖင်လန်မှ လာစီးကြ၏။ လမ်းဆုံးအထိ လိုက်မည်ဟုဆိုကာ အရှိန်များသောကြောင့် လန့်လာသဖြင့် ခုန်ဆင်း ကြသူများလည်းရှိသည်။

ရထားပေါ်တွင် အမှန်အကန် မီးရထားစီးသူ ကုန်ပစ္စည်းတင်သူ အပျော်လိုက် စီးသူ ဈေးရောင်းသူ ခေါင်မိုးပေါ်တက်စီးသူ တွယ်စီးသူ နှင့် ခါးပိုက်နိုက်များပါ ပါဝင်၏။ အမှန်အကန်စီးသူများသည် ရထားကြီးကို သူတို့ရောက်ချင်သည့် ဘူတာရောက် မည်ဟု ယုံကြည်ကြ၏။ ကုန်ပစ္စည်းတင်သူများကား ဈေးသက်သက်သာသာနဲ့ ကြက်သွန်အိတ် ပဲအိတ် ဆန်အိတ်များကို သယ်ချင်သူ မှောင်ခိုများဖြစ်၏။ အပျော် လိုက်စီးသူများမှာ အိမ်ပြန်လည်ချင်သူများဖြစ်၏။ ဈေးရောင်းသူများမှာ မြတ်ရင်ပြီး ရောဖြစ်ပြီး ခေါင်မိုးပေါ် တက်စီးသူနဲ့ တွယ်စီးသူတို့မှာ မိမိကိုယ်မိမိ သေကြောင်း ကြံစည်သူများဖြစ်၏။ ခါးပိုက်နိုက်များကား ခရီးသွားသူအချင်းချင်း ဒုက္ခပေးရန် ရရာ နှိုက်မည်သူများဖြစ်၏။ မည်သို့ပင်ဆိုစေကာမူ ရထားကြီးပေါ်တွင် ယခင်ကထက် လူပိုများလာသည်က အမှန်ပေတည်း။

အခန်း (၂)၊

ရထားကြီးပေါ်တွင် စီးကြရင်းနှင့် အချင်းချင်း အပြန်အလှန်ကူညီကြ၏။ ရထားက အလွန်မြန်သဖြင့် လန့်နေသူလည်းရှိ၏၊ အချို့ဘူတာတွင် အကြာကြီးရပ်၏ အချို့ ဘူတာတွင်ကား ဘီးလိမ့်ရုံသာရပ်၏။ ကိုအောင်မင်းနှင့် ကိုစိုးသိန်းတို့သည် လည်းကောင်းတို့နားတွင် တိုလီမုတ်စခိုင်းရန် ခင်ရီဆိုသူ ကောင်လေးတစ်ယောက်ကို ခေါ်ထားကာ ထမင်းထုပ်ဝယ်ခိုင်း၏။ အဝတ်လျှော်ခိုင်း၏။ ညှောင်းလျှင်နှိပ်ခိုင်း၏။ ထိုမီးရထားလာနေချိန်တွင် ရွာထဲတွင်လည်း ရှုပ်ရှက်ခက်လျက်ရှိသည် ရွာထဲရှိ ကုလားလေးများနှင့် ရခိုင်လေးများသည် ရန်ဖြစ်လျက်ရှိသည် ရွာတောင်ဘက်ရှိ မြေ ကွက်ကို သူကြီးဖြစ်သူဦးပိုင်က မပြောမဆိုပဲ တရုတ်များကိုရောင်းလိုက်၏။ ရွာသား များက မကျေနပ်ကြ၊ ရွာထဲရှိ ဘုန်းကြီးများကို သူကြီးက တုတ်နှင့်ရိုက်၏ ဆောင့် ကန်၏၊ သေနတ်နှင့်ပစ်၏၊ ရွာအလည်ကောင်ရှိ မြေကွက်ကို ရွှေတူးမည်ဟုဆိုကာ ခြံစည်းရိုးခတ်၏ ရွာတရားရုံးကို စားသောက်ဆိုင်လုပ်ရန် ရောင်းပြန်၏။ သူကြီးသည် မူးရမ်းကာ တရုတ်လူမိုက်တစ်စုနှင့်အတူ ရွာထဲတွင်လုပ်ချင်တာလုပ်နေတော့သည်။

ထိုအကြောင်းအရာများကို မီးရထားပေါ်ရှိ တချို့လူများသိကြ၏ တချို့လူများမသိကြ။ တချို့ကား မသိချင်ရောင်ဆောင်နေကြ၏ ရွာထဲတွင် ဖရိုဖရဲ ဖြစ်နေသည်ကား အမှန်ပေတည်း။

အခန်း (၃)၊

ထိုပြဿနာများကို ဖြေရှင်းရန် သူကြီးသည် ဟိုဘက်ရွာမှ တရုတ်ကြီးများကို လာ လည်ခိုင်း၏ သူကြီးလည်း လေး ငါး ခြောက် ခေါက် ခုနှစ် ခေါက် ရှစ် ခေါက်သွား၏။ တော်တော်ဝေးသောရွာမှ ဘားတိုက်တွင်နေသော ဘားတိုက်အိုဘားမား ဆိုသူလည်း လာလည်၏

ရွာသားများကား စိတ်ရှုပ်သူရှုပ် ဒေါသထွက်သူထွက် ပျော်သူပျော် ပြေးသူပြေး ဖြစ်ကာ အလွန်နေထိုင်ဖွယ်ရာကောင်းသော ရွာသာယာသည် ယခုမူ ဝမ်းရောဂါဖြစ် နေသော မီးလောင်ထားသည့် တံငါရွာနှင့်တူနေလေသည်။

အခန်း (၄)၊

မီးရထားကြီးကား ရုံပိုင်ကြီး ဦးသိန်းစိန်၏ မီးစိမ်းကိုရသည်နှင့် စထွက်ရန်ကြိုးစားသည် မီးခိုးက တော်တော်ထွက်၏ စမောင်းပြီး တော်တော်အရှိန်ရသောအခါ ကိုအောင်မင်း ကား အိပ်ငိုက်လာလေသည်။ ကိုစိုးသိန်းက အရက်မူးနေသောကြောင့် ခေါင်း မထောင်နိုင်။ ၄င်းတို့၏ ကလေး မောင်ခင်ရီ က တစ်ခါတစ်ခါ ဥသြဆွဲ၏၊ မောင်း၍ အရှိန် တော်တော်ရချိန်တွင် မီးရထားလမ်းရှေ့၌ ကျွဲအုပ်ကြီးတစ်အုပ် ဖြတ်သည့် အကောင်ကဖြတ်၊ ရပ်သည့်အကောင်က ရပ်နေသည်ကိုမြင်သောကြောင့် ဘရိတ်ဖမ်း သောအခါ ဘရိတ်နှင့်လီဗါ မှား၍ ဆွဲမိသဖြင့် မီးရထားကြီးမှာ ကျွဲအုပ်ကို တိုက်ပြီး နောက် ပေ ၇၀၀၀ ကျော်အမြင့်မှ လေဟုန်စီး၍ သက်တောင့်သက်သာ မြေပြင်သို့ မီးလောင်ပေါက်ကွဲ ကျဆင်းသွားလေတော့သတည်း။

အားလုံး ရန်သူမျိုး ၅ ပါးနှင့် မီးရထားဘေးမှ လွတ်ကင်းကြပါစေ ….

သဗ္ဗေသတ္တာ ကီးမားပလာတာ

မင်းရာမ။

(ယခုဖေါ်ပြပါ ဆောင်းပါးသည် ကွယ်လွန်သူ ဦးမောင်မောင်ကြီး ရေးသားခဲ့သော ဆောင်းပါးဖြစ်ပါသည်)။




အပြည့်ဖတ်မည်...

တော်လှန်ကြယ်တစ်ပွင့်အား ဦးညွှတ်ဂုဏ်ပြုခြင်း။

တော်လှန်ကြယ်တစ်ပွင့်အား ဦးညွှတ်ဂုဏ်ပြုခြင်း။



အပြည့်ဖတ်မည်...

Friday, April 26, 2013

တော်လှန်ကြယ်တစ်ပွင့်။

တော်လှန်ကြယ်တစ်ပွင့်။



ဦးမောင်မောင်ကြီး ( ၁၉၆၃ - ၂၀၁၃ )။

ကိုယ်ရေးအတ္ထုပတ္တိ။

ဦးမောင်မောင်ကြီးကို အဖ ဦးအုန်းဖေ နှင့် အမိ ဒေါ်ညွန့်ရီတို့မှ ၁၉၆၃ ခုနှစ်၊ ဇန္န၀ါရီလ(၁၇) ရက်နေ့တွင် ရန်ကုန်တိုင်း ၊ ရန်ကုန်မြို့ ၊ ရန်ကင်းမြို့နယ်၌ မွေးဖွားခဲ့သည်။ မွေးချင်း(၈)ယောက်အနက် အကြီးဆုံးသား ဖြစ်သည်။ ၁၉၆၉ ခုနှစ်မှစ၍ ရန်ကင်းမြို့နယ် ၊ အလယ်တန်း ကျောင်း (အ လ က ၃) တွင် ပညာ စတင်ဆည်းပူးခဲ့သည်။ ၁၉၇၈ ခုနှစ်တွင် ရန်ကင်းမြို့နယ် အထက်တန်း ကျောင်း (အ ထ က ၂) သို့ ပြောင်းရွှေ့ပြီး ပညာဆက်လက်သင်ယူခဲ့သည်။ ၁၉၈၈ ခုနှစ် အထိ လုပ်သားများ ကောလိပ်တွင် သမိုင်းအဓိက ဘာသာရပ်ဖြင့် ပညာဆက်လက်ဆည်းပူးခဲ့ပြီး မြန်မာနိုင်ငံကြက်ခြေနီ နည်းပြသင်တန်း ၊ လမ်းစဉ်လူငယ် ခေါင်းဆောင်နှင့်မွမ်းမံသင်တန်း အပြင် အလုပ်သမားအစည်းအရုံး ရုံးစီမံခန့်ခွဲမှု ပညာရပ်များကိုသင်ယူခဲ့သည်။

ကျောင်းသားဘဝ ကတည်းမှစ၍ စာပေ၀ါသနာပါသောကြောင့် မြန်မာစာပေများ ၊ ဒုတိယကမ္ဘာစစ်ဆိုင်ရာ စာပေများ၊ အလုပ်သမားစာပေများအပါအ၀င် တော်လှန်စာပေများအား လေ့လာဆည်းပူးခဲ့သည်။ လုပ်သားများ ကောလိပ်တွင် သမိုင်းအဓိက ဘာသာရပ်ဖြင့် ပညာသင်နေရင်း ရန်ကင်းမြို့နယ် ၊ ရက်ကွက်စာကြည့်တိုက်တွင် လည်း အတွင်းရေးမှူးအဖြစ် ဝင်ရောက်တာဝန် ထမ်းဆောင်ခဲ့သည်။ ပညာသင်နေရင်း လုပ်ငန်းခွင်များ ၀င်ရောက်လုပ်ကိုင်စဉ် ၁၉၈၈ ခုနှစ် မတ်လ ကျောင်းသား (ကိုဖုန်းမော်) လှုပ်ရှားမှုအရေးတော်ပုံကြီးတွင် ပါဝင်ခဲ့ပြီး (၁၉၈၈) ခုနှစ် မြန်မာတနိုင်ငံလုံးဆိုင်ရာ ဒီမိုကရေစီ လူထုအရေးတော်ပုံကြီးတွင် တာဝန်ကျရာ အခန်းဏ္ဍမှ တက်ကြွစွာပါဝင် လှုပ်ရှားဆောင်ရွက်ခဲ့သည်။ ၁၉၈၈ လူထုအရေးတော်ပုံမတိုင်မီအထိ မြန်မာ့ရေနံ ကော်ပိုရေးရှင်းရုံးဝန်ထမ်း ၊ ရန်ကင်းမြို့နယ် ကြက်ခြေနီ တပ်စုမှူး နှင့် လုပ်သားများကောလိပ် အလုပ် အမှု ဆောင်အဖြစ်ဝင်ရောက်လုပ်ကိုင်ခဲ့သည်။

၁၉၈၈ခုနှစ်၊ စက်တင်ဘာလ (၁၈)ရက်နေ့တွင် စစ်အစိုးရ (နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့)၏ စစ်အာဏာသိမ်းမှုကြောင့် စစ်အာဏာရှင်စနစ်အား တိုက်ဖျက်ရန်အတွက် တိုင်းရင်းသားလူမျိုးစု တော်လှန်ရေး အခြေခံဒေသသို့ ထွက်ခွါလာခဲ့သည်။
လွတ်မြောက်နယ်မြေသို့ရောက်ရှိပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်) သို့ မွန်ပြည်နယ် ၊ ဘုရားသုံးဆူဒေသ ၊ တပ်ရင်း (၁၀၂)မှ စတင်ဝင်ရောက်ကာ တာဝန်များကို ကျေပွန်စွာထမ်းဆောင်ခဲ့သည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်)တွင် တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း တပ်ရင်းစည်းရုံးရေးအဖွဲ့ဝင် ၊ စခန်း ကော်မတီအတွင်းရေးမှူး (၂) ၊ အမှတ် (၁၀၂)တပ်ရင်းမှူး ၊ စခန်းကော်မတီ ဒုတိယ ဥက္ကဌ ၊ နယ်မြေကော်မတီ အတွင်းရေးမှူး နှင့် မကဒတ ဒုတိယအကြိမ်ညီလာခံသက်တမ်းအတွင်း ဗဟိုကော်မီတီဝင် ၊ ဗဟိုလုပ်ငန်း စစ်ဆေးရေးဌာနအတွင်းရေးမှူးအဖြစ်လည်းကောင်း ၊ ၄င်းနောက် တပ်ရင်း (၂၀၉)သို့ပြောင်းရွှေ့ပြီးနောက် တတိယအကြိမ်ညီလာခံသက်တမ်းအတွင်း ကျောင်းသား တပ်မတော် စစ်ရုံးချုပ် ရုံးအုပ်ကြီးအဖြစ် လည်းကောင်း ၊ ၁၉၉၆ခုနှစ် ပေါင်းစည်းရေးညီလာခံ သက်တမ်းကာလအတွင်း ဗဟိုကော်မတီဝင် ၊ ဌာနချုပ် တာဝန်ခံအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

သက္ကရာဇ်(၂၀၀၀)ခုနှစ်မှစ၍ ကွယ်လွန်ချိန်အထိ ဒီမိုကရေစီနှင့်ဖွံ့ဖြိုးတိုးတက်ရေးအင်အားစုတွင် ဗဟိုဦးဆောင်ကော်မတီဝင်အဖြစ် ပေးအပ်သောတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခဲ့သည်။ မြန်မာနိုင်ငံ ဒီမိုကရက်တစ်အင်အားစုတွင်လည်း မူဝါဒရေးရာဦးဆောင်အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည်။

နိုင်ငံရေး ၊ စစ်ရေးလုပ်ငန်းများကို ဆောင်ရွက်နေစဉ်မှာပင် ဒီမိုကရေစီ ၊ လူ့အခွင့်အရေး ၊ လူထုစည်းရုံးရေး ၊ ရုံးစီမံခန့်ခွဲရေး အပါအ၀င် အခြားသော ပညာရပ်များကိုလေ့လာဆည်းပူးကာ နိုင်ငံတကာတက္ကသိုလ်များမှ အသိအမှတ်ပြု ဘွဲ့လက်မှတ်များ ရရှိအောင်စွမ်းဆောင်နိုင်ခဲ့သည်။ ၄င်းအပြင် မိမိတတ်ကျွမ်းသောပညာရပ် များကို သင်ကြားပို့ချသည့် ကျောင်းဆရာ ၊ သင်တန်းဆရာအဖြစ်လည်း နှစ်ပေါင်းမျာစွာ ဆောင်ရွက်ခဲ့သည်။

မကွယ်လွန်မိအချိန်အထိ Children Development Center ပညာရေးကော်မတီတွင် ဒုတိယ ဥက္ကဌအဖြစ် လည်းကောင်း ၊ ခလေးအခွင့်အရေးကာကွယ်စောင့်ရှောက်မှုကော်မတီတွင် တွဲဖက်အတွင်း ရေးမှူးအဖြစ် လည်းကောင်း ၊ Suwannimit Foundation တွင် ဆပ်ကော်မတီဝင်အဖြစ်လည်းကောင်း တာဝန်များ ထမ်းဆောင်ခဲ့သည်။

၂၀၁၁ ခုနှစ်မှစ၍ အသည်းရောဂါ ဝေဒနာကြောင့် ရုပ်ပိုင်းဆိုင်ရာ အားနည်းသွားသော်လည်း စစ်အာဏာရှင် များကို အရှုံးမပေး လက်မလျှော့ဘဲ တိုင်းပြည်နှင့်ပြည်သူလူထုအတွက် အသက်ပေးတိုက်ပွဲဝင်ခဲ့သည်။

၁၉၉၅ခုနှစ်တွင် မြန်မာ့အမျိုးသမီး သမဂ္ဂအဖွဲ့မှ နော်လေးဒီနှင့် လက်ထပ်ထိမ်းမြားခဲ့သည်။ စောရန်နိုင် နှင့် စောဇင်မင်း သား (၂) ယောက် ထွန်းကားပြီး မကွယ်လွန်မီအချိန်အထိ ပျော်ရွှင်ချမ်းမြေ့စွာ နေထိုင်ခဲ့သည်။

အပြည့်ဖတ်မည်...

Thursday, April 25, 2013

တောင်သူလယ်သမားများအပေါ် လက်နက်အားကိုးဖြင့် အကြမ်းဘက် နှိမ်နင်းခြင်းအား ကန့် ကွက်ပါသည်။

တောင်သူလယ်သမားများအပေါ် လက်နက်အားကိုးဖြင့် အကြမ်းဘက် နှိမ်နင်းခြင်းအား ကန့် ကွက်ပါသည်။





အပြည့်ဖတ်မည်...

ဗုဒ္ဒမြတ်စွာဘုရား သက်တော်ထင်ရှားရှိနေသေးရင်တောင် အဲ့ဒီ မိစ္ဆာဒိဌိတွေထံ တရားဟောပြောခွင့် တောင်းခံရဦးမလို ဖြစ်နေတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်တောင်ပိုင်း ပိဋကတ်သုံးပုံ နိကာယ် စာသင်တိုက်အတွင်း တရားပွဲပြုလုပ်ကျင်းပလျက်ရှိသည်ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ ခွင့်ပြုချက်မရှိဘဲ တရားပွဲကျင်းပတယ်ဆိုပြီး ဥပဒေအရ အရေးယူခံရမယ်လို့ အကြောင်းကြားလာပါတယ်။

ဗုဒ္ဒဘာသာ တရားတော်နဲ့ အညီ ပြုလုပ်တဲ့ တရားပွဲတွေ ကျင်းပတာကြတော့ လိုက်လံပိတ်ပင်တယ်၊ အခြားသော လူမျိုးရေး ဘာသာရေး ပဋိပက္ခဖြစ်စေနိုင်တဲ့ ဟောပြောမှုတွေကြတော့ မသိချင်ယောင်ဆောင်ပြီး လွှတ်ပေးထား။ အာဏာရူးတွေအလိုကျ ပင့်ဟောနေတာတွေ ပနံသင့်ပေါင်းနေတဲ့သူတွေကြတော့ ဟောချင်ရာ ဟော ပြောချင်ရာ ပြော ပြဿနာ မရှာ။

ဗုဒ္ဒမြတ်စွာဘုရား သက်တော်ထင်ရှားရှိနေသေးရင်တောင် အဲ့ဒီ မိစ္ဆာဒိဌိတွေထံ တရားဟောပြောခွင့် တောင်းခံရဦးမလို ဖြစ်နေတယ်၊ ဘာသာတရား နားမလည်တဲ့ ဘယ်နှယ့်သော အဟိတိရစ္ဆာန်တွေလည်း မသိ၊ နေရာတကာ လိုက်လံ ပိတ်ပင်နေတာများ။


အပြည့်ဖတ်မည်...

Tuesday, April 23, 2013

ဒေါက်တာဆိတ်ဖွား မည်သူမည်ဝါဆိုတာ ဖေါ်ထုတ်နိုင်ပြီဆိုလို့ ပါ။

ဒေါက်တာဆိတ်ဖွား မည်သူမည်ဝါဆိုတာ ဖေါ်ထုတ်နိုင်ပြီဆိုလို့ ပါ။


“ဥပဒေအထက်မှာ လွှတ်တော် ရှိနေသလား” ဆိုသော ဆောင်းပါးဖြင့် ဝေဖန်ခဲ့သော ဒေါက်တာဆိတ်ဖွား မည်သူမည်ဝါဖြစ်တယ်ဆိုပြီး စွပ်စွဲတာဘဲဖြစ်ဖြစ် အတိအကျထုတ်ပြောတာဘဲဖြစ်ဖြစ် “ဥပဒေအထက်မှာ လွှတ်တော် ရှိနေသလား” ဆိုတဲ့ မေးခွန်းဟာ ဘာများ အမှားရှိလို့ ပါလည်း၊ မမေးရမယ့် မေးခွန်းဖြစ်နေရလို့ လား၊ နိုင်ငံသူ နိုင်ငံသားတစ်ယောက်အနေနဲ့  ဒီလိုမေးခွန်းမျိုးကို မပြောရဖူးဆိုတဲ့ ကန့် သတ်ချူပ်ချယ် ပိတ်ပင်ထားမှုများ ရှိနေလို့ လား။

“ဥပဒေအထက်မှာ လွှတ်တော် ရှိနေသလား” ဆိုတဲ့မေးခွန်းက လွှတ်တော်ကြီးအတွက် ထိခိုက်နစ်နာစေတယ်လို့ ယူဆရင် လွှတ်တော်ထဲမှာ ဥပဒေချိုးဖောက်မှုတွေ ဘယ်သောအခါမှ မရှိဖူး၊ ဥပဒေကို လက်တစ်လုံးခြားလုပ်ပြီး ဥပဒေအထက်ကနေနေတဲ့သူ မရှိဖူး မရှိနိုင်ဖူးလို့  အာမခံ ပြောရဲကြပါသလား။

၂၀၀၈ ခုနှစ် ဖွဲ့ စည်းပုံအခြေခံဥပဒေဆိုတာ နှစ်ပေါက်တစ်ပေါက် လက်ဝါးရိုက် ကြံစီဖန်တီး လှည့်ဖြားအတည်ပြုခဲ့တဲ့အနေအထားတွေ၊ မတရားတဲ့ အချက်တွေ ပါရှိနေတာမို့  ဒီဥပဒေကို ကျင့်သုံးနေကြတဲ့ ယနေ့  လွှတ်တော်ထဲမှာ ရှိနေကြတဲ့ လွှတ်တော်ဥက္ကဋ္ဌကြီး၊ သမ္မတကြီးတွေကအစ ကိုယ့်အဆင်နဲ့  ကိုယ့်ဖာသာ ကောက်ရွေးတင်မြှောက်တဲ့သူတွေ၊ အရပ်သားလွှတ်တော် မပြည့်ဝ မပီသတဲ့၊ ၂၅% သော နေရာတွေကို ပြည်သူက ရွေးချယ်တင်မြှောက်တဲ့သူတွေ မဟုတ်တဲ့ ထိုင်ခုံလုထိုင်နေတဲ့သူတွေ ရှိနေတဲ့ လွှတ်တော်ဟာ ဥပဒေအထက်မှာ ရှိနေရုံတင်မကဖူး ခြေနဲ့ နင်း ဖင်နဲ့ ပါ ခုထိုင်ထားတယ်လို့ တောင် ပြောသင့်ပါတယ်။

ဒေါက်တာဆိတ်ဖွားပြောတာ သင့်တော်ရုံမက ပြည်သူပြည်သားတိုင်း မည်သူမဆို ပြောရမယ့် မေးရမယ့် “ဥပဒေအထက်မှာ လွှတ်တော် ရှိနေသလား”။ “ဥပဒေအထက်မှာ လွှတ်တော် ရှိနေသလား”၊ “ဥပဒေအထက်မှာ လွှတ်တော် ရှိနေသလား” ပါ။

ဒီလို နိုင်ငံသားတစ်ယောက်အနေနဲ့  ဝေဖန်ပိုင်ခွင့် သုံးသပ်ပိုင်ခွင့် မေးပိုင်ခွင့်ရှိတဲ့အတွက် ဒီလို မေးမြန်းသူကို တားဆီးပိတ်ပင်မယ် ကန့် သတ်ချူပ်ချယ်မယ် အရေးယူမယ်ဆိုရင် ဒီလွှတ်တော်ကြီးရော ဒေါက်တာဆိတ်ဖွား စုံစမ်းဖော်ထုတ်ရေး ကော်မရှင်ရော “ဥပဒေအထက်မှာ လွှတ်တော် ရှိနေတာ အတိအကျ သေချာသွားပါလိမ့်မယ်။

အပြည့်ဖတ်မည်...

Saturday, April 20, 2013

ယနေ့ ကျရောက်သော သမတကြီး သိန်းစိန်အတွက် မွေးနေ့ ဆုတောင်းလေးပါ။



ယနေ့ ကျရောက်သော သမတကြီး သိန်းစိန်အတွက် မွေးနေ့ ဆုတောင်းလေးပါ။ 
 


အပြည့်ဖတ်မည်...