Friday, August 31, 2012

အသစ် အသစ် .. အရင်ကသူတွေ လုပ်ခဲ့တာလို့  .. ပြောပြောနေကြလို့ ။



































အရင်က ဘယ်သူတွေလည်း အခုကရော ဘယ်သူတွေမို့ လို့ လည်း။

“ပိတ်ပင်တားမြစ် ပိတ်ဆို့ တာတွေက အရင်အစိုးရလက်ထက်က လုပ်တာ .. အခု ငါတို့  အစိုးရလက်ထက်မဟုတ်ဖူး …”

“ဖမ်းဆီး ညဉ်းပမ်း နှိပ်စက်သတ်ဖြတ်တာတွေ အရင်အစိုးရလက်ထက်က လုပ်တာ .. အခု ငါတို့  အစိုးရလက်ထက်မဟုတ်ဖူး …”

“လူ့ အခွင့်အရေးချိုးဖောက်တာတွေ အရင်အစိုးရလက်ထက်က လုပ်တာ .. အခု ငါတို့  အစိုးရလက်ထက်မဟုတ်ဖူး …”

“တိုင်းပြည်ကို ဆင်းရဲမွဲတေ ချွတ်ခြုံကျအောင် လုပ်တာ အရင်အစိုးရလက်ထက်က လုပ်တာ .. အခု ငါတို့  အစိုးရလက်ထက်မဟုတ်ဖူး …”

“ငါတို့  ငါတို့ က … အရင် မဟုတ် …. အင်း မဟုတ်ဖူး …..”

အပြည့်ဖတ်မည်...

အမဲ အဖြူခွဲပြီး စားမယ့် ကျား အန္တရာယ်။


အပြည့်ဖတ်မည်...

Thursday, August 30, 2012

Black list လို့  ခေါ်တဲ့ အမည်မည်း စာရင်း ပယ်ဖျက်တယ်ဆိုလို့  …



















Black list လို့  ခေါ်တဲ့ အမည်မည်း စာရင်း ပယ်ဖျက်တယ်ဆိုလို့  …

- ဘယ်တုန်းကများ Black list လို့  ခေါ်တဲ့ အမည်မည်း စာရင်းထဲ ၀င်သွားရပါလိမ့်။

- ဘာကြောင့်များ Black list လို့  ခေါ်တဲ့ အမည်မည်း စာရင်းထဲ ၀င်သွားရပါလိမ့်။

- ဘယ်သူတွေကများ Black list လို့  ခေါ်တဲ့ အမည်မည်း စာရင်းထဲ ထည့်ရပါလိမ့်။

- အမည်မည်းစာရင်း (၆၁၆၅) ဦးမှ ကျန်ရှိနေသေးသောသူများမှာ အဘယ့်ကြောင့် ကျန်ရှိရသည်ဆိုတာ ခိုင်မာသော အကြောင်းပြချက်နှင့် တိကျစွာ မထုတ်ပြန်ရဲပါသလည်း။

- အမည်မည်းစာရင်းထဲ ထည့်သူတွေ ပယ်ဖျက်သူတွေကရော ဖြူစင်သန့် ရှင်းနေလို့ ပါလား။

ဒီမေးခွန်း (၅) ခုကို ယခု ထုတ်ပြန်လိုက်တဲ့ “Black List မှ ပယ်ဖျက်လိုက်သော နိုင်ငံခြားသားများစာရင်း” ထုတ်ပြန်တဲ့ သိန်းစိန်တို့  တိတိကျကျ ဖြေရှင်းဖို့  လိုပါတယ်။

Black List မှ ပယ်ဖျက်လိုက်တယ်ဆိုလို့  အပယ်ဖျက်ခံရသူတွေက အမည်မည်းရှိခဲ့သူတွေ ဖြစ်သလို၊ ကျန်နေသေးသူတွေကလည်း အမည်မည်းရှိနေသေးတယ်လို့ အဓိပ္ပါယ် သက်ရောက်ပါတယ်။

အမည်မည်းဆိုပြီး သတ်မှတ်နေဆဲဖြစ်လို့ လည်း ၀မ်းနည်းစရာလား၊ အမည်မည်းမဖြစ်တော့ဖူးဆိုလို့ လည်း ၀မ်းသာစရာလား။

တကယ် စစ်မှန်တဲ့ လုပ်ဆောင်ချက်ဆိုရင် - မြန်မာနိုင်ငံ ထောင်အသီးသီးက နိုင်ငံရေး ယုံကြည်ချက်ကြောင့် မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူများအားလုံး တစ်ယောက်မကျန် လွှတ်ပေးလိုက်ပါ၊ မတရားဖမ်းဆီး ထိန်းသိမ်းခြင်းများကို လုံးဝ ရပ်တန့် လိုက်ပါ၊ တိုင်းရင်းသားဒေသအသီးသီးမှာ မတရားထိုးစစ်ဆင်တိုက်ခိုက်နေမှုတွေကို ရုပ်သိမ်းလိုက်ပါ၊ နိုင်ငံတကာရောက်နေကြတဲ့ မြန်မာပြည်သူပြည်သားအားလုံးကို တစ်ပြိုင်နက်ထဲ မြန်မာပြည်တွင်း အကြွင်းမဲ့ ဖိတ်ခေါ်လိုက်ပါ။

Black list လို့  ခေါ်တဲ့ အမည်မည်း စာရင်း ပယ်ဖျက်တာတွေ ကျန်နေသေးတာတွေအတွက် ၀မ်းလည်း မသာပါ ၀မ်းလည်း မနည်းပါ မိသိန်းစိန် ….. ယခု မေးခွန်း (၅) ခုကိုသာ ဖြေဆိုရဲပါက ကြိုဆိုပါတယ်။

အပြည့်ဖတ်မည်...

ဒီပုံကို ခွင့်ပြုခဲ့တာနဲ့ ပတ်သက်ပြီး ရှင်းပါဦး။

ဒီပုံကို ခွင့်ပြုခဲ့တာနဲ့ ပတ်သက်ပြီး ပြုတ်သွားတဲ့ ကျော်ဆန်းတင်မက ဆင်ဆာအဖွဲ့ တစ်ခုလုံးပါ ရှင်းပါဦး။ သန့် ရှင်းချင်လှပါပြီဆိုတဲ့ သိန်းစိန်တို့ လည်း ရှင်းပါဦး။


အပြည့်ဖတ်မည်...

Wednesday, August 29, 2012

“ဒီပွဲမှာ ရခိုင်လဲ ရှုံးပါတယ် ကုလားလဲ ရှုံးပါတယ် NLD လဲ ကြားက ရှုံးပါတယ်၊ ကဲ ဘယ်သူနှိုင်သွားသလဲ"






























“ဒီပွဲမှာ ရခိုင်လဲ ရှုံးပါတယ် ကုလားလဲ ရှုံးပါတယ် NLD လဲ ကြားက ရှုံးပါတယ်၊ ကဲ ဘယ်သူနှိုင်သွားသလဲ"

ခက်တယ်ဗျာ ... ကျွန်တော်က ဘေးက ကြည့်တော့ ပိုမြင်တယ် ပြောရမလားပဲ၊ ရခိုင်အရေးမှာ မသင်္ကာစရာတွေ တွေရတာ များနေတော့ မနေနိုင်နိုင် မထိုင်နိုင် ပြောရတော့မယ်ပေါ့၊ မေးခွန်းတွေ ထုတ်ချင်တယ်ဗျာ။

တောင်ကုတ်မှာ လူဆယ်ယောက်ကို သတ်တာ တောင်ကုတ်သားတွေမှဟုတ်ရဲ့လား၊ စဉ်းစားကြည့်ဗျာ တောင်ကုတ်မှာ ကားဂိတ်မှာလဲ ပြသနာဖြစ်တယ်တဲ့၊ ပြီးတော့ နှစ်နာရီလောက် အချိန်ရနေတာကို ဘာလို့ ရဲတွေ စစ်သားတွေက မလာတာလဲ၊ ဘာလို့ လူဆယ်ယောက်ကို လွယ်လွယ်နဲ့ သတ်လို့၇တာလဲ၊ တောင်ကုတ်က ပြည်သူတွေ သတ်တာလား။

ရခိုင်မှာ ရွေးကောက်ပွဲတုန်းက ရခိုင်ပါတီအနိုင်ရတာကို ကြံ့ခိုင်ရေးပါတီက ကျေနပ်မူရှိရဲ့လား၊ ၂၀၁၅ အတွက် ဘာတွေ ပြင်ဆင်မလဲ ဘာတွေအကွက်ချမလဲ။

တောင်ကုတ်မှာ NLD အင်အားကြီးတာကို ဘယ်လို ဖြိုဖျက်မလဲ၊ စေ့စေ့တွေးတော့ ရေးရေးပေါ်၊ ရခိုင်အရေးအခင်းမှာ NLD ပါတီရော ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီရော ဘာလို့ စွပ်စွဲခံရသလဲ၊ ဒီကိစ္စတွေကို ဘယ်သူတွေ ကြိုးကိုင်နေတာလဲ။

“ရခိုင်အရေး စေ့စေ့တွေး ရေးရေးပေါ်”

တကယ်တော့ ရခိုင်အရေးအခင်းဟာ တကယ်အကွက်ချ စီစဉ်မူကြီးပါ။ ကြံ့ဖွတ်က ရခိုင်ပါတီ ရခိုင်မှာ နိုင်တော့ မကျေနပ်ဘူး။ ၂၀၁၅ အတွက် အကွက်ချမယ်၊ ဘာလုပ်မလဲ ရခိုင်မလေး မုဒိန်းကျင့် အသတ်ခံရတော့ အကွက်ဝင်သွားတယ်။

တောင်ကုတ်ဟာ ဗမာပြည်နဲ့ နီးနီးလေး ဆိုက်ကယ်နဲ့ လာလာ ကားနဲ့ လာလာ လွယ်လွယ်လာလို့ရတယ်။ ကြံ့ဖွတ်က စွမ်းအားရှင်လူမိုက်တွေ ကုလားတွေ စီးလာတဲ့ကားကို တား ကုလားတွေကို သတ်မယ်၊ ကုလားတွေ သေတော့ မောင်းတောက ကုလားတွေက မခံနိုင်လို့ သောင်းကျန်းမယ်။

သောင်းကျန်းတဲ့ ကုလားတွေကို မထိမ်းပဲ လွတ်ပေးလိုက်တယ်၊ အလားတူပဲ ထိမ်းလို့ရရဲ့သားနဲ့ မထိမ်းတာ ကုလားတွေကို လွတ်ပေးတော့ ရခိုင်တွေ နာတယ်၊ ရခိုင်တွေ နာတော့ စစ်တွေမှာ ပြဿနာတွေ ဖြစ်ပြီ၊ ဖြစ်တော့ ရခိုင်ပါတီကို ထိခိုက်လာပြီ၊ လုပ်ရင်လဲ တရားခံဖြစ်မယ် မလုပ်ရင်လဲ ရခိုင်တွေဆီမှာ အပြောခံရမယ် ထောက်ခံမှု အားကျမယ်။

NLD ကိုတော့ ကုလားနဲ့ ဒေါ်စု တွဲရိုက်ထားတဲ့ပုံနဲ့ ဖြန့်လိုက်တော့ ဒေါသထွက်နေတဲ့ ရခိုင်တိုင်းရင်းသားတွေဆီက ထောက်ခံမူအား လုံးဝကျသွားတယ် ဒါလဲ ပိုင်တယ်။

ပြီးတော့ ကြံ့ဖွတ်ပါတီ ငြိမ်နေလိုက်တယ်၊ အစကတော့ ဦးသိန်းစိန်က တိုင်းရင်းသားတွေကို ဦးစားပေးမယ် ဘင်္ဂလီတွေက ခိုးဝင်လာတာလို့ ပြောတယ်၊ နောက်တော့ ဦးရေတိုးပွားလာတာလို့ လုပ်ပြန်တယ်။

ပြီးတော့ ရခိုင်ပါတီတွေကို ခေါ်ပြီး ရခိုင်ပါတီတွေ ပြောတာ ပိုထိရောက်တယ်ဆိုပြီး ရခိုင်ပါတီတွေခေါင်းပေါ် ပုံချတယ်။ ပြီးတော့ ဖမ်းထားတဲ့ NGO က ကုလားတွေကို ပြန်လွတ်ပေးလိုက်တယ်။

ပြီးတော့ ဦးသိန်းစိန်ရဲ့ ပြည်ထောင်စုလွတ်တော်ကို တင်တဲ့ သ၀ဏ်လွှာ ထွက်လာပြီး ရခိုင်တိုင်းရင်းသားတွေကို တရားခံ လုပ်လိုက်တယ်။

ရခိုင်အမတ်နဲ့ ပြည်သူတွေ ကန့်ကွက်တော့ မှားသွားပါတယ် ဘာညာနဲ့ အရူးကွက်နင်းပြတယ်၊ နောက်ဆုံးအကြမ်းဖက်မူတွေမှာ ဦးဆောင်ပါတယ်ဆိုတဲ့ ကုလားတွေကို လွှတ်ပေးလိုက်ပြန်ပြီ၊ ကဲ တွေးကြည့်ကြစမ်းပါ။

နောက်လာမယ့်အခြေအနေကို သုံးသပ်ရင် ဖြစ်လာနိုင်စရာတွေက ဒီကိစ္စကို ၂၀၁၅ ရွေးကောက်ပွဲအထိ ရှည်ကြာစေလိမ့်မယ်၊ ကုလားတွေကို ဖိလိုက် ရခိုင်တွေကို ဖိလိုက် စွပ်စွဲလိုက်နဲ့ ကောင်းကောင်း ကစားကြလိမ့်မယ်။

၂၀၁၀ တုန်းကလိုဘဲ ၂၀၁၅ ရွေးကောက်ပွဲနီးလာရင် ကုလားတွေကို အခွင့် အရေးပိုပေးပြီး ကြံဖွတ်ပါတီက ကုလားမဲတွေ သိမ်းကျုံးသွားလိမ့်မယ်။

ရခိုင်ပါတီကို နည်းလမ်းပေါင်းစုံနဲ့ ဖြိုခွင်းဖို့ ကြိုးစားလိမ့်မယ်၊ နောက်ဆုံးမှာ ဒိုင်လူကြီးလုပ်မယ်ဆိုတဲ့ သိန်းစိန်တို့  အစိုးရ ၂၀၁၅ မှာ အေးအေးဆေးဆေးနဲ့ ဒိုင်စားသွားလိမ့်မယ်။

သူတို့ မဲရဖို့အတွက် အကွက်တွေ ရွှေ့ခဲ့တဲ့အတိုင်း တိုင်းရင်းသားတွေ မျက်နှာမထောက်ပဲနဲ့ လုပ်ချင်တာကို လုပ်ကြလိမ့်မယ်။

ဘယ်လိုလုပ်မလဲ၊ တကယ်တော့ အစိုးရက အလုပ်ရှင်လိုမျိုး၊ ရခိုင်နဲ့ ကုလားက အလုပ်သမားတွေလို၊ အလုပ်ရှင်ဆိုတာ သူအောက်ကလူတွေ တည့်သွားမှာကို ကြောက်တယ်။ အမြဲတမ်း သွေးထိုးနေတယ်၊ ဒါမှ ရခိုင်က မကောင်းရင် ကုလားက တိုင်တယ်၊ ကုလားကို ပြောထားတယ်၊ တကယ်တော့ ခင်တာ မင်းကိုပါ ရခိုင်ကို စောင့်ကြည့်ကွာ ဒီကောင် ဘာမဟုတ်တာတွေ လုပ်လဲမသိဘူးလို့  ကုလားဘက်ကို ပြောမယ်။

ဒီလိုပဲ ရခိုင်ကိုလဲ ကုလားကို စောင့်ကြည့်ကွာဆိုပြီး ဘာညာနဲ့ ကစားနေတာပဲ။ နောက်ဆုံးတော့ ကုလားကို ရခိုင် မယုံ၊ ရခိုင်ကို ကုလားမယုံနဲ့ ချကြနက်ကြနဲ့ သိန်းစိန်ုတို့ ကတော့ အမြတ်တွေကို ထွက်လို့။ နိုင်ငံတကာက လာလှူ အိပ်ထဲထည့် ဘယ်လောက်ပိုင်လဲ။ ကဲ ဒီပွဲမှာ ရခိုင်လဲ ရှုံးပါတယ်၊ ကုလားလဲ ရှုံးပါတယ်၊ NLD လဲ ကြားက ရှုံးပါတယ်။

အနိုင်ရရှိသူကတော့ ကြံ့ဖွတ်အစိုးရပဲ ဖြစ်ပါတယ် ခင်ဗျာ။

သုံးသပ်တင်ပြသူ -
ဗိုက်ကလေး (တွတ်ပီယောက်ဖ)
ကြုံတိုင်းရွာ။


အပြည့်ဖတ်မည်...

ပြည်ပမှ မြန်မာနိုင်ငံသို့  ပြန်လည်ရောက်ရှိသူ ထောင်ချခံရ။



















ပြည်ပမှ မြန်မာနိုင်ငံသို့  ပြန်လည်ရောက်ရှိသူ ထောင်ချခံရ။

ပြည်ပမှ မြန်မာနိုင်ငံသို့  ပြန်လည်ဝင်ရောက်ခဲ့သူ စောကျော်ကျော်မင်း ယနေ့ မနက်မှာ မြောက်ပိုင်းခရိုင်တရားရုံး (အင်းစိန်) ၏ မတရားဆောင်ရွက်မှုကြောင့် အင်းစိန်ထောင်တွင် ထောင် (၆) လ ကျခံရကြောင်း သိရှိရပါတယ်။

စောကျော်ကျော်မင်းဟာ ရှေ့နေတစ်ဦးဖြစ်ပါတယ်။ မြန်မာပြည်ကနေ ပြည်ပကို မထွက်ခွာခဲ့မီက အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ ကိုသန်းဇင်မျိုး အပါအ၀င် (၁၁) ဦးရဲ့ အမှုကို ရှေ့နေ
စောကျော်ကျော်မင်းနဲ့ ရှေ့နေ ညီညီထွေးတို့ က လိုက်ပါ ကူညီဆောင်ရွက်ခဲ့ကြပါတယ်။ ကိုသန်းဇင်မျိုးတို့  အမှုအတွက် ကူညီဆောင်ရွက်နေစဉ်အတွင် တရားရုံးအတွင်း အမှုစစ်စဉ် တရားသူကြီးက တရားရုံးကို ကျောပေးထိုင်တဲ့ ကိစ္စနဲ့ ပတ်သတ်ပြီး ရှေ့နေ့ တွေကို တရားခံတွေကို ရှေ့ လှည့်ထိုင်ခိုင်းဖို့  အမိန့် ပေးခဲ့တဲ့အခါမှာ ရှေ့ နေ စောကျော်ကျော်မင်းတို့ က အမှုသည်ရဲ့ ညွှန်ကြားချက် မဟုတ် တဲ့အတွက် မပြောပေးနိုင်ဘူး ဆိုခဲ့တာကြောင့် စောကျော်ကျော်မင်းတို့ ကို တရားရုံးမထီမဲ့မြင်ပြုမှု ပုဒ်မ ၂၂၄ နဲ့  တရားစွဲပါတယ်။ တရားစွဲဆဲ အမိန့် မချခင်ကာလမှာ စောကျော်ကျော်မင်း ပြည်ပကို ထွက်ခွါခဲ့ခြင်း ဖြစ်ပါတယ်။

၎င်းနောက် သမ္မတဖြစ်သူ သိန်းစိန်ရဲ့  ပြည်ပရောက်နေသူတွေကို ဖိတ်ခေါ်မှုအရ စောကျော်ကျော်မင်းဟာ မြန်မာပြည်ကို ပြည်ပကနေ ပြန်လည်ဝင်ရောက်ခဲ့တာဖြစ်ပြီး ယခုလို ထောင်ချခံရတာ ဖြစ်ပါတယ်။

စောကျော်ကျော်မင်းဟာ မြန်မာပြည်ကို ပြန်လည်ရောက်ရှိလာခဲ့တဲ့အချိန်မှာ အလုပ်သမားသမဂ္ဂများ ဖွဲ့ စည်းနိုင်ရေးအတွက် ၀ိုင်းဝန်းကူညီခဲ့ပြီး၊ ကြွေပြားစက်ရုံအလုပ်သမားအဖွဲ့ အပါအ၀င် အခြေခံ အလုပ်သမားသမဂ္ဂအဖွဲ့  (၁၀) ဖွဲ့ ထက် မနည်း ဖွဲ့ စည်းနိုင်ခဲ့တဲ့အထိ ကူညီဆောင်ရွက်သူ ဖြစ်ပါတယ်။

စောကျော်ကျော်မင်းဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ရဲ့  အင်းစိန် မြို့ နယ် လူငယ်တာဝန်ခံ (၂) အဖြစ် တာဝန် ယူခဲ့ဖူးသူလည်း ဖြစ်ပါတယ်။ စောကျော်ကျော်မင်းရဲ့  ဖခင်ဖြစ်သူ ဦးမြင့်ကြွယ်ဟာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်မှာ ပါဝင်ဆောင်ရွက်ရင်း ၁၉၉၅ ခုနှစ်မှာ နိုင်ငံရေးယုံကြည်ချက်ကြောင့် အကျဉ်းကျ ခံရသူ ဖြစ်ပါတယ်။

ယခုလို စောကျော်ကျော်မင်းကို မြန်မာပြည်တွင်း ပြန်လည်ရောက်ရှိချိန်မှာ အပြစ်မရှိ အပြစ်ရှာပြီး မတရားထောင်ချမှုဟာ သမ္မတဖြစ်သူ သိန်းစိန်တို့ ရဲ့  ဖိတ်ခေါ်ကြိုဆိုမှုတွေမှာ ရိုးသားမှုတွေ မရှိဖူးဆိုတာ၊ မြှုံးသွင်းသလို ဖမ်းချင်သူကို ဖမ်း လွှတ်ချင်သူကို လွှတ် ကျင့်ကြံနေတာ ပေါ်လွင်နေပါတယ်။

အပြည့်ဖတ်မည်...

Tuesday, August 28, 2012

နာရေးကူညီမှုအသင်း (ရန်ကုန်) Free Funeral Services Society ၏ အင်တာနက်စာမျက်နှာ။

နာရေးကူညီမှုအသင်း (ရန်ကုန်) Free Funeral Services Society ၏ အင်တာနက်စာမျက်နှာ http://www.ffssyangon.org ဖြစ်ပါတယ်။




အပြည့်ဖတ်မည်...

Monday, August 27, 2012

ကျွန်တော် ခေတ်သစ် သမ၀ါယမ၀န်ကြီး ကျော်ဆန်း။

































ကျွန်တော် ခေတ်သစ် သမ၀ါယမ၀န်ကြီး ကျော်ဆန်း။

၁၉၆၂ ခုနှစ်၊ အာဏာရှင်ကြီး နေ၀င်းလက်ထက် မဆလခေတ်က ဆပ်ပြာတစ်တုံး အလကားတွဲပေးတဲ့ သမ၀ါယမ၀န်ကြီးဌာနလိုဘဲ ကျွန်တော်တို့ ရဲ့  အညစ်အကြေးတွေ လျှော်ပေးကြပါ။ သမ၀ါယမ၀န်ကြီး ကျွန်တော် ကျော်ဆန်း .. ၀ါယမ (အားထုတ်) ပါမယ် .. သမ (ခိုးယူ) ဖို့  …..


အပြည့်ဖတ်မည်...

Sunday, August 26, 2012

ဘုန်းကြီးကျောင်းတိုက်အတွင်းမှာ ဖိနပ်စီးတာတော့ လွန်လွန်းတာပေါ့။

ဘုန်းကြီးကျောင်းတိုက်အတွင်းမှာ ဖိနပ်စီးတာတော့ လွန်လွန်းတာပေါ့။

ဒက္ခိဏရာမရေကျော်ကျောင်းတိုက်အတွင်းမှာ ဖိနပ်မချွတ်ဘဲ ဖိနပ်စီးဝင်ရောက်တာတော့ လွန်လွန်းပါတယ်။








အပြည့်ဖတ်မည်...

၁၉၈၈ ခုနှစ်၊ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ (တရားဝင်) ဖြစ်မြောက်ရေးဗဟိုကော်မီတီ၏ ပထမအကြိမ်ညီလာခံ (မှတ်တမ်းဗွီဒီယို)။



အပြည့်ဖတ်မည်...

မအူပင်ကွန်ပှူတာတက္ကသိုလ် ကျောင်းသား/ကျောင်းသူများမှ တိုင်ကြားစာ။

မအူပင်ကွန်ပှူတာတက္ကသိုလ် ကျောင်းသား/ကျောင်းသူများမှ တိုင်ကြားစာ။

သို့ 

ညွှန်ကြားရေးမှူးချူပ်
အဆင့်မြင့်သိပ္ပံနည်းပညာဦးစီးဌာန
သိပ္ပံနှင့်နည်းပညာဝန်ကြီးရုံး
နေပြည်တော်။

အကြောင်းအရာ ။ ။ အများဆန္ဒကို လစ်လှူရှု၍ မိမိတစ်ဦးတည်းသြဇာဖြင့် ဆုံးဖြတ်ချက် ချခဲ့သော မအူပင်ကွန်ပျူတာတက္ကသိုလ် ကျောင်းအုပ်ဆရာမကြီး ဒေါက်တာသဲနုဖြူအား အချိန်မှီ အရေးယူပေးပါရန် တိုင်ကြားခြင်း။

ညွှန်ကြားရေးမှူးခုပ်၏ ညွှန်ကြားချက်တွင် (၇၅%) မပြည့်သော ကျောင်းသား/ကျောင်းသူများ၏ ဖြေဆိုခွင့်ဆုံးဖြတ်ချက်အား ကျောင်းပညာရေးအဖွဲ့ နှင့် ညှိနှိုင်းလုပ်ဆောင်ရန် ညွှန်ကြားထားပါသည်။

ကျောင်းသား/ကျောင်းသူများက ဆရာ/ဆရာမများထံ အသနားခံစာတင်ပြီး သွားရောက်တောင်းပန်ခဲ့ပါသည်။ ဆရာ/ဆရာမများနှင့် ကျောင်းပညာရေးအဖွဲ့ က ကျောင်းသား/ကျောင်းသူများအပေါ်ငဲ့ညှာ၍ ကျောင်းသား/ကျောင်းသူများအား ဖြေဆိုခွင့်ပေးရန် တညီတညွတ်ထဲ ဆုံးဖြတ်ခဲ့ပါသည်။

ကျောင်းအုပ်ဆရာမကြီးကိုယ်တိုင် ဆုံးဖြတ်ချက်ကို အတည်ပြုခဲ့ပြီး ကျွန်တော်တို့  ကျောင်းသား/ကျောင်းသူများနှင့် မိဘများကို ခေါ်ယူအသိပေးခဲ့ပါသည်။ အစည်းအဝေးဆုံးဖြတ်ချက်ကို (၂၃.၈.၂ဝ၁၂)၊ ညနေ (၃းဝဝ)ခန့်တွင် အတည်ပြုခဲ့ပါသည်။

၎င်းနောက် ညနေ (၆းဝဝ) နာရီခန့်တွင် ကျောင်းအုပ်ဆရာမကြီးက ညွှန်ကြားရေးမှူးချူပ်၏စာကို မှားဖတ်မိပါသည်ဟု ပြန်လည်ပြောကြားကာ ကျောင်းသားများအား စာမေးပွဲဖြေဆိုခွင့်မပေးနိုင်ပါဟု ပြောကြားခဲ့ပါသည်။

အထက်ပါအကြောင်းအရာနှင့် ပတ်သက်၍ (၂၄.၈.၂ဝ၁၂) နေ့  နံနက် (၁ဝး၃ဝ) ခန့်တွင် အစည်းအဝေးပြုလုပ်ခဲ့ပြီး ဆရာ၊ဆရာမများနှင့် ကျောင်းပညာရေးအဖွဲ့ က ဖြေဆိုခွင့်ပေး ရန် တောင်းဆိုခဲ့ပါသည်။ သို့သော် ကျောင်းအုပ်ဆရာမကြီးက ကျောင်းပညာရေးအဖွဲ့ နှင့် အတိုက်အခံလုပ်ကာ စာမေးပွဲဖြေဆိုခွင့်မပြုရန် သူတစ်ဦးတည်းသဘောဖြင့် အတည်ပြုခဲ့ပါသည်။

ကျောင်းပညာရေးအဖွဲ့ ၏ ဆုံးဖြတ်ချက်၊ ညွှန်ကြားရေးမှူးချူပ်၏ အမိန့်ကို ဖီဆန်၍ မိမိတစ်ဦးတည်း ဆုံးဖြတ်ချက်ဖြင့် စာမေးပွဲဖြေဆိုခွင့်ကို ပိတ်ပင်သဖြင့် ကျောင်းသား/ကျောင်းသူများ၏ နစ်နာမှုကို အချိန်မှီ သိရှိဆောင်ရွက်ပေးနိုင်ပါရန် တိုင်ကြားအပ်ပါသည်။

မအူပင်ကွန်ပှူတာတက္ကသိုလ် ကျောင်းသား/ကျောင်းသူများ။

အပြည့်ဖတ်မည်...

သမ၀ါယမတက္ကသိုလ် (စစ်ကိုင်း) ကျောင်းသားများသမဂ္ဂ ဖွဲ့ စည်း။


အပြည့်ဖတ်မည်...

Friday, August 24, 2012

ဒေါင်းအလံအပေါ် မဖောက်ပြန်ကြနဲ့ ။

ဒေါင်းအလံအပေါ် မဖောက်ပြန်ကြနဲ့ ။

ဒေါင်းအလံဆိုတာ ပိတ်စပေါ်မှာ သာမန်ရေးဆွဲထားတဲ့ အရုပ် မဟုတ်ဖူး ….



ကိုယ်ကျိုးကို မရှာ၊ အများအကျိုး ဆောင်ရွက်၊ တိုင်းပြည်အကျိုး သယ်ပိုး၊ ပြည်သူ့ အရေး ရှေ့ ထား၊ လွတ်လပ်မှုကို မြတ်နိုး၊ မတရားမှုကို မခံ၊ အမှန်တရား ဦးထိပ်ထား၊ ဖောက်ပြန်မှုကို မကျင့်သုံး၊ အခွင့်အရေးကို မမက်မော၊ အမျိုးသားအရေး ကြိုးပမ်း၊ ရန်သူကို ဒူးမထောက်၊ ရဟန်းရှင်လူ ပြည်သူကို ခုတုံးမလုပ်၊ ပြတ်သားမှုဖြင့် ရဲရင့်၊ တွေဝေမှုကို ဖယ်ရှား၊ ၀ိုးတစ်ဝါးနဲ့  မယောင်၊ ခံယူချက်ကို ကိုင်စွဲ၊ ယုံကြည်ချက်ကို ခိုင်မာ၊ စစ်မှန်တဲ့ ဆောင်ရွက်မှုကို လုပ်ဆောင်၊ ကိုယ့်သမိုင်းကို ခြေနဲ့ မနင်း၊ ရိုးသားဖြူစင် သံဓိဋ္ဌာန်ကို အသက်နဲ့ လဲပြီး တည်ဆောက်တဲ့ ဒေါင်းစိတ်ဓါတ် - တိုက်ပွဲဝင် ခွပ်ဒေါင်း၊ အမျိုးသားအရေး ကဒေါင်း တစ်ဦးတစ်ယောက်က တစ်စုတစ်ဖွဲ့ က သမိုင်းတင်ခဲ့တာ မဟုတ်၊ ငါတို့ တစ်တွေရဲ့  ခေတ်အဆက်ဆက် လက်ဆင့်ကမ်းခဲ့တဲ့ ၀ိညာဉ်အပေါင်း ငါတို့ အသွေးအသားမှာ စီးဆင်းခဲ့တဲ့ အသက်ထက် မြတ်နိုး တန်ဖိုးထားတဲ့ ဒီ စိတ်ဓါတ် - ဒီ သမိုင်း - ဒီ တန်ဖိုး - ဒီ ခိုင်မာမှုကို မဖောက်ပြန်ကြနဲ့  ခုတုံး မလုပ်ကြနဲ့ ။ ဒေါင်းအလံအပေါ် မဖောက်ပြန်ကြဖို့ ။ ဒေါင်းအလံအပေါ် ဖောက်ပြန်ရင် ဒဏ်ခတ်မယ် …

ဒေါင်းအလံဆိုတာ ပိတ်စပေါ်မှာ သာမန်ရေးဆွဲထားတဲ့ အရုပ် မဟုတ်ဖူး ….

ဒေါင်းအလံဆိုတာ သစ္စာတရား၊ အမှန်တရား၊ ယုံကြည်ခိုင်မာမှု၊ တိုင်းကျိုးပြည်ကျိုး အများပြည်သူအကျိုးအတွက် စွန်လွှတ်ခဲ့ကြတဲ့ အသက်သွေးတွေနဲ့  ရင်းပြီး ပေးဆပ်ချယ်သရေးဆွဲထားတဲ့ ရှင်သန်နေတဲ့ အားလုံးသော ၀ိညာဉ်တို့ ရဲ့  ဆုံဆည်းရာ …

ဒေါင်းအလံအပေါ် မဖောက်ပြန်ကြနဲ့ ။

အပြည့်ဖတ်မည်...

မြန်မာသံတော်ဆင့် ရေးသားချက်အား တရားစွဲမယ့် တာမွေကြံ့ ဖွတ်အမတ် လဲ့လဲ့ဝင်းဆွေနှင့် မြန်မာသံတော်ဆင့်မှ တုန့် ပြန်ချက်။

မြန်မာသံတော်ဆင့်သတင်းဂျာနယ် အတွဲ ၁၊ အမှတ် ၂၀ (၂၇-၇-၂၀၁၂) တွင် ဖော်ပြထားသည့် ( နိုင်ငံရေးလှည့်ကွက်များသည် လူငယ်ထု များအတွင်း၌ပင် ခံစားခဲ့ကြရသည်) ဆောင်းပါးနှင့် ပတ်သက်၍ (၂၈-၇-၂၀၁၂) တွင် တာမွေ မြို့နယ်ပြည်ခိုင်ဖြိုး အတွင်းရေးမှူး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်လဲ့လဲ့ဝင်းဆွေမှ - ဂျာနယ်တိုက်သို့ တရားစွဲမည်ဖြစ်ကြောင်း၊ သံတော်ဆင့် အယ်ဒီတာချုပ်သည် ၄င်း၏ မြို့ နယ်အတွင်း၌ နေထိုင်ကြောင်း၊ - စာရေးသူ မောင်ရေစက် မည်သူမည်ဝါသိရှိလိုကြောင်း နေရပ်လိပ်စာ သိလိုကြောင်း စသည်ဖြင့် မေးခွန်းများကို တယ်လီဖုန်းဖြင့် မောက်မာစွာ ပြောဆိုခဲ့ကြောင်း သိရှိရသည်။ ထို့ အတွက် ၄င်း၏ မြို့နယ် ကော်မတီဝင် ဦးခိုင်ထွန်းအောင်မှ ဖုန်းဖြင့်ဆက်သွယ်၍ အယ်ဒီတာချုပ်အား ၄င်း၏မြို့နယ်အတွင်းရေးမှူးနှင့် တွေ့ဆုံ ညှိနှိုင်းရန် ပြောကြားခဲ့သည်။





































































အဆိုပါကိစ္စနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦး၏ အရည်အချင်း၊ လုပ်ရပ်များ ပီသရန် လိုအပ်သကဲ့သို့ မြန်မာသံတော်ဆင့် သတင်းဌာနသည် သတင်းအမှန်များကိုသာ ရေးသား၍ မည်သည့် ခြိမ်းခြောက်မှုမျိုးကိုမှ မကြောက်ရွံ့ဘဲ ယခုသတင်းဆောင်းပါးပါ အချက်အလက်များထက် ပိုမိုဆိုးဝါးသော၊ နောက်ကွယ်မှ သတင်းအမှန်များကို အထောက်အထားခိုင်လုံစွာဖြင့် ချပြဖြေရှင်းရန် အသင့်ရှိသည်။ လူသက်သေ၊ ပစ္စည်းသက်သေ၊ မှတ်တမ်းသက်သေ၊ အသံဖိုင်များဖြင့် သတင်းစုဆောင်း ထားပြီးဖြစ်ကြောင်း၊ ပြည်သူ့ ကိုယ်စားပြု ကိုယ်စားလှယ်အနေဖြင့် ပြည်သူများအပေါ် လက်တစ်လုံးခြား လှည့်ဖျားနေသော လုပ်ရပ်များကို အချိန်မီ ပြုပြင်ရန် တိုက်တွန်းလိုကြောင်း သို့မဟုတ်ပါက ပြည်သူများ၏ ဒဏ်ခတ်ခြင်းကို ခံရမည်ဖြစ်ကြောင်း မြန်မာသံတော်ဆင့်မှ တုန့် ပြန်ခဲ့ကြောင်း သိရှိရသည်။

အပြည့်ဖတ်မည်...

Thursday, August 23, 2012

ရန်ကုန်အရှေ့ ပိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂဖွဲ့ စည်း။


အပြည့်ဖတ်မည်...

Tuesday, August 21, 2012

၂၀၀၈ ခုနှစ် ကြံ့ ဖွတ်တို့ ရဲ့  ဖွဲ့ စည်းပုံအခြေခံဥပဒေတွေဟာ နောက်ကြောင်းပြန်လှည့်နေတာလား။

အာဏာရှင်ကြီး နေ၀င်းရဲ့  ၁၉၇၄ ခုနှစ် ဖွဲ့ စည်းပုံအခြေခံဥပဒေတွေဟာ ဆက်လက်တည်ရှိနေတာလား၊ ၂၀၀၈ ခုနှစ် ကြံ့ ဖွတ်တို့ ရဲ့  ဖွဲ့ စည်းပုံအခြေခံဥပဒေတွေဟာ နောက်ကြောင်းပြန်လှည့်နေတာလား။

သြဂုတ်လ (၂၀) ရက်နေ့  နေ့ စွဲနဲ့  ထွက်လာတဲ့ ပြန်ကြားရေးဝန်ကြီးဌာန ညွှန်ကြားချက် အမှတ် (၅၁) အရ - မြန်မာနိုင်ငံမှ သတင်းဂျာနယ်၊ စာပေ၊ မဂ္ဂဇင်း များအနေဖြင့် စာပေစိစစ်ရေးသို့ တင်ပြစိစစ်ခံပြီးမှသာ ထုတ်ဝေခွင့်ရရှိနေခြင်းအား ယနေ့ သြဂုတ်လ ၂၀ ရက်မှ စတင်ကာ အလုံးစုံရပ်ဆိုင်းလိုက်ကြောင်း၊ စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနခွဲက ထုတ်ဝေစာအားလုံးကို ယနေ့က စပြီး ထုတ်/တင်စနစ်ပြောင်းလဲကျင့်သုံးလိုက်ကြောင်း ကြေညာချက်ထဲမှာ “ပုံနှိပ်သူ၊ ထုတ်ဝေသူများအနေဖြင့် ၁၉၆၂ ခုနှစ်၊ ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင်ဥပဒေ၊ နည်းဥပဒေ၊ အမှာစာနှင့် ညွှန်ကြားချက်များကို တိကျစွာ လိုက်နာဆောင်ရွက်ခြင်းအားဖြင့်” လို့  ရေးသားထားပါတယ်။

































၁၉၆၂ ခုနှစ် ဥပဒေဆိုတာ အာဏာရှင်ကြီး နေ၀င်း ပြည်သူ့ အာဏာကို လက်နက်အားကိုးနဲ့  မတရားသိမ်းပိုက်ပြီး “တော်လှန်ရေးကောင်စီ” အမည်ခံ အာဏာရူးအုပ်စုက ရေးဆွဲခဲ့တဲ့ ဥပဒေဖြစ်ပါတယ်။

ကျော်ဆန်းရဲ့  ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ညွှန်ကြားချက်ထဲမှာ ၁၉၆၂ ခုနှစ် ဥပဒေကို ကျင့်သုံးနေတဲ့အတွက် အာဏာရှင် နေ၀င်းရဲ့  ၁၉၆၂ ခုနှစ်၊ ၁၉၇၄ ခုနှစ် ဥပဒေတွေဟာ ယခုလက်မှောက်ထိ ဆက်လက်တည်ရှိနေသေးတယ်ဆိုတဲ့ သဘောသက်ရောက်နေပါတယ်။

ဒါဆိုရင် အာဏာရှင်ကြီး နေ၀င်းရဲ့  ၁၉၇၄ ခုနှစ် ဖွဲ့ စည်းပုံအခြေခံဥပဒေတွေဟာ ဆက်လက်တည်ရှိနေတာလား၊ ၂၀၀၈ ခုနှစ် ကြံ့ ဖွတ်တို့ ရဲ့  ဖွဲ့ စည်းပုံအခြေခံဥပဒေတွေဟာ နောက်ကြောင်းပြန်လှည့်နေတာလား။

အပြည့်ဖတ်မည်...

တင်/ထုတ် လည်း မလိုချင်ဖူး၊ ထုတ်/တင် လည်း မလိုချင်ဖူး။

အခုတစ်လော မီဒီယာလွတ်လပ်ခွင့်ပေးလိုက်ပြီ၊ ဆင်ဆာတင်စရာ မလိုတော့ဖူးဆိုပြီး ပြောနေကြရဲ့ ။




















သြဂုတ်လ (၂၀) ရက်နေ့  နေ့ စွဲနဲ့  ထွက်လာတဲ့ ပြန်ကြားရေးဝန်ကြီးဌာန ညွှန်ကြားချက် အမှတ် (၅၁) အရ - မြန်မာနိုင်ငံမှ သတင်းဂျာနယ်၊ စာပေ၊ မဂ္ဂဇင်း များအနေဖြင့် စာပေစိစစ်ရေးသို့ တင်ပြစိစစ်ခံပြီးမှသာ ထုတ်ဝေခွင့်ရရှိနေခြင်းအား ယနေ့ သြဂုတ်လ ၂၀ ရက်မှ စတင်ကာ အလုံးစုံရပ်ဆိုင်းလိုက်ကြောင်း၊ စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနခွဲက ထုတ်ဝေစာအားလုံးကို ယနေ့က စပြီး ထုတ်/တင်စနစ်ပြောင်းလဲကျင့်သုံးလိုက်ကြောင်း ကြေညာလိုက်တာနဲ့  တကယ်ကိုဘဲ စာပေစိစစ်ရေးကနေ ကင်းလွတ်ပြီး မီဒီယာလွတ်လပ်ခွင့်ရပြီဆိုပြီး ပြည်တွင်းမှာသာမက ပြည်ပမှာလည်း ဟိုးလေးတကျော် အားရပါးရ ပြောဆိုဖေါ်ပြနေကြရဲ့ ။



































ယခင် တင်/ထုတ် စနစ် (စာပေစိစစ်ရေးသို့ တင်ပြစိစစ်ခံပြီးမှသာ ထုတ်ဝေခွင့်ရရှိတဲ့ စနစ်) ကနေ ထုတ်/တင် စနစ် (စာစောင်ထုတ်ဝေပြီးနောက် စာပေစိစစ်ရေးသို့ စိစစ်ရန် တင်ပြခြင်းစနစ်) ကို ဟိုဘက်နဲ့  ဒီဘက် ပြောင်းလိုက်တာလေးကို အဟုတ်မှတ်ပြီး နားလှည့်ပါးရိုက်မှာ မသိကြလေရဲ့ လား။ပေါ်တင်ပြောရရင် တင်/ထုတ် စနစ် (ကြိုတင်စိစစ်ပြီး အရေးယူတာ) နဲ့  ထုတ်/တင် စနစ် (ထုတ်ဝေပြီးမှ အရေးယူမှာ) နဲ့  အရေးယူမှာချင်း အတူတူဖြစ်သလို ဘယ်ဟာက မလှုပ်နိုင် မရုန်းနိုင် အချည်ခံရမလည်းဆိုတာ သိကြဖို့  သတိထားကြဖို့  လိုပါတယ်။

လည်ပင်းကြိုးကွင်း အပီစွပ်မှာကို ငါးစာသာမြင်ပြီး ငါးမျှားချိတ်မမြင်ရင်တော့ လှည့်ဖြားယုတ်မာတွေအောက်က ပျားရည်လိုချိုတဲ့ စကားလုံးများ ကောက်ကျစ်သော အပြုံးများကို ရင်ဆိုင်ရမှာ အာဏာရှင်လက်အောက် ခေတ်အဆက်ဆက်ကတည်းက ယခုထိ အမျိုးမျိုးသောနည်းများနဲ့  ဖိနှိပ်ခံနေရ အရေးယူခံနေရဆဲပါဘဲ။




























သတင်းလွတ်လပ်ခွင့်ဆိုတာ စာပေ ဂီတ ဖြော်ဖြေမှုအပါအ၀င် လက်ရှိခေတ်ရဲ့  အိုင်တီအသုံးပြုမှုထိအပါ မှန်ကန်သော သတင်းဖေါ်ပြရေးတင်ဆက်မှုအားလုံးမှာ တားမြစ် ပိတ်ပင် စိစစ် ပယ်ဖျက်တာတွေ မပါတဲ့ မီဒီယာလွတ်လပ်ခွင့်ရှိရမှာ ဖြစ်ပါတယ်။ ပြောရရင် တိုင်းပြည်ကို အုပ်ချုပ်နေတဲ့ သမ္မတကစလို့  အောက်ခြေ သာမန်ပြည်သူပြည်သားတစ်ဦးအထိ လုပ်ဆောင်မှုတွေ မှန်ရင် မှန်သလို မှားရင် မှားသလို ပြောပိုင်ခွင့် ရေးသားဖေါ်ပြပိုင်ခွင့် ရှိရမှာသာလျှင် မီဒီယာလွတ်လပ်ခွင့် ရတယ်လို့  ဆိုရမှာ ဖြစ်ပါတယ်။

မီဒီယာလွတ်လပ်ခွင့်ဆိုတာ ယနေ့ ယခု လက်ရှိရှိနေတဲ့ တင်/ထုတ် စနစ်ရော၊ ထုတ်/တင် စနစ်ရော နှစ်ခုစလုံး မဟုတ်ပါကြောင်း ပြောကြားလိုပါတယ်။


အပြည့်ဖတ်မည်...

Monday, August 20, 2012

“နိုင်ငံတော်ဖွဲ့ စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး” သာ မရှိရင်။

“နိုင်ငံတော်ဖွဲ့ စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး” သာ မရှိရင် လွှတ်တော်ထဲမှာ တရားမရှိ ဓါးမရှိ အထိန်းအကွပ်မရှိ ထင်ရာစိုင်းပြီး မသူတော်တွေ လုပ်ချင်ရာ လုပ်ခွင့်ရတော့မယ်။


အပြည့်ဖတ်မည်...

“စစ်တပ်ဟာ စစ်တပ်အလုပ်ကိုပဲ လုပ်ရမယ်၊ နိုင်ငံရေးနဲ့ ကင်းကင်းနေရမယ်” လို့  မှန်ကန်စွာ ပြောဆိုခဲ့တဲ့ ဦးကြည်မောင်။
























အန်အယ်လ်ဒီ ဒု-ဥက္ကဌဟောင်း ဦးကြည်မောင် (ပြည်သူ့တပ်မတော်သားကြီး ဗိုလ်မှုးကြီးဟောင်း) ကွယ်လွန်ခြင်း (၈) နှစ်ပြည့် အခမ်းအနားအား ဒို့ ရိုးရာ စားသောက်ဆိုင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့။

ဦးကြည်မောင်ဟာ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဖြစ်ခဲ့ပြီး ၁၉၆၂ ခုနှစ်မှာ နိုင်ငံတော်အာဏာကို သိမ်းယူခဲ့တဲ့အာဏာရူးကြီး ဗိုလ်ချူပ်နေ၀င်းရဲ့ တော်လှန်ရေးကောင်စီအဖွဲ့ဝင်တဦး ဖြစ်ခဲ့ပေမယ့် အဲ့ဒီအချိန်ကတည်း ဗိုလ်မှူးကြီး ကြ
ည်မောင်ဟာ စစ်အာဏာသိမ်းတာကို ပြင်းပြင်းထန်ထန်ဆန့်ကျင်ခဲ့တဲ့ တဦးတည်းသော တော်လှန်ရေးကောင်စီဝင် ဖြစ်ခဲ့တယ်။

၁၉၆၂ ခုနှစ် စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း ဗိုလ်မှူးကြီးကြည်မောင်ဟာ အာဏာရှင်ကြီး ဗိုလ်ချူပ်နေ၀င်းဦးစီးတဲ့ လူထုအစည်းအဝေး ပွဲတွေကို တက်ရောက်ဖို့ ငြင်းဆန်ခဲ့တယ်။ နောက်တနှစ်အကြာ အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးဘ၀ကနေ အာဏာရူးကြီးေ ဗိုလ်ချူပ်နေ၀င်းက ကို ဗိုလ်မှူးကြီးကြည်မောင်ကို အငြိမ်းစားပေးခဲ့ပါတယ်။

ဦးကြည်မောင်ဟာ နိုင်ငံရေးယုံကြည်ချက်အတွက် စုစုပေါင်း (၁၁) နှစ်ကြာ၊ ထောင် (၄) ကြိမ်ကျခဲ့သူ ဖြစ်ပါတယ်။

ဦးကြည်မောင်ဟာ ရန်ကုန်တက္ကသိုလ် ကျောင်းသားတယောက်အဖြစ်နဲ့ နိုင်ငံရေးလှုပ်ရှားမှုထဲ စတင်ဝင်ရောက်ခဲ့တယ်။ ၁၉၃၈ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့ ဗြိတိသျှအစိုးရကိုဆန့်ကျင်တဲ့ တတိယအကြိမ် ရန်ကုန်တက္ကသိုလ် ကျောင်းသား သပိတ်မှာ ပါဝင်ခဲ့သူ ဖြစ်ပါတယ်။ ဆန္ဒပြပွဲရဲ့တပ်ဦးမှာ ကျောင်းသားသမဂ္ဂအလံကို ကိုင်စွဲလွှင့်ထူထားစဉ် ဗြိတိသျှစစ်ပုလိပ်တွေရဲ့ ရိုက်ချက်ကြောင့် ဦးခေါင်းမှာဒဏ်ရာရသွားပေမယ့် သူရဲ့ အလံမလှဲတတ်တဲ့ စိတ်ဓာတ်ကို ကြံ့ ကြံ့ ခိုင် ဆုပ်ကိုင်ခဲ့သူ ဖြစ်ပါတယ်။

၁၉၈၈ ခုနှစ် ပြည်သူ့ အရေးတော်ပုံကြီးဖြစ်တဲ့ ဒီမိုကရေစီလှုပ်ရှားမှုထဲ ပါဝင်လာပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို တည်ထောင်တဲ့ ခေါင်းဆောင်တစ်ဦးထဲက ထိပ်တန်းခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့ပါတယ်။ ၁၉၈၉ ခုနှစ် ဇူလိုင်လမှာ ဦးတင်ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ အဖမ်းခံရပြီးနောက် ဦးကြည်မောင်ဟာ ၁၉၉၀ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ မဲအပြတ်အသတ်နဲ့ အနိုင်ရအောင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဦးဆောင်မှုပေးခဲ့ပါတယ်။

ဒီနောက်မှာ တပ်မတော်စစ်ထောက်လှမ်းရေးမှူးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ညွန့်ကနေ ဦးကြည်မောင်ကို ဖမ်းဆီးထောင်ချခဲ့တယ်။

အန်အယ်လ်ဒီ ဒု-ဥက္ကဌဟောင်း ဦးကြည်မောင် (ပြည်သူ့တပ်မတော်သားကြီး ဗိုလ်မှုးကြီးဟောင်း) ဟာ ၂၀၀၄ ခုနှစ် ဩဂုတ်လ (၁၉) ရက်နေ့အချိန်မှာ ၄င်းနေထိုင်ရာ နေအိမ်၌ ကွယ်လွန်ခဲ့ပါတယ်။

“စစ်တပ်ဟာ စစ်တပ်အလုပ်ကိုပဲ လုပ်ရမယ်၊ နိုင်ငံရေးနဲ့ ကင်းကင်းနေရမယ်” ဆိုတဲ့ မှန်ကန်တဲ့စကားကို ဦးကြည်မောင်က ခိုင်မြဲသော ယုံကြည်ချက်နဲ့  ခိုင်ခိုင်မာမာ ပြောဆိုခဲ့ပါတယ်။




























အပြည့်ဖတ်မည်...

Friday, August 17, 2012

ဗိုလ်ချူပ်အောင်ဆန်း၏ ဂုဏ်ရည်ကို ဖော်ညွှန်းသော သီချင်းပြိုင်ပွဲ ဖိတ်ခေါ်ခြင်း။


အပြည့်ဖတ်မည်...

“မင်္ဂလာပါ ဒီမိုကရေစီ” - ဒုတိယအကြိမ် လွတ်လပ်ခြင်း အနုပညာရုပ်ရှင်ပွဲတော်အတွက် ပြိုင်ပွဲဝင် ရုပ်ရှင်ကားများ ဖိတ်ခေါ်ခြင်း။


အပြည့်ဖတ်မည်...

လူလူချင်း လေးစားမှု ရှိပါစေ ပါရမီလိုင်း။

လူလူချင်း လေးစားမှု ရှိပါစေ ပါရမီလိုင်း။

၁၇၆-ယဉ်လိုင်းသည် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်အောက်မှ ပြေးဆွဲနေသော ပါရမီယဉ်လိုင်းဖြစ်ပါသည်။ ၁၇၆-ယဉ်လိုင်းသည် တောင်ဒဂုံမြို့မှ လှိုင်သာယာသို့ ပြေးဆွဲနေသော ယဉ်လိုင်းဖြစ်ပါသည်။ ထို ၁၇၆-ယဉ် လိုင်းထဲမှ ၂/ဂ ၈၃၃၆ ယဉ်အမှတ်နဲ့ ပြေးဆွဲနေသော ပါရမီယဉ်သည် တောင်ဒဂုံမြို့နယ်၊ပြည်ထောင်စုလမ်းနှင့် စည်ပင်လမ်းဆုံ၊သစ်ဆိုင်ကွေ့မှတ်တိုင်၌် ၁၅-၈-၂၀၁၂ ညဦးပိုင်း ၉း၀၀ အချိန်ခန့်တွင် အုပ်စုဖွဲ့၍ ရမ်းကားမှု ဖြစ်ပွားခဲ့သည်။

ဖြစ်ပွားပုံမှာ တောင်ဒဂုံမြို့နယ်၊ပြည်ထောင်စုလမ်းနှင့် စည်ပင်လမ်းဆုံ၊သစ်ဆိုင်ကွေ့မှတ်တိုင်၌်မောင်နေ ၀င်း နှင့် မောင်ညီထွေးဝင်းတို့အား အဆိုပါ ၁၇၆-ယဉ်လိုင်းမှ ယဉ်နောက်လိုက် နှစ်ဦး၊အပေါင်းဖော်သုံးဦးတို့က အုပ်စုဖွဲ့၍ဒုတ်နှင့်ဝိုင်းရိုက်ခဲ့ကြပါသည်။ပြည်ထောင်စုလမ်းမကြီးဘေးမှကပ်၍စက်ဘီးနင်းလာသောမောင်နေ၀င်း အား အဆိုပါ ၁၇၆ - ယဉ်မှ ထိလုနီးပါးပွတ်ဆွဲသွားပါသည်။ ထို့ကြောင့် ရှေ့ဆက်၍နင်းလို့မရ၊အောက်သို့လည်း ချရခတ်တဲ့အနေထားကြောင့် နှုတ်ဖြင့်ဆဲဆိုသည်ကို အဆိုပါ ၁၇၆ ယဉ်လိုင်းမှ ကားရပ်၍ ယဉ်နောက်လိုက် နှစ်ဦး၊ အပေါင်းဖော်သုံးဦးတို့က အုပ်စုဖွဲ့၍ဒုတ်နှင့်ဝိုင်းရိုက်ခဲ့ကြခြင်းဖြစ်ပါသည်။

မောင်နေ၀င်းမှ သူ့၏ညီ၊ မောင်ညီထွေးဝင် (ခ) သားငယ်ကို လှမ်းအကူညီတောင်းပါသည်။ မောင်ညီ ထွေးဝင်း (ခ) သားငယ်မှ ပြေးလာရာကို အဆိုပါ ၁၇၆ - ယဉ်နောက်လိုက်များက ၀ိုင်းရိုက်လိုက်သောကြောင့် ဦးခေါင်းကွဲသွားခဲ့ပါသည်။ ယင်းအချိန်တွင် ရပ်ကွက်သူ၊ ရပ်ကွက်သားများထွက်လာရာ အဆိုပါကားမှာ မောင်း ပြေးသွားပါသည်။ ယင်းသို့ မောင်းပြေးစဉ် ယဉ်မောင်းသူမှ ရပ်ကွက်သားများကို' မင်းတို့ရပ်ကွက်ကို မီးလာရှို့ ပစ်မယ်'ဟု ကြိမ်းမောင်း ခြိမ်းခြောက်သွားခဲ့ပါသည်။ ဤသို့ဖြစ်ပွားခဲ့သည်မှာ တစ်ကြိမ်တစ်ခါလည်းမဟုတ် တော့ပါ။ လှိုင်သာယာမှာဖြစ်လိုက်၊ ဒဂုံတောင်မှာဖြစ်လိုက်နှင့် အကြိမ်ရေ စိတ်လာခဲ့သည်ဟုလည်း အဆိုပါ ၁၇၆- ယဉ်လိုင်းကို အမြဲလို စီးနင်းနေသော ခရီးသည်များကလည်း ပြောဆိုနေကြပါသည်။ အရိုက်ခံရသူ မောင် ညီထွေးဝင်း (ခ) သားငယ် ဆိုသူသည် အရိုက်ခံရသည့် ဒဏ်ရာကြောင့် သင်္ဃန်းကျွန်းစံပြဆေးရုံသို့ အနီးရှိ ရပ်ကွက်သူ၊ရပ်ကွက်သားများမှ အရေးပေါ်ပို့ဆောင်ပေးခဲ့ရပါသည်။ အရိုက်ခံရသူ မောင်ညီထွေးဝင်း (ခ) သား ငယ်သည် ဦးခေါင်းနောက် အရိုက်ခံရတာ ပြင်းထန်လွန်းသောကြောင့် (၃) ချက်ချုပ်ခံထားရသည်ဟု သိရှိရပါ သည်။ အရိုက်ခံရသည် ဒဏ်ရာမှာ အတွင်းသို့နက်သွားသည်ဟုလည်း ဆေးရုံမှပြောဆိုပါသည်။

အဆိုပါ အရိုက်ခံရသော အကိုဖြစ်သူ မောင်နေ၀င်းနှင့် ညီငယ်ဖြစ်သူ မောင်ညီထွေးဝင်း (ခ) သားငယ် တို့သည် လက်ရှိအချိန်တွင် စံပြဆေးရုံ၌ ဆေးကုသမှုကို ခံယူနေသည်ဟု ထပ်မံသတင်းရရှိပါသည်။ မောင်ညီ ထွေးဝင်း (ခ) သားငယ်သည် Rolling Stone ဆံပင်ညှပ်ဆိုင်မှ အလုပ်သမားတစ်ဦးဖြစ်ပြီး NLD အဖွဲ့ဝင် လူငယ်တစ်ဦး ဖြစ်ကြောင်းလည်းသိရှိရပါသည်။

အပြည့်ဖတ်မည်...

Thursday, August 16, 2012

ရမည်းသင်းမြို့နယ်က ဘုန်းကြီးအတုရဲ့ ယုတ်မာပက်စက်တဲ့ လုပ်ရပ် ဗွီဒီယိုဖိုင် ယခုအခြေအနေ အချိန်အခါမှ ပြန်လည်ပေါ်ပေါက်နေခြင်းနှင့် ပတ်သက်၍ ပြောဆိုချက်။

ရမည်းသင်းမြို့နယ်က ဘုန်းကြီးအတုရဲ့ ယုတ်မာပက်စက်တဲ့ လုပ်ရပ် ဗွီဒီယိုဖိုင် ယခုအခြေအနေ အချိန်အခါမှ ပြန်လည်ပေါ်ပေါက်နေခြင်းနှင့် ပတ်သက်၍ ပြောဆိုချက်။

အဆိုပါ ရိုင်းစိုင်းသော လုပ်ရပ်မှာ လွန်ခဲ့သော (၁၀) နှစ်ဝန်းကျင်ခန့်က ပေါ်ထွတ်ခဲ့သောအဖြစ်မှန်ဖြစ်သော်လည်း၊ ယခုအခြေအနေ အချိန်အခါကျမှ တစ်စုံတစ်ယောက် တစ်ဖွဲ့ တစ်စုမှ ပြန်လည်ဖေါ်ထုတ်လာခြင်းသည် မြန်မာနိုင်ငံနှင့် ပြည်သူပြည်သားများ ဗုဒ္ဓဘာသာတရားအား ထိခိုက်စေလိုသော ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်လာခြင်းဖြစ်သည်ဟု သိရှိရပါသောကြောင့် အဆိုပါ ဗွီဒီယိုဖိုင်အား ပြန်လည်ဖျက်သိမ်းလိုက်ပါသည်။

အဆိုပါ ယုတ်မာရိုင်းစိုင်းသူအား နိုင်ငံတော်ဗဟိုဝန်ဆောင်ဆရာတော် ဟားခါးမြို့ သာသနာပြုကျောင်းဆရာတော်မှတဆင့် မဟာနာယကဆရာတော်များနှင့် ယခုသာသနာရေး ၀န်ကြီးဖြစ်သူအား ပြသ၍ အရေးယူဆောင်ရွတ်ပါရန် လုပ်ဆောင်ခဲ့သဖြင့် သက်ဆိုင်ရာမှ ထိရောက်စွာ အရေးယူခဲ့ပြီးဖြစ်ပါသည်။ အဆိုပါ ရိုင်းစိုင်းသူကို " သွားတစ်ချောင်းကိုယ်တော်" ဟု အဆိုပါဒေသတွင် ခေါ်ဝေါ်ကြပါသည်။

အပြည့်ဖတ်မည်...

Wednesday, August 15, 2012

လေးစားပါတယ် ဆရာမ ဒေါ်အုန်းအုန်းသန်း။


အပြည့်ဖတ်မည်...

ရွှေဝါရောင်ဝိညာဉ် (အရှင်ထာဝရ)။

Shwe War Yaung Taw Hlan Yae

အပြည့်ဖတ်မည်...

Tuesday, August 14, 2012

၂၀၀၈ ခုနှစ် ဖွဲ့ စည်းပုံအခြေခံဥပဒေအရ သတ်မှတ်ချက်တွေအရ ဒုတိယသမ္မတသုံးဦး ရှိရမှာ ဖြစ်ပါတယ်။





















သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့ ကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့ သုံးစုဖြင့် အောက်ပါအတိုင်းဖွဲ့ စည်းရမည်။

(၁) တိုင်းဒေသကြီးများနှင့် ပြည်နယ်များမှ ကိုယ်စားလှယ်ဦးရေ တူညီစွာ ရွေးကောက်တင်မြှောက်သည့် လွှတ်တော်ရှိ ရွေးကောက်တင်မြှောက်ခြင်းခံရသော လွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့ ၊

(၂) မြို့ နယ်ကိုအခြေခံ၍လည်းကောင်း လူဦးရေကိုအခြေခံ၍လည်းကောင်း ရွေးကောက်တင်မြှောက်သည့် လွှတ်တော်ရှိ ရွေးကောက်တင်မြှောက်ခြင်းခံရသော လွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့ ၊

(၃) ဖော်ပြပါ လွှတ်တော်နှစ်ရပ်အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချူပ်က အမည်စာရင်းတင်သွင်းသည့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့ ။

ယင်းအစုအဖွဲ့  တစ်ဖွဲ့ စီက ဒုတိယသမ္မတတစ်ဦးစီကို ရွေးချယ်တင်မြှောက်ရမည် - လို့  သတ်မှတ်ထားပါတယ်။





























ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် အားလုံးပါဝင်သော သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့ က နိုင်ငံတော်သမ္မလောင်းများဖြစ်သည့် ဒုတိယသမ္မတသုံးဦးအနက် မိမိတို့ ကြိုက်နှစ်သက်သည့် ဒုတိယသမ္မတတစ်ဦးကို နိုင်ငံတော်သမ္မတအဖြစ် ဆန္ဒမဲပေး ရွေးချယ်တင်မြှောက်ရမည်။

ထိုသို့  နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်နိုင်ရန် လိုအပ်သည့် ဥပဒေကို ပြဋ္ဌာန်းပေးရမည် - လည်း သတ်မှတ်ထားပါတယ်။
























အဆိုပါ ၂၀၀၈ ခုနှစ် ဖွဲ့ စည်းပုံအခြေခံဥပဒေအရ သတ်မှတ်ချက်တွေအရ ဒုတိယသမ္မတသုံးဦး ရှိရမှာ ဖြစ်ပါတယ်။

ဒါပေမယ့် သိန်းစိန်တို့  ရွှေမန်းတို့ က ဒုတိယသမ္မတ နှစ်ဦးတည်းကိုသာ ရွေးချယ်ခဲ့တာကိုကြည့်ရင် ၄င်းတို့ ရဲ့  ၂၀၀၈ ခုနှစ် ဖွဲ့ စည်းပုံအခြေခံဥပဒေကို ၄င်းတို့ ကိုယ်တိုင် ဖောက်ဖျက်နေပါတယ်။ ၄င်းတို့ အလိုကျ စိုင်းမောက်ခမ်းနဲ့  တင်အောင်မြင့်ဦးကို ဒုတိယသမ္မတအဖြစ် နှစ်ဦးတည်းကိုသာ ရွေးချယ်ခဲ့ပါတယ်။ အရပ်ဘက် လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့ ထဲက အခြားတစ်ဦးကို ဒုတိယသမ္မတအဖြစ် ရွေးချယ်တင်မြှောက်ပေးရမှာကို သိသိကြီးနဲ့  လစ်လျူရှူထားပြီး ၂၀၀၈ ခုနှစ် ဖွဲ့ စည်းပုံအခြေခံဥပဒေကို မလိုက်နာတာ ဖြစ်ပါတယ်။

တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့ ကနေ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်မဟုတ်တဲ့ တင်အောင်မြင့်ဦးကို ဒုတိယသမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခဲ့ပြီး တင်အောင်မြင့်ဦး ဒုတိယသမ္မတရာထူးကနေ လစ်လပ်သွားတဲ့အခါမှာတော့ ဒုတိယဗိုလ်ချူပ်ကြီးဟောင်း မြင့်ဆွေကို ဒုတိယသမ္မတအဖြစ် အမည်စာရင်းတင်သွင်းတဲ့အခါမှာတော့ ဒုတိယသမ္မတဖြစ်ဖို့  သတ်မှတ်ချက်တွေနဲ့  ညှိစွန်းနေတာနဲ့  ယခုတစ်ခါ နောက်တစ်ဦးကို ထပ်မံတင်မြှောက်ဖို့  ဆောင်ရွက်နေကြပါတယ်။ ဒုတိယဗိုလ်ချူပ်ကြီးဟောင်း မြင့်ဆွေ အမည်တင်သွင်းခဲ့တုန်းကတော့ လူသိရှင်ကြား ကြေညာခဲ့ပေမယ့် ယခု နောက်တစ်ဦး အမည်တင်သွင်းမှုကိုတော့ ခိုးကြောင်ခိုးဝှက်နဲ့  အမည်စာရင်း ကမန်းကတန်း တင်သွင်း ချက်ချင်း ကျမ်းကျိန်ခိုင်းတာတွေ လုပ်ပြီး နိုင်ငံတော်ရဲ့  ဒုတိယသမ္မတတစ်ဦးကို ပြည်သူ့ လွှတ်တော်ကိုယ်စားမဟုတ်တဲ့သူတစ်ဦးကို ခန့် အပ်ပါတော့မယ်။

တိုင်းပြည်အတွက် အင်မတန်အလွန်အရေးကြီးတဲ့ ဦးဆောင်မှုအုပ်ချုပ်မှုအခန်းကဏ္ဍ ဦးသျှောင်များဖြစ်ကြတဲ့ သမ္မတနဲ့  ဒုတိယသမ္မတအဆင့်နေရာ ရယူသူတွေကို ပြည်သူ့ သဘော ပြည်သူ့ ဆန္ဒ အပြည့်အ၀မပါဘဲ ပိုမိဆိုးရွားတာကတော့ ပြည်သူတွေ အသိမပေး ပြည်သူတွေ မသိဘဲ ဒုတိယသမ္မတ တစ်ဦး ထပ်မံပေါ်ပေါက်တော့မှာ ဖြစ်ပါတယ်။


၂၀၀၈ ခုနှစ် ဖွဲ့ စည်းပုံအခြေခံဥပဒေအရ သတ်မှတ်ချက်တွေအရ ဒုတိယသမ္မတသုံးဦး ရှိရမှာ လစ်လျူရှူထားပြီး ၄င်းတို့ အလိုကျ ကောက်ရွေးထားတဲ့သူတွေသာ ဒုတိယသမ္မတနေရာ နှစ်နေရာကို ယူထားတာဟာ မြန်မာနိုင်ငံသမိုင်းမှာ အလွန်အရုပ်ဆိုး အကျီးတန်လွန်းလှပါတယ်။

အကယ်၍သာ သမ္မတသုံးဦးနေရာကို ရွေးကောက်တင်မြှောက်သည့် လွှတ်တော်ရှိ ရွေးကောက်တင်မြှောက်ခြင်းခံရသော လွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့ များထဲမှသာ ဒုတိယသမ္မတသုံးဦးစလုံးကို ရွေးချယ်ခဲ့မယ်ဆိုရင် သိက္ခာရှိသော မှန်ကန်ဖြောင့်မတ်သော သမ္မတရွေးချယ်တင်မြှောက်မှု ဖြစ်မှာ ဧကန်ဖြစ်ပါတယ်။


အပြည့်ဖတ်မည်...

နှုတ်ဆက်တေး - တစ်ချိန်တုန်းက ခေတ္တတွေ့ ဆုံခဲ့ရသော လွတ်လပ်မှုကို မြတ်နိုးတဲ့ ကိုထူးအိမ်သင် (ကွယ်လွန်ခြင်း ၈ နှစ်ပြည့်) အမှတ်တရ - သြဂုတ်လ ၁၄ ရက်။



အပြည့်ဖတ်မည်...

တစ်ချိန်တုန်းက ခေတ္တတွေ့ ဆုံခဲ့ရသော လွတ်လပ်မှုကို မြတ်နိုးတဲ့ ကိုထူးအိမ်သင် (ကွယ်လွန်ခြင်း ၈ နှစ်ပြည့်) အမှတ်တရ - သြဂုတ်လ ၁၄ ရက်။



















ထူးအိမ်သင် ရေးဖွဲ့ပြီး မွန်းအောင် ဆိုတဲ့ “အရေးကြီးပြီ” သီချင်းလေးပါ။



“အရေးကြီးပြီ”

(အရေးကြီးပြီ … ညီနောင်အပေါင်းတို့
သွေးစည်းကာ … ညီစေ ညီကြစို့

ငါတို့ရဲ့သမိုင်းတခေတ်ကို ငါတို့သွေးနဲ့ ရေးခဲ့ပြီ
သွေး ….. သစ္စာလည်း ပြုခဲ့ပြီ … ။)2

(နိုင်ငံတော်အတွက်ဆို အသက်ကိုလည်း ဘာမထီ
သေပါစေ ခွပ်ဒေါင်းသွေးဟေ့ … ရဲရဲရှေ့ကိုချီ)2
လွတ်လပ်ခွင့်နဲ့ .. ငြိမ်းချမ်းရေးအတွက်ရည်
အဆုံးသတ်တိုက်ပွဲ… ငါတို့ နွှဲရမည် … ။



ထူးအိမ်သင် ကိုယ်ရေးအကျဉ်း။

ဖခင် ဦးထွန်းမြင့်နှင့် မိခင် ဒေါ်မြရင်တို့မှ ဇူလိုင်လ (၁) ရက်၊ ၁၉၆၃ ခုနှစ်တွင် ပုသိမ်မြို့၌ မွေးဖွားခဲ့သည်။ အဖေ ဗမာ၊ အမေ မွန် ဖြစ်သည်။ အမည်ရင်း ကျော်မြင့်လွင် ဖြစ်ပြီး သျှပ်၊ ဘဲဥ၊ ငှက်ကြီး ဟု ချစ်စနိုးခေါ်ကြသည်။

မူလတန်း ပညာကို အမှတ် (၂၀) အ-မ-က တွင် ပညာသင်ကြားခဲ့ပြီး ပုသိမ် အ-ထ-က (၃) မှ အထက်တန်း အောင်မြင်ခဲ့သည်။ ၁၉၇၉-၈၀ တွင် ဧရာဝတီတိုင်း ပုသိမ် ဒေသကောလိပ်သို့ တက်ရောက်ခဲ့ပြီး ရုက္ခဗေဒဖြင့် ဘွဲ့ရရှိခဲ့ပြီး မော်လမြိုင်မြို့တွင် ဂီတဆရာ ဦးအောင်စိုး (KC Francis) ထံမှ ဂီတ သင်္ကေတနှင့် ဂီတပညာ သင်ယူခဲ့သည်။

၁၉၈၆ ခုနှစ်တွင် ပထမဆုံး တေးစီးရီး နာရီပေါ်မှ မျက်ရည်စက်များ စတင် သွင်းယူခဲ့ပြီး နာရီပေါ်မှ မျက်ရည်စက်များ၊ မှော်ဆရာအိပ်မက်၊ သက်ငြိမ်၊ အတ္တပုံဆောင်ခဲများ၊ အကြင်နာ အိပ်မက်၊ အရင်အတိုင်း၊ စကားလုံးမရှိတဲ့ ကောင်းကင်၊ ထူးအိမ်သင် (Unplugged Live) ၊ မြို့ပြလရောင် တမ်းခြင်း၊ အမေ (သို့မဟုတ်) မေတ္တာတော်ဘွဲ့၊ အစိမ်းရောင် ရက်စွဲများ၊ တစ်နေ့စာ အလွဲများ၊ ချစ်ခြင်းအားဖြင့် တို့ဖြစ်သည်။

နောက်ဆုံး သီချင်းခွေအတွက် Oasis တေးသံသွင်းတွင် အသံသွင်းမှုများ ပြုလုပ်ခဲ့ကာ ၁၄-၈-၂၀၀၄ နံနက် ၁၁း၄၀ နာရီတွင် ကွယ်လွန်ပြီး ဇနီး သွယ်သွယ်ထွေးနှင့် သမီး မိကွန်ထော တို့ ကျန်ရစ်သည်။



အပြည့်ဖတ်မည်...

Monday, August 13, 2012

လွှတ်တော်တွင်း စစ်ယူနီဖောင်း ၀တ်ခြင်းအား တားမြစ်ပေးပါ။

“ပြည်သူ့ လွှတ်တော်သည် စစ်ရုံး စစ်စခန်းနေရာ မဟုတ်ပါ။ သို့ ဖြစ်၍ စစ်ယူနီဖောင်း ၀တ်၍ လွှတ်တော်တက်ရောက်ခြင်းအား တားမြစ်ပေးပါ”











အပြည့်ဖတ်မည်...

ပအိုဝ်းတက္ကသိုလ်ကျောင်းသားဟောင်းများအဖွဲ့ ဖွဲ့ စည်းခြင်း။

ပအိုဝ်းတက္ကသိုလ်ကျောင်းသားဟောင်းများအဖွဲ့  - ပတကဖ (Pa-O University Old Students Organization) ကို ပအိုဝ်းတက္ကသိုလ် ကျောင်းသားဟောင်း (၂၂) ဦးဖြင့် ၂၀၁၂ ခုနှစ် သြဂုတ်လ (၅) ရက်တွင် ဖွဲ့ စည်းခဲ့သည်။

အနယ်နယ် အရပ်ရပ်မှ အလွှာပေါင်းစုံရှိ ပညာတတ် ပအိုဝ်းတက္ကသိုလ်ကျောင်းသားကိုယ်စားလှယ်များဖြင့် စုစည်း တည်ထောင်ခဲ့ခြင်း ဖြစ်သည်။




















ရည်ရွယ်ချက် -

“ပအိုဝ်းအမျိုးသားဖွံ့ ဖြိုးတိုးတက်ရေးတွင် တတ်စွမ်းသောအတိုင်းအတာဖြင့် တစ်ဖက်တစ်လမ်းမှ ပါဝင်ဆောင်ရွက်ရန်”

ခံယူချက် -

“နိုင်ငံရေးအဖွဲ့ အစည်းမဟုတ် သီးခြားလွတ်လပ်သည့်အဖွဲ့ ဖြစ်သည်။ မည်သည့် အမျိုးသားဖွံ့ ဖြိုး တိုးတက်ရေးတွင် မည်သည့်ပုဂ္ဂိုလ် မည်သည့်အဖွဲ့ အစည်းနှင့်မဆို ပူးပေါင်းဆောင်ရွက်မည်”

ရှေ့ လုပ်ငန်းစဉ် -

(က) ရေအရင်းအမြစ်နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ၊
(ခ) ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာ၊
(ဂ) လူမှုရေးနှင့် ဥပဒေဆိုင်ရာ၊
(ဃ) စီးပွားရေးနှင့် လူ့ အရင်းအမြစ်ဖွံ့ ဖြိုးတိုးတက်ရေးဆိုင်ရာ။






















နာယကများ။

ဦးခွန်ဝင်းလှိုင် (ရန်ကုန်) (အငြိမ်းစားတရားလွှတ်တော်ရှေ့ နေကြီး)
ဦးဂျိန်းလှဘော် (ဟိုပုံး)
ဦးမြင့်သိန်း (တောင်ကြီး)
ဦးခွန်ထွန်းလွင် (ဇရပ်ကြီး)

ဥက္ကဋ္ဌ - ဦးခွန်သန်းရွှေ (အငြိမ်းစား လက်ထောက်ကထိက၊ ဗဟိုနိုင်ငံရေးတက္ကသိုလ်)
ဒုတိယ ဥက္ကဋ္ဌ - ဦးခွန်ညွှန့် မောင် (အငြိမ်းစားညွှန်ကြားရေးမှူး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန)
ဒုတိယ ဥက္ကဋ္ဌ - ဦးခွန်ရန်အောင် (အငြိမ်းစားလက်ထောက်ကထိက၊ ပညာရေးကောလိပ်)
ဒုတိယ ဥက္ကဋ္ဌ - ဦးခွန်မောင်မောင် (အငြိမ်းစားကောင်စီဥက္ကဋ္ဌ၊ ပင်လောင်းမြို့ နယ်)
အတွင်းရေးမှူး - ဦးခွန်ကျော်ဇေယျ (ခ) ဦးခွန်ရဲသွေး (မြို့ နယ်ပြည်သူ့ ကောင်စီ အလုပ်အမှုဆောင်ဟောင်း)
အတွင်းရေးမှူး - ဦးခွန်ညွှန့် ဝေ (သွား - ကျွမ်းကျင်သူ)
အတွင်းရေးမှူး - ဦးခွန်စိန်ဝင်း (တရားလွှတ်တော်ရှေ့ နေကြီး)
ဘဏ္ဍာရေးမှူး - ဦးခွန်အောင်သိန်း (ရွှေသီးနှံရောင်းဝယ်ရေး)
ဘဏ္ဍာရေးမှူး - ဦးခွန်ညွှန့် (သနပ်ဖက်ရောင်းဝယ်ရေး)
စာရင်းစစ် - ဦးခွန်ကျော်ရွှေ (ဒုတိယ ဥက္ကဋ္ဌ၊ မေတ္တာရှင်လူမှုကူညီရေးအသင်း)
စာရင်းစစ် - ဒေါက်တာ ခွန်လှမောင် (မင်းကွန်းကုသိုလ်ဖြစ်အသင်း၊ တောင်ကြီး)
ပြန်ကြားရေး - ဦးခွန်မောင်ငယ် (အငြိမ်းစားအထက်တန်းပြ)
ပြန်ကြားရေး - ဦးခွန်ဇော်ဝမ်း (သနပ်ဖက်ရောင်းဝယ်ရေး)
စည်းရုံးရေးမှူး - ဦးခွန်စိုးမိုးအောင် (အငြိမ်းစားအထက်တန်းပြ)
စည်းရုံးရေးမှူး - ဦးခွန်အောင်ဆန်း (သီးနှံရောင်းဝယ်ရေး)
စည်းရုံးရေးမှူး - ဦးခွန်အောင်ထူး (သနပ်ဖက်ရောင်းဝယ်ရေး)
စည်းရုံးရေးမှူး - ဦးခွန်စိန်ဝင်း (သနပ်ဖက်ရောင်းဝယ်ရေး)
စည်းရုံးရေးမှူး - ဦးခင်မောင်တင့် (ဆန်ရောင်းဝယ်ရေး)

ဆက်သွယ်ရန်လိပ်စာ - ဦးခွန်သန်းရွှေ (ဥက္ကဋ္ဌ) ၀၈၁-၂၁၄၆၄၊ ၀၉-၅၂၁၂၀၇၀
ဆက်သွယ်ရန်လိပ်စာ - ဦးခွန်ကျော်ဇေယျ (ခ) ဦးခွန်ရဲသွေး (အတွင်းရေးမှူး) ၇/၁၊ သီတာလမ်း၊ ရေအေးကွင်းရပ်၊ တောင်ကြီးမြို့ ။ ၀၈၁-၂၃၉၄၈၊ ၀၉-၅၂၈၁၀၁၉


အပြည့်ဖတ်မည်...

အပြည်ပြည်ဆိုင်ရာလူငယ်များနေ့  တောင်ကြီးမြို့ တွင် မျိုးဆက်သစ်လူငယ်များဦးစီးကျင်းပ။

အပြည်ပြည်ဆိုင်ရာလူငယ်များနေ့  တောင်ကြီးမြို့ တွင် မျိုးဆက်သစ်လူငယ်များဦးစီးကျင်းပ။

၂၀၁၂ ခုနှစ် သြဂုတ်လ ၁၂ ရက်။

ယနေ့ တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့  - ၂၀၁၂ (International Youth Day - 2012) ကို မျိုးဆက်သစ် လူငယ်များဦးစီး၍ ရှမ်းပြည်နယ် တောင်ကြီးမြို့  ရှမ်းစာပေနှင့် ယဉ်ကျေးမှုခန်းမ၌ နံနက်ပိုင်းနှင့် ညပိုင်း ခွဲပြီး ကျင်းပခဲ့သည်။

အပြည်ပြည်ဆိုင်ရာလူငယ်များနေ့  - ၂၀၁၂ ကို (၁) မြို့ ပြ ကျေးလက်ရှိလူငယ်များသည် အခွင့်အရေးနှင့် တာဝန် ယူခြင်းများ သိရလာစေရန် (၂) မြန်မာနိုင်ငံရှိ လူငယ်များသည် ကမ္ဘာ့နိုင်ငံအသီးသီးလူငယ်များ၏ အခန်းကဏ္ဍများ၊ လုပ်ဆောင်မှုနှင့် အားပေးမှုများကို သိမြင်လာစေရန် (၃) လူငယ်များအတွက် ပိုမိုရင်းနှီးမြှပ်နှံသော မြန်မာ့ လူဘောင် အဖွဲ့ အစည်းအဖြစ် အားကောင်းလာစေရန် (၄) လူငယ်များ ကွန်ယက်ဆက်သွယ် ဆောင်ရွက်ခြင်းအားဖြင့် အခွင့်အရေး တာဝန်ယူခြင်း အခန်းကဏ္ဍများကို ပိုမိုလုပ်ဆောင်လာစေရန် (၅) မြန်မာနိုင်ငံရှိ လူငယ်ထု တစ်ရပ်လုံး အား ကိုယ်စားပြုသောအဖွဲ့ သည် ဒေသအသီးသီးမှ လူငယ်များ ပါဝင်သော ကိုယ်စားပြု အဖွဲ့ ဖြစ်လာစေရန် (၆) မြန်မာနိုင်ငံရှိ တိုင်းရင်းသားပေါင်းစုံပါဝင်သော လူငယ်ညီလာခံပြုလုပ် ကျင်းပလာနိုင်ပြီး လူငယ်များ၏ လက်ရှိ အဓိက လိုအပ်ချက်များကို ဖော်ထုတ်ဆောင်ရွက်နိုင်ရန် (၇) မြန်မာနိုင်ငံမှ ဦးဆောင်ကျင်းပမည့် အာဆီယံလူငယ် ဖိုရမ် များအတွက် အထောက်အပံ့ကောင်းဖြစ်ပေါ်လာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ကျင်းပခဲ့ကြခြင်းဖြစ်သည်။

စကားရည်လုပွဲ၊ ကျဘမ်းစကားပြောပြိုင်ပွဲ၊ အမှတ်တရ ပန်းချီဆွဲခြင်း၊ လူငယ်များ၏ထင်မြင်ချက်ဖော်ပြခြင်း၊ လူငယ် ညစာစားပွဲ၊ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးဆုတောင်းခြင်းနှင့် လူငယ်တေးသီချင်း သီဆိုခြင်းများ ပျော်ရွှင်စွာ ကျင်းပ ဆင်နွှဲခဲ့ကြပြီး ဒေသခံ တိုင်းရင်းသားလူမျိုးပေါင်းစုံ မျိုးဆက်သစ်လူငယ် (၂၀၀) ကျော်တက်ရောက် ကျင်းပခဲ့ကြခြင်း ဖြစ်သည်။

"Building a better world, partnering with youth" "How to developed our nation by youths' strength" ဆောင်ပုဒ်များနှင့် YOUTH (လူငယ်) ကို Y-Young (ငယ်ဂုဏ်)၊ O-Obedience (အမိန့် နာခံမှု၊ ဆုံးမစကား နာယူလွယ်မှု)၊ U-Unity (စည်းလုံးညီညွှတ်မှု)၊ T-Truth (အမှန်တရားမြတ်နိုးမှု)၊ H-Honesty (ရိုးသားဖြောင့်မတ်မှု) အဖြစ် အဓိပ္ပယ်ဖွင့်ဆိုထားသည်။

(သတင်း/ဓါတ်ပုံ - ညီဇော်)။




































အပြည့်ဖတ်မည်...