Thursday, July 31, 2008

နအဖခေါင်းဆောင်ကြီးတွေကို သေဒဏ်ပေးပါ။

နေပြည်တော်မှ လာသောသတင်းစကားအရ နာဂစ်မုန်တိုင်းအတွင်း လှူဒါန်းသောပစ္စည်းများကို ကိုယ်ကျိုးအလွှဲသုံးစား ပြုလုပ်ခဲ့သူ (၃၁) ယောက်ကို အမှုဖွင့်ပြီး သေဒဏ်ပေးလိုက်တယ်လို့  ကြားသိရပါတယ်။ အစိုးရ၀န်ထမ်းထဲက ရဲ၊ ညွှုန်မှူးနှင့် ညွှုန်ချုပ်အချို့ ပါရှိကြောင်း သိရှိရပါတယ်။

ဒါဆိုရင် - နအဖခေါင်းဆောင်ကြီးတွေကိုယ်တိုင် နိုင်ငံတော်ငွေတွေနဲ့  ပစ္စည်းတွေကို ဘုန်းနေကြတာ ကြာနေပြီ။ အခုတော့ နအဖက မုန်တိုင်းကို အကြောင်းပြုပြီး နိုင်ငံတကာငွေတွေ ထပ်တောင်းဖို့  အပြကောင်းအောင် ဇတ်တူသားချင်း စားလိုက်ပြန်ပြီ။ စစ်တုရင်ကစားသလို အောက်ခြေက ပွန်းလေးကို ထိုးကျွေးချလိုက်ပြန်ပြီ။

ရလာတဲ့ နိုင်ငံတကာက နိုင်ငံခြားငွေတွေကို FEC နဲ့ လဲပြီး ဘုန်းတာတွေကြတော့ သေဒဏ် မပေးကြဖူးထင်တယ်။ ဒီ FEC ကို စတင်ဖန်တီးတဲ့ နအဖခေါင်းဆောင်ကြီးတွေကိုရော သေဒဏ်မပေးသင့်ဖူးလား။ ဒါ နအဖရဲ့  နားလှည့်ပါးရိုက်ပြီး၊ တရားဝင် ငွေလဲလှယ်နှုန်းကို မလိမ့်တပတ်လုပ်ပြီ့း အလှူငွေတွေကို သန်းနဲ့ ချီပြီး ဘုန်းတာဘဲ။

နိုင်ငံတကာက လှူဒါန်းခဲ့တဲ့ပစ္စည်းတွေကိုလည်း ကိုယ်ပိုင်ပစ္စည်းလို သဘောထားပြီး ကိုယ်ကဘဲလှူသလိုလိုနဲ့  နာမည်ရေး တံဆိပ်ကပ်ပြီး လုပ်ခဲ့တဲ့ ဒုတိယဗိုလ်ချူပ်ကြီးမြင့်ဆွေကိုရော အခြား နအဖဗိုလ်ချူပ်တွေကိုရော မုန်တိုင်းအလှူပစ္စည်းတွေ အလွဲသုံးစားလုပ်မှုနဲ့  အမှုဖွင့်ပြီး သေဒဏ်ပေးမှာလား။

အပြောကတော့ ရွှေမန်းလို့  ပြည်သူတွေအကြား ခနဲ့ ရလောက်အောင် ပြောခဲ့တဲ့ - ဥပဒေအထက်မှာ မည်သူမှ မရှိစေရ - ဆိုတဲ့စကားကို ရွှေမန်းကိုယ်တိုင်ရော မှတ်မိသေးရဲ့ လား မသိဖူး။ အကယ်လို့  မှတ်မိသေတယ်၊ ပြောတဲ့အတိုင်း အမှန်တကယ်လုပ်တယ်ဆိုရင်တော့ ခေါင်က စပြီးတော့သာ သေဒဏ်ပေးပါလို့ ။.မုန်တိုင်းအလှူပစ္စည်းတွေ ငွေတွေကို ဘုန်းနေကြတဲ့ နအဖခေါင်းဆောင်ကြီးတွေကို သေဒဏ်ပေးပါ။

အပြည့်ဖတ်မည်...

၈၈၈၈ (သြဂုတ်လ ၈ ရက်နေ့ ၊ ၁၉၈၈ခုနှစ်) - ရန်ကုန်မြို့ လမ်းမပေါ်တွင် စစ်သားများအား ကျောင်းသားများက မပစ်ခတ်ရန် တောင်းပန်နေခဲ့စဉ်။

အပြည့်ဖတ်မည်...

လွန်ခဲ့သော ရှစ်လေးလုံးအရေးတော်ပုံကြီးအတွင်းက။
























၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံကြီးအတွင်းက မြင်ကွင်းလေးတစ်ခုကို ကိုယ်တွေ့ မျက်မြင်တစ်ဦးကနေ ပြန်လည်ပုံဖေါ်ထားတာ ဖြစ်ပါတယ်။

ငြိမ်းချမ်းစွာနဲ့  မိမိတို့ သဘောထားဆန္ဒကိုထုတ်ဖေါ်ပြောနေချိန်မှာ မပြစ်မခတ်ဖို့  တောင်းပန်ပြောဆိုနေခဲ့တဲ့ အဖြူအစိမ်းကျောင်းဝတ်စုံနဲ့  ကျောင်းသားငယ်လေးတစ်ဦးကို သေနတ်လှံစွပ်နဲ့  ရက်စက်စွာ ထိုးသတ်ခဲ့တဲ့အတွက် သွေးအိုင်ထဲမှာ လဲကျသေဆုံးခဲ့ရတဲ့ မြင်ကွင်းလေးပါ။

ရှစ်လေးလုံးအရေးတော်ပုံကြီးအတွင်းမှာ အသက်ပေးပြီး ပြည်သူအတွက် ပေးဆပ်ခဲ့တဲ့ ကျောင်းသားကျောင်းသူလေးများအား ပြန်လည်အောင်းမေ့ပြီး ကြေကွဲဝမ်းနည်းစွာနဲ့  မှတ်တမ်းတင် ဂုဏ်ပြု ဦးညွတ်လိုက်ပါတယ်။

အပြည့်ဖတ်မည်...

Wednesday, July 30, 2008

မြန်မာရဟန်းရှင်လူပြည်သူတွေ သွေးမြေကြတာကို အားပေးနေတဲ့ တရုတ်အစိုးရကိုလည်း ပြတ်ပြတ်သားသား သပိတ်မှောက်ကြစို့ ။





အပြည့်ဖတ်မည်...

Tuesday, July 29, 2008

သြဂုတ်လအတွင်း လကွယ်မှုနှစ်ကြိမ်ဖြစ်ပေါ်ပြီး နေကြတ်ခြင်း၊ လကြတ်ခြင်းကို မြင်တွေ့ နိုင်မည်။









နေကြတ်မည့်အချိန်မှာ သြဂုတ် ၁ ရက်နေ့ မြန်မာစံတော်ချိန် ညနေ(၅)နာရီ မိနစ်(၂၀)မှ နေဝင်ချိန်အထိဖြစ်ပြီး အပြည့်အဝ နေကြတ်မှာ ဖြစ်ကြောင်းသိရှိရသည်။ နေဝင်ချိန်ဖြစ်သောကြောင့် သိသာထင်ရှားစွာ မြင်နိုင်ရန် မလွယ်ကူသော်လည်း ကမ်းခြေဒေသများတွင်မူ သိသိသာသာမြင်နိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

လတြတ်မည့်အချိန်မှာ သြဂုတ် ၁၇ ရက်ည သန်းခေါင်ယံနောက်ပိုင်းမှ နောက်တစ်နေ့ သြဂုတ်လ ၁၈ ရက် နံနက်(၆)နာရီကျော်တဲ့အချိန်ထိ ဖြစ်ကြောင်းသိရသည်။ အဆိုပါနေ့ မှာ လပြည့်ကျော်တစ်ရက်နေ့ ဖြစ်ပြီး၊ အပြည့်အဝ လကြတ်ခြင်းဖြစ်သောကြောင့် မြန်မာတစ်နိုင်ငံလုံးက ထင်ရှားစွာမြင်နိုင်မှာဖြစ်ကြောင်း သိရှိရသည်။

နက္ခတ်ဗေဒင်ပညာသဘောအရ ၂၀၀၈ ခုနှစ်သည် မြန်မာနိုင်ငံအတွက် အလွန်ထူးခြားသော နှစ်တစ်နှစ်ဖြစ်ကြောင်း သိရှိရသည်။

အပြည့်ဖတ်မည်...

Monday, July 28, 2008

သိန်းစိန်ရဲ့  အုပ်စုရဲ့  ကလေးကလားစကားများနဲ့  ရွှီးလုံးဖိန့် လုံးများ။

အပြည့်ဖတ်မည်...

ပညာရေးဝန်ကြီးနှင့် ဒဂုံတက္ကသိုလ် ဒုတိယ-ပါမောက္ခချူပ်ထံ ပေးပို့ ထားသော ကျောင်းသားကျောင်းသူများ၏ တောင်းဆိုစာ။

သို့  -


ဒေါက်တာချမ်းငြိမ်း
ပညာရေးဝန်ကြီး
မြန်မာနိုင်ငံပညာရေးဝန်ကြီးဌာန။


ဦးဆန်း
ဒု-ပါမောက္ခချုပ်
ဒဂုံတက္ကသိုလ်။

ရက်စွဲ။ ။ ၂၈၊ ၀၇၊ ၂၀၀၈။

အကြောင်းအရာ။ ။ ကျောင်းဝင်းအတွင်း မလိုလားအပ်သော စည်းကမ်းများအား အတင်းအကျပ် လိုက်နာခိုင်းနေခြင်းများအား တားဆီးပါယ်ဖျက်ပေးပါရန် တင်ပြခြင်း။

အထက်အကြောင်းအရာပါကိစ္စနှင့် ပတ်သက်၍ကျောင်းဝင်းအတွင်းကျောင်းသားကဒ် မချိတ်ပါက ” နောက်နောင် ကျောင်းသားကဒ်ချိတ်ပါမည်၊ ပါမောက္ခမှ ခေါ်ယုဆုံးမပြီးဖြစ်ပါ သည်ဟု ကိုယ်တိုင်ရေးသား ခံဝန်လက်မှတ်ရေးထိုးခိုင်းခြင်း၊ အကယ်၍့ ကျောင်းသားကဒ် မချိတ်ဆွဲပါက အဆောင်ထဲသို့  ပေးမ၀င် ခြင်း။

၎င်းအပြင် ကျောင်းအတွင်း အနက်ရောင်ပါသော အ၀တ်အစား မ၀တ်ရဟု စည်းကမ်း ထုတ်ခြင်း၊ အကယ်လို့ ဝတ်ဆင်မိပါက ကျောင်းအတွင်းသို့ ပေးဝင်သော်လည်း အဆောင်အ တွင်း ပေးမ၀င်ပဲ စာသင်ယူခွင့် ကို ပိတ်ပင်တားဖြစ်နေခြင်း။

စသည့် စည်းကမ်းချက်များသည် ကျတော်တို့  တက္ကသိုလ်ကျောင်းသားများအတွက် မလိုလားအပ်သော စည်းကမ်းချက်များဖြစ်သည်ဟု ကျတော်တို့ အနေဖြင့် သုံးသပ်မိပါသည်။

သရုပ်ပျက်အ၀တ်အစားများ ၀တ်ဆင်ခြင်း မပြုရဆိုသည့် စည်းကမ်းကို ကျောင်းသားအများစုမှ လက်ခံနိုင်ဘွယ်ရာရှိသော်လည်း မြန်မာ့ ရိုးရာဝတ်စုံဖြစ်သော ယောလုံချည်၊ ယောထမီ တို့ ကို အနက်ရောင်ပါသည့် အတွက် ၀တ်ဆင်ခြင်းမပြုရဟု ဆိုသော အချက်မှာလည်း လက်ခံနိုင်စရာ မရှိပါ။

ထို့ အပြင် အဆိုပါစည်းကမ်းချက်များသည် အေးချမ်းစွာ ပညာသင်ကြားလိုသော ကျောင်းသားများအား မကျေမနပ်ဖြစ်စေခြင်းမှတဖန် ဆရာနှင့် တပည့်များအကြား မလိုလား အပ်သော တင်းမာမှုများ ဖြစ်ပေါ်လာနိုင်သည်ဟု ထင်မြင်မိပါသည်။

ထို့ အတွက် တက္ကသိုလ်အဆင့် တွင် ပညာသင်ကြားနေသော ကျောင်းသား ကျောင်းသူများအတွက် အဆိုပါ စည်းကမ်းချက်များမှာ မလိုလားအပ်သော စည်းကမ်းများဖြစ်နေပြီး၊ ကျောင်းသားများအတွက် လွတ်လပ်စွာ ၀တ်စားဆင်ယင်ပိုင်ခွင့် ကို ထိပါးနေခြင်းနှင့် ကျောင်းအတွင်း ကျောင်းသားကဒ် မချိတ်ပါက အဆောင်တွင်းဝင်ပြီး၊ ပညာသင်ယူခွင့် ပိတ်ပင်ခံရမည် ဆိုသည့် စည်းကမ်းသည်လည်း တက္ကသိုလ်အဆင့် တွင် ပညာသင်ကြားနေသော ကျောင်းသားများအတွက် ကျောင်းဝင်းအတွင်း လွတ်လပ်စွာ ပညာသင်ယူပိုင်ခွင့် နှင့် လွတ်လပ်စွာ သွားလာပိုင်ခွင့် ကို ထိခိုက်နေပါသဖြင့် ထိုသို့ အတင်းအကျပ်ပြုလုပ်ပြီး မလိုက်နာမနေရ စည်းကမ်းများချမှတ်နေခြင်းကို လာမည့် ကျောင်းသီတင်းပါတ်အတွင်း အမြန်ဆုံး တားဆီးပါယ်ဖျက်ပေးပါရန် တောင်းဆိုအပ်ပါသည်။

ဒဂုံတက္ကသိုလ်ကျောင်းသား/ကျောင်းသူများ။

အပြည့်ဖတ်မည်...

၈၈၈၈ တိုက်ပွဲ ဆက်လက်ဆင်နွဲကြ။

အပြည့်ဖတ်မည်...

Sunday, July 27, 2008

Windows XP ကွန်ပျူတာဖန်သားမျက်နှာပြင်ပေါ်မှာ တင်ထားနိုင်သော Wallpaper အထိမ်းအမှတ်လေးတစ်ခု။















(ဖန်တီးရေးဆွဲထားသော ကို Thein.H.hlaingbwe ) အား အထူးကျေးဇူးတင်ရှိပါသည်)။

အပြည့်ဖတ်မည်...

Saturday, July 26, 2008

အနာဂတ်နေ့ သစ်ဆီ လျှောက်လှမ်းကြစို့ ။

Read this document on Scribd: Let Walk

အပြည့်ဖတ်မည်...

Friday, July 25, 2008

၁၉၈၈ ခုနှစ် (ရှစ်လေးလုံးအရေးတော်ပုံကြီးအတွင်း) ရန်ကုန်မြို့ တော်ခန်းမရှေ့ မှ မေ့မရသော မှတ်တမ်းတစ်ခု။

ရန်ကုန်မြို့ တော်ခန်းမရှေ့ နဲ့ ဆူးလေစေတီအနီးနား - ၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံကြီးအတွင်းမှာ ကျောင်းသားကျောင်းသူလေးများနဲ့  လူငယ်လူရွယ်လေးများရဲ့  စည်းကမ်းသေ၀ပ်စွာနဲ့  ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြခဲ့တဲ့ မြင်ကွင်းပါ။



ဒီမိုကရေစီရရှိရေးအတွက် ဒီလိုငြိမ်းချမ်းစွာနဲ့  မိမိတို့ ရဲ့ သဘောထားဆန္ဒအမှန်တွေကို တောင်းဆိုခဲ့ကြတဲ့ ပြည်သူ့ ရင်သွေး ကျောင်းသားလူငယ်လေးများကို ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်ခဲ့ကြတဲ့ ယုတ်မာသူ အာဏာရှင်တွေရဲ့  လုပ်ရပ်ကြောင့် သြဂုတ်လ (၈) ရက်နေ့ ည - ဒီမြို့ တော်ခမ်းမရှေ့ မှာ ကျွန်တော်တို့  ကျောင်းသားလူငယ်တွေ ပြည်သူတွေ သွေးမြေကျခဲ့ ကြရတယ်။

မြို့ တော်ခန်းမရှေ့ နေရာရောက်တိုင်း မြင်ယောင်ကြည့်ကြပါဗျာ။ သွေးအိုင်ထဲ အတုံးးအရုံး လဲကျနေတဲ့၊ တိုင်းပြည်အတွက် အသက်စွန့် လွှတ်ခဲ့ကြတဲ့ ကျောင်းသားကျောင်းသူလေးတွေ ပြည်သူတွေရဲ့  ပုံရိပ်လွှာကို မြင်ယောင်ကြည့်ကြမယ်ဆိုရင် ကျွန်တော်တို့ တစ်တွေ ဘာဆက်လုပ်ကြမလည်းဗျာ။ ကျွန်တော်တို့ လုပ်ရမှာတော့ အာဏာရှင်မှန်သမျှကို တော်လှန်တိုက်ပွဲဝင်ဖို့ ပါဘဲ။

(နစ်နေမန်း)။

အပြည့်ဖတ်မည်...

၁၉၈၈ သြဂုတ်လ (ရှစ်လေးလုံးအရေးတော်ပုံကြီးအတွင်း) မှာ ထုတ်ခဲ့တဲ့ "ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂ (ဗကသ)" ၏ စက္ကူရင်ထိုးကလေး။

အပြည့်ဖတ်မည်...

၁၉၈၈ ခုနှစ် ( ၈၈၈၈ - ရှစ်လေးလုံး ပြည်သူ့ အရေးတော်ပုံကြီး၏ ပုံရိပ်လွှာများ) - ဗွီဒီယိုအပိုင်း (၆)။

အပြည့်ဖတ်မည်...

Thursday, July 24, 2008

ခင်ဗျားတို့ ကို စိန်ခေါ်တယ်။

(၁)။

ကျွန်မအပျိုမ လှပါသည်
ကျွန်မ.. တက္ကသိုလ်ကျောင်းသူ
ဖြူသည်.. နုသည်
အခုအခံမပါ.. ကျွန်မခန္ဒာကိုယ်
ရှိုက်ကြီးဖိုငယ်.. အသွယ်သွယ်။

ကျွန်မအသက်
သပြေခက်ကျော်.. ရေတွက်သော်
တစ်ကိုးရှစ်ရှစ်.. တော်လှန်ခေတ်မှာ
တစ်တစ်ရစ်ရစ်.. တစ်ဆယ့်ရှစ်။

ကျွန်မတို့ တက္ကသိုလ်
အို ဘာကိုထောက်.. ကြောက်ရမှာလဲ
တိုက်ပွဲ.. တိုက်ပွဲ
ရဲရဲတောက်ပ.. ရဲတောက်မဟာ
ကျွန်မ.. ကျွန်မ.. လက်နက်မချ
ကျောင်းသားသမဂ္ဂဖွဲ့ ကြ။

(၂)။

၁၉၈၈ မတ်လ
ဖက်ဆစ်အစိုးရ.. ထောင်ထဲညမှာ
ကျွန်မ..အပျိုမ.. ကျဆုံးရသည်
ကျွန်မ..ခုခံ မတွန်းလှန်နိုင်
မတန်အားယုတ်.. ကြိုးနှင့်တုတ်ပြီး
လှုပ်မရ.. ရုံးမရ
မရ.. မရ.. အို.. မရတော့
ကျွန်မ..ရေတိမ်နစ်ခဲ့ရပြီ။

ကျွန်မနှုတ်ခမ်း..ဖက်ဆစ်နမ်းကြ
ကျွန်မရင်အုံ..ဖက်ဆစ် ငုံကြ
ကျွန်မ …တွင်း.. ဖက်ဆစ် ….ကြ
ဖက်ဆစ်မုဒိန်း.. လုံထိန်း လုံထိန်း
နတ်စိမ်းပူးဝင်.. အရှင်လတ်လတ်
ခေတ်သေနတ်နဲ့  အငတ်မပြေ
ကျွန်မအပျိုရည်..ကိုသောက်
တစ်ယောက် နှစ်ယောက် သုံးလေးယောက်မက
ကျွန်မသေလောက်ပါပြီရှင်ရဲ့ ။

(၃)။

ဒါပေမယ့်လေ
ကျွန်မ မသေ.. မျက်ရည်မကျ
ကျွန်မရေတိမ်နစ် ..သားအိမ်ညစ်လည်း
ကျွန်မချစ်သည့် တော်လှန်ရေး
ကျွန်မ မြတ်နိုးသည့် ဒီမိုကရေစီ။
ဟယ်… ဖက်ဆစ်အစိုးရ
ငါ့သွေးသားကို ..နင်ဝါးမြိုသည်
နင့်ကို ငါ ဘယ်တော့မကျေ
ဟယ်… အစိုးရ
ငါ့အပျိုရည်.. နင်ဖျက်ချွေသည်
ရာဇ၀င် မကျေ.. မကျေ.. မကျေ။
ဟေ့… အစိုးရအမွေ
နောက်လိုက်ခွေးတပ်..လုံထိန်းတပ်တို့ 
သတ္တိရှိရင် လာစမ်းပါစေ…
သေနတ်တစ်ကမ်း.. သွေးခင်းလမ်းမှာ
ငြိမ်းချမ်းရေး အပျိုမ
မြန်မာပန်းပွင့်.. မုဒိန်းကျင့်ခံရ
နင် အစိုးရ. အပြုတ်ချမယ်
လုံးဝ.. ငါတို့ ဒူးမထောက်
လုံးဝ.. ငါတို့ ဒူးမထောက်။

(၁၉၈၈ခုနှစ် မတ်လအရေးအခင်းတွင် မဆလ လုံထိန်းတပ်တို့ ၏ ဖမ်းဆီးခြင်းကို ခံရပြီး၊ ထောင်တွင်းတွင် အဓမ္မမုဒိန်းကျင့်ခံခဲ့ရသော ရန်ုကုန်စက်မှုတက္ကသိုလ်ကျောင်းသူတစ်ဦး၏ ရင်တွင်းခံစားချက်။)

အပြည့်ဖတ်မည်...

၁၉၈၈ ခုနှစ် ( ၈၈၈၈ - ရှစ်လေးလုံး ပြည်သူ့ အရေးတော်ပုံကြီး၏ ပုံရိပ်လွှာများ) - ဗွီဒီယိုအပိုင်း (၅)။

အပြည့်ဖတ်မည်...

နအဖအား ကုလသမဂ္ဂကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်ပေးပါရန်။

အပြည့်ဖတ်မည်...

ရှစ်လေးလုံး အရေးတော်ပုံကြီးအတွင်းမှ ဟောပြောမှု မှတ်တမ်းတစ်ခု။

၁၉၈၈ ခုနှစ် ရှစ်လေးလုံးကာလအတွင်း ပြည်သူလူထူအကြားမှာ ကျင်းပခဲ့တဲ့ ဟောပြောပွဲများတွင် ပြောကြားခဲ့သော ဆရာမင်းသိင်္ခ၏ ဟောပြောချက်များအား သိရှိကြစေရန် ပြန်လည်ဖေါ်ထုတ်မှတ်တမ်းတင်အပ်ပါသည်။

ဖိုင်အား ဒေါင်းလုပ်လုပ်ရန်မှာ - http://www.mediafire.com/?0sh2fyt12x8

အပြည့်ဖတ်မည်...

၁၉၈၈ ခုနှစ် ( ၈၈၈၈ - ရှစ်လေးလုံး ပြည်သူ့ အရေးတော်ပုံကြီး၏ ပုံရိပ်လွှာများ) - ဗွီဒီယိုအပိုင်း (၄)။

အပြည့်ဖတ်မည်...

Wednesday, July 23, 2008

၁၉၈၈ ခုနှစ် ( ၈၈၈၈ - ရှစ်လေးလုံး ပြည်သူ့ အရေးတော်ပုံကြီး၏ ပုံရိပ်လွှာများ) - ဗွီဒီယိုအပိုင်း (၃)။

အပြည့်ဖတ်မည်...

ကမ္ဘာမကြေဖူး။

(ရေးသားသူ ခင်မမမျိုးအား အထူးလေးစား ဂူဏ်ယူပါကြောင်းနှင့် ကျေးဇူးတင်ရှိပါသည်)။

Read this document on Scribd: 8888 anniversary short stories

အပြည့်ဖတ်မည်...

၁၉၈၈ ခုနှစ် ( ၈၈၈၈ - ရှစ်လေးလုံး ပြည်သူ့ အရေးတော်ပုံကြီး၏ ပုံရိပ်လွှာများ) - ဗွီဒီယိုအပိုင်း (၂)။

အပြည့်ဖတ်မည်...

၁၉၈၈ ခုနှစ် ( ၈၈၈၈ - ရှစ်လေးလုံး ပြည်သူ့ အရေးတော်ပုံကြီး၏ ပုံရိပ်လွှာများ) - ဗွီဒီယိုအပိုင်း (၁)။

အပြည့်ဖတ်မည်...

ရှစ်လေးလုံးအရေးတော်ပုံကြီးအတွင်း ပေါ်ထွက်ခဲ့သည့် ကာတွန်းများ။

၁၉၈၈ ခုနှစ် ရဟန်းရှင်လူ ကျောင်းသားပြည်သူတစ်ရပ်လုံး ပါဝင်ဆင်နွဲခဲ့သည့် အာဏာရှင်ဆန့် ကျင်ရေး ဒီမိုကရေစီရရှိရေးအရေးတော်ပုံကြီး (ရှစ်လေးလုံးအရေးတော်ပုံကြီး) အတွင်း ပေါ်ထွက်ခဲ့သည့် ကာတွန်းများ ဖြစ်ပါသည်။



ယခုဖေါ်ပြသည့် ကာတွန်းများမှာ အာဏာရှင်လက်အောက် မြန်မာပြည်၏ အခြေအနေများအား ထင်ဟပ်ပေါ်လွင်စေခဲ့ပြီး ယခုမျက်မှောက်ကာလတိုင်အောင် အသွင်တူဆဲ ဖြစ်ပါသည်။

ရဟန်းရှင်လူပြည်သူများရဲ့  ညီညွတ်သောအင်အား၊ ရဲရင့်သော လှုပ်ရှားဆောင်ရွက်မှုများ၊ ခိုင်မာသော စိတ်ဓါတ်များနဲ့  အာဏာရှင်အား မကြောက်မရွံ့  ဆန့် ကျင်တိုက်ပွဲဝင်ခဲ့မှုကြောင့် တစ်ပါတီ အာဏာရှင်စနစ်ဖြစ်သည့် နေ၀င်းဦးဆောင်သည့် မဆလပါတီအား အမြစ်ပြတ် ဖြုတ်ချနိုင်ခဲ့သည်မှာ မြန်မာ့သမိုင်းတွင် ထူးချွန်ပြောင်မြောက်သော ပြည်သူ့ မှတ်တမ်း ဖြစ်ပါသည်။

၈၈၈၈ (ရှစ်လေးလုံး) ပြည်သူလူထုလှုပ်ရှားမှုကြီးအတွင်း ကျဆုံးခဲ့သော ၀ိညာဉ်များနဲ့  ရှင်သန်နေဆဲ အင်အားစုများဟာ ခောတ်အဆက်ဆက်မှာ ထပ်မံပေါ်ပေါက်လာနေတဲ့ အင်အားသစ် မျိုးဆက်သစ်များနဲ့ အတူ လက်တွဲကာ အာဏာရှင်အား နည်းပေါင်းစုံဖြင့် ဆက်လက်ချေမှုန်းသွားဦးမည်မှာ မလွဲဧကန် ဖြစ်ပါသည်။

ပြည်သူတို့ ရဲ့  တော်လှန်ရေးသည် မည်သည့်အာဏာရှင်ကိုမဆို ထိတ်လန့် တုန်လှုပ်နေဆဲ ဖြစ်စေသောဝ်။

(နစ်နေမန်း)။


ကာတွန်းများအား slide show ဖြင့်သာမက save လုပ်ယူနိုင်ရန်အတွက် တိုက်ရိုက်လည်း ဖေါ်ပြပေးထားပါတယ်။ ပို့ စ်အား အကျယ်ချဲ့ ပြီး ကြည့်နိုင်ပါတယ်။


































































































































































































အပြည့်ဖတ်မည်...

Tuesday, July 22, 2008

ငြိမ်းချမ်းရေးဖခင် အဘိုး သခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း (၄၄) နှစ်မြောက်။




ဇူလိုင် (၂၃) ရက်နေ့၊ ၂၀၀၈ ခုနှစ်။

ငြိမ်းချမ်းရေးဖခင်ကြီး အဘိုးသခင်ကိုယ်တော်မှိုင်း၏ သမိုင်းကြောင်းမှာလည်း မြန်မာပြည်အာဏာရှင်များ လက်အောက်တွင် မှေးမှိန်ပျောက်ကွယ်လျက်ရှိသည်။ ယခုခဲ့သို့  စုဆောင်းသိမးဆည်းထားမှုများအား ပြန်လည်တင်ပြဖေါ်ထုတ်ပေးသည့်သူများအားလုံးအား အထူးလေးစား ဂုဏ်ယူပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။

ငြိမ်းချမ်းရေးဖခင်ကြီး အဘိုးသခင်ကိုယ်တော်မှိုင်း၏ ဘ၀မှတ်တမ်း။

မြန်မာသက္ကရာဇ် ၁၂၃၇ခု၊ တပေါင်းလပြည့်ကျော် ၁၄ရက် ၊ ကြာသပတေးနေ့ ( ၂၃.၃.၁၈၇၆) တွင် ရွှေတောင်မြို့နယ် ၀ါးလည်ရွာ၌ ဦစံဒွန်း - ဒေါ်အုန်းတို့မှ သခင်ကိုယ်တော်မှိုင်းကို မွေးဖွားသန့်စင်ခဲ့သည်။ သခင်ကိုယ်တော်မှိုင်းရဲ့ ငယ်နာမည်မှာ မောင်လွန်းမောင် လို့ စာအုပ်တွေထဲမှာ သိရပါတယ်။ ကိုယ်တော်မှိုင်းမှာ မွေးချင်း (၅) ယောက် ရှိကြပါတယ်။ (၁) ဦးဘိုးညွန့်၊ (၂) သခင်ကိုယ်တော်မှိုင်း (၃) ဦးအောင်လင်း (၄) ဒေါ်အေးမယ် (၅) ဒေါ်ငွေဆင့်တို့ ဖြစ်ကြသည်။



သခင်ကိုယ်တော်မှိုင်းရဲ့ ဖခင် ဦးစံဒွန်းသည် အိမ်ထောင်နှစ်ဆက်ရှိသည်။ သခင်ကိုယ်တော်မှိုင်းတို့မိခင်မှာ ပထမအိမ်ထောင်ဆက်ဖြစ်ပြီး ဒုတိယအိမ်ထောင်ဆက်သည် ဒေါ်ငွေမှုန်ဖြစ်သည်။ ဒေါ်ငွေမှုန်နှင့် သားသမီး၂ယောက်ထွန်းကားသည်။

မြန်မာသက္ကရာဇ် ၁၂၄၆ခုနှစ်၊ သခင်ကိုယ်တော်မှိုင်း အသက်ကိုးနှစ်အရွယ်တွင် ဦးလေးဘုန်းကြီးများနှင့် မန္တလေးမြို့ မြတောင်တိုက်သို့ ရောက်ရှိလာခဲ့ပြီး ဘုန်းကြီးကျောင်း၌ စာသင်ကြားခဲ့သည်။

သခင်ကိုယ်တော်မှိုင်း၏ ငယ်နာမည်မှာ မောင်လွန်းမောင် ဖြစ်လေသည်။ မောင်လွန်းမောင် မန္တလေးသို့ရောက်ရှိသော နှစ်မှာ မြန်မာသက္ကရာဇ် ၁၂၄၆ခုနှစ်ဖြစ်ပြီး ထိုအချိန်၌ မန္တလေးရတနာပုံရွှေမြို့တော်သည် သီပေါမင်းအုပ်စိုးသော အချိန်ဖြစ်လေသည်။ ထိုအချိန်၌ မြန်မာနိုင်ငံတော်သည် နှစ်ပိုင်းကွဲနေပြီး အထက်မြန်မာပြည်သည် မြန်မာဘုရင်အုပ်ချုပ်ပြီး အောက်မြန်မာပြည်သည် ကိုလိုနီနယ်ချဲ့အင်္ဂလိပ်များ အုပ်ချုပ်သော အချိန်ဖြစ်သည်။

မောင်လွန်းမောင် မြတောင်ကျောင်းတိုက်ကို ရောက်ရှိချိန်တွင် အလယ်ပင်မကျောင်းကြီးဖြစ်မယ့် မိဖုရားဆောက်လုပ်တဲ့ မြတောင်ရွှေကျောင်းကြီး ဆောက်လို့ မပြီးသေးချိန် ဖြစ်သည်။

မင်းတုန်းမင်းကြီးနတ်ရွာစံလို့ သားတော်သီပေါမင်းနန်းတတ်တော့ မင်းတုန်းမင်းကြီး၏ သမီးတော်တစ်ပါးဖြစ်သည့် အလယ်နန်းမတော်ရဲ့ သမီး သီရိသုပဘာရတနာဒေ၀ီဘွဲ့ခံ စုဖုရားလတ်က မိဖုရားခေါင်ကြီးအဖြစ် အထွတ်အထိပ် ရောက်ရှိချိန်ဖြစ်သည်။ စုဖုရားလတ် မင်းသမီးငယ်ဘ၀ အာဏာမရခင်က သူ ကိုးကွယ်သည့် ဆရာတော်ဦးအာလောက ကို မိဖုရားခေါင်က ဆောက်လုပ်လှူဒါန်းသည့် ကျောင်းတော်ကြီးအင်္ဂါရပ်နှင့် ညီညွတ်တဲ့ ကျောင်းသစ်ကြီး ဆောက်လုပ်လှူဒါန်းကိုးကွယ်မည်ဆိုပြီး မြတောင်တိုက်သစ်ကြီးကို ဆောက်လုပ်စေခဲ့တာဖြစ်သည်။ မြတောင်ကျောင်းတိုက်ကြီးကို ၁၂၄၇ခု တပေါင်းလကစပြီး ဆောက်လုပ်ပြီး ၁၂၄၇ခု တန်ဆောင်မုန်းလမှာ ပြီးစီးခဲ့ပါသည်။ မောင်လွန်းမောင် မြတောင်တိုက်ကို ရောက်ရှိခဲ့တာဟာ ၁၂၄၆ခုနှစ်ဖြစ်ပြီး ထိုအချိန်တွင် ကျောင်းတိုက်ကြီး ဆောက်လို့ မပြီးစီးချိန်ဖြစ်သည်။

ကျောင်းတိုက်ကြီးကို နေ့ရောညပါဆောက်လုပ်နေတော့ မောင်လွန်းမောင်ရဲ့ မျက်စိအောက်မှာဘဲ တစ်နှစ်ကြာသောအခါ တန်ဆောင်မုန်းလထဲ ကျောင်းလွှတ်ပွဲကြီး ကျင်းပကြတော့မည်ဆိုပြီး သတင်းတွေ ကြားလာရသည်။ ထိုရေစက်ချပွဲကို မင်းမိဖုရားနှစ်ပါးစလုံး ထွက်တော်မူကြီး ထွက်တော်မူပြီး တခမ်းတနားကျင်းပမယ်ဆိုတဲ့ သတင်းတွေကို ကြားရကြပြန်သည်။

၁၂၄၇ ခု တန်ဆောင်မုန်းလဆုတ် ၇ရက်နေ့ (၂၈၊၁၀၊၈၅) ညနေ၃နာရီတွင် အင်္ဂလိပ်တပ်များသည် ဂေါဝိန်ဆိပ်မှနေပြီး ကျောင်းတော်ကြီးဘေးလမ်း ( အေလမ်း ) မှ မြို့တွင်းသို့ ဆက်လက်ချီက်သွားကြသည်။

တန်ဆောင်မုန်းလဆုတ် ၈ရက်နေ့ ညနေ နေစွယ် မကျိုးတကျိုးအချိန်တွင် စစ်ခရာသံတွေနှင့်အတူ အရှင်နှစ်ပါးကို အင်္ဂလိပ်တပ်များမှ ဖမ်းဆီးခေါ်ဆောင်သွားကြလေတော့သည်။ လမ်းတလျှောက် မြတောင်ကျောင်းတော်အရောက်တွင် အရှင်နှစ်ပါးမှ အင်္ဂလိပ်တပ်များအား ခွင့်တောင်းပြီး မြတောင်ကျောင်းတိုက်ဆရာတော်အား ၀င်ရောက်ဖူးမျှော်ခဲ့ကြပြီး - ဆရာတော်ဘုရား၊ တပည့်တော်မတို့ သွားရပြီဘုရား - ဟု လက်အုပ်ချီပြီး ကန့်တော့သွားကြလေသည်။

ထိအချိန်တွင် မောင်လွန်းမောင်လေးသည် စားတော်ဝန်ဦးခဲကျောင်းလက်ရန်းပေါ်မှ မင်းနှစ်ပါးပါတော်မူပုံကို မြင်လိုက်ရလေသည်။ ထိုမြင်ကွင်းသည် သခင်ကိုယ်တော်မှိုင်းတဖြစ်လဲမည့် မောင်လွန်းမောင်လေးရဲ့ ရာသက်တိုင်မျိုးချစ်စိတ်ကို ခိုင်မြဲစေအောင် အုတ်မြစ်ချပေးသွားပါလေတော့သည်။

မြန်မာသက္ကရာဇ် ၁၂၄၇ခု - တန်ဆောင်မုန်းလပြည့်ကျော်၈ရက် ( ၂၉-၁၁-၁၈၈၅ ) မှာ ဗြိတိသျှကိုလိုနီသမားများသည် မြန်မာပြည်ကို တတိယအကြိမ် အလွယ်တကူဘဲ ကျူးကျော်သိမ်းပိုက်ခဲ့ကြသည်။ မင်းနဲ့ မှူးမတ်အချို့က အညံ့ခံအရှုံးပေးလိုက်လို့ အခုအခံ အတိုက်အခိုက်မရှိ အလွယ်တကူ သိမ်းယူသွားနိုင်ခဲ့ပေမယ့် နောက်ပိုင်း အချို့မှူးမတ်တွေနဲ့ တိုင်းသူပြည်သားတွေက သူ့ကျွန်ဘ၀ကို လုံးဝလက်မခံကြလေတော့ ရရာလက်နက်စွဲကိုင်ပြီး အနယ်နယ်အရပ်ရပ်မှာ သူပုန်ထကြွကြလေသည်။ ဒီလို သူ့ကျွန်မခံ မျိုးမာန်မချတဲ့ ဗမာပြည်သူတွေက နှစ်တွေ အကြာကြီး တော်လှန်အုံကြွနေတဲ့အချိန်ကာလကြီးအတွင်း ဒီပတ်ဝန်းကျင်မှာ မောင်လွန်းမောင်သည် ၁၀နှစ်သားအရွယ်ကနေ တဖြည်းဖြည်း လူပျိုပေါက်လို့ လူလားမြောက်ခဲ့ရသည်။

မောင်လွန်းမောင် အသက်၁၉နှစ်အရွယ်တွင် ဖခင်ဦးစံဒွန်း ကွယ်လွန်ရှာလေသည်။ မန္တလေးမြို့ပျက်ပြီးနောက် မောင်လွန်းမောင်သည် မန္တလေးမှာ ဆက်မနေဖြစ်တော့ဘဲ စစ်ကိုင်း၊ ချောင်းဦး၊ မုံရွာ၊ အလုံ၊ မောင်းထောင်၊ ဘုတလင်၊ ကနီ စသည့်ဒေသများကို တစ်နှစ်တန်သည် နှစ်နှစ်တန်သည် နေထိုင်ကြသည်။ ဤသို့လှည့်လည်နေထိုင်ရင်း လောကုတ္တရာစာပေ၊ လောကီစာပေတွေ၊ ရာဇ၀င်သမိုင်းတွေ၊ ကဗျာလင်္ကာတွေကို ဘ၀တက္ကသိုလ်ကြီးမှာ ကြုံရာကျပန်း သင်ယူခဲ့သည်။

မောင်လွန်းမောင်သည် အသက်၂၁နှစ်အရွယ်တွင် အစိုးရစစ် ၇တန်းစာမေးပွဲကို မုံရွာမြို့တွင် အလွတ်ပညာသင်အနေဖြင့် ၀င်ရောက်ဖြေဆို အောင်မြင်ခဲ့သည်။ ထို့နောက် အသက်၂၂အရွယ် ၁၈၉၈ ခုနှစ်တွင် မော်လမြိုင်သို့ ဦးပဏ္ဍိဘ၀ဖြင့် ရောက်ရှိလာခဲ့သည်။ မော်လမြိုင်မြို့သည် ဗြိတိသျှလက်အောက် အစောဆုံးကျရောက်သောမြို့ဖြစ်ပြီး ဗမာသတင်းစာသမိုင်းတွင် သတင်းစာအစောဆုံးထုတ်ဝေသော မြို့ဖြစ်သည်။

ဦးပဏ္ဍိသည် မော်လမြိုင် ကျိုက်သံလံအရှေ့စောင်းတန်းဘေး လေးထပ်ကျောင်းတွင် တစ်ဝါဆိုခဲ့သည်။ ၀ါကျွတ်ပြီး အဂ္ဂိရတ် အင်မတန်ထိုးသည့် ဦးသုဇာတဆရာတော်၏ ကျောက်တန်းကျောင်းသို့ ပြောင်းရွေ့သီတင်းသုံးခဲ့သည်။ ကျောက်တန်းကျောင်းသို့ရောက်ပြီး ၁၂၆၃ ( ၁၉၀၁ ) ခုနှစ်လောက်တွင် မြန်မာတိုင်း(စ်) သတင်းစာတိုက်နှင့် အဆက်အသွယ်အ၀င်အထွက်ရှိလာပြီး မြန်မာတိုင်း(စ်)တွင် - ပဏ္ဍိလေး - ဆိုသည့် ကလောင်နာမည်ဖြင့် ကဗျာများ၊ ဆောင်းပါးများကို စတင်ရေးသားခဲ့သည်။ ထိုအချိန်တွင် မြန်မာတိုင်း(စ်)သတင်းစာအယ်ဒီတာမှာ ဆရာဖြိုးဖြစ်သည်။

ထိုခေတ်တွင် မော်လမြိုင်၌ မော်လမြိုင် အက်ဗာတိုက်ဇား ဆိုသည့်သတင်းစာ၊ ရာမည ဆိုသည့် သတင်းစာ၊ မြန်မာတိုင်း(စ်) ဆိုသည့်သတင်းစာများ ထွက်ရှိနေခဲ့သည်။ ထိုအချိန်က မြန်မာတိုင်း(စ်)သတင်းစာပိုင်ရှင်မှာ မော်လမြိုင်ဒိုင်းဝန်ကွင်မှ ဆင်ဖြူကျောင်းတကာ ဦးဖိုးခင်နှင့် ဒေါ်စာရီတို့ ဖြစ်သည်။

ကိုလွန်းမောင် အသက်၂၄နှစ်အရွယ် ၁၉၀၀ပြည့်နှစ်တွင် ရန်ကုန်မြို့သို့ ရောက်ရှိလာခဲ့ပြီး ဆန်စပါးပွဲစားဦးနု ဒေါ်နှစ်တို့၏သမီး ဒေါ်ရှင်နှင့် အကြောင်းပါလက်ဆက်ခဲ့ကြသည်။ ဒေါ်ရှင်သည် ကိုလွန်းမောင်ထက် နှစ်နှစ်ငယ်လေသည်။ သူတို့တွင် သားသမီး၅ယောက် ထွန်းကားခဲ့သည်။ ၁၂၆၆ ခုနှစ်တွင် သမီးကြီး မမြရီ၊ ၁၂၆၇ခုနှစ်တွင် ဒုတိယသမီး မမြသီ၊ ၁၂၇၀တွင် သားကိုစိန်ညွန့်၊ ၁၂၇၂တွင် သား မောင်ငွေတိုးနှင့် ၁၂၇၄တွင် သမီး မမြကြည်တို့ ဖြစ်ကြသည်။

၁၉၀၄ခု ( ၁၂၆၆ ) တွင် ကိုလွန်းမောင်သည် မော်လမြိုင်သို့ ပြန်လည်ရောက်ရှိလာပြီး မြန်မာတိုင်း(စ်)သတင်းစာမှ ကိုလွန်းမောင်အား လခ၆၀ကျပ်နှင့် နေအိမ်အခမဲ့ပေးလေသည်။ ကိုလွန်းမောင်သည် မြန်မာတိုင်း(စ်)၌ ၁၂၆၈ ( ၁၉၀၆ ) ခုနှစ်အထိ အလုပ်လုပ်ခဲ့သည်။

မြန်မာတိုင်း(စ်)သတင်းစာ၌ အယ်ဒီတာလုပ်ရင်း အယ်ဒီတာဆရာလွန်းနာမည်ဖြင့် မော်လမြိုင် ရာဇ၀င်ဝတ္ထုကိုရေးခဲ့သည်။ (၁၉၀၅ခု)၊ ဒုတိယကဗျာသာရမဉ္စူကို ရေးသည်။ (၁၉၀၆ခု) ထိုနှစ်တွင် ပရမတ္ထသံစိပ်အဖြေကျမ်း ဒုတိယတွဲကို ရေးသည်။

ဆရာလွန်းမောင်သည် မော်လမြိုင်သတင်းစာတိုက်၌ ရှိစဉ် ဂဋ္ဌုန်သူပုန်ခေါင်းဆောင်ဖြစ်မည့် ဆရာစံသည် ဘီလူးကျွန်းကမာမိုရွာ၌ ရှိလေသည်။ ဆရာစံသည် မော်လမြိုင်ကိုလာတိုင်း သတင်းစာတိုက်ကို ၀င်လေသည်။ ဆရာလွန်းမောင် (သခင်ကိုယ်တော်မှိုင်း) နှင့် ဆရာစံတို့သည် ထိုစဉ်ကတည်းကပင် သိကျွမ်းခင်မင်ခဲ့ကြသည်။ ဆရာစံရေးသည့် လက္ခဏုဇုကျမ်းသည် မြန်မာတိုင်း(စ်) ပုံနှိပ်တိုက်တွင် ပထမအကြိမ် ရိုက်နှိပ်ခဲ့ခြင်းဖြစ်သည်။

ဆရာလွန်းမောင်သည် မစ္စတာမောင်မှိုင်း ဆိုသည့် ကလောင်နာမည်ကို မော်လမြိုင် မြန်မာတိုင်း(စ်) သတင်းစာတိုက်၌ကပင် သုံးစွဲခဲ့ခြင်းဖြစ်သည်။ ဂျိမ်းစ်လှကျော်သည် မောင်ရင်မောင်နှင့် မမယ်မ၀တ္ထုကို ရှေ့နေကျောင်းဖွင့်ရင်း ရေးသားပုံနှိပ်ထုတ်ဝေခဲ့သည်။ ထိုစာအုပ်သည် အထူးအောင်မြင်ခဲ့သည်။ ထိုနှစ်မှာပင် ဦးမောင်ကြီးသည် ချဉ်ပေါင်ရွက်သည် မောင်မှိုင်းဝတ္ထုကို ရေးသည်။ ၄င်းစာအုပ်သည်လည်း အောင်မြင်ကျော်ကြားခဲ့သည်။ သို့သော် မောင်မှိုင်းသည် လူယုတ်မာအဖြစ်နှင့် ကျော်ကြားလာသည်။ ထိုစာအုပ်တွေ နာမည်ကျော်လာတော့ ဆရာလွန်းမောင်သည် အင်္ဂလိပ်စာတတ်တွေ ကိုယ့်နာမည်ရှေ့မှာ ဗမာထုံးစံအသက်အရွယ်နှင့် လိုက်ဖက်သည့် ဦး၊ မောင် တို့ကို မတပ်ပါဘဲ မစ္စတာဆိုသည့် စကားလုံးကို ပြောကြ၊ရေးကြ လုပ်လာတာကို တွေ့ရလို့ ဒီဗိုလ်ဆန်မှုကို ပြုတ်အောင် ဖြုတ်မည်ဆိုပြီး သူ့ကလောင်နာမည်ကို တိုင်းပြည်ကသိတဲ့ ကြာသမား လူယုတ်မာ မောင်မှိုင်းရှေ့မှာ မစ္စတာ ထည့်ပြီး မစ္စတာမောင်မှိုင်း ဟု ယူလိုက်သည်။ ထိုကလောင်နာမည် သတင်းစာသို့ပါလာသောအခါ မစ္စတာသမားများ ပွက်လောရိုက်ကုန်လေတော့သည်။

မြန်မာတိုင်း(စ်)သတင်းစာသည် ၁၉၀၆ခုနှစ်လောက်တွင် သတင်းစာအကျိုးအမြတ်သိပ်မရှိတော့သည်ကြောင့် ပိတ်လိုက်ကြလေတော့သည်။ မစ္စတာမောင်မှိုင်းသည် မော်လမြိုင်မှ ရန်ကုန်ဇမ္ဗူ့ကျက်သရေပုံနှိပ်တိုက်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ ထို့နောက် ဟင်္သာတမှ အမရ၀တီပုံနှိပ်တိုက်တွင် စာပြုစာပြင် အယ်ဒီတာအဖြစ် လုပ်ကိုင်ဆောင်ရွက်ခဲ့သည်။

၁၉၁၁ခုနှစ်လောက်တွင် ကိုဘဖေ၊ကိုလှဖေ၊ကိုဘကလေးဆိုသည့် လူငယ်သုံးဦးသည် လူငယ့်အားမာန်နှင့် တကယ့်သတင်းစာနှင့်တူသော ဗမာသတင်းစာတစ်စောင် ထုတ်ဝေရန် အစွမ်းကုန်စိုင်းပြင်းကြသည်။ ထိုအချိန်တွင် ဤလူငယ်သုံးဦးသည် အင်္ဂလိပ်စာတတ်တွေဖြစ်ကြ၍ ဗမာစာကို နိုင်နိုင်နင်းနင်း ချောချောမွေ့မွေ့ ရေးတတ်ခြင်း အလျင်းမရှိပေ။ ထို့ကြောင့် ဗမာစာ နိုင်နင်းစွာရေးတတ်သူ မစ္စတာမောင်မှိုင်း အား အကူအညီတောင်းခဲ့ကြသည်။ ဆရာကြီးကလည်း ၀မ်းမြောက်ဝမ်းသာ လက်ခံပြီး အကူအညီပေးလေသည်။ ဆရာကြီးမှ သတင်းစာနာမည်ကို သူရိယ ဟု အမည်ပေးလေသည်။ သူတို့ကြိုးစားလုံးပန်းနေကြသည့် သူရိယသတင်းစာသည် တနေ့တခြား ဒီရေအလား ကြီးပွားတိုးတက်လာပြီး သူရိယသတင်းစာသည် ဂဋ္ဌုန်ဦးစောလက်မရောက်ခင်အထိ တိုင်းပြည်၌ အရှိန်အစော်အလွန်ကြီးသည့် သတင်းစာတစ်စောင် ဖြစ်နေလေတော့သည်။

သူရိယသတင်းစာသည် ဗမာတိုင်းရင်းသားတွေ နိုးကြားအောင် သူ့ကျွန်ဘ၀က လွတ်လပ်အောင် ဘယ်လိုစည်းလုံးကြ၊ ညီညွတ်ကြ၊ တိုက်ပွဲဝင်ကြဆိုတာတွေကို မနားမနေ ရေးခဲ့ သားခဲ့ မျက်စိဖွင့်ပေးခဲ့ လှုံဆော်နှိုးဆွပေးခဲ့သည်။ ဆရာကြီးသည် သူတို့ဝိုင်းဝန်းရေးသားလုပ်ဆောင်လာခဲ့ရသော သူရိယသတင်းစာကို အလွန်သံယောဇဉ်ကြီးသည်။ သူရိယတွင် ဆရာကြီး၏တာဝန်မှာ တတိုက်လုံး၏ အတိုင်ပင်ခံဖြစ်လေသည်။ သတင်းစာတစောင်လုံးမှာပါမည့် ခေါင်းကြီးကအစ သတင်းဆောင်းပါးနှင့် ကြော်ငြာအဆုံး စာတွေ မှန် ၊ မမှန် ကောင်း၊ မကောင်း အယ်ဒီတာချုပ်မှအစ သတင်းထောက်အဆုံး ရေးသမျှစာတွေထဲက မကောင်းတာရှိရင်ကောင်းအောင် မမှန်တာရှိရင် မှန်အောင် အားလုံးပြုပြင်ပေးရသည်။ ထို့နောက် သူရိယရက်ခြားသတင်းစာတွင် ဆရာကြီးသည် ဆောင်းပါးအနည်းဆုံး တစ်ပတ်တစ်ကြိမ်၊ နေ့စဉ်ထုတ်တွင် အနည်းဆုံး တစ်ပတ်တစ်ကြိမ် ရေးရသည်။

ဆရာကြီးရွှေဥဒေါင်း ( ဦးဖေသိန်း ) သည် ၁၉၁၇ခုနှစ်တွင် သူရိယသတင်းစာ၌ အလုပ်စ၀င်လေသည်။ ဆရာကြီးရွှေဥဒေါင်း သူရိယ၌ အလုပ်စ၀င်ချိန်တွင် ရုတ်တရက် နေရာမပေးနိုင်သေးသဖြင့် ဆရာကြီး မစ္စတာမောင်မှိုင်းနှင့်အတူ တစ်စားပွဲထဲ ထိုင်ခဲ့ရသေးသည်။ ၁၉၁၉ခုနှစ်တွင် ဆရာကြီးရွှေဥဒေါင်းသည် သူရိယ၌ အလုပ်လုပ်နေရင်းတန်းလန်းနှင့် မြန်မာ့ဗျူဟာဂျာနယ်ဆိုသည့် ဂျာနယ်တစ်စောင် ထုတ်လေသည်။

နိုင်ငံရေး၌ ဆရာကြီး ကိုယ်ထိလက်ရောက်ပါဝင်ဆင်နွဲခဲ့သည့် တိုက်ပွဲမှာ ၁၉၂၀ ခုနှစ်တွင် ပေါ်ပေါက်ခဲ့သော ကျောင်းသားအရေးတော်ပုံကြီးပင်ဖြစ်သည်။ ထိုအရေးတော်ပုံမှာ ကျောင်းသားအရေးတော်ပုံဆိုပေမယ့် ဗမာပြည်သူတစ်ရပ်လုံး ပါဝင်လာသည့် အရေးတော်ပုံပင်ဖြစ်သည်။

ဗမာတပြည်လုံးကို ကျွန်ပြုသိမ်းပိုက်ထားသည်မှာ နှစ်ပေါင်း၃၀ကျော် ကြာလာသည်အထိ ဗြိတိသျှအစိုးရသည် ဗမာပြည်၌ ဗမာတွေအထက်တန်းပညာသင်ဖို့ တက္ကသိုလ်တခုရယ်လို့ သီးခြားဖွင့်မပေးခဲ့ချေ။ ဗမာပြည်ကို အိန္ဒိယနိုင်ငံ၏ ပြည်နယ်တခုအနေမျိုးဖြင့်သာ အုပ်ချုပ်ရေးတွင် ထားရှိသေးတာမို့ ရန်ကုန်မြို့၌ ဖွင့်ထားသော ကောလိပ်ကျောင်းမှာလည်း ကာလကတ္တားယူနီဘာစီတီလက်အောက်ခံ ကောလိပ်ကျောင်းငယ်နှစ်ခုသာ ဖြစ်ခဲ့သည်။ ၁၉၂၀ခုနှစ် ကုန်ခါနီးတွင် ဗမာနိုင်ငံအတွက် သီးခြားယူနီဘာစီတီတစ်ခု ဖွင့်ပေးမည်ဟု ဆိုလာပြီး ထိုယူနီဘာစီတီအတွက် အက်ဥပဒေတစ်ခု ပြဋ္ဌာန်းဖို့ စီမံလာသည်။ ထိုဥပဒေ၏ အနှစ်သာရသည် ထိုယူနီဘာစီတီမှ ထုတ်လုပ်ပေးမည့် ပညာတတ်သည် အမျိုးသားစီးပွားရေးတည်ဆောက်ရာတွင် တစုံတရာပါဝင်နိုင်သည့် အရည်အသွေးမရဘဲ သူတို့အုပ်ချုပ်ရေးယန္တရားလည်ပတ်မှုအတွက်သာ သွတ်ခိုင်းစေဖို့ကောင်းသည့် စာတတ်လူငယ်များ အထိုက်အလျောက်ပေါ်ပေါက်လာရေး၊ ထိုပညာမျှတောင် များများစားစားတတ်ရောက်မသင်ကြားနိုင်ဘဲ လူလက်တဆုတ်စာလောက်သာ သင်ကြားနိုင်ရေးဘဲ ဖြစ်သည်။ သူတို့ပြဋ္ဌာန်းမည့် အက်ဥပဒေတွင် လူအများစု အထက်တန်းပညာ ဆက်မသင်နိုင်အောင် ကန့်သတ်ချုပ်ချယ်ထားချက်တွေ အများကြီးရှိသည်။ အလွန်စရိတ်ကြိးကြီးနှင့် ငွေကြေးအကုန်ခံနိုင်မှသာ သင်ကြားနိုင်သည်။ ဒီဂရီရလာတော့လည်း သူများအခိုင်းခံဘ၀ကို ရောက်ရမည်ဆိုသည့် ပညာရေးမို့ နိုးကြားလာသည့် ဗမာတွေသည် ထိုပညာရေးဟာ ကျွန်ပညာရေး ဟု သမုတ်ကြသည်။

ထို့ကြောင့် ဗမာကျောင်းသားများသည် သီးခြားယူနီဘာစီတီဖွင့်ပေးမယ့် ဒီအက်ဥပဒေတွင် ဤအချက်မျိုးများမထည့်ရန် အပြင်းအထန် တောင်းဆိုကြသည်။ ပေါ်ပေါက်နေပြီဖြစ်သော ဂျီစီဘီအေ နိုင်ငံရေးအသင်းအဖွဲ့ကြီးမှလည်း တောင်းဆိုသည်။ ကန့်ကွက်နိုင်သည့် ဘက်ပေါင်းစုံမှ ကန့်ကွက်ကြသည်။ သို့သော် ကိုလိုနီအစိုးရမှ ထိုဥပေဒကို ၁-၁၂-၂၀ ရက်နေ့တွင် ဇွတ်အတင်း အတည်ပြုပြဋ္ဌာန်းလိုက်သည်။ ထို့ကြောင့် ကောလိပ်ကျောင်းသားသပိတ်ကြီးသည် ၅-၁၂-၂၀ ရက်နေ့တွင် ပေါက်ကွဲပေါ်ပေါက်လာခဲ့သည်။ ပြည်သူများမှလည်း ကျောင်းသားသပိတ်ကို အဖက်ဖက်မှ ၀ိုင်းဝန်းကူညီထောက်ခံကြသည်။

အင်္ဂလိပ်အစိုးရဘက်မှလည်း ဖိနှိပ်ရေးကိုသာ အစအဆုံး အသုံးပြုခဲ့ပြီး ကျောင်းသားများ၏ တောင်းဆိုချက်ကို မလိုက်ရောဘဲ ခါးခါးသီးသီးငြင်းဆန်ခဲ့သည်။ ထို့နောက် ဗမာကျောင်းသားများသည် ကျွန်ပညာကို မယူတော့ဘဲ သခင်ပညာရေးကို ပေးနိုင်မည့် အမျိုးသားပညာရေး စင်ပြိုင်တည်ထောင်ဖို့ ဆုံးဖြတ်လိုက်ကြတော့သည်။

၁၉၂၀ခု ဒီဇင်ဘာလ ၅ရက်နေ့တွင် ရန်ကုန်ကောလိပ်နှင့် ဂျပ်ဆင်ကောလိပ်မှ စတင်သပိတ်မှောက်ကြသည်။ ဒီဇင်ဘာ၁၆ရက်နေ့တွင် ရန်ကုန်မြို့ပေါ်မှ နယ်အသီးသီးက အထက်တန်းကျောင်းပေါင်း၄၄ကျောင်း သပိတ်တိုက်ပွဲထဲသို့ ရောက်ရှိလာသည်။ ထိုအတောအတွင်း ပညာရေးအာဏာပိုင်များမှ ကျောင်းပြန်မတတ်သည့် ကျောင်းသားမှန်သမျှကို ဒီဇင်ဘာ၂၃ရက်နေ့ နောက်ဆုံးထား၍ ကျောင်းမှ ထုတ်ပယ်မည်ဟု အမိန့်ထုတ်ပြန် ဖိနှိပ်လာသည်။

ဒီဇင်ဘာ ၁၇ရက်နေ့တွင် ပထမဆုံး အမျိုးသားကျောင်းစာသင်စခန်းကြီးတစ်ခုတွင် ကောလိပ်သပိတ်စခန်းချရာ ဗဟန်းမှ ဇရပ်လွတ်တွေအားလုံး စာသင်ခန်းတွေ စဖွင့်ပါတော့သည်။ ကျောင်းသားများ၏ တိုက်ပွဲကို ဂျီစီဘီအေအဖွဲ့ချုပ်ကြီးမှလည်း ဆုံးဖြတ်ချက်ချပြီး ထောက်ခံခဲ့သည်။ အားပေးသည်။ ကျောင်းသားမိဘများမှလည်း အားပေးထောက်ခံခဲ့သည်။ ထို့ကြောင့် အမျိုးသားကျောင်းများ ဗမာတပြည်လုံးတွင် မှိုပေါက်သလို ပေါ်ပေါက်လာပါတော့သည်။

အမျိုးသားကျောင်းတွေသာမက အမျိုးသာကောလိပ်ပါ တည်ထောက်မည်ဟု ဆုံးဖြတ်ပြီး ၁၉၂၁ခုနှစ် သြဂုတ်လ ၁၄ရက်နေ့တွင် အမျိုးသားကောလိပ်ကြီး စတင်ဖွင့်လှစ်လိုက်သည်။ ထိုအချိန်တွင် ဆရာကြီးသည် သူရိယသတင်းစာတွင် အလုပ်လုပ်နေချိန်ဖြစ်သည်။ ထိုသို့ ပွဲကြီးပွဲကောင်းမျိုးကို အလွန်လိုလားသည့် ဆရာကြီးအဖို့ တတ်နိုင်ရာမှ ရေးသားပေးခြင်း၊ အစည်းအဝေးတတ်ပေးခြင်း၊ အလှူခံပေးခြင်း၊ သပိတ်စခန်းကို မကြာခဏသွားပြီး အားပေးအားမြှောက်ခြင်းများ ပြုလုပ်ပေးခဲ့သည်။

အမျိုးသားကောလိပ်ဖွင့်သည့်အချိန်ရောက်တော့လည်း အမျိုးသားကောလိပ်တွင် မြန်မာမှု မြန်မာစာ မြန်မာရာဇ၀င်သင်ကြားပေးရန် ဆရာကြီးအား အမ်အေဦးမောင်ကြီးတို့မှ မေတ္တာရပ်ခံကြသည်။ ထိုအချိန်တွင် ဆရာကြီးသည် အသက်၄၅နှစ် ရှိပေသည်။ ဆရာကြီးသည် ၀မ်းမြောက်ဝမ်းသာလက်ခံပြီး သူရိယအလုပ်ခွင်မှ ထွက်ပြီး ဗဟန်းကောလိပ်သို့ လိုက်ပါလာခဲ့သည်။ သူရိယတွင်လည်း ဆရာကြီးသည် သူရေးနေကျဆောင်းပါးများကို ရက်ခြားနှင့် နေ့စဉ်ဆက်ရေးပေးနေခဲ့သည်မှာ ၁၉၂၂ခုနှစ်အထိပင်ဖြစ်သည်။

၁၄-၈-၂၁ နေ့က စတင်ဖွင့်လှစ်ခဲ့သည့် ဗဟန်းအမျိုးသားကောလိပ် တစ်နှစ်မပြည့်ခင် ၁၈-၆-၂၂နေ့တွင် ဂျီစီဘီအေအဖွဲ့မှ ၂၁ဦးသည် ဗြိတိသျှ၏ ဒိုင်အာခီကို လက်ခံလိုက်သည်။ ဆရာကြီးတို့ တတ်တတ်ကြွကြွပြုစုပျိုးထောင်ကြသော အမျိုးသားကောလိပ်သည် ၂နှစ်ကျော် ၃နှစ်အရောက်တွင် အမျိုးသားပညာရေး၏ ရေသောက်မြစ်ဖြစ်သည့် ဂျီစီဘီအေကြီး ပြိုကွဲသွားသောကြောင့် အရင်းလဲလို့ အဖျားထင်းဖြစ်သည့် ဘ၀သို့ ရောက်ရှိသွားတော့သည်။

အပြည့်ဖတ်မည်...

မုန်တိုင်းဘေးသင့်ဒေသများမှ ရေနေသတ္တ၀ါများ။

မုန်တိုင်းဒါဏ်ခံ ဒေသများဖြစ်သော မြစ်ဝကျွန်းပေါ် ဒေသတွင်းရှိ ရေနေသတ္တ၀ါများ မှာ မုန်တိုင်းအပြီးကာလတွင် အစာရေစာပေါများစွာ စားသောက်ရသဖြင့်  မူလရှိအရွယ်အစားများ ထက် ထူးကဲစွာ ကြီးထွားလာကြပါသည် ။ အထူးသဖြင့်  အသားစား ရေသတ္တ၀ါများ ဖြစ်ကြသော ပုဇွန် ၊ ဖား ၊ ဂဏန်း များမှာ ပိုမို ကြီးထွားကြပါသည် ။














































ပြည်တွင်းထုတ်ဝေသော ဂျာနယ် ၊ စာစောင်များတွင်လည်း ထိုကိစ္စ နှင့်  ပါတ်သက်ပြီး ဖော်ပြ ခဲ့ပါသည်။ ဂျာနယ်များတွင် ဖော်ပြခဲ့ သည်မှာ နာဂစ်မုန်တိုင်း ကျရောက်ပြီးတွင် ရေ နေသတ္တ၀ါများမှာ ယခင်ကာလများထက် ပရိုတိန်းဓါတ် ပိုမိုကြွယ်ဝစွာ စားသောက်ကြရသဖြင့်  အရွယ်အစား ကြီးမားလာကြကြောင်း ၊ ထို ငါး ၊ ပုဇွန်များကို စားသုံးရာတွင်လည်း အန္ဒရာယ်မရှိကြောင်းကိုလည်း ဖော်ပြသွားခြင်းအား တွေ့ ရှိရပါသည် ။

သို့ သော် လက်တွေ့ တွင် မည်သို့ သော စုံစမ်းစမ်းသပ်စစ်ဆေးမှုမှ မရှိဘဲနှင့်၊ သေချာခိုင်လုံသော ကျန်းမာရေးနှင့်ဆိုင်သည့် ပိုးမွှားပိုင်းဆိုင်ရာများအား နည်းပညာများဖြင့် စစ်ဆေးပြီး ထုတ်ပြန်သည့် ကျန်းမာရေးအစီရင်ခံစာမျိုးအား တရားဝင် ပြည်သူများထံ အသိပေး ထုတ်ပြန်ပေးခြင်းများ မရှိဘဲနှင့် အန္တရာယ်မရှိနိုင်ကြောင်းလောက်သာ သတင်းစာစောင်များတွင် ရေးသားဖေါ်ပြခြင်းသည် ခိုင်မာသော ရောဂါဗေဒ ကျန်းမာရေးပိုင်းဆိုင်ရာအရ ခိုင်လုံမှု မရှိပေ။ အဆိုပါ မုန်တိုင်းဘေးသင့်ရာဒေသများတွင် ပေါ်ပေါက်နေသော ၀မ်းလျှောရောဂါများနှင့် အခြားသော ကျန်းမာရေးထိခိုက်မှုများသည် မသန့် စင်သော အစားအသာက်များနှင့် မသန့် ရှင်းသောရေများမှ အခြေခံခြင်း ဖြစ်သည်။

စာရေးသူသည် မုန်တိုင်းကျရောက်ပြီး ကာလနောက်ပိုင်းတွင် ရေသတ္တ၀ါများ အားစားသုံးခြင်းမပြုသည်မှာ ယနေ့  ထိဖြစ်တော့  သည် ။ ဆိုရသော် သေဆုံးသွားကြသော လူ ၊ တိရိစ္ဆာန် အပေါင်းမြောက်များစွာ တို့ ၏ ပုပ်ပွနေသော အလောင်းကောင်များကို အချိန်မှီ ရှင်းလင်းခြင်း မပြုနိုင်ခဲ့သဖြင့်၊ အဆိုပါ ရေသတ္တ၀ါတို့  နှစ်လနီးပါး ၀လင်စွာ စားသောက်ခဲ့ကြရ သဖြင့်  တိုးပွားလာသော ၄င်းတို့ ၏ အသားဓါတ်တို့ ကို စားရမည်မှာ မျက်စိစုံမှိတ်ကာ ရချင်သောရောဂါ ရဆိုပြီး အန္တရာယ်ဘေးဒုက္ခအား ဖိတ်ခေါ်နေသကဲ့သို့ ဖြစ်သောကြောင့် ဖြစ်သည်။

အထက်ဖေါ်ပြပါ အကြောင်းအချက်များကို ဖုံးကွယ်ပြီး၊ အမြတ်ထုတ်နေသူများကတော့  ငါးပုဇွန်များကို နိုင်ငံခြားသို့  တင်ပို့ နေကြသော ကုမ္မဏီများ နှင့်  ကုန်သည်များ ဖြစ်ကြပါသည် ။ ရေလုပ်ငန်းဦးစီးဌာနမှလည်း ၎င်းအကြောင်းအချက်ကို နိုင်ငံခြားဝင်ငွေ လျော့ ပါးမည် စိုးသဖြင့်  ဖုံးကွယ်နေခဲ့ပါသည် ။

မွေးမြူရေးကန်များမှာ မုန်တိုင်းကျရောက်ခဲ့ စဉ်ကာလ က ရေလျှံ ၊ ရေကြီးပြီး ကန်အတွင်းရှိ မွေးမြူထားသော ငါးများ လျှော့ ပါးသွားခဲ့ ကြပြီး ၊ မွေးမြူရေးကန် အများစု မှာ ပျက်စီး သွားကြပါသည် ။ မွေးမြူရေးကန်တွင်မွေးသော ငါး ၊ ပုဇွန် အစရှိသည်တို့  မှာ ချက်ချင်းမွေး ၊ ချက်ချင်း ကြီးထွားပြီး ၊ ခုချက်ချင်း စားလို့  မရသည်ကိုတော့  အများသိမည် ဖြစ်ပါသည်။ ယခုကဲ့သို့  ချက်ချင်းကြီးထွားနေကြသော ပုဇွန် ၊ ဖား ၊ ဂဏန်း၊ ငါးများမှာ လူသေအေလာင်းများနှင့် ကျွဲနွား အစရှိသည့် သေနေသော အသားစများအား စားသုံးခြင်းကြောင့် ဖြစ်ပါသည်။

ကုန်သည်အများစု တင်ပို့ နေကြသော နယ်စပ်ဒေသများကတော့  မြ၀တီ (မဲဆောက်) နှင့် မူဆယ် (ရွှေလီ) တို့ သို့  အများဆုံးဖြစ်ကြောင်း သိရပါသည် ။

ယခုချိန်ထိလည်း ပင်လယ်ရေငန်ရောက်သော ဒေသများတွင် အလောင်းကောင်များမှာ ဆားဓါတ်ကြောင့် ပုပ်ပွ ရိရွဲ နေသော်လည်း၊ လုံးလုံး အရိုးကျသွားခြင်းမရှိသေးဘဲ ငါးပိကောင်များ၊ ငါးဆားနယ်များကဲ့သို့  လူသူအရောက်ပေါက်နည်းသော ဒီရေတောများ၏ အတွင်းကျကျနေရာများတွင် ကျန်ရှိနေသေးသည် ကို ယခုရက်ပိုင်းတွင်းမှာပင် စာရေးသူကိုယ်တိုင် မြင်တွေ့  ခဲ့ရပါသည် ။ ထိုကြောင့် အဆိုပါရေသတ္တ၀ါများအား စားသုံးသင့် သည် မသင့် သည် ကို စာဖတ်သူတို့  ကိုယ်တိုင် ဆုံးဖြတ်ကြစေချင်ပါသည် ။ အဆိုပါဒေသရှိ ပြည်သူများအားလည်း ကျန်းမာရေးပိုင်းဆိုင်ရာ ပညာပေးများ ပြုလုပ်ပြောပြပေးသင့်ပါသည်။ ၄င်းတို့ ၏ စားဝတ်နေရေးအတွက် ဘေးရောဂါကင်းနိုင်မည့် သန့် စင်သော အစားအသောက်များအား ကူညီစီစဉ်ပေးသင့်ပါသည်။

နအဖခေါင်းဆောင်ကြီးများအနေနှင့်လည်း ယခုလို ရေနေသတ္တ၀ါများ၏ အခြေအနေနှင့် နာဂစ်မုန်တိုင်းအတွင်း သေဆုံးသွားသော လူပုဂ္ဂိုလ်များနှင့် ကျွဲနွာအစရှိသည့် တိရစ္ဆာန်တို့ ၏ ပုပ်ပွစွာရှိနေသော အလောင်းကောင်များ၏ အနေအထားအား စုံစမ်းရှင်းလင်းသုတ်သင်နိုင်ခြင်းမရှိဘဲ၊ မြစ်ဝကျွန်းပေါ်ဒေသနေ ပြည်သူများအား အင်းအိုင်မြစ်ချောင်းများမှ ငါးများဖားများ ရှာဖွေစားသုံးနိုင်ကြကြောင်း လက်လွတ်စပယ် ပြောဆိုခြင်းသည် အဆိုပါ ပြည်သူများ၏ ကျန်းမာရေးကို ထိခိုက်စေအောင် တာဝန်ကင်းမဲ့စွာဖြင့် ပြောဆိုလိုက်ခြင်း ဖြစ်ပေသည်။

ဖေါ်ပြထားသော ဓါတ်ပုံများမှာ စာရေးသူ ကိုယ်တိုင် အဆိုပါဒေသများတွင် ယခုရက်ပိုင်းအတွင်းက ရိုက်ကူးထားသော ပုံများ ဖြစ်ပါသည်။ ကျန်ရှိနေသေးသော လူပုဂ္ဂိုလ်များ၏ အလောင်းများနှင့် ပုပ်ပွနေကာ တစ်စစီ ရှိနေသေးသော အသားစများ ဖြစ်ပါသည်။ ထိုပုပ်ပွနေသော အသားစများအား စားသုံးရင်း အကောင်ကြီးထွားနေကြသော ဂဏန်းနှင့် ဖားများအား တွေ့ မြင်ရပါသည်။

စာရေးသူအနေဖြင့် အဆိုပါဒေသများရှိ မုန်တိုင်းဘေးသင့်သူ ဒုက္ခသည် ပြည်သူများ၏ စားဝတ်နေရေး ငတ်မွတ်မှုကြောင့် အသက်ရှင်ရပ်တည်ရေးအတွက် ကြုံရာရှာစားနေကြရသည့် အခြေအနေအား ကိုယ်ချင်းစာနားလည်ရသော်လည်း၊ မသန့် ရှင်းသောအစားအစာများကြောင့် ထပ်မံဖြစ်ပွားဘာမည့် ကူးစက်ရောဂါများအား မဖြစ်ပေါ်စေရန် စေတနာဖြင့် အသိပေးခြင်း ဖြစ်ပါသည်။ လက်ရှိအချိန်ကာလာတွင်လည်း အဆိုပါဒေသများတွင် ၀မ်းနှင့်ပတ်သက်သော ရောဂါများ ဖြစ်ပွားလျက်ရှိပါသဖြင့် အထူးစိုးရိမ်မိပါသည်။

ကိုယ်ကျိုးအတ္တလောဘအတွက် အဆိုပါဒေသရှိ ရေနေသတ္တ၀ါများအား အခြားဒေသများသို့  တင်ပို့ ရောင်းချနေသူများကြောင့် အဆိုပါဒေသမှ ပြည်သူများသာမက အခြားသောသူများအတွက်ပါ ဘေးရောဂါများအား ဖြန့် ဖြူးပေးနေရာ ရောက်နေပါသည်။

နိဂုံးချူပ်အနေဖြင့် စားသုံးသူများအနေဖြင့် သတိလက်လွတ်နှင့် စားသုံးနေခြင်းမှ ကျန်းမာရေးထိုခိုက်နိုင်သော အစားအစာ ဖြစ်မဖြစ်နှင့် အဆိုပါစားသောက်ကုန်များ၏ မူလဇစ်မြစ်နေရာဒေသတို့ ကို စူးစမ်းလေ့လာပြီးမှသာလျှင် ကျန်းမာရေးပိုင်းဆိုင်ရာ စားသောက်ကုန်ပစ္စည်းပိုင်းဆိုင်ရာ ကျွမ်းကျင်သူများ၏ ခိုင်လုံသော အကြံပေးချက်များဖြင့်သာ စားသောက်သုံးစွဲသင့်ပါကြောင်း စေတနာရှေ့ ထားကာ သတိပေးအပ်ပါသည်။

(ရေးသားသူ - ပြည်တွင်းမှ စေတနာရှင် ပြည်သူတစ်ဦး)။

အပြည့်ဖတ်မည်...

နယူးယောက်ရှိ နအဖသံရုံးရှေ့ မှာ အာဇာနည်နေ့ လှုပ်ရှားမှု ပြုလုပ်ခဲ့။

(၆၁) နှစ်မြောက် ဇူလိုင်၁၉ အာဇာနည်နေ့ တွင် နယူးယောက်ရှိ နအဖသံရုံးရှေ ၌ နံနက် (၉) နာရီ (၃၀) မိနစ် တွင် Burma Point အဖွဲ့ သားများက အာဇာနည်နေ့ ကို ဂုဏ်ပြုသောအားဖြင့် ဗိုလ်ချုပ်အောင်ဆန်း ပုံနှင့်တကွ လွမ်းသူ့ ပန်းခွေကို ချိတ်ဆွဲ၍ အာဇာနည်ခေါင်းဆောင်ကြီးများအား ဦးညွတ်၍ အလေးပြုခဲ့ ကြောင်း သိရှိရပါသည်။














အပြည့်ဖတ်မည်...

Monday, July 21, 2008

နအဖက ကျင်းပတဲ့ ဟန်ပြ အာဇာနည်နေ့ အခမ်းအနား။

(အာဇာနည်နေ့ ကျင်းပရေးကော်မီတီဥက္ကဌဆိုပြီး အခိုင်းခံထားရတဲ့ ဗိုလ်မှူးချူပ်အောင်သိန်းလင်းဟာလည်း စိတ်မပါလက်မပါနဲ့  အာဇာနည်ကြီးတွေကို အလေးတောင်မပြူဘဲ လှည့်ထွက်သွားတာ ဗွီဒီယိုထဲမှာ သိသိသာသာကြီး တွေ့  မြင်ရလိမ့်မယ်)။




















နအဖက အာဇာနည်နေ့ ကို နိုင်ငံတော်ဈာပနအခမ်းအနားအဆင့် မကျင်းပဘဲ ရန်ကုန်မြို့ တစ်မြို့ ရဲ့  သာမန်အခမ်းအနားပုံစံလောက်ထိသာ ကျင်းပလိုက်တာဟာ ကျွန်တော်တို့ ရဲ့  လွတ်လပ်ရေးဖခင်ကြီးတွေကို စော်ကားရုံသာမက မြန်မာပြည်သူပြည်သားတွေ အားလုံးကို စော်ကားခြင်းဘဲ ဖြစ်တယ်။

ယခင်ကဆိုရင် တိုင်းပြည်ကို အုပ်ချူပ်သူ နိုင်ငံတော်သမတ (သို့ ) ၀န်ကြီးချူပ်အဆင့်ကတောင် လေးစားစွာနဲ့  အာဇာနည်ကုန်းကို လာရောက် ဦးညွတ်ဂါရ၀ပြုကြရတယ်။

နောက်ပိုင်းမှာ တဖြေးဖြေးနဲ့  အဆင့်တွေလျှော့ချလာပြီး အာဇာနည်ကြီးတွေကို အလေးမထား ဂရုမစိုက်တဲ့ ပုံစံတွေ ပြုလုပ်လာခဲ့တယ်။ အခုဆိုရင် ရန်ကုန်မြို့ စည်ပင်သာယာရေး ဥက္ကဌအဆင့်သာရှိတဲ့. ရန်ကုန်မြို့ တော်ဝန်အဆင့်လောက်နဲ့ သာ ဖြစ်သလို ဟန်ပြလုပ်လာတယ်။ နိုင်ငံတော်ဈာပနအဖြစ် မလုပ်လိုတာကြောင့် နိုင်ငံတကာသံတမန်တွေကိုလည်း မဖိတ်ခေါ်ခဲ့ဘူး၊ တိုင်းသူပြည်သားတွေကိုလည်း လွတ်လပ်စွာ ဂါရ၀ပြုခွင့်မပေးခဲ့ဘူး။

ဒီအပြင် နအဖထိပ်ပိုင်းခေါင်းဆောင်တွေလည်း ဂရုမစိုက် အလေးမထားကြဘူး။ ဆိုလိုတဲ့သဘောက ဗိုလ်ချူပ်အောင်ဆန်းနဲ့  ကျဆုံးခဲ့တဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေကို သန်းရွှေတို့  မောင်အေးတို့  ရွှေမန်းတို့  သိန်းစိန်တို့ က ကိုယ်တိုင်ဦးညွတ်ဂုဏ်ပြုစရာ မလိုဘူးဆိုတဲ့ သဘောကို ပေါ်တင်ထင်ဟပ်ပြသတာဘဲ။ ဒါဟာ တမျိုးသားလုံးနဲ့ နိုင်ငံကို စော်ကားမှုကြီးဘဲ ဖြစ်တယ်။

နအဖရဲ့  သာမာန်ဟန်ပြ အာဇာနည်နေ့ လုပ်ပုံကို ကြည့်ဖို့ အတွက် -

http://www.zshare.net/video/15665388a0e522ec/ (wmv file format - 74MB)

http://www.zshare.net/video/15665388a0e522ec/ (dvix/avi file format - 34MB)


အပြည့်ဖတ်မည်...

Sunday, July 20, 2008

(၆၁) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားအား အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်မှ ကျင်းပစဉ်နှင့် နအဖဘက်တော်သားများမှ လမ်းများပိတ်ဆို့ ထားစဉ်။

























































(မှတ်ချက်။ ။ ယခုပို့ စ်တွင်ပါရှိသော ဓါတ်ပုံအချို့ သည် မူရင်း မဇ္ဈိမသတင်းဌာနမှ ဖြစ်ပြီး၊ ပေးပို့ လာသူတစ်ဦးထံမှ တစ်ဆင့်ရရှိခြင်းပါသည်)။

အပြည့်ဖတ်မည်...

(၆၁) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနား အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ ) မလေးရှားတွင် ကျင်းပပြုလုပ်။

(၆၁)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အဖြစ် ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီး များကို ရည်စူး ၍ သံဃာတော် များအား ဆွမ်းဆက်ကပ်လှုဒါန်း ခြင်းနှင့် အာဇာနည်နေ့ အလေးပြုခြင်း အစီအစဉ် ကို ယနေ့ ၁၉ ရက် ၊ဇူလိုင်လ၊၂၀၀၈ တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူ မြို့ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ ) ရုံးခန်းတွင် ကျင်းပ ပြုလုပ်ခဲ့ပါသည် ။

အခမ်းအနား အစီအစဉ်အရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ ) မလေးရှားမှ ဥက္ကဌ ဦးကျော်ကျော် နှင့် အလုပ်အမှုဆောင်များ ၊ ပါတီဝင်များ မှ အာဇာနည်ခေါင်းဆောင် ကြီးများနှင့်တကွ ဒီမိုကရေစီ အရေးတော်ပုံ အဆက်ဆက်တွင် ကျဆုံးသွားသော သူရဲကောင်းများ ၊ ရဲဘော်ရဲဘက် များကို ရည်စူး၍ သံဃာတော် အရှင်သူမြတ် များအားနေ့ဆွမ်းဆက်ကပ်လှုဒါန်းပါသည်။ ဆက်လက်၍ လှုဖွယ် ဝတ္ထုများ ဆက်ကပ်လှုဒါန်းကာ ပြုလုပ် ရသော ဒါနကုသိုလ် အစုစု တို့ကို ရေစက် သွန်းချ အမျှဝေ လှုဒါန်းကြပါသည် ။

ထို့နောက် (၆၁ ) နှစ်မြောက် အာဇာနည်နေ့ အလေးအမြတ် ပြုခြင်း အစီအစဉ်အရ -

(၁) ပါတီအလံတော်အား အလေးပြုခြင်း၊
(၂) ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများ အား အလေးပြု၍ ဝမ်းနည်းခြင်း အထိမ်းအမှတ် (၁) မိနစ် ငြိမ်သက်ခြင်း၊
(၃) ဒီမိုကရေစီ အရေးတော်ပုံ အဆက်ဆက် တွင် ကျဆုံးသွားသော သူရဲကောင်းများနှင့် တိုက်ပွဲဝင် ရဲဘော်များ အား အလေးပြုခြင်း၊
(၄) ပါတီသစ္စာ အဓိဌန် (၄)ချက် ရွတ်ဆိုခြင်း၊

တို့ကိုပြုလုပ် ၍ (၆၁ ) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား အစီအစဉ်ကို အောင်မြင်စွာ ကျင်းပ ခဲ့ပါသည် ။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ ) မလေးရှား
သတင်း နှင့် ပြန်ကြားရေး ကော်မတီ။

အပြည့်ဖတ်မည်...

Saturday, July 19, 2008

အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်၏ (၆၁) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားတွင် ထုတ်ပြန်သော ကြေညာချက်။
































































































အပြည့်ဖတ်မည်...

အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်၏ (၆၁) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား သဘာပတိ မိန့် ခွန်း။




















အပြည့်ဖတ်မည်...

ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များမှ နောင်ရွေးကောက်ပွဲအား အသိအမှတ်မပြု၊ ရွေးကောက်ပွဲအားလည်း ပါဝင်မည် မဟုတ်ကြောင်း ကြေညာ။

အပြည့်ဖတ်မည်...

တက္ကသိုလ်ကျောင်းသားသမဂ္ဂ (မြန်မာပြည်) မှ ပြည်သူသို့ ပန်ကြားလွှာ။

ယနေ့သည် ၆၁ နှစ်မြောက် အာဇာနည်နေ့ဖြစ်သည် ။ ဗိုလိချုပ်အောင်ဆန်းနှင့် အာဇာနည်ခေင်းဆောင်ကြီးများ အား ဦးစောနှင့် အပါင်းအပါ တစုမှ လုပ်ကြံ သတ်ဖြတ်သောနေ့ လည်း ဖြစ်သည်။ မြန်မာ့ သမိုင်းတွင် ရာဇ၀င် တွင်သော နေ့တစ်နေ့လည်း ဖြစ်သည်။

ဂျုလိုင် မိုးစက်များနှင့်အတူ ပြည်သူလူထု မျက်ရေမိုးစက်များ ရောပါစီးဆင်း ရသော နေ့လည်းဖြစ်သည် ။ ဗိုလ်ချုပ်အောင်ဆန်းသည် ဦးစောသတ်သဖြင့် လူသေ သော် လည်း နာမည် မသေ သမိုင်း မသေ ခဲ့ပေ ။ ပြည်သူ လူထု ရင်ထဲ တွင်အစဉ်အမြဲ ရှိနေ ပေသည် ။

သို့သော် ယခု န.အ.ဖ စစ်အစိုးရ လက်ထက် တွင် န.အ.ဖ စစ်အစိုးရ သည် ဗိုလ်ချုပ် အောင်ဆန်း ၏ သမိုင်း နှင့်နာမည် အား သတ်နေ ပြီဖြစ်သည် ။

ဗိုလ်ချုပ်အောင်ဆန်းပုံပါ T-shirt ၀တ်လျှင် ဖမ်းဆီးခြင်း ၊ ဗိုလ်ချုပ် ၏စာပေ များအားအထက်တန်း သင်ရိုး ညွှန်းတမ်းများ မှ ဖြုတ်ပစ် ခြင်း ၊ အဆိုးရွားဆုံး အပြုအမူမှာ အာဇာနည်နေ့ အားမကျင်းပ တော့ ခြင်း ပင် ဖြစ်သည်။ န.အ.ဖ စစ်အစိုးရသည် ယုတ်မာရိုင်းစိုင်း သောနည်း ဖြင့် သမိုင်းကိုဖျောက်ဖျက်နေခြင်းပင် ဖြစ် ပေသည်။

အာဇာနည်နေ့အား သမိုင်းမှဖျောက်ဖျက်နေခြင်း ကို ပြည်သူလူထုကြီးမှ လက်ပိုက် ကြည့်မနေကြပါနှင့် ။ ဗိုလ်ချုပ်အောင်ဆန်းအား လေးစားကြည်ညိုသူတိုင်း လွတ်လပ်ရေးကိုချစ်မြတ်နိုးသူတိုင်း အာဇာနည်နေ့အား မမေ့နိုင်သူတိုင်း မြန်မာ့သမိုင်းမှ အာဇာနည့်နေ့အား ဖြောက်ဖျက်နေခြင်းအား အတူတကွ ၀ိုင်းဝန်းကာကွယ်ကြပါစို့။

တက္ကသိုလ်ကျောင်းသားသမဂ္ဂ (မြန်မာပြည်)။

၁၉၊ ၇၊ ၂၀၀၈။

အပြည့်ဖတ်မည်...

ဗိုလ်ချူပ်အောင်ဆန်းနှင့်တစ်ကွ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြု။



(ယခုအာဇာနည်ကြီးများ ဗွီဒီယိုမှတ်တမ်းအား စီစဉ်ပေးပို့ ခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်လွတ်မြောက်နယ်မြေ) ဂျပန်နိုင်ငံ - လူငယ်များနှင့် ကျောင်းသားများအား အထူး ကျေးဇူးတင်ရှိစွာဖြင့် မှတ်တမ်းတသ်အပ်ပါသည်)။

ဇူလိုင်လ (၁၉) ရက်နေ့ ၊ ၂၀၀၈ ခုနှစ်။ အာဇာနည်နေ့ ။

အပြည့်ဖတ်မည်...

Friday, July 18, 2008

အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချူပ်အောင်ဆန်း၏ မှတ်တမ်းဓါတ်ပုံများ (Slides-Show)။

အပြည့်ဖတ်မည်...

ဇူလိုင်လ (၁၉) ရက်နေ့ မှာ အာဇာနည်ကြီးတွေကို ဂုဏ်ပြုသီချင်းတွေနဲ့  ဦးညွတ်ကြဖို့  တိုက်တွန်းအပ်ပါတယ်။

ကျွန်တော်တို့  မြန်မာနိုင်ငံတော်ကြီး လွတ်လပ်ရေးရဖို့ အတွက် အသက်စွန့် လွှတ်ခဲ့ကြရတဲ့ အမျိုးသားပြည်သူလူထုတစ်ရပ်လုံးရဲ့  ကျေးဇူးရှင် ဗိုလ်ချူပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးတွေကို အောက်ဖေါ်ပြပါ သီချင်းတွေဖွင့်ကြပြီး ဦးညွတ်ဂုဏ်ပြုကြဖို့  အထူးတိုက်တွန်းလိုပါတယ်။

ပြည်တွင်းပြည်ပ မည်သည့်နေရာကမဆို ဒီသီချင်းတွေကို အများသူငှါ ကြားသိကြရအောင် အာဇာနည်ကြီးများ ကျဆုံးခဲ့ချိန် မြန်မာစံတော်ချိန် နံနက် (၁၀) နာရီ (၃၇) မိနစ်မှ စတင်ပြီး အာဇာနည်နေ့  တစ်နေ့ လုံး အချိန်ရလျှင်ရသလို၊ အခြေအနေပေး ပေးသလို အားလုံးအတူတူ ပြိုင်တူထုတ်လွင့် နားဆင်ကြပါစို့ လို့  အထူးတိုက်တွန်းအပ်ပါတယ်။

၁၊ လွတ်လပ်ရေး မီးရှုးတန်ဆောင် (ကိုမြကြီး)။

၂၊ ပြည့်သူ့မျက်ရည် (စိန်ပါတီ၊ အမည်မသိ)။

၃၊ အာဇာနည်နေ့ မမေ့အပ်ပေ (မေလှမြိုင်၊ ရေး- ရန်နိုင်ဆွေ)။

၎၊ ညီညွတ်ခြင်းသည်အဓိက (၀င်းဦး၊ မာမာအေး)။

၅၊ စည်းကမ်း (မေလှမြိုင်၊ တေးရေး အမည်မသိ)။

၆၊ အာဇာနည် မှာချွေသည့်စကား (၀င်းဦး)။

၇၊ မမေ့အပ်သော ၁၉ဇူလိုင် (မာမာအေး၊ ရေး စန္ဒယားအောင်ခင်)။

၈၊ စည်းကမ်း (မေလှမြိုင်)။

၉၊ တို့ဗိုလ်ချုပ်လမ်းစဉ် (မာမာအေး၊ ရေး လင်းခေးလုလင်)။

၁၀၊ အလေးပြုပါသည် (မေလှမြိုင်၊ ရေး ရန်နိုင်ဆွေ)။

၁၁၊ သတိယသည်နှင့်အမျှ (၀င်းဦး၊ ရေး မောင်မောင်သီ၊ သံစဉ် စန္ဒယား လှထွဋ်)။

၁၂၊ ဗမာ့ကာကွယ်ရေး (ကိုမြကြီးနှင့် မြန်မာ့အသံအဖွဲ့ ၊ ရေး ရန်နိုင်ဆွေ)။

သီချင်းများကို ဒေါင်းလုပ်လုပ်ရန်မှာ -

http://www.mediafire.com/?ovv13uksxl1


http://www.mediafire.com/?jmjmqb9mdtf


http://www.mediafire.com/?zlntntbtdzd


http://www.mediafire.com/?0ybdxttjkyq


http://www.mediafire.com/?xv3gp9zsnoi


http://www.mediafire.com/?pnxzpm1x1lj

အပြည့်ဖတ်မည်...

တိုင်းပြည်နှင့်ဖေဖေ့ကျေးဇူးကိုဆပ်ခြင်း။















နိုင်ငံရေးအသိုင်းအ၀ိုင်းအတွင်းတွင် မွေးလာ၊ ကြီးပြင်းလာသူ တဦးအနေနှင့် နိုင်ငံရေးလောကတွင် စိတ်ဝင်စားလာခြင်းသည် အထူးရှင်းပြရန် လိုမည့်အကြောင်းအရာတစ်ခု မဟုတ်ပါ။ ကျွန်မ သိတတ်စအရွယ်ကပင် မြန်မာနိုင်ငံရေးလှုပ်ရှားမှုများ၊ အထူးသဖြင့် ကျွန်မဖခင် ဗိုလ်ချူပ်အောင်ဆန်း၏ တိုင်းပြည်အတွက် ကြိုးပမ်းမှုများနှင့် နိုင်ငံအတွက်ထားရှိသော မျှော်မှန်းချက်များနှင့် ပတ်သက်သော ဆွေးနွေးစကားများကို နေ့ စဉ်မပြတ် ကြားခဲ့ရပါသည်။ ထိုသို့ ကြားခဲ့ရခြင်းဖြင့် မြန်မာနိုင်ငံ၏ တည်မြဲတိုးတက်ရေးသည် ပြည်သူလူထု၏ ညီညွတ်မှု၊ အကျင့်စာရိတ္တကောင်းမွန်မှုနှင့် စီးပွားရေးခိုင်လုံမှုအပေါ်တွင် တည်ရှိကြောင်းကိုလည်း သဘောပေါက်ခဲ့ပါသည်။

၎င်းအပြင်လည်း ဖေဖေသည် တိုင်းသူပြည်သားအချင်းချင်း ရှုတ်ချတိုက်ခိုက်သည့် အာဏာလုနိုင်ငံရေးမျိုးကို လုံးဝမနှစ်သက်၊ မကြိုက်ခဲ့ကြောင်း၊ လွတ်လပ်ရေးရပြီးကာလတွင် နိုင်ငံရေးလောကကို ကျောခိုင်းကာ သတင်းစာဆရာ၊ စာရေးသူတစ်ယောက်အနေနှင့် အသက်မွေးဝမ်းကျောင်းရှာဖို့ ရန် ရည်ရွယ်ခဲ့ကြောင်း၊ နိုင်ငံအရပ်ရပ်သို့ သွားရောက်ပြီး မြန်မာပြည်သူလူထုအတွက် ပညာပွားစေ၊ အမြင်ကျယ်စေမည့် ဗဟုသုတများ ရှာဖွေရန် မှန်းဆခဲ့ကြောင်းများကို သိရှိခဲ့ပါသည်။

ဖေဖေ၏ မဖြစ်မြောက်ခဲ့သော ရည်ရွယ်ချက်များကို စိတ်ဝယ်ထားပြီး ကျွန်မလည်း မြန်မာတိုင်းသူပြည်သားအချင်းချင်းစပ်ကြား၊ အာဏာလုပွဲ ဖြစ်ပွားစေမည့် နိုင်ငံရေးမျိုးတွင် မပါဝင်ဘဲ နိုင်ငံတကာ အသိအမှတ်ပြုခြင်းခံရမည့် စာပေလောကအတွင်းမှ မြန်မာများကို ကမ္ဘာက သိစေရေး၊ မြန်မာပြည်သူလူထုအတွက် အသုံးဝင်နိုင်မည့် စာအုပ်စာတမ်း ပြုစုရေးတို့ နှင့် တိုင်းပြည်အတွက် အကျိုးဆောင်ဖို့ ရန် ရည်ရွယ်ခဲ့ပါသည်။

ထိုကဲ့သို့  စာပေလောကတွင် အေးချမ်းပြည့်စုံစွာ နေထိုင်ခွင့်ရခဲ့ပါသော်လည်း မြန်မာနိုင်ငံမှာ ဖေဖေမျှော်မှန်းခဲ့သော ညီညွတ်ခိုင်ခံ့သည့် ပြည်ထောင်စုကြီး၊ သာယာသည့် တိုင်းပြည်ကြီးအဖြစ်သို့ မရောက်လာခဲ့ခြင်းကြောင့် စိတ်ကျေနပ်မှု မရနိုင်ခဲ့ပါ။

အမှန်စင်စစ်ပင် ကျွန်မ၏စိတ်ထဲတွင် တိုင်းပြည်နှင့်ဖခင်ကို ခွဲကာ မစဉ်းစားနိုင်ပါ။ မြန်မာနိုင်ငံအတွက် စိတ်မချမ်းမြေ့ ဖွယ်ရာ အရေးအခင်းများ ပေါ်ပေါက်နေလျှင် ဖေဖေ့ကိုပင် ထိခိုက်နေသကဲ့သို့  ခံစားရပါသည်။ အထူးသဖြင့် ဖေဖေထူထောင်ခဲ့သော ဖေဖေ့အပေါ် အင်မတန်မှ မေတ္တာထားသော ထူထုအကြားတွင် စိတ်ဝမ်းကွဲစေနိုင်မည့် အခြေအနေမျိုး ဖြစ်ထွန်းလာသည်ကို မြင်ရသောအခါ ပိုမိုပြီး စိုးရိမ်ပူပန်မိပါသည်။

တိုင်းသူပြည်သားအားလုံးတို့ သည် မိမိတို့  စွမ်းအားရှိသမျှ တိုင်းပြည်အကျိုးထမ်းဆောင်ဖို့ ရန် တာဝန်ရှိပါသည်။ ထို့ ကြောင့် မြန်မာနိုင်ငံတွင် စိတ်မချမ်းမြေ့ ဖွယ်ရာ အရေးအခင်းများ ပေါ်ပေါက်လာသောအခါ ကျွန်မ၏ တာဝန် မည်သို့ မည်ပုံဖြစ်သည်ကို သုံးသပ်ဆင်ခြင်ရပါတော့သည်။ တိုင်းသူပြည်သားအချင်းချင်း အာဏာလုပွဲကဲ့သို့ ဖြစ်မည့် နိုင်ငံရေးမျိုးကို ရှောင်ကျဉ်လိုလှပါသော်လည်း ကြီးမားလှစွာသော တိုင်းပြည်ကျေးဇူး၊ ဖခင်ကျေးဇူးတို့ ကို ကျေးဇူးဆပ်သည့်အနေနှင့် အများပြည်သူလူထုအတွက် အကျိုးရှိစေမည့် နိုင်ငံရေးစနစ် အမြစ်တွယ်စေဖို့  ကြိုးပမ်းပါတော့မည်ဟု ဆုံးဖြတ်လိုက်ခြင်း ဖြစ်ပါသည်။

ရေးသားသူ - အောင်ဆန်းစုကြည်။

(မှတ်ချက် - သတင်းမဂ္ဂဇင်း၊ ၇ ရက် စက်တင်ဘာ၊ ၁၉၈၈ မှ ဒေါ်အောင်ဆန်းစုကြည်၏ ရေးသားချက်အား ပြန်လည်ဖေါ်ပြခြင်း ဖြစ်ပါသည်)။

တိုင်းပြည်နှင့်လူမျိုး လွတ်လပ်ဖို့ အတွက် အသက်စွန့် ကြိုးပမ်းပေးခဲ့သော အမျိုးသားခေါင်းဆောင်ကြီး လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တစ်ကွ အာဇာနည်ကြီးများအား (၆၁) နှစ်မြောက် နှစ်ပါတ်လည် အာဇာနည်နေ့ တွင် အထူးဂါဝရပြုကာ ဦးညွတ်အလေးပြုလိုက်ပါသည်။

အာဇာနည်ခေါင်းဆောင်ကြီးများနှင့်တကွ မြန်မာ့လွတ်လပ်ရေးကာလအတွင်း ပါဝင်ကြိုးပမ်းဆောင်ရွက်ပေးခဲ့ကြသော ရဟန်းရှင်လူ ပြည်သူအပေါင်းအားလည်း ကျေးဇူးအောင်းမေ့ စွာဖြင့် ဂုဏ်ပြုဦးညွတ်အပ်ပါသည်။

နစ်နေမန်း။

အပြည့်ဖတ်မည်...

Thursday, July 17, 2008

အာဇာနည်နေ့ အထူးအစီအစဉ် မေတ္တာရပ်ခံ တောင်းဆိုခြင်း။

သို့ -

ဒီမိုကရေစီ အင်အားစု ပြည်ပ အသံလွှင့်ဌာနများ။

အကြောင်းအရာ။ ။(၆၁)ကြိမ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အထူးအစီအစဉ်အဖြစ် ဥဩဆွဲ အလေးပြုခြင်း နှင့် အာဇာနည်နေ့သီချင်း ထုတ်လွှင့်ပေးပါရန် ၊ မေတ္တာရပ်ခံတောင်းဆိုခြင်း။

(၁) အထက်ပါ အကြောင်းအရာ နှင့် ပတ်သက်၍ နအဖ စစ်အစိုးရသည် မြန်မာ့လွတ်လပ်ရေးကို သက်စွန့်ကြိုးပမ်း ရယူပေးခဲ့သည့် အာဇာနည်ကြီးများ၏ သမိုင်းအစဉ်အလာ နှင့် နိုင်ငံရေး အခန်းကဏ္ဍကို မှေးမှိန်ပျောက်ပျက်စေရန် အစဉ်တစိုက် ကြိုးပမ်းလာခဲ့ သည်မှာ အားလုံး သိရှိပြီး ပင်ဖြစ်သည်။

(၂) ထို့ကြောင့် ယခုနှစ် ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်မည့် (၆၁) ကြီမ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်တွင် သမိုင်း ဂုဏ်ရောင် ထွန်းပြောင်ခဲ့သော အာဇာနည်ကြီးများ၏ ကျေးဇူးကို မျိုးဆက်သစ် လူငယ်များ သိရှိနားလည် ဂုဏ်ယူတတ်စေရန် နှင့် ရဟန်း၊ ရှင်၊ လူ၊ ပြည်သူအများ ဦးညွတ် အလေးပြုနိုင်စေရန် ရည်ရွယ်၍ ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ရသော မြန်မာစံတော်ချိန် နံနက် ၁၀:၃၇ နာရီ တိတိတွင် ဥဩဆွဲ အလေးအမြတ်ပြုခြင်းနှင့် ခေတ်ဟောင်းအဆိုတော် ဒေါ်မေလှမြိုင် ဂုဏ်ပြုသီဆိုထားသော အာဇာနည် နေ့သီချင်းအား ပြန်လည်ထုတ်လွှင့်ပေးပါရန် မလေးရှားရောက် မြန်မာများကိုယ်စား NLD(LA)MALAYSIA မှ အလုပ်အမှုဆောင်များ ပါတီဝင်များမှ မေတ္တာရပ်ခံ တောင်းဆိုအပ်ပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ)
မလေးရှား။

အပြည့်ဖတ်မည်...

အမျိုးသားခေါင်းဆောင်ကြီး၊ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချူပ်အောင်ဆန်းနှင့် ပတ်သက်သော မှတ်တမ်းများ ရယူနိုင်ပါသည်။

စုဆောင်းထားသမျှ၊ စုဆောင်းပေးသမျှ အာဇာနည်ခေါင်းဆောင်ကြီးများ၏ သမိုင်းအား ဖေါ်ပြအပ်ပါသည်။ ယခုမှတ်တမ်းများအား စုဆောင်းထားပြီး၊ မြန်မာပြည်သူအများ သိရှိစေရန် တင်ပြသူများအားလုံးအား အထူးကျေးဇူးတင်ပါကြောင်းနှင့် ဂုဏ်ယူပါကြောင်း လေးစားစွာ ပြောကြားလိုပါသည်။

လိုအပ်လျက်ရှိသော၊ ကျန်ရစ်နေသေးသော မှတ်တမ်းများအား သိရှိသူများမှလည်း ဖေါ်ထုတ်တင်ပြပေးကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းများ။

http://www.zshare.net/download/131081931bedb89b/

http://www.zshare.net/download/131081931bedb89b/


နွေဗေဒါ မော်ကွန်းလည်း ထိုးလောက်တယ်၊ မြင့်မြတ်တဲ့ဗိုလ်အောင်ဆန်းရယ်။


http://www.zshare.net/download/13098120fdd0dd39/


လူထုဦးလှ ၊ ဗိုလ်ချုပ်အောင်ဆန်းကို လုပ်ကြံရာတွင် ပါဝင်ခဲ့သူ သုခ၏ပြောကြားချက်များ။


http://www.zshare.net/download/130982054262ec05/


ဗိုလ်ချုပ်အောင်ဆန်း ၊ ဗမာ့လွတ်လပ်ရေးအရေးတော်ပုံ။


http://www.zshare.net/download/13098309d9be607b/


မောင်ထင် ၊ ဗမာ့နိုင်ငံရေး သုခမိန်။


http://www.zshare.net/download/13100316d02ca994/


သခင်ကျော်စိန် ၊ မှတ်မိသမျှ ကိုအောင်ဆန်း၏ ကျောင်းသားဘ၀။


http://www.zshare.net/download/130985204ecae332/


http://www.mediafire.com/?9ytmdybm9xl


ဦးပုကလေး ငါတို့ဗိုလ်ချုပ် ဘာတွေလုပ်ခဲ့သလဲ။


http://www.zshare.net/download/13099393333cf97f/


http://www.zshare.net/download/13096374367cf8b1/


http://www.mediafire.com/?0cgtadma521


ဗိုလ်ချုပ်အောင်ဆန်း ကဗျာများ။


http://www.zshare.net/download/130999087ba1fbf5/


http://www.mediafire.com/?bvmjxig1dkh


ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းများ (အသံဖိုင်)။


http://www.zshare.net/download/13105332ce95d014/


ငွေစက္ကူများပေါ်က ဗိုလ်ချုပ်အောင်ဆန်း။


http://www.zshare.net/download/13097360a9e5b470/


http://www.mediafire.com/?9n2k1mc1mnh


ဗိုလ်ချုပ်အောင်ဆန်း စာစုများ။


http://www.zshare.net/download/130939389cbe6979/


http://www.mediafire.com/?6iyugh5gegn


ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံများ (၁)။


http://www.mediafire.com/?1mydfyjnx1u


ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံများ (၂)။


http://www.mediafire.com/?fmhjcbaug9y


ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံများ (၃)။


http://www.mediafire.com/?fomnybn31ym


ဗိုလ်ချုပ်အောင်ဆန်းသီချင်းများ။


http://www.mediafire.com/?1gsddqiafjy


ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းများ (အသံဖိုင်)။


http://www.mediafire.com/?2mltwuaept3


ဗိုလ်ချုပ်အောင်ဆန်းအကြောင်း စုဆောင်းချက်များ။


http://www.mediafire.com/?5m9n1gnu13k


မောင်ထင် ၊ ဗမာ့နိုင်ငံရေးသုခမိန်။


http://www.mediafire.com/?8l4zn3uw9nh

ဗိုလ်ချုပ်အောင်ဆန်း ၊ ဗမာ့လွတ်လပ်ရေးအရေးတော်ပုံ။


http://www.mediafire.com/?5d94tnmtyd1


လူထုဦးလှ ၊ ဗိုလ်ချုပ်အောင်ဆန်းကို လုပ်ကြံရာတွင် ပါဝင်ခဲ့သူ သုခ၏ ပြောကြားချက်များ။


http://www.mediafire.com/?cw1phpjhtgm


နွေဗေဒါ မော်ကွန်းလည်း ထိုးလောက်တယ်၊ မြင့်မြတ်တဲ့ ဗိုလ်အောင်ဆန်းရယ်။


http://www.mediafire.com/?00djjmyvrs1


ဒဂုန်တာရာရဲ့ ဦးအောင်ဆန်း ၏ နောက်ဆုံးနေ့  ။


http://www.zshare.net/download/14670950c7baba95/

အပြည့်ဖတ်မည်...

Wednesday, July 16, 2008

ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဌ ကိုအောင်ဆန်း။

အပြည့်ဖတ်မည်...

အောင်ဆန်းပေးတဲ့ မြန်မာပြည်။




















အရပ်ပုပု
မျက်မှောင်ကုတ်ကုတ်
ပိုသီပတ်သီ အညာသား။

ဘီအေကျောင်းသား
စကားမပြော
ပြောရင်မရပ်
ညှင်းသိုးသိုး အရိုးခံ
ခေါင်းအမာဆုံး
ဇွဲအရှိဆုံး
စိတ်ဓာတ်အပြင်းထန်ဆုံး လူသား။

သူမသိ နားမလည်တာတွေကအများသား
ရေမကူးတတ်ဘူး
စက်ဘီးမစီးတတ်ဘူး
စန္ဒရားမတီးတတ်ဘူး
သီချင်းကောင်းကောင်း နားမထောင်ခဲ့ရဘူး
မိန်းမ မပိုးတတ်ဘူး။

ဘိလပ်ပြန်သန်းကို မေရှင့်သီချင်း ဆိုခိုင်းခဲ့သူ
ချစ်ရတဲ့နာစ့်မလေးကြည်ကို လူငှားနဲ့ ပိုးခဲ့ရသူ
ဗွီအိုင်ပီဆိုတဲ့ စာတန်းကို အလွန်စက်ဆုပ်ရွံရှာသူ
လမ်းဘေးမှာ ကျောက်ကျောရေသောက်တဲ့ ၀န်ကြီးချုပ်
မင်္ဂလာဆောင်မှာ ခဲဖိုးတောင်းတာ နားမလည်တဲ့သူ။

လွတ်လပ်ရေးကိုစဉ်းစားရင်း စစ်ဖိနပ်ပြောင်းပြန်စီးတဲ့သူ
လွတ်လပ်ရေးကိုစဉ်းစားရင်း ဆံပင်ညှပ်မပြီးခင် ထထွက်သွားတဲ့သူ
တွေ့ချင်လွန်းလို့ လမ်းမှာတားတဲ့ ရွာသားတွေနဲ့
အတူလမ်းဘေးမှာအကြော်စားတဲ့ ၀န်ကြီးချုပ်
သူ့ ကိုယ်သူ ပြည်သူတစ်ယောက်အဖြစ်ခံယူတဲ့ ၀န်ကြီးချုပ်
- ကြည်... ပဲပြုတ်နဲ့ နံပြားရရင် စားချင်တယ် - ဆိုတဲ့
မိန်းမကို မနက်စာပြင်ခိုင်းတဲ့ သူ့ ရဲ့ ကမ္ဘာကျော်စာ။

ဗိုလ်ချုပ်အဆင့်ရဲ့ အမှားနဲ့ သာမန်ရဲဘော်အဆင့်ရဲ့ အမှန်ကို
ကွဲကွဲပြားပြားသိတဲ့သူ
လူငယ်ဘ၀၊ လူ့ ဘ၀ရဲ့ စည်းစိမ်အရသာတွေ
ခံစားဖို့ အချိန်မရခဲ့တဲ့သူ
သူ့ ဖြတ်သန်းမှုမှာ
လွတ်လပ်ရေးဆိုတာတစ်ခုတည်းနဲ့
ပကတိရိုးရှင်းသန့်စင်ခဲ့တဲ့သူ
သူ့ကို
ဒဂုန်တာရာက ကင်ပွန်းတပ်
အောင်ဆန်း သို့မဟုတ် အရိုင်းတဲ့။

လုပ်သက်က ခပ်နုနု
ကျောင်းသားပေါက်စ
သခင်ပေါက်စ
စစ်သားပေါက်စ
နိုင်ငံရေးသမားပေါက်စ
ဘ၀တွေက အဖုံဖုံ
အသက်က ၃၀ မရှိတရှိ။

ဒီအောင်ဆန်း လက်တောက်လောက်လေးကို
ဘာ့ကြောင့်
နေမ၀င်အင်ပါယာကြီး ဒူးထောက်ခဲ့ရပါသလဲ...။

တကယ်ဆိုတော့
ငါတို့အောင်ဆန်းက
နယ်နယ်ရရမဟုတ် -
ရိုးသားတဲ့မြန်မာတွေထက်
ပိုရိုးသားတဲ့အောင်ဆန်း
သတ္တိပြောင်တဲ့ မြန်မာတွေထက်
ပိုသတ္တိရှိတဲ့ အောင်ဆန်း
စွန့်လွှတ်ရဲတဲ့ မြန်မာတွေထက်
ပိုစွန့်လွှတ်ပြတဲ့ အောင်ဆန်း၊
ဒီလိုအောင်ဆန်း
သူ့ သွေးသားအရိုးအချဉ်တွေအားလုံး
လွတ်လပ်ရေးတစ်ခုတည်းနဲ့အပြီး
စုစည်းတည်ဆောက်ပြတဲ့ အောင်ဆန်း
တကယ့်အရိုးခံ အောင်ဆန်းပေါ့။

ဒီအောင်ဆန်းကို
လွတ်လပ်ရေးလမ်းဝမှာ ဘွားကနဲ မြင်လိုက်ရရုံပဲ
အောင်ဆန်းရဲ့ ဆရာတွေ မှိုင်း၊ မြ၊ ချိုတို့ကအစ
- ငါတို့ အားကိုးပါရစေ - ဆိုလာကြ၊
ရှေးဘိုးဘွားမိဘပြည်သူတွေက
- ငါတို့ ကိုကယ်မယ့် မင်းလောင်းပေါ်ပြီ - ပြုံးပျော်ကြ
လူငယ်သွေးသောက်မြန်မာတွေက
- ငါတို့ စွန့်ပါရစေ - ဆိုပြီး ရှေ့ထွက်လာကြ
စုကြ၊ ရုံးကြ၊ စည်းလုံးကြ။

တကယ့်ဗမာတွေ
မဟာအောင်ဆန်းအနောက်က
ပြည်သူ့ ဒီလှိုင်းလုံးကြီးတွေရဲ့
တ၀ုန်းဝုန်း ရိုက်ခတ်သံဟာ
အဲဒီအချိန်က ၀ိတိုရိယဘုရင်မကြီးကိုတောင်
အိပ်မက်တွေ အေးခဲစေခဲ့သပေါ့။

အောင်ဆန်းရှေ့ ရောက်ရင်
ရှမ်းတွေက ရှမ်းစကားမဆိုကြ
ကချင်တွေကလည်း ကချင်စကားမဟကြ
အောင်ဆန်းကို ယုံကြည်စွာနဲ့
သူတို့ သခင်အဖြစ် သိမှတ်ပြုကြ
အားလုံးသော တိုင်းရင်းသားတွေ။

ဒီပြည်လုံးကျွတ်အားကို
စုစည်းနိုင်ခဲ့လိုလည်း
အင်္ဂလိပ်တွေက ဒီအောင်ဆန်းလက်တောက်လောက်နဲ့
တစ်စားပွဲထဲ ၀ိုင်းခဲ့ကြပေါ့
အကင်းပါးသူတွေပီပီ
မတိုက်မီက ရှုံးနေတဲ့ ဒီစစ်ကို
ဒင်းတို့ မတိုက်ဝံ့ကြ
မျက်နှာမပျက် အောင်မြင်စွာ ဆုတ်ခွာမယ့်လမ်းကို
သူတို့ ရွေးခဲ့ကြ
အောင်ဆန်းနဲ့အတွေ့ မှာ။

ယုံကြည်အားကိုးတဲ့ မျက်လုံးပေါင်း သန်း ၆၀
အောင်ဆန်းမှာ ရှိတယ်
လွတ်လပ်ရေးကို တရှိုက်မက်မက်တောင့်တတဲ့ နှလုံးသားသန်း ၃၀
အောင်ဆန်းမှာရှိတယ်
အောင်ဆန်းသေဆို သေပြ၀ံ့တဲ့သူ
အောင်ဆန်းမှာ တပြည်လုံးရှိတယ်
ဒီ မျက်လုံးနှလုံးအသက် ဗို့ အားသိန်းသန်းချီ မီးဆလိုက်အားတွေနဲ့
နေမ၀င်အင်ပါယာကို ပြတ်ပြတ်သားသား လှမ်းထိုးလိုက်တဲ့အခါ
အခြောက်တိုက် ဘ၀င်မြင့်နေသူတွေ
အားလုံး အရည်ပျော်သွားခဲ့ကြ။

ဘယ်ရာဇ၀င်မှာ ခင်ဗျားတို့ တွေ့ ဘူးလဲ။
ဂျပန်ဆိုတာ မနူးမနပ်မဟုတ်ဘူး။
အင်္ဂလိပ်ဆိုတာက ဝေလာဝေး
သူငယ်နှပ်စားမဟုတ်။
ဒင်းတို့တွေတောင် ရအောင် စည်းရုံးနိုင်တဲ့သူ
အောင်ဆန်း။

ဒီအောင်ဆန်းက စစ်ကို မလို
ဒါပေမဲ့

ရရင်ရ မရရင်ချ ဆိုတာ အောင်ဆန်းဝါဒ
လွတ်လပ်ရေးကို အမြန်ဆုံးလိုချင်နေတဲ့
အဲ့ဒီအချိန် ပြည်သူတွေရဲ့ တစ်ဦးတည်းသော ကိုယ်စားလှယ်
ငါတို့ အောင်ဆန်းပေါ့။

အောင်ဆန်း
ဒီအချိန်ဆို
၉၃ နှစ်ရှိပြီ
အောင်ဆန်းပြောမယ်
အဘိုးရဲ့ စကား နားထောင်...။

- မမေ့နဲ့
မင်းတို့
ကနေ့ ရှူနေတဲ့ လေဟာ
ငါတို့
မနေ့က ချွေးစက်တွေဆိုတာ၊
မမေ့နဲ့
မင်းတို့
မြန်မာဆိုတဲ့ စကားတစ်ခွန်းကိုရဖို့
ငါတို့
ဘုံးဘောလအော ကျဆုံးပေးခဲ့ရတာ၊
မမေ့နဲ့
မင်းတို့
ကမ္ဘာ့မြေပုံပေါ်တက်နိုင်ဖို့
ငါတို့
အလောင်းကောင်တွေဆင့်ပြီး ထမ်းတင်ပေးခဲ့တာ
မမေ့နဲ့။

မြန်မာလူမျိုးတိုင်းမှာ
အဖေနှစ်ယောက်ရှိတယ်
တစ်ယောက်က
ကိုယ့်သွေးသားအဖေ

ကျန်တစ်ယောက်က
မြန်မာလူမျိုးကို မွေးပေးတဲ့အဖေ
မြန်မာလူမျိုးရဲ့ အဖေ
မြန်မာ့အဖေ
အောင်ဆန်းပေါ့။

ကျုပ်အဖေနဲ့အဖိုးဟာ အောင်ဆန်းသားတွေ
အောင်ဆန်းက ကျုပ်အဖိုး
ကျုပ်သားက အောင်ဆန်းရဲ့ မြစ်ပေါ့
သူ့ အဘိုးကို သူ လွမ်းတတ်နေပြီ
သူ့ သားကျရင်လဲ သူ့ အဘေးနဲ့
ပေးတွေ့ နိုင်ဖို့
အခုကတည်းက အသေအချာ
ကျုပ် မှာထားရအုံးမယ်။

(ဗိုလ်ချုပ်အောင်ဆန်းအမှတ်တရ။ ရေးသားသူ - icy)။

အပြည့်ဖတ်မည်...

မြေသြဇာအဖွဲ့ ၏ အာဇာနည်ခေါင်းဆောင်ကြီးများအား တိုင်တည် ကတိသစ္စာပြုချက်။

Read this document on Scribd: 19 july

အပြည့်ဖတ်မည်...

ဓမ္မစကြာနှင့် နိုင်ငံရေး။

(ကျွန်တော်ရဲ့ စီဘောက်တွင် လာရောက်ဖေါ်ပြပေးသူအား ကျေးဇူးတင်ရှိပါသည်)။

Read this document on Scribd: Dhamma SaKyar & Politics

အပြည့်ဖတ်မည်...

Tuesday, July 15, 2008

စွမ်းအားမြှင့်မြန်မာကျောင်းသားစစ်သည်တော်များအဖွဲ့ ရဲ့  အာဏာရှင်တို့ ကို စိန်ခေါ်ခဲ့သော ပြောင်မြောက်သော လုပ်ဆောင်မှုတစ်ခု။


ဗွီဒီယိုအပိုင်း (၁)။

အောက်ဘက်တွင် အကျယ်ချဲ့ ပြီး ကျန်သော ဗွီဒီယိုအပိုင်းများအား ဆက်လက်ကြည့်ရှူနိုင်ပါသည်။ စုစုပေါင်း ဗွီဒီယို အပိုင်း (၆) ပိုင်းဖြင့် ဖေါ်ပြတင်ဆက်ထားပါသည်။



ဗွီဒီယိုအပိုင်း (၂)။



ဗွီဒီယိုအပိုင်း (၃)။



ဗွီဒီယိုအပိုင်း (၄)။



ဗွီဒီယိုအပိုင်း (၅)။



ဗွီဒီယိုအပိုင်း (၆)။


အပြည့်ဖတ်မည်...