မလေးရှားအစိုးရက အခြားနိုင်ငံတွေကို ပျောက်ဆုံးနေတဲ့ မလေးရှားလေယာဉ်ကိစ္စနဲ့  ပတ်သက်ပြီး တရားဝင် အကူအညီတောင်းခံလျက်ရှိပါတယ်။ အဓိကအကူအညီတောင်းခံတဲ့အချက်ကတော့ မိမိတို့  နိုင်ငံ ရေမြေလေ ပိုင်နက်ပေါ်ကနေ ပျောက်ဆုံးနေတဲ့ အဆိုပါ မလေးရှားလေယာဉ် ဖြတ်သန်းပျံသွားမှုရှိမရှိကို သိရှိဖို့  ရေဒါထောက်လှမ်းမှု အချက်အလက်ရရှိ မရရှိကို ပြောပြအကူအညီပေးပေးဖို့  ဖြစ်ပါတယ်တဲ့။
အကူအညီတောင်းခံထားတဲ့ နိုင်ငံတွေဖြစ်တွေက Kazakhstan, Uzbekistan, Kyrgyzstan, Turkmenistan, Pakistan, Bangladesh, India, China, Myanmar, Laos, Vietnam, Thailand, Indonesia, Australia and France တို့  ဖြစ်ကြပါတယ်လို့  ပြောပါတယ်။ ဒီနိုင်ငံတွေအနေနဲ့  ရေဒါ ဂြိုလ်တုတို့ နဲ့  ရှာဖွေပေးမှုတွေ ဒီအပြင် ရေပြင် မြေပြင် လေပြင်မှာပါ ၀ိုင်းဝန်းရှာဖွေ ပေးကြဖို့  အကူအညီတောင်းဆိုပါတယ်တဲ့။
အာဆီယံ ဥက္ကဌနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံကိုလည်း တရားဝင်အကူအညီတောင်းထားပါတယ်လို့  မလေးရှားအစိုးရက ပြောလိုက်ပြီမို့  သိန်းစိန်တို့  အစွမ်းအစ ရှိ မရှိ၊ ခေတ်မီနိုင်ငံတော်ကြီးကို တည်ဆောက်နေပါတယ်ဆိုတဲ့ အပြောညီ မညီ၊ စစ်အသုံးစရိတ်တွေကို အများဆုံးသုံးစွဲနေတဲ့အတွက် စစ်ရေယာဉ်တွေ စစ်လေယာဉ်တွေ ဘယ်လောက် ခေတ်မီအစွမ်းထက် မထက်၊ ဆက်သွယ်ရေးနည်းပညာတွေ အံမခန်းလောက် ဘယ်လောက် ကောင်းမကောင်း၊ အစိုးရ အရည်အချင်း ဘယ်လောက် မြင့် မမြင့်၊ သိန်းစိန်တို့  ရွှေမန်းတို့  ဦးနှောက်တွေ ဘယ်လောက် ထက် မထက် ပြသရင်း လူသားချင်း စာနာမှု ရှိ မရှိကို လက်တွေ့  ပြသလိုက်ပါဗျာ။
အပြည့်ဖတ်မည်...
ပြန်ချုံ့မည်...