Tuesday, January 29, 2013

ပြည်သူ့လွှတ်တော်ပြုပြင်ပြောင်းလဲရေးနှင့် ခေတ်မီဖွံ့ဖြိုးမှုစီစစ်ရေး ကော်မတီဥက္ကဋ္ဌ ကြံ့  ဖွတ်လွှတ်တော်အမတ် အောင်သိန်းလင်းရဲ့  စကား။

ပြည်သူ့လွှတ်တော်ပြုပြင်ပြောင်းလဲရေးနှင့် ခေတ်မီဖွံ့ဖြိုးမှုစီစစ်ရေး ကော်မတီဥက္ကဋ္ဌ ကြံ့  ဖွတ်လွှတ်တော်အမတ် အောင်သိန်းလင်းရဲ့  စကား။

ကြံ့ ဖွတ်အမတ် အောင်သိန်းလင်းက Hot News သတင်းထောက်နှင့် တွေ့ဆုံစဉ်ပြောကြားခဲ့တဲ့အထဲမှာ “မြန်မာ့တပ်မတော်က တိုက်လေယာဉ်သုံးပြီး ထိုးစစ်ဆင်တယ်” လို့  ပြောဆိုခဲ့ပါတယ်။ ပြည်သူ့လွှတ်တော်ပြုပြင်ပြောင်းလဲရေးနှင့် ခေတ်မီဖွံ့ဖြိုးမှုစီစစ်ရေး ကော်မတီဥက္ကဋ္ဌ ကြံ့ ဖွတ်လွှတ်တော်အမတ် အောင်သိန်းလင်းရဲ့  စကားဟာ စစ်တပ်ဘက်က ကချင်ပြည်နယ်ဒေသမှာ စစ်တိုက်လေယာဉ်တွေ စစ်ရဟတ်ယာဉ်တွေနဲ့  ထိုးစစ်ဆင်တယ်ဆိုတာကို ၀န်ခံပြောဆို သက်သေပြတာပါဘဲ။

ဒီအပြင် အောင်သိန်းလင်း ပြောကြားချက်က “တိုက်လေယာဉ်ဝယ် ထားပါတယ်ဆိုမှ စစ်တိုက်ဖို့ ၀ယ်မှာပေါ့။ စစ်တိုက်စရာမရှိရင် လူတင်လေယာဉ်တွေပဲ ၀ယ်ပြီး ပိုက်ဆံရှာမှာပေါ့” ဟု ပြောဆိုချက်ဟာ မြန်မာနိုင်ငံ အေးချမ်းသာယာဖို့  ငြိမ်းချမ်းဖို့ အတွက် ဆောင်ရွက်လိုခြင်း မရှိဘဲ ပြည်တွင်းစစ်တွေ မွေးဖွားကာ တိုင်းရင်သားပြည်သူလူထုအပေါ် တိုက်ခိုက်နှိမ်နင်းဖို့ အတွက် ရည်ရွယ်ချက်ရှိရှိနဲ့  ကြိုတင်စီမံထားတာ ပေါ်လွင်စေပါတယ်။

ပြည်တွင်းစစ်ပွဲတွေ ဆင်နွဲနေတဲ့ အောင်သိန်းလင်းတို့  အာဏာရူးဗိုလ်ချူပ်တွေရဲ့  လုပ်ရပ်ကြောင့် အသက်တွေ ဆုံးရှုံး၊ ဘ၀တွေ ပျက်သုံး၊ မိသားစုတွေ သေကွဲကွဲ ရှင်ကွဲကွဲနေကြရတဲ့ ပြည်သူလူထုရဲ့  ဘ၀ဒုက္ခတွေကို ကိုယ်ချင်းစာတရားမဲ့စွာ ပြောရက်တဲ့ ပြောရဲတဲ့ အောင်သိန်းလင်းတစ်ယောက် ကိုယ့်ရဲ့ မိသားစုသာ ဒီလို ဖြစ်မယ်ဆိုရင် ဘယ်လိုများ နေမလည်း မသိဖူး။ အောင်သိန်းလင်းရဲ့  မိသားစု ရှင်ကွဲကွဲ သေကွဲကွဲတာ ယခုထိ ကိုယ်ချင်းမစာနိုင်သေးတာ ခက်ပါဘိ။


ရဟန်းရှင်လူပြည်သူလူထုအပေါင်းရဲ့  ဘ၀တွေ မအေးချမ်းတာ အောင်သိန်းလင်းတို့ လို လူစိတ်မရှိတဲ့ သွေးဆာနေတဲ့ လူမျိုးတွေကြောင့်ပါဘဲ။ ဒီလိုလူမျိုးတွေ လွှတ်တော်ကြီးထဲမှာ ရှိနေတာ ပြည်သူလူထုဘ၀တွေအတွက် ရင်လေးစရာပါဘဲ။
 

အပြည့်ဖတ်မည်...

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၀န်ကြီး မြင့်လှိုင်က "လယ်သမားတွေ ကြွေးဆပ်ဖို့ ထမင်းတစ်နပ် လျှော့စားကြပါ" တဲ့။

နိုင်ငံတစ်နိုင်ငံရဲ့  လွှတ်တော်ထဲမှာ ဒီလို စကားမျိုးတွေ ပြောနေကြတဲ့ အမတ်မင်းများ ဒီလောက် အရည်အချင်း ညံ့ဖျင်းလွန်းတာ အံ့သြလွန်းလို့ ၊ ဒီလိုလူမျိုးတွေ လွှတ်တော်ထဲ ရှိနေသမျှ တိုင်းပြည်နဲ့  လူမျိုးအတွက် ရင်လေးစရာပါဘဲ။

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၀န်ကြီး မြင့်လှိုင်က "လယ်သမားတွေ ကြွေးဆပ်ဖို့ ထမင်းတစ်နပ် လျှော့စားကြပါ" တဲ့။


အတော့်ကို ကိုယ်ချင်းစာတရားမရှိ လက်လွတ်စပယ်ပြောရဲတဲ့ စကားဘဲ။ ၀န်ကြီးတစ်ယောက်လုပ်နေပြီး မြန်မာနိုင်ငံ ခေတ်အစဉ်အဆက်ဆက် ကျေးဇူးရှင်လို့  သတ်မှတ်ထဲ့ကြတဲ့ တောင်သူလယ်သမားများရဲ့  ဘ၀တိုးတက်ဖို့  လယ်ယာမြေလုပ်ငန်းတွေ တိုးတက်အောင်မြင်ဖို့ အတွက် သင့်လျော်တဲ့ ထောက်ပံ့ကူညီမှုတွေကိုတော့ မလုပ်ဆောင်ပေးဘဲ၊ တောင်သူလယ်သမားတွေခမြာ လယ်မြေတွေ မတရားအသိမ်းခံနေရတဲ့၊ မရိုးသားသော ချေးငွေများ မြင့်မားသော အတိုးနှုန်းများနဲ့  လည်မြိုကို ညစ်သတ်မှု ခံနေရတဲ့ကြားထဲ ထမင်းတစ်နပ်ပါ လျှော့စားဆိုတော့ လူစိတ်မရှိတဲ့ မြင့်လှိုင်ဘဲ။

ဒီလို လူငနွားတွေက ပြောခဲ့တဲ့ စကားတွေကို ပြန်ကောက်ကြည့်ရင် - နားဂစ်မုန်တိုင်းဘေးဒဏ်သင့် ပြည်သူလူထုကို “ချောင်းတွေ မြောင်းတွေက ငါးတွေ ဖားတွေ ရှာစားကြ” ၊ လျှပ်စစ်မီးတွေ မလာလွန်းလို့  အမှောင်ဘ၀ထဲ နေ့ စဉ်နဲ့ အမျှ နေထိုင်နေကြရတဲ့ ပြည်သူလူထုက ဆန္ဒတွေ ထုတ်ဖေါ်ပြသတော့ "မီးမလာရင် ဖယောင်တိုင်ထွန်းနေကြ” နဲ့  ပြောဆိုကြသလို၊ နိုင်ငံအရေး တိုင်းသူပြည်သားများအရေး ဝေဖန်သုံးသပ် ဆွေနွေးအဖြေရှာ ပြောဆိုကြရမယ့် ပြည်သူ့ လွှတ်တော်ထဲမှာ "လွှတ်တော်ထဲမှာ နိုင်ငံရေးစကား မပြောရ" “သမ္မတကြီး စိတ်ညစ်စေမယ့် မေးခွန်းတွေ မမေးရ” "ချောင်ပိတ်မယ့် အဆိုတွေတော့ မတင်ကြနဲ့" ပြောဆိုတာတွေဟာ ပြောဆိုသူတွေဟာ တိုင်းကျိုးပြည်ကျိုးအတွက် ဦးထိပ်ထားဆောင်ရွက်ရတဲ့ လွှတ်တော်ထဲမှာ မနေကြပါနဲ့ ၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် မလုပ်နေကြပါနဲ့ လို့  ပြောရမှာပါဘဲ။

"လယ်သမားတွေ ကြွေးဆပ်ဖို့ ထမင်းတစ်နပ် လျှော့စားကြပါ" လို့ ပြောတဲ့ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၀န်ကြီး မြင့်လှိုင်သာ ပြည်သူလူထုက (လွှတ်တော်အမတ်လစာနဲ့ ) ကျွေးမွေးနေတဲ့ မသထာရေစာကို မြိုဆို့ ပြီး နေနေတာကိုသာ ရပ်တန့် ဖို့  ပြောဆိုလိုက်ရပါတယ်။

အပြည့်ဖတ်မည်...

လူကူးမျဉ်းကြားမှာ ကားလမ်းကူးဖို့  စောင့်ဆိုင်းနေတာတောင် ကားတိုက်ခံရပြီး အသက်ဆုံးရှုံးရတယ်ဆိုတော့။

လူကူးမျဉ်းကြားမှာ ကားလမ်းကူးဖို့  စောင့်ဆိုင်းနေတာတောင် ကားတိုက်ခံရပြီး အသက်ဆုံးရှုံးရတယ်ဆိုတော့။

ဒီနေ့ မနက်က သံလမ်းနှင့် ဘာတာမှတ်တိုင်အကြား ယာဉ်တိုက်မှုမှာ လူကူးမျဉ်းကြားကူးဖို့  စောင့်ဆိုင်းနေတဲ့ အမျိုးသား (အသက် ၆၀ ခန့် ) တစ်ဦး ပွဲချင်းပြီး သေဆုံးပြီး၊ အမျိုးသမီးတစ်ဦး ခြေထောက်ကျိုးခဲ့မှုမှာ ကားမောင်းသမားက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဖြစ်ပြီး အရက်သောက်စားကာ ကားမောင်းတာ ဖြစ်ကြောင်း သိရှိရပါတယ်။


မြန်မာပြည်မှာ ယာဉ်တိုက်မှုတွေ မကြာခဏဆိုသလို ဖြစ်နေတာကြောင့် ပြည်သူလူထုရဲ့  အသက်တွေ မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးနေရတယ်။ ယာဉ်စည်းကမ်းတွေကို တိတိကျကျ အရေးယူဆောင်ရွက်တာ မရှိဘဲ လာဘ်ပေးလာဘတ်ယူတွေနဲ့  လုပ်နေကြတဲ့ တာဝန်ရှိသူတွေမှာ အဓိက တာဝန်ရှိသလို၊ မြန်မာပြည်ရဲ့  လမ်းတွေမှာ လုံခြုံမှုပိုင်းဆိုင်ရာကို အလေးထား ဦးစားပေးတဲ့ လမ်းတည်ဆောက်မှုတွေ အချက်ပြအမှတ်အသားတွေ ဘေးအန္တရာယ်ကာကွယ်တဲ့ နည်းစနစ်တွေကို မဆောင်ရွက်နိုင်တဲ့ ညံ့ဖျင်းလွန်းလှတဲ့ စီမံခန့် ခွဲမှုတွေကြောင့်လည်းဖြစ်တာမို့  သက်ဆိုင်ရာပုဂ္ဂိုလ်တွေမှာ တာဝန်ရှိပါတယ်။

အပြည့်ဖတ်မည်...

Monday, January 28, 2013

ရဲဘော် - ဒီ ကျည်ဆံဟာ မင်း ဆင်နွဲနေတဲ့ ရှေ့ ဘက်က တိုက်ပွဲတစ်ပွဲထဲမှ လာတဲ့ ကျည်ဆံ မဟုတ်ပါဖူး။

ရဲဘော် - ဒီ ကျည်ဆံဟာ မင်း ဆင်နွဲနေတဲ့ ရှေ့ ဘက်က တိုက်ပွဲတစ်ပွဲထဲမှ လာတဲ့ ကျည်ဆံ မဟုတ်ပါဖူး။ မင်းဘ၀ တစ်သက်အတွက် မင်းရဲ့  နောက်ဘက်က လာနေတဲ့ အာဏာရူးတို့ ဆီက ကျည်ဆံပါ။


အပြည့်ဖတ်မည်...

Sunday, January 27, 2013

ဒီမှာ လယ်သူတစ်ယောက် ရင်တွင်းက စကားလေး နားထောင်ကြည့်ပါ။

မတရားသောနည်းနဲ့  ချမ်းသာသူတွေ - ကိုယ်ချမ်းသာရင်ပြီးရော ကြည့်တာ ဘို့ သမားတဲ့။ သာမန်ပြည်သူလူထုရဲ့  ဘ၀တွေကို စာနာနားလည်တတ်ရင် လူပီသတာဘဲ။ ဒီမှာ လယ်သူတစ်ယောက် ရင်တွင်းက စကားလေး နားထောင်ကြည့်ပါ။

ဒေါ်ကြည်ကြည်မာ - "ကျမ ဦးခင်ရွှေကို မေးချင်တာ - ကျမက အဘွားနဲ့အတူတူနေတာ ၉၇ မှာ လယ်သိမ်းတော့ လုပ်စားစရာ မရှိတော့ဘူး။ အဲဒါနဲ့လမ်းဘေးမှာ ဈေးရောင်းစားရတယ်။ လမ်းဘေးဈေးရောင်းစားတော့ စည်ပင်က ဖမ်းတော့ ကျမ ကွမ်းယာဆိုင်ကလေးဖြုတ်လိုက်ရတယ်။ အဲဒါနဲ့ ကျမက စားသောက်ဆိုင်မှာ သီချင်းသွားဆိုရတယ်။ ကျမတို့က ကျမတို့ လယ်ကလေးကို ပြန်လိုချင်တယ်။ ကျမတို့ကို ပြန်မပေးရင် ကျမတို့လို စားသောက်ဆိုင်ရောက်သွားတဲ့ မိန်းကလေးတွေ အများကြီး၊ သူ့မှာလည်း ကိုယ်ချင်းစာစိတ်မရှိဘူးလား ကျမတို့မှာ လယ် (၁၃) ဧက ရှိတယ်။

အဲဒီမှာ အဆောက်အဦးတွေ ဆောက်နေပြီ ။ ကျမတို့ လယ်လေး ပြန်ရရင် လယ်ပြန်စိုက်မယ်၊ ကျမတို့ ဘယ်သူ့မှ အောက်ကျခံစရာ မလိုတော့ဘူး။ ကျမ နွားကျောင်းလာတယ်။ ကောက်စိုက် ရတယ်။ စပါးရိတ်ရတယ်။ နေပူတယ်ဆိုပေမဲ့ ကျမ ဗိုလ်ပဲ။ ဘယ်သူ့မှ အောက်ကျမခံရဘူး။ ကျမ စိတ်ထဲမထင်ရင် ပိတ်သလေး ဘေးပြစ် ပြောလို့ရတယ်။ ဆန်ကို အိတ်လိုက်ထောင်စားတယ်၊ အခုများ ရှက်ဖို့တောင် ကောင်းသေးတယ်။ ကြွပ်ကြွပ်အိတ်လေးနဲ့ဆွဲလာရတာ မယ်သီလ ရှင်ဆန်ကျနေတာဘဲ။ သူ့မှာလည်း သမီးရှိတယ် ကျမတို့နဲ့ ရွယ်တူလောက်ဘဲ။ သမီးချင်း ကိုယ်ချင်းစာပေးပါ" ။

(ဒေါ်ကြည်ကြည်မာ)။


အပြည့်ဖတ်မည်...

“တပ်မတော်သားတွေက ငြိမ်းချမ်းရေးကို အလိုချင်ဆုံးသူများ ဖြစ်ပါတယ်” ဆိုလို့ ပါ။

“တပ်မတော်သားတွေက ငြိမ်းချမ်းရေးကို အလိုချင်ဆုံးသူများ ဖြစ်ပါတယ်” ဆိုလို့ ပါ။

တပ်မတော်သား အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးကြီး အောင်ကျော်က "ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး တင်သွင်းထားတဲ့ ဒီအဆိုကို ထောက်ခံဆွေးနွေးသွားခဲ့သတဲ့။ “လွတ်လပ်ရေး ရပြီးကတည်းက လူမျိုးစွဲ၊ ဂိုဏ်းဂဏစွဲတွေကြောင့် ဆူပူမှု ဖြစ်ပေါ်ခဲ့ပါတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ခြင်း မရှိတာကြောင့် အိမ်နီးချင်းနိုင်ငံတွေနဲ့ယှဉ်ရင် ဖွံ့ဖြိုးမှု အနိမ့်ကျဆုံး ဖြစ်နေပါတယ်။ ပြည်သူတွေအပေါ် ကျရောက်လာမယ့် အန္တရာယ်တွေကို တပ်မတော်က ကာကွယ်စောင့်ရှာက်ခြင်းဟာ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့အညီ ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ တပ်မတော်သားတွေဟာ ငြိမ်းချမ်းရေးကို အလိုချင်ဆုံးသူများ ဖြစ်ပါတယ်" လို့  ပြောခဲ့ပါတယ်။

၁၉၆၂ ခုနှစ်က အာဏာရှင်နေ၀င်းက ပြည်သူ့ အချုပ်အခြာအာဏာကို လက်နက်အားကိုးနဲ့  စစ်တပ်အာဏာသိမ်းခဲ့တယ်။ ၁၉၆၃ ခုနှစ်၊ ဇွန်လတုန်းကလည်း ပြည်တွင်းငြိမ်းချမ်းရေးဆိုပြီး ခေါ်ယူခဲ့ပေမယ့် မှန်ကန်ရိုးသားသော စိတ်ထားမရှိဘဲ လက်နက်စွန့် ဖို့ အရင်ဖြစ်စေချင်ခဲ့တဲ့ စစ်အာဏာရှင်နေ၀င်းရဲ့  ယုတ်မာမှုကြောင့် စစ်မှန်သောပြည်တွင်း ငြိမ်းချမ်းရေး မရရှိခဲ့ပါဖူး။ ထို့ အတူဘဲ ယခုမျက်မှောက်မှာလည်း စစ်မှန်တဲ့ ငြိမ်းချမ်းရေးရဖို့  ရိုးသားစွာ ဆောင်ရွက်မှုမရှိဘဲ တစ်ဘက်သတ် နိုင်ငံရေးအမြတ်ထုတ်ဖို့  တော်လှန်ရေးလက်နက်ကိုင်အင်အားစုတွေဘက်က လက်နက်ချ အောက်ကျို့ စေဖို့  အပေါ်စီးကနေ ဆက်ဆံနေတဲ့ စစ်အာဏာရှင်တွေရဲ့  ဟန်ဆောင်လိမ်ညာဆက်ဆံမှုတွေကြောင့် ရဟန်းရှင်လူ ပြည်သူလူထုတစ်ရပ်လုံး မျှော်လင့်နေတဲ့ စစ်မှန်သော ငြိမ်းချမ်းရေးဆိုတာ ရဦးမှာမဟုတ်ဘဲ အတုအယောင်ငြိမ်းချမ်းရေးဘဲ ဆေးချယ်ထားသလို ယာယီပေါ်ထွက်နေမှာပါ။

ထို့ အတူ ၁၉၈၈ ခုနှစ်မှာ အာဏာရှင်နေ၀င်းရဲ့  တစ်ပါတီအာဏာရှင်စနစ်ရဲ့  နှစ်ပေါင်း (၂၆) နှစ်ကြာ အုပ်ချူပ်မှုကို ခံစားနေကြရတဲ့ ပြည်သူလူထုရဲ့  အထွေထွေအကြပ်အတည်းပေါ် အရင်းခံတဲ့ ရင်တွင်းဆန္ဓမှန်တွေ ပေါက်ကွဲထွက်လာခဲ့တဲ့ ရှစ်လေးလုံးပြည်သူ့ လူထုအုံကြွမှုဟာ စစ်တပ်ထဲက ပြည်သူ့ တပ်မတော်သားအဖြစ် ခံစားမှုရှိခဲ့သူတွေတောင် ပါဝင်ခဲ့တဲ့ အာဏာရှင်စနစ်ဆန့် ကျင်ရေး “၈၈၈၈” အရေးတော်ပုံကြီး ပေါ်ထွက်ခဲ့တယ်ဆိုတာ သမိုင်းသက်သေတည်ခဲ့တယ်။ ဒါပေမယ့် ပြည်သူ့ တပ်မတော်သား အနည်းစုသာ ဖြစ်ခဲ့ပါတယ်။


ရှစ်လေးလုံးပြည်သူ့ အရေးတော်ပုံကြီးအချိန်ကာလမှာ နေ့ စဉ်နဲ့ အမျှ ကျောင်းသူကျောင်းသား ၀န်ထမ်းများ နောက်ဆုံး ပြည်သူ့ တပ်မတော်သားခံယူသူတွေပါ ငြိမ်းချမ်းစွာ လမ်းမေတွေပေါ်မှာ လှည့်လည်ဆန္ဒထုတ်ဖေါ်ချီတက်ပြသခဲ့ကြတယ်ဆိုတာ မှတ်တမ်းသက်သေတွေ ရှိပါတယ်။ အကြမ်းဘက်မှုတွေ ပေါ်ပေါက်အောင် ဖန်တီးသူတွေဟာ အာဏာရှင်နေ၀င်းရဲ့  လက်ပါးစေတွေဖြစ်တယ်ဆိုတာ အထောက်အထားတွေအများကြီး ရှိပါတယ်။ အာဏာရှင်စစ်အုပ်စုရဲ့  ယန္တရားပြိုကွဲတဲ့အချိန်မှာ အယုတ်မာဆုံးနည်းများနဲ့  လမ်းမပေါ်မှာ ငြိမ်းချမ်းစွာ လမ်းလျှောက်ဆန္ဒဖေါ်ထုတ်ပြသနေတဲ့ ရဟန်းရှင်လူ ပြည်သူလူထုအပေါ် စစ်မြေပြင်သဖွယ် ကျဉ်ကပ်ထဲက ကျဉ်ဆံတွေ အတွဲလိုက် အတွဲလိုက် ပစ်ခတ်သတ်ဖြတ်ခဲ့တာ ဘယ်သူတွေလည်း၊ အာဏာရှင်လက်ပါးစေ စစ်သားတွေ မဟုတ်ဖူးဆိုတာ ဘယ်သူ ငြင်းရဲပါသလည်း။


၂၀၀၇ ခုနှစ် အထွေထွေ ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် ဘ၀တွေ ခါးသီးစွာ ရင်ဆိုင်ကျော်ဖြတ်နေရတဲ့ ပြည်သူလူထုရဲ့  အခက်အခဲတွေကို ကိုယ်ချင်းစာတရားရှိကြသူများက ငြိမ်းချမ်းစွာ လမ်းလျှောက်တင်ပြကြတာတွေ၊ မေတ္တာတရားရှေ့ ထားပြီး သံဃာတော်ရှင်သူမြတ်တွေက ၀ိုင်းဝန်းကူညီ ဦးဆောင်ပံ့ပိုးခဲ့ကြတာကို နားမလည်ဘဲ ပြည်သူလူထုရဲ့  ဘ၀အေးချမ်းသာယာမှုကို မကြည့်နိုင်ကြတဲ့ လက်နက်အားကိုးနဲ့သာဖြေရှင်းချင်ကြတဲ့သူတွေ သံဃာတွေကို ဆွဲရမ်း ရိုက်နှက် ပစ်ခတ်ခဲ့ကြတာ ဘယ်သူတွေလည်း။ အာဏာရှင်လက်ပါးစေ စစ်သားတွေ မဟုတ်ဖူးဆိုတာ ဘယ်သူ ငြင်းရဲပါသလည်း။


လက်ပံတောင်းတောင်ကိစ္စမှာ ရိုးသားစွာ ထုတ်ဖေါ်ပြောဆိုခဲ့ကြတဲ့ အမျိုးသမီးတွေကို ဖမ်းဆီး အချုပ်ခန်းအတွင်းမှာ ကာယအိနြေ္ဒစော်ကားသည်အထိ နှိပ်စက်မှုတွေဖြစ်လာတာ၊ ပြည်သူလူထုရဲ့  စားဝတ်နေရေး ဘ၀တွေ ပျက်ပြားနေမှုတွေကို မထောက်ထား ညှာတာဦးစားပေးမှု မရှိဘဲ တိုင်းတစ်ပါးသား တရုတ်နိုင်ငံအကျိုးအတွက်သာ ကြည့်နေကြတဲ့ အာဏာရှင် ဗိုလ်ချူပ်ကြီးတွေရဲ့  အတ္တကြီးမား ကိုယ်ကျိုးဖက်မှုတွေ လွန်ကျူးနေတာတွေ မကြည့်ရက်နိုင်ကြတဲ့ သံဃာတော်ရှင်သူမြတ်တွေက ငြိမ်းငြိမ်းချမ်းချမ်းနဲ့  ဆန္ဒဖေါ်ထုတ်ပြသတာကို မီးလောင်ဗုံးပစ် မီးလောင်တိုက်သွင်းခဲ့တာ ဘယ်သူတွေလည်း။ အာဏာရှင်လက်ပါးစေ စစ်သားတွေ မဟုတ်ဖူးဆိုတာ ဘယ်သူ ငြင်းရဲပါသလည်း။

ယနေ့ ယခုဖြစ်နေတဲ့ တိုက်ပွဲတွေနဲ့  ပတ်သက်လို့ ကြည့်ရင် - တိုင်းပြည်ကို အုပ်ချူပ်နေပါတယ်ဆိုတဲ့သူတွေ အပေါ်စီးကနေ တစ်ဖက်သတ်၊ ငါ့စကားသာ အဟုတ်အမှန်၊ ငါနဲ့ သာ ပြေလည်သူကို ငြိမ်းချမ်းရေး၊ အခြားသူတွေကိုကြတော့ ထိုးစစ်တွေဆင် ပဋိပက္ခတွေ သွေးထိုးဖန်တီး၊ မမျှတတဲ့ အင်အားတွေနဲ့  ဗုံးကြဲတိုက်ခိုက်၊ ငြိမ်းချမ်းရေးပြောနေတာဘဲဆိုပြီး သတ်ဖြတ်တိုက်ခိုက်မှု စတင်ထဲ့သူတွေ ကိုယ်တိုင်က စတင်မရပ်၊ အစော်ကားကြီး စော်ကား အကြောကြီး ကြောပြီး မျက်နှာကောင်းယူ လိမ်ညာနေသူတွေက ဘယ်သူတွေလည်း။ တိုင်းရင်းသားပြည်သူလူထုနေထိုင်တဲ့ နေရာဒေသအထိ ကျူးကျော်သွားရောက်ပြီး ပစ်ခတ်သတ်ဖြတ်မှုတွေ လုပ်နေတာ ဘယ်သူတွေပါလည်း။ အာဏာရှင်လက်ပါးစေ စစ်သားတွေ မဟုတ်ဖူးဆိုတာ ဘယ်သူ ငြင်းရဲပါသလည်း။

ပြည်သူ့ လွှတ်တော်ဆိုတဲ့ ပြည်သူ့ အချုပ်အခြာအာဏာတည်ရှိရမယ့်နေရာမှာ ပြည်သူက တိုက်ရိုက် ရွေးချယ်တင်မြှောက်ခံရတဲ့ ပြည်သူ့ ကိုယ်စားလှယ်တွေသာ ရှိသင့်ရှိထိုက်တဲ့ နေရာမှာ ၂၅% သော စစ်တပ်ကသူတွေ ရှိနေတာ မှန်ကန်သင့်တော်မှု မရှိ၊ တိုင်းပြည်နဲ့  လူမျိုးအတွက် နစ်နာနေစေတဲ့ အာဏာရှင်ထောက်တိုင်အဖြစ် ရှိနေမှု မဖြစ်သင့်တာတွေ ဖြစ်ပေါ်နေရတာ ဘယ်သူတွေလည်း။ အာဏာရှင်လက်ပါးစေ စစ်သားတွေ မဟုတ်ဖူးဆိုတာ ဘယ်သူ ငြင်းရဲပါသလည်း။

ဒီတော့ - “တပ်မတော်သားတွေက ငြိမ်းချမ်းရေးကို အလိုချင်ဆုံးသူများ ဖြစ်ပါတယ်” ဆိုရင် -

ရဟန်းရှင်လူပြည်သူလူထုအပေါ် တပ်မတော်သားတွေ လက်ထဲက ကိုင်တွယ်ထားတဲ့ သေနတ်တွေဆီက ကျည်ဆံတွေ မထွက်ပါစေနဲ့ ။

တိုင်းရင်းသားပြည်သူလူထုတွေအပေါ် တပ်မတော်သားတွေ လက်ထဲက ကိုင်တွယ်ထားတဲ့ သေနတ်တွေဆီက ကျည်ဆံတွေကြောင့် အသက်မဆုံးရှုံးပါစေနဲ့ ။

စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေးကို လိုလားကြသူတွေ ပြောဆိုနေတဲ့ အချက်အလက် မှန်ကန်စွာ ထောက်ပြဝေဖန် ပြောဆိုသုံးသပ်နေကြတဲ့ လက်နက်ကိုင်အင်အားစုတွေအပေါ် လက်နက်ချပြီး မဆွေးနွေးရကောင်းလားဆိုပြီး တစ်ဖက်သတ် ပြောဆိုတာတွေ၊ မတရားထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် ခုခံကာကွယ်နေရတဲ့ လက်နက်ကိုင်အင်အားစုတွေအပေါ် တပ်မတော်သားတွေ လက်ထဲက ကိုင်တွယ်ထားတဲ့ သေနတ်တွေနဲ့  အနိုင်မကျင့်ပါနဲ့ ။

ဒါဆိုရင် - “တပ်မတော်သားတွေက ငြိမ်းချမ်းရေးကို လိုချင်သူများ ဖြစ်ပါတယ်” လို့  သတ်မှတ်ပေးပါမယ်။

သို့ မဟုတ်ရင်တော့ - “တပ်မတော်သားတွေက ငြိမ်းချမ်းရေးကို အလိုချင်ဆုံးသူများ ဖြစ်ပါတယ်” ဆိုနေတဲ့ တပ်မတော်သား အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးကြီး အောင်ကျော်ကိုယ်တိုင်က ငြိမ်းချမ်းစွာ ဆန္ဒဖေါ်ထုတ်ခဲ့ကြတဲ့ ရဟန်းရှင်လူ ပြည်သူလူထုကို ရက်ရက်စက်စက် အကြမ်းဘက် ဖြိုခွင်းသတ်ဖြတ်ခဲ့သူမို့  “တပ်မတော်သားတွေက ငြိမ်းချမ်းရေးကို အလိုချင်ဆုံးသူများ ဖြစ်ပါတယ်” ဆိုတဲ့အပြောဟာ ပြောင်းပြန်ဖြစ်ပြီး၊ တိုင်းပြည်နဲ့  လူမျိုး အေးချမ်းသာယာစွာ နေထိုင်နိုင်ဖို့  ငြိမ်းချမ်းစွာ ဘ၀တွေ တည်ဆောက်နိုင်ဖို့  ဖျက်ဆီးနေသူတွေဟာ တပ်မတော်သားတွေ အဆိုးဆုံး ဖြစ်ပါတယ်လို့  ပြောရမယ်ဆိုရင် …. မနာကြပါနဲ့ ။


အပြည့်ဖတ်မည်...

ဗကသများအဖွဲ့ချုပ်၏ ညောင်တုန်းမြို့ အလှူခံခရီး။

ဗကသများအဖွဲ့ချုပ်၏ ညောင်တုန်းမြို့ အလှူခံခရီး။

ယမန်နေ့  ဇန်န၀ါရီလ (၂၅) ရက် သောကြာနေ့တွင် ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့မှ ပြည်သူများ၏ ဖိတ်ကြားချက်အရ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်မှ ကျောင်းသူကျောင်းသား အင်အား (၂၀) ကျော်သည် ကချင်ပြည်နယ်ရှိ စစ်ဘေးသင့်ပြည်သူများအတွက် ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့ရှိ ပြည်သူများထံသို့အလှူခံထွက်ခဲ့ကြပါသည်။



ယခုလို အလှူခံနေကြသည်မှာ ယနေ့နှင့်ဆိုလျှင် (၄) ရက်တိုင်ရှိခဲ့ပြီဖြစ်ပြီး၊ ပထမသုံးရက်ကို ရန်ကုန်မြို့အတွင်းရှိ မြို့နယ်များတွင် အလှူခံခဲ့ခြင်းဖြစ်ပြီး ရန်ကုန်တိုင်းပြင်ပသို့ ဖိတ်ကြားချက်အရ သွားရောက်အလှူခံခဲ့ခြင်းသည့်ယနေ့ ပထမဆုံးအကြိမ် ဖြစ်ပါသည်။ နောက်ရက်များတွင်လည်း ရန်ကုန်နှင့် တခြားဖိတ်ကြားထားသောနယ်မြို့များသို့ ဆက်လက်အလှူခံထွက်ရန်ရှိသည်။ ရရှိလာသော အလှူခံပစ္စည်းများကို ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ကျောင်းသား၊ကျောင်းသူများကိုယ်တိုင် ကချင်ပြည်နယ်သို့ သွားရောက်လှူဒါန်းကြမည်ဖြစ်သည်။

ယနေ့ ညောင်တုန်းမြို့သူ/သားများ၏ စေတနာသဒ္ဒါတရားထက်သန်စွာ၊ ပြည်ထောင်စုစိတ်ဓါတ်ကို ဖော်ကျူးလှူဒါန်းခဲ့ကြသော အလှူငွေမှာ လေးသိန်းခွဲ (၄၅၀၀၀၀) တိတိဖြစ်ပြီး စောင်၊ ခြင်ထောင်နှင့် ဆေးဝါးပစ္စည်းတစ်ချို့ကိုလည်း အလှူခံရရှိခဲ့ကြပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်မှ ကချင်စစ်ဘေးသင့်ပြည်သူများအတွက် (၄) ရက်တာ အလှူခံရရှိခဲ့သောအလှူငွေမှာ တစ်ဆယ့်ကိုးသိန်းကျော် (၁၉) သိန်းကျော်နှင့် အ၀တ်အထည်၊ စောင်၊ ခြင်ထောင်၊ အသုံးအဆောင်ပစ္စည်းနှင့် ဆေးဝါးပစ္စည်း စုစုပေါင်းအထုပ်ပေါင်း (၁၁၀) ရရှိထားပြီ ဖြစ်ပါသည်။

ယနေ့တွင် ကျွန်ုပ်တို့ ဗကသများအဖွဲ့ချုပ်သို့ အားတက်သရော လှူဒါန်းခဲ့ကြသော ကာတွန်းဦးဗဂျမ်း၏ ဇာတိ မြို့သူ/သားများ၏ ကောင်းမွန်သောစေတနာနှင့် ပြည်ထောင်စုစိတ်ဓါတ်အား ဗကသများအဖွဲ့ချုပ်ကျောင်းသား/သူများက အထူးပင် ဂုဏ်ယူဝမ်းမြောက်မိပါသည်။

အလှူခံရက်များလာသည့်အတွက် ပင်ပန်းနေကြသော်လည်း ယနေ့နေ့ချင်းပြန်ခရီးအပါအ၀င် အလှူခံရက်တိုင်း ဗကသများအဖွဲ့ချုပ်ဗဟိုကော်မတီနှင့်အတူ မညီးမငြူလက်တွဲခဲ့သော ရန်ကုန်တောင်ပိုင်းခရိုင်ကျောင်းသားများသမဂ္ဂမှ ကျောင်းသားရဲဘော်များနှင့် အခြားတက္ကသိုလ်အသီးသီးမှ ကျောင်းသားရဲဘော်များအားလည်း အထူးပင်ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။

ဗဟိုလုပ်ငန်းကော်မတီ

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်။

(သတင်း/ဓါတ်ပုံ - လွင်ပြင်)။

အပြည့်ဖတ်မည်...

သက်တော်ရှည် ၀န်ကြီးတစ်ယောက်အကြောင်း တစေ့တစောင်း။

သက်တော်ရှည် ၀န်ကြီးတစ်ယောက်အကြောင်း တစေ့တစောင်း။

ကျနော့်အနေနဲ့ အမှန်တရားများကို သိရှိနိုင်စေဘို့ ဒီစာကို ရေးလိုက်ရပါတယ်- ကျနော်ဟာ စက်မှုဝန်ကြီးဌာနအောက်က စက်ရုံမှူးဟောင်းတစ်ယောက်ဖြစ်ပါတယ်။

စက်ရုံမှူးဟောင်း တစ်ယောက်အနေနဲ့ - ကျနော်သိတာလေးတွေ ပြောပြချင်လို့ - ဒီစာလေးကို ရေးလိုက်ရခြင်းဖြစ်ပါတယ်။

ဦးစိုးသိန်းဟာ - သူတို့အပတ်စဉ်မှာ ထူးချွန်ဆုရခဲ့တဲ့ စစ်တက္ကသိုလ်ကျောင်းဆင်းအရာရှိကြီး တစ်ဦးဖြစ်ပေမယ့် - သူအနေနဲ့ သမာသမတ်ရှိရှိနဲ့ဆုရခဲ့တာမဟုတ်ပါဘူး၊ သူ့ထက်အမှတ်ကောင်းတဲ့ သူတစ်ယောက်ကို ကလိန်ကကျစ်ကျပြီး ဆုရယူခဲ့တယ်ဆိုတာ - တချို့ကသိချင်မှသိမှာပါ၊ ကျနော်တို့ ကတော့ တစ်ကျောင်းတည်းအတူတူတက်လာခဲ့ဖူးတော့ သူကလိန်ကကျစ်လုပ်ခဲ့တာကို ကျောင်းမှာ ကတည်းက သိခဲ့ပါတယ်၊

ဦးစိုးသိန်းဟာ တပ်မတော်မှာ ဒုတိယဗိုလ်ချုပ်ကြီးအဆင့်နဲ့ ကာကွယ်ရေးဦးစီးချုပ်(ရေ)အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်ပါတယ်၊ ဒုတိယဗိုလ်ချုပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ကာလ တစ်လျှောက်မှာလည်း - ဟိုအရင်ကျောင်းတုန်းကလိုပဲ လူကြီးတွေကို လေလုံးလှလှလေးတွေနဲ့- ယုံအောင်ဖြီးတတ်တာကြောင့် - ရုံးကြီးနဲ့လူကြီးတွေအနားမှာပဲ ဘ၀တစ်လျှောက်လုံးနေခဲ့ရပါတယ်၊ ဒါ့ကြောင့် ပင်လယ်ပြင်စစ်ဆင်ရေးနဲ့ စစ်သဘောင်္အတွေ့အကြုံဘာတစ်ခုမှမရှိခဲ့ဘဲ လူကြီးအကြိုက် လိုက်ပြော၊ ဖော်လံဖားပြီးလေနဲ့သာ အလုပ်လုပ်ခဲ့တဲ့အတွက် - ဒီအဆင့်အထိရောက်ခဲ့တယ်ဆိုတာ အားလုံးအသိပဲဖြစ်ပါတယ်။

သူလေလုံးထွားတာကို လူသိများပြီး မကြိုက်တော့တဲ့အချိန်မှာတော့ ရှင်းရှင်းပြောရရင် သူ့ကို သုံးစားမရတော့လို့ ဖယ်ခွာချင်တဲ့အချိန်ကျတော့ ချက်ခြင်းကြီးဖယ်ဘို့ မသင့်တော်သေးတာနဲ့ ၀န်ကြီး အဖြစ် စက်မှု (၂) ၀န်ကြီးဌာနကို ပြောင်းပေးခဲ့ပါတယ်
 


အဲဒီနေရာလေးရတဲ့အချိန်မှာလဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို အယုံသွင်းပြီး နားကျအောင်ပြောတတ်၊ ဆိုတတ်၊ သူရဲ့စက်ရုံတွေဘယ်လောက်ကောင်း ကြောင်း၊ ဘယ်လိုကုန်ထုတ်လုပ်မှုတွေတိုးတက်နေကြောင်း လေလည်ပြခဲ့တဲ့အတွက် တည်မြဲနေခဲ့ ပါတယ်- သူရဲ့ စက်ရုံတွေကကောင်းလား၊ မကောင်းလားဆိုတာ - တာယာစက်ရုံတွေကိုကြည့်ပေါ့ဗျာ- အခုတော့ စက်ရုံတွေကပြီးနေပြီး ဘာအလုပ်မှမလုပ်နိုင် - ဘာပစ္စည်းမှမထုတ်လုပ်နိုင်တာ အားလုံးတွေ့ကြမှာပါ- ဦးစိုးသိန်းဟာ အဓိကအားဖြင့်လေနဲ့ပဲလုပ်စားပြီး လူကြီးအမြင်ကောင်းအောင် ပြတတ်သူ တစ်ဦးဆိုတာ- ထိုင်းနယ်စပ်- မြ၀တီမြို့ကတစ်ဆင့် စက်ယန္တရားကြီးတွေသွင်းပြီးတော့ For Show လုပ်ပြခဲ့တဲ့ သာဂရစက်ရုံကြီးက သက်သေထူနေပါတယ်။ ဒါကြောင့်လည်း ကျနော်တို့ စက်မှုဝန်ကြီးဌာနက လုပ်ငန်းတွေမှာ တစ်ကယ်တမ်းအလုပ်မဖြစ်ဘဲနဲ့ ငွေတွေသာမြောက်မြားစွာကုန်ကျခဲ့ပြီး ကုန်ထုတ်လုပ်မှုမတိုးတက်ဘဲ ဘာလုပ်ငန်းမှအဆင်မပြေခဲ့တာ ဌာနက လူတွေအသိပဲဖြစ်ပါတယ်- ဒါတွေဟာ သူ့ရဲ့ လေထဲမှာတိုက်ဆောက်ခဲ့တဲ့လုပ်ရပ်တွေကြောင့် ဖြစ်ပါတယ်- ဒါပေမယ့်လည်း ၀န်ကြီးဌာနကသာ မတိုးတက်ဘဲဖြစ်ခဲ့ရပေမယ့် ဦးစိုးသိန်းကတော့ တိုက်ကြီးတာကြီးတွေနဲ့ - သူများလိုက်မမှီအောင် ပြည့်လျှံသွားခဲ့ပါတယ်။


သူကတော့ - ရှေးဘ၀ကုသိုလ်ကောင်းလို့ထင်ပါရဲ့ ကံအလွန်ကောင်းသူတစ်ဦးဖြစ်ပါတယ်၊ အစိုးရသစ်တက်လာချိန်မှာ ၀န်ကြီးဌာနအသစ်ပြန်ဖွဲ့၊ ပြန်ပေါင်းတာတွေလုပ်တော့လည်း သူ့အတွက် ဖန်တီးပေးလာတာက စက်မှု(၁)နဲ့(၂)ကိုတစ်ခုထဲပြန်ပေါင်းပြီး စက်မှုဝန်ကြီးဌာနမှာ သူကိုဝန်ကြီးပြန်ပေးခဲ့ တယ်လေ-- ဒီတော့ သူအနေနဲ့ ကျနော်တို့ဝန်ကြီးဌာနကြီးကို သူ့ခြေသူ့လက်ဖြစ်အောင်လုပ်တော့ တာပါဘဲ - ဘယ်လောက်ထိအောင် သူ့ခြေသူ့လက်ဖြစ်ခဲ့သလဲဆိုရင် ဌာနအောက်က BPIတို့၊ လှိုင်မြို့နယ် ထဲမှာရှိတဲ့ စက်ရုံတို့တွေကို လက်သိပ်ထိုးရောင်းစားခဲ့တဲ့အထိပဲ- Transparency ရှိရမယ်ဆိုပြီးတော့ ပြောခဲ့တာလဲသူပါဘဲဗျာ။

ဒီလိုလက်သိပ်ထိုးရောင်းစားခဲ့တယ်ဆိုတာကို ဖုံးကွယ်ထားဖို့ကြိုးစားခဲ့ပေမယ့်-- ကျနော်တို့ ၀န်ကြီးဌာနက ၀န်ထမ်းအားလုံးကတော့ ကကြီး ကနေ အ အထိ အကုန်သိကြပါတယ်-ကိုယ့်ဆရာတို့ မသိသေးလို့ သိချင်တယ်ဆိုရင်တော့ လှိုင်မြို့နယ်ထဲကစက်ရုံတွေနဲ့ BPI စက်ရုံတွေကိုသာ သွားကြည့်လိုက်ပါ အကုန်လုံးသိသွားပါလိမ့်မယ်- စက်မှုဝန်ကြီးဌာနတာဝန်လွှဲပြောင်းတော့လဲ သူလုပ်ထား

ကိုင်ထားတာတွေများလွန်းလို့ နောက်ဝန်ကြီးကဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဘဲခြေမကိုင်မိလက်မကိုင်မိ ဖြစ်တဲ့အထိဖြစ်သွားခဲ့ပါတယ် - အင်မတန်မှလည်း တော်ပါပေတယ်ဗျာ။

ဦးစိုးသိန်းဟာ အပြောကောင်းပြီး သမ္မတကြီးကို နားပေါက်အောင် ပြောနိုင်တဲ့အတွက် ကျနော်တို့ စက်မှုဝန်ကြီးဌာနက ၀န်ထမ်းတွေကိုဘာပြောသလဲဆိုတော့ “ တပ်ထဲမှာတုန်းက ငါက သမ္မတကြီးနဲ့ ဂေါက်အတူရိုက်ရတာ၊ တစ်တွဲထဲရိုက်ရတာ၊ မင်းတို့ပြုတ်သွားချင်လား၊ ငါပြောလိုက်ရင် မင်းတို့ချက်ချင်း ပြုတ်သွားမယ်”--- ဒီလိုမျိုးစကားတွေကို သမ္မတကြီးရဲ့နာမည်ကိုယူသုံး ခြိမ်းခြောက်ခဲ့ တာမျိုးတွေပြောပြီး ၀န်ထမ်းတွေကိုအကြောက်တရားနဲ့ အုပ်ချုပ်ခဲ့ပါတယ် - သူကတော့လူလည်ကြီး တစ်ဦးပါပဲ၊ ဘယ်လောက်ထိလည်သလဲဆိုတော့ သူ့မိန်းမက တရုတ်သွေးပါသူမို့ နာမည်မှာ တရုတ်အမည် ဒေါ်အေးကျင်ကနေ“ကျင်”ကိုဖြုတ်ပြီးဒေါ်အေးအေးလို့ပြောင်းခဲ့ပါတယ်-- နောက်ပြီး သူ့ပါးစပ်ကပြောတော့ သူကဆင်းရဲပါတယ် - မချမ်းသာဘူး-- ပိုက်ဆံမရှိဘူးသာပြောပြောနေတာ၊ သူ့သားတွေ၊ သမီးတွေ အားလုံးက နိုင်ငံခြားမှာချည်းပဲ-- သူတို့ရဲ့ပိုင်ဆိုင်မှုအားလုံးကိုလဲ Singapore တို့၊ သူ့သားသမီးတွေ ရှိတဲ့နေရာတို့တွေမှာ မြှုပ်နှံထားတယ်ဆိုတာ-- ကျန်တဲ့သူတွေမသိနိုင်ပေမယ့် ကျနော်တို့လိုဝန်ကြီးဌာနက လူတွေကတော့ အကုန်လုံးပဲသိကြပါတယ်ဗျာ။ ဒါတွေကို ကျနော်တို့ရဲ့ ပြုပြင်ပြောင်းလဲရေးတွေလုပ်နေတဲ့ သမ္မတကြီးက မသိများမသိလေရော့ သလားဗျာ-- အခုလဲသူက သမ္မတရုံးဝန်ကြီးဖြစ်တဲ့အချိန်မှာ အရင်လိုဂေါက်သီးအတူရိုက်တဲ့ အဆင့်တင် မဟုတ်ဘူး--၀န်ကြီးဌာန ၁၁ ခုကိုတောင် သူကိုင်ထားကြောင်း၊ သူကွပ်ကဲအုပ်ချုပ်နေရကြောင်း ပြောလာ နေပြန်ပါပြီ-- ဒါကြောင့်နောက်ဆိုရင် ကျန်နေတဲ့ဝန်ကြီးဌာနတွေကို သိမ်းပိုက်ချင်ပြီလားဆိုတာ စဉ်းစား ရပါတော့မယ် - သူအနေနဲ့ အလုပ်လုပ်လွန်းအားကြီးလို့ နောင်ဆိုရင် သမ္မတကြီးတောင် အလုပ်မရှိ တော့ဘဲနေမှာစိုးလို့ သမ္မတကြီးသိအောင် ကျနော်တင်ပြလိုက်ရခြင်းဖြစ်ပါတယ်။

စက်ရုံမှူးဟောင်းတစ်ဦး။

အပြည့်ဖတ်မည်...

ပြည်သူလူထုက ပေးမယ့် ကျည်ဆံကို လှဆွေ စောင့်သာမျှော်နေတော့။

ကြံ့ ဖွတ်အမတ် လှဆွေ - လွှတ်တော်အမတ်နေရာကို အရည်အချင်း မရှိဘဲနဲ့  ရောက်လာပြီး ကျည်ဆံနဲ့  စစ်ပွဲတွေ လူသတ်ပွဲတွေ အကြမ်းဘက်လိုမှုတွေကို လွှတ်တော်ထဲမှာ ဒီလိုစကားမျိုးပြောတာကို ပြောလို့ ရသလား။ ဒါဆိုရင် ဘာလွှတ်တော်လည်း။ ပြည်သူလူထုက ပေးမယ့် ကျည်ဆံကို လှဆွေ စောင့်သာမျှော်နေတော့။

ကျန်ခဲ့တဲ့ ဇန်န၀ါရီလ (၂၄) ရက်နေ့ က မကွေးတိုင်း အမှတ် ၁၂ ဂန့်ဂေါမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် လှဆွေ ဆိုသူက “ရွှေလက်နဲ့ ခေါ်လို့မလာတဲ့ ကေအိုင်အေကို Bullet ပဲ ပေးလိုက်ရင် ကောင်းမယ်” လို့  ပြောခဲ့တယ်။

တိုင်းပြည်အေးချမ်းသာယာဖို့ ဆိုတာ ကောင်းမွန် မှန်ကန်တဲ့ အုပ်ချူပ်မှု နည်းစနစ်ရှိရမှာ ဖြစ်သလို၊ ဖြောင့်မတ်တည်ကြည် သစ္စာတရား လက်ဝယ်ထားသူတွေ အုပ်ချူပ်မှသာ ဖြစ်မှာပါ။

ဒီလို မဖြစ်ဘဲ နောက်ကြောင်းပြန်ချင်နေတဲ့သူတွေက အကြောင်းအမျိုးမျိုး ပြပြီး၊ ပြောချင်ရာ ပြောနေတာတွေထဲက တစ်ယောက် အရှက်မရှိ ကိုယ်ပိုင်ဦးနှောက် မရှိသူကတော့ ကြံ့ ဖွတ်အမတ် လှဆွေပါဘဲ။

အပြည့်ဖတ်မည်...

အများအကျိုးအတွက် အချိန်ပြည့် ဆောင်ရွက်ပေးနေသူတွေ ပင်ပန်းနွမ်းနယ်မှုတွေ ပြေပါစေ။

အများအကျိုးအတွက် အချိန်ပြည့် ဆောင်ရွက်ပေးနေသူတွေ ပင်ပန်းနွမ်းနယ်မှုတွေ ပြေပါစေ။

ဟာဝိုင်အီရောက် မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်။


(ဓါတ်ပုံ - Ko Bun Ny)။

အပြည့်ဖတ်မည်...

Thursday, January 24, 2013

ငြိမ်းချမ်းရေးအတွက် ငြိမ်းချမ်းစွာ လမ်းလျှောက်နေကြသူများအား လေးစားပါသည်။

ငြိမ်းချမ်းရေးအတွက် ငြိမ်းချမ်းစွာ လမ်းလျှောက်နေကြသူများအား လေးစားပါသည်။

ငြိမ်းချမ်းရေးအတွက် ငြိမ်းချမ်းစွာ လမ်းလျှောက်နေကြသူများအား တရားစွဲဆိုခြင်း ပိတ်ပင်တားဆီးခြင်း နှောင့်ယှက်ခြင်းတို့ သည် ငြိမ်းချမ်းရေးကို မလိုလားသောသူများ၏ လုပ်ရပ်ဖြစ်သည်။


အပြည့်ဖတ်မည်...

Wednesday, January 23, 2013

နောက်ထပ် ဂုဏ်ထူးဆောင်ဘွဲ့ တွေများ ထပ်ရရင်တော့ …. ။

နောက်ထပ် ဂုဏ်ထူးဆောင်ဘွဲ့ တွေများ ထပ်ရရင်တော့ …. ။

ဧရာဝတီမြစ်ဆုံရေကာတာစီမံကိန်းရယ်၊ ရခိုင်ပြည်နယ် သဘာဝဓါတ်ငွေ့ ပိုက်လိုင်းရယ်၊ လက်ပန်တောင်းတောင်ကြေးနီစီမံကိန်းရယ် အင်မတန်စွမ်းဆောင်ပေးနိုင်လို့  တရုတ်နိုင်ငံက (မထင်ရှားတဲ့ တက္ကသိုလ်တစ်ခုက) ဂုဏ်ထူးဆောင်ဘွဲ့  ပေးခဲ့တယ်။


ယခုလည်း ထိုင်းနိုင်ငံက သိန်းစိန်ကို (မထင်ရှားတဲ့ တက္ကသိုလ်တစ်ခုမှတစ်ဆင့်) ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ပေးပြန်တယ်။ ထိုင်းနိုင်ငံက ပျော်ပျော်ကြီး ပေးပါတယ်။ ဂုဏ်ထူးဆောင်ဘွဲ့ လေးတစ်ခုနဲ့  မြန်မာနိုင်ငံရဲ့ အဆီအနှစ်တွေကို အမြတ်ကြီးကြီးနဲ့  အချောင်ရတာဆိုတော့ ပေးပျော်ပါတယ်။ တနင်္သာရီတိုင်း ထားဝယ်ဒေသ ရေနက်ဆိပ်ကမ်းနဲ့  အထူးစီးပွားရေးဇုန်စီမံကိန်းအတွက် ထိုင်းနိုင်ငံကတော့ ပျော်နေပါပြီ။


ထိုင်းနိုင်ငံ ပြည်သူတွေကတောင် လက်မခံခဲ့တဲ့ ထိုင်းဝန်ကြီးချူပ်ဟောင်း သက်ဆင် မြန်မာနိုင်ငံကို လာရောက်ပြီးတော့ ပြည်သူ့ ဘဏ္ဍာကို အလွဲသုံးစားလုပ်ထားခဲ့တဲ့ ငွေကြေးကြွယ်ဝမှုတွေနဲ့  သိန်းစိန်တို့ ကို မက်လုံးပေးလိုက်ပြီးနောက်၊ သက်ဆင်ရဲ့ ညီမ လက်ရှိ ထိုင်းနိုင်ငံ ၀န်ကြီးချူပ် ရင်လတ်ရဲ့  ချွဲချွဲနွဲနွဲ ညုသံတွေကြောင့် သိန်းစိန်တို့ သဘောခွေ့ ပြီး နောက်ဆုံး မြန်မာပြည်ရဲ့  တန်ဖိုးကြီးမားတဲ့ ထားဝယ်ပိုင်နက်ကြီးကို သဘောကျဆောင်ရွက်စေပေးလိုက်တော့ ထိုင်းနိုင်ငံက ပေးတဲ့ ဂုဏ်ထူးဆောင်ဘွဲ့ ကြီး ရပါပြီ။


ဒီ ဂုဏ်ထူးဆောင်ဘွဲ့ ကြီးရတာကို ကြီးကြီးကျယ်ကျယ် အခမ်းအနားတွေ သတင်းတွေနဲ့  သိန်းစိန် ဂုဏ်ယူနေသလို ကိုယ့်နိုင်ငံ ကိုယ့်မြေကိုယ့်ဒေသကို သူများအကျိုးရှိအောင် အောက်သွားမရှိတဲ့ နွားကြီးလို ပြုံးဖြီးဖြီးနဲ့  ဂုဏ်ယူနေကြပါလေရဲ့ ၊ ကျေးဇူးပြုလို့  ကျေးဇူးဆပ်တဲ့အနေနဲ့  မြက်ပြန်ကျွေးတာကို စားရတဲ့ နွားကလည်း ၀မ်းသာနေသလို ဘေးနားမှ နွားများကလည်း အဲ့ဒီလို ကျွေးမယ့် မြက်ကို လိုချင်ဆန္ဒနဲ့  ထောက်ခံပြောနေတာလား ဒါမှမဟုတ် တကယ်ဘဲ မြက်ကျွေးတဲ့ နောက်က လက်က အမဲသားဖြစ်စေမယ့်လက်ဆိုတာ မသိကြတာလား။ အရင်ဆုံးကတော့ ကိုယ့်မြေကတော့ သူများ လက်ရောက်ပြီပေါ့။

နောက်တစ်ကြိမ် (သို့ ) အကြိမ်ကြိမ်သာ ဂုဏ်ထူးဆောင်ဆုတွေ သိန်းစိန်တို့  အာဏာရူးအုပ်စု ရရင်တော့ မြန်မာပြည်သူပြည်သားတွေ မြန်မာပြည်မှာ ……


အပြည့်ဖတ်မည်...

အလိမ်အညာ အာဏာရူးအုပ်စုရဲ့  မီဒီယာ။

အလိမ်အညာ အာဏာရူးအုပ်စုရဲ့  မီဒီယာ။

သိန်းစိန်တို့  အာဏာရူးတွေရဲ့  သတင်းမီဒီယာတွေဟာ အလိမ်အညာတွေနဲ့  သတင်းအမှားတွေ လုပ်ကြံဖန်တီးကာ ဒီမိုကရေစီအရေးဆောင်ရွက်နေတဲ့ တော်လှန်ရေးအင်အားစုတွေနဲ့  တိုင်းရင်းသားညီအကိုတွေကို ပြည်သူလူထုက အထင်မှား အမြင်မှားစေရန် ၀ါဒဖြန့်  လုပ်ကြံနေတယ်ဆိုတာ သက်သေတစ်ခု ထပ်ရလို့  ဖေါ်ပြလိုက်ရပါတယ်။

ကချင်ပြည်နယ်မှာ မင်းအောင်လှိုင်တို့  မတရားထိုးစစ်ဆင်တိုက်ခိုက်မှု စတင်နေချိန်မှာ အင်တာနက်စာမျက်နာတစ်ခုဖြစ်တဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ကချင်သတင်းဌာနတစ်ခုကဘဲ ဖေါ်ပြနေသယောင်နဲ့ ဆင်တူယိုးမှားအမည်နဲ့  သတင်းမှားတွေကို ၀ါဒဖြန့်  လုပ်ကြံနေတာကတော့ “Kachin Daily News” (https://www.facebook.com/pages/Kachin-Daily-News/367239923348076?sk=wall) ဆိုပြီး ပုံမှားရိုက်ကာ ကချင်ဘက်က သတင်းထုတ်သလိုလိုနဲ့  လိမ်ညာနေတဲ့ သိန်းစိန်တို့ ရဲ့  ယုတ်မာသော လုပ်ရပ်ဖြစ်ပါတယ်။

အဆိုပါ သိန်းစိန်တို့ ရဲ့  အတုအယောင် ဖေ့စ်ဘွတ်စာမျက်နှာ “Kachin Daily News” မှာ မကြာခင်အချိန်ပိုင်းကဘဲ သတင်းတစ်ပုဒ်ကို ဓါတ်ပုံတစ်ပုံနဲ့  တင်လိုက်တာ တွေ့ ရှိရပါတယ်။ အဲ့ဒီ လုပ်ကြံသတင်းကတော့ “KIA အကြမ်းဖက်သောင်းကျန်းသူများက ရတနာစံဘုန်းတော်ကြီးကျောင်းဆရာတော်အား ဖမ်းဆီး” ဆိုတဲ့ သတင်း ဖြစ်ပါတယ်။ သတင်းအတုရဲ့  ဖေါ်ပြချက်ကို အသေးစိတ် သိချင်တယ်ဆိုရင်တော့ ဒီမှာ https://www.facebook.com/photo.php?fbid=436477939757607&set=pb.367239923348076.-2207520000.1358937472&type=3&theater ဖတ်ကြည့်နိုင်ပြီး၊ သတင်းကို စင်ကာပူက ဆိုပြီး တိကျခိုင်မာမှု မရှိဘဲနဲ့  ယောင်ဝါးဝါး တမင်လုပ်ပြီး ဖေါ်ပြထားပါတယ်။ သတင်းကို လိမ်ညာထားရုံတင်မက အဓိက ဖေါ်ပြထားတဲ့ ဓါတ်ပုံကို ကြည့်ရင် KIA မှ စစ်ယူနီဖောင်းဝတ်ထားသူတွေက ကျောင်းထိုင်ဆရာတော်ကို အတင်းအဓမ္မ ဆွဲရမ်းပြီး ဖမ်းဆီးနေသလိုလိုနဲ့  ဖန်တီးထားတာဘဲ ဖြစ်ပါတယ်။


ဒီလိုမျိုးသတင်းအလိမ်အညာနဲ့  ဓါတ်ပုံအမှားကို ဖေါ်ပြထားတဲ့ သိန်းစိန်တို့  အာဏာရူးအုပ်စုရဲ့  ရည်ရွယ်ချက်ကတော့ ကချင်တော်လှန်ရေးအင်အားစုတွေနဲ့  ကချင်တိုင်းရင်းသားအချင်းချင်း သွေးခွဲခြင်း၊ ပြည်သူလူထုနဲ့  KIA အား ရန်တိုက်ပေးခြင်းတို့ အပြင် မိုက်ရိုင်းလွန်းတဲ့ လုပ်ရပ်ဖြစ်တဲ့ ဘာသာရေးအဓိကရုဏ်းဖြစ်အောင်ဖန်တီးခြင်းဘဲ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ပဋိပက္ခကို ဖန်တီးရာမှာ အစ္စလာမ်ဘာသာနဲ့  ဗုဒ္ဓဘာသာ ဘာသာရေးအဓိကရုဏ်းဖြစ်အောင် ရည်ရွယ်ဖန်တီးခဲ့တဲ့အပြင် ယခု ခရစ်ယာန်ဘာသာနဲ့  ဗုဒ္ဓဘာသာ ဘာသာရေးအဓိကရုဏ်းဖြစ်အောင် ဒီသတင်းအမှားကို ဖန်တီးလိုက်တာဘဲဆိုတာ သိသာပါတယ်။

“KIA အကြမ်းဖက်သောင်းကျန်းသူများက ရတနာစံဘုန်းတော်ကြီးကျောင်းဆရာတော်အား ဖမ်းဆီး” ဆိုတဲ့ လုပ်ကြံဖန်တီးထားတဲ့ သတင်းပါ ဓါတ်ပုံဟာ လွန်ခဲ့သော ၂၀၀၈ ခုနှစ် ဧပြီလ (၁) ရက်နေ့ က နီပေါနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ သတင်းပါ ဓါတ်ပုံဖြစ်ပြီး၊ ဒီဓါတ်ပုံကို သိန်းစိန်တို့ ရဲ့  ၀ါဒဖြန့် ချီမှိုင်းတိုက်တဲ့ “Kachin Daily News” ဖေ့စ်ဘွတ်က အသုံးချပြီး သတင်းလုပ်ကြံ ရေးသားဖေါ်ပြလိုက်တာဘဲ ဖြစ်ပါတယ်။

အဆိုပါ ဓါတ်ပုံပါ မူရင်း သတင်းကတော့ ၂၀၀၈ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့  နီပေါနိုင်ငံက တရုတ်သံရုံးရှေ့ မှာ ဆန္ဒပြကြတဲ့ တိဘက်ဘုန်းတော်ကြီး အပါး (၅၀) ခန့် ကို နီပေါနိုင်ငံ ရဲတွေက ဖမ်းဆီးတဲ့ သတင်းဖြစ်ပြီး သတင်းဓါတ်ပုံကို (AP) သတင်းဌာနက ရိုက်ကူးဖေါ်ပြထားတဲ့ ဓါတ်ပုံဘဲ ဖြစ်ပါတယ်။ သတင်းအသေးစိတ်နဲ့  အဲ့ဒီဓါတ်ပုံကို ကြည့်ချင်တယ်ဆိုရင်တော့ ဒီမှာ http://www.foxnews.com/story/0,2933,345151,00.html ကြည့်ပါတော့။


ဒီ အတုအယောင် သတင်းအမှားများ ပုံမှန်တင်နေတဲ့ အတုအယောင် ဖေ့စ်ဘွတ်စာမျက်နှာ “Kachin Daily News” ဟာ ကချင်တော်လှန်ရေးအင်အားစုတွေအပေါ် ပြည်သူလူထုက အထင်မှား အမြင်မှားစေရန် စိတ်ဓါတ်စစ်ဆင်ရေးနဲ့  ၀ါဒဖြန့် ချီရေး လုပ်ဆောင်နေတဲ့ သိန်းစိန်တို့  အာဏာရူးအုပ်စုရဲ့  လုပ်ရပ်ဖြစ်ပါတယ်။

ဒီလိုမျိုး ဟန်ဆောင်ပြောဆိုချက်တွေ အလိမ်အညာသတင်းတွေ အပျော့ဆွဲ ထောင်ချောက်ဆင်မှုတွေ၊ ပြည်သူလူထုက သနားအောင် ငိုပြမှုတွေ၊ တိုင်းပြည်ကြီးကို ကယ်တင်နေတဲ့ ကျေးဇူးရှင်အဖြစ် ခံယူနေမှုတွေ၊ အဓိကအရေးကိစ္စတွေ ဘေးရောက်သွားအောင် လွှတ်တော်အတွင်းမှာ အရေးတကြီး ဆွေးနွေးနေကြရတဲ့ သာမညကိစ္စများ ဖန်တီးထားမှုတွေ၊ မီးစတစ်ဖက် ရေမှုတ်တစ်ဖက် ယုတ်မာစွာကျင့်ကြံနေတဲ့ လုပ်ရပ်တွေ အစရှိတဲ့ ဟန်ဆောင်မျက်နှာဖုံးစွပ် အတွင်းဇာတိယုတ်ကို ပြနေကြတဲ့ အာဏာရူးအုပ်စုရဲ့  ပျားသကာထက် ချိုလွန်းပြနေတာကို သိကြစေဖို့  ဒီ သတင်းအမှားနဲ့  ဓါတ်ပုံအတုအယောင်အကြောင်း သက်သေပြလိုက်ရပါတယ်။

အပြည့်ဖတ်မည်...

Monday, January 21, 2013

မြန်မာပြည် ရန်ကုန်မှာ ဖြစ်ရသော ကျွန်တော်တို့  ဘ၀နဲ့  နေပြည်တော်မှာ ဖြစ်ရသော သူတို့  ဘ၀ ခြားနားမှု။

မြန်မာပြည် ရန်ကုန်မှာ ဖြစ်ရသော ကျွန်တော်တို့  ဘ၀နဲ့  နေပြည်တော်မှာ ဖြစ်ရသော သူတို့  ဘ၀ ခြားနားမှု။

အရှေ့တောင်အာရှတွင် ဒုတိယသက်တမ်းအရင့်ဆုံးဖြစ်သော တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) ကို ၁၉၀၆ ခုနှစ်တွင် အင်္ဂလိပ်မင်းဂျော့ဘုရင်နှင့် မေရီမိဖုရားတို့ အခမ်းအနားဖြင့် ဖွင့်လှစ်ခဲ့သော ရှေးဟောင်းသမိုင်းဝင် နေရာတစ်ခု ဖြစ်ပါသည်။


၎င်းသမိုင်းဝင် တိရစ္ဆာန်ဥယျာဉ်ကြီးအား ထိန်းသိမ်းစောက်ရှောက်မှုများ ပြုလုပ်ရန်အတွက် ၀န်ထမ်းများ ထားရှိ၍ နေထိုင်စရာ ၀န်ထမ်းလိုင်းခန်းများလည်း ဆောက်လုပ်ပေး၍ တိရစ္ဆာန်ဥယျာဉ်ကြီးအား ထိန်းသိမ်းစေခဲ့ ပါသည်။ (၂၅-၁-၂၀၀၆) ရက်နေ့တွင် (အတွင်းရေးမှူး-၁) ဒုတိယဗိုလ်ချုပ်ကြီးသိန်းစိန်၊ ယခု လက်ရှိတာဝန် ထမ်းဆောင်လျက်ရှိသော နိုင်ငံတော်သမ္မတကြီးကိုယ်တိုင် နှစ် (၁၀၀) ပြည့် မော်ကွန်းကျောက်စာတိုင်ကို တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) ၏ လိပ်ပုံကျွန်းအနီးတွင် စကျင်ကျောက်ဖြင့် ကျောက်စာတိုင်ပြုလုပ်ခဲ့ပြီး ထို ကျောက်စာတိုင်အား စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးပြီး၊ အသိမှတ်ပြုခဲ့သော တိရစ္ဆာန်ဥယျာဉ်ကြီး ဖြစ်ပါသည်။

ယခုအခါ အများပြည်သူများ သွားလာလွယ်ကူ၍ ကောင်းမွန်စွာ အပန်းဖြေနိုင်သော တိရစ္ဆာန်ဥယျာဉ်၊ ကျောင်းသား/သူများ သတ္တဗေဒ၊ ရုက္ခဗေဒနှင့် ဘူမိဗေဒပညာ ရှာမှီးစေရန် အထောက်အကူပြုပေးနေသော တိရစ္ဆာန်ဥယျာဉ်၊ နိုင်ငံတကာမှ ကမ္ဘာလှည့်ခရီးသွား ဧည့်သည်တော်များ လာရောက်၍ ရှေးဟောင်းအဆောက် အဦးကြီးများကို အစဉ်သဖြင့် လာရောက်လေ့လာလျှက်ရှိသော တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) ကို နိုင်ငံတကာအဆင့် မှီစေရန် (၁-၁၀-၂၀၁၁) ရက်နေ့တွင် နိုင်ငံတော်အစိုးရမှ ဦးတေဇပိုင်သော ထူးကုမဏီများအဖွဲ့သို့ နှစ်ရှည်စာချုပ်ဖြင့် ငှားရမ်းလုပ်ကိုင်စေခဲ့ပါသည်။ ယခုအခါ ၄င်းထက် ပိုမိုအကျိုးအမြတ်ရရှိစေရန် သစ်တောဦးစီးဌာနက တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) ထဲမှ တိရစ္ဆာန်များကို လှော်ကားဥယျာဉ်သို့ ပြောင်းရွှေ့ပြီး ကွန်ဒိုတိုက်ခန်းနှင့် အရောင်းပြခန်းများ ဆောက်လုပ်ရန် စီစဉ်လျက်ရှိပါသည်။

၂၂-၁-၂၀၁၃ ရက်စွဲပါ News Watch Weekly ဂျာနယ် အချပ်ပို (က) ဖော်ပြချက်အရ သမိုင်းဝင်အဆောက်အအုံများ၏ ဘေးပတ်လည် ကိုက် (၃၀၀) အတွင်း မည်သည့်အဆောက်အအုံမှ ပြန်လည်ဆောက်လုပ်ခွင့် ပြုလုပ်မည် မဟုတ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အသိုင်းအ၀ိုင်းမှ စုံစမ်းသိရှိရပါသည်ဟု ဖေါ်ပြထားရှိပါသည်။ တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) သည်လည်း သမိုင်းဝင်ရှေးဟောင်းအဆောက်အဦးများ တည်ရှိသောနေရာတစ်ခု ဖြစ်ပါသည်။


တိရစ္ဆာန်များကို လှော်ကားဥယျာဉ်သို့ ပြောင်းရွှေ့ရန် စီစဉ်လျက်ရှိပါသည်။ တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) သည် အရှေ့တောင်အာရှတွင် ဒုတိယသက်တမ်းအရင့်ဆုံး တိရစ္ဆာန်ရုံကြီးဖြစ်ပြီး၊ (၁၉၈၉) ခုနှစ်ထိ မြန်မာနိုင်ငံတွင် တစ်ခုတည်းသော တရိစ္ဆာန်ဥယျာဉ်ကြီး ဖြစ်ပါသည်။ တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) သည် ဒုတိယကမ္ဘာစစ် ကာလကပင် တိရစ္ဆာန်များကို မပျောက်မပျက် ရှေးမူမပျက် ပြသမှုရှိခဲ့ပါသည်။ စစ်ကြီးပြီးလျှင် အများပြည်သူများကို ပြသခဲ့ပါသည်။ ယခု ဒီမိုကရေစီခေတ်ကာလ၌ ယခင်ရှေးဟောင်း သမိုင်းဝင်များကို ဖျောက်ဖျက်ပြီး စီးပွားရေးဆန်ဆန် ဆောင်ရွက်မှုသည် သမိုင်းကြောင်းကို ညစ်ညမ်းစေနိုင်ပါသည်။ ယခုအခါ သစ်တော်ဦးစီးဌာနအနေ ဖြင့် တိရစ္ဆာန်များ ရွှေ့ပြောင်းခြင်းများကို စီမံဆောင်ရွက်ရန် စီစဉ်နေပြီး ၄င်းတိရစ္ဆာန်များကို မှီခိုဆောင်ရွက်နေသော ၀န်ထမ်းများသည်လည်း အလုပ်လက်မဲ့၊အိုးအိမ်မဲ့ဘ၀သို့ ရောက်ရှိစေနိုင်ပါသည်။


လူကို မဆိုထားဘိ၊ လှော်ကားတွင် ယခုလက်ရှိ ရှိနေသော တိရစ္ဆာန်များသည်ပင် အစာရေစာ ၀လင်စွာ မစားရ မသောက်ရဟု သိရပါသည်။ ဒီမိုကရေစီစနစ်ကို အလွဲသုံးစားလုပ်နေသော ခေတ်သစ်နာမည်ကြီး ခရိုနီများသည် မြန်မာပြည်က ဥပဒေများကို လက်တစ်လုံးခြား လုပ်စားလိုက်၊ ငါးသားလောက်လို ပေါင်းစားလိုက်နှင့် နားလှည့်ပါးရိုက်လုပ်လိုက်နှင့် ရိုးအသော လူထုများ၊ ဆင်းရဲသော ပြည်သူလူထုအများစုအပေါ်ကို မြန်မာပြည်သားလို့တောင် အသိအမှတ် မပြုတော့ဘဲ လုပ်ချင်သလို လုပ်နေကြသည်က ယခုထက်တိုင် ရန်ကုန်မြို့ကြီးကို သူ့အိမ်လို့များ သဘောထားပြီး ဖဲ့ချင်သလို ဖဲ့၊ သဲ့ချင်သလို သဲ့နေသည်ကိုတော့ လွှတ်တော်ကြီးက သိပါသလားဟု ပြည်သူများကမေးခွန်းထုတ်ရုံမျှသာ တတ်နိုင်ပါတော့ကြောင်း။

နေပြည်တော် ဆာဖာရီဥယျာဉ်ထဲက တိရစ္ဆာန်များမှာမူ ၀ဖီးဖြိုးကာ လွတ်လပ်မှုအပြည့်နှင့် ကမ္ဘာသမိုင်းဝင် မြန်မာတို့ ၏ တန်ဖိုးရှိ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်နှင့် သတ္တ၀ါအပေါင်းမှာတော့ အစာရေစာပြတ်ငတ် ပိန်ချုံးကာ အသက်ရှင်သန်မှုယဲ့ယဲ့နှင့် ယခုမှာ ပိုဆိုး၍ နေရာလည်းပျောက် ဘ၀လည်းပျောက်ကြရမည့် ဆိုးရွားလှသော ကံကြမ္မာနှင့် ရင်ဆိုင်နေရပါတော့တယ်။


မြန်မာပြည် ရန်ကုန်မှာ ဖြစ်ရသော ကျွန်တော်တို့  ဘ၀နဲ့  နေပြည်တော်မှာ ဖြစ်ရသော သူတို့  ဘ၀ ခြားနားလှပါပေတယ်။

(သတင်း/ဓါတ်ပုံ - လင်းဆက်)။

အပြည့်ဖတ်မည်...

ကောင်းသော ပူးပေါင်းမှုပြုလုပ်တာလားဆိုတာ သူမရဲ့  မဲဆန္ဒနယ်မြေမှ ပြည်သူလူထုက သိချင်နေကြပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ် (NLD) နှင့်အတူ မကြာခဏဆိုသလို တွေ့ မြင်နေရတဲ့ ကြံ့  ဖွတ်အမတ် လဲ့လဲ့ဝင်းဆွေကို ဒီလှိုင်းဂျာနယ် ရုံးခန်းဖွင့်ပွဲနေ့ က ထပ်တွေ့ ရပါတယ်။ ဒီလို ပူးပေါင်းနေတာ လဲ့လဲ့ဝင်းဆွေအနေနဲ့  စစ်မှန်သော ပြောင်းလဲမှုနဲ့  ကောင်းသော ပူးပေါင်းမှုပြုလုပ်တာလားဆိုတာ သူမရဲ့  မဲဆန္ဒနယ်မြေမှ ပြည်သူလူထုက သိချင်နေကြပါတယ်။


အပြည့်ဖတ်မည်...

ကချင်စစ်ဘေးဒုက္ခသည်များအတွက် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) မှ အလှူငွေကောက်ခံ။

ကချင်စစ်ဘေးဒုက္ခသည်များအတွက် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) မှ အလှူငွေကောက်ခံ။

တစ်နှစ်ကျော်ကြာမြင့်နေပြီဖြစ်သော ကချင်ပြည်နယ်အတွင်းရှိ ပြည်တွင်းစစ်ဒါဏ်ကြောင့် တိမ်းရှောင်ထွက်ပြေးနေရသော ကချင်တိုင်းရင်းသားစစ်ဘေးဒုက္ခသည်များအတွက် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်မှ ကျောင်းသား/သူများက ရန်ကုန်မြို့ရှိမြို့နယ်တချို့တွင် အလှူငွေများ လိုက်လံကောက်ခံနေကြပါသည်။

ဇန်န၀ါရီင်္လ (၁၇) ရက် ကြာသပတေးနေ့တွင် အလှူငွေကောက်ခံခြင်း ပထမနေ့အဖြစ် လှည်းတန်းလမ်းဆုံနှင့် ကမာ၇ွတ်မြို့နယ်တွင် လှည့်လည်အလှူခံခဲ့ကြရာ အ၀တ်အစားများ၊ အသုံးအဆောင်ပစ္စည်းများ အထုပ် (၂၀) ရရှိပြီး ငွေသားအလှူငွေ (၃၁၁၈၀၀) သုံးသိန်းတစ်သောင်းတစ်ထောင့်ရှစ်ရာကျပ် ရရှိခဲ့ပါသည်။

ဇန်န၀ါရီလ (၁၈) ရက် သောကြာနေ့တွင် ဒုတိယနေ့အဖြစ် စမ်းချောင်းမြို့နယ်အတွင်း လိုက်လံအလှူခံခဲ့ရာ အ၀တ်အစား၊စောင်နှင့် အသုံးအစောင်ပစ္စည်းများ အထုပ်ပေါင်း (၂၅) ထုပ်ရရှိပြီး ငွေသားသီးသန့်အလှူငွေအဖြစ် (၄၅၂၀၀၀) လေးသိန်းငါးသောင်းနှစ်ထောင်ကျပ် ရရှိခဲ့ပါသည်။

ဗကသများအဖွဲ့ချုပ်အနေဖြင့် ကချင်စစ်ဘေးသင့်ပြည်သူများအတွက် အလှူငွေဆယ်သိန်းရရှိသည်အထိ ဆက်လက်အလှူခံသွားမည်ဖြစ်ပြီး လာမည့်လကုန်ပိုင်းတွင် ကချင်ပြည်နယ်အတွင်းရှိ ဒုက္ခသည်စခန်းများသို့ ဗကသများအဖွဲ့ချုပ် မှ ကျောင်းသားကိုယ်စားလှယ်ငါးဦးသည် မိမိတို့စားစရိတ်နှင့် မိမိတို့ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းကြမည်ဖြစ်ပါသည်။

ယမန်နေ့တွင် ဗကသများအဖွဲ့ချုပ်မှ ကျောင်းသား/သူများသည် စမ်းချောင်းမြို့နယ်တွင် အလှူငွေကောက်ခံခြင်းအပြင် ပြည်တွင်းစစ်ရပ်စဲရေး Performance တစ်ခုကို "ပြေးနေရတာ တစ်နှစ်ကျော်ပြီ" ဟူသော စာသားဖြင့် သရုပ်ဖော်တင်ဆက်ခဲ့ကြပါသည်။

(သတင်း/ဓါတ်ပုံ - လွင်ပြင်)။



အပြည့်ဖတ်မည်...

Sunday, January 20, 2013

လူလည်ကျသော အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲနှင့် ကြံ့ ဖွတ် အုပ်ချူပ်ရေးမှူး၏ အရှုပ်တော်ပုံ။

လူလည်ကျသော အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲနှင့် ကြံ့ ဖွတ် အုပ်ချူပ်ရေးမှူး၏ အရှုပ်တော်ပုံ။

ကျွန်တော်တို့သည် တာမွေမြို့နယ်၊ ဗျိုင်းရေအိုးစင်ကွက်သစ်ရပ်ကွက်တွင် နေထိုင်သူများ ဖြစ်ပါသည်။ ကျွန်တော်တို့ ရပ်ကွက် အုပ်ချုပ်ရေးမှူးရွေးချယ်ရာတွင် ကြံ့ခိုင်ရေးပါတီ၏ လူလည်ကြပုံများကို တင်ပြတိုင်ကြားလိုပါသည်။

ဗျိုင်းရေအိုးစင်ကွက်သစ်ရပ်ကွက် အုပ်ချုပ်ရေးမှူးရွေးချယ်ရာတွင် လက်ရှိ အုပ်ချုပ်ရေးမှူး ဦးမြင့်ကျော်သည် ရပ်ကွက်စာရေးမနှင့်ပူးပေါင်းပြီး ဆယ်အိမ်စု မဲစာရင်းများခွဲရာတွင် ၄င်းတို့ လိုအပ်သလို ဆယ်စုမှူးများဖွဲ့ပြီး ပြုလုပ်ပါသည်။ နောက်ဆုံးတွင် ဆယ်စုမှူးအလိုက် ဖွဲ့စည်းနိုင်ခြင်း မရှိသည့်အခါ အိမ်ထောင်စု (၆) ဦး - (၇) ဦးတို့ဖြင့် ဖွဲ့ပြီး ဆယ်စူမှူးများ ရွေးချယ်ခဲ့ပါသည်။ လက်ရှိအုပ်ချုပ်ရေးမှူး “ဦးမြင့်ကျော်” သည် ကြံ့ခိုင်ရေးပါတီဝင်တစ်ဦးဖြစ်ပြီး ဆယ်စုမှူးများရွေးချယ်ရာတွင် ကြံ့ခိုင်ရေးပါတီဝင်များ အများစုပါဝင်အောင်စီစဉ်ကာ ထိုဆယ်အိမ်စုမှူးများအား မဲဆွယ်စည်းရုံးပြီး အုပ်ချုပ်ရေးမှူးအဖြစ် ပြန်လည်နေရာရရန် စီစဉ်ဆောင်ရွက်သွားသည်ကို တွေ့ရှိရပါသည်။ ကျွန်တော်တို့် ဗျိုင်းရေအိုးစင်ကွက်သစ်ရပ်ကွက်တွင် ဆယ်အိမ် စုမှူး (၆၄) ဦး ရွေးချယ်ခဲ့ရာ (၅၀) ဦးသည် ကြံ့ခိုင်ရေး ပါတီဝင်များ ဖြစ်ကြပါသည်။

ရွေးချယ်ထားသော ဆယ်စုမှူးများထဲတွင် ဒုစရိုက်မှုဖြင့် ထောင်ဒဏ်ကျခံခဲ့သူများပါဝင်ပြီး ယခုလက်ရှိ ဒူစရိုက်မှု့များ ပြုလုပ်နေသူများလည်း ပါဝင်နေပါသည်။ ထိုသူများမှာ -

(၁)။ ဦးကြူလွင် (ခ) ရဲခေါင်သည် ပုဒ်မ (၁၅-က) ချဲထီလောင်းကစားမှုဖြင့် ထောင်ဒဏ် (၃) နှစ် ကျခံဘူးသူဖြစ်ပြီး ယခုအခါ ရပ်ကွက်ကြံ့ခိုင်ရေးပါတီတွင် စည်းရုံးရေးမှူးတာဝန်ယူထားသူ နာမည်ပျက်ရှိသူ ဖြစ်ပါသည်။ ၄င်းသည် ဆယ်စုမှူးအဖြစ် ၀င်ရောက်အရွေးချယ်ခံနိုင်ရန် ရပ်ကွက်နေ ပြည်သူများအား ပါတီမှ ချေးငွေများကို (၁) ဦးလျှင် အတိုး (၈၀၀၀) ကျပ်လျော့ပေးမည်ဟု ပြောပြီး မဲဆွယ်စည်းရုံးကာ လက်ရှိအုပ်ချုပ်ရေးမှူး မြင့်ကျော်အား ပြန်လည်ရွေးချယ်မဲပေးရန် လိုက်လံစည်းရုံးခဲ့ပါသည်။


(၂)။ ဦးညွန့်ရှိန်သည် အိုးပိုင်အိမ်ပိုင်မရှိဘဲ အိမ်ငှားဖြင့် နေထိုင်ပြီး ရပ်ကွက်ကြံ့ခိုင်ရေးပါတီတွင် အမှုဆောင်တာဝန်ယူထားသူ ဖြစ်ပါသည်။ ၄င်းသည် ကားစပယ်ယာတစ်ဦးဖြစ်ပြီး ယာဉ်တိုက်မှုကြောင့် အချုပ်ခံခဲ့ဘူးသူတစ်ဦး ဖြစ်ပါသည်။


(၃)။ ဦးချိုအေး (ခ) ရေခဲသည် ဆယ်စုမှူးအဖြစ် အရွေးချယ်ခံရရန် လက်ရှိ အုပ်ချုပ်ရေးမှူး မြင့်ကျော်မှ မဲဆွယ်စည်းရုံးပြီး ရေခဲမှတစ်ဆင့် ၄င်းအုပ်ချုပ်ရေးမှူး ပြန်လည်ရရှိအောင် ဆောင်ရွက်ခဲ့ပါသည်။ ချိုအေး (ခ) ရေခဲသည် ရပ်ကွက်ထဲတွင် ယခုအချိန်အထိ ချဲဒိုင်ခံနေသူတစ်ဦးဖြစ်ပြီး ရပ်ကွက်ကြံ့ခိုင်ရေး ပါတီဝင်တစ်ဦးလည်း ဖြစ်ပါသည်။

(၄)။ ဦးခင်မြင့်ဆိုသူမှာလည်း ပုဒ်မ (၁၅-က) နှင့်လည်းကောင်း၊ ပြည့်တန်ဆာခေါင်းပုဒ်မဖြင့်လည်းကောင်း ထောင် (၂) ကြိမ်ကျဘူးသူတစ်ဦးဖြစ်ပြီး ရပ်ကွက်၏ နယ်နှင်ဒဏ်ခံထားရသူတစ်ဦး ဖြစ်ပါသည်။ ၄င်းကိုလည်း မြင့်ကျော်မှ ဆယ်စုမှူးဖြစ်အောင် စီစဉ်ဆောင်ရွက်ပေးပြီး သူ့  (မြင့်ကျော်) အား အုပ်ချုပ်ရေးမှူး ပြန်ဖြစ်အောင် မဲပေးစေခဲ့ပါသည်။

လက်ရှိအုပ်ချုပ်ရေးမှူး မြင့်ကျော်အား အုပ်ချုပ်ရေးမှူးအဖြစ် ပြန်လည်ရွေးချယ်နိုင်ရန်အတွက် “ရဲခေါင် (ခ) ကြူလွင်” နှင့် “ညွန့်ရှိန်” တို့သည် ဆယ်စုမှူးများထဲတွင် ၄င်းတို့ ကြံ့ခိုင်ရေးပါတီဝင်များ အများစုပါဝင်အောင် ဆောင်ရွက်ပြီး မသမာမှု့များဖြင့်” မြင့်ကျော်” မဲရရှိအောင် ဆောင်ရွက်ခဲ့သည်ကို ရပ်ကွက်နေပြည်သူများအားလုံး အသိဖြစ်ပါသည်။

အုပ်ချုပ်ရေးမှူး “မြင့်ကျော်” သည် အုပ်ချုပ်ရေးမှူးအင်္ဂါရပ်များနှင့် ပြည့်စုံသူ မဟုတ်ပါ။ သူသည် ၄င်း၏ မိန်းမ မသေဆုံးခင် မယားပြိုင်အဖြစ် “စန်းစန်းဦး” ဆိုသူ မိန်းကလေးကို လက်ထပ်ပေါင်းသင်းယူထားပါသည်။ ယခုအခါတွင် “မရီ” ဆိုသော မိန်းကလေးကို တရားဝင်ယူပြီး ၄င်း၏ နေအိမ်တွင် အတိအလင်းနေထိုင်နေသူ ဖြစ်ပါသည်။ “စန်းစန်းဦး” ဆိုသည့် မိန်းကလေးနှင့် “မြင့်ကျော်” သည် သာကေတ ရှု့ခင်းသာအိမ်ရာ တိုက် (အေ) အခန်းအမှတ် (၅၀၈) တွင် ယာယီသန်းခေါင်စာရင်းဖြင့် နေထိုင်နေပါသည်။ ၄င်းယာယီသန်းခေါင်စာရင်းအား အပိုင်ဆယ်အိမ်မှူး တိုက် (အေ) အခန်းအမှတ် (၁၀၄)နေ “ဦးမျိုးသန့်ဇင်” ဆိုသူမှ ထုတ်ပေးထားသည်ဟု စုံစမ်းသိရှိရပါသည်။ “စန်းစန်းဦး” သည် ကျွန်တော်တို့ ဗျိုင်းရေအိုးစင်ကွက်သစ်ရပ်ကွက်၊ အောင်ချမ်းသာလမ်း၊ တိုက်အမှတ် (၁၅) တွင် လက်ရှိနေထိုင်နေသူ ဖြစ်ပါသည်။ မြင့်ကျော်နှင့် စန်းစန်းဦးတို့အကြောင်းကိုလည်း ပတ်ဝန်းကျင်ရှိသူများ အားလုံးအသိဖြစ်ပြီး စုံစမ်းမေးမြန်းကြည့်နိုင်ပါသည်။

ထိုအကြောင်းအရာများကို ရပ်ကွက်ကော်မရှင်ထံ တင်ပြတိုင်ကြားခဲ့သော်လည်း ရပ်ကွက်ကော်မရှင်မှလည်း မည်သို့မျှ အရေးမယူဘဲ မြင့်ကျော်အား အတည်ပြုလိုက်သည်ကို တွေ့ရှိရပါသည်။ ထိုကော်မရှင်ထဲတွင်ပါသူ (၅) ဦးအနက် (၃) ဦးသည် ဆယ်စုမှူးအဖြစ် ရွေးချယ်ခံပြီး မြင့်ကျော်ကိုပင် မဲပေးခဲ့သည်ကို စုံစမ်းသိရှိရပါသည်။ နောင်မှ သိရသည်မှာ ထို ရပ်မိရပ်ဖ (၃) ဦးသည်လည်း မြင့်ကျော်မှ စည်းရုံးထားသည့်သူများ ဖြစ်ကြောင်း သိရှိရပါသည်။

သို့ဖြစ်ပါသဖြင့် ထိုတရားမျှတမှု မရှိသည့် ရွေးကောက်ပွဲအား အသိအမှတ် မပြုပါရန်နှင့် မသမာမှုပြုခဲ့သည့် ရပ်ကွက်ရပ်မိရပ်ဖများ၊ နာမည်ပျက်ရှိသည့် ကြံ့ခိုင်ရေးပါတီမှ လူများအား အရေးယူပေးပါရန် လူကြီးမင်းတို့ထံမှ တဆင့် တင်ပြတောင်းဆိုအပ်ပါသည်။

(သတင်း/ဓါတ်ပုံ - ကေကေတီ)။

အပြည့်ဖတ်မည်...

Saturday, January 19, 2013

ပါးစပ်အငှားဘ၀ရောက်ရှိနေရတဲ့ ပြန်ကြားရေး ဒုဝန်ကြီး (သို့ ) သမ္မတရဲ့  ပြောရေးဆိုခွင့်ရှိသူ ရဲထွဋ် သိစေဖို့ ။

ပါးစပ်အငှားဘ၀ရောက်ရှိနေရတဲ့ ပြန်ကြားရေး ဒုဝန်ကြီး (သို့ ) သမ္မတရဲ့  ပြောရေးဆိုခွင့်ရှိသူ ရဲထွဋ် သိစေဖို့ ။


ယခုခေတ် သမ္မတဖြစ်နေတဲ့ သိန်းစိန် ၀န်ကြီးချူပ်ဖြစ်ခဲ့တဲ့ လက်ထက်မှာလည်း အာဏာရှင်တို့ ရဲ့ ယုတ်မာတဲ့လုပ်ရပ်အတိုင်း အတိုက်အခံအင်အားစုတွေနဲ့  ရဟန်းရှင်လူ ကျောင်းသားပြည်သူလူထု တိုင်းရင်းသားတွေအပေါ်လိမ်လည်စွပ်စွဲ ဖန်တီးလုပ်ကြံတဲ့ ဖြစ်ရပ်တွေ ဖြစ်ခဲ့တယ်ဆိုတာ မကြာခင်ကမှ သေဆုံးခဲ့တဲ့ ကိုဖြိုးဝေအောင်ရဲ့  အဖြစ်အပျက်က သက်သေပြခဲ့ပါတယ်။

၂၀၁၀ ခုနှစ်၊ ဧပြီလ (၁၅)ရက် ၊ သကြန်အကြတ်နေ့ ဗုံးပေါက်ကွဲမှု X20 သင်္ကြန်မဏ္ဍပ် ဗုံးခွဲမှုနဲ့  ပတ်သက်ပြီး အထောက်အထား ခိုင်လုံမှု မရှိဘဲ မတရားစွပ်စွဲကာ ကိုဖြိုးဝေအောင်ကို ရဲချုပ်ဟောင်း (ယခုလက်ရှိ လ၀က၀န်ကြီး) ခင်ရီတို့ က ထောင်သွင်း အကျဉ်းချခဲ့တယ်၊ ညဉ်းပမ်းနှိပ်စက်မှုခဲ့တယ်၊ သေဒဏ် ချမှတ်ခဲ့ပါတယ်၊ နောက်ဆုံး ကိုယ်ခန္ဓာအောက်ပိုင်းသေပြီး အသည်းကင်ဆာရောဂါဝေဒနာရရှိတဲ့အချိန် အခြေအနေမကောင်းတော့မှ ပြန်လွှတ်ပေးခဲ့တယ်။ အပြစ်မဲ့တဲ့ ကိုဖြိုးဝေအောင်ခမြာ နောက်ဆုံး ဒီဒဏ်ရာဒဏ်ချက်တွေနဲ့  ဘ၀ကူးပြောင်းသွားခဲ့ရတယ်။

မြန်မာနိုင်ငံမှာ ဗုံးပေါက်ကွဲမှုဖြစ်တိုင်း အာဏာရှင်လူယုတ်မာတွေဟာ လုပ်ကြံစွပ်စွဲမှုတွေလုပ်လိုက်၊ အစီအစဉ်ကျကျ ယုတ္တိရှိအောင် အဖက်ဖက်က ဖန်တီးပြင်ဆင်လိုက်၊ သတင်းစာရှင်းလင်းပွဲတွေ ရုပ်ရှင်ရိုက်ပြသလို ဇာတ်လမ်းဇာတ်ကွက်တွေ ဓါတ်ပုံတွေ ဝေေ၀ဆာဆာနဲ့  ပြသပြောဆိုလိုက်နဲ့  နှစ်တိုင်း အကယ်ဒမီဆုရသင့်တဲ့ အာဏာရှင်အုပ်စုတို့ ရဲ့  လုပ်ရပ်က ခေတ်အဆက်ဆက် မရိုးနိုင်သော ဆောင်ရွက်မှုတွေပါဘဲ။ ဒီလိုမျိုး လုပ်ရပ်တွေ ဖန်တီးလုပ်ကြံဖို့ ဆောင်ရွက်လို့  ရအောင်များ၊ ဗုံးပေါက်ကွဲမှုတွေ ဒဏ်ရာရသူတွေ အသက်သေဆုံးနေကြတဲ့သူတွေရဲ့  ဓါတ်ပုံတွေပြသလို့ ရအောင်များ၊ သတင်းထုတ်ပြန် လိမ်ညာမှုတွေ ပြောဆိုလို့ ရအောင်များ အာဏာရှင်တွေကိုယ်တိုင်က ဗုံးပဒေသာတွေ ဝေေ၀ဆာဆာဖြစ်အောင် လုပ်နေသလားလို့  များစွာ သံသယရှိဖွယ် ဖြစ်နေခဲ့ပါပြီ။

ဗုံးပေါက်ကွဲတဲ့နေရာမှာလည်း မရှိ၊ မည်သည့်ခိုင်လုံသော သက်သေအထောက်အထားမှတ်တမ်းမှလည်း မရှိ၊ တရားဥ့ဒေအရလည်း ချေပပိုင်ခွင့် ဖြေရှင်းပိုင်ခွင့်မရှိဘဲ တစ်ဖက်သတ် စစ်ဆေးညဉ်းပမ်း အတင်းအဓမ္မ ၀န်ခံခိုင်း၊ အဆင့်သင့်ရိုက်ထားတဲ့ လိုရာဆွဲသုံးတဲ့ စာသားတွေကို ခြိမ်းခြောက်လက်မှတ်ထိုးခိုင်းပြီး ဗုံးပေါက်ကွဲမှု အစရှိတဲ့ အာဏာရှင်တို့ ရဲ့  လုပ်ကြံမှုမှာ တရားခံဖြစ်အောင် တရားခံရှာမှုမှာ တန်ဆာခံဖြစ်ကြရတဲ့ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူလူထု တိုင်းရင်းသားအပေါင်းတို့ ရဲ့ ဘ၀ဒုက္ခတွေထဲက ကိုဖြိုးဝေအောင်ကဲ့သို့ သော ဗုံးပေါက်ကွဲမှုအဖြစ်အပျက်တစ်ခုနဲ့ ပတ်သက်ပြီး မတရားစွပ်စွဲခံရ ဖန်တီးလုပ်ကြံခံရ ဇာတ်လမ်းဆင် ရှင်းလင်းတဲ့ အာဏာရှင်အုပ်စုရဲ့  သတင်းစာရှင်းလင်းပွဲမှာ တရားခံ ဖြစ်မှန်းမသိ ဖြစ်ခဲ့ရတဲ့ အဖြစ်တစ်ခုကို ပြန်လည် ဖေါ်ပြလိုက်ရပါတယ်။

၁၉၈၉ ခုနှစ်၊ ဇူလိုင်လ (၇) ရက်နေ့  သံလျင်ရေနံချက်စက်ရုံပေါက်ပွဲမှုနဲ့  ပတ်သက်ပြီး မတရားစွပ်စွဲဖမ်းဆီးခြင်းကို ခံခဲ့ကြရတဲ့ လူငယ် (၄) ဦးဖြစ်တဲ့ ကိုသန်းဇော်၊ ကိုမိုးကျော်သူ၊ ကိုညီညီဦးနဲ့  ကိုမိုးသီဟတို့ ရဲ့  အဖြစ်အပျက်မှန် ဖြစ်ပါတယ်။ ဒီ လူငယ် လေးဦးကို စတင်စွပ်စွဲပြီး ဒီမိုကရေစီရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်နေကြတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ် (NLD)၊ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂ (ဗကသ)၊ လူ့ ဘောင်သစ်ဒီမိုကရက်တစ်ပါတီမှ အဖွဲ့ ဝင်တွေအပါအ၀င် စုစုပေါင်း (၁၆) ယောက်ကို ဇတ်လမ်းဆင် အမှုတွဲထဲမှာ ဆွဲထည့်ခဲ့ပါတယ်။ တစ်ဖက်သတ် စီရင်ချမှတ်ချက်တွေနဲ့ သေဒဏ်အမိန့် တွေ ပေးခဲ့ပါတယ်။


ဒီလိုမျိုး ပေါက်ကွဲမှုတွေမှာ အာဏာရှင်အုပ်စုဟာ လုပ်ကြံဖန်တီး စွပ်စွဲဖမ်းဆီး ညဉ်းပမ်းနှိပ်စက် အဓမ္မ၀န်ခံခိုင်းကာ တရားခံဘ၀ကိုရောက်ခဲ့ကြရတဲ့ X20 သင်္ကြန်မဏ္ဍပ် ဗုံးပေါက်ကွဲမှုမှာ ကိုဖြိုးဝေအောင်ဟာ တရားခံမဟုတ်ဖူးဆိုတာ အများပြည်သူလူထုက သိရှိခဲ့ကြပါတယ်။ ထိုကဲ့သို့ ဘဲ ၁၉၈၉ ခုနှစ် ဇူလိုင်လ (၇) ရက်နေ့  သံလျင်ရေနံချက်စက်ရုံပေါက်ပွဲမှုနဲ့  ပတ်သက်ပြီး မတရားဖမ်းဆီးခံခဲ့ရသူဟာ တရားခံမဟုတ်သလို စွပ်စွဲခံရတဲ့ထဲက တစ်ဦးဖြစ်တဲ့ ကိုမိုးသီဟဟာလည်း သံလျင်ရေနံချက်စက်ရုံပေါက်ပွဲမှုမှာ ပါဝင်ဖို့ နေနေသာ မြန်မာပြည်တွင်းမှာတောင် မရှိခဲ့ဖူးဆိုတာကို ကာယကံရှင် ကိုမိုးသီဟကိုယ်တိုင် တရားဝင် ပြန်လည်ဖြေရှင်းခဲ့လို့  အာဏာရှင်အုပ်စုရဲ့  လိမ်ညာမှုကြီးဟာ ရှက်ဖွယ်ကောင်းလောက်အောင် ဖြစ်သွားပါတယ်။

အာဏာရှင်စစ်အုပ်စုဟာ သတင်းစာရှင်းလင်းပွဲလုပ် နိုင်ငံရေးအမြတ်ထုတ် ၀ါဒဖြန့် ချီမှိုင်းတိုက်ရရင်ပြီးရော တရားခံအမည်တပ်ဖို့ သာ လုပ်တာမို့  သံလျင်ရေနံချက်စက်ရုံပေါက်ပွဲမှုအကြောင်း သတင်းစာရှင်းလင်းပွဲကြီးဟာ လုပ်ကြံဇာတ်လမ်းကြီး ဖြစ်နေမှန်း ပေါ်လွင်သွားပါတယ်။

အမည်ဆွဲထည့်ခံရတဲ့ ကိုမိုးသီဟဟာ ၁၉၈၉ ခုနှစ်၊ ဧပြီလကတည်းက မြန်မာ - ထိုင်းနယ်စပ်ဒေသကို ရောက်ရှိနေပြီးဖြစ်ပြီး၊ သံလျင်ရေနံချက်စက်ရုံပေါက်ပွဲမှုအချိန်မှာ လုံးဝ မရှိသလို၊ ဒီပေါက်ကွဲမှုကိုလည်း အာဏာရှင်စစ်အုပ်စုရဲ့  သတင်းစာရှင်းလင်းပွဲလုပ်လို့  အမည်ပါလာမှ သိရတာ ဖြစ်ပါတယ်။


သံလျင်ရေနံချက်စက်ရုံပေါက်ပွဲမှုနဲ့  ပတ်သက်လို့ လည်း မတရားစွပ်စွဲဖမ်းဆီးစစ်ဆေးခံရတဲ့ အပြစ်မဲ့လူငယ်တွေထဲက တစ်ဦးကလည်း နောက်ပိုင်းမှ အဖြစ်မှန်ကို ဒီလို ထုတ်ဖေါ်ပြောကြားခဲ့ပါတယ်။

“ကျွန်ုပ်သည် ၎င်းဗုံးကိစ္စတွင် လုံးဝ ပါဝင်ပတ်သက်ခြင်း မရှိကြောင်း အချိန်နေရာ၊ သွားလာလှုပ်ရှားမှု အတိအကျကို အထောက်အထား ခိုင်လုံစွာဖြင့် သက်သေ သက်ကာယများ ခိုင်လုံစွာဖြင့် မည်မျှပင် ထပ်တလဲလဲ ပြောပြသော်လည်း ကျွန်ုပ်ကို စစ်ဆေးနေသော ထောက် လှမ်းရေးများသည် အတင်းအဓမ္မပင် ဗုံးခွဲသည်ဟု ရိုက်နှက် ထိုးကြိတ်၍ ဝန်ခံခိုင်းသည်။ ၎င်းတို့ ကျွန်ုပ်အား ညှဉ်းပန်း နှိပ်စက်မှုများထဲတွင် နှစ်ရက်တိတိ အစာမကျွေး၊ ရေမတိုက်ခြင်း၊ ဦးခေါင်းကို လုံးပတ် တကျပ်လုံးရှိ တုတ်ထိပ်ဖျားဖြင့် အချက်ပေါင်း မြောက်မြားစွာ ရိုက်ခြင်း၊ မတ်တတ်ရပ် ခြေကားပြီး ဒူးကို ကွေးခိုင်း၊ခြေဖျားထောက်ပြီး ခြေဖနောင့်အောက် တွင် အပ် ထောင်ထားခြင်း၊ နှစ်ရက်တိတိ မတ်တတ်ရပ်ခိုင်းခြင်းနှင့် ကျွန်ုပ်၏ လိင်တံကို တုတ်ဖြင့် ရိုက်နှက်ခြင်းတို့မှာ ကျွန်ုပ်အတွက် အရှင်လတ်လတ် ငရဲခန်းသို့ ရောက်နေသလို ခံစားရပါတယ်။

ကျွန်ုပ် ထပ်တလဲလဲ သက်ဆိုင်ရာများကို ပြောပါသည်။ သန်လျင် ရေနံချက်စက်ရုံဝင်းအတွင်း ဗုံးပေါက်ကွဲမှု ဖြစ်စဉ်တွင် ကျွန်ုပ်တို့ လုံးဝ မပါဝင် မပတ်သက်ကြပါ။ တရားခံ အစစ်အမှန်ကို ကြိုးစားပြီး စုံစမ်း ထောက်လှမ်းကြပါ။ ကျွန်ုပ်တို့မှာ တရားခံ အစစ်အမှန်များ လုံးဝ အလျဉ်းမဟုတ်သည့်အတွက် ကျွန်ုပ်တို့လည်း နစ်နာသည်။ မြန်မာနိုင်ငံ ထောက်လှမ်းရေးအဖွဲ့ အရှက်တကွဲ ဖြစ်မယ်။ ကျွန်ုပ် တိုင်းပြည်ကို အလွန်ချစ်ပါသည်။ ရေနံချက်စက်ရုံကြီး ပေါက်ကွဲသွားအောင်နှင့် တခြား ပြည်သူလူထု နစ်နာစေမည့် အဖျက်လုပ်ငန်းများကို ဘယ်တော့မှ လုပ်ဆောင်မည် မဟုတ်ကြောင်း လှိုက်လှိုက်လှဲ လှဲ ကျွန်ုပ်၏ ရင်တွင်းမှ ခံစားချက်များကို သေချာဂဏစွာ ပြောပြပါသော်လည်း ရိုက်နှက်၍သာ အတင်းဝန်ခံခိုင်းနေပါသည်။

၁ဝ ယောက်လောက်က ကျွန်ုပ်ကို ၀ိုင်းရိုက်တယ်။ နံကြားထဲကို လက်သီးနဲ့ ထိုးတဲ့သူက ထိုးတယ် (ကျွန်ုပ်ကို အဲဒီအချိန်က မျက်နှာကို အဝတ် မစည်းထားဘူး) ကျွန်ုပ် ခွေ လဲသွားတယ်၊ လက်ထိပ်ကို နောက်ပြန်ခတ်ထားတယ်။ ကိုယ်ကိုလည်း လက်ထိပ် အပြင် ထပ်ပြီး ကြိုးနဲ့တုပ်ထားတယ်။ နာကြည်းမှု၊ ဝမ်းနည်းမှု၊ ဒေါသဖြစ်မှု၊ ပြန်လည်တုံ့ပြန်လိုမှု မခံမရပ်နိုင်ဖြစ်မှု၊ စိတ်ကြေကွဲ ယူကျုံးမရဖြစ်မှု စတာတွေဟာ ရောယှက်ပြင်းထန်စွာ ပေါက်ကွဲနေစဉ်မှာပဲ ကျွန်ုပ် အကြံတခု ရလာတယ်။ (ကျွန်ုပ်နှင့် ပတ်သက်သည်ဟု ယူဆပြီး ဖမ်း ဆီးထားသူတွေလည်း အယောက် ၂ဝ ကျော်နေပြီ) အဲဒါက ကျွန်ုပ်မဖြတ်ရင် ဒီကိစ္စပြီးမှာ မဟုတ်ဘူး။ အားလုံးက အသား အနာမခံနိုင်ကြတော့ဘူး၊ တလေသံတည်း ဖြစ်ကုန်ပြီ ကျွန်ုပ်ဆီမှ ဂိတ်ဆုံးနေပြီး ကျွန်ုပ် တခုခု လုပ်ရတော့မယ်ပေါ့ သေမလား သို့မဟုတ် ပြန်တုံ့ပြန်မလား ဒါပဲ ရှိတော့တယ်။

ကျွန်ုပ် အကောင်းဆုံးဖြစ်မယ်လို့ ယူဆပြီး ပြန်တုံ့ပြန်ဖို့ ဆုံးဖြတ်လိုက်တယ်၊ ကျွန်ုပ် ခွေပြီး လဲကျသွားတာကို နှစ်ယောက် က ချုပ်ပေးတယ်။ ထိုးကြိတ်လိုက်၊ ရိုက်လိုက်ပေါ့။ ကျွန်ုပ် တခွန်းပဲ ပြောလိုက်တယ်။ “ခင်ဗျားတို့ ဖြစ်ချင်တာ ကျနော် ပြောမယ်” ကျွန်ုပ်ကို ရိုက်နှက်တာ ရပ်သွားတယ်။ သူတို့မျက်နှာတွေ ပြုံးလာတယ်၊ ခက်ထန်နေတာက ကျွန်ုပ်ပေါ့။

ကျွန်ုပ်ကို ဗုံးပေးတဲ့သူက ‘မိုးသီဟ’ ဆိုသူ ကျောက်တံတားမြို့နယ် လမ်း ၄ဝ တွင် နေထိုင်သူ၊ ကျွန်ုပ်က လိပ်စာကို အိမ် နံပါတ်မှ အစ အတိအကျ ပြောလိုက်တယ်။ ၎င်း မိုးသီဟသည် ၁၉၈၉ ဧပြီလ ၁ ရက်နေ့က တောခိုသွားတာက အစပေါ့၊ တနေ့ ကျွန်ုပ်ဆီ ရောက်လာပြီး ဗုံးခွဲရန် လာရောက် ပြောဆိုကြောင်း၊ ကျွန်ုပ်ကလည်း လုပ်ပေးမည်ဟု ပြောပြီး လုပ်ပေး လိုက်ကြောင်းပေါ့၊ ထောက်လှမ်းရေးတွေက ချက်ချင်းပဲ မိုးသီဟ လိပ်စာအတိုင်း သွားဖမ်းတာပေါ့၊ မမိဘူးတဲ့ (ဘယ်မိမှာ လဲ မိုးသီဟက ရှိမှ မရှိတာ၊ သူက တောထဲမှာပဲ။ မရှိတဲ့သူ၊ ဖမ်းလို့ မရမယ့် သူတွေကို ပြောရတာ။ မဟုတ်ဘဲနဲ့ ကိုယ် ပြောလို့ အဖမ်းခံရရင် သမိုင်းပျက်မှာပေါ့၊ သမိုင်းတော့ ဘယ်အပျက်ခံပါ့မလဲ) ထောက်လှမ်းရေးတွေ ပြန်ရောက်တော့ “မင်းပြောတာတွေ ဟုတ်တယ်။ ဒါပေမယ့် ဒီကောင် တောခိုသွားပြီး ကတည်းက အိမ်ကို ပြန်မလာဘူး” တဲ့၊ အိမ်က ဓာတ်ပုံတချို့ကို သိမ်းဆည်းလာပြီး ထောက်လှမ်းရေးတွေက ကျွန်ုပ်ကို ပြတယ်။ မိုးသီဟ အလှရိုက်ထားတဲ့ ပို့စကတ် ဆိုက် အဖြူအမည်းဓာတ်ပုံတွေ၊ ကျွန်ုပ်က “ဟုတ်တယ် အခု သူနဲ့တွေ့တာ ဒီပုံစံအတိုင်းပဲ” ဆိုပြီး အသားနားဆုံး ပုံတပုံ ကို ညွှန်ပြလိုက်တယ်။

ကျွန်ုပ် ထင်ထားသည့်အတိုင်းပဲ နောက်နေ့ သတင်းစာ၊ ရေဒီယို၊ ရုပ်မြင်သံကြား သတင်းတွေထဲမှာ ပါလာပါတော့တာ ပါပဲ။ တကမ္ဘာလုံး သိကုန်ပြီပေါ့ ဒီသတင်းက အမှန်လား အမှားလား တကယ်လား လံကြုပ်လားဆိုတာ ဘန်ကောက် သတင်းစာရှင်းလင်းပွဲက အဖြေပေးလိုက်တယ်။ မိုးသီဟက နိုင်ငံတကာ သတင်းထောက်တွေ သတင်းစာဆရာတွေကို ကျွန်ုပ်တို့ မဟုတ်ကြောင်း၊ NLD ကို သိက္ခာချခြင်း ဖြစ်ကြောင်းပေါ့” ဟု ကိုသန်းဇော် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် - လူငယ်) က နောက်ပိုင်းအချိန်ကာလ၌ ရှင်းလင်းပြောဆိုမှုအရလည်း သံလျင်ရေနံချက်စက်ရုံပေါက်ပွဲမှုတွင် မည်သည့် ကျောင်းသားလူငယ် နိုင်ငံရေးပါတီအဖွဲ့ အစည်းဝင်မျှ မပါရှိသည်ကို သိသာထင်ရှားလှပေသည်။


ဒီလို ကာယကံရှင်တွေကိုယ်တိုင် ခိုင်ခိုင်မာမာ ဖြေရှင်းမှုတွေပေါ်ထွက်လာပြီးတဲ့နောက်မှာ သံလျင်ရေနံချက်စက်ရုံပေါက်ပွဲမှုကိစ္စမှာ အပြစ်မဲ့တဲ့ လူငယ် (၁၆) ဦးဟာ မတရားစွပ်စွဲ ဖမ်းဆီးခံရပြီး သေဒဏ်တွေ တစ်သက်တစ်ကျွန်းတွေ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံခဲ့ရပါတယ်။

ယခင့်ယခင်ခေတ်တွေကတည်းက အဆိုပါအဖြစ်အပျက်တွေဖြစ်တဲ့ ဗုံးပေါက်ကွဲမှုတွေ စက်ရုံတွေ အလုပ်ရုံတွေ မီးရထားတွေ ဘူတာရုံတွေ စသဖြင့် ဘယ်နေရာမှာဘဲဖြစ်ဖြစ် တရားခံလို့  ဖမ်းဆီးခံရသူတွေကတော့ သတင်းစာရှင်လင်းပွဲတွေမှာ ပါလာလေ့ရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်ပါတီဝင်တွေ၊ ABSDF KNU NCGUB အစရှိတဲ့ အာဏာရျင်စနစ်ကို တိုက်ပွဲဝင်နေကြတဲ့ တော်လှန်ရေးအင်အားစုတွေရဲ့  အဖွဲ့ ဝင်တွေချည်းဘဲ ထပ်ခါတလဲလဲ ဖြစ်နေတာဟာ ဓါတ်ပြားဟောင်းကြီးကို မရိုးနိုင်အောင် ဖွင့်ဖွင့်ပြနေတဲ့ အာဏာရှင်အုပ်စုရဲ့  လုပ်ကြံဖန်တီးမှုဇာတ်လမ်းချည်းဘဲ ဖြစ်နေတာပါဘဲ။ ယခုခေတ်မှာတော့ KIO KIA တွေ လက်ချက်လို့  တံဆိပ်ကပ်နေတဲ့ ပေါက်ကွဲမှုတွေ ဖန်တီးလုပ်ကြံ ၀ါဒဖြန့် သတင်းထုတ်လွှင့်နေမှုနဲ့  ပုံစံတူပါဘဲ။

ဒီလို မြန်မာပြည်မှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ဖြစ်နေ၊ မတရားဖမ်းဆီးစွပ်စွဲမှုတွေ လုပ်နေ၊ သတင်းထုတ်ပြန် လုပ်ကြံဖန်တီးမှုတွေ ရှိနေတာတွေ ကြည့်ရင် တကယ့်တရားခံဟာ ဘယ်သူလည်းဆိုတာ သုံးသပ်ကြည့်ရင် အာဏာရှင်အုပ်စုလက်ချက်ဘဲဆိုတာ ပေါ်လွင်စေပါတယ်။ အာဏာအကျိုးစီးပွားအတွက် ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့ ယုတ်မာတဲ့ စိတ်ဓါတ်နဲ့  ပြည်သူလူထုအသက်အိုးအိမ်စည်းစိမ် ပျက်ပြားအောင် ရက်ရက်စက်စက်နဲ့  ဗုံးတွေကိုယ်တိုင်ထောင် ကိုယ်တိုင်ခွဲပြီး သတင်းဝါဒဖြန့် နိုင်ငံရေးအမြတ်ထုတ်ဖို့ လုပ်နေတဲ့ အာဏာရှင်စစ်အုပ်စုလက်ချက်ဆိုတာ အရင်းစစ် အဖြေရှာကြည့်ရင် သိသာပါတယ်။

၂၀၁၀ ခုနှစ်၊ ဧပြီလ (၁၅)ရက် ၊ သကြန်အကြတ်နေ့ ဗုံးပေါက်ကွဲမှု X20 သင်္ကြန်မဏ္ဍပ် ဗုံးခွဲမှုဖြစ်ပျက်မှုနဲ့  ၁၉၈၉ ခုနှစ်၊ ဇူလိုင်လ (၇) ရက်နေ့  သံလျင်ရေနံချက်စက်ရုံပေါက်ပွဲမှုတွေကို ကြည့်ရင် အာဏာရှင်စစ်အုပ်စုရဲ့  ယုတ်မာလွန်းလှသော လုပ်ရပ်ဆိုတာ သိရှိနိုင်ပါတယ်။

ဒီအတွက် လက်ရှိ ရွှေမန်း သိန်းစိန် မင်းအောင်လှုငိတို့ နဲ့  ၄င်းတို့ ရဲ့  ပါးစပ်အငှားဘ၀ရောက်ရှိနေရတဲ့ ပြန်ကြားရေး ဒုဝန်ကြီး (သို့ ) သမ္မတရဲ့  ပြောရေးဆိုခွင့်ရှိသူ ရဲထွဋ် (ကျော်ဆန်းထက် အလိမ်အညာ သာနိုင်မယ်ထင်လို့  နေရာပေးခံရသူ) သိစေဖို့ က ဓါတ်ပုံတွေနဲ့ ဖေါ်ပြနိုင်တိုင်း သတင်းစာရှင်းလင်းပွဲ လုပ်နိုင်တိုင်း၊ အရပ်သားတွေ ထိခိုက်စေတိုင်း အာဏာရှင်စစ်အုပ်စုက လုပ်တာမဟုတ်ဖူးလို့  ပြောရဲပါသလား။ အာဏာရှင် သက်ဆိုးစေရှည်ဖို့  အချင်းချင်းလည်း ဖြုတ်ထုတ်သတ်လုပ်တယ်၊ ပြည်သူလူထု သေကြေအောင်လည်း ဗုံးထောင်မိုင်းခွဲပြီး တော်လှန်ရေးအင်အားစု အတိုက်အခံတွေ လုပ်သလို လက်နက်ကိုင် တိုင်းရင်းသားအင်အားစုတွေ လုပ်သလိုနဲ့  စွပ်စွဲဖမ်းဆီး ၀ါဒဖြန့်  ယုတ်မာခဲ့တယ်ဆိုတာ သမိုင်းဖြစ်ရပ်တွေ ရှိတယ်ဆိုတာ ပြောကြားလိုက်ပါတယ်။


အပြည့်ဖတ်မည်...

Friday, January 18, 2013

“ပြည်သူ့ တပ်မတော်” ၊ နောက် “စစ်အစိုးရတပ်”က ပြောင်းသွားတဲ့ “အစိုးရတပ်”။

“ပြည်သူ့ တပ်မတော်”၊  နောက် “စစ်အစိုးရတပ်”က ပြောင်းသွားတဲ့ “အစိုးရတပ်”။

တစ်ချိန်တုန်းက ပြောခဲ့တယ် “နေ၀င်း တပ်” ၊ တစ်ချိန်တုန်းက ပြောခဲ့တယ် “မဆလ တပ်” ၊ တစ်ချိန်တုန်းက ပြောခဲ့တယ် “အာဏာရှင် လက်ကိုင်ဒုတ်တပ်” ၊ တစ်ချိန်တုန်းက ပြောခဲ့တယ် “ပြည်သူ့ သတ်မတော်” ၊ တစ်ချိန်တုန်းက ပြောခဲ့တယ် “ကြံ့ ဖွတ် လက်ပါးစေတပ်”။

ပြည်သူတွေ အားကိုးတဲ့ ပြည်သူ့ တပ်မတော်ဖြစ်စေဖို့  မျှော်လင့်စောင့်စား အားကိုးခဲ့ကြတယ်။ တပ်မတော်တစ်ခုလုံးအပေါ် သိမ်းကြုံးပြောတာတွေ မဖြစ်စေဘဲ မကောင်းသူခေါင်း ခေါက်ဖို့ သာ ကျင့်ခဲ့ကြတယ်။ သိမ်းကြုံးပြောရင် နာရမှာက သိမ်းကြုံးပြောသူတွေကို နာရမှာ မဟုတ်ပါဖူး၊ သိမ်းကြုံးအပြောခံရအောင် ဖြစ်စေတဲ့ ကိုယ့်အတွင်းထဲက မမှန်ကန်သူတွေကို အရင်ဆုံးနာရမှာပါ။ သိမ်းကြုံးးအပြောမခံချင်ရင် မဖြစ်စေချင်ရင် မမှန်ကန်သူတွေကို ပြုပြင်စေဖို့  ပြောင်းလဲစေဖို့  မရရင် ဖယ်ရှားဖို့  လုပ်ရမှာက အရင်ဆုံး ဖြစ်သင့် လုပ်သင့်တဲ့အရာပါ။

ဒီနေ့  ဒီအချိန် အာဏာရှင်တွေအတွက် ဦးစားပေးကာကွယ်နေတယ်၊ ကိုယ်ကျိုးစီးပွားအတွက်သာ ကြည့်နေကြတယ်၊ ရဟန်းရှင်လူပြည်သူလူထုကို ညဉ်းပမ်းနှိပ်စက်နေတယ်၊ တိုင်းရင်းသားညီအကိုတွေကို သတ်ဖြတ်နေတယ်။ ဒီဟာတွေ ခေတ်ပြောင်းတိုင်း ပိုဆိုးလို့ နေတယ်၊ အချိန်တိုင်း ပိုတိုးလို့ နေတယ်။ င်္ဒီအတွက် တပ်မတော်ထဲမှာ နိုင်ငံနဲ့  လူမျိုးအပေါ် သစ္စာမရှိသူတွေ များနေကြတယ်။ နီးရာဓါး ကြောက်ရတယ်၊ အခြေအနေ စောင့်ကြည့်နေရတယ်၊ အားလုံးပါရင် ပါမယ် စသဖြင့် ဆင်ခြေတွေအမျိုးမျိုးပြပြီး သေနတ်ကိုင် သူရဲကောင်းခံယူလိုသူတွေ သူရဲဘောကြောင်နေကြတယ်။ တိုင်းပြည်အတွက် ကိုယ်ကျိုးစွန့် ပါမယ်ဆိုတဲ့သူတွေ ကိုယ်ကျိုးအတ္တအတွက် ဦးစားပေးနေကြတယ်။

ယခုတော့ အာဏာရှင်ထိပ်ခေါင်တွေက ဒီလို ပြည်သူ့ အတွက် စစ်ထဲဝင်တဲ့ ပြည်သူ့ အတွက် အသက်ကို စွန့် ရဲပါတယ်ဆိုတဲ့သူ တပ်မတော်သားတွေအပေါ် ရီမောပြီး သုံးလိုက်တဲ့ အသုံးအနှုန်းကတော့ - “နေ၀င်း တပ်” “မဆလ တပ်” “အာဏာရှင် လက်ကိုင်ဒုတ်တပ်” “ပြည်သူ့ သတ်မတော်” “ကြံ့ ဖွတ် လက်ပါးစေတပ်” အားလုံးပေါင်းပြီး “အစိုးရတပ်” လို့  တရားဝင် ပြောလိုက်ပါပြီ။ “မြန်မာ့တပ်မတော်” “ပြည်သူ့ တပ်မတော်” ဆိုတာ “စစ်အစိုးရ” မှ စစ်ယူနီဖောင်းချွတ်ပြရုံနဲ့  “အစိုးရ” တပ် ဖြစ်သွားပါပြီ။ လွှတ်တော်ထဲမှာ စစ်ယူနီဖောင်းချွတ် အာဏာရှင် ဗိုလ်ချူပ်ကြီးဟောင်း လွှတ်တော်ဥက္ကဋ္ဌကြီး သူရ ရွှေမန်းက လက်မှတ်ထိုး ထုတ်ပြန်ကြေညာလိုက်ပြီ။ လာမယ့် မတ်လ (၂၇) ရက်နေ့  (တော်လှန်ရေးနေ့ ကို တပ်မတော်နေ့ ဆိုပြီး သမိုင်းကို လိုရာ ပြောင်းပြန်ဆွဲသုံးခဲ့တဲ့) မှာ တပ်မတော်နေ့ လား အစိုးရတပ်နေ့ လား ဘယ်ဟာ ပြောရဲပါသလည်း။

အခုတော့ အာဏာရှင် ဗိုလ်ချူပ်ကြီးဟောင်း ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌကြီးက အာဏာရှင်အလိုကျ တပ်ဖြစ်နေပြီဆိုတာ အပိုင် ဆွဲပြောလိုက်ပြီ “အစိုးရတပ်” တဲ့။ နာတတ်ရင် နာသင့်တယ်ဆိုတာ သိရင် တပ်မတော်သားတွေ ဆုံးဖြတ်ကြတော့။ ကြာရင် ရွှေမန်းတပ် သိန်းစိန်တပ် မင်းအောင်လှိုင် တပ် ဖြစ်တော့မယ်။

အပြည့်ဖတ်မည်...

ပေါ်တင်ကြေညာဖိတ်ခေါ်ပြီ။


အပြည့်ဖတ်မည်...

အကျဉ်းထောင်တွေကို နိုင်ငံတကာကြက်ခြေနီကော်မီတီ (ICRC) ဥက္ကဋ္ဌနဲ့ အဖွဲ့ က မကြာခင်မှာ သွားရောက်စစ်ဆေးမယ်ဆိုလို့ ။

အကျဉ်းထောင်တွေကို နိုင်ငံတကာကြက်ခြေနီကော်မီတီ (ICRC) ဥက္ကဋ္ဌနဲ့ အဖွဲ့ က မကြာခင်မှာ သွားရောက်စစ်ဆေးမယ်ဆိုလို့ ။

အကျဉ်းထောင်တွေကို နိုင်ငံတကာကြက်ခြေနီကော်မီတီ (ICRC) ဥက္ကဋ္ဌနဲ့ အဖွဲ့ က မကြာခင်မှာ သွားရောက်စစ်ဆေးမယ်၊ အကျဉ်းထောင်တွေရဲ့ သောက်ရေသုံးရေ၊ မိလ္လာစနစ်၊ ဆေးဝါးရရှိမှု၊ အကျဉ်းသားတွေရဲ့ ကျန်းမာရေး စတဲ့ အခြေအနေတွေကို ကြည့်ရှုစစ်ဆေးမယ်၊ အကျဉ်းသားတချို့နဲ့လည်း တစ်ဦးချင်းတွေ့ဆုံနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ICRC ဥက္ကဌ မစ္စတာ Peter Maurer က ပြောကြားတာ သိရလို့  သတိလေးတော့ ပေးလိုက်ချင်ပါတယ်။

မြန်မာပြည်က အကျဉ်းထောင်တွေကို ပြင်ပက အထူးသဖြင့် နိုင်ငံတကာက ပုဂ္ဂိုလ်တွေ အဖွဲ့ အစည်းတွေ လာရောက်စစ်ဆေးမယ်ဆိုရင် ဥာဏ်နီဥာဏ်နက်များတဲ့ အာဏာရှင်အုပ်စုဟာ အကျဉ်းထောင်အတွင်း ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားကြပါတယ်။ အကျဉ်းထောင် ပတ်ဝန်းကျင်သန့် ရှင်းရေး၊ အကျဉ်းသားတွေအတွက် နေထိုင်စားသောက်ရေး ကျန်းမာရေး အခွင့်အရေး အစစကို ဖန်တီးပြင်ဆင်ထားပြီး အဆိုပါ စစ်ဆေးမှုတွေကို စောင့်ဆိုင်းနေပါတယ်။ အဲ့ဒီ လာရောက်စစ်ဆေးသူတွေက မေးမြန်းလာရင်တောင် အဆင်ပြေအောင် ကောင်းမွန်မှု ရှိနေကြောင်း လိမ်ညာပြောဆိုဖို့  ဇာတ်တိုက်ထားပြီးသားပါ။ အကျဉ်းသားတွေထဲကတောင် အခွင့်အရေး မက်လုံးပေးထားပြီး အကြိုက်လေး လိုက်ပြောပေးဖို့  ပြင်ဆင်ရွေးချယ်ထားပြီးသားပါ။ နိုင်ငံတကာက သိတဲ့ နိုင်ငံရေးအကျဉ်းသားမျိုးဆို မေးမြန်းတာ အမှန်အတိုင်းပြောလိုက်ရင် နောက်ပိုင်း ခံစားရမယ့် ဝေဒနာတွေကတော့ မတွေးဝံ့အောင်ပါဘဲ။

မကြာခင် အကျဉ်းထောင်တွေကို သွားရောက်စစ်ဆေးမယ်ဆိုတဲ့ ဒီလိုတရားဝင်ကြေညာပြီး စစ်ဆေးလို့ ကတော့ အာဏာရှင်အုပ်စုရဲ့  အကြိုက် ၀ါဒဖြန့် ဖို့ ရအောင် ကိုယ်ကိုတိုင်က ၀င်ရောက်ကပြနေတဲ့ မျောက်ဖိုးစိန်ဘ၀ဖြစ်ရုံကလွဲလို့  အကျိုးအမြတ်က ကိုယ်ချည်းဘဲ ရှုံးပြီးသား ဖြစ်နေမှာပါ။

တစ်ချိန်တုန်းက အင်းစိန်အကျဉ်းထောင်အတွင်းကို ဒီလိုဝင်ရောက်စစ်ဆေးတဲ့သူတွေကို ပြသလိုက်တဲ့ အဖြစ်တစ်ခုကတော့ အကျဉ်းသားတွေရဲ့  အစားအသောက်တွေအတွက် စနစ်တကျ ပြင်ဆင် ကောင်းမွန်စွာ ကျွေးမွေးထားပါတယ်ဆိုတာ ပါးစပ်က အမြုပ်ထွက်လုမတတ် ရှင်းပြရုံမက ချက်ပြုတ်ကျွေးမွေးတဲ့ အိုးကြီးအိုးငယ်အသွယ်သွယ်ကို ပြထားလိုက်တာ အဆိုပါ အိုးတွေက အသစ်စက်စက် ပြောင်ပြောင်လက်လက် ဖြစ်နေတာကို အံ့သြဖွယ်တွေ့ မြင်ခဲ့လိုက်ရပါတယ်။



ထပ်ကာတလဲလဲ ပြောနေရတဲ့ ပြောစကားကတော့ အာဏာရှင်အုပ်စုရဲ့  လိမ်ညာနည်း အမျိုးမျိုးအဖုံဖုံကို ယုံသူများ တစ်ခါအညာခံရရင် ကိုယ်မသိလိုက်လို့  ထားပါတော့၊ အခါခါ အလိမ်ညာခံရရင်တော့ ကိုယ်အသုံးမကျလို့ ဘဲ ဆိုရမှာပါဘဲ။ အချို့ ကတော့ ညာတာ သိသိကြီးနဲ့  အညာခံလိုတာ အညာခံရတာ ကျေနပ်ရင်တော့ မပြောတတ်ဖူးပေါ့ဗျာ။

ဘာဘဲပြောပြော အကျဉ်းထောင်တွေကို နိုင်ငံတကာကြက်ခြေနီကော်မီတီ (ICRC) ဥက္ကဋ္ဌနဲ့ အဖွဲ့ က မကြာခင်မှာ သွားရောက်စစ်ဆေးပါတော့မယ်။ တကယ်ဘဲ အမှန်စစ်ဆေးနိုင်မလား၊ အာဏာရှင်အုပ်စုအတွက်တော့ အကွက်တစ်ခု ထပ်တိုးမှာလားဆိုတာကတော့။

အပြည့်ဖတ်မည်...

အကျဉ်းထောင်တွေကို နိုင်ငံတကာကြက်ခြေနီကော်မီတီ (ICRC) ဥက္ကဋ္ဌနဲ့ အဖွဲ့ က မကြာခင်မှာ သွားရောက်စစ်ဆေးမယ်ဆိုလို့ ။

အကျဉ်းထောင်တွေကို နိုင်ငံတကာကြက်ခြေနီကော်မီတီ (ICRC) ဥက္ကဋ္ဌနဲ့ အဖွဲ့ က မကြာခင်မှာ သွားရောက်စစ်ဆေးမယ်ဆိုလို့ ။

အကျဉ်းထောင်တွေကို နိုင်ငံတကာကြက်ခြေနီကော်မီတီ (ICRC) ဥက္ကဋ္ဌနဲ့ အဖွဲ့ က မကြာခင်မှာ သွားရောက်စစ်ဆေးမယ်၊ အကျဉ်းထောင်တွေရဲ့ သောက်ရေသုံးရေ၊ မိလ္လာစနစ်၊ ဆေးဝါးရရှိမှု၊ အကျဉ်းသားတွေရဲ့ ကျန်းမာရေး စတဲ့ အခြေအနေတွေကို ကြည့်ရှုစစ်ဆေးမယ်၊ အကျဉ်းသားတချို့နဲ့လည်း တစ်ဦးချင်းတွေ့ဆုံနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ICRC ဥက္ကဌ မစ္စတာ Peter Maurer က ပြောကြားတာ သိရလို့  သတိလေးတော့ ပေးလိုက်ချင်ပါတယ်။

မြန်မာပြည်က အကျဉ်းထောင်တွေကို ပြင်ပက အထူးသဖြင့် နိုင်ငံတကာက ပုဂ္ဂိုလ်တွေ အဖွဲ့ အစည်းတွေ လာရောက်စစ်ဆေးမယ်ဆိုရင် ဥာဏ်နီဥာဏ်နက်များတဲ့ အာဏာရှင်အုပ်စုဟာ အကျဉ်းထောင်အတွင်း ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားကြပါတယ်။ အကျဉ်းထောင် ပတ်ဝန်းကျင်သန့် ရှင်းရေး၊ အကျဉ်းသားတွေအတွက် နေထိုင်စားသောက်ရေး ကျန်းမာရေး အခွင့်အရေး အစစကို ဖန်တီးပြင်ဆင်ထားပြီး အဆိုပါ စစ်ဆေးမှုတွေကို စောင့်ဆိုင်းနေပါတယ်။ အဲ့ဒီ လာရောက်စစ်ဆေးသူတွေက မေးမြန်းလာရင်တောင် အဆင်ပြေအောင် ကောင်းမွန်မှု ရှိနေကြောင်း လိမ်ညာပြောဆိုဖို့  ဇာတ်တိုက်ထားပြီးသားပါ။ အကျဉ်းသားတွေထဲကတောင် အခွင့်အရေး မက်လုံးပေးထားပြီး အကြိုက်လေး လိုက်ပြောပေးဖို့  ပြင်ဆင်ရွေးချယ်ထားပြီးသားပါ။ နိုင်ငံတကာက သိတဲ့ နိုင်ငံရေးအကျဉ်းသားမျိုးဆို မေးမြန်းတာ အမှန်အတိုင်းပြောလိုက်ရင် နောက်ပိုင်း ခံစားရမယ့် ဝေဒနာတွေကတော့ မတွေးဝံ့အောင်ပါဘဲ။

မကြာခင် အကျဉ်းထောင်တွေကို သွားရောက်စစ်ဆေးမယ်ဆိုတဲ့ ဒီလိုတရားဝင်ကြေညာပြီး စစ်ဆေးလို့ ကတော့ အာဏာရှင်အုပ်စုရဲ့  အကြိုက် ၀ါဒဖြန့် ဖို့ ရအောင် ကိုယ်ကိုတိုင်က ၀င်ရောက်ကပြနေတဲ့ မျောက်ဖိုးစိန်ဘ၀ဖြစ်ရုံကလွဲလို့  အကျိုးအမြတ်က ကိုယ်ချည်းဘဲ ရှုံးပြီးသား ဖြစ်နေမှာပါ။

တစ်ချိန်တုန်းက အင်းစိန်အကျဉ်းထောင်အတွင်းကို ဒီလိုဝင်ရောက်စစ်ဆေးတဲ့သူတွေကို ပြသလိုက်တဲ့ အဖြစ်တစ်ခုကတော့ အကျဉ်းသားတွေရဲ့  အစားအသောက်တွေအတွက် စနစ်တကျ ပြင်ဆင် ကောင်းမွန်စွာ ကျွေးမွေးထားပါတယ်ဆိုတာ ပါးစပ်က အမြုပ်ထွက်လုမတတ် ရှင်းပြရုံမက ချက်ပြုတ်ကျွေးမွေးတဲ့ အိုးကြီးအိုးငယ်အသွယ်သွယ်ကို ပြထားလိုက်တာ အဆိုပါ အိုးတွေက အသစ်စက်စက် ပြောင်ပြောင်လက်လက် ဖြစ်နေတာကို အံ့သြဖွယ်တွေ့ မြင်ခဲ့လိုက်ရပါတယ်။



ထပ်ကာတလဲလဲ ပြောနေရတဲ့ ပြောစကားကတော့ အာဏာရှင်အုပ်စုရဲ့  လိမ်ညာနည်း အမျိုးမျိုးအဖုံဖုံကို ယုံသူများ တစ်ခါအညာခံရရင် ကိုယ်မသိလိုက်လို့  ထားပါတော့၊ အခါခါ အလိမ်ညာခံရရင်တော့ ကိုယ်အသုံးမကျလို့ ဘဲ ဆိုရမှာပါဘဲ။ အချို့ ကတော့ ညာတာ သိသိကြီးနဲ့  အညာခံလိုတာ အညာခံရတာ ကျေနပ်ရင်တော့ မပြောတတ်ဖူးပေါ့ဗျာ။

ဘာဘဲပြောပြော အကျဉ်းထောင်တွေကို နိုင်ငံတကာကြက်ခြေနီကော်မီတီ (ICRC) ဥက္ကဋ္ဌနဲ့ အဖွဲ့ က မကြာခင်မှာ သွားရောက်စစ်ဆေးပါတော့မယ်။ တကယ်ဘဲ အမှန်စစ်ဆေးနိုင်မလား၊ အာဏာရှင်အုပ်စုအတွက်တော့ အကွက်တစ်ခု ထပ်တိုးမှာလားဆိုတာကတော့။

အပြည့်ဖတ်မည်...

အစိုးရသတင်းများ၊ Internet Website တို့မှ လွှတ်တော် ကိုယ်စားလှယ်များအပေါ် ဝေဖန်တိုက်ခိုက်နေမှုများနှင့် ပတ်သက်၍။


အစိုးရသတင်းများ၊ Internet Website တို့မှ လွှတ်တော် ကိုယ်စားလှယ်များအပေါ် ဝေဖန်တိုက်ခိုက်နေမှုများနှင့် ပတ်သက်၍။

အမေး၊

ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ကျိုင်းတုံ မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးစတီဖန်ဖြစ်ပါတယ်။

ကျွန်တော် မေးမြန်းမှာက အစိုးရသတင်းများ၊ Internet Website တို့မှ လွှတ်တော် ကိုယ်စားလှယ်များအပေါ် ဝေဖန်တိုက်ခိုက်နေမှုများနှင့် ပတ်သက်၍ လွှတ်တော်မှ တုံ့ပြန်ဆောင်ရွက် နေမှုများနှင့် ပတ်သက်၍ ဆက်စပ်နေသည့် မေးခွန်းများ မေးမှာဖြစ် ပါတယ်ခင်ဗျား။

လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။

တတိယမေးခွန်းအဖြစ် မေးမြန်းလိုသည်မှာ ပြည်ထောင်စု လွှတ်တော်ကို ပြည်သူ သန်း ၆၀ အတွက် ကိုယ်စားပြုထားသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပါသည်။ ယခုအချိန်အခါတွင် လွှတ်တော်များနှင့် လွှတ်တော် ကိုယ်စားလှယ်များ၏ ဂုဏ်သိက္ခာ ကျဆင်းအောင် နည်းမျိုးစုံဖြင့် တိုက်ခိုက်နေခြင်းကို ပြည်သူလူထုကို စော်ကား တိုက်ခိုက်နေခြင်း ဖြစ်ကြောင်း သိရှိပါသလား။

သိရှိပါက ယင်းကဲ့သို့ ဆောင်ရွက်နေမှုများ အပေါ် လွှတ်တော်က မည်ကဲ့သို့ သဘောထားသည်ကို သိရှိလိုပါသည်။ ယခုအချိန်သည် မြန်မာနိုင်ငံ ကို ဒီမိုကရေစီနိုင်ငံတော်အဖြစ် တည်ဆောက်နေသည့်ကာလဖြစ်ပါသည်။ ထိုသို့ တည်ဆောက်နေ သည့်အခါ ဒီမိုကရေစီကျင့်စဉ်ြဖင့် မှန်ကန်စွာ အကောင်အထည်ဖော်တည်ဆောက်သွားရန် လိုအပ်ပါ သည်။ အမှန်တကယ် တည်ဆောက်မည်ဆိုပါက လွှတ်တော်များ၏ ကဏ္ဍကို ပီပြင်စွာ ဆောင်ရွက် နိုင်ပါမှ ဒီမိုကရေစီစနစ်ပီပြင်စွာဖြစ်ထွန်းမည်ဖြစ်ပါသည်။ ထိုသို့ဆောင်ရွက် နိုင်ရေး အတွက် လွှတ်တော်က မည်ကဲ့သို့ သဘောထားရှိသည်ကို သိရှိလိုပါသည်ခင်ဗျား။ အားလုံးကို ကျေးဇူး တင်ပါတယ်။

အဖြေ။

ဒေါက်တာစိုးရင် (အတွင်းရေးမှူး၊ လွှတ်တော်အခွင့်အရေး ကော်မတီ) ။

လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များအား မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်တော်ကတော့ ပြည်သူ့ လွှတ်တော် အခွင့်အရေးကော်မတီ အတွင်းရေးမှူး ဒေါက်တာစိုးရင်ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ကျိုင်းတုံ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစတီဖန်ရဲ့ မေးခွန်းများကို ပြည်သူ့လွှတ်တော် အခွင့်အရေး ကော်မတီကိုယ်စား ဖြေကြားမှာဖြစ်ပါတယ်။

တတိယမေးခွန်းဖြစ်တဲ့ လွှတ်တော်များနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ ဂုဏ်သိက္ခာ ကျဆင်းအောင် နည်းမျိုးစုံဖြင့်တိုက်ခိုက်နေခြင်းသည် ပြည်သူလူထုကို စော်ကားတိုက်ခိုက်နေခြင်း ဖြစ်ကြောင်း သိရှိပါသလား။ သိရှိပါက ယင်းကဲ့သို့ ဆောင်ရွက်မြေမှုများအပေါ် လွှတ်တော်က မည်ကဲ့သို့ သဘောထားသည်ဆိုတဲ့ မေးခွန်းကို ဖြေကြားပါမယ်။

ဥက္ကဋ္ဌကြီးခင်ဗျား။

ယခုအခါမှာ လွှတ်တော်မှ ဥပဒေနှင့်အညီဆောင်ရွက်နေတဲ့ လုပ်ငန်းတွေရဲ့ အဖြစ်မှန်အချက်အလက်တွေပေါ်မှာ ထင်ရောင်ထင်မှားဖြစ်နေစေနိုင်တဲ့ ဝေဖန်သုံးသပ်မှုတွေ လွှတ်တော်များနှင့် လွှတ်တော်ကိုယ်စားလှယ် များရဲ့ ဂုဏ်သိက္ခာကို ကျဆင်းစေတဲ့ ဖော်ပြချက်တွေ ဝေဖန်သုံးသပ်မှုတွေ လွှတ်တော်ကိုယ်စားလှယ် များက ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်တွေခံစားရသလို ခံစားခွင့်တွေ လိုချင်နေတဲ့ ပုံစံမျိုးတွေနဲ့ နိုင်ငံပိုင် သတင်းစာများ၊ သတင်းမီဒီယာများ၊ Internet Website များက တစ်ဖက်သတ်ဝေဖန်တိုက်ခိုက်မှု တွေကို ပြည်ထောင်စုလွှတ်တော်တစ်ရပ်လုံးနှင့် လွှတ်တော်ကိုယ်စားလှယ်များ အားလုံးက သိရှိနား လည်သဘောပေါက်လျက်ရှိပါကြောင်း လွှတ်တော်အခွင့်အရေး ကော်မတီကိုယ်စား ဖြေကြားအပ်ပါ တယ်။

ဥက္ကဋ္ဌကြီးခင်ဗျား။

ဒီလို ရေးသားဖော်ပြနေကြတာဟာ ပြည်သူများနှင့်လွှတ်တော်များအကြား ပြည်သူများနှင့် လွှတ်တော်ကိုယ်စားလှယ်များအကြား အထင်အမြင်လွဲများမှုတွေ ပေါ်ပေါက်စေဖို့ ရည်ရွယ်ချက်ထားပြီး ရေးသားဖော်ပြတိုက်ခိုက်နေကြတာဖြစ်ပါတယ်။ လွှတ်တော်များရဲ့ကဏ္ဍဟာ ဒီမိုကရေစီနိုင်ငံတော်သစ်ရဲ့ အဓိကမဏ္ဍိုင်ကြီးတစ်ခုဖြစ်ပါတယ်။ လွှတ်တော်များရဲ့ ဂုဏ်သိက္ခာကို ကျဆင်းအောင်ဆောင်ရွက်နေခြင်းဟာ ဒီမိုကရေစီနိုင်ငံတော်သစ်ရဲ့ ဂုဏ်သိက္ခာကို ကျဆင်းအောင် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များ အားလုံးက သဘောထား ထားရှိပါကြောင်း တင်ပြလိုပါတယ်။ ကျွန်တော်တို့ လွှတ်တော် များဟာ ပြည်သူသန်း ၆၀ ကို ကိုယ်စားပြုတဲ့ လွှတ်တော်များဖြစ်ပါတယ်။ ဒါကြောင့် ပြည်ထောင်စု လွှတ်တော်ရဲ့ ဂုဏ်သိက္ခာကို ကျဆင်းအောင် နည်းမျိုးစုံနှင့် တိုက်ခိုက်နေခြင်းသည် ပြည်သူလူထုကို စော်ကား တိုက်ခိုက် နေခြင်းဖြစ်ကြောင်း လွှတ်တော်က သဘောထားပါကြောင်း တင်ပြလိုပါတယ်။ လွှတ်တော်နည်းတူ သန်း ၆၀ သော ပြည်သူအပေါင်းတို့ကလည်း နားလည် သဘောပေါက် နေကြတာဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုဆောင်ရွက်မှုများ အတွက် ပြည်သူ သန်း ၆၀ ရဲ့ ဒဏ်ခတ်ခြင်းကို ခံကြရမှာဖြစ်ကြောင်း လွှတ်တော်ရဲ့ သဘောထားကို တင်ပြအပ်ပါတယ်။

တုန့် ပြန်ချက်။

(၁)။ အစိုးရသတင်းများ၊ Internet Website တို့မှ လွှတ်တော် ကိုယ်စားလှယ်များအပေါ် ဝေဖန်တိုက်ခိုက်နေမှုများနှင့် ပတ်သက်၍ ဆိုရာမှာ - အစိုးရထိန်းချူပ်ထားသော တစ်ဖက်သတ် ဖေါ်ပြနေသည့် နိုင်ငံတော်ပိုင် သတင်းစာဟုဆိုသည့် ကြေးမုံ မြန်မာ့အလင်း မြန်မာတိုင်းမ်သတင်းစာများနှင့်တစ်ကွ မြန်မာရုပ်မြင်သံကြား အစိုးရဘက်တော်သား အုပ်စုလိုက် သတင်းအမှားများ ဖြန့် နေသော အင်တာနက်စာမျက်နှာများသည် မှန်ကန်မှု ရှိပါရဲ့ လား။ မမှန်မကန် မှားယွင်းစွာ ဖေါ်ပြနေသော အဆိုပါ အစိုးရသတင်းဟုဆိုသည့် သတင်းများကို ဝေဖန်မှုပြုခြင်းသည် အမှန်တရားအတွက် ထောက်ပြခြင်းဟု သတ်မှတ်ပါမည်လား (သို့ ) အမှားများကို ထောက်ပြချင်းအား တိုက်ခိုက်ခြင်းဟု စွပ်စွဲပါမည်လား။

(၂)။ လွှတ်တော်ကိုယ်စားလှယ်များအပေါ်ပြောဆိုနေမှုများနှင့် ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်ဆိုသည်မှာ မိမိတို့ သက်ဆိုင်ရာနေရာဒေသမှ ပြည်သူလူထု၏ ရွေးကောက်မှုအပေါ် အခြေခံ၍ တင်မြှောက်ရွေးချယ်ခံမှုမှစကာ မဲဆန္ဒနယ်မြေအခြေခံ ပြည်သူလူထုအတွက်အပါအ၀င် တိုင်းပြည်နှင့် လူမျိုးတစ်ရပ်လုံးအကျိုးအတွက် ကိုယ်စားပြု ပြောဆိုဆောင်ရွက်ရသည့် တစ်နည်းပြောရလျှင် ပြည်သူလူထုမှ ပြောဆိုလိုလားသည့်ဆန္ဒများကို ပြည်သူလူထုမှ ခိုင်းစေတာဝန်ပေးအပ်သည့်အတိုင်း တစ်သွေမသိမ်း ဆောင်ရွက်ပေးရမည့်သူများ ဖြစ်သည်။ ထိုသို့ သော ဆောင်ရွက်မှုမရှိ ကြိုးပမ်းမှုမရှိဘဲ ပြည်သူလူထုလခစား၍ “မပြုတ် မရှုပ် မလုပ်” ဘဲ လွှတ်တော်ထဲတွင် ထိုင်ရုံမျှ ထိုင် ငိုက်မြည်းနေရုံသမက မိမိအကျိုးစီးပွားအတွက် နေရာမြဲအောင် အမှန်ဖေါ်ထုတ်ဖို့  ဝေးစွ အမှားများအား သိသိကြီးဖြင့် ငြိမ်နေ ထောက်ခံနေသည့် လွှတ်တော်ကိုယ်စားလှယ်များအပေါ် ဝေန်ဖန်မှုပြုခြင်းသည် အမှန်တရားအတွက် ထောက်ပြခြင်းဟု သတ်မှတ်ပါမည်လား (သို့ ) အမှားများကို ထောက်ပြချင်းအား တိုက်ခိုက်ခြင်းဟု စွပ်စွဲပါမည်လား။

(၃)။ ပြည်ထောင်စု လွှတ်တော်ကို ပြည်သူ သန်း (၆၀) အတွက် ကိုယ်စားပြုထားသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ လွှတ်တော်များနှင့် လွှတ်တော် ကိုယ်စားလှယ်များ၏ ဂုဏ်သိက္ခာ ကျဆင်းအောင် နည်းမျိုးစုံဖြင့် တိုက်ခိုက်နေခြင်းကို ပြည်သူလူထုကို စော်ကား တိုက်ခိုက်နေခြင်း ဖြစ်ကြောင်း သိရှိပါသလားဟု ဆိုရာတွင် - လက်ရှိ လွှတ်တော် ပေါ်ပေါက်ခဲ့သည့် သန္ဓေမမှန် အခြေမခိုင် မျိုးမမှန်သည့် လွှတ်တော်ဖြစ်သည်ကို ပြည်သူလူထု သန်း (၆၀) က ပြန်ပြောစေချင်လျှင် အဆိုပါ လွှတ်တော်အတွင်းသို့  ပြည်သူလူထု မည်သူမဆိုကို ဆန္ဒအမှန်အတိုင်း အများပြည်သူမျက်မြင် ရှေ့ မှောက် ပြောဆိုခိုင်းရဲပါသလား။

သို့ ဖြစ်၍ မမှန်ကန်သော လွှတ်တော်များနှင့် လွှတ်တော် ကိုယ်စားလှယ်များအား ဝေဖန်ပြုခြင်းသည် စစ်မှန်သော ဒီမိုကရေစီနိုင်ငံတိုင်းတွင် နိုင်ငံသားတစ်ဦးချင်းစီတိုင်း ပြောဆိုနိုင်သော နိုင်ငံသားတစ်ဦး၏ အခွင့်အရေးဖြစ်သည်။ ဤသို့  လွှတ်တော်များနှင့် လွှတ်တော် ကိုယ်စားလှယ်များအား ဝေဖန်မှုပြုခြင်းအား ပြည်သူလူထုကို စော်ကား တိုက်ခိုက်နေခြင်း ဖြစ်ကြောင်းဟု လိုရာဆွဲပြောပြီး ပြည်သူလူထုနှင့် ရန်တိုက်ခြင်းသည် ပြည်သူလူထုမှ ပြည်သူလူထုကိုယ်စားပြုစေလိုသူများ မဟုတ်မမှန် လုပ်ဆောင်နေမှုကို ပြည်သူလူထုမှပင်လျှင် ပြောဆိုနေခြင်း ဖြစ်သည်ကို ငပြူးမှ ငပြဲလုပ်နေခြင်းပင် ဖြစ်သည်။

(၄)။ အဆိုပါ မေးခွန်းများကို ပြန်လည်ဖြေကြားသည့် ဒေါက်တာစိုးရင် (အတွင်းရေးမှူး၊ လွှတ်တော်အခွင့်အရေး ကော်မတီ) ဆိုသူသည် ကြားထဲမှ ငနွား ခါးဝင်နာနေခြင်းသာ ဖြစ်ပေသည်။ အဘယ့်ကြောင့်ဆိုသော် ဤမေးခွန်းများသည် ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌဆိုသူကြီးများနှင့် ပြည်သူ့ လွှတ်တော်အတွင်းရှိ ပြည်သူ့ ကိုယ်စားလှယ်ဟု အမည်ခံထားသူအားလုံးအား တစ်ဦးချင်းစီသဘောထား သိရှိရန် မေးမြန်းသော မေးခွန်းများဖြစ်သည့်အတွက် ဒေါက်တာစိုးရင်အနေဖြင့်လည်း တစ်ဦးတည်း ဖြေကြားရန်မလိုသလို၊ ပြည်သူ့လွှတ်တော် အခွင့်အရေး ကော်မတီကသာ (သို့ ) ကော်မီတီကိုယ်စား ဖြေကြားရန် တာဝန်မရှိပေ။

(၅)။ အဆိုးများ ရှိနေသည်ကို အဆိုးမမြင်သူသည် မျက်စိရှိလျက်နှင့် ကန်းနေသူပင်ဖြစ်သည်။ အဆိုများဖြစ်နေသည်ကို မသုံးသပ်နိုင်သူသည် ကိုယ်ပိုင်ဦးနှောဏ်ရှိလျှက်နှင့် ဦးနှောဏ်သေနေသူပင် ဖြစ်သည်။ အဆိုးများအကြေင်း ကြားနေလျှက်နှင့် မကြားချင်ယောင်ဆောင်နေသူသည် နားပါလျက်နှင့် ထိုင်းနေသူပင်ဖြစ်သည်။ အဆိုးများပြောဆိုနေသည်ကို သိလျက်နှင့် နှုတ်ငုံပိတ်နေသူသည် ပါးစပ်ပါလျှက်နှင့် အ နေသူပင်ဖြစ်သည်။ အဆိုးများအကြောင်း မြင်တွေ့  ကြားသိလျှက်နှင့် အကောင်းအတွက် ကြိုးစားပြုပြင်မဆောင်ရွက်သည့်အပြင် အဆိုးများ အားများစေရန်အတွက် ပံ့ပိုးပေးနေသူများသည် အမှန်တရားသစ္စာအတွက် သူရဲဘောကြောင် လူသားမပီသသူများပင် ဖြစ်ပေသည်။

သို့ ဖြစ်၍ အစိုးရသတင်းများ၊ လွှတ်တော် ကိုယ်စားလှယ်များမှ မမှန်လျှင် မမှန်သောအဖြစ်များ တွေ့ သိမြင်တွေ့ ကြားနေရပါက အင်တာနက်စာမျက်နှာများ၌တင်သာမက ပြည်သူလူထုအကြား ဝေဖန်သုံးသပ်ထောက်ပြမှုများ ဆက်လက်ပေါ်ပေါက်နေဦးမည်သာ ဖြစ်သည်။

အဆိုးများ မြင်တွေ့ သိရှိနေဦးသမျှ အဆိုပါ အဆိုးများကို မြင်နေဦးမည်၊ ဝေဖန်သုံးသပ်ထောက်ပြစရာများ ရှိနေဦးသမျှ ဝေဖန်းထောက်ပြမှုများ ရှိနေဦးမည်၊ တိုင်းပြည်နှင့် ပြည်သူလူထုအကျိုးစီးပွားကို စော်ကားဖျက်ဆီးနေကြသူများ ရှိနေဦးသမျှ ပြည်သူလူထုထဲမှ ဆန့် ကျင်တိုက်ခိုက်သူများ ရှိနေဦးမည် ဖြစ်သည်ကို သိစေအပ်ပါသည်။

အပြည့်ဖတ်မည်...

ပြဿနာကို ဖြေရှင်းရာဝယ်။



ရပ်ကွက်ထဲက ပြဿနာ။

ရပ်ကွက်ထဲမှာ မောင်ပုဆိုတဲ့ ကလေးလေးတယောက် ကားတိုက်ခံရပြီး၊ လဲကျသွားပါတယ်။ ကားက မရပ်ပဲ မောင်းပြေးသွားပါတယ်။ ဒါပေမယ့် အကြော်သည် ဒေါ်စိန်တုတ်က ဒီကားဟာ ဟိုဘက်ရပ်ကွက် တိုက်ကြီးက ကားမှန်း မှတ်မိသွားပါတယ်။ ဒီဖြစ်ရပ်မှာ မောင်ပုက ထိခိုက်ခံစားရတဲ့သားကောင် (victim) ဖြစ်ပါတယ်။ ဒေါ်စိန်တုတ်ကတော့ သက်သေ (witness) ဖြစ်ပါတယ်။

ဒေါ်စိန်တုတ်က မောင်ပုကို ဆိုက်ကားနဲ့ တင်ခေါ်ပြီး၊ အိမ်ကို ပို့ပေးပါတယ်။ အိမ်က မောင်ပုအဖေ ရုံးစာရေး ဦးဘသာက မောင်ပုကို ဆေးခန်းခေါ်သွားပါတယ်။ ဒီဖြစ်ရပ်မှာ ဒေါ်စိန်တုတ်က လူသားချင်းစာနာမှုနဲ့ ကူညီပေးသူ ဖြစ်ပါတယ်။ ဦးဘသာက ထိခိုက်မှုကို ကုသပေးနိုင်တဲ့ တတ်ကျွမ်းနားလည်သူတွေဆီ ခေါ်ဆောင်ပေးသူ ဖြစ်ပါတယ်။ ဆေးခန်းက အမှုထမ်းတွေကတော့ ကျန်းမာရေးကို ကုသစောင့်ရှောက်ပေးသူတွေ ဖြစ်ပါတယ်။

ဒေါ်စိန်တုတ်ပြောစကားကြောင့် ကားကတိုက်ပြီး မောင်းပြေးသွားတာကို မောင်ပုရဲ့ အစ်ကို ငတွတ်က သိသွားပါတယ်။ ဒါကြောင့် ငတွတ်က ရပ်ကွက်ထဲက လူငယ်တွေကိုစုပြီး၊ ဟိုဘက်ရပ်ကွက်က တိုက်ကြီးရှေ့မှာ အရေးသွားဆိုပါတယ်။ ဒီဖြစ်ရပ်မှာ ငတွတ်က ထိခိုက်ခံရမှုကို မတရားမှုလို့ ယူဆတဲ့ ထိခိုက်ခံရသူနဲ့ ဆက်နွယ်သူဖြစ်ပါတယ်။ ငတွတ်နဲ့ လိုက်ပါသွားသူတွေကတော့ ငတွတ်နဲ့ ရင်းနှီးသူတွေနဲ့ မတရားမှုကို လက်ပိုက်ကြည့်မနေပဲ ခံရသူဘက်က ဘက်လိုက်သူတွေ ဖြစ်ပါတယ်။

မောင်ပုကို ကားနဲ့တိုက်ပြီး ထွက်ပြေးသွားသူကတော့ သူဌေးဦးကျော်ခေါင်ရဲ့သား စည်သူ ဆိုသူ ဖြစ်ပါတယ်။ ငတွတ်တို့ကို တွေ့ဆုံညှိနှိုင်းဖို့ ဦးကျော်ခေါင်က သူ့လူယုံ မင်းဒင်ကို လွှတ်လိုက်ပါတယ်။ ဒီနေရာမှာ စည်သူက မတရားမှုကျူးလွန်ခဲ့သူဖြစ်ပြီး၊ ဒီမတရားမှုဘက်က ရပ်တည်ဖြေရှင်းပေးရန် ကြိုးပမ်းသူကတော့ ဦးကျော်ခေါင် ဖြစ်ပါတယ်။ မင်းဒင်ကတော့ ဦးကျော်ခေါင်ရဲ့ သစ္စာခံလူယုံဖြစ်ပြီး၊ မတရားမှုကျူးလွန်ခဲ့သူ ကိုယ်စား ညှိနှိုင်းဆွေးနွေးဖို့ အကျိုးဆောင်အဖြစ် ပေါ်ထွက်လာသူ ဖြစ်ပါတယ်။

မင်းဒင်ရဲ့ ပြောဆိုမှုကို ငတွတ်တို့က လက်မခံပါဘူး။ ဒီအချိန်မှာပဲ စည်သူက ခြံထဲက အလုပ်သမားတွေ ခေါ်ထုတ်လာပြီး၊ ငတွတ်တို့ကို ၀င်ရိုက်ပါတယ်။ ဒီဖြစ်ရပ်မှာ စည်သူက မတရားမှုကျူးလွန်ခဲ့သူဖြစ်ပြီး၊ ခြံထဲက အလုပ်သမားတွေကတော့ မလွန်ဆန်နိုင်သော အခြေအနေ တစုံတရာကြောင့် မတရားသူဘက်က ပါဝင်ရပ်တည်သူတွေ ဖြစ်ပါတယ်။

ရုတ်ရုတ်သဲသဲ ဖြစ်နေဆဲမှာပဲ အငြိမ်းစားယူထားတဲ့ ကျောင်းအုပ်ဆရာကြီး ဦးငြိမ်းမောင်က လမ်းလျှောက်ထွက်လာတာနဲ့ သွားဆုံပါတယ်။ ဆရာကြီးကိုတော့ အများက လေးစားကြပါတယ်။ ဒါကြောင့် ဦးငြိမ်းမောင်က ရန်ပွဲကို ၀င်တားပြီး၊ ဒီဖြစ်စဉ်မှာ ကြားဝင်စေ့စပ်ဖြန်ဖြေပေးသူ (Mediator) ဖြစ်လာခဲ့ပါတယ်။ သူဟာ ဦးကျော်ခေါင်ရဲ့ သစ္စာခံမဟုတ်သလို၊ ဦးဘသာရဲ့ မိတ်ဆွေလဲ မဟုတ်တာကြောင့် ပြဿနာတွေကို ဘက်မလိုက်ပဲ စေ့စပ်ဖြန်ဖြေပေးနိုင်သူ အဖြစ် လူအများက လက်ခံကြပါတယ်။

ဒီပြဿနာကြီး ပြေလည်သွားရေးအတွက် ပါဝင်ပတ်သက်သူအားလုံးမှာ တာဝန်ရှိပါတယ်။ ဒါပေမယ့် ပါဝင်ပတ်သက်သူတွေက ကိုယ်ဘာလဲဆိုတဲ့ ကိုယ့်ရဲ့ အခန်းကဏ္ဍ၊ အခြေအနေကို သိဖို့လိုအပ်ပါတယ်။ မင်းဒင်ဟာ ပြဿနာကို ညှိနှိုင်းဖြေရှင်းဖို့ ပေါ်ထွက်လာတယ်ဆိုပေမယ့် ဦးကျော်ခေါင်ရဲ့ သစ္စာရှိ လူယုံဖြစ်ပါတယ်။ ဒါကြောင့် မင်းဒင်ဆွေးနွေးတဲ့ ပြဿနာအဖြေတွေဟာ ဦးကျော်ခေါင်ဘက်က ဖြစ်နေမယ်ဆိုတာ မလွဲမသွေပါပဲ။ မင်းဒင်ရဲ့ အခန်းကဏ္ဍကို နှစ်ဘက်စလုံးက ဘက်မလိုက်ပဲ ကြားဝင်စေ့စပ်ဖြန်ဖြေပေးနိုင်တဲ့ ဦးငြိမ်းမောင်ရဲ့ အခန်းကဏ္ဍနဲ့ အတူတူပဲလို့ ရောထွေးသတ်မှတ်လို့ မရနိုင်ပါဘူး။

ကာယကံရှင်မဟုတ်တဲ့၊ ကာယကံရှင်နဲ့ ဆက်နွယ်မှုရှိပေမယ့် တာဝန်အရှိဆုံးလူမဟုတ်တဲ့ ငတွတ်ကလဲ ဒီအရေးမှာ ပါဝင်ပတ်သက်သူသာဖြစ်ပြီး၊ ဆုံးဖြတ်ချက်ချမှတ်ပေးနိုင်သူ မဟုတ်ပါဘူး။ မတရားတာ ဘက်က ရပ်တည်ပေးတဲ့ ခြံအလုပ်သမားများနဲ့ တရားတဲ့ဘက်က ရပ်တည်ပေးတဲ့ ငတွတ်ရဲ့ အပေါင်းအသင်းတွေကလဲ ဒီပြဿနာမှာ ဆင့်ပွားဆက်နွယ်သူတွေဆိုတာကို နားလည်နိုင်ဖို့ လိုအပ်ပါတယ်။ ဒီလိုနားမလည်ရင် ဘက်လိုက်ရင်းဖြစ်ကြတဲ့ ရန်ပွဲတွေ ဆက်လက် ဖြစ်ပွားလာ နိုင်ပါတယ်။ ဒီလိုမဟုတ်ပဲ ငတွတ်ရဲ့ အပေါင်းအသင်းတွေက ဦးငြိမ်းမောင် အခန်းကဏ္ဍကနေ ၀င်ပါမယ်ဆိုလို့လဲ နှစ်ဘက်စလုံးက ယုံကြည်မှုရှိမှာ မဟုတ်ပါဘူး။ ရန်ပွဲထဲလဲ ၀င်ပါလိုက်၊ ကြားဝင်ဖျန်ဖြေ၀င်ဆွဲလိုက်နဲ့ ဟိုပါဒီပါ လုပ်နေရင် ဘယ်ဘက်ကမှ လေးစားမှု မရှိတော့တာကို ကြုံလာရနိုင်ပါတယ်။

ပြဿနာကို ပြေလည်အောင် ညှိနှိုင်းပေးဖို့က ဘယ်ဘက်ကမှ မလိုက်ထားတဲ့ ဦးငြိမ်းမောင်ရဲ့ အလုပ်သာဖြစ်ပြီး၊ သူကလဲ ဆုံးဖြတ်ချက် ချမှတ်ရမယ့်သူ မဟုတ်ပါဘူး။ ဦးကျော်ခေါင်နဲ့ စည်သူတို့က သူတို့ဟာ ဦးဘသာတို့နဲ့ အဆင့်ချင်းမတူတဲ့အတွက် တိုက်ရိုက်မဆွေးနွေးနိုင်ပဲ၊ မင်းဒင်ကို ကိုယ်စားလှယ်လွှဲတယ်ဆိုရင် ဦးငြိမ်းမောင်ဟာ မင်းဒင်ကတဆင့် ဦးကျော်ခေါင်၊ စည်သူတို့ရဲ့ သဘောထားကို တီးခေါက်လိုက်၊ ဦးဘသာနဲ့ မောင်ပုတို့ရဲ့ သဘောထားကို တီးခေါက်လိုက်လုပ်ပြီး၊ ပြေလည်အောင် ညှိနှိုင်းပေးဖို့သာ လိုအပ်ပါတယ်။ ဒီနေရာမှာ မင်းဒင်ဟာ တဆင့်ခံသာဖြစ်ပြီး၊ မင်းဒင်ရဲ့ သဘောထားနဲ့ လုပ်ရပ်တွေက ပြဿနာအတွက် အရေးမပါလှပါဘူး။

ဘယ်လိုပဲဖြစ်ဖြစ်၊ စည်သူကို တရားစွဲမလား၊ ဒါမှမဟုတ် စည်သူ့အဖေ ဦးကျော်ခေါင်က ညှိနှိုင်းလာတဲ့ လျော်ကြေးငွေကို လက်ခံမလားဆိုတဲ့ ဆုံးဖြတ်ချက်ကတော့ မတရားပြုခံရသူ ကာယကံရှင်နဲ့ ကာယကံရှင်ဘက်က တာဝန်အရှိဆုံးလူ ဦးဘသာတို့ရဲ့ ဆုံးဖြတ်ချက်ပေါ်မှာပဲ မူတည်ပါတယ်။

ရပ်ကွက်ထဲက ပြဿနာတွေကို ကိုယ့်နေရာ၊ သူ့နေရာသိပြီး၊ လူမှန်နေရာမှန်နဲ့ ဖြေရှင်းနိုင်ကြပါစေ။

ခင်မမမျိုး (၁၇၊ ၁၊ ၂၀၁၃)။

အပြည့်ဖတ်မည်...

Wednesday, January 16, 2013

ငြိမ်းချမ်းရေးလှုံ့ဆော်မှုအဖြစ် (၁၃) မိုင်ကျော်ခရီးကို စက်ဘီးများ စီးနင်း၍ ပြည်တွင်းငြိမ်းချမ်းရေးလှုံ့ ဆော်မှုတစ်ရပ် ပြုလုပ်ခဲ့။

ငြိမ်းချမ်းရေးလှုံ့ဆော်မှုအဖြစ် (၁၃) မိုင်ကျော်ခရီးကို စက်ဘီးများ စီးနင်း၍ ပြည်တွင်းငြိမ်းချမ်းရေးလှုံ့ ဆော်မှုတစ်ရပ် ပြုလုပ်ခဲ့။

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ ရန်ကုန်တောင်ပိုင်းခရိုင်ကျောင်းသားများသမဂ္ဂမှ ဗကသကျောင်းသား/သူများသည် ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်နိုင်ရန် လှုံ့ဆော်မှုတစ်ရပ်အဖြစ် နော်ဝေးအခြေစိုက် Peace for Bike အဖွဲ့နှင့် ပူးပေါင်း၍ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်သန်လျင်အမှတ် (၂) တံတားမှစ၍ ကျောက်တန်းမြို့ ရေလယ်ဘုရားရှေ့အထိ (၁၃) မိုင်ကျော်ခရီးကို စက်ဘီးများ စီးနင်း၍ ပြည်တွင်းငြိမ်းချမ်းရေးလှုံ့ ဆော်မှုတစ်ရပ် ပြုလုပ်ခဲ့သည်။

၎င်းငြိမ်းချမ်းရေးလှုပ်ရှားမှုစက်ဘီးစီးပွဲသို့ Peace for Bike အဖွဲ့နှင့်အတူ ဗကသများအဖွဲ့ချုပ်ကျောင်းသား/သူများ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့၊ NLD အဖွဲ့ဝင်များ စုစုပေါင်း အင်အား (၅၀) ကျော်ခန့် ပူးပေါင်းပါဝင်ခဲ့ကြပါသည်။



Peace for Bike အဖွဲ့သည် မငြိမ်းချမ်းသေးသော ကမ္ဘာ့နိုင်ငံအသီးသီးသို့ စက်ဘီးလှည့်လည်စီးနင်း၍ ငြိမ်းချမ်းရေးရရှိရန် လှုံ့ဆော်နေသောအဖွဲ့ ဖြစ်သည်။ ဗကသများ အဖွဲ့ချုပ်သို့ ဆက်သွယ်အကြောင်းကြားလာသည့်အတွက် ဗကသများအဖွဲ့ချုပ်မှ ကျောင်းသား/သူများအနေဖြင့် ကျွန်ုပ်တို့နိုင်ငံအတွင်းရှိ တိုင်းရင်းသားအဖွဲ့အစည်းများနှင့် အစိုးရအကြား အမြန်ဆုံး ငြိမ်းချမ်းရေးဖော်ဆောင်ရန်၊ ပြည်တွင်းငြိမ်းချမ်းရေးအရေးကြီးပုံကို ပြည်သူများ သိရှိနားလည်လာစေရန်၊ စစ်မီးတောက်နေသော တိုင်းရင်းသားဒေသများ၏ အခြေအနေကို ပြည်သူများသတိပြု စိတ်ဝင်စားလာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ပူးပေါင်းပါဝင်ခဲ့ကြခြင်း ဖြစ်ပါသည်။

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်။

(သတင်း/ဓါတ်ပုံ = လွင်ပြင်)။

အပြည့်ဖတ်မည်...

မြေပြင်က ပြန်လည်ခုခံပစ်ချလိုက်လို့  မီးလောင်ကာ ထိုးစိုက်ပျက်ကျခါနီး မီးခိုးအမြောက်အမြားထွက်နေတဲ့ မင်းအောင်လှိုင်တို့ ရဲ့  စစ်ရဟတ်ယာဉ်။

မြေပြင်က ပြန်လည်ခုခံပစ်ချလိုက်လို့  မီးလောင်ကာ ထိုးစိုက်ပျက်ကျခါနီး မီးခိုးအမြောက်အမြားထွက်နေတဲ့ မင်းအောင်လှိုင်တို့ ရဲ့  စစ်ရဟတ်ယာဉ်။


အပြည့်ဖတ်မည်...

Tuesday, January 15, 2013

မင်းအောင်လှိုင်တို့ ရဲ့  စစ်ရဟတ်ယာဉ် စက်ချို့ ယွင်း ပျက်ကျတာ မဟုတ်ဘဲ မြေပြင်မှ ပြန်လည်ခုခံပစ်ခတ်မှုကြောင့် ပျက်ကျရတာလို့  တရုတ်သတင်းဌာနတွေက ထုတ်ဖေါ်ပြောဆိုလိုက်ပြီ။

မင်းအောင်လှိုင်တို့ ရဲ့  စစ်ရဟတ်ယာဉ် စက်ချို့ ယွင်း ပျက်ကျတာ မဟုတ်ဘဲ မြေပြင်မှ ပြန်လည်ခုခံပစ်ခတ်မှုကြောင့် ပျက်ကျရတာလို့  တရုတ်သတင်းဌာနတွေက ထုတ်ဖေါ်ပြောဆိုလိုက်ပြီ။

ကချင်ပြည်နယ်ဒေသကို မတရားသွားရောက်ထိုးစစ်ဆင်တိုက်ခိုက်ပြီး စစ်လေယာဉ် စစ်ရဟတ်ယာဉ်တွေနဲ့  ပစ်ခတ်ခဲ့တဲ့ထဲက စစ်ရဟတ်ယာဉ်တစ်စီး မြေပြင်ပေါ်က ပြန်လည်ခုခံပစ်ခတ်မှုကြောင့် ပျက်ကျခဲ့တာကို သတင်းအမှန်မဖေါ်ပြဘဲ ပြည်သူလူထုကို လိမ်ညာသတင်းထုတ်ပြန်တဲ့ မင်းအောင်လှိုင်တို့  စစ်အုပ်စုဝါဒဖြန့် သတင်းအမှားကို ယခုအခါမှာ တရုတ်သတင်းဌာနတွေက ဖေါ်ထုတ်လိုက်ပါပြီ။

မင်းအောင်လှိုင်တို့ ရဲ့  စစ်ရဟတ်ယာဉ် ပစ်ချခံရတဲ့အခြေအနေကို တရုတ်သတင်းဌာနအသီးသီးက မနေ့ ကထုတ်ပြန်ပြောဆိုလိုက်ပါတယ်။ မြန်မာစစ်ရဟတ်ယာဉ်ဟာ မြေပြင်ပေါ်ကနေ ပြန်လည်ခုခံပစ်ခတ်လို့  မီးလောင်ကာ မြေပြင်ကို ချက်ခြင်းထိုးစိုက် ပျက်ကြခဲ့တယ်လို့  မှတ်တမ်းအထောက်အထားတွေနဲ့  တရုတ်သတင်းဌာနတွေက ပြောဆိုလိုက်တာ ဖြစ်ပါတယ်။



မင်းအောင်လှိုင်တို့  စစ်အုပ်စုဝါဒဖြန့်သတင်းဌာနတွေကတော့ မြန်မာစစ်ရဟတ်ယာဉ်ဟာ စက်ချို့ ယွင်းလို့  အရေးပေါ် ဆင်းသက်ခဲ့ရတာပါဆိုပြီး နေရာဒေသအတိအကျ မဖေါ်ပြဘဲ သတင်းအမှားကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဒီလို စက်ချို့ ယွင်းလို့  အရေးပေါ်ဆင်းသက်တဲ့ အဆိုပါစစ်ရဟတ်ယာဉ်ကို အခြားရဟတ်ယာဉ်များ ချက်ချင်းပို့ ဆောင်ပေးခဲ့ပြီး ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့တယ်လို့  လုပ်ကြံဖန်တီး ပြောဆိုခဲ့ပါတယ်။


တကယ်ဆိုရင် မင်းအောင်လှုငိတို့ ဟာ အဖြစ်အမှန်အတိုင်း ပြည်သူလူထုနဲ့  တပ်မတော်သားတွေအားလုံး သိရှိစေဖို့  အမှန်အတိုင်း ထုတ်ဖေါ်ပြောကြားရမှာ ဖြစ်ပါတယ်။ ဒီလို အဖြစ်မှန်ကို ဖုံးကွယ်ပြီး သတင်းအမှားထုတ်ယုံမက ချက်ချင်းဘဲ ကယ်ဆယ်ရေးလုပ်ဆောင်သလိုနဲ့  ပြောကြားလိမ်ညာမှုကတော့ မရိုးသားမှုတွေကို သက်သေပြလိုက်တာပါဘဲ။

မြန်မာပြည်သူလူထုနဲ့  မြန်မာ့တပ်မတော်သားတွေအပေါ်ကို မင်းအောင်လှိုင်တို့  ဒီလို သတင်းလိမ်ညာပြောဆိုမှုဟာ မင်းအောင်လှိုင်တို့ အနေနဲ့  မြန်မာ့တပ်မတော်သားတွေကို ၄င်းတို့  ကိုယ်ကျိုးအာဏာခိုင်မြဲဖို့ အတွက် ရှေ့ တန်းစစ်မြေပြင်တွေမှာ အသက်တွေ စတေးခိုင်းတယ်၊ တိုင်းရင်းသားပြည်သူလူထုအပေါ်မှာ မတရားထိုးစစ်ဆင် ပစ်ခတ်သတ်ဖြတ်မှုတွေ လုပ်တယ်၊ အင်အားမတန်တဆနဲ့  စစ်လေယာဉ်တွေ စစ်ရဟတ်ယာဉ်တွေ သုံး ဗုံးကြဲတိုက်ခိုက်မှုတွေ မတရားလုပ်တယ်ဆိုတာ သက်သေထပ်မံပြလိုက်တာတွေပါဘဲ။

မြန်မာ့တပ်မတော်သားတွေ မိမိတို့  အသက်ကို စတေးနေကြတာတွေဟာ တိုင်းပြည်နဲ့  လူမျိုးအတွက် မဟုတ်ဖူးဆိုတာ သိရှိကြဖို့  အခုနေချိန်မှာ အထူးလိုအပ်ပါတယ်၊ အာဏာရှင်ဗိုလ်ချူပ်ကြီးတွေအတွက်သာ ဖြစ်နေပါတယ်။ မြန်မာပြည်သူလူထုအနေနဲ့ လည်း အာဏာရှင်ဗိုလ်ချူပ်ကြီးတွေရဲ့  ၀ါဒဖြန့် မှိုင်းတိုက်တဲ့ သတင်းတွေဟာ အတုအယောင် သတင်းအမှားအမှောင်တွေသာ ဖြစ်တယ်ဆိုတာ သိရှိပြီး ယုံကြည်တာတွေ ပြန်လည်ဆန်းစစ်ဖို့  လိုပါတယ်။

တရုတ်သတင်းဌာနတွေနဲ့  နိုင်ငံတကာသတင်းဌာနတွေက ထုတ်ပြန်ကြေညာတဲ့ မင်းအောင်လှိုင်တို့ ရဲ့  စစ်ရဟတ်ယာဉ် ပျက်ကျရတဲ့ သတင်းအမှန်နဲ့ ၊ အာဏာရှင်စစ်ဗိုလ်ချူပ်ကြီးတွေ သတင်းအမှားထုတ် လိမ်ညာပြောဆိုတဲ့ သတင်းအမှားကို နှိုင်းယှဉ်ကြည့်ရင် အမှန်နဲ့ အမှားကို ခွဲခြားပြလိုက်တာပါဘဲ။

အပြည့်ဖတ်မည်...

Monday, January 14, 2013

ထိုင်းနိုင်ငံတွင် ငါးထပ်အမြင့် တိုက်ပေါ်မှ ပစ်ချခံရ၍ သေဆုံးခဲ့သူ၏ နစ်နာကြေး လျှော်ကြေးငွေ လများစွာ ကြာသည့်တိုင် မရရှိသေးခြင်းနှင့် မြန်မာသံရုံးမှ နှုတ်ပိတ်ရှောင်တိမ်းနေခြင်း။

ထိုင်းနိုင်ငံတွင် ငါးထပ်အမြင့် တိုက်ပေါ်မှ ပစ်ချခံရ၍ သေဆုံးခဲ့သူ၏ နစ်နာကြေး လျှော်ကြေးငွေ လများစွာ ကြာသည့်တိုင် မရရှိသေးခြင်းနှင့် မြန်မာသံရုံးမှ နှုတ်ပိတ်ရှောင်တိမ်းနေခြင်း။

ထိုင်းနိင်ငံ၊ နတ်ခွန်ပထုန်ပြည်နယ်၊ အမ်ဖန်းမြို့နယ်၊ စိုင်းဟကြက်သားစက်ရုံတွင် အလုပ်ကိုင်နေစဉ် ကျန်ခဲ့သည့် ၂၀၁၂ ခုနှစ်၊ သြဂုတ်လ (၂) ရက်နေ့ ၊ နေ့ လည် (၂) နာရီခွဲအချိန်ခန့် တွင် တိုက်ပေါ်မှ ပစ်ချခံရသော မစန်းစန်းဝင်း၏ ဖြစ်စဉ်ကို အရင်ဆုံး ပြန်လည်ဖေါ်ပြလိုပါတယ်။


ဖြစ်စဉ်မှာ သေဆုံးသူ မစန်းစန်းဝင်းသည် စက်ရုံအနီး ကွန်ဒိုတိုက်ခန်းတွင် ခင်ပွန်းဖြစ်သူ ဦးအောင်ခင်ဦး၊ သမီးဖြစ်သူ မသဲစုအောင်တို့ နှင့် အတူ ငါးထပ်မြောက် အခန်း (၅/၁၅၃) တွင် ဌါးရမ်းနေထိုင်ခဲ့ပါသည်။ ခင်ပွန်းနှင့် သမီးဖြစ်သူတို့ မှာ နေ့ ဆိုင်း နံနက် (၈) နာရီမှ အိုဗာတိုင်အပါအ၀င် ည (၈) နာရီထိ အလုပ်ဆင်းရပါသည်။ မစန်းစန်းဝင်းမှာ ညနေ (၆) နာရီမှ မနက် (၆) နာရီထိ အလုပ်ဆင်းရပါသည်။

အဆိုပါ သြဂုတ်လ (၂) ရက်နေ့ တွင် သမီးနှင့် ခင်ပွန်းတို့ အလုပ်ဆင်းနေချိန် မစန်းစန်းဝင်းမှာ ညဆိုင်းအလုပ်မသွားခင် အိမ်ခန်းတွင်း၌ အိပ်ပျော်နေခိုက် နေ့ လည် (၂) နာရီခွဲခန့် အချိန်တွင် တံခါးခေါက်သံကြားသဖြင့် တံခါးဖွင့်ကြည့်ရာ မစန်းစန်းဝင်း၏ တခန်းကျော်မှ လုပ်ဖော်ကိုင်ဖက်ဖြစ်သူ မိန်းခလေးတဦး၏ အခန်းရှေ့ တွင် အလှူခံတစ်ဦး တံခါးခေါက်နေတာ တွေ့ ရသဖြင့် မစန်းစန်းဝင်းလည်း မိမိ အခန်းတံခါးပြန်လည်ပိတ်၍ ဆက်လက်အိပ်နေခဲ့ပါသည်။

ခဏအကြာတွင် မြေညီထပ်မှ ဈေးရောင်းနေသော မြန်မာဆိုင်ရှေ့ တွင် မစန်းစန်းဝင်းမှာ အပေါ်ထပ်မှ ပြုတ်ကျလာပြီး အင်္ကျီမပါ လုံခြည်တကွင်းနှင့် ကယ်ပါ ကယ်ပါဟု ပြောဆိုပါသည်။ ထိုအနီးရှိ ကိုမင်းဇော်ဆိုသူသည် နီးစပ်ရာမှ လုံခြည်တကွင်းအားယူ၍ ဖုံးဖိပေးပြီး အမက ကိုအောင်ကြီး (ကိုအောင်ခင်ဦး) ရဲ့  ဇနီး ဟုတ်တယ် မဟုတ်လားဟု မေးရာ မစန်းစန်းဝင်းမှ ဟုတ်သည်ဟု ပြန်ဖြေခဲ့ပါသည်။ ထို့ နောက် ကိုမင်းဇော်မှ ဘယ်အခန်းတွင်နေသည်ဟု မေးရာ မစန်းစန်းဝင်း မှ အခန်းအမှတ် (5/153) တွင် နေထိုင်သည်ဟု ပြန်ဖြေခဲ့ပါသည်။ ထိုနောက် ကိုမင်းဇော်သည် မစန်းစန်းဝင်း ဌါးရမ်းနေထိုင်သည့် ငါးထပ်သို့  လှေခါးအတိုင်း ပြေးတက်ရာ နှစ်ထပ်မြောက် လှေခါး အကွေ့ တွင် အပေါ်မှ ပြေးဆင်းလာသည့် အလှုခံသည့် အသက် (၂၅) နှစ်ဝန်းကျင်ရှိ ဆံပင်ဂုတ်ဝဲ ထိုင်းအမျိုးသားတဦးနှင့် ပခုံးချင်းတိုက်မိပါသည်။

ထို့နောက် ကိုမင်းဇော်သည် အပေါ်ထပ်သို့  ထပ်မံပြေးတက်၌ မစန်းစန်းဝင်း နေထိုင်ရာ ငါးထပ်မြောက်အခန်းသို့ အရောက်တွင် အိမ်ခန်းတံခါးပွင့်၍ အတွင်းခံအင်္ကျီနှင့် အပေါ်အင်္ကျီတို့  မှာ တနေရာစီ ရှုတ်ပွနေပြီး အ၀တ်အစားထည့်သည့် ဗွီရိုမှာ ပွင့်၍ ဗွီရိုအတွင်းမှ ပစ္စည်းများ ပြန့်ကျဲနေပြီး အကြွေစိများ ထည့်ထဲ့ထားသည့် စုဗူးမှာလည်း ပေါက်ခွဲခံထားရသည် ကို တွေ့  ရပါသည်။

ထို့နောက် ကိုမင်းဇော်သည် မစန်းစန်းဝင်း၏ ခင်ပွန်းဖြစ်သူ ကိုအောင်ခင်ဦးအား ဖုံးနှင့် ဆက်သွယ်ပြီး အိမ်သို့ အမြန်ပြန်လာရန် ခေါ်လိုက်ပါသည်။ ခင်ပွန်းဖြစ်သူနှင့် သမီးဖြစ်သူတို့ အိမ်သို့ အလုပ်လုပ်ရာမှ ပြန်အရောက်တွင် မဟာချိုင် (၂) ဆေးရုံမှ အရေးပေါ်လူနာတင်ကားများ ရောက်ရှိနေပြီဖြစ်သည်။ လူနာတင်ယဉ်ပေါ်တွင် ခင်ပွန်းဖြစ်သူက မစန်းစန်းဝင်းအား နင့်ကို ဘယ်သူစော်ကားသွားတာလည်း မေးမြန်းရာ မစန်းစန်းဝင်းမှာ ငို၍ မဖြေတော့ပါ။ ထို့ နောက် ဆေးရုံတွင် ဆေးကုသမှုခံနေစဉ် နှစ်ရက်မြောက် သြဂုတ်လ (၄) ရက်နေ့  ည (၇) နာရီ မိနစ် (၂၀) တွင် သေဆုံးသွားခဲ့ပါသည်။


သေဆုံးပြီးနောက် နာရေးကူညီမှုမှ ဆေးရုံသို့ လာရောက် အလောင်းသယ်ဆောင်ရမည်ဖြစ်ကြောင်း၊ သွားရောက်သယ်ဆောင်ရန်သွားသောအခါ သေဆုံးသူ မစန်းစန်းဝင်းမှာ မိမိကိုယ်မိမိ သေကြောင်းကြံစည်သည်ဖြစ်ကြောင်းကို ခင်ပွန်းသည်အား လက်မှတ်ထိုးပေးရန် ပြောပါသည်။ ခင်ပွန်းသည်က ငြင်းဆိုခဲ့ပါသည်။ ငြင်းဆန်မှုကြောင့် အလောင်းအား သယ်ဆောင်၍ မရသောကြောင့် ဆေးရုံတွင် ပြန်လည်ထားခဲ့ရပါသည်။ နောက်နေ့ မနက်ဆေးရုံသို့  ပြန်လာချိန်တွင် အလောင်းမှာ ပျောက်ဆုံးနေပြီး တာဝန်ရှိသူများအား မေးမြန်းရာ တာဝန်ရှိသူများက မသိကြောင်း ပြန်လည်ဖြေကြားပါသည်။

ခင်ပွန်းဖြစ်သူသည် ထိုင်းနိင်ငံရောက် မြန်မာအဖွဲ့ အစည်းများမှ ကိုကျော်သောင်းတို့ ၏ အကူအညီဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ရှိ မြန်မာသံရုံးသို့ သွားရောက်ပြီး အလုပ်သမားရေးရာတာဝန်ခံ ဦးကျော်ကျော်လွင်ထံ အကြောင်းကြားခဲ့ကြပါသည်။ ဦးကျော်ကျော်လွင်မှ ဆက်သွယ်စုံစမ်းပေးရာ အလောင်းကို ဘုရင်မဆေးရုံသို့  ပိုင်ဆိုင်သူ မရှိ၍ ရောက်ရှိနေကြောင်း သိရခဲ့ပါသည်၊ ထို့ နောက် မြန်မာသံရုံးမှ အလောင်းထုတ်ရန် ထောက်ခံစာအားပေးပြီး ခင်ပွန်းကိုအောင်ခင်ဦးနှင့်အတူ ကိုကျော်သောင်းတို့ လိုက်ပါပြီး ဘုရင်မဆေးရုံသို့  ညနေ (၅) နာရီခွဲခန့်  အချိန်တွင် ရောက်ရှိသွားရာ အလောင်းထုတ်မရခဲ့ပါ။ အလောင်းထုတ်မည်ဆိုပါက နောက်နေ့ တွင် လာရောက်ထုတ်ယူရန်နှင့် မှုခင်းဖြစ်ပွားသည့် မြို့ နယ်မှ တိုင်စာနှင့် သေဆုံးသည့်မြို့ နယ်မှ ရဲစခန်းထောက်ခံစာတို့ အား တပါတည်းယူလာဆောင်လာရန် ပြောပါသည်။ မစန်းစန်းဝင်းအလောင်းအား ဟုတ် မဟုတ်ကြည့်ရှုရန် ခွင့်တောင်းရာ တာဝန်ရှိသူများမှ လိုက်လံပြသခဲ့ပါသည်။ ခင်ပွန်းဖြစ်သူက မစန်းစန်းဝင်း အလောင်းမှန်ကန်ကြောင်း သိရမှ ပြန်လာခဲ့ကြပါသည်၊။

နောက်နေ့  နံနက်တွင် အလောင်းသယ်ယူရန် မှုခင်းဖြစ်ပွားရာ မြို့ နယ်ရဲစခန်းမှ မှုခင်းတိုင်စာ တောင်းခံရာ ထုတ်ပေးခဲ့ခြင်း မရှိပါ။ ကိုကျော်သောင်းတို့ ထိုင်းနိုင်ငံရောက် မြန်မာအဖွဲ့ အစည်းများ၏ အကူအညီဖြင့် ထပ်မံတောင်းဆိုမှသာ ရရှိခဲ့ပါသည်။

အမှုစတင်ဖြစ်ပွားခဲ့သည့်နေ့  သြဂုတ်လ (၂) ရက်နေ့ မှ မှ သြဂုတ်လ (၆) ရက်နေ့ ထိတိုင်အောင် ရဲစခန်းသို့ အမှုသွားဖွင့်ခဲ့ရာတွင် လုံးဝမဖွင့်ပေးခဲ့ပါ။ မြန်မာအလုပ်သမားကူညီရေးအဖွဲ့ မှ ကိုကျော်သောင်းတို့၏ ကူညီမှုကြောင့်သာ အမှုဖွင့်၍ ရခဲ့ခြင်း ဖြစ်ပါသည်။

ထို့ နောက် အလောင်းအား သယ်ယူပြီး၊ နေထိုင်ရာ (၀ပ်စန်ဖစ်) ဘုန်းကြီးကျောင်းတွင် မြန်မာနိင်ငံမှ ထိုင်းနိင်ငံသို့ လာရောက်၍ ဒုက္ခသည်များကို ကူညီပေးနေသော ဘုန်းတော်ကြီးတစ်ပါးနှင့် လူမှုကူညီရေးအဖွဲ့ အစည်းမှ ကိုကျော်သောင်းတို့ မှ ကူညီမီးသင်္ဂြိုလ် ပေးခဲ့ကြပါသည်။ မြန်မာသံရုံးမှ အလုပ်သမားရေးရာတာဝန်ခံ ဦးကျော်ကျော်လွင်လည်း ဈာပနသို့  ရောက်ရှိလာခဲ့ပါသည်။



ထိုင်းနိုင်ငံတွင် ငါးထပ်အမြင့် တိုက်ပေါ်မှ ပစ်ချခံရသော မြန်မာအမျိုးသမီး မစန်းစန်းဝင်း၏ သေဆုံးမှုနှင့် ပတ်သက်၍ ထိုင်းနိုင်ငံသတင်းများနှင့် မြန်မာသတင်းများတွင် လူသိရှင်ကြးပါလာသည့်အတွက် မြန်မာအလုပ်သမားဝန်ကြီးဌာနမှ မစန်းစန်းဝင်း အမှုကိစ္စတွင် မြန်မာအလုပ်သမား နစ်နာကြေးနှင့် အမှုမှန်ပေါ်ပေါက်ရေး ကူညီဆောင်ရွက်ပေးမည့်အကြောင်း တရားဝင်ထုတ်ပြန်ကြေညာခဲ့ပါသည်။


မစန်းစန်းဝင်း သေဆုံးမှုနှင့် ပတ်သက်ပြီး ထိုင်းနိုင်ငံ မြန်မာသံရုံးမှ အလုပ်သမားရေးရာတာဝန်ခံ ဦးကျော်ကျော်လွင်သည် ထောက်ခံစာရေးပေးခြင်း၊ မီးသင်္ဂြိုလ်ရာသို့  လာရောက်ခဲ့ခြင်း၊ သေဆုံးသူအတွက် နစ်နာကြေး လျှော်ကြေးငွေ ရရှိရေးအတွက် အစကနဦးတွင် ဆောင်ရွက်ပေးခဲ့သော်လည်း၊ လပေါင်းမြောက်မြားစွာကြာသည့်တိုင် နစ်နာကြေး လျှော်ကြေးငွေ မရရှိသေးခြင်းအပေါ် အကျိုးအကြောင်း သိရှိစေရန်အတွက် မြန်မာသံရုံး အလုပ်သမားရေးရာတာဝန်ခံဖြစ်သူ ဦးကျော်ကျော်လွင်အား ထပ်မံဆက်သွယ်များ အကြိမ်များစွာလုပ်သော်လည်း အဆက်အသွယ်အလုပ်မခံဘဲ ရှောင်ရှားနေပါသည်။

မစန်းစန်းဝင်း သေဆုံးမှုနှင့်ပတ်သက်၍ ထိုင်းအစိုးရဌာနများဘက်မှ သေဆုံးမှုနှင့် နစ်နာကြေး လျှော်ကြေးငွေပေးရန်ကိစ္စကို မြန်မာသံရုံး (အလုပ်သမားရေးရာတာဝန်ခံဖြစ်သူ ဦးကျော်ကျော်လွင်) မှတစ်ဆင့် စီစဉ်ပေးဆောင်မည်ဟု သိရှိပြီး၊ မြန်မာသံရုံး အလုပ်သမားရေးရာတာဝန်ခံ ဦးကျော်ကျော်လွင်အား ဆက်လက်စုံစမ်းမေးမြန်းမှုအား ရှောင်တိမ်းနေခြင်းသည် လျှော်ကြေးငွေရရှိမှုနှင့် ပတ်သက်၍ သံသယဖြစ်ဖွယ် ဖြစ်နေပါသည်။


မစန်းစန်းဝင်း သေဆုံးမှုဖြစ်ပြီးနောက် အလားတူ သတ်ဖြတ်ခံရသော ထိုင်းနိုင်ငံတောင်ပိုင်းတွင်လည်း သေနတ်ဖြင့် ပစ်သတ်ခံရ၍ မြန်မာအမျိုးသမီးတစ်ဦးသေဆုံးမှုအတွက် ထိုင်းအစိုးရဘက်မှ လျှင်မြန်စွာ လျှော်ကြေးငွေ ပေးခဲ့ပြီးဖြစ်ရာ၊ မြန်မာသံရုံးမှတစ်ဆင့် အသက်ဆုံးရှုံးမှု နစ်နာကြေး လျှော်ကြေးငွေ ရရှိအောင် ဆောင်ရွက်ရသော မစန်းစန်းဝင်း၏ အမှုတွင် လပိုင်းများစွာကြာမြင့်နေသည့်တိုင်အောင် လျှော်ကြေးငွေ မရရှိသေးခြင်းသည် ထူးခြားမှု ဖြစ်နေပေသည်။

သို့ အတွက် သေဆုံးခဲ့သူ မစန်းစန်းဝင်း၏ အသက်ဆုံးရှုံးမှု နစ်နာကြေး လျှော်ကြေးငွေ ပျောက်ဆုံးနေခြင်းအတွက် မြန်မာသံရုံး အလုပ်သမားရေးရာတာဝန်ခံ ဦးကျော်ကျော်လွင်မှ အမြန်ဆုံးဖြေရှင်းပေးရန်နှင့် ဤအမှုကိစ္စအား မြန်မာနိုင်ငံ အလုပ်သမားဝန်ကြီးဌာန၊ မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများအပါအ၀င် အများသူငှာ သိရှိစေရန်အတွက် ထပ်မံတင်ပြလိုက်ရပါသည်။

အပြည့်ဖတ်မည်...