Tuesday, December 31, 2013

နှစ်သစ်ကူလက်ဆောင် နေပြည်တော် သမ္မတရုံးနှင့် လွှတ်တော်မှ ပေးမည်၊ အမြန်မှာကြားနိုင်ပါသည်။

နှစ်သစ် ၂၀၁၄ အတွက် သိန်းစိန်တို့ က ပေးမယ့် နှစ်သစ်လက်ဆောင်ပါတဲ့၊ အင်မတန် အရောင်အသွေး တောက်ပပြီး လှပလွန်းတဲ့ လက်ဆောင်ပါ၊ လိုချင်သူများ နေပြည်တော် သမ္မတရုံးနဲ့  လွှတ်တော်သို့  မှာကြားနိုင်ပါသည်။


အပြည့်ဖတ်မည်...

၂၀၁၄ ခုနှစ် ၂၀၁၅ ခုနှစ်အတွင်းမှာ ဒီပြစ်မှုတွေ ကျူးလွန်ရင် ဖမ်းဦးမှာပေါ့။

၂၀၁၄ ခုနှစ် ၂၀၁၅ ခုနှစ်အတွင်းမှာ ဒီပြစ်မှုတွေ ကျူးလွန်ရင် ဖမ်းဦးမှာပေါ့၊ ဒီပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မတွေဟာ မတရားဥပဒေတွေ ဖြစ်လို့  ပြင်ဆင်ပယ်ဖျက်သင့်ပါပြီ။


အပြည့်ဖတ်မည်...

Monday, December 30, 2013

၂၀၀၈ ခုနှစ် နိုင်ငံတော်ဖွဲ့ စည်းပုံအခြေခံဥပဒေ ပြင်ဆင်မည့်အရေးအပေါ် ကြံ့ ဖွတ်ပါတီနှင့် သိန်းစိန် ရွှေမန်း မင်းအောင်လှိုင်တို့ မှ ပြင်ဆင်မှုနှင့် ပတ်သက်၍ သဘောထားအမြင်။

၂၀၀၈ ခုနှစ် နိုင်ငံတော်ဖွဲ့ စည်းပုံအခြေခံဥပဒေ ပြင်ဆင်မည့်အရေးအပေါ် ကြံ့ ဖွတ်ပါတီနှင့် သိန်းစိန် ရွှေမန်း မင်းအောင်လှိုင်တို့ မှ ပြင်ဆင်မှုနှင့် ပတ်သက်၍ သဘောထားအမြင်။

ပြင်လည်း ပြင်သင့်တယ်၊ ပြင်ကိုလည်း ပြင်ရမယ်၊ ပြင်မှလည်း ဖြစ်မယ်။ ဒါပေမယ့် လိုရာလောက်ဘဲ ပြင်သွားတာ၊ ကိုယ့်အကျိုးအတွက်လောက်ဘဲ ပြင်သွားတာ၊ ပြည်သူလူထုကို ဖြေသိမ့်တဲ့အနေနဲ့  လောက်ဘဲ ပြင်သွားတာ၊ အာဏာရှင်စနစ်ကို ဆက်လက်တည်တံ့နိုင်ဖို့  မထိခိုက်တဲ့ ပြင်ဆင်တာ၊ သမ္မတနေရာ လွှတ်တော်ဥက္ကဌနေရာတွေမှအပ အခြားပြင်ဆင်တာတွေလောက်နဲ့  ပတ်သက်ပြီး ပြင်လို့ ကတော့ လိမ်ညာ လှည့်ဖြားနေဆဲဆိုတာ ပြောရလိမ့်မယ်။

ဒီလို လုပ်နေဦးမယ်ဆိုရင် ၂၀၁၄ ခုနှစ်နဲ့  ၂၀၁၅ ခုနှစ်ဟာ အာဏာရှင်တွေနဲ့  ရဟန်းရှင်လူ ပြည်သူလူထု မီးကုန်ယမ်းကုန် သတ္တိပြိုင်ရမယ့် အနိုင်လုရမယ့် ကမ္ဘာ့သမိုင်းမှတ်တမ်းတင်မယ့် နောက်ဆုံးဗိုလ်လုပွဲအချိန်ဘဲ ဖြစ်လိမ့်မယ်။

အပြည့်ဖတ်မည်...

၂၀၀၈ ခုနှစ် နိုင်ငံတော်ဖွဲ့ စည်းပုံအခြေခံဥပဒေ ပြင်ဆင်မည့်အရေးအပေါ် ကြံ့ ဖွတ်ပါတီနှင့် သိန်းစိန် ရွှေမန်း မင်းအောင်လှိုင်တို့ မှ ပြင်ဆင်မှုနှင့် ပတ်သက်၍ သဘောထားအမြင်။

၂၀၀၈ ခုနှစ် နိုင်ငံတော်ဖွဲ့ စည်းပုံအခြေခံဥပဒေ ပြင်ဆင်မည့်အရေးအပေါ် ကြံ့ ဖွတ်ပါတီနှင့် သိန်းစိန် ရွှေမန်း မင်းအောင်လှိုင်တို့ မှ ပြင်ဆင်မှုနှင့် ပတ်သက်၍ သဘောထားအမြင်။

ပြင်လည်း ပြင်သင့်တယ်၊ ပြင်ကိုလည်း ပြင်ရမယ်၊ ပြင်မှလည်း ဖြစ်မယ်။ ဒါပေမယ့် လိုရာလောက်ဘဲ ပြင်သွားတာ၊ ကိုယ့်အကျိုးအတွက်လောက်ဘဲ ပြင်သွားတာ၊ ပြည်သူလူထုကို ဖြေသိမ့်တဲ့အနေနဲ့  လောက်ဘဲ ပြင်သွားတာ၊ အာဏာရှင်စနစ်ကို ဆက်လက်တည်တံ့နိုင်ဖို့  မထိခိုက်တဲ့ ပြင်ဆင်တာ၊ သမ္မတနေရာ လွှတ်တော်ဥက္ကဌနေရာတွေမှအပ အခြားပြင်ဆင်တာတွေလောက်နဲ့  ပတ်သက်ပြီး ပြင်လို့ ကတော့ လိမ်ညာ လှည့်ဖြားနေဆဲဆိုတာ ပြောရလိမ့်မယ်။

ဒီလို လုပ်နေဦးမယ်ဆိုရင် ၂၀၁၄ ခုနှစ်နဲ့  ၂၀၁၅ ခုနှစ်ဟာ အာဏာရှင်တွေနဲ့  ရဟန်းရှင်လူ ပြည်သူလူထု မီးကုန်ယမ်းကုန် သတ္တိပြိုင်ရမယ့် အနိုင်လုရမယ့် ကမ္ဘာ့သမိုင်းမှတ်တမ်းတင်မယ့် နောက်ဆုံးဗိုလ်လုပွဲအချိန်ဘဲ ဖြစ်လိမ့်မယ်။


အပြည့်ဖတ်မည်...

အ၀ိုင်းလည်း မဟုတ် လေးထောင့်လည်း မဟုတ်တာကို ဥ ကို ခေါ်သဗျ။

အ၀ိုင်းလည်း မဟုတ် လေးထောင့်လည်း မဟုတ်တာကို ဥ ကို ခေါ်သဗျ။

အ၀ိုင်းလည်း မဟုတ် လေးထောင့်လည်း မဟုတ်တာကို ဥ ကို ခေါ်သဗျ။ အဲ့ဒီ ဥ က တန်ဖိုးရှိတဲ့ ဥ ဆိုရင် ရွှေဥမို့  လက်ခံနိုင်သေး၊ အခုတော့ ရွှေဥ မဟုတ် .. v ဥ ဖြစ်နေလို့  ပြောနေကြတာ။

ဥ ဆိုလို့  အကယ်ဒမီ ဥ ကို ပြောတာ မဟုတ်ပါ၊ သိန်းစိန်တို့ က အာဏာရှင်စံနှုန်းလည်း မလုပ်ရဲ ဒီမိုကရေစီ စံနှုန်းလည်း မမှီတဲ့ ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေဆိုတဲ့ သိန်းစိန်တို့ ရဲ့  သန်းရွှေ v ဥ ကို ပြောတာပါ ……

ဒီတော့ အဲ့ဒီ ဥ ကို ကြိုက်သူတွေ ဖက်တွယ်ထားကြပါ၊ မကြိုက်သူတွေ ပြင်ကြပါ။


အပြည့်ဖတ်မည်...

ပြည်သူ့  အကျိုးကို ဆောင်ရွက်နိုင်သော ပြည်သူ့ အနုပညာရှင် ဖြစ်ပါစေ ……

ပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား လေးစားသမှုနဲ့  ပံ့ပိုးဝန်းရံပြီး ပြည်သူ့  အကျိုးကို ဆောင်ရွက်နိုင်သော ပြည်သူ့ အနုပညာရှင် ဖြစ်ပါစေ ……

အပြည့်ဖတ်မည်...

Sunday, December 29, 2013

သိန်းစိန်တို့  အာဏာရူးတွေက အခြေခံ ဥပဒေ (ခြေဥ) မပြောင်းလဲချင်လို့  ယတြာခြေတဲ့ “ဥ” အကယ်ဒမီ။

သိန်းစိန်တို့  အာဏာရူးတွေက အခြေခံ ဥပဒေ (ခြေဥ) မပြောင်းလဲချင်လို့  ယတြာခြေတဲ့ “ဥ” အကယ်ဒမီ။


အပြည့်ဖတ်မည်...

ဝန်ကြီးများ ဥ ဥ ဥ .....

ကယ်ဆယ်ရေးနဲ့  နေရာပြန်လည်ချထားရေး ၀န်ကြီးကလည်း ကလေးသရုပ်ဆောင် အကယ်ဒမီဆုကို ပေးပြန်ပြီ၊ သဘာဝဘေးအန္တရာယ်ကြောင့် ပြည်တွင်းစစ်ကြောင့် ဒုက္ခရောက်နေကြတဲ့ ကလေးတွေကိုတော့ ပစ်ပယ်ထားပြီ ဒီနေရာမှာ အကယ်ဒမီ လာလုပ်နေတယ်။ ကျန်းမာရေးဝန်ကြီးကလည်း အကယ်ဒမီ၊ ယဉ်ကျေးမှုဝန်ကြီးကလည်း အကယ်ဒမီနဲ့  အကယ်ဒမီသမ္မတရဲ့  ၀န်ကြီးများဆိုတော့လည်း … ဥ ဥ ဥ ….


အပြည့်ဖတ်မည်...

ကြွေပြန်ပြီ ကြယ်တစ်ပွင့်။

ကြွေပြန်ပြီ ကြယ်တစ်ပွင့်။

သေမင်းရေ ၂၀၁၄ နဲ့  ၂၀၁၅ မှာ အာဏာရှင်တွေကို အလှည့်ပေးပါဗျာ .......

တာဝန်မရှိဘူးလို. ပြောကြပါဦးလား
=========================
မင်းလားကွ အောင်နိုင်သူ မင်းလားကွ အောင်နိုင်လေး ထောင်နိုင်သေးလား ကွ
ဒါ အိုးဘိုထောင်ထဲက ဦးစီး ဦးသောင်းမြင့် နဲ့  ထောင်မှူး ရဲမြင့်ဦး တို့  နိုင်ငံရေး
အကျဉ်းသားသစ်လေး ကို စစ်ခွေး နဲ့  တိုက်ပေး ၊အခန်းထဲပါတ်ပြေးလဲတော့ နှစ်ဖက်
ညှပ်ကန်နေစဉ် ထွက်လာတဲ့ အသံတွေပါ။

နိုင်ငံရေးအကျဉ်းသားလေးဆိုတာက ၃ နှစ်သား နဲ့  ၈၈ မှာ ဆန္ဒပြခဲ့တဲ့ အသက်အငယ်ဆုံး နဲ့ ILO အမှုတွဲမှာ အမေ နဲ့ အတူထောင်ကျခဲ့တဲ့ လူငယ်လေးပါ အခုတော့ကြွေသွားပါပြီ ။

အဲဒီတုန်းက ဒါဏ်တွေက အခုသူ့ အသက်ကို သတ်လိုက်ပါပြီ
ဆရာဝန်က အခြားဘာရောဂါမှ မရှိတဲ့....
အမေ သားတို့  ထမင်းစားဖို့ နိုင်ငံရေး လုပ်တာ မဟုတ် ဆိုတဲ့
ဖိုးထောင် အခု ကြွေပြီ .....................





အပြည့်ဖတ်မည်...

ဒေါ်အောင်ဆန်းစုကြည် (အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်) - ၂၀၁၄ ခုနှစ် ပြက္ခဒိန်။

မင်္ဂလာနှစ်သစ် ၂၀၁၄ ခုနှစ် အားအင်သစ်များနဲ့  ပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရွှင်လန်း ဘေးဘယာဝေးကွာစွာနဲ့  လိုရာဆန္ဒများ ပြည့်ဝသော နှစ်ဖြစ်ပါစေလို့  ဆုတောင်းမေတ္တာပို့ အပ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် (အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်) - ၂၀၁၄ ခုနှစ် ပြက္ခဒိန်။
























အပြည့်ဖတ်မည်...

Saturday, December 28, 2013

၂၀၁၃ ခုနှစ် အကုန် ကြွေကျသွားခဲ့ရသော ပြည်သူ့ ကြယ်နှစ်ပွင့်။

၂၀၁၃ ခုနှစ် အကုန် ကြွေကျသွားခဲ့ရသော ပြည်သူ့ ကြယ်နှစ်ပွင့် (ကိုခင်မောင်ဝင်းနှင့် ကိုကျော်ဇော) ကောင်းရာသုဂတိ လားပါစေ၊ တိုင်းပြည်နဲ့  လူမျိုးအတွက် သယ်ပိုးထမ်းဆောင်မှုများကို ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါတယ်။



အပြည့်ဖတ်မည်...

Friday, December 27, 2013

တကယ်တော့ မြန်မာပြည်မှာ ကျင်းပခဲ့တဲ့ SEA GAMES ဆိုတာ SEA GAMES မဟုတ်ဘဲ RIVER GAMES ပါ။

တကယ်တော့ မြန်မာပြည်မှာ ကျင်းပခဲ့တဲ့ SEA GAMES ဆိုတာ SEA GAMES မဟုတ်ဘဲ RIVER GAMES ဖြစ်နေတာပါ။ ဘယ်သူတွေ ကစားတာလည်းဆိုတော့ သိန်းစိန်တို့  အာဏာရူးတွေအသင်းနဲ့  တရုတ်နိုင်ငံ အသင်းတို့  နှစ်ဘက်လုံး အနိုင်ရအောင် လုပ်ယူကစားတဲ့ မြစ်ဆုံကစားပွဲပါ။


အပြည့်ဖတ်မည်...

အရေးကြီးသော နှစ်အချိန်ကာလအတွက်။

ပြည်သူလူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ လုပ်ငန်းစဉ်များ အောင်မြင်ရန်နှင့် ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးစေရန် ရဟန်းရှင်လူ ကျောင်းသားပြည်သူအပေါင်းမှ ၀န်းရံဆောင်ရွက်ပေးကြပါရန် လေးစားစွာ မေတ္တာရပ်ခံ တိုက်တွန်းအပ်ပါသည်။


အပြည့်ဖတ်မည်...

၂၀၁၄ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်ကာလတွင် ကျောင်းသားထု လှုပ်ရှားမှုများ အရေးကြီးပါသည်။

၂၀၁၄ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်ကာလတွင် ကျောင်းသားထု လှုပ်ရှားမှုများ အရေးကြီးပါသည်။




အပြည့်ဖတ်မည်...

Sunday, December 22, 2013

ဆီးဂိမ်းမှာ ဒုတိယသမ္မတချင်းအတူတူ စိုင်းမောက်ခမ်းကတော့ ထိုင်နေရပြီး ဥာဏ်ထွန်းကြတော့ စကားတွေ ပေးပြောနေလိုက်တာ။

ဆီးဂိမ်းမှာ ဒုတိယသမ္မတချင်းအတူတူ စိုင်းမောက်ခမ်းကတော့ ထိုင်နေရပြီး ဥာဏ်ထွန်းကြတော့ စကားတွေ ပေးပြောနေလိုက်တာ။

ဒုတိယ သမ္မတချင်းအတူတူ နောက်မှ ဖြစ်တဲ့ ဒုသမ္မတကိုကျတော့ အရေးပါတဲ့ နေရာတွေမှာ အထူးအခွင့်အရေးပေးတာ ဘာလည်းဆိုတော့ ဥာဏ်ထွန်းက စစ်တပ်က လာတာဖြစ်ပြီး စိုင်းမောက်ခမ်းက အရပ်ဘက်က တိုင်းရင်းသားမို့ လို့ ။

အာဏာရှင်တွေရဲ့  အကျင့်က အခုထိ ရှိနေဆဲဆိုတာ မယုံကြတဲ့သူတွေ သိဖို့ ။ စစ်တပ်ဘက်က လာခဲ့တာချင်း တူခဲ့ရင်တောင် တပ်မတော်အပေါ် စစ်မှန်စွာ သဘောထား ကျင့်သုံးတဲ့သူနဲ့  အာဏာရှင်ဘက် ဖားတဲ့သူနဲ့  ကွာသေးတယ်ဆိုတာ တပ်မတော်သားစစ်စစ်တွေနဲ့  တိုင်းရင်းသားတွေ မြင်တတ်ပြီး အာဏာရူးတွေကို ဆန့် ကျင်ကြဖို့  သင့်နေပြီ။


အပြည့်ဖတ်မည်...

“မစိုးရိမ်တိုက်သစ်မှ ပြည်သူများအား အသိပေးကြေညာချက်”

မစိုးရိမ်တိုက်သစ်မှ ပြည်သူများအား အသိပေးကြေညာချက်နှင့် ပတ်သက်၍ ကြိုဆိုအပ်ပါသည်၊ ထို့ အပြင် သံဃာထုနှင့် မစိုးရိမ်ကျောင်းတိုက်သစ်အား ခုတုံးလုပ်၍ ပြည်သူ့ ဆန္ဒအား ဆန့် ကျင်ကာ စစ်မှန်သော သာသနာတော်မှ သွေဖီပြီး အာဏာရှင် အလိုကျ လုပ်ဆောင်နေသည့် အာဏာရှင်လက်ပါးစေ သံဃာတော်အချို့ ကို ဖေါ်ထုတ်အရေးယူပေးရန်လည်း လိုအပ်ပါကြောင်း လျှောက်ထားအပ်ပါသည်။

“မစိုးရိမ်တိုက်သစ်မှ ပြည်သူများအား အသိပေးကြေညာချက်”

မစိုးရိမ်တိုက်သစ်သည် ပရိယတ္တိသာသနာ့တာဝန်ကို အချိန်ပြည့် ထမ်းဆောင်နေသော စာသင်တိုက် တတိုက်ဖြစ်ပါသည်။ ပြည်သူများအတွက် မဖြစ်မနေ လိုအပ်လျှက်ရှိသော အချိန်အခါမှ လွဲ၍ နိုင်ငံရေးတွင် ပါဝင်ပတ်သက်လေ့မရှိပါ။

မြန်မာနိုင်ငံ၏ ခေတ်တခေတ်ကို ပြောင်းလဲရောက်ရှိစေခဲ့သော ကမ္ဘာနှင့် မြန်မာကပါ လေးစားတန်ဖိုးထားသော စေတနာလည်း မှန်၍ အရည်အချင်းပြည့်ဝသည့် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော NLD ပါတီအား ဝေဖန်ရှုံ့ချခြင်း လုံးဝပြုလုပ်မည် မဟုတ်ပါကြောင်း ၊ သို့ဖြစ်ပါ၍ “ မစိုးရိမ်တိုက်သစ် ဘုန်းကြီးများ ဦးဆောင်ပြီး NLD ပါတီနှင့် အမေစုအား တိုက်ခိုက်တဲ့စာတွေ ဝေနေပါသည်” ဟူသော သတင်းမှာ လုံးဝမဟုတ်ပါကြောင်း အတိအလင်း အသိပေးကြညာအပ်ပါသည်။

မစိုးရိမ်တိုက်သစ် မဟာအောင်မြေမြို့နယ် မန္တလေးမြို့။

အပြည့်ဖတ်မည်...

မွေးလာတဲ့ ကလေး မွေးစာရင်းမှာတောင် ပါတီဝင် - ကြံ့ ဖွတ် လို့  ထည့်ပေးရမလို ဖြစ်နေပြီ။

မွေးလာတဲ့ ကလေး မွေးစာရင်းမှာတောင် ပါတီဝင် - ကြံ့ ဖွတ် လို့  ထည့်ပေးရမလို ဖြစ်နေပြီ။

ကြံ့ ဖွတ်အမတ် လဲ့လဲ့ဝင်းဆွေမှ ကလေးမွေးဖွားထားသော ရပ်ကွက်အတွင်းရှိ အမျိုးသမီးများနှင့် မိသားစုများအား အိမ်တိုင်ရာရောက်သွားကာ တစ်ဦးလျှင် အနှီးပိတ်စ (၁၀) စနှင့် ထောက်ပံ့ငွေ (၂၀၀၀၀ိ-နှစ်သောင်းကျပ်) ပေးပြီးနောက် ကြံ့ ဖွတ်ပါတီသို့ ဝင်ခိုင်းနေတာတော့ မကောင်းပါဖူး။

(သတင်း/ဓာတ်ပုံ - ကေကေတီ)။


အပြည့်ဖတ်မည်...

Friday, December 20, 2013

မြန်မာကို အားပေးမှာလား ဒါမှ မဟုတ် …

မြန်မာကို အားပေးမှာလား ဒါမှ မဟုတ် …

ဘောလုံးကွင်းတစ်ကွင်းလုံး၊ မြန်မာပြည်တစ်ဝှန်းလုံး၊ အင်တာနက် စာမျက်နှာ ဖေ့စ်ဘွတ် ယူကျူတစ်ခွင်လုံး တကမ္ဘာလုံး နားအူမတတ် ကြားရ အားရရတဲ့ “မြန်မာဟေ့ မြန်မာဟေ့” အားရပါးရ ကြွေးကြော်သံ၊ “တရားမျှတ လွတ်လပ်ခြင်းနဲ့မသွေ ...
တို့ပြည် တို့မြေ၊ များလူခပ်သိမ်း ငြိမ်းချမ်းစေဖို့
ခွင့်တူညီမျှ ၀ါဒဖြူစင်တဲ့ပြည် တို့ပြည် တို့မြေ” အစချီပြီး

(ကမ္ဘာမကျေ မြန်မာပြည်
တို့ဘိုးဘွားအမွေစစ်မို့ ချစ်မြတ်နိုးပေ)2
ပြည်ထောင်စုကို အသက်ပေးလို့ တို့ကာကွယ်မလေ
ဒါတို့ပြည် ဒါတို့မြေ တို့ပိုင်နက်မြေ
တို့ပြည် တို့မြေ အကျိုးကို ညီညာစွာ တို့တစ်တွေ
ထမ်းဆောင်ပါစို့လေ တို့တာဝန်ပေ အဖိုးတန်မြေ” ဆိုတဲ့ နိုင်ငံတော်သီချင်းကို လူမျိုးဂုဏ် တိုင်းပြည်ဂုဏ် မြင့်မားစွာနဲ့  သံပြိုင်သီဆိုခဲ့ကြတာ ရင်ထဲ နှလုံးသားထဲ သွေးထဲသားထဲ ကြက်သီးတဖြင်းဖြင်း ထရုံမက လက်သီးလက်မောင်းပါ တန်းရသည်အထိ ကမ္ဘာမှာ မြန်မာဟေ့ ဆိုတာကို ၀င့်ဝင့်ကြွားကြွား သွေးနားထင် ရောက်ခဲ့ရပါတယ်။

ဒီလိုမျိုး တိုင်းပြည်ရဲ့  ဂုဏ်သိက္ခာ လူမျိုးရဲ့  ဂုဏ်သိက္ခာကို စွမ်းစွမ်းတမာန် ကြိုးစားပေးခဲ့ကြတဲ့ မြန်မာအမျိုးသမီးဘောလုံးအသင်းကိုလည်း အထူးကျေးဇူးတင်ရှိသလို လေးစားဂုဏ်ပြုရပါတယ်။ ယနေ့  မကြာခင်ကလေးကမှ ယှဉ်ပြိုင်ခဲ့တဲ့ ဘောလုံးပြိုင်ပွဲမှာ အနိုင်ဂိုး (၆) ဂိုးကို အရည်အချင်းရှိရှိ အဆင့်အတန်းရှိရှိ ရယူပေးနိုင်တဲ့အတွက် ယခုလို လှိုက်လှိုက်လှဲလှဲ ပြောကြားဂုဏ်ပြုခြင်း ဖြစ်ပါတယ်။ လေးစားဖွယ် ဂုဏ်ပြုဖွယ် ချီးကျူးဖွယ်ကောင်းလွန်းလှတဲ့ မြန်မာအမျိုးသမီးဘောလုံးအသင်းရဲ့  အောင်ပွဲများကိုလည်း ဆက်လက်မြင်တွေ့ ချင်ပါတယ်။

အနာဂါတ်မှာ အားကြိုးမာန်တက် အားကစားစိတ်ဓါတ်အပြည့်နဲ့ ယှဉ်ပြိုင်မယ့် မြန်မာအမျိုးသမီးအသင်းရဲ့  ယှဉ်ပြိုင်ပွဲတွေအတွက် -

မြန်မာအမျိုးသမီးဘောလုံးအသင်းရဲ့  တိုင်းပြည်ဂုဏ်ဆောင်တဲ့ အားကြိုးမာန်တက် စွမ်းဆောင်မှုတွေနဲ့ အတူ အနိုင်မခံ အရှုံးမပေး အားကစားစိတ်ဓါတ်အပြည့်နဲ့  ယှဉ်ပြိုင်မှု အနိုင်ရမှုကို သမ္မတကြီး သိန်းစိန်ရော ချီးကျူးစကား ပြောမှာလား၊ သိန်းချီတဲ့ ဆုငွေတွေကို ကမ္ဘောဇနဲ့  ကြည်း ရေ လေတွေကရော ဆုချီးမြှင့်မှာလား၊ ဇော်ဇော်တို့ ကရော အားပါးတရ လက်ခုပ်တီးကြမှာလား၊ ဘောလုံးကွင်းထဲမှာ ဂုဏ်ပြုစကားတွေကို ပြောကြမှာလား၊ ပြန်ကြားရေးဝက်ဆိုဒ်ကရော ထောပနာပြုတာတွေ ရေးသားမှာလား၊ မျိုးချစ်စိတ်ဓါတ်တွေ အင်မတန်ပြင်းပြနေပြတဲ့ ကိုယ်တော်တွေကလည်း ဘောစောင့်ဥပဒေထုတ်လိုစိတ် ဖြစ်ပေါ်မှာလား၊ အမျိုး (အာဏာရှင်မျိုး) ထိရင် မချိအောင် နာတတ်ကြတဲ့ အဖေမတူ မအေကွဲ ဒူးမနာသားများကရော အနိုင်ရရေး ဘောမြှောက်ကာ ကာကွယ်ပေးကြမှာလား၊ ငွေရှင်ကြေးရှင် ဘုံးတံခိုးရှင်များကလည်း ငွေထုတ်ကြီးများကို ဘယ်ဘက်ကိုများ ရွေးချယ်ပေး အဲ … သာတဲ့ဘက်ကို ပစ်ပေါက်ပေးကြမှာလည်းဆိုတာ အမျိုးချစ်တဲ့ စိတ်နဲ့ ပြောပြော မေးကြည့်ပါရစေ။

နေပြည်တော်မှာ အချိန်ကာလတစ်ခုတွင် မြန်မာအမျိုးသမီးဘောလုံးအသင်းနဲ့  တရုတ်အမျိုးသမီးဘောလုံးအသင်းတို့  ဗိုလ်လုပွဲ ပထမနေရာကို အကြိတ်အနယ် ယှဉ်ပြိုင်မှာ ဖြစ်တဲ့အတွက် သိရှိလွန်လွန်းလို့  မေးရခြင်း ဖြစ်ပါတော့တယ်။




အပြည့်ဖတ်မည်...

ခင်ညွှန့်  အခုတော့ လမ်းဘေးမှာ ရောင်းစားခံနေရပြီ။

တစ်ချိန်တုန်းက သန်းရွှေနဲ့ အတူ သြဇာကြီးခဲ့တဲ့ အာဏာပါဝါပြခဲ့တဲ့ ခင်ညွှန့်  အခုတော့ လမ်းဘေးမှာ ရောင်းစားခံနေရပြီ။ ရဟန်းရှင်လူ ပြည်သူလူထုအပေါ် ကျူးလွန်ခဲ့တဲ့လုပ်ရပ်တွေအတွက် မသေခင်မှာ လူသိရှင်ကြား တောင်းပန်စကား ပြောသင့်တယ်။





အပြည့်ဖတ်မည်...

မြန်မာအမျိုးသမီးတွေရဲ့  စွမ်းရည်ကို အာဏာရူးနေတဲ့သူတွ သိကြဖို့  လိုပါပြီ။

မြန်မာအမျိုးသမီးတွေရဲ့  စွမ်းရည်ကို အသိအမှတ်ပြုကြတာ ၀မ်းသာစရာပါဘဲ။ မြန်မာနိုင်ငံရဲ့  အနာဂါတ်အတွက် အမျိုးသမီးတွေ အရည်အချင်းကို လစ်လျူမရှုကြဖို့ ၊ မနာလို မဖြစ်ကြဖို့ ၊ နေရာပေးဖို့ ၊ ဦးဆောင်မှု အခန်းကဏ္ဍတွေမှာ ထည့်သွင်းဖို့ ကို သိရှိနားလည် လက်ခံကြဖို့  အထူးသဖြင့် အာဏာရူးနေတဲ့သူတွ သိကြဖို့  လိုပါပြီ။


အပြည့်ဖတ်မည်...

မြန်မာနဲ့  မလေးရှား အမျိုးသမီးဘောလုံးပွဲ (ဒီဇင်ဘာ ၂၀၊ ၂၀၁၃ ခုနှစ်)။

မြန်မာနဲ့  မလေးရှား အမျိုးသမီးဘောလုံးပွဲ (ဒီဇင်ဘာ ၂၀၊ ၂၀၁၃ ခုနှစ်)။

http://www.youtube.com/watch?v=c_09ptF89Co



အပြည့်ဖတ်မည်...

Thursday, December 19, 2013

မြန်မာအမျိုးသမီးဘောလုံးသမားများ၏ ဇွဲလုံ့ လ ကြိုပမ်းအားထုတ်မှု ဖြူစင်သန့် ရှင်းမှု အားကစားစိတ်ဓါတ်ပြည့်ဝမှုတို့ ဖြင့် ကစားခဲ့ခြင်းအပေါ် များစွာ ဂုဏ်ယူလေးစား ချီးကျူးအပ်ပါသည်။

မြန်မာအမျိုးသမီးဘောလုံးသမားများ၏ ဇွဲလုံ့ လ ကြိုပမ်းအားထုတ်မှု ဖြူစင်သန့် ရှင်းမှု အားကစားစိတ်ဓါတ်ပြည့်ဝမှုတို့ ဖြင့် ကစားခဲ့ခြင်းအပေါ် များစွာ ဂုဏ်ယူလေးစား ချီးကျူးအပ်ပါသည်။


အပြည့်ဖတ်မည်...

Wednesday, December 18, 2013

နိုင်ငံတော်အလံဥပဒေ ချိုးဖောက်သူတွေ အထူးသဖြင့် ဇော်ဇော်ကို အရေးမယူရဲတဲ့ သိန်းစိန်တို့ ။

နိုင်ငံတော်အလံဥပဒေ ချိုးဖောက်သူတွေ အထူးသဖြင့် ဇော်ဇော်ကို အရေးမယူရဲတဲ့ သိန်းစိန်တို့ ။

နိုင်ငံတော်အလံကို မီးရှို့ ခဲ့သူကိုလည်း အရေးမယူတဲ့အပြင် ဇော်ဇော်က အလံမီးရှို့ ခဲ့သူကို လွှတ်ပေးခိုင်းတဲ့အပြင် ဆုပါချီးမြှင့်လိုက်သေးတယ်ဆိုတော့။

ဇော်ဇော်တစ်ယောက် နိုင်ငံတော်အလံချိုးဖောက်သူကို အားပေးအားမြှောက်ပြုတာဟာ ဇော်ဇော်က ဥပဒေအထက်မှာ ရှိနေတာလား (သို့ ) နိုင်ငံတော်အခြေခံဥပဒေကို ချိုးဖောက်ဖို့  အားပေးသူလား။ သိန်းစိန်တို့  လွှတ်တော်ကြီးက အရေးမယူရဲဘဲ နုတ်ပိတ်နေကြပြီလား။

နိုင်ငံတော် အလံ ဥပဒေနှင့် နည်းဥပဒေ။

အခန်း (၄) တားမြစ်ချက် များနှင့် ပြစ်ဒဏ်၊

ပုဒ်မ ၁၃ - နိုင်ငံတော် အလံနှင့် စပ်လျဉ်း၍ မည်သူမျှ အောက်ဖော်ပြပါ တစ်ခုခုကို မပြုလုပ်ရ။

(က) နိုင်ငံတော် အလံပေါ်တွင် စာလုံး၊ ဂဏန်း၊ ရုပ်ပုံနှင့် သင်္ကေတ စသော အမှတ်အသား တစ်ခုခုကို ရေးသား ခြယ်လှယ်ခြင်း၊ တွယ်ကပ်ခြင်း၊ ပုံနှိပ်ခြင်း သို့မဟုတ် တစ်ခုခုဖြင့် အရာ ထင်စေခြင်း။

(ခ) နိုင်ငံတော် အလံကို-

(၁) အဆင်းအရွယ်၊ ပုံသဏ္ဌာန် သို့မဟုတ် အချိုးအစား ပျက်ပြားစေရန် ပြုခြင်း။
(၂) ပြဋ္ဌာန်း ခွင့်ပြုထားခြင်း မရှိသည့် နေရာ၊ ဒေသနှင့် ကိစ္စများတွင် အသုံးပြုခြင်း။
(၃) မလေးမစား ပြုခြင်း။

ထို့ပြင် ယင်းအခန်း၏ ပုဒ်မ ၁၆ တွင် ''မည်သူမဆို ပုဒ်မ ၁၃၊ ပုဒ်မ ၁၄ နှင့် ပုဒ်မ ၁၅ တို့ပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက် ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင် ထိုသူကို သုံးနှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သုံးသိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ် နှစ်ရပ်စလုံး ဖြစ်စေ ချမှတ် ရမည်'' ဟု ဖော်ပြ ထားပါသည်။

မလေးမစားပြုတာတောင် မဟုတ်တော့ဖူး၊ မီးပါ ရှို့ တာ။

ဒါတောင် အာဏာရှင်အလံ မီးရှို့ တာကို အရေးမယူရဲတာနော် …..



အပြည့်ဖတ်မည်...

ဥပဒေကဲ့သို့ အာဏာတည်စေသော အမိန့် ။

ဥပဒေကဲ့သို့ အာဏာတည်စေသော အမိန့် ။

အာဏာရှင်များ အလံကို မီးရှို့ ပါက ငွေ ၅ သောင်းနဲ့  မျိုးချစ်ဂုဏ်ထူးဆောင်ဘွဲ့  ပေးစေ။

တရုတ်နိုင်ငံ အလံအား မီးရှို့ ပါက ထောင်ဒဏ်ကျခံစေ။

ပုံ - သိန်းစိန်။

အပြည့်ဖတ်မည်...

ယနေ့  ကြည်ရှူနိုင်တဲ့ အမျိုးသမီးဘောလုံးပွဲ - ဗီယက်နမ်နဲ့  မလေးရှား၊ ထိုင်းနဲ့  မြန်မာ။

ယနေ့  ကြည်ရှူနိုင်တဲ့ အမျိုးသမီးဘောလုံးပွဲ - ဗီယက်နမ်နဲ့  မလေးရှား၊ ထိုင်းနဲ့  မြန်မာ။

အပြည့်ဖတ်မည်...

နှစ်ဖက်ချွန် ဇော်ဇော်။

ယခုထိတိုင်အောင် စီးပွားရေးပိတ်ဆို့ မှု လုပ်ခံထားနေရဆဲ ဇော်ဇော်၊ ဒါပေမယ့် ပြည်တွင်းမှာတော့ အာဏာရှင်အသိုင်းအ၀န်းနဲ့  ပေါင်းဖက်ပြီး ချမ်းသာရုံမက အားကစားမှာ ကျေးဇူးရှင်ကြီးလို ခံယူနေတဲ့ နှစ်ဖက်ချွန်။



အပြည့်ဖတ်မည်...

Tuesday, December 17, 2013

ဇော်ဇော်နဲ့  တင့်ဆန်း။

မြန်မာအသင်း ဘောလုံးပြိုင်ပွဲ ရှုံးတာနဲ့  အပြစ်အားလုံးပုံချပြီး မြန်မာနည်းပြ ပတ်ဆောင်ဟွာကို ထုတ်ပယ်တယ်၊ ကိုယ့်အကျိုးအတွက် အကျိုးအမြတ်ရရေးအတွက်ကြတော့ ဇော်ဇော်တို့  တင့်ဆန်းတို့ က ဒီလို ပေါင်းဖက်ကြတယ်။


အပြည့်ဖတ်မည်...

ပြောရမှာက သူ။

ပြောရမှာက သူ။

ဇော်ဇော်က ဒေါသထွက်ပေါက်ကွဲစွာဖြင့် - "ဒီကောင် အားလုံးကို လိမ်တယ်၊ သန်း ၆၀ လုံးကိုလည်း လိမ်တယ်”

အပြည့်ဖတ်မည်...

သူခိုးကြီးတော့ ဓါးပြ၊ ဓါးပြကြီးတော့ စစ်တပ်ဆိုတာ ဖြစ်နေပြီ။

သူခိုးကြီးတော့ ဓါးပြ၊ ဓါးပြကြီးတော့ စစ်တပ်ဆိုတာ ဖြစ်နေပြီ။

မိတ္ထီလာမြို့  အင်းဝဘဏ်ကို ဗိုလ်ကြီးက ဓါးပြတိုက်တာ - အရင်းစစ်က ဗိုလ်ချူပ်ကြီးတွေ ကိုယ်တိုင်က ပြည်သူ့ အချူပ်အခြာအာဏာကို ဓါးပြတိုက်ခဲ့တာကိုး။


အပြည့်ဖတ်မည်...

SEA GAMES (၂၇) ကြိမ်မြောက် ဆောင်ပုဒ် အစစ်အမှန်။

SEA GAMES (၂၇) ကြိမ်မြောက် ဆောင်ပုဒ် အစစ်အမှန်။

Green - ငါတို့  အာဏာရှင်စစ်တပ်တွေ လက်ပါးစေ ကြံ့ ဖွတ်တွေ ညီညွတ်ကြမယ်။

Clean - ငါတို့ ကို ဆန့် ကျင်တဲ့သူမှန်သမျှ ဘုန်းကြီးမရှောင် ကိုယ်ဝန်ဆောင် မချန် ကလေးမကျန် ရှင်းပစ်ရမယ်။

Friendship - ငါတို့ နဲ့  အသွင်တူတဲ့ အာဏာရှင်အစိုးရတွေဖြစ်တဲ့ ရုရှ တရုတ် ဗီယက်နမ် မြောက်ကိုရီးယားတို့  အချင်းချင်း မိတ်ဖွဲ့ ရမယ်။


အပြည့်ဖတ်မည်...

Green တွေ ကြီးစိုးနေသ၍ Clean လည်း မဖြစ်ဖူး၊ Friendship လည်း မဖြစ်ဖူး။

Green တွေ ကြီးစိုးနေသ၍ Clean လည်း မဖြစ်ဖူး၊ Friendship လည်း မဖြစ်ဖူး။

အပြည့်ဖတ်မည်...

သန်းရွှေက သင်တန်းဆင်းသူတွေကို ဟိုတယ်မှာ ဂုဏ်ပြုညစာကျွေးတာတွေနဲ့  ...

သန်းရွှေက သင်တန်းဆင်းသူတွေကို ဟိုတယ်မှာ ဂုဏ်ပြုညစာကျွေးတာတွေ၊ ဖားတတ်ရင် ၀န်ကြီးအဆင့်တောင် ဖြစ်တာတွေ၊ ၀န်ကြီးက ပေါင်းစားရင် အရိုးမစူးဖူး ပြောတာတွေ၊ လှောင်အိမ်ထဲက လွတ်တဲ့ ငှက်ကလေးလို ခံစားရတာတွေ ရင်ဖွင့်ထားတဲ့ စာတစ်စောင်။

“သူငယ်ချင်းထံမှပေးသောစာ (သို့) ပြီးဆုံးခဲ့ပြီဖြစ်သော အမှတ်တရများ”

တစ်နေ့ ဂျာနယ်တိုက်ရုံးမှ ညနေ အိမ်ပြန်ရောက်တော့ ဇနီးဖြစ်သူက ကိုအောင်ကို အမည်နဲ့ စာတစ်စောင် ရောက်နေတယ်။ အစ်ကိုကြီး ကိုအောင်ကိုတဲ့ ကြည့်လည်းလုပ်ဦးနော်… ဘယ်တုန်းက အဆက်ဟောင်းတွေဆီကလဲဟု ဇနီးဖြစ်သူမှ ခနဲ့တဲ့တဲ့နှင့် ပြောရင်း စာကို ထုတ်ပေးသည်။

ဘယ်သူပါလိမ့်ဟု စိတ်ထဲတွေးရင်း စာအိတ်ပေါ်မှာ ရေးထားတာက စောလွင် မကွေးမြို့တဲ့.. ဘယ်သူလဲ စဉ်းစားကြည့်သည်၊ ကြံ့ခိုင်ရေး မှော်ဘီ သင်တန်းတွေ တက်တုန်းက နယ်က သူငယ်ချင်းတွေနဲ့တူတယ်ဟု တွေးရင်း စာကို ဖွင့်ဖောက်ဖတ်ကြည့်ရာ ကိုအောင်ကိုကြီး ကျွန်တော့်ကို မှတ်မိသေးရဲ့လား၊ ကျွန်တော် မောင်စောလွင်လေ . .. ကိုအောင်ကိုကြီး ကတော့ ဘယ်မှတ်မိတော့မလဲ ကျွန်တော်ကို အစ်ကိုတို့ နောက်ပြောင်ပြီးခေါ်တဲ့ ဆော်ကြီးလေ၊ စောလွင် မကွေးမြို့ကပါ၊ ကျွန်တော်လည်း ကိုအောင်ကိုကြီးကို သတိရပြီး သင်တန်းမှာတုန်းက အမှတ်တရ ဖြစ်ခဲ့တာတွေ ပြန်တွေးကြည့်ပြီး စာရေးလိုက်ရတာ။

၁၉၉၉ ခုနှစ်ကဆိုတော့ နှစ်တွေလည်း အတော်ကြာခဲ့ပြီ နော် … ကိုအောင်ကိုကြီးကို သတိရစေတာက ပြီးခဲ့တဲ့လ (၁၀) လပိုင်းလောက်က မုံရွာမှာနေတဲ့ ဦးလေးအိမ် ကျွန်တော် ရောက်တော့ ဂျာနယ်တစ်စောင် တွေ့တယ်။ အဲ့ဒီ ဂျာနယ်က သံတော်ဆင့်ဂျာနယ် ဖတ်ကြည့်မိတော့ ကိုအောင်ကိုကြီးပုံနဲ့ ဆောင်းပါးတစ်ခု တွေ့တယ်။ အဲ့ဒီတော့မှ ဒါ ငါတို့ မှော်ဘီကြံ့ခိုင်ရေး စီမံခန့်ခွဲရေး သင်တန်းတက်တုန်းက ကိုအောင်ကိုကြီးပဲ အဲ့ဒီမှာ ဆောင်းပါး ဖတ်ကြည့်မိမှဘဲ အစ်ကိုအောင်ကို ကို ပြန်သတိတရ ဖြစ်စေတာကိုတော့ ကျွန်တော့်ကို ခွင့်လွှတ်ပါ။

ဘာလဲ ဆောင်းပါးအမည်က “ဆပ်ပြာကောင်းလို့ ခေါင်းပေါင်းဖြူတဲ့” အစ်ကို့  အဖေဆုံးသွားတဲ့ အကြောင်းတွေလည်း ပါတယ်။ စိတ်မကောင်းလည်း ဖြစ်မိပါတယ်။ အစ်ကို့လောက် တက်ကြွတဲ့ ကေဒါခေါင်းဆောင်ကောင်းတစ်ယောက် ဘာကြောင့် အသင်းကြီးကနေ ထွက်သွားတာကို ဘယ်လိုမှ တွေးလို့မရဘူး၊ နိုင်ငံရေး အကြောင်း၊ ကြံ့ခိုင်ရေး အကြောင်းတွေ မပြောတာဘဲ ကောင်းပါတယ်။

ကျွန်တော်လည်း အပြင် စီးပွားရေးပဲ လုပ်နေတယ်။ သင်တန်းတုန်းက ကိုအောင်ကိုကြီးက အလွန်ပျော်တတ်တာတွေကို ပြန်သတိရစေတယ်။ အစ်ကို ကျွန်တော်တို့ကို စနေ/တနင်္ဂနွေ အပြင်ထွက်ခွင့် အောက်ပတ်စ် (Out Pass) ရတုန်းက ရန်ကုန်မြို့အနှံ့ တန်ခိုးကြီးဘုရားတွေ၊ ရုပ်ရှင်တွေ လိုက်ပြတာတွေ အစ်ကို့ ဘေးခုတင်က မြ၀တီက တင်ယုလည်း ပါတယ် လေ။

သင်တန်းမှာ နောက် ရယ်စရာ အမှတ်တရ လေးတွေလည်း ရှိသေးတယ်၊ အဆောင်မှူးက ညနေတိုင်း တန်းစီတန်းညှိ လူစစ်တော့ အမိန့်ထုတ်ထားတယ်လေ၊ မင်းတို့ ဘာပဲလုပ်နေနေ ၀ီစီခရာ မှုတ်သံကြားတာနဲ့ တန်းစီ ညာညှိပြီး ဖြစ်ရမယ်လို့လေ၊ အဲ့ဒါ တစ်နေ့ ၀ီစီမှုတ်တော့ အစ်ကိုက ရေကန်မှာ ရေချိုးနေတုန်း အမြန်ပြေးလာပြီး ပုဆိုးမပါ အောက်ခံဘောင်းဘီလေးနဲ့ လာတန်းစီတာလေ၊ အဆောင်တစ်ခုလုံး ပွဲကျသွားတာ မှတ်မိနေတယ်။

နောက်ရှိသေးတယ်၊ ကိုအောင်ကိုကြီး လူစွမ်းကောင်း လုပ်ခဲ့တာလေ၊ တစ်နေ့ ခန်းမ၀င်တော့ ကျွန်တော်တို့ အဆောင် (၅) အဖွဲ့ခန်းမဆီ သွားနေတုန်းလမ်းမှာ မိန်းကလေးတစ်သိုက် အလန့်တကြား ဖြစ်နေကြတယ်။ ဘာတွေဖြစ်နေလဲ ကျွန်တော်တို့သွား ကြည့်တော့ ရှမ်းတောင်က ရှမ်းမလေး ခြေထောက်မှာ မျှော့ကြီး တွယ်နေတာလေ။ စကားသံဝဲ၀ဲ ကြောက်လို့ အော်နေလိုက်တာ သူ့ခြေထောက်ကို ပြပြီး အစ်ကိုတို့ ကူညီပါတဲ့… ကျွန်တော်တို့လည်း မကိုင်ရဲဘူး အစ်ကိုက လူစွမ်းကောင်းကြီးလေ ဟဲ..ဟဲ … လက်နဲ့ကို ကိုင်ပြီး ရှမ်းမလေး ခြေထောက်က မျှော့နက်မည်းကြီးကို ဖယ်ပေးလိုက်တာ အစ်ကိုက ပြောသေးတယ်၊ ကောင်မလေးမို့ ငါလုပ်ပေးလိုက်တာပါ မင်းတို့လို အထီးကြီးတွေဆို ငါမလုပ်ဘူးတဲ့။ အဲ့ဒီမှာ ကျွန်တော်တို့ တင်ယုတို့က အစ်ကိုအောင်ကို မျှော့နက်မည်းကြီးလို့ စနောက်ခဲ့တာလေ၊ အစ်ကို တော်တော် အမည်တွင် သွားတယ်၊ နောက်ရှိသေးတယ် ရှမ်း/ မြောက်က စိုင်းမိုင်လေ ကိုအောင်ကိုက ၀တော့ မိုးဒီလို ခေါ်တယ်၊ ကြော်ငြာလေ … အဲဒီတုန်းက တီဗွီမှာ ကြော်ငြာလာနေကျ မိုးဒီရဲ့ သားသားစား ချင်တာစားလို့ရပြီ ထက်လင်း ရင်လူးဆေး … အဲဒီကောင်က အစ်ကို့ကိုတွေ့တိုင်း သားသားစားချင်တာ စားလို့ရပြီ ဆိုပြီး နောက်တာ ကိုအောင်ကို စိတ်ဆိုးပြီး လိုက်ထိုးတာတွေ ရယ်စရာလေးတွေ၊ အမှတ်တရ ရှိခဲ့တာတွေ တွေးရင်း စာထဲ ထည့်ရေးမိတာ စိတ်မဆိုးနဲ့နော်။

နောက်ရှိသေးတယ်၊ ထားဝယ်ဂျပုကစ်ကောင် ညဘက်အိမ်သာ သွားတက်တော့ လက်နှိပ်ဓာတ်မီးနဲ့ အိမ်သာထဲ လိုက်ထိုးကြည့်မိတာ သူ့နောက်မှာ မြွေခွေနေတာတွေ့တော့ လန့်ဖျပ်ပြီး ရေတောင် မဆေးတော့ဘဲ အဆောင်ပြန်ပြေး လာရတာတွေ အဆောင်ထဲမှာ မကွေးက ကသ ၁၅၂ ထင်တယ် သူ့ရည်းစား ပေးလိုက်တဲ့ နာရီလေး ပျောက်တော့ အဆောင်မှူးကို သွားတိုင်တယ်၊ အဆောင်မှူး တပ်ကြပ်ကြီးက အဆောင်မှာရှိတဲ့ သေတ္တာတွေ အားလုံးစစ်မယ် အားလုံး အဆောင်အပြင် ထွက်ပြီး တန်းစီ ခိုင်းတယ်၊ အဲဒီမှာ တင်ယု မြ၀တီက ပြဿနာပဲ။ ဘာလဲ မင်းယူထား လို့လားဟု မေးရာ မယူပါဘူးဗျာ၊ ကျွန်တော် သေတ္တာထဲက ၀ှက်ထားတဲ့ အရက်ပုလင်း တွေ့သွားမှာ စိုးလို့ပါဟု ရယ်ခဲ့ရတာတွေ၊ ပျော်ခဲ့ ရတာတွေ၊ နောက်တော့ နာရီက ရေချိုးကန် ခေါင်မိုးတန်းဘေးမှာ ချိတ်ထားမိခဲ့ပြီး ပြန်တွေ့လို့ နာရီပျောက်တဲ့ ကသ-၁၅၂ ကို ၀ိုင်းထုခဲ့ကြတာတွေ၊ ကျွန်တော်တို့ တစ်တွေ ခေါင်းအုံး၊ စောင်၊ အိပ်ရာ ကစ် (Kit) မခေါက် တတ်တော့ အစ်ကို သင်ပေးတာလေ၊ ကစ် ( Kit ) ကို ပုံစံမပျက်အောင် အသေတစ်ခါတည်း ခေါက်ထား နည်းတွေ သင်ပေးထားတာ ညအိပ်တော့ အခြား ခေါင်းအုံးတစ်ခုနဲ့အိပ်၊ သင်တန်း ခန်းမ၀င်တော့ အဆောင်မှူးတွေက လာစစ်၊ ညအိပ်တဲ့ ခေါင်းအုံးကို မမြင်အောင် သေတ္တာထဲ ၀ှက်ထားခဲ့တာတွေ၊ အဆောင်စစ်တဲ့ မှတ်တမ်းမှာ မှတ်ချက် ပြုသွားတာက သံသေတ္တာအောက်က ကင်းမြီးကောက်တွေ့တဲ့ မယုံလို့ သေတ္တာအောက် မကြည့်ကြတော့ ကင်းမြီးကောက်ကြီး တစ်ကောင် ရှိနေခဲ့ရတာတွေ၊ အဆောင်လိုက် ဘောလုံးပြိုင်ပွဲမှာ ကိုအောင်ကို ကိုယ်လုံးကြီးနဲ့တစ်ဖက်က ဂိုးသွင်းလို့ မရအောင် ပိတ်ဆို့ပြီး ဟာသလုပ်ပြီး ကစားခဲ့တာတွေ၊ ဟိုကောင် အရက်သမား မြ၀တီက တင်ယု တစ်ယောက် မှော်ဘီဗိုလ်သင်တန်း ကျောင်းဝင်းနောက်က တပ်မတော် စစ်တီးဝိုင်း တပ်ဖွဲ့လိုင်းခန်းမှာ အာမီရမ် ခိုးထွက်ဝယ်လို့ အဆောင်မှူး မိသွားပြီး အဆောင် (၁၀) ပတ် ပြေးခိုင်းပြီး ဒဏ်ပေးခံရတာတွေ၊ ညဘက် နိုက်စတာဒီ Night Study သင်တန်းအားလုံး ခန်းမ၀င်တဲ့အချိန် ဗိုလ်ကြီး သင်တန်းအုပ်ချုပ်သူက ကသနံပါတ် ဘယ်သူ ဘယ်ဝါ သင်တန်းမှာ အိပ်ငိုက်၊ ကသ နံပါတ် ဘယ်သူကတော့ ဟင်းတစ်ခွက် ပိုယူစား၊ အဆောင်လိုက် အမှတ်ရရှိမှု၊ ၀တ်စား ဆင်ယင်မှု၊ သန့်ရှင်း သပ်ရပ်မှု ပြစ်ဒဏ် အမှတ် လျော့ခဲ့တာတွေ စင်ပေါ်တက်ပြီး လူထုဟောပြောနည်း ဘာသာရပ် တက်ပြောခဲ့ရတာတွေ လူထုဟောပြောနည်း စင်ပေါ်တက် ပြောရမှာ ကြောက်လို့ ကိုယ့်အလှည့် ရောက်တဲ့အခါ အိမ်သာ သွားတက်ချင်ယောင် ဆောင်ခဲ့တာတွေ၊ သင်တန်းသူ တစ်ယောက် စင်ပေါ် ရောက်မှ ကြောက်စိတ်ဝင်ပြီး မူးလဲသွားလို့ ကျန်းမာရေး ဆေးခန်း ပို့ခဲ့ရတာတွေ၊ သင်တန်းပြီးလို့ နာယကကြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေကနေ ကျွေးမွေးတဲ့ ရန်ကုန် သိမ်ကြီးဈေး အပေါ်ထပ် မေဟွား ဟိုတယ်မှာ ဂုဏ်ပြုညစာ စားပွဲ တက်ခဲ့ရတာတွေ၊ အဲ့ဒီတုန်းက ကျွန်တော်တို့နဲ့ကိုအောင်ကိုကြီး သီချင်းဆိုခဲ့ကြတာတွေ၊ ဒီလိုခမ်းနားလွန်းတဲ့ ညစာစားပွဲကို တက်ခဲ့ရတဲ့အကြောင်း ကျွန်တော်တို့ မြို့ရောက်တော့ ပြန်ပြော၊ ပြန်ကြွားခဲ့ရ တာတွေဟာ မမောနိုင်အောင်ပါပဲ။

ကျွန်တော်လည်း အစ်ကိုရေးတဲ့ ဆောင်းပါးဖတ်ကြည့်ပြီး အိမ်ပြန်ရောက်တော့ ကျွန်တော် တို့ဆီက ပိုက်ဆံကောက်ပြီး သင်တန်းက လုပ်ပေးလိုက်တဲ့ လိပ်စာ မှတ်တမ်းစာအုပ်မှာ အစ်ကို လိပ်စာပြန်ရှာပြီး စာရေးလိုက်ရတာ။ ကျွန်တော်တို့ သင်တန်းကာလ (၂) လတာ နီးပါးကာလမှာ တစ်ဦးနှင့် တစ်ဦး သံယောဇဉ်တွေ ဖြစ်ပြီး သင်တန်းပြီးဆုံးလို့ အချိန်တန် အိမ်ပြန်ရတဲ့ အချိန်မှာ ကျွန်တော်တို့ ယောက်က်ျားကြီးတွေ တန်မဲ့ မျက်ရည်ကျခဲ့ရတာ တွေကို ပြန်သတိရပြီး လွမ်းဆွေး သတိရနေမိတယ်။

အစ်ကိုကိုယ် အခု အပြင်လောကမှာ တွေ့နေရတာ ကောင်းပါတယ်။ ကျွန်တော်လည်း ပါတီပြောင်းတော့ မပါတော့ဘူး၊ တစ်ယောက်နဲ့ တစ်ယောက် တွန်းတိုက်နေတာနဲ့ပဲ အချိန်တွေ ကုန်ခဲ့တယ်၊ ဟိုတုန်းက အသင်းကြီးမှာ လူမှုရေး လုပ်ငန်းတွေပဲ လုပ်ခဲ့ကြရတာကို သန့်ရှင်းတယ်လို့ ကျွန်တော်ကတော့ ယူဆတယ်၊ တချို့ ကျွန်တော်တို့နဲ့အတူ လုပ်ခဲ့ကြသူတွေထဲမှာ ၀န်ကြီးတွေ ဖြစ်တဲ့ သူတွေလည်း ဖြစ်နေကြပြီ။ သူတို့က ၀န်ကြီးဇာတာပါတယ် ထင်တယ်။ ကျွန်တော်တို့ ဘယ်လောက်ပဲ လုပ်ခဲ့လုပ်ခဲ့ နေရာ မရခဲ့ဘူး။ ကျွန်တော်လည်း ဘွဲ့ရ တစ်ယောက်ပါ။ အပေါ်ကို မဖားလို့လားတော့ မသိဘူး၊ အထက်ဖား အောက်ဖိ သူတွေကတော့ အတော်များတယ်။

အခွင့်အရေးကို ရအောင် ယူတတ်တဲ့ သူတွေကတော့ နေရာတွေရကြနဲ့ ချမ်းသာနေကြပြီလေ၊ သူတို့ ကောင်းစားတာ မနာလိုလို့ ပြောတာလို့ ပြောနေကြဦးမယ်။ ဘေးထိုင်ပြီး ဘုပြောနေတယ်။ မင်းသားကြီး မလုပ်ရလို့ ပတ်မကြီး ထိုးဖောက်တယ်လို့ အပြောမခံချင်ပါဘူး။ အခုတော့ ဘယ် အဖွဲ့အစည်းမှာမှ မ၀င်တော့ ကိုယ့်မိသားစုအတွက် အချိန်ပေးနေနိုင်တယ်။ အစ်ကိုနဲ့ ရန်ကုန်မှာ လျှောက်လည်ကြရင်း ဗဟန်းမြို့နယ်၊ တက္ကသိုလ် ရိပ်သာလမ်းက ကြံ့ခိုင်ရေးဌာနချုပ်ကို အစ်ကို လိုက်ပို့ပေးတယ်လေ၊ အဲဒီက၀ယ်ပြီး လက်ဆောင်ပေးလိုက်တဲ့ စင်ကာပူလုပ် ကြံ့ခိုင်ရေး အလံတံဆိပ်နှင့် လေးထောင့်သံတံဆိပ် ကျွန်တော့်ဆီမှာ အခု ထိရှိသေးတယ် စင်ကာပူလုပ် တံဆိပ်က ရှားတယ် အခုထိ အရောင်မပြယ်သေးဘူး။

အစ်ကိုမှတ်မိမလား မသိဘူး။ သင်တန်းမှာတုန်းက အဘ၀န်ကြီးတစ်ဦး ပြောသွားတယ်လေ။ မင်းတို့ ပေါင်းစားကြ အရိုး မစူးဘူး၊ ပေါင်းပြီး မစားရင်ကတော့ အရိုးစူးလိမ့်မယ်။ အသင်းကြီးထဲမှာ အရိုးစူးသွားကြတဲ့ သူတွေ အများကြီးပဲနော်… အစ်ကိုနဲ့ ကျွန်တော်တို့ သင်တန်းတက်တဲ့နှစ်က (၁၉၉၉) ခုနှစ်က ဆိုတော့ (၁၄) နှစ်တောင် ကြာခဲ့ပြီနော် ယခင်က သတင်းစာတွေထဲမှာ တီဗွီတွေထဲမှာ အစ်ကိုတို့ လှုပ်ရှားမှု သတင်းတွေ မကြာခဏ တွေ့နေရတယ်။ အတော့်ကို လှုပ်ရှားခဲ့ကြတာပဲ၊ (၂၀၀၈) ခုနှစ်၊ အခြေခံ ဥပဒေနှင့် ၂၀၁၀ ရွေးကောက်ပွဲတုန်းကဆို အစ်ကိုတို့ တာမွေက သတင်းတွေ အများကြီးပဲ တွေ့နေရတယ်။ အခု အစ်ကိုလည်း အပြင်လောကကို ရောက်သွားပြီဆိုတော့ အတော်လေး ရင်ပေါ့ သွားမှာပေါ့နော်၊ အစ်ကို့ဇနီး သားသမီးတွေကတော့ သူတို့အတွက် အချိန်ပေးနိုင်ပြီဆိုတော့ စိတ်ချမ်းသာကြမှာပေါ့။ ကျွန်တော်လည်း ဒီအတိုင်းပါပဲ၊

မြ၀တီက တင်ယု၊ လွိုင်ကော်က ဇေယျာမြင့်၊ အစ်ကိုနောက် နောက်နေတဲ့ အုတ်ဖိုက ကုတ်တို၊ စိုင်းအောင်ခိုင်လေ မမှတ်မိတော့ဘူးလား နောက်ပြီး ဟင်္သာတက ခိုင်စိုးလင်း၊ ကျွန်တော်တို့ သာကေတ ရှုခင်းသာမှာ ဓာတ်ပုံအတူတူ တွဲရိုက် ခဲ့ကြသေးတယ်။ အဲဒီဓာတ်ပုံ ကျွန်တော် အခုစာရေးရင်း ထုတ်ကြည့်နေမိတယ်။ အစ်ကို့ဆီမှာကော အဲ့ဒီဓာတ်ပုံရှိသေးလား၊ အခုတော့ လွမ်းစရာလေးတွေ ဖြစ်ကုန်ပြီ။ ဒါပေမယ့် ပြီးခဲ့တာတွေ ပြီးခဲ့ပါပြီ၊ ကျွန်တော်လည်း အပြင်လောကရောက်ပြီး၊ ဆန်အရောင်းအ၀ယ် လုပ်နေတယ်။ အိမ်ထောင်ကျပြီး၊ သမီးလေးတစ်ယောက်လည်း ရနေပါပြီ။ အခုမုံရွာနဲ့ ကျွန်တော်တို့မြို့ ကူးချည်သန်းချည် ဆန်အရောင်း အ၀ယ်လုပ်နေတယ်။

ကျွန်တော့်ဆီလည်း စာရေးပါဦး။ ကျွန်တော့်ဖုန်းနံပါတ်လည်း ရေးပေးလိုက်ပါတယ် ၀၆၃ …… စာလည်း ရှည်သွားပြီ အစ်ကိုရာ၊ ကိုအောင်ကိုကြီးကိုတော့ အားရ ကျေနပ်မိတယ်။ အစ်ကို့ဓာတ်ပုံ ဂျာနယ်မှာ တွေ့တော့ သတိရမိပြီး ဒီစာကို ရေးလိုက်တာပါ။ သင်တန်းတက်စဉ်က ပုံရိပ်တွေ ပြန်မြင်ယောင်မိပြီး ၀မ်းနည်းမိသလိုလို ခံစားရတယ်။ တက်ခဲ့တဲ့ သင်တန်းတွေတော့ အခုတော့ အလကား ဖြစ်ကုန်ပြီ။ ကျွန်တော်တို့လို အပြင်ရောက်သွားတဲ့ လူမျိုးတွေ ဘယ်လောက်တောင် ရှိနေမလဲ မသိဘူးနော် … အဲဒီသင်တန်းတွေအတွက် နိုင်ငံတော်က ပိုက်ဆံတွေ အများကြီး ကုန်မှာပဲ။

သတိရခြင်းများစွာဖြင့်…

မှ စောလွင်/မကွေး။

မိမိလည်း စာဖတ်အပြီး ခေတ္တမျှ တွေဝေကာ အသင်းကြီးတွင် ပါဝင်ခဲ့စဉ်က ပုံရိပ်ဟောင်းတွေ ပြန်မြင်ယောင်မိလျက် ရှိနေစဉ် အတွေးများ ဖြတ်၍ စောလွင်ဆီ ဖုန်းဆက် ကြည့်လိုက်သည်။ ဟဲလို .. ဟဲလို ငါပါကွ ကိုအောင်ကိုပါ ဟာ…ကိုအောင်ကိုကြီး ကျွန်တော် စောလွင်ပါ အရမ်းဝမ်းသာတယ်။ ကျွန်တော့်စာ အစ်ကိုဆီ ရောက်ပြီ ထင်တယ်၊ ငါလည်း ၀မ်းသာပါတယ်။ မင်း စာဖတ်ပြီးပြီးချင်း ငါ ဖုန်းဆက်လိုက်တာ၊ အစ်ကို မကွေး ရောက်ရင်ဝင်ခဲ့နော်.. အခုတော့ အစ်ကိုတို့ဂျာနယ် အမြဲဝယ်ဖတ်တယ်။ အစ်ကို လိပ်စာက လိပ်စာမှတ်တမ်း စာအုပ်ထဲက လိပ်စာပဲ မဟုတ်လား၊ ရန်ကုန် ရောက်ဖြစ်ရင် ၀င်ခဲ့မယ်။

အေးပါကွာ . . . ငါလည်း မင်းစာဖတ်ကြည့်ပြီး ပြီးဆုံးခဲ့ပြီဖြစ်သော မေ့ထားခဲ့သည့် အတိတ်က ပုံရိပ်တွေ ပြန်မြင်ယောင်လာမိတယ်။ ငါတို့တွေက လှောင်အိမ်ထဲက လွတ်ထွက်လာတဲ့ ငှက်ကလေးတွေပါ။ လှောင်အိမ်ထဲ ဘယ်တော့မှ ပြန်မ၀င်တော့ဘူး။ ၀မ်းသာတယ်ကွာ အဲဒီမှာ ငါ့ဖုန်းနံပါတ် ပေါ်တယ် မဟုတ်လား …ပေါ်တယ် အစ်ကို … အေးဒါပဲနော်။ မင်းရေးလိုက်တဲ့ စာက ငါ့အတွက် ဆောင်းပါးတစ်ပုဒ် ရတာပေါ့၊ ဟဲ ဟဲ ငါရေးလိုက်မယ် … မင်း ဖတ်ကြည့်ပေတော့၊ ငါကတော့ ဒီလို အမည် ပေးလိုက်တယ် …. သူငယ်ချင်းထံမှ ပေးသောစာ (သို့) ပြီးဆုံးခဲ့ပြီဖြစ်သော အမှတ်တရများဟု…သာ ရေးချလိုက်မိသည်။

(ဤဆောင်းပါးတွင် ပါရှိသော တချို့အမည်နှင့် မြို့အမည်များအား (အမည်လွှဲ) ထားပါသည်။)

တာမွေ အောင်ကို။


အပြည့်ဖတ်မည်...

ဒါတွေက ဘာတွေလည်း၊ နောက်ပြန်သွားချင်နေသူများအဖွဲ့ နဲ့ တူတယ်။ နေပြည်တော်နဲ့  မှားနေတယ်။

ဒါတွေက ဘာတွေလည်း၊ နောက်ပြန်သွားချင်နေသူများအဖွဲ့ နဲ့ တူတယ်။  နေပြည်တော်နဲ့  မှားနေတယ်။


အပြည့်ဖတ်မည်...

Monday, December 16, 2013

တကယ့်သေနတ်ပစ်မှာ “ရွှေ” ဆု ရပြီးသား။

မြန်မာပြည်က လေသေနတ် မပစ်ဖူး၊ တကယ့်သေနတ်ဘဲ ပစ်တယ်၊ ပစ်ရင် မိုးပေါ်ထောင်မပစ်ဖူး၊ လူအုပ်ကြားထဲ တည့်တည့်ပစ်တယ်။ လေသေနတ်ပစ်မှာ ရွှေတံဆိပ်မရတာ မဆန်းဖူး၊ တကယ့်သေနတ်ပစ်မှာ “ရွှေ” ဆု ရပြီးသား။





အပြည့်ဖတ်မည်...

ASEAN အင်တာနက်စာမျက်နှာမှာ မြန်မာပြည်ရဲ့ နိုင်ငံတော်အကြီးအကဲက သန်းရွှေတဲ့။

ASEAN အင်တာနက်စာမျက်နှာမှာ မြန်မာပြည်ရဲ့ နိုင်ငံတော်အကြီးအကဲက သန်းရွှေတဲ့၊ သိန်းစိန်က အစိုးရဦးဆောင်သူတဲ့။ ဒါကြောင့် နေရွှေသွေးအောင်တို့  လုပ်ချင်ရာ လုပ်ရနေတာကိုး။

http://www.aseansec.org/asean-member-states/
 


အပြည့်ဖတ်မည်...

Sunday, December 15, 2013

နေရွှေသွေးအောင်အား အဘယ့်ကြောင့် အများမြင်ကွင်းတွင် ပေါ်ပေါ်တင်တင် နေရာလိုက်ပေးနေရပါသလည်း။

နေရွှေသွေးအောင်အား အဘယ့်ကြောင့် အများမြင်ကွင်းတွင် ပေါ်ပေါ်တင်တင် နေရာလိုက်ပေးနေရပါသလည်း။

နေရွှေသွေးအောင်ဟာ အစိုးရအဖွဲ့ ဝင်လည်း မဟုတ်၊ ၀န်ကြီးတစ်ပါးလည်း မဟုတ်၊ လွှတ်တော်အမတ်တစ်ယောက်လည်း မဟုတ်၊ စစ်အရာရှိတစ်ဦးလည်း မဟုတ်ဘဲနှင့် အဘယ့်ကြောင့် သိန်းစိန်တို့ နှင့်တစ်ကွ ဌာနဆိုင်ရာတာဝန်ရှိသူများမှ နိုင်ငံတော်အခမ်းအနားများ ဌာနဆိုင်ရာအခမ်းအနားများတွင် တန်းတူ (သို့ ) အထူးအခွင့်အရေးပေးကာ နေရာပေးနေရသလည်းဆိုသည့် မေးခွန်းကို လက်ရှိသမ္မတများ ၀န်ကြီးများ ဌာနဆိုင်ရာတာဝန်ရှိသူများမှ အများပြည်သူ သိရှိစေရန် တိတိကျကျ ဖြေကြားပေးရန် ဖြစ်ပါတယ်။

နေရွှေသွေးအောင်အား သန်းရွှေ၏ နောက်ဆုံးဆန္ဒအရ အနာဂတ်မြန်မာနိုင်ငံ၏ သမ္မတဖြစ်စေရန် ကြိုတင်အကွက်ချ ၀ိုင်းဝန်းစီမံဆောင်ရွက်နေခြင်းကြောင့် ဖြစ်ပါသလား။


အပြည့်ဖတ်မည်...

Saturday, December 14, 2013

တရုတ်ကို ထိလျှင် မခံတဲ့ အာဏာရူး သိန်းစိန်တို့ ။

ကိုဒီငြိမ်းလင်းကို အခုတစ်ခါ ထပ်ပြီး မြို့ နယ်ပြောင်းပြီး တရားပြန်စွဲနေတယ်။ တရုတ်သံရုံးရှေ့ မှာ ဆန္ဒဖော်ထုတ်လို့ တဲ့။

အခြားနိုင်ငံခြားသားတွေ ယုတ်ယုတ်မာမာ လုပ်ပြပြီး ကိုယ့်လူမျိုးဂုဏ်သိက္ခာကို ကျစေတဲ့ လုပ်ရပ်လုပ်သူတွေကိုကြတော့ မဖမ်းရဲကြဘူး။

တရုတ် မထိနဲ့  ထိရင် ဖမ်းမယ်ဆိုတဲ့ သိန်းစိန်တို့  အာဏာရူးတွေ လုပ်ရပ်က မိုက်ရိုင်းလွန်းတယ်။



အပြည့်ဖတ်မည်...

Thursday, December 12, 2013

SEA Games ကြီးအတွက် တရုတ်မကြီးကို ကျေးဇူးတင်ရှိပါတယ်တဲ့။

SEA Games ကြီးအတွက် တရုတ်မကြီးကို ကျေးဇူးတင်ရှိပါတယ်တဲ့၊ အပေါ်မှာ ချိတ်ထားတဲ့ ဆိုင်းဘုတ်ကြီးက ဒို့  တာဝန်အရေးသုံးပါးကြီးကိုလည်း ပြောင်းရတော့မယ်။ “ကျေးဇူးရှင် တရုတ်ကြီး ကျန်းမာရေး ဒို့ အရေး၊ ကျေးဇူးရှင် တရုတ်ကြီး ချမ်းသာရေး ဒို့ အရေး၊ ကျေးဇူးရှင် တရုတ်ကြီး မြန်မာပြည်ပိုင်ဆိုင်ရေး ဒို့ အရေး” ဆိုပြီး။


အပြည့်ဖတ်မည်...

SEA Games ကြီးကို တရုတ်ကြီးက စီစဉ်ပေးတာမှ နောက်ဆုံး တရုတ်စာပါ မြန်မာစာနဲ့  တန်းတူ ဖေါ်ပြခံလိုက်ရတာ မြန်မာပြည်ဟာ တရုတ်ပြည်များ ဖြစ်နေပြီလား။

SEA Games ကြီးကို တရုတ်ကြီးက စီစဉ်ပေးတာမှ နောက်ဆုံး တရုတ်စာပါ မြန်မာစာနဲ့  တန်းတူ ဖေါ်ပြခံလိုက်ရတာ မြန်မာပြည်ဟာ တရုတ်ပြည်များ ဖြစ်နေပြီလား။


အပြည့်ဖတ်မည်...

မီးရှို့ နေကြသူလား ….

မီးရှို့ နေကြသူလား ….


အပြည့်ဖတ်မည်...

Wednesday, December 11, 2013

ဆီးဂိမ်းအထိမ်းအမှတ်မှာ ဘာကြောင့် ဇီးကွက်ကို နှစ်ကောင်တွဲ ထားရတာလည်း။

ဆီးဂိမ်းအထိမ်းအမှတ်မှာ ဘာကြောင့် ဇီးကွက်ကို နှစ်ကောင်တွဲ ထားရတာလည်း။

မြန်မာနိုင်ငံမှာ ရွှေဇီးကွက်ရုပ်ကလေးတွေဟာ လဘ်လာဘရွှင်တယ်၊ စီးပွားတိုးတက်စေတယ်၊ ကံကောင်းတယ်လို့  အယူအဆရှိကြပါတယ်။ ဒါပေမယ့် ယခုကျင်းပနေတဲ့ ဆီးဂိမ်းအတွက်ကတော့ ရည်ရွယ်ချက်ရှိရှိ ဇီးကွက်မောင်နှံ နှစ်ကောင်ကို ရွေးခဲ့တာပါ။

ဆီးဂိမ်းအထိမ်းအမှတ် အရုပ်ရွေးဖို့ အတွက် လူမုန်းများနေတဲ့ ဖွတ်တွေရဲ့  ခြင်္သေ့ရုပ်ကို ထားဖို့  မဖြစ်၊ အမျိုးသားလွတ်လပ်ရေးအထိမ်းအမှတ် ဒေါင်းရုပ်ကိုလည်း မထားချင်တော့ ပြည်သူအကြိုက်ဖြစ်မယ့် အရုပ်ရှာတော့ ဇီးကွက်ရုပ်ကို ထားဖို့ ဖြစ်လာတဲ့အပြင်၊ ယတြာခြေတာကို အလွန်အမင်း ယုံကြည်လွန်းတဲ့ နေ၀င်း သန်းရွှေရဲ့  တပည့် သိန်းစိန်ဟာ သူ ရဲ့  မဟေသီ ဒေါ်ခင်ခင်ဝင်း ကိုယ်စားပြု ပုံဟန်လေးနဲ့  ဇီးကွက်မောင်နှံရုပ်ကလေးကို ရွေးခိုင်းစေခဲ့ပါတယ်။

နေ၀င်း သန်းရွှေတို့ လို သိန်းစိန်ဟာလည်း ၉ ဂဏန်းကို အသေအလဲကြိုက်နှစ်သက်သူမို့ လို့  ယခု မြန်မာနိုင်ငံမှာ ကျင်းပတဲ့ အရှေ့ တောင်အာရှအားကစားပြိုင်ပွဲ SEA Game (South East Asia Games) ဆီးဂိမ်းဟာ (၂၇) ကြိမ်မြောက်ဖြစ်ပြီး ၂ နဲ့  ၇ ပေါင်းရင် ၉ ဂဏန်းဖြစ်တာမို့  ပိုပြီးအကြိုက်ဖြစ်နေပါတယ်။

မြန်မာပြည်သူပြည်သားတွေ နှစ်သက်တဲ့ သာမန် ဇီးကွက်မောင်နှံ အဖိုနဲ့  အမ လို့  ထင်ရပေမယ့် တကယ်တမ်းကြတော့ ဆီးဂိမ်း ရွှေဆုတံဆိပ်ဟာ သိန်းစိန်တို့ မောင်နှံကို ရည်ညွှန်းထားတဲ့ လုပ်ရပ်ဖြစ်ပါတော့တယ်။

အပြည့်ဖတ်မည်...