Friday, October 31, 2014
ယခင်တုန်းကလိုဘဲ စိန်နားကပ်ရောင်နဲ့  ပါးပြောင်ချင်လို့  လုပ်တာမျိုးဆိုရင်တော့ အဆိုးဆုံးလမ်းကို ရောက်ကြလိမ့်မယ်။
Monday, October 27, 2014
ရှက်ဖွယ် ရှက်ဖွယ် မင်းအောင်လှိုင်၊ ရွှေမန်းနဲ့  တိုးနိုင်မန်းရယ် ..... ။
မင်းအောင်လှိုင်က ၁၉၇၂ ခုနှစ်ကျမှ ဆယ်တန်းအောင်တာ။ ဆရာကြီး ဦးအောင်သင်းက ပြင်ဦးလွင်စစ်တက္ကသိုလ်ရဲ့  မြန်မာစာဌာနမှာ လက်ထောက်ကထိကအဖြစ် ရိုးရိုးသာမန်အရပ်သားအဖြစ် မြန်မာစာ သင်ကြားခဲ့တာက ၁၉၆၅ ခုနှစ် ကနေ ၁၉၇၀ ခုနှစ်ထိဘဲ။ ရွှေမန်းက စစ်တက္ကသိုလ် အမှတ်စဉ် (၁၁) ကနေ ၁၉၆၉ ခုနှစ်မှာ ကျောင်းပြီးသွားပြီးခဲ့ပြီ။ ဆရာကြီး ဦးအောင်သင်းရဲ့  တပည့်အဖြစ်အတင်းအဓမ္မ လိုက်တော်ပြနေတာ ရှက်ဖွယ်ပါဘဲ။ မသိရင်ဘဲ ဆရာကြီး ဦးအောင်သင်းက သူတို့ ရဲ့ ဆရာအရင်း တပည့်အရင်းတော်နေသလိုလို။ ဆရာကြီး ဦးအောင်သင်းကဘဲ သူတို့  အာဏာရူးစစ်တပ်နဲ့ ဘဲ အကျွမ်းဝင်နေသလိုလို။ ရွှေမန်းရဲ့  သား တိုးနိုင်မန်းကပါ မြေးတပည့်ဆိုပြီး လုပ်ချလိုက်လေရဲ့ ။ သေသွားတဲ့သူတွေအပေါ်မှာ အမြတ်ထုတ်ကြတာ နာဂစ်တုန်းကရော အခု ဆရာကြီး ဦးအောင်သင်းကိုပါ မချန် လုပ်ရက်လိုက်ကြတာ။
မင်းအောင်လှိုင်၊ ရွှေမန်း၊ တိုးနိုင်မန်းတို့ ရဲ့  လုပ်ရပ်တွေက ရှက်ဖွယ်လိလိပါလား။
ဆရာကြီး ဦးအောင်သင်းရဲ့  ကိုယ်ရေးအထုပ္ပတ္တိကို သေသေချာချာ သိထားရလေအောင် ဖော်ပြပေးလိုက်ပါတယ်။ ဆရာကြီး ဦးအောင်သင်းရဲ့  သမိုင်းကြောင်းကို လိုက်ပြီး ဖျက်ဆီးလိုနေကြတဲ့ အာဏာရူးတွေ လုပ်ရပ်ကို သိရအောင်ပါ။
ဆရာကြီး ဦးအောင်သင်း၏ ကိုယ်ရေးအထုပ္ပတ္တိအကျဉ်း။
(၁၉၂၇ - ၂၀၁၄)။
၁၉၂၇ ခုနှစ်၊ ဧပြီလ (၁၇) ရက်နေ့တွင် တောင်တွင်းကြီးမြို့၊ တောင်ပြင်ရပ်နေ၊ အဖ သခင်ညီမောင်နှင့် အမိ ဒေါ်ရွှေကြင်တို့က ဖွားမြင်သည်။ သားသမီး (၃) ယောက်အနက် အကြီးဆုံးဖြစ်သည်။ အမည်ရင်းမှာလည်း ဦးအောင်သင်းပင်ဖြစ်သည်။
၁၉၃၂ – အသက် (၅) နှစ်အရွယ်တွင် တောင်တွင်းကြီးမြို့ တောင်ပြင်ရပ်ရှိ ဆရာဦးသာဒွန်းဇံ၏ မူလတန်း ကျောင်းတွင် စတင်ပညာသင်ကြားခဲ့သည်။ စတုတ္ထတန်းအောင်ပြီးနောက် တောင်တွင်းကြီးမြို့ ”မိုးထိ” မြန်မာ အထက်တန်းကျောင်းတွင် အလယ်တန်းပညာများ ဆက်လက်သင်ကြားခဲ့သည်။
၁၉၃၈ – ဆဌမတန်းတွင် ကျောင်းသားသပိတ်နှင့် ကြုံခဲ့သည်။ ထိုနှစ်၌ မိခင်ကွယ်လွန်သည်။
၁၉၃၉ – သတ္တမတန်း၌ ပညာသင်ကြားနေစဉ် ပညာဘက်၌ အာရုံလျော့နည်းလာသဖြင့် စာမေးပွဲကျရှုံးခဲ့သည်။ ထို့နောက် ကျောင်းထွက်နေစဉ် ဖခင်နောက်အိမ်ထောင်ပြုသည်။
၁၉၄၁ – ရှင်သာမဏေ၀တ်၊ သာမဏေဘ၀နှင့် ပညာသင်နေစဉ် ဒုတိယကမ္ဘာစစ်ဖြစ်လာ၍ သာမဏေဘ၀မှ ထွက်လိုက်ရသည်။
၁၉၄၇ - ဒုတိယကမ္ဘာစစ်ကြီးအပြီး ၁၉၄၇ ခုနှစ်တွင် ပြည်သူ့ရဲဘော် တပ်ဖွဲ့သို့ ၀င်ရောက်လှုပ်ရှားခဲ့သည်။ ထိုမှ တစ်ဆင့် ဆိုရှယ်လစ်ပါတီသို့ ရောက်သွားပြီး သင်တန်းများတက်၍ ခရိုင်စည်းရုံးရေးမှူးအဆင့်ထိတိုင်အောင် တာဝန်ယူဆောင်ရွက်ခဲ့သည်။
၁၉၄၉ – ရောင်စုံသူပုန်များ ပေါ်ပေါက်လာချိန်၌ ရဲဘော်ဖြူများ၏ ဖမ်းဆီးခြင်းခံရပြီး မကွေးထောင်၊ တောင်တွင်းကြီးထောင်၊ ပြည်ထောင်၊ သရက်ထောင်များတွင် နေထိုင်ခဲ့ရ။ နိုဝင်ဘာလတွင် သရက်ထောင်ကို ဖောက်၍ ထွက်ပြေးလွတ်မြောက်ခဲ့။
၁၉၅၂ – တောင်တွင်းကြီးမြို့သို့ ပြန်ရောက်လာကာ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ၀င်ရောက်ဖြေဆိုခဲ့။
၁၉၅၃ – တက္ကသိုလ်ဝင်တန်းအောင်။ အောက်တိုဘာလတွင် မိုးထိ အထက်တန်းကျောင်း၌ အလယ်တန်းပြ ဆရာအဖြစ် ၀င်ရောက် အမှုထမ်းခဲ့။
၁၉၅၆ – အလယ်တန်းပြဆရာအလုပ်မှ ထွက်၍ မကွေးကောလိပ်၌ ဥပစာ-၀ိဇ္ဇာတန်းကို စတင်တက်ရောက်ခဲ့ သည်။
၁၉၅၈ – ရန်ကုန်တက္ကသိုလ်သို့ ဆက်လက်တက်ရောက်ခဲ့။ ‘သရက်ထောင်ဖောက်စဉ်က’ ကိုယ်တွေ့ဆောင်းပါး ရေးသားကာ ရှုမ၀မဂ္ဂဇင်းသို့ ပို့ခဲ့(ထိုစဉ်က ပြည်တွင်းစစ်နှင့်ပတ်သက်သော အကြောင်းအရာများ မထည့်ရန် ရှုမ၀ က ဆုံးဖြတ်ထား၍ ဆောင်းပါးကို ပြန်ပို့ပေးခဲ့။) မြ၀တီမဂ္ဂဇင်းသို့ ပေးပို့ခဲ့။
၁၉၅၉ – မေလထုတ် မြ၀တီမဂ္ဂဇင်းတွင် ”သရက်ထောင်ဖောက်ခဲ့စဉ်က” ဆောင်းပါးဖော်ပြခံရ။ (ဆရာဦးအောင်သင်း၏ ပထမဆုံး စာပေလက်ရာဖြစ်။)
၁၉၆၀ – ၀ိဇ္ဇာတန်းကို မြန်မာဘာသာစကားနှင့် အနုစာပေ၊ အင်္ဂလိပ်ဘာသာစကားနှင့် အနုစာပေ၊ ဒဿနိက ဘာသာတွဲဖြင့် အောင်မြင်ခဲ့။ ရန်ကုန်တက္ကသိုလ် ကျောင်းသားများထုတ်ဝေသော ပုသိမ်မဂ္ဂဇင်းတွင် ဆောင်းပါး (၂) ပုဒ်(”လူသေလူမဖြစ်မီက ရှင်ဥက္ကဌ” ဟူသော ဆောင်းပါးနှင့် အခြားဆောင်းပါးတစ်ပုဒ်) နှင့် အင်္ဂလိပ်ကဗျာဘာသာပြန် (၁) ပုဒ်ကို ရေးသားခဲ့(မောင်သံနိုင်-အမည်ဖြင့်)။
၁၉၆၁ – ဘီအီးဒီဆက်တက်နေစဉ် မြန်မာစာဌာန ပါမောက္ခဦးဝန်လက်ထက်၌ ‘မြန်မာစာမဟာဝိဇ္ဇာ အရည် အချင်းစစ်သင်တန်း တက်ရောက်ခွင့်”ဖြေဆိုအောင်မြင်ခဲ့။
၁၉၆၂ – ရန်ကုန်တက္ကသိုလ်၌ နည်းပြဖြစ်လာ။ ”စာဆိုတော်” ပြားငါးဆယ်တန် မဂ္ဂဇင်းလေး၏ စာပေညွှန်ကြားရေးမှူး (တာဝန်ခံ အယ်ဒီတာမှာ - တပ်မတော် မင်းရဲထွန်း ဖြစ်သည်)။ ထိုစာစောင်တွင် လစဉ် ၃-၄ ပုဒ်ရေး၍ ‘မောင်သံနိုင်’အမည်ဖြင့် ပြန်သုံးခဲ့။ နောက်ပိုင်းတွင် အမည်ရင်း ”အောင်သင်း” ဖြင့်သာ အသုံးပြုခဲ့။
၁၉၆၃ – မော်လမြိုင် ဒီဂရီကောလိပ်သို့ ပြောင်းရွှေ့ခဲ့။ ”ကံ့ကော်မြိုင် စာတန်းများ” စာစု၌ စာတန်း (၃) ပုဒ်ရေးခဲ့ ရာ (၂) ပုဒ်ကို ထိုစဉ်က အလယ်တန်း၊ အထက်တန်းမြန်မာစကားပြေ လက်ရွေးစင်တို့တွင် ကျောင်းသုံးပြဌာန်းခဲ့။
၁၉၆၅ – မေလတွင် ပြင်ဦးလွင်စစ်တက္ကသိုလ် မြန်မာစာဌာနသို့ လက်ထောက်ကထိကရာထူးနှင့် ပြောင်းရွှေ့ အမှုထမ်း။
၁၉၆၆ – ”စိတ်ပင်လယ်စာတမ်းများ” အတွက် စာတမ်းငယ် (၂) ပုဒ် ရေးပေးခဲ့။
၁၉၇၀ – အောက်တိုဘာလတွင် ရန်ကုန်တက္ကသိုလ်သို့ ပြန်ပြောင်းရပြီး မဟာဝိဇ္ဇာတန်းဆက်တက်ခဲ့။
၁၉၇၁ – ရှုမ၀မဂ္ဂဇင်း၌”မြန်မာဘာသာစကားနှင့် ကာရန်မဲ့ကဗျာ” စာပေဝေဖန်ရေးဆောင်းပါးကို ရေးခဲ့။ ထိုအချိန်မှစ၍ စာပေသဘောတရား စာပေဝေဖန်ရေးများကို ဆက်တိုက်ရေးခဲ့။
၁၉၇၄ – ”၀တ္ထုတိုများ လေ့လာချက်စာတမ်း” ပြုစုတင်ပြပြီး မဟာဝိဇ္ဇာတန်းကို ဂုဏ်ထူးနှင့်အောင်မြင်ခဲ့သည်။
၁၉၇၇ – ”စာပေရေးရာဆောင်းပါးများ” စာအုပ်ထွက်ခဲ့။
၁၉၇၈ – ဧပြီလတွင် နိုင်ငံရေးလှုပ်ရှားမှု၌ ပါဝင်ပတ်သက်သည်ဟု မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီက ယူဆသောကြောင့် အလုပ်မှ ထုတ်ပယ်ခြင်းခံရ။ ထိုအချိန်မှစ၍ အလွတ်နည်းပြတန်းများတွင် မြန်မာစာပေသင်ကြားပေးခြင်း၊ စာပေရေးသားခြင်းတို့နှင့်သာ အသက်မွေးဝမ်းကျောင်းပြုခဲ့သည်မှာ ယနေ့အထိဖြစ်သည်။
၁၉၈၃ – နိုဝင်ဘာလတွင် သဘင်မဂ္ဂဇင်း အမှတ် (၁) မှစ၍ (၂၅) လတိုင်တိုင် ”အကြိုက်ဆုံးဝတ္ထုတိုကဏ္ဍ”ကို လစဉ်ရေးသားခဲ့။ ဤနောက်ပိုင်းတွင် မဂ္ဂဇင်းများတွင် အလျဉ်းသင့်သလို ရေးဖြစ်ခဲ့။ ပိဋကတ်မိတ်ဆက်၊ ဂန္တ၀င် မိတ်ဆက် စသည်ဖြင့် လူငယ်များအတွက် ရည်ရွယ်ရေးသော စာအုပ်များထွက်ခဲ့။
၁၉၉၄ – “၀တ္ထုရေးရာဆောင်းပါးများ” ထွက်။
၁၉၉၅ – မေလတွင်”အမွေ” စာအုပ်ထွက်(မိုးမိုး(အင်းလျား) အမှတ်တရဟောပြောပွဲမှ ဟောပြောချက်များ)။ ၀င်းငြိမ်း အင်တာဗျူး ”စာပေလူကြမ်းမင်းသား အောင်သင်းနှင့်တွေ့ဆုံပေးခြင်း”ထွက်။
၁၉၉၈ – ”မျိုးဆက်သစ်တိုးတက်ရစ်ဖို့”(တ) အကြိမ် ပြန်ထွက်။ ”ကိုယ်ကျင့်နဲ့ပညာ”စာအုပ်ထွက်။
၁၉၉၉ – ”အကြိုက်ဆုံးဝတ္ထုတိုများနှင့် သုံးသပ်ချက်များ”(ပ၊ဒု)ထွက်။
၂၀၀၀ – ”လက္ခံလိုက်စမ်းပါ တကယ့်အနုပညာ” စာအုပ်ထွက်။ ”နှစ်ကိုယ်သိ” (နိုင်ငံတကာဝတ္ထုတိုဘာသာပြန်)ထွက်။
၂၀၀၂ – ”ရှင်ဘုရင်ပါပဲနှင့် ရွှေပြည်တန်သော ဆောင်းပါးများ”။ ”လှလိုက်တာနော်နှင့် ရသစာတမ်းငယ်များ”။ ”ကမ္ဘာပြဿနာရှင်းတဲ့နေ့နှင့် ရသစာတမ်းငယ်များ”စာအုပ်များထွက်။
၂၀၀၄ – “ ကန့်ကူလက်လှည့်”စာအုပ်ထွက်။
နောက်ပိုင်းတွင်လည်း စာအုပ်များ ဆက်လက်ထွက်ရှိခဲ့။ ဆရာဦးအောင်သင်းသည် စာပေများပြုစုရင်း မိသားစုနှင့် အတူ-၄၆၊ ဓမ္မိက၀တီလမ်း၊ သံတံတားရပ်၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်တွင် နေထိုင်ခဲ့။
၂၀၁၄ ၊ အောက်တိုဘာလ ၂၅ ရက်နေ့ ၊ နံနက် ၁၁ နာရီအချိန်တွင် ဘ၀တပါး ပြောင်းရွှေ့ ကွယ်လွန်ခဲ့ပါသည်။
ဆရာကြီး ဦးအောင်သင်းရေ .... ကွယ်လွန်သွားတာတောင် နောက်ကနေ လိုက်နှောင့်ယှက်နေကြလေရဲ့  ... ။
ကိုပါကြီးရဲ့  နောက်ခံသမိုင်းနဲ့ ပတ်သက်၍။
မတရား ညဉ်းပမ်းနှိပ်စက် သတ်ဖြတ်မှုကို ခံခဲ့ရပြီး အလောင်း မြေမြုပ်သင်္ဂြိုလ်ခြင်း ခံခဲ့ရတဲ့ ကိုပါကြီး (ခ) ကိုအောင်ကျော်နိုင်ဟာ ယခင်ကတည်းက ကလောင်အမည် “အောင်ကြီး” အမည်နဲ့  ရန်ကုန်တိုင်းမ် ဂျာနယ်မှာ သတင်းရေးသားတင်ပြခဲ့တယ်ဆိုတာ သက်သေပြတာပါ။
တိုင်းပြည်နဲ့ လူမျိုးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့တဲ့ ကိုပါကြီးရဲ့  နောက်ခံသမိုင်းကြောင်းအမှန်တွေကို မသိဘဲ ရမ်းသမ်းပြီး လူသတ်သမား အာဏာရှင်တွေ သဘောကျအောင် ပေါက်ကရမျိုးစုံ ခိုင်လုံတိကျမှု မရှိဘဲ ထိခိုက်နစ်နာအောင် ပြောဆိုနေသူတွေ ရေးသားနေသူတွေ ဆင်ခြင်သင့်ပါတယ်။
ဆရာကြီး ဦးအောင်သင်း နာရေးကော်မတီ (ယာယီ)။
(၂၀၁၄ အောက်တိုဘာ ၂၅ မှ ၃၁ရက်နေ့ ရက်လည်အထိ)
နာယက - ဆရာ ဦးဇော်မြင့် (ဇော်ဇော်အောင်)
ဆရာ တက္ကသိုလ်ဝင်းမွန်
ဆရာ ကြည်မင်း
ဥက္ကဌ - ဆရာ ချစ်ဦးညို (ဖုန်း- 0943042746)
ဒုဥက္ကဌ - ဆရာ ဖေမြင့် (ဖုန်း - 095105634)
အတွင်းရေးမှူး ဆရာ နိုင်သစ်နီ (ဖုန်း - 095098606)
ဘဏ္ဍာရေးမှူး ဒေါ်ဝင်းမာတင်
အဖွဲ့ဝင် - ဆရာမ စမ်းစမ်းနွဲ့ (သာယာဝတီ) (ဖုန်း- 0943081988)
ဒေါ်မော်မော်သင်း (ဆရာကြီးဦးအောင်သင်း၏ သမီးကြီး)
ဆရာ မောင်စိန်ဝင်း (ပုတီးကုန်း)
ဦးစန်းဦး (စိတ်ကူးချိုချို) (ဖုန်း- 0973151240)
ဆရာမ နုနုရည် (အင်းဝ)
ဆရာ အရိုး (ဖုန်း- 095144093)
ဆရာ ကိုထိုက်
ဆရာ ညီမင်းညို (ဖုန်း- 095406337)
ကာတွန်း အော်ပီကျယ် (ဖုန်း - 095157174)။
Sunday, October 26, 2014
ကိုပါကြီးကိစ္စ အဖြစ်မှန်မပေါ်အောင် အမျိုးမျိုး လုပ်ကြံဖန်တီးနေကြတယ်။
Saturday, October 25, 2014
ကိုယ့်လူမျိုးက ပြန်သတ်တာက ပိုပြီးနာကျည်းစရာဘဲ။
ကိုယ့်နိုင်ငံသားကို ကိုယ့်လူမျိုးက သတ်တယ်။
ဘယ်သူသတ်သတ် ကိုယ့်နိုင်ငံသားအတွက် နစ်နာဆုံးရှုံးရတာ မှန်ပေမယ့်၊ ကိုယ့်လူမျိုးက ပြန်သတ်တာက ပိုပြီးနာကျည်းစရာဘဲ။
ဒီအတွက် နှုတ်ပိတ်နေကြသူတွေဟာ သတ်တဲ့ ကိုယ့်လူမျိုးတွေဘက်ကလား၊ အသတ်ခံရတဲ့ ကိုယ့်နိုင်ငံသားဘက်ကလားဆိုတာ မေးချင်တယ်။
နစ်နေမန်း။
ကိုပါကြီး (ခ) ကိုအောင်ကျော်နိုင်ကိစ္စနဲ့  ပတ်သက်ပြီး သိန်းစိန်နဲ့  မင်းအောင်လှိုင် အမြန်ဆုံး အမှန်အတိုင်း ဖြေရှင်းပါ။
“ကိုပါကြီးအား စစ်တပ်မှ သတ်ဖြတ်မှု အသေးစိတ်ကို ဖေါ်လိုက်ပြီ”
ကိုပါကြီး စက်တင်ဘာ ၃၀ ရက်နေ့ ၁၁ နာရီ ၃၀ တွင် ဒီကေဘီအေ ကလို့ထူးဖေါ ဌာနမှ ကျိုက်မရောသို့ အဆင့်ဆင့် လာရောက်ခဲ့သည်။
လာရောက်ရသည့်အကြောင်းရင်းမှာ ရန်ကုန်ရှိ မြန်မာ့ငြိမ်းချမ်းရေး စင်တာတွင် ကျင်းပနေသော တိုင်းရင်းသားများလက်နက်ကိုင် အဖွဲ့များနှင့် နိုင်ငံတော်အဆင့် အပစ်ခေတ်ရပ်စဲရေး ဆိုင်ရာ ညှိနိုင်းနေသော အစည်းဝေးသို့ အလွတ်တမ်း သတင်းထောက် အနေဖြင့် သတင်းယူရန် ခ၇ီးထွက်ခဲ့ခြင်းဖြစ်သည်။
ကိုပါကြီးအား ခမရ (၂ဝ၈) တပ်ရင်းမှ တာဝန်ရှိသူများ၊ မွန်ပြည်နယ် နယ်/လုံဝန်ကြီး၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များက ကျိုက်မရော သပြုလှေဆိပ်တွင် ဝိုင်းဝန်းဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးမိသည်နှင့် ကျိုက်မရော ကမ်းနား၇ှိ အမှတ် (၂၀၈) တပ်ခွဲ ၃ မှ စခန်းချနေသော ဘုန်းကြီးကျောင်းသို့ ဆွဲဆောင် ခေါ်သွားခဲ့သည်။
ဘုန်းကြီးကျောင်းအောက်တွင် ( ၃) နာ၇ီကြာမျှ လက်ပြန်ကြိုးတုပ်၍ အဆိုပါ ဘုန်းကြီးကျောင်း အောက်ခြေ တိုင်လုံးတွင် သံကြိုးဖြင့် လည်ပင်းမှ တကိုယ်လုံး ၇စ်ပတ်ကာ ချည်နှောင်ထားခဲ့သည်။
အဆိုပါ ည (၇) နှစ်နာ၇ီတွင် နယ်လုံ ၀န်ကြီး၇ုံးမှ အရာ၇ှိ နှင့် အမှတ် (၂၀၈) မှ ဒုတပ်ရင်းမှုး ရောက်လာပြီး စတင် အကြမ်းဖက်၍ စစ်ဆေးသည်။
စတင် စစ်ဆေးချိန်မှာပင် ကိုပါကြီး၏ ပါစပ်အတွင်းသို့ စနက်တံ ဖြုတ်ထားခြင်း ရှိမ၇ှိ မသေခြာသော ၉၀ မမ အမေ၇ိကန်နိုင်ငံထုတ် လက်ပစ်ဗုံးအား အတင်းထိုးသွင်း ငုံခိုင်းထားခဲ့ပြီ ကိုပါကြီးအား ရပ်လျက်အနေထားဖြင့် အနောက်ဘက်မှ အမ် ၂၂ ရိုင်ဖယ်သေနတ်ဖြင့် အကြိမ်ပေါင်းများစွာ ပြင်းပြင်းထန်ထန် ထုရိုက်နေသည်။
ထိုနောက် ပါးစပ်တွင် ငုံထားသော လက်ပစ်ဗုံးအား ပြန်လည်ထုတ်ယူ၍ ကိုပါကြီးအား အေ၇ှ့ဘက်မှနေ၍ အချက်ပေါင်းများစွာ ၀မ်းဗိုက်နှင့် ရင်ဘတ်တို့အား သေနတ်ဒင်ဖြင့် လူမဆန်စွာ ထု၇ိုက်ပြီး ဦးခေါင်းမှာ အတော်ပင် ပူလောင်နေသော ရေပူများလောင်းချခဲ့သည်။
ကိုပါကြီးအား မေးမြန်းစစ်ဆေးမှုများတွင် ၇န်ကုန်သို့ ရောက်၇ှိနေသော တိုင်းရင်သားလက်နက်ကိုင်အဖွဲ့ အချို့ မည်သည့်နေရာတွင် လက်နက်တိုက်များ ထာသိုခြင်း လက်နက်များဝှက်ထားခြင်း ထိုနောက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ စေလွတ်ထားသော ဒေသတွင်း ထောက်လှမ်းရေးမည်သူများဖြစ်ကြောင်း ကို အတင်းဖိစစ်မေးမြန်နေရာ ကိုပါကြီးမှာ မတ်တပ်ပင်မရပ်နိုင်တော့ပဲ စကားပါမပြောနိုင်သည့်အပြင် အရုပ်ကြိုးပြတ်လဲကျခဲ့ရလေသည်။
ထိုနောက် စစ်ဆေးသူ ဗိုလ်ကြီး (စန်းမင်းအောင်) အရာခံဗိုလ် လှဝင်းဦး တို့မှ တပ်ကြပ်ကြီး(၁) ဦးနှင့် အမည်မသိ နှုင့် ၇ဲဘော် သောင်ဌေးလှိုင် တို့အား သံကြိုးခတ်ထားသော တိုင်မှ သံကြိုးဖြုတ်ခိုင်းပြီး ကြည့်ခိုင်းရာ ကိုပါကြီး၏ နောက်ဘက် ကျောရိုး တခုလုံးနီးပါးမှာ နောက်ဘက်မှ သေနတ်ဒင်ဖြင့် အားကုန် ဆောက်နှက် ရိုက်ထားမှုကြောင့် ကြေမွလုနီးပါးဖြစ်ပြီး ကိုပါကြီး အသက်၇ှူနေမှုမှာလဲ အသက်ပြင်းကြီးများ ဖြစ်သည့်အပြင် မူမှန် မဟုတ်တော့ကြောင်း ၇ိပ်စားမိကြပြီး ဗိုလ်ကြီး မင်းစန်းအောင်မှ ၄င်းတို့ ချောဆွဲလာသော အ၀ါရောင် နစ်ဆန်းထရပ်ကားပေါ်သို့ ရဲဘော်များနှင့် ည ၉နာ၇ီတွင် ဆွဲယူ ထိုးတင်ခဲ့သည်။
ထိုနောက် ကျိုက်မရောမြို့ နှင့် ၄ မိုင်မျှလောက်ကွာသော တပ်ရင်း (၂၀၈) ၏ မွေးမြူရေးခြံသို့ေ၇ာက်၇ှိပြီး ကိုပါကြီးမှာ အသက်ပုံမှန် ရှူရှိုက်ခြင်းမဟုတ်ပဲ အားတင်းထွက်ဆိုလာသော စကားသံ သဲသဲကြားရသည်။
ကျုပ်ကို သတ်လိုက်ပါ မခံနိုင်…..ဆိုသော စကား ဗလုံးမထွေးဖြင့် ပြောလေသည်။
ဗိုလ်ကြီးမင်းစန်းအောင်မှ တင်ပြမှုကြောင့် တပ်ရင်းမှုး တပ်ရေးဗိုလ်ကြီးတို့နှင့် ရောက်ရှိလားပြီး ဆေးတပ်သား ဒုတပ်ကြပ် ခင်မောင်သိန်းမှ ဆေး သုံးလုံးထိုးသွင်းလေသည် … အစောင့်ကြပ် ၄ယောက်ဖြင့် ထားခဲ့ပြီး တပ်ဖက်ဆိုင်ရာ အရာရှိများ ပြန်လည်ထွက်သွားခဲ့သည်။
အောက်တို့ဘာလ (၂) တွင် ကိုပါကြီး သတိမ၇တချက် ရတချက်ဖြင့် မျက်လုံးများ လန်နေသည်ဟု သိရသည်။
ည ၁၁ နာ၇ီတွင် ကိုပါကြီး အဖို့ ၄င်းခံစားရသော ကျောရိုးကျိုးကြေသည့် ဝေဒနာအာ တောက်တင်း မခံနိုင်တော့သည့်အဆုံး အသက်ထွက်ခဲ့သည်ဟု သိရသည်။
အောက်တို့ဘာ ၅ ၇က်နေ့တွင် တပ်၇င်း (၂၀၈) ရော်ဘာခြံ အနောက်ဘက် တွင်၇ှိသော တောအုပ်တွင် ကိုပါကြီးအား မွေးမြူရေး ဆိုင်ရာ ပစ္စည်းများ တင်ဆောင်သော စစ်ထရပ်ကားပေါ်တွင် တင်စေကာ မောင်းနှင့်ခဲ့ပြီး နီးစပ်ရာ သစ်ဝါး အခြောက် အဆွေးမြေ့များဖြင့် ၇ဲဘော် ၆ ဦး အရာခံဗိုလ် ၁ ဦး တပ်ကြပ်ကြီး၁ ဦး တို့မှ ဦးဆောင်၍ မီးရှို့ အလောင်းဖျက်ဆီးခဲ့ကြောင်း သိရသည်။
ကိုပါကြီးအား မီးရှို့ပြီးနောက်တွင် ကြွင်းကျန်သော အရိုးနှင့် ဦးခေါင်ခွံတို့အား ထပ်မံ မြေမြုပ်ရန် တပ်ရင်းမှူးမှ ညွန်ကြားသဖြင့် အဆိုပါ မီးရှို့သောနေရာနှင့် မလှမ်းမကမ်း ပေ၂၀၀ လောက်မျှ၇ှိသော သစ်ပင်အို အမြစ်ကြားများအတွင်းသို့ ပစ်ထည့်၍ နီးစပ်ရာမှု အမှိုက်နှင့် မြေဆွေများ ပက်ဖုံးကာ အဆုံးသတ်ခဲ့ကြောင်းပါ ……… ။
သို့သော် ကိုပါကြီး၏ သေဆုံးမှုသတင်းအား လက်၇ှိ အစိုးရနှင့် စစ်ဘက်ဆိုင် သုံးပတ်နီးပါးအကြာမျှ အသေးစိတ် တဆင့်ပြီး တဆင့် လိမ်လည်၍ သတင်းထုတ်ပြန်ရန် သဘောတူညီပြီးနောက် ၂၃ ရက် အောက်တိုဘာလ ၂၀၁၄ ခုနှစ် နံနက် ၁၀ နာရီတွင် သက်ဆိုင်ရာ နယ်စပ်လုံခြုံရေးဌာန စစ်ဘက်ဆိုင်ရာမှ စတင်သတင်းထုတ်ပြန်ခဲ့ပြီး ယခု လက်၇ှိနေပြီတော် ပြန်ကြားရေးဌာနမှ အောက်တိုဘာ လ ၂၄ ၇က်နေ့ ၂၀၁၄ ခုနှစ် နံနက် ၉ နာရီတွင် ထပ်မံအတည်ပြုကြောင်းနှင့် ကိုပါကြီးမှာ စစ်ဆေးနေစဉ် ထွက်ပြေးရန်ကြိုးစားသောကြောင့် ပစ်ခတ်ဖမ်းဆီးခဲ့ရမှ မတော်တဆ သေနတ်ထိမှန်ပြီး သေဆုံးကြောင်း လိမ်လည်၍ သတင်းထုတ်ပြန်ထားခြင်းဖြစ်သည်။
စာဖတ်သူများအဖို့ ကျနော်၏ လက်လှမ်းမှီသမျှ သတင်းနှင့် သက်ဆိုင်ရာ တပ်ဖက်ဆိုင်ရာတို့ အောက်ခြေအဆင့် တပ်သားအချို့တို့မှလည်း ကိုပါကြီးအား လူမဆန်စွာ ညှင်းပမ်းသတ်ဖြတ်မှုအား မခံရပ်နိုင်ဖြစ်ခဲ့ပြီး အထက်ဖေါ်ပြပါ သတင်းအား တင်ပြပေးရန် ပေးပို့ခဲ့ကြောင်း ဖြစ်ပါသည်။
လက်ရှိ နိုင်ငံတော်တွင် တရားဝင် လက်နက် ကိုင်ဆောင်ထားကြသော မြန်မာ့တပ်မတော်၏ လူမဆန်သော မင်းမဲ့စရိုက်နှင့် တရားဥပဒေစိုးမိုးမှုအား ဆန့်ကျင်သော လူသားဖြစ်တည်မှုကို ဆန့်ကျင်သည့် ရာဇ၀တ်မှုအများအား အများပြည်သူများအပေါ် ကြူးလွန်ခဲ့ကြောင်းနှင့် မိဘပြည်သူများမှ ထပ်မံ၍ သီးခံ ခွင့်လွှတ်နေပါလျင် တိုင်းပြည်တခုလုံးအား ဖွတ်ဖွတ်ကြေ ထုထောင်း၇ိုက်နက်၍ သေတွင်းပို့လာမည်မှာ မလွဲကြောင်းပါ….
ဂိုလ်ရှယ်လေး။
Friday, October 24, 2014
လက်လွန်သွားပြီးမှ သတင်းထုတ်တာလား၊ သတင်းထုတ်ပြီး လက်စဖြောင်ဖို့ လား။ ထုတ်တဲ့သတင်းကို မယုံကြည်ပါ။
အလွတ်သတင်းထောက် ကိုပါကြီးကို ဖမ်းဆီးတာက စက်တင်ဘာလထဲမှာ။ ကိုပါကြီး ပျောက်ဆုံးနေတယ်ဆိုပြီး သတင်းစထွက်လာတာတွေ၊ ဇနီးဖြစ်သူ မသန္တာကနေ ရဲစခန်းမှာ လူပျောက်တိုင်ချက်ဖွင့်တာတွေ၊ သတင်းစာရှင်းလင်းပွဲ လုပ်တာတွေက အောက်တိုဘာလလယ်နောက်ပိုင်းနဲ့  (၂၁) ရက်နေ့ ကြမှ။ ဒါတွေ ဖြစ်ပေါ်လာပြီး လူသိရှင်ကြားဖြစ်လာပြီးမှ ကမန်းကတန်း ချက်ချင်း မနေ့ က အောက်တိုဘာလ ၂၃ ရက်နေ့ ကမှ သတင်းထွက်လာတာက စစ်တပ်က ထိမ်းသိမ်းထားစဉ်မှာ အပေါ့သွားရန် အကြောင်းပြချက်နဲ့  ကင်းစောင့်စစ်သားထံကနေ သေနတ်လုယူ ထွက်ပြေးရန် ကြိုးပမ်းတဲ့အတွက် ပစ်ခတ်ဖမ်းဆီးရတာကြောင့် သေနတ်ဒဏ်ရာနဲ့  အသေဖမ်းဆီးရမိတယ်ဆိုပြီး သတင်းထွက်လာတယ်။
ဒီလို ပျောက်ဆုံးနေမှု သတင်းစတင်ထွက်လာပြီး၊ လူပျောက်တိုင်ချက်ဖွင့်ပြီး၊ သတင်းစာရှင်းလင်းပွဲ လုပ်ပြီးမှ ထိန်းသိမ်းထားစဉ် ထွက်ပြေးလို့  ပစ်သတ်လိုက်ရပါတယ်ဆိုတဲ့ သတင်းထွက်ပေါ်ခြင်းဟာ မှန်ကန်မှုရှိနိုင်ခြေ နည်းပါတယ်။ ဒီသတင်းအပေါ် ယုံကြည်မှု မရှိပါဖူး။
ဒီသတင်းဟာလည်း တိကျသေချာပြည့်စုံမှု မရှိပါဖူး။ တာဝန်ခံပြီး သတင်းပြောကြားတဲ့ စစ်တပ်က ဘယ်သူဘယ်ဝါဆိုပြီး တာဝန်ရှိသူရဲ့  အမည်လည်း မဖော်ပြထားပါဖူး။
သတင်းထဲမှာ ကိုပါကြီးကို KKO စောဆန်းအောင်အဖွဲ့ မှ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ကြီးအဆင့် အောင်နိုင်အဖြစ် စစ်ဆေးတွေ့ ရှိရတယ်လို့  ပြောဆိုချက်ဟာလည်း မှန် မမှန်ကို သက်ဆိုင်ရာ အဖွဲ့ အစည်းတွေက ထုတ်ပြန်ပြောဆိုဖို့ ကိုလည်း တိုက်တွန်းပါတယ်။
ကိုပါကြီးရဲ့  အလောင်းကို ကျိုက်မရောမြို့ နယ်၊ ရွှေဝါချောင်းကျေးရွာရဲ့  တောင်ဘက်မီတာ ၈၀၀ အကွာမှာ မြေမြုပ်သင်္ဂြလ်ခဲ့တယ်လို့  သတင်းထုတ်ဖော်မှုအရ ပြောတယ်ဆိုရင် အမှတ် (၂၀၈) ခြေမြန်တပ်ရင်းက တပ်ရင်းမှူးကိုယ်တိုင် ဒီသတင်းကိစ္စကို တိုင်းသိပြည်သိဖြစ်အောင် ရှင်းပါ။ မြုပ်နှံထားခဲ့တယ်ဆိုတဲ့ နေရာက အလောင်းကို ပြန်လည်တူးဖော်ပြီး ကျွမ်းကျင်သော သီးခြားလွတ်လပ်သည့် မှုခင်းဆရာဝန်များနဲ့  စစ်ဆေးခွင့်ပြုပါ။ ကိုပါကြီးရဲ့  အလောင်းဟုတ် မဟုတ်ကို တိကျတဲ့ DNA စစ်ဆေးချက်ကို သီးသန့် လွတ်လပ်သော ကျွမ်းကျင်သူများနဲ့  စစ်ဆေးခွင့်ပြုပါ။ ထုတ်ဖော်တဲ့ ဒီသတင်းအရ ကိုပါကြီးကို စတင်ဖမ်းဆီးခဲ့တဲ့ ထိန်းသိမ်းစစ်ဆေးခဲ့တဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ ဒေသတွေကို သွားရောက်စစ်ဆေးခွင့်ကို လူ့ အခွင့်အရေးကော်မရှင်တစ်ရပ်ဖွဲ့ ပြီး စုံစမ်းစစ်ဆေးခွင့်ပြုပါ။ ကိုပါကြီးရဲ့  အလောင်းကို ပြန်လည်တူးဖော်ပြီး ဇနီးဖြစ်သူကိုယ်တိုင် မြင်တွေ့ နိုင်ဖို့  အမြန်ဆုံးစီစဉ်ပေးပါ။
ဒီအချက်အလက်တွေကို သက်ဆိုင်ရာတာဝန်ရှိသူများအနေနဲ့  အမြန်ဆုံး မတုန့် မဆိုင်းဘဲ ဆောင်ရွက်ပေးမှသာလျှင် ကိုပါကြီးဟာ ထိန်းသိမ်းဖမ်းဆီးခံထားရစဉ် ညဉ်းပမ်းနှိပ်စက်မှုကြောင့် လက်လွန်သေဆုံးခဲ့ရခြင်း ဟုတ် မဟုတ်၊ ထွက်ပြေးရန်ကြိုးစားခြင်း ဟုတ် မဟုတ်၊ ထွက်ပြေးရန် ကြိုးစားမှုကြောင့် ပစ်ခတ်သတ်ဖြတ်ရခြင်း ဟုတ် မဟုတ်၊ အလောင်းအား မြေမြုပ်သင်္ဂြုလ်ခဲ့ခြင်း ဟုတ် မဟုတ်နဲ့  ကိုပါကြီး သေဆုံးသည်ဆိုသည့် သတင်းမှန် မမှန်ကို အတည်ပြုနိုင်မှာ ဖြစ်ပါတယ်။
ဒီတောင်းဆိုချက်တွေကို တာဝန်ရှိသူတွေအနေနဲ့  မလုပ်ဆောင်ပေးဖူးဆိုရင် မလိုလားအပ်တဲ့ အခြေအနေတွေနဲ့  တုန့် ပြန်မှုတွေ ပေါ်ပေါက်လာနိုင်ပြီး၊ လက်ရှိ သိန်းစိန်တို့  မင်းအောင်လှိုင်တို့  အုပ်ချူပ်မှုအပိုင်းကို ထိခိုက်စေနိုင်မယ့် အခြေအနေတွေ ဖြစ်ပေါ်လာမယ်ဆိုတာ အသိပေးလိုက်ပါတယ်။
မတရားခံရသော မြန်မာနိုင်ငံသားတစ်ဦးဖြစ်သူ ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီး အမှုကိစ္စနဲ့ ပတ်သက်ပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြဖို့  အမှန်တရားကို ချစ်မြတ်တန်ဖိုးထားကြသူများ အားလုံးကို မေတ္တာရပ်ခံလိုပါတယ်။
ပထမဦးဆုံး လှုပ်ရှားမှုအနေနဲ့  မနက်ဖြန် ညနေ (၄) နာရီမှာ ရန်ကုန်မြို့ တော်ခန်းမရှေ့ မှာ ကိုပါကြီး ကိစ္စအတွက် အားလုံးကို ရင်တွင်းက ဆန္ဒတွေဖော်ထုတ်ပေးဖို့  ဖိတ်ခေါ်လိုက်ပါတယ်။
ကိုပါကြီးအတွက် ဖြစ်ရပ်မှန်ကို ၀ိုင်းဝန်းဖော်ထုတ်ပေးကြပါ။
ကိုပါကြီးအတွက် မတရားမှုကို ဆန့် ကျင်ပေးကြပါ။
Wednesday, October 22, 2014
ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုကိစ္စမှာ မတရားစွပ်စွဲဖမ်းဆီးခံထားရတဲ့ မြန်မာလူငယ်နှစ်ဦး အမြန်ဆုံးလွတ်မြောက်ပါစေ ... ။
လွှတ်တော်အတွင်းမှ မသူတော်များ။
ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုကိစ္စမှာ သံသယနဲ့ ဖမ်းဆီးစစ်ဆေးခြင်းခံနေရတဲ့ မြန်မာလူငယ်နှစ်ဦးရဲ့ အမှုနဲ့ ပတ်သတ်ပြီး လိုက်ပါဆောင်ရွက်နေသူတွေနဲ့ ဖမ်းဆီးစစ်ဆေးခံနေရတဲ့ လူငယ်နှစ်ဦးရဲ့ မိဘတွေရဲ့အသုံးစရိတ်လိုအပ်နေလို့  အမျိုးသားလွှတ်တော်ကိုယ်စား အမျိုးသားလွှတ်တော်ဥက္ကဌ ခင်အောင်မြင့်၊ လွှတ်တော်ကိုယ်စားလှယ် ခင်ရွှေနဲ့  လွှတ်တော်ကိုယ်စားလှယ် နေဝင်းထွန်းတို့က တစ်ဦးကို ကျပ်သိန်းတစ်ရာစီ စုစုပေါင်း ကျပ်သိန်းသုံးရာ လှူဒါန်းတယ်ဆိုပြီး အမျိုးသားလွှတ်တော် အစည်းအဝေးမှာ မှတ်တမ်းတင်တယ်ဆိုပါလား။
မတရားစွပ်စွဲ ဖမ်းဆီးခံနေရသူ မြန်မာနိုင်ငံသားနှစ်ဦးအတွက် သူတို့ နှစ်ဦးရဲ့  မိဘတွေကို နိုင်ငံတော်စားရိတ်နဲ့  တည်းခိုနေထိုင် သွားလာစရိတ်တွေကို စီစဉ်ပေးရမှာအပြင် ပြည်သူ့ လွှတ်တော် အမျိုးသားလွှတ်တော်တွေအနေနဲ့  မြန်မာနိုင်ငံသားနှစ်ဦးအတွက် တရားဝင်ထုတ်ဖော်ပြောဆိုချက် ပြောရမှာက အဓိက ပိုဖြစ်သင့်ပါတယ်။
ပုဂ္ဂိုလ်တစ်ဦးချင်းစီအရ ငွေလှူတာမျိုးဆိုရင် အမျိုးသားလွှတ်တော်အစည်းအဝေးမှာ မှတ်တမ်းတင်စရာ မလိုအပ်ပါဖူး။ အမျိုးသားလွှတ်တော်အနေနဲ့  ငွေထောက်ပံ့တာဆိုရင်လည်း အမျိုးသားလွှတ်တော်အစည်းအဝေးအမှတ်တမ်းတင်မှာ ဒီလိုအမည်တွေနဲ့  မှတ်တမ်းတင်စရာ မလိုပါဖူး။ အခုဟာက နာမည်ကြေညာ ဂုဏ်တင်နေသလို ဖြစ်နေပါတယ်။ ကိုယ့်နိုင်ငံသားနှစ်ဦး အသက်ဘေးအန္တရယ်အထိ စိုးရိမ်နေရတဲ့အခြေအနေကို ဗန်းပြပြီး ဂုဏ်ဖော်နေကြတာ အတော့်ကို အောက်တန်းကျလွန်းပါတယ်။ သိန်းစိန်လည်း ဒီအတိုင်းပါဘဲ။ ကျေးဇူးရှင်အဖြစ် ဖန်တီးပြီး ဂုဏ်ယူနေကာ သမ္မတ သိန်းစိန်က ဘာလှူဒါန်းတယ်၊ ဘာပညာသင်ဆုတွေ ပေးတယ်၊ ဘာတွေ ကူညီတယ်ဆိုပြီး ပြည်သူ့ ဘဏ္ဍာငွေတွေကို ကိုယ်ပိုင်ငွေလိုလိုနဲ့  သုံးပြနေကြတာ။
ပြည်သူ့ လွှတ်တော် အမျိုးသားလွှတ်တော်ဆိုတာ ပုဂ္ဂိုလ်တစ်ဦးရဲ့  အမည်ကြီးမားအောင် ဂုဏ်ဖော် ကြေညာဖို့  ခုတုံးလုပ်ရမယ့် နေရာမဟုတ်ပါဖူး။
Tuesday, October 21, 2014
အမြဲတစေ ရုပ်ပုံသဏ္ဍန်အမှန် ရုပ်လုံးအမှန် အမည်ရင်းအမှန်များဖြင့် အာဏာရှင်နှင့် အာဏာရှင်ဘက်တော်သားများအား ဆန့် ကျင်လှုပ်ရှားမည်ဆိုပါက။
လွန်ခဲ့သော ၁၉ ရက်နေ့ က ရန်ကုန် မြေနီကုန်းတွင် လူငယ်အချို့ ၏ မျက်နှာဖုံးစွပ်ကာ အာဏာရှင်ဆန့် ကျင်ရေး လှုပ်ရှားပြုလုပ်ခဲ့ကြသည့် ကိစ္စနှင့်ပတ်သက်၍ စိုးရိမ်မှုများ အားပေးမှုများ မတူညီသော အမြင်များ ပေါ်ထွက်ခဲ့သည်ကို တွေ့ မြင်ရ၍ မိမိ၏ သဘောထားအမြင်အားလည်း ဖော်ပြလိုပါသည်။
အာဏာရှင်ဆန့် ကျင်ရေး ဆန္ဒထုတ်ဖော်မှုကို မျက်နှာကို ဖုံးကွယ်ထား၍ လှုပ်ရှားခဲ့ကြသော လူငယ်အင်အားစု မည်သူမည်ဝါ မည်သည့် အစုအဖွဲ့  ဖြစ်သည်ကို မသိပါ။ ထို့ အတူ မတူညီသော အမြင်များဖြင့် ရန်သူအာဏာရှင်ဘက်မှ ပုံမှားရိုက်ကာ အယောင်ဆောင်အဖျက်လုပ်ငန်းလုပ်ဆောင်မည်ကို စိုးရိမ်ကာ ပြောဆိုကြမှုများအပေါ်လည်း နားလည်မှုရှိသကဲ့သို့  ၊ အခြေအနေ အနေအထားများအရ မိမိတို့ ၏ ရုပ်ပုံအမှန်အား ဖုံးကွယ်၍ စွန့် စားလုပ်ဆောင်ခဲ့ကြသူများအားလည်း ကန့် ကွက်မှု လုံးဝ မရှိပါ။
ဤလှုပ်ရှားမှု အခြေအနေတွင် လုပ်ဆောင်ခဲ့သည့် ရည်ရွယ်ချက်၊ ဖော်ပြခဲ့သည့် ရေးသားဖော်ပြချက်များ၊ အခြားသော ပြည်သူလူထုအား ထိခိုက်နစ်နာစေမှု ရှိ မရှိ အစရှိသည့် အဓိကကျသော လုပ်ဆောင်မှုအပေါ် အလေးထား သုံးသပ်ကြည့်ပါသည်။
ဦးစွာ သုံးသပ်ကြည့်သည်မှာ ရုပ်ပုံသဏ္ဍန်အမှန်ဖြင့် လှုပ်ရှားဆောင်ရွက်မည်ဆိုလျှင် အာဏာရှင်အုပ်စုအပေါ် မည်မျှ ယုံကြည်စိတ်ချရမည်နည်းဟူသော အခြေအနေအပေါ် များစွာ မူတည်သည်ဟု သုံးသပ်ပါသည်။ လှုပ်ရှားမှုများတွင် ရုပ်လုံးပြ အမည်မှန်ပြ လုပ်ဆောင်လို့ ရနိုင်သည့် အခြေအနေ အနေအထား ရှိသကဲ့သို့  လျှို့ ဝှက်မှု ရုပ်လုံးဖြောက်မှု အမည်လွှဲပြောင်းမှုတို့ ဖြင့် ဆောင်ရွက်ရန် လိုအပ်သည်များလည်း ရှိပေသည်။ အထူးသဖြင့် ရက်စက်ယုတ်မာ ကောက်ကျစ်သော အာဏာရှင်များအား ဆန့် ကျင်ရာတွင် လိုအပ်သည့် ဆောင်ရွက်ချက် နည်းလမ်းတစ်ခု ဖြစ်ပေသည်။ ဤသည်ကို ကြောက်ရွံ့ သည်ဟု ဆို၍ မရချေ။ လျှို့ ဝှက်စွာ ဆောင်ရွက်လှုပ်ရှားရင်း ဖမ်းဆီးထိန်းသိမ်း ရိုက်ပုတ်သတ်ဖြတ်ခံရသည်များလည်း ရှိခဲ့ပေသည်။
မလိုအပ်ဘဲနှင့် ကိုယ်လုံးပြ ရင်ကော့နေပါက ရန်သူမှ ပစ်မှတ်အား တည့်တည့်ကြီး ထိမှန်စေရန် ကိုယ်ကိုတိုင်က ဆင်ခြင်တုံတရားမဲ့စွာ မိုက်ရူးရဲသဘောဖြင့် ပြပေးနေသလိုသာ ဖြစ်နေပေမည်။
လက်နက်ကိုင်တိုက်ပွဲများ ဆင်နွဲနေကြသော စစ်ပွဲ တိုက်ပွဲများတွင် မည်သူမျှ အကြောင်းမဲ့ မိမိအသက်ကို မနှမြောဘဲ မိုက်ရူးရဲဆန်စွာ အကာအကွယ်မဲ့စွာ လုံခြုံမှု ကင်းမဲ့စွာဖြင့် မတ်တပ်ရပ် ထပစ်နေပါက မိမိ လုပ်ဆောင်မှု အောင်မြင်ဖို့  ဝေးစွ၊ မိမိလုပ်ဆောင်ချက် အချည်းနှီး ဖြစ်ရုံမက အသက်တစ်သက်အား စွန့် လွှတ်ရကျိုး ထိုက်တန်မှု မရမည်သာ ဖြစ်မည်။
လွတ်လပ်ရေးခေတ် တော်လှန်ရေးကာလတိုက်ပွဲများအတွင်း၌လည်း အမည်ဝှက်များဖြင့် အသုံးပြုမှုများ ရှိခဲ့သလို၊ ပျောက်ကြားအသွင် တိုက်ပွဲပုံစံဖော်ဆောင်မှုများ၊ လျှို့ ဝှက်အစုအဖွဲ့ များ တည်ဆောက်ခဲ့ရသည်များ ရှိခဲ့သည်။
ထို့ အတူ လက်ရုံရည်တင်သာမက ကလောင်စွမ်းရည်များဖြင့်လည်း အမည်အမျိုးမျိုးဖြင့် ကလောင်တိုက်ပွဲများ ဆင်နွဲခဲ့ကြရသည်လည်း အာဏာရှင်စနစ်အား ဆန့် ကျင်တော်လှန်သော ခေတ်အဆက်ဆက်တွင် ရှိခဲ့ပေသည်။
၁၉၈၈ ခုနှစ် ရှစ်လေးလုံးပြည်သူ့ အရေးတော်ပုံကြီး၏ အစကနဦး အချိန်ပိုင်းများတွင် စစ်ထောက်လှမ်းရေး၏ အလွယ်တကူ ဖမ်းဆီးခြင်းကို ရှောင်ရှားနိုင်ရန်နှင့် ဆက်လက်လုပ်ဆောင်ရမည့် လှုပ်ရှားမှုများအတွက် အာဏာရှင်ဆန့် ကျင်ရေး ဆန္ဒပြကြသော ကျောင်းသူကျောင်းသားများ မိမိတို့ ၏ မျက်နှာများအား လက်ကိုင်ပုဝါစည်း လှုပ်ရှားခဲ့ရသည်များ ရှိခဲ့သည်။ အမည်ဝှက်များဖြင့် စုစည်းဆောင်ရွက်ရသည်များ ရှိခဲ့သည်။ နေရာဒေသ လျှို့ ဝှက်စွာဖြင့် ပြောင်းရွှေ့ နေထိုင်ခဲ့ရသည်များ ရှိခဲ့သည်။ ကျောင်းသားအဖွဲ့ အစည်းများ ဖြစ်ကြသည့် ဗကသ၊ မကသတို့ သည်ပင်လျှင် လျှို့ ဝှက်စွာ ဤသို့  လှုပ်ရှားခဲ့ရသည်များ ရှိခဲ့ကြပေသည်။
ဤသည်မှာ သူရဲဘောကြောင်သော လုပ်ရပ်ဟု သတ်မှတ်လျှင် မှားယွင်းသွားပေမည်။ မမြင်ရသော ရန်သူနှင့် မြင်ရသော ရန်သူအား တိုက်ခိုက်ရာတွင် မိမိဘက်မှ မမြင်ရသော အနေအထားသည် အလုံခြုံဆုံး အနေအထား ဖြစ်သည်ကို ရန်သူနှင့် ဥာဏ်ရည်လက်ရုံးရည် ယှဉ်ပြိုင်မှုတွင် မရှိမဖြစ် နည်းလမ်းတစ်မျိုးဖြစ်သကဲ့သို့  လိုအပ်ချက်အရ လှုပ်ရှားရသည့် လှုပ်ရှားမှုဖော်ဆောင်မှုလည်း ဖြစ်ပေသည်။
ထို့ အတူ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကာလအတွင်း အထင်ကရ ပေါ်ထွက်ခဲ့သည့် ပြည်တွင်းအခြေစိုက် မျိုးဆက်သစ်လူငယ်များအစည်းအရုံး (Generation Wave) နှင့် မြေသြဇာအဖွဲ့ တို့ သည်လည်း အာဏာရှင်ဆန့် ကျင်ရေး လှုပ်ရှားမှုများအား အမည်ဝှက်များ လျှို့ ဝှက်လုပ်ဆောင်မှုများ ပြုလုပ်ခဲ့ကြပေသည်။ ၄င်းတို့ အပြင် တစ်ဦးချင်းအလိုက် အမည်ရင်းများ မဖော်ပြဘဲ မိမိတို့  တတ်နိုင်သည့်ဘက်မှ လျှို့ ဝှက်စွာ စွမ်းဆောင်ခဲ့ကြသော ရဟန်းရှင်လူပြည်သူပြည်သား လူငယ်လူရွယ်များ အများအပြား ရှိခဲ့ကြောင်း ရှစ်လေးလုံးပြည်သူ့ အရေးတော်ပုံကြီးနှင့် ရွှေဝါရောင်တော်လှန်ရေးက အထင်အရှား သက်သေရှိနေပါသည်။
ယခုအခါတွင် သိန်းစိန်တို့  အာဏာရူးအုပ်စုမှ အကြပ်အတည်းထွက်ပေါက်နှင့် ရေရှည်အာဏာရှင်စတစ်သက်ဆိုးရှည်ရေး၊ တရားမ၀င် စစ်အစိုးရအဖြစ်မှ ရေရှည်တရားဝင် အရပ်သားအစိုးရပုံစံ အရေခြုံပြောင်းလဲ ဟန်ဆောင်လုပ်ဆောင်မှု အောင်မြင်ရန်အတွက် အထိုက်အလျောက်သော တစ်ပြားပေး တစ်ကျပ်ယူသည့် ပရိယာယ်အား ယုံကြည်စွာ ပုံအပ်နေကြသည်မှာ ကြက်ကလေး ငှက်ကလေး အဖမ်းခံရသကဲ့သို့  အလွယ်တကူ အဖမ်းခံရမည့် အနေအထားသို့  ရောက်ရှိနေကြသည်မှာ စိုးရိမ်ဖွယ်ရာအတိပင် ဖြစ်နေပေသည်။ ကောက်ကျစ်သော အာဏာရှင်မှ ၄င်းတို့  ကြံစည်ချက်အောင်မြင်ရန်အတွက် မိမိတို့ အား တစ်ပြားမှသာ စွန့် ကြဲနေခြင်းကို တစ်ကျပ်သားအပြည့် ရပြီဟု ထင်မှတ်ကာ ပေးလာသည့် တစ်ပြား လက်ဝယ်ပိုင်ရဖို့  မိမိတို့ ၏ မူရင်း မူလ ရုပ်သဏ္ဍန်များ လျှို့ ဝှက်လုပ်ဆောင်မှုများ အင်အားများကို လိုအပ်သည့် ပမာဏထက် ကျော်လွန်ကာ အကောင်အထည် ဖော်ပြနေကြသည်မှာ အင်မတန်မှားယွင်းနေသည်ဟု ပြောရပေမည်။
ယခုအခါတွင် မင်းသားမျက်နှာဖုံးစွပ်ထားသော အစွယ်ဖုံးထားသော အာဏာရူးအုပ်စုဟာ ဘီလူးဆိုင်းနဲ့  ကြမ်းပြနေသည်ကို လက်ရှိအခြေအနေများက သက်သေပြနေပေသည်။ ထပ်မံ၍လည်း ဒီထက်ပိုဆိုးသော အခြေအနေများ ကြုံလာနိုင်ပေသည်။ ပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သတိပေးပြောကြားခဲ့သည့် အကောင်းဆုံးကို မျှော်လင့်သလို အဆိုးဆုံးကိုလည်း ရင်ဆိုင်နိုင်အောင် ပြင်ဆင်ထားရန် စကားကို အလေးအနက်မထားကြဘဲ အဆိုးဆုံး ကြုံလာနိုင်မည့် အခြေအနေအတွက် မည်သို့ မည်မျှ ပြင်ဆင်ထားပြီးကြပြီလည်းဟု မေးကြရန် လိုအပ်ပါမည်။ အဆိုးဆုံးကို ရင်ဆိုင်ရန် ပြင်ဆင်မှုတွင် ရုပ်လုံးပုံသဏ္ဍန်မပြဘဲ လျှို့ ဝှက်သော စုစည်းမှုများ လှုပ်ရှားမှုများ ကြိုတင်စီစဉ်မှုများဖြင့် ဆောင်ရွက်ထားသင့်နေသည်မှာ ယခုအချိန်မတိုင်ခင်ကတည်းကပင် စတင်သင့်နေပြီ ဖြစ်သည်။
ပြင်ပလှုပ်ရှားမှုများ ဖြစ်ပေါ်လာမည်ကို ကြောက်ရွံ့ သည့် အာဏာရှင်အုပ်စုသည် အင်တာနက် ဖေ့စ်ဘွတ်ပေါ်၌ပင်လျှင် အာဏာရှင်ဆန့် ကျင်မှုများအား အလွယ်တကူ ခြေရာခံ ထောက်လှမ်းသိရှိနိုင်ရန်အတွက် ကြိုးပမ်းမှုများရှိနေပေသည်။ ဤသည်ကို သတိလစ်လျူရှုနေကြသလို အမည်မှန် ရုပ်ပုံမှန်များဖြင့် အာဏာရှင်မကောင်းကြောင်း စနစ်မကောင်းကြောင်း ပြောဆိုသည်ကိုပင်လျှင် သတ္တိပြည့်ဝသည်ဟု ခံယူနေမှုသည် မိမိနေအိမ်သို့  အချိန်မတော်ရောက်ရှိလာမည့် ဧည့်ဆိုးနှင့် ကြုံမှသာ နားလညိသိရှိကြမည် ထင်သည်။
ရန်သူမှ ရုပ်လုံးပြရန် အမည်ရင်းမှန် သိရန်အတွက် အမျိုးမျိုးသော စကားနာ ထိုးနှက်ချက်များဖြင့် ပြောဆိုသည်ကို မခံမရပ်နိုင်ဖြစ်ကာ ထင်ထင်ပေါ်ပေါ် ပြမိ လုပ်မိပါက ရန်သူ၏ ထောင်ချောက်အတွင်း ထိုးဆင်းသွားကာ ဖမ်းဆီးခြင်း သုတ်သင်ခြင်း ခံရမည်မှာ မလွဲပါ။ ယခုအခါ အွန်လိုင်းပေါ်တွင် အမည်ရင်းများဖြင့် ရေးသားရန် တိုက်တွန်းနေကြသောသူများအထဲတွင် အာဏာရှင်များ အာဏာရှင်ဘက်တော်သားများ မည်မျှ ရှိနေသည်ကို မည်သူ သိနိုင်ပါမည်နည်း။ အဆိုပါ အာဏာရှင်များ ဘက်တော်သားများကိုယ်တိုင် အမည်ရင်း ဖော်ပြ၍ ပြောဆိုရေးသားနေသည်ဟု ယုံကြည်ပါသလား။
သို့ ဖြစ်၍ ကောက်ကျစ်ယုတ်မာသော အာဏာရှင်ရန်သူနှင့် အာဏာရှင်ဘက်တော်သားများအား ရင်ဆိုင်မည်ဆိုပါက မိမိ၏ လုံခြုံမှုအား လစ်လျူမရှု၊ သတိမပေါ့ဆဘဲ၊ မလိုအပ်သော မိုက်ရူးရဲဆန်မှုများ မပြုလုပ်ကြဖို့  ၂၀၁၅ ခုနှစ်နဲ့  အလွန်ကာလများအတွက် ကြိုတင်ပြောကြားလိုပြီး၊ ဆလိုက်မီးရောင်အောက်မှာ မိမိကိုယ်ကို ရုပ်လုံးပြခြင်းဟာ ဖြော်ဖြေပွဲ ပျော်ပွဲရွှင်ပွဲများမှာသာ ကျင့်ကြံသင့်ပါကြောင်း သတိပေး ပြောကြားလိုက်ရပါသည်။
ထို့ အတူ ရုပ်လုံးမဖော် အမည်ဝှက်များဖြင့် အာဏာရှင်အား ဆန့် ကျင်တိုက်ခိုက်နေကြသော အင်အားစုများကိုလည်း တိုင်းပြည်အကျိုး ပြည်သူလူထုအကျိုး ဦးထိပ်ထားပြီး လုပ်ဆောင်ကြရန်နှင့် လုပ်ရပ်ပုံစံမှန်ကန် နည်းစနစ်ကျရန် လိုအပ်ကြောင်း၊ အာဏာရှင်များနှင့် အာဏာရှင်ဘက်တော်သားများကိုသာ တိုက်ရိုက်ဆန့် ကျင်တိုက်ခိုက်ရန် လိုအပ်ကြောင်း၊ အများပြည်သူလူထု အသက်အိုးအိမ်စည်းစိမ် မထိခိုက်စေရန် အထူးသတိထား လုပ်ဆောင်ကြရန် လိုအပ်ပါကြောင်း ပြောကြားအပ်ပါသည်။ ထို့ အတူ ရန်သူအာဏာရှင်များနှင့် ဘက်တော်သားများမှ မိမိတို့ အဖြစ် ပုံမှားရိုက်ကာ လုပ်ဆောင်မှုအား ဖျက်ဆီးပြီး ပြည်သူလူထုနှင့် ထိပ်တိုက်ရင်ဆိုင်ရစေရန် ဖန်တီးလုပ်ဆောင်လာနိုင်မှုများအားလည်း သတိထား ရှောင်ရှားခွဲခြားနိုင်ရန် နည်းလမ်းများ ကြိုတင်စီမံပြင်ဆင်ထားသင့်ပေသည်။
နစ်နေမန်း၏ သဘောထားတွင် မည်သူမဆို မည်သည့်အစုအဖွဲ့ မဆို အထက်ဖော်ပြသည့် တိုင်းပြည်အကျိုး ပြည်သူလူထုအကျိုး ဦးထိပ်ထားပြီး လုပ်ဆောင်ပါက၊ လုပ်ရပ်ပုံစံ မှန်ကန်နည်းစနစ်ကျနပါက၊ အာဏာရှင်များနှင့် အာဏာရှင်ဘက်တော်သားများကိုသာ တိုက်ရိုက်ဆန့် ကျင်တိုက်ခိုက်ပါက၊ အများပြည်သူလူထု အသက်အိုးအိမ်စည်းစိမ် မထိခိုက်စေပါက မည်သည့် နည်းလမ်းဖြင့် ကျင့်သုံးစေကာမူ ကြိုဆိုထောက်ခံပါကြောင်း ပြောကြားအပ်ပါသည်။
မြေပေါ်တွင် ယုတ်မာကောက်ကျစ်သောနည်းများ ကျင့်သုံးပြီး ပြည်သူလူထုအား နှိပ်စက်ညဉ်းပမ်းသတ်ဖြတ်နေသည့် အာဏာရူးအုပ်စုအား မြေအောက်လှုပ်ရှားမှုအသွင်ဖြင့် ဆန့် ကျင်တော်လှန်မှုများအား အားပေးလျက်ရှိပါသည်။
နစ်နေမန်း။
Monday, October 20, 2014
အနုပညာရှင် မဟုတ်တဲ့ အနူပညာရှင် ဖော်လံဖားများ။
အာဏာရူးတွေ စိုးမိုးအုပ်ချုပ်ခဲ့တဲ့ ခေတ်အဆက်ဆက်မှာ အာဏာရူးကြီး နေ၀င်းလက်ထက်က စလို့  မဆလခေတ်တစ်လျှောက်၊ န၀တ နအဖခေတ်တစ်လျှောက် ယခု သိန်းစိန်လက်ထက်အထိ အာဏာရှင်တွေအကြိုက် ဖားယားပြီး ကိုယ်ကျိုးရှာခဲ့ကြတဲ့၊ အာဏာရှင်တွေရဲ့  ပြည်သူကို ၀ါဒမှိုင်းတိုက်ခဲ့တဲ့ တေးသီချင်းတွေ ရုပ်ရှင်တွေ သရုပ်ဖေါ်ပြကွက်တွေကို အားကျိုးမာန်တက် စွမ်းဆောင်ပေးခဲ့ကြတဲ့ အာဏာရှင်လက်ကိုင်တုတ် အနုပညာရှင်တွေ ရှိခဲ့ကြပါတယ်။
အာဏာရှင်တွေရဲ့  ၀ါဒဖြန့် ရုပ်ရှင်ကားတွေကို နီးရာဒါး ကြောက်ရလို့ ပါ ဘာဘဲဖြစ်ဖြစ် အနုပညာအရ သရုပ်ဆောင်တာပါ ပြောတာတွေက တကယ်တော့ ဆင်ခြေတွေပါ။ တစ်ကား နှစ်ကားမှာ အခြေအနေအရ ရှောင်ဖယ်လို့  မရလို့  ပါဝင်သရုပ်ဆောင်ရတာပါဆိုလို့ ရှိရင် နားလည်ပေးလို့ ရနိုင်ပေမယ့်၊ ထပ်ခါတလည်းလည်း ပါဝင်သရုပ်ဆောင်နေရုံမက အာဏာရှင်အသိုင်းအသိုင်းနဲ့  အမြဲတန်းလိုလို ပေါင်းဘက်နေတာ ပြည်သူလူထုအကျိုးကျတော့ ရှောင်ဖယ်နေတာ အဲ့ဒီလို အနုပညာရှင်မျိုးကတော့ တမင်သက်သက်ကို အာဏာရှင်ကို ဖော်လံဖားပြီး ကိုယ်ကျိုးအခွင့်အရေးကိုသာ ရယူတဲ့သူမျိုးလို့  သတ်မှတ်ရမှာ ဖြစ်ပြီး ပြည်သူ့ အနုပညာရှင် မဟုတ်ဘဲ အာဏာရှင်ဒေါက်တိုင် အနူပညာရှင်သာ ဖြစ်ကြောင်း သတ်မှတ်ပါတယ်။
အဲ့ဒီလို အာဏာရှင်ကို ဖော်လံဖားတဲ့ အနူပညာရှင်ကို စက်ဆုတ်ရွံရှာစရာပါ။ ပြည်သူလူထုအနေနဲ့ လည်း အားပေးမှု ရပ်ဆိုင်းပြီး ဒဏ်ခတ်ရမှာပါ။
၁၉၈၈ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း ၀ါဒဖြန့် ရုပ်ရှင်ကားကြီးတစ်ခုဖြစ်တဲ့ “ပါပီမ” ဇာတ်ကားမှာလည်း အာဏာရှင်ကို ဖားကြတဲ့သူတွေ အားကြိုးမာန်တက် သရုပ်ဆောင်ပေးခဲ့ရဲ့ ။ နောက်ပြီး “အာရုဏ်ဦးမှာ ဖူးသည့် ကြာ” ဆိုတဲ့ အာဏာရှင်ဝါဒဖြန့် ရုပ်ရှင်ကားကြီးမှာ ပါဝင်ခဲ့ကြလို့  ပြည်သူလူထုကနေ ၀ိုင်းဝန်းရှုတ်ချခဲ့ကြတာကိုလည်း အမှတ်ရှိဟန် မတူပါဖူး။ ဒီအပြင် အာဏာရှင်တွေရဲ့  ၀ါဒဖြန့်  ရုပ်ရှင်ကားကြီးတစ်ခုဖြစ်တဲ့ “ကြယ်စင်မော်ကွန်း” ရုပ်ရှင်ကားကြီးကို ပါဝင်သရုပ်ဆောင်ခဲ့ကြသူတွေ မှတ်မိကြမယ် ထင်ပါတယ်။ ပါဝင်သရုပ်ဆောင်ခဲ့တဲ့သူတွေကို အာဏာရှင်တွေက ပြည်သူလူထုမသိအောင် ခိုးထုတ်လုပ်နေတဲ့ ရွှေဒင်္ဂါးပြားတွေနဲ့  ချီးမြှင့်ခဲ့လေရဲ့ ။
အဲ့ဒီ အနူပညာရှင်များဟာ နိုင်ငံတော်ပွဲ ဘကြီးပွဲ ဘာညာပွဲဆိုရင် အပြေးကလေး ရှေ့ ဆုံးကနေ မခေါ်ခင်ကတည်း ပြေးဘက်လုမတတ် ရောက်နေကြတဲ့သူတွေပါ။ အထူးဧည့်သည်တော်များအဖြစ်သာ ဖတ်ကြားပြီး ပျော်ပါးမြူတူးတဲ့ သိန်းစိန်ရဲ့  သီးသန့်  သင်္ကြန်ပွဲတော်မှာလည်း သူတို့ က ရှေ့ ဆုံးကပါ။
နီးရာဒါး ကြောက်ရပါတယ်ဆိုပြီး အရှက်ကင်းမဲ့စွာ သိက္ခာမရှိစွာနဲ့  မျက်နှာပြောင်တိုက် ပြောနေကြပြီး၊ ကင်းကင်းရှင်းရှင်းနေရင် ရနိုင်ပါရဲ့ သားနဲ့  ကိုယ်တိုင်ကိုက အာဏာရူးအသိုင်းအ၀ိုင်း ဗိုလ်ချူပ်ကြီးများအသိုင်းအ၀ိုင်းထဲမှာ အင်မတန် ၀င်ဆန့် ချင် ပေါင်းဖက်ချင် အရောတ၀င်လုပ်ချင် ရင်းနှီးချင်လွန်းလှတဲ့ အတ္တအကျင့်တွေကြောင့် နေ၀င်းရဲ့  အသိုင်းအ၀ိုင်း၊ သန်းရွှေတို့ ရဲ့  အသိုင်းအ၀ိုင်း သိန်းစိန်တို့ အသိုင်းအ၀ိုင်းမှာ မော်ဖူးခယနေကြတဲ့ အဆိုပါ ဖောက်ပြန်တဲ့ သူတွေလုပ်ရပ်ဟာ ရွံစရာကောင်းလွန်းလို့  အနူပညာရှင်လို့ သာ ခေါ်ရမှာပါ။
“ကြယ်စင်မော်ကွန်း” ရုပ်ရှင်ကားကြီးကို ရိုက်ကူးခဲ့တဲ့ ပန်းချီစိုးမိုးဆိုတဲ့ ဖားလွန်းလို့  ထပ်ဆင့်အကယ်ဒမီရနေတဲ့ အနူဖားကြီးက ထပ်ပြီး ရိုက်ကူးဖို့  လုပ်နေတဲ့ လုပ်နေတဲ့ “ကွမ်းလုံရက် ၄၀” ကို ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) စီစဉ်ရိုက်ကူးမှုဆိုပြီး ၀ါဒဖြန့် ပါဦးမယ်။ တပ်မတော်သားတွေကို တစ်လွဲမြှောက်ပေးပြီး တိုင်းရင်းသားညီအကိုချင်း သွေးချောင်းစီးစေတဲ့ ပြည်တွင်းစစ်တွေကို ထပ်မံအားပေးဖို့  လုပ်ပြန်ဦးမယ်၊ ပြည်သူလူထုကို သမိုင်းအမှားတွေ တစ်ဘက်သတ် ဆွဲယူမှုတွေနဲ့  မှိုင်းတိုက်ပါဦးမယ်၊ ငြိမ်းချမ်းရေးကို အကျီးတန်စေတဲ့ လူသတ်ပွဲတွေ အားပေးပါဦးမယ်။ ဒီလိုဘဲ ဇာတ်ညွှန်းရေးသူကလည်း ငြိမ်းမင်းကလည်း အဖားကောင်းလို့  သုံးထပ်ကွမ်းတောင် ဇာတ်ညွှန်းအကယ်ဒမီရခဲ့သူဖြစ်ပြီး ကြယ်စင်မော်ကွန်းမှာလည်း သူပါဘဲ။ ၀တ္ထုကလည်း အရင် ကြယ်စင်မော်ကွန်းက တင်အောင်စိုးပါဘဲ။
ယခု အာဏာရှင်ဝါဒဖြန့်  ရုပ်ရှင်ကြီးဇာတ်ကားကြီးဖြစ်တဲ့ ဒီ “ကွမ်းလုံရက် ၄၀”ရုပ်ရှင်ကားမှာ ပါဝင်သရုပ်ဆောင်မယ့်သူတွေက ဇင်ဝိုင်း၊ မင်းမော်ကွန်း၊ သူထူးစံ၊ ဝေဠုကျော်၊ နိုင်းနိုင်း၊ ရဲအောင်၊ မိုးယံဇွန်၊ စိုးရန်အောင်တို့ ပါ။ ဇင်ဝိုင်း၊ မင်းမော်ကွန်း၊ ရဲအောင်၊ ဝေဠုကျော်တို့ ဟာ အာဏာရှင်အသိုင်းအ၀ိုင်းနဲ့ ဖက်လဲတကင်းရင်းနှီးပြီး အာဏာရှင်တွေရဲ့  ပွဲလမ်းတွေ အခမ်းအနားတွေမှာ အမြဲတန်းလိုလို ရှိနေကြသူတွေပါ။ အာဏာရှင်တွေရဲ့  အလိုကျ ၀ါဒဖြန့် ချီရေးလုပ်ငန်းတွေကို တက်တက်ကြွကြွနဲ့  လုပ်ပေးနေကြသူတွေပါ။
ပြည်သူလူထုအတွက် အကျိုးမရှိ အာဏာရှင်အတွက်သာ ပေါ်ပေါ်တင်တင် အကျိုးပြုနေကြတဲ့ ဒီလိုဖော်လံဖား အနူပညာရှင်တွေကို ဒဏ်ခတ်တဲ့အနေနဲ့  သူတို့ ပါဝင်တဲ့ ဖြော်ဖြေတဲ့ ရုပ်ရှင် ဂီတ စာပေ အစရှိတာတွေကို သပိတ်မှောက်တဲ့အနေနဲ့  အားပေးခြင်း လုံးဝ မပြုဘဲ ပြည်သူ့ အားနဲ့  ဖယ်ရှားကြဖို့  လိုပါပြီ။ အာဏာရှင်အဆိပ်ပန်းကို ရေလောင်းပေးနေရုံမက မြေသြဇာအဆီပါ ထည့်ပေးနေတဲ့ ပြည်သူ့ သစ္စာဖောက်တွေပါ။
ပြည်သူ့ အကျိုးပြု အနုပညာရှင်ပီသသူများနဲ့  အာဏာရှင်အကျိုးပြု အနူပညာရှင်များအား ခွဲခြားမြင်ကြပါစို့ ။
ပျောက်ဆုံးနေသော အလွတ်သတင်းထောက် ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီးနှင့် ပတ်သက်၍ ပြုလုပ်မည့် သတင်းစာရှင်းလင်းပွဲသို့  ဖိတ်ကြားစာ။
Saturday, October 18, 2014
မြန်မာ့လွတ်လပ်ရေးနေ့ ကို မတရား မုဒိန်းကျင့်တော့မယ့် သိန်းစိန်တို့ ရဲ့  မိုက်ရိုင်းမှု။
မြန်မာ့လွတ်လပ်ရေးနေ့  ဇန်န၀ါရီလ ၄ ရက်နေ့ မှာ နိုင်ငံတော်သမ္မတကို စစ်တပ်ကနေ ချီတက်အလေးပြုမယ့် ဗိုလ်ရှူခံအခမ်းအနားကို ကျင်းပပြုလုပ်ဖို့  ဒုသမ္မတ ဥာဏ်ထွန်းက ဥက္ကဋ္ဌအဖြစ် တာဝန်ယူလုပ်မယ်ဆိုပါလား။ နေပြည်တော်က လွှတ်တော်အဆောက်အအုံရှေ့ မှာ လုပ်မယ်တဲ့။ ဒီလိုလုပ်မယ်ဆိုတာကို လွှတ်တော်က ဆုံးဖြတ်ခဲ့တာလား။
တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖဆိုပြီး ပြည်သူနဲ့  တပ်မတော်ကို ခွဲခြားခဲ့ရုံမက အာဏာရှင်စနစ်တည်မြဲရေးအတွက် နေရာတိုင်းမှာ တပ်မတော်ကို အသုံးပြုခဲ့ အသုံးချခဲ့တဲ့ အာဏာရှင်တွေဟာ မြန်မာ့လွတ်လပ်ရေးသမိုင်းကို လိုရာဆွဲယူပြီး မြန်မာနိုင်ငံလွတ်လပ်ရေးကို တပ်မတော်ကသာလျှင် ကြိုးပမ်းပေးတာဆိုတဲ့ ကြွေးကြော်ချက်နဲ့  တိုင်းပြည်ကြီး ချောက်ထဲကျလုလု အခြေအနေကို ကယ်တင်ခဲ့ရပါတယ်ဆိုတဲ့ ကျေးဇူးရှင်ခံယူမှုကြီး လုပ်ကာ တပ်မတော်ကို လက်ကိုင်ဒုတ်တပ်အဖြစ် လုပ်ခဲ့ကြတယ် လုပ်နေကြတုန်းဘဲ။
မြန်မာ့လွတ်လပ်ရေးသမိုင်းမှာ ရဟန်းရှင်လူ ကျောင်းသားပြည်သူ တိုင်းရင်းသားလူထုတစ်ရပ်လုံး ပါဝင်ဆင်နွဲခဲ့တဲ့ လွတ်လပ်ရေးကြိုးပမ်းဆောင်ရွက်မှုကို သမိုင်းတင်ဂုဏ်ပြုခဲ့တဲ့ မတ်လ ၂၇ ရက်နေ့ - တော်လှန်ရေးနေ့ ကိုလည်း တပ်မတော်နေ့ ဆိုပြီး ပြည်သူလူထုသဘောထားဆန္ဒမပါဘဲ အာဏာရှင်ကြီးနေ၀င်းက ပြောင်းလဲပစ်ခဲ့တယ်။
ယခုလည်း လာပြန်ပြီ ၁၉၄၈ ခုနှစ်၊ ဇန်န၀ါရီလ ၄ ရက်နေ့  မြန်မာ့လွတ်လပ်ရေးနေ့ ဟာ တပ်မတော်ကနေ ဆောင်ရွက်ပေးခဲ့လို့ ဆိုပြီး အာဏာရှင် သိန်းစိန်တို့  မိုက်ရိုင်းဖို့  လုပ်ပြန်ပြီ။
ယခင် လွတ်လပ်ရေးရပြီးခါစ ပါလီမန်ခေတ်တုန်းက မြန်မာ့လွတ်လပ်ရေးနေ့ မှာ လွတ်လပ်ရေးနေ့  အခမ်းအနားကျင်းပတယ်ဆိုတာ တပ်မတော်တစ်ခုတည်းကသာလုပ်တဲ့ ဗိုလ်ရှူခံအခမ်းအနားပုံစံမဟုတ်ဖူး။ နောက်ပြီး လွတ်လပ်ရေးအခမ်းအနားတက်ရောက်တဲ့ သမ္မတဆိုတာကလည်း ပြည်သူလူထုကနေ ယုံယုံကြည်ကြည်နဲ့  သန့် သန့် ရှင်းရှင်း တင်မြှောက်ခဲ့တဲ့ ပြည်သူ့ သမ္မတ၊ ယခုလို နာဂစ်အခြေခံဥပဒေကို တစ်ဘက်သတ် ရေးဆွဲပြဌာန်းအတည်ပြုပြီး မဲခိုးမဲလိမ်နဲ့  ကလိမ်စေ့ကျပြီး သမ္မတနေရာ တက်ယူနေတဲ့ လူသတ်သမ္မတ မဟုတ်ဖူး။
အခုတော့ မြန်မာ့လွတ်လပ်ရေးနေ့ လည်း မတရား မုဒိန်းကျင့်ခံရတော့မယ်၊ နောက်ဆိုရင် လွတ်လပ်ရေးနေ့ ဆိုတာ စစ်တက္ကသိုလ်တစ်ခုရဲ့  သင်တန်းဆင်းပွဲမှာ အလေးပြုခံတဲ့ အာဏာရှင်တွေရဲ့  ပွဲတစ်ခုလို ဖြစ်တော့မယ်။
တော်လှန်ရေးနေ့ က တပ်မတော်နေ့ ဖြစ်ခဲ့ပြီး၊ လွတ်လပ်ရေးနေ့ က အာဏာရှင်တွေကို ဦးညွှတ်အလေးပြုရမယ့်နေ့  ဖြစ်တော့မှာ မြန်မာပြည်သူလူထု ဘာလုပ်ကြမလည်း .... ။
Friday, October 17, 2014
နေမွန်းတည့်ချိန်နဲ့  ခွေးရူး။
နောက်ထပ် ဆန်းဆင့်လို အဖြစ်မခံဖို့  အာဏာရှင်ကို လက်ဦးမှုနဲ့  သုတ်သင်စို့ ။
အာဏာရှင်ကြီးတွေကို ဖားယားဆက်ဆံနေချိန်မှာ အခွင့်အရေးကောင်းတွေ ရနေလို့ ၊ ရာထူးတံဆိပ်တွေ တိုးမြင့်နေလို့ ၊ အဆောင်အယောင်ပစ္စည်းဥစ္စာတွေ တိုးပွားနေလို့ ၊ အရေးပေး ဆက်ဆံခံနေရလို့ ၊ သြဇာကြီးမားမှုတွေ ခံစားနေရလို့ ၊ ပြုံးပျော်ရွင်နေရလို့  အဟုတ်မအောင်းမေ့ပါနဲ့ ။ နေ့ မြင်ညပျောက် ဖြုတ်ထုတ်သတ်တဲ့အထဲမှာ ကိုယ်အလှည့် ဘယ်နေ့ ရောက်မလည်းဆိုတာ ကြိုတင်တွေးထားကြ။
အာဏာရှင်ခေတ်အဆက်ဆက်လက်ထက်မှာ ဖယ်ရှားခံခဲ့ရတဲ့၊ ထောင်နန်းစံခဲ့ရတဲ့၊ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ ဗိုလ်ချုပ် ဗိုလ်ချူပ်ကြီးတွေ ၀န်ကြီး ၀န်ကြီးချူပ်တွေ ဗိုလ်မှူး ဗိုလ်မှူးကြီးတွေ ဗိုလ်လေး ဗိုလ်ကြီးတွေ တစ်ပုံကြီးဘဲ။ နေ၀င်း လက်ထက်၊ သန်းရွှေလက်ထက်၊ သိန်းစိန်လက်ထက် ဖြုတ်ထုတ်သတ်လုပ်ခံခဲ့ရတဲ့ အနီးကပ်ဆုံးသူတွေ အများကြီးဘဲ။
အာဏာရှင်ဆိုတာ သူ့ အတွက် အဆင်မပြေဖူး၊ အငြိုအငြင်ရှိတယ်၊ ကလန်ကဆန်လုပ်တယ်၊ အန္တရာယ်ရှိတယ်၊ ပြိုင်ဘက်ဖြစ်တယ်၊ နေရာထိုင်ခုံလှုပ်တယ်ဆိုရင် ဘယ်သူ့ ကိုမှ ညှာတာသနားတာ အလျဉ်းမရှိဖူး။ အတူအနီးကပ်လုပ်နေလို့ ဆိုပြီး ယုံတာ မရှိဖူး၊ အကျိုးဆောင်ရွက်ပေးနေလို့ ဆိုပြီး ထောက်ထားတာ မရှိဖူး၊ သစ္စာစောင့်ထိန်းမယ်ဆိုတာ မရှိဖူး။
အာဏာရှင်ဆိုတာ သူ့ အာဏာတည်မြဲဖို့ အတွက် သူကလွဲလို့  ဘယ်သူ့ ကိုမှ သူ ချမ်းသာမပေးတတ်ဖူးဆိုတာ မြန်မာအာဏာရှင်တွေမှ မဟုတ်ဖူး၊ ကမ္ဘာ့အာဏာရှင်တိုင်း ထပ်တူထပ်မျှ ပုံစံတူ အကျင့်တူ စိတ်ယုတ်တာတူ ရက်စက်ကြမ်းကြုတ်တာ အတူတူဘဲ။
အာဏာရှင်ကို နားသွားချလို့  တရားသွားပြလို့  ချော့ပြောလို့  နားမပါတဲ့ ကျား၊ မျက်စိမမြင်တဲ့ ခွေး၊ အ နေတဲ့ ၀ံပုလွေလိုဘဲ နောက်ဆုံး သူတို့ ရဲ့  ကိုက်တာ ပြန်ခံရတတ်တယ် အာဏာရှင်နဲ့  ဆက်ဆံနေကြသူတွေ သတိရှိကြရင်၊ အသက်ကို ဥာဏ်စောင့်၊ အသွားမတော် တစ်လှမ်း၊ အစားမတော် တစ်လုပ် အဆိုစကားတွေ နားလည်သွားကြမယ်။ တရားပြ နားချ ချော့မော့လို့  ရကြေးဆိုရင် တရုတ်အာဏာရှင် ရုရှအာဏာရှင် မြောက်ကိုရီးယားအာဏာရှင် မြန်မာအာဏာရှင် ဒီအာဏာရှင်တွေ ပြောင်းလဲခဲ့တာ ကြာပြီ။ ဒီအာဏာရှင်တွေ သက်ဆိုးရှည်နေတာ အဆိပ်ပင် ရေလောင်းနေသူတွေ ရှိလို့ ဘဲ။ အဆိပ်ပင်လည်း ရေ မလောင်းနဲ့  မြေဇာပင်လည်း အဖြစ်မခံနဲ့ ။
လောလောလတ်လတ် မြေဇာပင်ဖြစ်သွားတဲ့ ဖြုတ်ထုတ်သတ်လမ်းစဉ်မှာ ခံလိုက်ရတဲ့ ဒုဗိုလ်ချူပ်ကြီးဟောင်း စစ်ရာထူးခန့် ချူပ်ဟောင်း တိုင်းမှူးဟောင်း ၀န်ကြီးဟောင်း ဦးဆန်းဆင့် အဖြစ်က သက်သေတစ်ခုဘဲ။
အထူးသဖြင့် ဇတ်တူသား စားဖို့  သွေးယဉ်နေတဲ့ အာဏာရှင်ရဲ့  လုံးဝ ညှာတာမှုမရှိတာ အခံရဆုံးက တပ်မတော်ထဲက စစ်သားတွေဘဲ။ ပုခုံးချင်း ယှဉ်လာရင် ခြေထောက်ကို ရိုက်ချိုးဖြုတ်ဖဲ့ဖို့ တင်မက၊ အသွေးအသားတွေကိုပါ ထုတ်နုပ်စဉ်းပစ်တဲ့ လည်ပင်းပါ ခုတ်ဖြတ်သတ်ပစ်တဲ့ “ဖြုတ်၊ ထုတ်၊ သတ်” လမ်းစဉ်ကျင့်သုံးတဲ့ အာဏာရှင်ကြီးတွေပါ။
ကိုယ့်အလှည့် မရောက်ခင်မှာ မြေဇာပင် အဖြစ်ခံမလား၊ အဆိပ်ပင်ကို ရှင်းမလားဆိုတာ တပ်မတော်သားတွေ စဉ်းစားထားကြ။
တကယ်တမ်းမှာ တပ်မတော်သားတွေမှာ လက်နက်တွေ ရှိတယ်၊ စုစည်းမှု ရှိတယ်။ အာဏာရှင်တွေမှာ ပါးစပ်က အမိန့် သာ ရှိတယ်။ ဒါကို သဘောပေါက်။
Wednesday, October 15, 2014
ကျောင်းသူကျောင်းသားတစ်ယောက်ကို မတရားထိရင် ကျောင်းသားထုတစ်ရပ်လုံး ငုံ့ မခံဖူးဆိုတဲ့ ကျောင်းသားစိတ်ဓါတ်။
တစ်ပါတီအာဏာရှင် နေ၀င်းလက်ထက် မဆလခေတ်တုန်းက စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော်ကို မတရားပစ်သတ်ခဲ့ပြီး လိမ်ညာခဲ့လို့  ကျောင်းသားထုတစ်ရပ်လုံး မတရားမှုကို အံတုတုန့် ပြန်ခဲ့ကြလို့  ရှစ်လေးလုံးပြည်သူ့ အရေးတော်ပုံကြီး ပေါ်ပေါက်ခဲ့တယ်။
ယခု အာဏာရှင်လက်သစ်တွေခေတ် ကျောင်းသူ မဖြူနှင်းထွေးကို မတရားဖမ်းဆီးပြီး တိုင်းတစ်ပါးသားတွေ အလိုကျ လုပ်ခဲ့ကြတဲ့ လုပ်ရပ်ကို ကျောင်းသူကျောင်းသားတွေ လက်တွေ့  ဆန္ဒပြ ရဲဝန့် မှုနဲ့ အတူ ပြည်တွင်းပြည်ပ စုပေါင်းအား ပြသခဲ့လို့  မဖြူနှင်းထွေး လွတ်မြောက်ခဲ့တယ်။
ဒီသမိုင်းကို ရှေ့ ဆက်ပြီး မလွတ်မြောက်သေးတဲ့ အမိမြန်မာပြည်ကြီးနဲ့  အကျဉ်းကျခံနေရဆဲ သူရဲကောင်းများအတွက် ရဲဝန့် သော ခံယူချက်၊ ခိုင်မာသော စိတ်ဓါတ်၊ ညီညွှတ်သော စွမ်းအားတို့ ဖြင့် တိုက်ပွဲဝင်ကြပါစို့ ။
ရဲဝန့် သော ခံယူချက်၊ ခိုင်မာသော စိတ်ဓါတ်၊ ညီညွှတ်သော စွမ်းအားတို့ ဖြင့် လွတ်မြောက်လာသော မဖြူနှင်းထွေး။
ကရင်အမျိုးသားအစည်းအရုံး (KNU) က ဘာကြောင့် ဒီစာကို ထုတ်ရပါသလည်း။
ကရင်တိုင်းရင်းသားပြည်သူလူထုရဲ့  အကျိုးစီးပွားကို အတူတစ်ကွ စောင့်ရှောက်ဖို့  ကြေညာချက်ထုတ်ခဲ့တဲ့ “ကရင်အမျိုးသားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ များ ပြန်လည်ပေါင်းစည်းခြင်း သဘောတူညီချက်” ကို သဘောမတူတဲ့ တုန့် ပြန်ချက်လား။
သိန်းစိန်တို့  အာဏာရှင်တွေအပေါ် ယုံကြည်ပြီး ငြိမ်းချမ်းရေးအတုအယောင် တွေ့ ဆုံပြောဆိုနေမှုနဲ့  ဒီအခြေအနေအပေါ် မှီပြီး ရရှိနေတဲ့ အခွင့်အရေးတွေကို သာယာနေပြီး ဒီလို စာကို ထုတ်ပြန်တာလားဆိုတဲ့ မေးခွန်းကို ကရင်အမျိုးသားအစည်းအရုံး (KNU) မှာ ယခုလက်ရှိ ထိပ်ပိုင်းမှာ တာဝန်ယူနေကြတဲ့ ဗိုလ်ချူပ်ကြီးစောမူးတူးစေးဖိုးနဲ့  ခေါင်းဆောင်တွေကို မေးပါတယ်။
အာဏာရှင်အုပ်စုနဲ့  လည်ပင်းဖက်ပြီး မြန်မာနိုင်ငံသူနိုင်ငံသားများနဲ့  တိုင်းရင်းသားလူမျိုးများအပေါ် သစ္စာဖောက်မယ့် မည်သည့်ပုဂ္ဂိုလ် မည်သည့်အဖွဲ့ ကိုမှ လက်ခံမည်မဟုတ်ဘဲ အာဏာရှင်အုပ်စုကဲ့သို့  သတ်မှတ်သဘောထားသွားမှာ ဖြစ်တယ်ဆိုတာ အသိပေးအပ်ပါတယ်။
တိုင်းပြည်အပေါ်မှာ သစ္စာရှိပါ။ မြန်မာပြည်သူလူထုအပေါ်မှာ သစ္စာရှိပါ၊ တိုင်းရင်းသားတွေအပေါ်မှာ သစ္စာရှိပါ။
Tuesday, October 14, 2014
မြန်မာနိုင်ငံသားအားလုံးရဲ့  ဘုံရန်သူ အာဏာရှင်ကို ဆန့် ကျင်တော်လှန်ဖို့  ၂၀၁၅ အချိန်ကာလမှာ အရေးကြီးတယ်။
Monday, October 13, 2014
လင်းသိုက်ညွှန့်  (သို့ ) လင်းတတွန့်  - လဒတွန့် ။
၁၉၆၂ခုနှစ် ၇ ဇူလိုင်ကျောင်းသားလှုပ်ရှားမှုနဲ့ ကျောင်းသားသမဂ္ဂအဆောက်အအုံ ဗုံးခွဲခံရတာနဲ့  ပတ်သက်ပြီး ပြန်လည်သတိရပြောဆိုနေခြင်းဟာ အဖျက်သဘောသာဖြစ်တယ်လို့  Skynet ရုပ်သံအင်တာဗျူးမှာ ပြောဆိုခဲ့တဲ့ လင်းသိုက်ညွှန့် ဟာ မြန်မာ့သမိုင်းမှန်ကို မှေးမှိန်ပျောက်ပျက်စေလိုတဲ့ စိတ်ရှိနေတာ၊ ကျောင်းသားလှုပ်ရှားမှုသမိုင်းကို စော်ကားတာ၊ အာဏာရှင်အုပ်စုစိတ်အမွေခံနေတာ သိသာထင်ရှားတယ်။
ဒီလို ပြောခဲ့တဲ့ လင်းသိုက်ညွှန့်  - လင်းတတွန့်  ( လဒတွန့်  - အပုပ်ကောင်တွေကိုမှ စားတတ်တဲ့ လဒတောင် ရွံပြီး တွန့် သူ) ဟာ နောက်ထပ်ဘာတွေ မိုက်မိုက်ရိုင်းရိုင်း ပြောဆိုပြုမူခဲ့သေးသလည်းဆိုတာ သိရှိရအောင် အိတ်ဖွင့်ပေးစာတစ်စောင်ကို ဖတ်ကြည့်စေချင်ပါတယ်။ လဒတွန့် ကို စာပေလောကအသိုင်းအ၀ိုင်းကတင်မက လူ့ အသိုင်းအ၀ိုင်းတစ်ခုလုံးကနေ ကျဉ်သင့်နေပါပြီ။
အောက်ဖော်ပြပါ အိတ်ဖွင့်ပေးစာကို အဲ့ဒီ လဒတွန့်  စာဖတ်တတ်မယ်ဆိုရင် မိမိရဲ့  ရိုင်းစိုင်းမှုကို လူသိရှင်ကြား ပြန်တောင်းပန်သင့်ပါပြီ။
“ဆရာလင်းသိုက်ညွန့်သို့ အိတ်ဖွင့်ပေးစာ”
သမ္မတကြီးသို့ အိတ်ဖွင့်ပေးစာ၊ ဒီမိုကရေစီအိတ်ဖွင့်ပေးစာစသည်ဖြင့် အကျိုးတရားဖြစ်ထွန်းစေသော အိတ်ဖွင့်ပေးစာများမှာ မြင်လို့ကောင်း၊ ဖတ်ရှု၍ ကောင်းသောအရာများ ဖြစ်ပါတယ်။ အခုလို စာရေးဆရာတစ်ယောက် ဟောပြောပွဲစူပါတစ်ယောက်ရဲ့ အမှောင်ဘက်ခြမ်းကို ဖွင့်ထုတ်ပြတဲ့စာကို ရေးဖို့ရာမှာ အချိန်အတော်ကြာ စဉ်းစားခဲ့ရပါတယ်။ ဒါပေမဲ့ အမှားကြာရင် အမှန်ဖြစ်တတ်သလို ဒီအတိုင်းပဲ ငြိမ်နေလိုက်ရင် ကိုယ့်လုပ်ရပ်မှန်ကန်လို့သာ အသံမထွက်တာလို့ ကောက်ချက်ချပြီး ဆက်မိုက်မြဲမိုက်၊ ရိုင်းမြဲရိုင်းနေမှာစိုးလို့ ဖွင့်ချလိုက်ရခြင်း ဖြစ်ပါတယ်။
အကြောင်းရင်းကတော့ စာပေဟောပြောပွဲမှာ မဟောခင် ဟောနေစဉ် ဟောပြောပွဲပြီး၍ နောက်ဆုံးပြန်ခါနီးအထိ လူတစ်ဦးချင်းကို လည်းကောင်း၊ စာရေးဆရာအသင်းနှင့် ဟောပြောပွဲဖြစ်မြောက်ရေး ကော် မတီကိုလည်းကောင်း၊ မြို့တစ်မြို့လုံးကိုပါ နာမည်တပ်၍ စော်ကားသွားသော ဆရာလင်းသိုက်ညွန့်ရဲ့ ရိုင်းစိုင်းမှု အထွေထွေကြောင်းပါ။
၆-၁-၂၀၁၄ နေ့ ကျွန်တော်တို့ ပြည်မြို့မှာ စာရေးဆရာအသင်းနဲ့ Future Life Computer Centre က ကြီးမှူးပြီး စာပေဟောပြောပွဲတစ်ခု ပြုလုပ်ခဲ့ပါတယ်။ ဆရာ သရဝဏ်(ပြည်)၊ ဆရာမ မြနှောင်းညိုနဲ့ ဆရာ လင်းသိုက်ညွန့်တို့ပါ။ အဲဒီ စာရေးဆရာ သုံးယောက်အနက် ကျန်နှစ်ယောက်တည်ငြိမ်အေးဆေး၍ ဆက်ဆံရေးပြေပြစ်သလောက် ကျွန်တော် တို့အဖွဲ့ကို နည်းမျိုးစုံဖြင့် ဂျီကျ အကျပ်ကိုင်၊ ခြိမ်းခြောက်နဲ့ အဂါရဝကို တွင်တွင်သုံးစွဲခဲ့သူကတော့ ဆရာလင်းသိုက်ညွန့်ပါ။ သူ့ရဲ့ ရိုင်းစိုင်းမောက်မာပုံတွေကို အစဉ်လိုက်ချမရေးခင် အဆိုးဆုံးဖြစ်ရပ်က စပြောပါ့မယ်။
ဟောပြောပွဲအပြီး ၇-၁-၂၀၁၄ မနက် Breakfast ကျွေးတဲ့ စားပွဲဝိုင်း မှာ ဖြစ်တာပါ။ သူက ထွက်ခတ်ခတ်တဲ့အနေနဲ့ ခင်ဗျားတို့ ပြည်လောက် ညံ့တာ၊ အစဉ်အစဉ်မကျတာ၊ ဆက်ဆံရေးညံ့တာ၊ ဧည့်ဝတ်မကျေတာ မရှိဘူးလို့ ကျွန်တော်တို့ ပြည်သူတွေ ပြုစုကျွေးမွေးနေတဲ့ အစားအစာ များကိုစားရင်း အားမနာလျှာမကျိုး ပြောနေခဲ့ပါတယ်။ အဲဒါနဲ့ စာရေး ဆရာအသင်းရဲ့ ဒုဥက္ကဋ္ဌက `ဆရာ ကျွန်တော်တို့ဘက်က ဘာလိုအပ် လို့ပါလဲ။ အားလုံးအဆင်ပြေအောင်လုပ်ပေးနေတာပါ။ လိုအပ်တာရှိရင် လည်း ညကတည်းက ဆရာ့ဒူးကိုကိုင်ပြီးဝိုင်းတောင်းပန်ခဲ့တာပါ။ အခု ဘာတွေများ လိုအပ်နေလို့ပါလဲ ဆရာ´လို့ ကိုယ့်သားအရွယ်လောက်ကို ဆရာချင်းမိုးမွှန်လို့ ယဉ်ကျေးစွာ မေးမြန်းခဲ့ပါတယ်။ အဲဒါကို ဆရာလင်း သိုက်ညွန့်က `ကျုပ် စိတ်ဆိုးလာပြီနော်၊ ခင်ဗျား ပါးစပ်ပိတ်ပြီး သွားတော့။ ပြန်တော့၊ အခု ချက်ချင်းပြန်တော့´လို့ လက်ညှိုးငေါက်ငေါက် ထိုးပြီး ကိုယ့်အဖေအရွယ်ရှိသူကို ရိုင်းစိုင်းစွာ၊ စာရေးဆရာတစ်ယောက် မပီသစွာ အော်ငေါက်ခဲ့ပါတယ်။
အအော်ခံရတဲ့ စာရေးဆရာအသင်း ဒုဥက္ကဋ္ဌက မြို့နာမည်ပျက်မှာနဲ့ စာရေးဆရာအသင်းရဲ့ ဂုဏ်ကိုထိပါးမှာ စိုးလို့ ဒေါသတွေကို မြိုသိပ်ပြီး နောက်ကြောင်းပြန်လှည့်ခဲ့ပါတယ်။ အဲဒီလို ပြောဆိုတဲ့အချိန် စားပွဲဝိုင်းမှာ ဆရာ သရဝဏ် (ပြည်)တို့ ဇနီးမောင်နှံ၊ ဆရာမမြနှောင်းညို၊ စာရေးဆရာအသင်းရဲ့ နာယကနဲ့ စာရင်းစစ်တို့လည်း သက်သေအဖြစ် ရှိနေပါတယ်။
နောက်သည့်ထက်ဆိုးတဲ့ လုပ်ရပ်ကတော့ ဝစီကံအရပါ စော်ကားပြီးနောက် ကာယကံအရပါ စော်ကားမှုပါ။ အအော်ခံလိုက်ရတဲ့ ဒုဥက္ကဋ္ဌက စာရေးဆရာများနားမဲ့ ဦးစိန်ခိုဆေးတိုက်ကနေ စာရေးဆရာများကို ကြိုဆိုဖို့ စောင့်နေချိန်မှာ ဆရာလင်းသိုက်ညွန့်က ကားပေါ်က အရင်ဆုံးဆင်းလာပြီး တိုက်ရဲ့အဝင်ဝ ဘေးမှာရပ်နေတဲ့ ဒုဥက္ကဋ္ဌရဲ့ ပခုံးကို တွန်းတိုက်ပြီး ဝင်သွားပါတယ်။ အခုန စားသောက် ဆိုင်မှာဖြစ်ခဲ့တဲ့ ဒေါသအရှိန်မပြယ်သေးဘဲ ကာယကံမြောက် စော်ကား သွားခြင်းမို့ ဆရာလင်းသိုက်ညွန့်ရဲ့ ရိုင်းစိုင်းမှုက ကမ်းကုန်သွားပါပြီ။
ဒီဆရာနဲ့ ကျွန်တော်တို့အဖွဲ့ရဲ့ ဆက်ဆံရေးက စကတည်းက ယဉ်သကိုပါ။ ဟောပြောပွဲကိုဖိတ်တော့ စာပေဟောပြောပွဲ ကုန်ကျစရိတ် အလှူရှင်ကတစ်ဆင့် ဖိတ်ပါတယ်။ ၆-၁-၂၀၁၄ ပြည်မှာ ဟောရမှာကို `၅-၁-၂၀၁၄ ရက် လက်ပံတန်းမြို့မှာ ဟောရမယ်။ ပြည်ကနေ လက် ပံတန်းကို ပွဲပြီးချိန် ည ၁၁ နာရီလာခေါ်ရမယ်။ မခေါ်နိုင်ရင် လာမဟော ဘူး´လို့ စပါတယ်။ အဲဒီနေ့ည လက်ပံတန်းမှာအိပ်ပြီး နောက်နေ့ ၆-၁-၂၀၁၄ မနက်မှ လာခေါ်ပါရစေ။ ကျွန်တော်တို့ ကော်မတီနဲ့ တိုင်ပင် ပါဦးမယ်လို့ပြောတော့ ခင်ဗျားတို့ ကော်မတီတွေ ဘာတွေ ကျုပ်စိတ် မဝင်စားဘူး။ ညတွင်းချင်းလာခေါ်ရင်ခေါ် မခေါ်ရင်ပြည်ကို လာမဟော ဘူးလို့ ထပ်ဆင့်ပြောပြန်ပါတယ်။ သူ့ပုံစံကြည့်ရတာ လက်ပံတန်းမှာ အိပ်ချင်ပုံမရပါဘူး။ သူ့အတွက် လက်ပံတန်းမြို့မှာ အဆင့်မီဟိုတယ် မရှိဘူးလို့ ထင်နေပုံရပါတယ်။ အမှန်က ဒီမှာတင် ပွဲကပြတ်ဖို့ပါ။ ဒီလောက် မောက်မာနေတဲ့ ဆရာကို မဖိတ်ဘူးလို့ ဆုံးဖြတ်လို့ရပေမယ့် ငွေစိုက်တဲ့ စပွန်ဆာက ဆရာလင်းသိုက်ညွန့်မှဆိုလို့ အလျှော့ပေးခဲ့ရပါတယ်။
ဒါကြောင့် လက်ပံတန်းကို ကားစီးလုံးငှားခ ၆၀ဝ၀ဝိ/-။ မိုတယ်တစ်ရက်ကြိုတင်ငှားခ ၁၂၀ဝ၀ိ/။ ၇၂၀ဝ၀ိ/-ပိုကုန်ကျသွားပါ တယ်။ လက်ပံတန်းမှာ ဟောပြောပြီးထွက်လာတော့ ညတစ်နာရီကျော် နေပါပြီ။ ပြည်က အဖွဲ့ဝင်နှစ်ယောက် အိပ်ပျက်ခံစောင့်ပြီး ခေါ်လာတာ ပြည်ကိုရောက်တော့ မနက် ၄ နာရီခွဲပါ။ တည်းခိုမဲ့ စမိုင်းမိုတယ်မှာ နေရာချပေးတော့ Lucky Dragon ဟိုတယ်မှာ မတည်းရလို့ဆိုပြီး ပြဿနာရှာနေလို့ တောင်းပန်ပြီး ထားခဲ့ရပါတယ်။
ဟောပြောမယ့် ၆-၁-၂၀၁၄ ရက်နေ့ မနက်စာ နေ့လည်စာကို အဆင့်မနိမ့်လှသော ဆိုင်များမှာ သူတို့နှစ်ယောက်ကို ကျွေးမွေးခဲ့ပါတယ်။
ဟောပြောချိန်က ည ၇းဝ၀ နာရီဆိုတော့ ၆ နာရီမှာ ထမင်းစားဖို့ လာခေါ်မယ်လို့ ဖုန်းကြိုဆက်ထားပါတယ်။ သွားကြိုတဲ့အချိန်မှာ ဆရာမ မြနှောင်းညိုနဲ့ ဆရာသရဝဏ်တို့ ဇနီးမောင်နှံကကြိုပြီး စောင့်နေပါတယ်။ သူက ၁၅ မိနစ်ကြာတဲ့အထိ ဆင်းမလာသေးပါဘူး။ နောက်တစ်ခါ ဖုန်း ထပ်ဆက်တော့ နောက်တစ်ခေါက်မှ လာခဲ့ဆိုလို့ နောက်တစ်ခေါက် ထပ်သွားခေါ်ရပြန်ပါတယ်။ သူ့မန်နေဂျာကိုပါ တစ်ခါတည်းခေါ်တော့ ကိစ္စရှိလို့နောက်မှပဲ ကိုယ့်အစီအစဉ်နဲ့ကိုယ် လိုက်ခဲ့မယ်လို့ (သူ့ဆရာသိဟန် မတူပါဘူး)ပြောလို့ ထားခဲ့ရတာပါ။
အဲဒီလို သွားမကြိုခင် ဆရာလင်းသိုက်ညွန့်က သူ့ဟောပြောပွဲသွားလေရာတိုင်းပါတဲ့ သူ့စာအုပ်တွေ၊ စီဒီခွေတွေကို ရောင်းပေးဖို့ လာယူဦး ဆိုလို့ ကျွန်တော်တို့ တစ်ခေါက်သွားယူပြီး ကွင်းထဲက စာအုပ်အရောင်း ပြပွဲမှာ စားပွဲတွေခင်း၊ မီးချောင်းတွေဆင်ပြီး ရောင်းပေးရပါတယ်။ ကျွန်တော်တို့ စာပေဟောပြောပွဲမှာ စာအုပ်ဈေးရောင်းပွဲပါ ထည့်သွင်း ကျင်းပပါတယ်။
ကံ့ကော်ဝတ်ရည်၊ ရန်အောင်စာပေ၊ နေရီရီ၊ ပြုံးစာပေ၊ ဇွန်ပွင့်စာပေစသဖြင့် တိုက်ရှစ်တိုက်က စာအုပ်တွေကို ၂၀% ကျွန်တော် တို့ကိုပေးပြီးရောင်းတဲ့ပွဲပါ။ အဲဒါ ဆရာလင်းသိုက်ညွန့်ရဲ့ စာအုပ်နဲ့ စီဒီ ခွေတွေရောင်းရတာ တစ်သိန်းနီးပါးရပါတယ်။ ကျွန်တော်တို့ တစ်ပြားမှ မယူပါဘူး။
အဲဒီအချိန်မှာပဲ ဆရာလင်းသိုက်ညွန့် ကျွန်တော်တို့သွားကြိုတဲ့ ပရာဒိုကားနဲ့ စာပေဟောပြောပွဲစင်မြင့်ကို ကြွချီလာပါတယ်။ ကျွန်တော်တို့ သူ့စာအုပ်တွေနဲ့ အလုပ်ရှုပ်နေတော့ သူ့ကားတံခါးကိုဖွင့်ပေးပြီး အဖွဲ့ဝင် တစ်ယောက် သွားကြိုတာတစ်ယောက်တည်း လာကြိုရကောင်းလားလို့ ထိုင်ထိုင်ခြင်း စဟောက်ပါတယ်။ နောက် သူ့မန်နေဂျာကွင်းထဲကို ဆိုက္ကား နဲ့လာရတယ်။ ခင်ဗျားတို့ ဧည့်ခံကြိုဆိုရေး၊ ဒါလောက်ညံ့ရသလားလို့ ဆူပူပြန်ပါတယ်။ (အမှန်မှာ မန်နေဂျာကသွားနှင့် နောက်မှသူ့ဘာသာလာ ခဲ့မယ်လို့ ပြောလို့ထားခဲ့တာပါ) မြန်မာတပြည်လုံး လှည့်ဟောလာတာ ခင်ဗျားတို့လောက် ညံ့တာမရှိဘူးလို့ပြောလို့ ကျွန်တော်တို့တွေ ဘယ်လို ဆက်ပြီး ဘာပြောရမှန်းမသိတော့ပါ။ နင်မဟုတ်ရင် နင့်အဖေဆိုတဲ့ ဝံပုလွေ ပုံပြင်ကို သတိရရင်း စကားနဲ ရန်စဲနေလိုက်ကြပါတယ်။
အဲဒီအချိန်မှာ အခမ်းအနားမှူးက အစီအစဉ်တွေ ဖတ်ကြားပြီး ၁။ ဆရာသရဝဏ်(ပြည်)၊ ၂။ ဆရာမ မြနှောင်းညို၊ ၃။ ဆရာလင်းသိုက်ညွန့်လို့ ကြေညာလိုက်ချိန် မှာ ထပေါက်ကွဲပြန်ပါရော။ ဒီအစီအစဉ် ဘယ်သူဆွဲတာလဲ၊ ကျုပ်ကို အသိမပေးဘဲ လုပ်ရသလား မကျေနပ်ဘူး။ အဲဒီ ကြေညာတဲ့ အခမ်းအနားမှူး လာတောင်းပန်ရင်တောင်းပန်၊ မတောင်းပန်ရင် ကျုပ်မဟောဘူး။ ပြန်မယ်ဆိုလို့ အားလုံးဝိုင်းတောင်းပန်ရပြန်ပါတယ်။ ဒီအစီအစဉ်ဟာ ဆရာသရဝဏ် (ပြည်) နဲ့ ဆရာမ မြနှောင်းညိုတို့ဆွဲတဲ့ အစီအစဉ်ပါ။ ဆရာနဲ့လဲ ညှိပြီးသားဆိုပြီး ဆရာတို့ စာရေးဆရာတွေပဲ ဆွဲတာပါလို့ ဒုဥက္ကဋ္ဌ စာရင်းစစ်နဲ့ အခြားသူတွေပါ သူ့အနားမှာ ထိုင်ပြီး မကန်တော့ရုံတမယ် တောင်းပန်ပါတယ်။ ကျွန်တော်တို့မှာ ပွဲကကြိုစီစဉ်ပြီးသား ကြေညာပြီးသား။ မယကကို တစ်လကြိုတင်ပြီး ခွင့်ပြုမှ စီစဉ်ရတဲ့အချက်ကို သိတော့ သူ ကျွန်တော်တို့ကို အကျပ်ကိုင်ပြီဆိုတာ သိသိကြီးနဲ့ စိတ်ကျေနပ်အောင် တောင်းပန်တာပါ။
ဆရာလင်းသိုက်ညွန့်ခင်ဗျား- ကျွန်တော် ယခုအထိ ရှင်းပြထားသော အချက်များနှင့် ရှေ့ဆက်ရေးမည့်အကြောင်းအရာများမှာ မဟုတ် မမှန် လီဆယ်၍ ပြောဆိုခြင်း အပိုဆာဒါးများ ချဲ့ထွင်ပြောဆိုခြင်းများ ပါရှိခဲ့ပါက မည်သည့်ပုံစံမျိုးနှင့်ဖြစ်စေ စုံစမ်းစစ်ဆေးခံရန် အသင့်ရှိပါသည်။ ယခုကိစ္စတွင် ဆရာက လူပုဂ္ဂိုလ်တစ်ဦးချင်းကိုသာမက မြို့နာမည် တပ်ပြီး စော်ကားပြောဆိုသွားသည့်အတွက် အဖြစ်မှန်ကို ရှင်းလင်းတင်ပြခြင်း ဖြစ်ပါတယ်။ ဆရာ့အနေနှင့် စိတ်မကျေနပ်စရာ၊ ဘဝင်ကျစရာ အချက်များကို ကျွန်တော်တို့ မြို့မှ ကော်မတီဝင်များ နားမလည်နိုင်ပါ။
ကျွန်တော်တို့မြို့ရဲ့ ဟောပြောပွဲကော်မတီနှင့် စပွန်ဆာ ဆရာတို့ စာရေးဆရာများကို တစ်ဦးလျှင် ငွေကျပ်နှစ်သိန်းစီနှင့် လက်ဆောင် ပစ္စည်းများပါ ပူဇော်ပါတယ်။ အဆင့်မနိမ့်လှသော Smile Motel မှာ ထားပါတယ်။ မနက်စာ၊ နေ့လည်စာ၊ ညစာတို့ကို အဆင့်မြင့်ဆိုင်များတွင် ကားဖြင့်လိုက်၍ ကျွေးမွေးခဲ့ပါတယ်။ ဆရာတို့အားလုံးကို ကြီးငယ်မဟူ လေးလေးစားစားနှင့် လိုက်လံပို့ဆောင်ခဲ့ပါတယ်။ အပြန်တွင်လည်း ကား လက်မှတ်ဝယ်ပေး၊ ကားဂိတ်အထိ ကားတစ်စီး ကျွန်တော်တို့အဖွဲ့ဝင် လေးငါးယောက်ဆိုင်ကယ်နှင့် လိုက်ပါပို့ဆောင်နှုတ်ဆက်ကြပါတယ်။
ကဲ- ကျွန်တော်တို့ဘက်က ဘာလိုအပ်ခဲ့ပါသလဲ။ ဧည့်ဝတ်မကျေ ခဲ့သည့်အရာ ဘာတွေများရှိခဲ့ပါသလဲ။ ဟောပြောပွဲတစ်လျှောက်လုံး ဂျီကျ ဆူပူကြိမ်းမောင်းအကျပ်ကိုင်ခြင်းများကတော့ ဆရာ့ရဲ့ ပင်ကိုယ်ဗီဇစိတ်ကြောင့်သာ ဖြစ်မယ်လို့ ကျွန်တော်တို့ ယူဆရပါတယ်။
ဆရာလင်းသိုက်ညွန့် ကျွန်တော်တို့ပြည်မြို့ကို သည်လိုပြောခဲ့ပါတယ်။ ခင်ဗျားတို့ပြည်ကို ကြောက်ပါပြီ။ နောက်မလာတော့ပါဘူး။ မြန်မာတစ်ပြည်လုံး ပတ်ဟောလာတာ ခင်ဗျားတို့မြို့လောက်ညံ့တာ အသုံးမကျ တာမရှိဘူးဟု ပြောခဲ့သလို ကျွန်တော်တို့ဘက်ကလည်း ပြောစရာ စကားများ ရှိပါသည်။
ကျွန်တော်တို့ မြို့အနေဖြင့် ဆရာအောင်သင်း၊ ဆရာ နေဝင်းမြင့်၊ ဆရာချစ်ဦးညို၊ ဆရာမဂျူးစသော စာရေးဆရာ ကြီးငယ်များ ကို ဖိတ်ကြား၍ စာပေဟောပြောပွဲများ ကျင်းပလာခဲ့သည်မှာ နှစ်ပေါင်း လေးငါးဆယ်မကတော့ပါ။ ထိုစာရေးဆရာများထဲတွင် ဆရာလောက် ပညာဂုဏ်မောက်သော ရိုင်းစိုင်းကြမ်းတမ်းစွာ ပြောဆိုတတ်သော အိမ်ရှင် ကို အားမနာလျှာမကျိုး စော်ကားဝံ့သော စာရေးဆရာမျိုး တစ်ခါမျှ မတွေ့ ဖူးခဲ့ပါ။
လာရောက်ဟောပြောသည့် ဆရာသုံးယောက်တွင် ဆရာလင်းသိုက်ညွန့် အနေနှင့် ကျန်ဆရာများထက်ပင် အခွင့်အရေးပိုရခဲ့ပါတယ်။ လက်ပံတန်းမှာ ဟောသည့်ပွဲသည် ပြည်မြို့နှင့် မဆိုင်သော်လည်း ကားစီးလုံးငှား၍ တစ်ရက်ကြိုတင်လာကြိုရခြင်း၊ မိုတယ်တွင် တစ်ရက်စာ အခန်းကြိုယူရခြင်း၊ နောက် ဆရာ၏ စာအုပ်များနှင့် စီဒီများကိုပါ အပင်ပန်းခံ ရောင်းချပေး၍ ရာခိုင်နှုန်းဖြင့် တစ်ပြားတစ်ချပ်မျှမယူခြင်း စသည့်အချက်များတွင် ဆရာလင်းသိုက်ညွန့် အခွင့်အရေးပိုရပါလျက် ကျွန်တော်တို့ကို အပြစ်မြင် ဂျီကျစော်ကားခြင်းများကို ဘာကြောင့်ဟု ယခုထက်တိုင် နားမလည်နိုင်ပါ။
ဟောပြောပွဲ စင်မြင့်တွင် ဆရာ့ဟောပြောချက်များ ကောင်းပါသည်။ အတုယူမှတ်သားစရာများစွာ ပါရှိ၍ လူငယ်များ သဘောကျ နှစ်ခြိုက်ကြပါသည်။ သို့သော် ကိုယ်တိုင်ကြုံတွေ့ခံစားရသော ကျွန်တော်တို့အဖို့ကိုတော့ အပြောရွှေမန်း၊ ကတော့ချိုမိုင်မိုင်ဟူသော စကားကို သတိရသကဲ့သို့ အပြောနှင့် အမူအကျင့် လုံးဝ လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေမှန်း သတိထားမိပါသည် ခင်ဗျား။
ဆရာ့ကို အကြံပြုပါရစေ ဂီတ လုလင်မောင်ကိုကို ရေးစပ်သီကုံးသော `မာန်´သီချင်းကို နားဆင်ခံစား ကြည့်ပါရန်။ လောကနီတိ (ယဉ်ကျေးလိမ္မာသိမှတ်ဖွယ်ရာများ) ကို ဆရာ၏ မိဘများကို မေးမြန်းကြည့်ပါရန်၊ ဦးနှောက် (အတတ်ပညာ ဖွံ့ဖြိုးမှု) နည်းတူ နွေးထွေးစွာ နားလည်ကြင်နာတတ်သော နှလုံးသား (အသိပညာ) များ ဆတူတိုးတက်ရန် လေ့လာဖို့ လိုအပ်ပါကြောင်း စေတနာကောင်းဖြင့် တိုက်တွန်းအပ်ပါသည် ခင်ဗျား၊ ဆရာလင်းသိုက်ညွန့်ကို လူငယ်များက အတုယူကျင့်ကြံခဲ့မည်ဆိုပါက ဆရာဟောသလို အောင်မြင်သောနိုင်ငံ၊ အောင်မြင်သောလူမျိုးဖြစ်မည်ထက် အတ္တကြီးသောနိုင်ငံ အတ္တကြီးသော လူမျိုးများ ဖြစ်လာမှာ သေချာပါကြောင်း။
ရည်ဇော်မောင် (ပြည်)
ပြည်မြို့နယ်စာရေးဆရာအသင်း စာပေဟောပြောပွဲဖြစ်မြောက်ရေးကော်မတီ။
ဒီစာကတော့ အိတ်ဖွင့်ပေးစာပါ။
ကဲ ... အိတ်ဖွင့်ရေးစာ ရေးသားတဲ့ ယဉ်ကျေးတဲ့သူကတော့ ယဉ်ယဉ်ကျေးကျေးလေး အပြုသဘောနဲ့  ပြောဆိုလိုက်ပေမယ့် - ကျွန်တော်တို့ ကတော့ လင်းသိုက်ညွှန့် ကို ဆရာဆိုတဲ့ စကားလုံးနဲ့ တောင် တွဲမခေါ်သင့်ဘဲ ရိုင်းစိုင်းတဲ့သူမို့  လဒတွန့် သာ ခေါ်ဆိုပြီး အထက်ပါ အိတ်ဖွင့်ပေးစာကို အများပြည်သူ သိရလေအောင် ထပ်မံဖော်ပြပေးလိုက်ပါတယ်။
Sunday, October 12, 2014
မဖြူနှင်းထွေး လွတ်မြောက်ရေးအတွက် တောင်းဆိုလှုပ်ရှားမှု။
အမျိုးသားအရေးအတွက် သူရဲဘောကြောင်နေကြသော ချိတ်ထမီဝတ် သိန်းစိန်နဲ့  အုပ်စုအတွက်။
ထိုင်းဝန်ကြီးချူပ်က မြန်မာနိုင်ငံခရီးစဉ်ကနေ ထိုင်းနိုင်ငံပြန်ရောက်တာနဲ့  ပြောတာက - မြန်မာအစိုးရဘက်က ဖမ်းဆီးခံထားရတဲ့ မြန်မာနှစ်ဦးနဲ့  ပတ်သက်ပြီး စိုးရိမ်ကြောင်း ပြောဆိုကန့် ကွက်တာ မရှိဖူးလို့  ပြောတယ်။ ထိုင်းဝန်ကြီးချူပ်က ဒီလို ထိုင်းနိုင်ငံတင်မက တကမ္ဘာလုံးကပါ သိရတဲ့ သတင်းမီဒီယာကနေ ပြောတာကို မြန်မာအစိုးရလို့  ခံယူထားကြတဲ့ ချိတ်ထမီဝတ်တွေက မြန်မာပြည်သူပြည်သားတွေ သိရအောင်၊ တကမ္ဘာလုံးက မြန်မာလူမျိုးတွေ သဘောထားသိရအောင် ကိုယ်စားပြုပြီး ပြတ်ပြတ်သားသား ပြင်းပြင်းထန်ထန် မပြောရဲဖူး။
ထိုင်းဝန်ကြီးချူပ်က လိပ်ကျွန်းလူသတ်မှုကိစ္စမှာ ထိုင်းရဲတွေဘက်ကနေ အသည်းအသန် ကာကွယ်ပြောဆိုခဲ့တယ်။ ထိုင်းမီဒီယာတွေကိုပါ ခြိမ်းခြောက်ခဲ့တယ်။ ရဲရဲဝန့် ဝန့်  အမှန်တရားအတွက် ပြောဆိုရေးသား ဖော်ထုတ်တဲ့ ထိုင်းမီဒီယာတွေနဲ့  ထိုင်းပြည်သူပြည်သားတွေကို လေးစားတယ်။
လိပ်ကျွန်းလူသတ်မှုကိစ္စနဲ့ ပတ်သက်ပြီး မတရားစွပ်စွဲအဖမ်းခံနေရတဲ့ မြန်မာနှစ်ဦးဘက်ကနေ ထိုင်းပြည်သူပြည်သားတွေ ထိုင်းမီဒီယာတွေက ထိုင်းအစိုးရနဲ့  ထိုင်းရဲတွေကို ကန့် ကွက်ဆန္ဒပြဖော်ထုတ်နေချိန်မှာ လူမျိုးအရေး ထိရင် ဆတ်ဆတ်ထိတောင်မခံဘဲ ဒေါသတစ်ထောင်းထောင်းနဲ့  တုတ်ဆွဲ၊ ဓါးဆွဲ၊ ဆိုင်းဘုတ်တွေ ထောင်၊ အော်ဟစ်သတ်ဖြတ်မှုတွေ လုပ်ရဲခဲ့ကြတဲ့ ဘာသာလူမျိုးသိပ်ပြီး ချစ်လှ ကာကွယ်စောင့်ရှောက်ပြနေတဲ့ မဘသတွေ ကြံ့ ဖွတ်တွေ မြန်မာရဲတွေ လုံခြုံရေးအင်အားစုတွေ အသံတစ်စက်မှ မထွက်ရဲကြဘဲ နားရွက်မလှုပ် အမြီးကုတ်နေကြလေရဲ့ ။ အတော့်ကို တိုင်းပြည်နဲ့  လူမျိုးအပေါ် သိပ်ချစ်ကြတာကိုး။
ဒီလို လိပ်ကျွန်းလူသတ်မှုကိစ္စအပေါ် ကန့် ကွက်ပြောဆိုနေမှုအပေါ် မကျေမနပ်ဖြစ်နေတဲ့ ထိုင်းဝန်ကြီးချူပ်က မြန်မာလူမျိုးတွေကို ပညာပြတဲ့အနေနဲ့  စစ်ပြေးဒုက္ခသည်တွေ ၂၆၀ ကို မြန်မာနိုင်ငံဘက်ကို ချက်ချင်းပြန်ပို့ ပြတယ်။ မြန်မာအစိုးရပါလို့  အမည်ခံယူထားတဲ့ ချိတ်ထမီဝတ်တွေက နိုင်ငံရေးအရ စီးပွားရေးအရ ဘာမှ ထိုင်းအစိုးရအပေါ် လက်တွေ့ ကျကျ ကန့် ကွက်တာမျိုး မလုပ်ရဲတဲ့အပြင် အပေါ်ယံကြောလေး လေပြေသွေးပြီးတော့သာ ပြောဆိုနေတာ အခုဖော်ပြတဲ့ ကာတွန်းထဲကအတိုင်းဘဲ သိန်းစိန်နဲ့  သူ့ အုပ်စုတွေ ဖြစ်နေကြတာ အတိအကျဘဲ။
သိန်းစိန်အုပ်စု လုပ်နေတာကတော့ “ပြည်တွင်းဆို ကျည်ဆံ၊ ပြည်ပဆို ဖင်ခံ” တဲ့။ ရှင်းပါတယ်နော်။
Saturday, October 11, 2014
အထူးဗွီဒီယိုမှတ်တမ်း - Why and how Students Dormitories were gone systematically?
ဗကသကျောင်းသူ မဖြူနှင်းထွေးအား ချက်ခြင်း ချွင်းချက်မရှိ လွှတ်ပေးပါ ... ။
ကိုပါကြီး (ခ) ကိုအောင်ကျော်နိုင်၊ အလွတ်ဓါတ်ပုံသတင်းထောက် ပျောက်ဆုံးနေမှု။
ကျန်ခဲ့သည့်လ စက်တင်ဘာလကုန်ပိုင်းတွင် မွန်ပြည်နယ်၊ ကျိုက်မရောမြို့ နယ်အတွင်း မြန်မာအစိုးရတပ်များနှင့် ကရင် ဒီကေဘီအေ တပ်ဖွဲ့ တို့ အကြား တိုက်ပွဲဖြစ်ပွားမှုအား သတင်းရယူပြီးနောက် ကျိုက်မရောမြို့ သို့  ထွက်ခွာစဉ်လမ်းခရီးခုလပ်တွင် ပျောက်ဆုံးလျက်ရှိကြောင်း သတင်းရရှိသည်။
ကိုပါကြီး (ခ) ကိုအောင်ကျော်နိုင်သည် မြန်မာပြည်အရေး၊ တိုင်းရင်းသားများအရေး၊ အလုပ်သမားအရေး၊ ဒုက္ခသည်များအရေးကိစ္စများနှင့် ပတ်သက်၍ လွတ်လပ်သောသတင်းထောက်တစ်ဦးအဖြစ် အများပြည်သူများ သိရှိစေရန် လှုမှုကွန်ယက်စာမျက်နှာများမှ တစ်ဆင့် နှစ်အစဉ်အဆက် ကြိုးစားတက်ကြွစွာဖြင့် ဖော်ပြပေးခဲ့သော အများအကျိုးဆောင်ရွက်သူတစ်ဦး ဖြစ်သည်။
ယခုအခါတွင် ကိုပါကြီး (ခ) ကိုအောင်ကျော်နိုင် ပျောက်ဆုံးနေခြင်းသည် ရက်ပေါင်း (၁၀) ရက်ကျော်ကြာမြင့်နေပြီဖြစ်သည့်အပြင် လက်နက်ကိုင်အင်အားစုတစ်စုမှ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဆက်စပ်သတင်းများအရ သိရှိရသည်။
ထိုကဲ့သို့ သော ရက်ကြာရှည်စွာ ပျောက်ဆုံးလျက်ရှိနေသော ကိုပါကြီး (ခ) ကိုအောင်ကျော်နိုင်၏ အသက်အန္တရာယ်လုံခြုံရေးနှင့် မိသားစုထံ ပြန်လည်ရောက်ရှိနေထိုင်နိုင်ရေး အလျင်အမြန် လိုအပ်လျက်ရှိသည်။
အဆိုပါ တိုက်ပွဲဖြစ်ပွားခဲ့ရာ နယ်မြေဒေသရှိ မြန်မာအစိုးရစစ်တပ်များနှင့် ကရင် ဒီကေဘီအေတပ်ဖွဲ့ တို့ အနေဖြင့် ကိုပါကြီး (ခ) ကိုအောင်ကျော်နိုင် ပျောက်ဆုံးမှုတွင် ဒေသခံ မျက်မြင်သက်သေများ၏ ပြောဆိုမှုများအရ အဓိက တာဝန်ရှိသည်ဟု သုံးသပ်သဖြင့် မြန်မာအစိုးရတပ်များနှင့် ကရင် ဒီကေဘီအေတပ်ဖွဲများမှ အမြန်အဆန် စုံစမ်းဖော်ထုတ်ပေးရန် ဖြစ်သည်။
ထို့ အပြင် အဆိုပါ တိုက်ပွဲများ ဖြစ်ပွားရာ နယ်မြေဒေသနှင့် ကျိုက်မရောမြို့ နယ်အတွင်း နေထိုင်သူ တိုင်းရင်းသား ပြည်သူပြည်သားများအားလည်း ကိုပါကြီး (ခ) ကိုအောင်ကျော်နိုင် ပျောက်ဆုံးနေမှုနှင့် ပတ်သက်၍ သိရှိရသော မြင်တွေ့ ရသော ကြားသိရသော သတင်းအချက်အလက်များအား ၀ိုင်းဝန်းဖော်ထုတ်ပေးပါရန် မေတ္တာရပ်ခံ အကူအညီ တောင်းခံအပ်ပါသည်။
နစ်နေမန်း။
Monday, October 6, 2014
လွတ်မြောက်နေသော သံသယဖြစ်ဖွယ် သုံးဦး။
Saturday, October 4, 2014
အိမ်ကျယ် ဂန်ဒူး မြန်မာအာဏာရှင်များ။
ထိုင်းမှာ ယင်လတ်ကို သွားငမ်းခဲ့တဲ့ သိန်းစိန်၊
ထိုင်းမှာ မွေးစားသား ခံယူခဲ့တဲ့ မင်းအောင်လှိုင်၊
ထိုင်းမှာ ဆင်ဖြူသွားစီး ထီးဖြူဆောင်းပြခဲ့တဲ့ ခင်ရွှေ၊
ထိုင်းရဲက မြန်မာနိုင်ငံသားကို လူသတ်မှုနဲ့  ဖမ်းဆီးစွပ်စွဲထားတာကြတော့ ဘာမှ မတတ်နိုင်။
နိုင်ငံတော်ကို ကာကွယ်ပါမယ်၊ လူမျိုးကို စောင့်ရှောက်ပါမယ်ဆိုတဲ့ အာဏာရူးတွေ ထိုင်းအစိုးရနဲ့  ပေါင်းပြီး ကိုယ်လူမျိုးကို စတေးနေကြတယ်။
ဟောင်ကောင်ကျွန်းနိုင်ငံကိုသာ ပြန်သိမ်းပိုက်ခဲ့လို့  ရမယ် .... ။
ဟောင်ကောင်ကျွန်းနိုင်ငံကိုသာ ပြန်သိမ်းပိုက်ခဲ့လို့  ရမယ်၊ ဟောင်ကောင်တရုတ်ပြည်သူပြည်သားတွေရဲ့  လွတ်လပ်စွာ တရားမျှတစွာ လူ့ အခွင့်အရေးရရှိစွာနဲ့  နေထိုင်လိုကြတဲ့ စိတ်ဓါတ်တွေကို အာဏာရှင်တရုတ်အစိုးရ ထိန်းချူပ်လို့  မရဖူး။
အာဏာရှင်တွေကို ဆန့် ကျင်တုန့် ပြန်ကြမှုမှာ မြန်မာပြည်သူပြည်သားတွေနဲ့  ဟောင်ကောင်တရုတ်ပြည်သူပြည်သားတွေ လူမျိုးကွဲပြားပေမယ့် စိတ်ဓါတ်ချင်း တူညီကြတယ်။
အာဏာရှင်ဆိုရင် ဘယ်အာဏာရှင်ကိုမှ ဘယ်လူမျိုးမဆို လက်မခံကြဖူးဆိုတာ သက်သေပြနေတယ်။